EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше868
Подписчики
Нет данных24 часа
+27 дней
+230 дней
Архив постов
868
ဓါးကောင်းတစ်လက်ဆိုတာ မသွေးဘဲထားတာကြာလေ တုံးလေဖြစ်မသွားရလေအောင်....စာဖတ်ပါ။ အပိုင်း (၉)
================================================
EHS Myanmar က တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းများကို (အခမဲ့) ထပ်ဆင့်မျှဝေမည့် အစီအစဥ်လေး ရောက်ရှိလို့လာပါပြီ။ ယခုတခေါက်မှာတော့ Monthly Theme ဖြစ်သည့် "Eco-friendly Fashion/ Sustainable Fashion" နှင့် သက်ဆိုင်သည့် စာအုပ်ကောင်းများ ကို စုစည်းကာ share ပေးသွားပါမယ်။
.
🌪 Sustainable Fashion: A Handbook for Educators - https://drive.google.com/file/d/1fBAWBvir0wjeVN68Dj8uSsD9uDZYCjB9/view?usp=sharing
.
🌪 Sustainable Fashion in a Circular Economy - https://drive.google.com/file/d/1bc06xvln0f6l-L7BgCWGItEQ8OW57nse/view?usp=sharing
.
🌪 Sustainable Fashion: New Approaches - https://drive.google.com/file/d/11x7u9uZeNaSYPLPKwoz_UQlSIlQHAIYm/view?usp=sharing
.
🌪 Slow Fashion: Tailoring a Strategic Approach towards Sustainability - https://drive.google.com/file/d/1UTHjzJwig8U_Npkx9ZrH5Hk5SI8oJGxJ/view?usp=sharing
.
🌪 Fixing Fashion: clothing consumption and sustainability - https://drive.google.com/file/d/17k-jHnz0LEtacwRfIlJ2JyO-mBLeKKlB/view?usp=sharing
.
အင်တာနက်ရချိန်မှာ စာအုပ်များကို ဒေါင်းထားပြီး အားလပ်ချိန်များမှာ လေ့လာလိုက်ပါ။ သင့်အတွက် အကျိုးရှိမယ်ဆိုလျှင် အခြားသူတွေအတွက်လဲ share ဖို့မမေ့ပါနဲ့နော်။
--------------------------------------------------------------------------
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #environmental #books #cleanAir #airpollution #climatechange #globalwarming
868
📣EHS Myanmar မှ Environemntal နှင့် Sustainability ပညာဗဟုသုတများကိုလူတိုင်းဆီပိုမိုရောက်ရှိစေဖို့ အစဉ်ကြိုးစားလျက်ရှိနေပါသည်။
🎙ထို့ကြောင့် EHS Myanmar ၏ Podcast အသံလွှင့်အစီအစဉ်များကို အဆင်ပြေချောမွေ့စွာဖြင့် လူတိုင်းဆီသို့ပိုမိုရောက်ရှိစေရန်ရည်ရွယ်၍ အမြဲမပြတ်ကြိုးစားလျက်ရှိရာ ကျွန်ုပ်တို့၏ အသံဖြင့် တင်ဆက်နေမှုများကို နိုင်ငံတွင်း နားသောတဆင်သူများတင်မက ပြည်ပနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများပါ နားဆင်နိုင်ရန်အတွက် Podcast Platform များကို ပိုတိုး၍တင်ဆက်လျက်ရှိနေပါသည်။
🤩ယခုအခါမှာတော့ နာမည်ကြီး Musics Platform တစ်ခုဖြစ်တဲ့ Amazon Music | Podcast အထိပါရောက်လာခဲ့ပြီဖြစ်ပါသည်။ Amazon Music မှာနားထောင်ချင်တယ်ဆိုလျှင်တော့ ဒီမှာနားဆင်နိုင်သလို - https://music.amazon.com/podcasts/c7d725f7-4521-4fec-9886-33d43b4d7e9c Amazon Musics ထဲမှာ EHS Myanmar Monthly Podcast လို့ search လုပ်လျှင်လဲတွေ့နိုင်မှာဖြစ်ပါသည်။
📌EHS Myanmar Podcast သည် Podcast Platform (၁၀) ခုထိမှာပါနားဆင်နိုင်နေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါသည်။
------------------------------------------------------------------
-----------------------------------------------------------------------
EHS Myanmar နှင့်အတူလေ့လာနိုင်ဖို့ Telegram Channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #podcast #musics #amazon #radio
868
✨International Day of Clean Air for Blue Skies 2023 ကိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့သည့် “AI Solutions for Sustainable Environmental Management” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲမှပုံရိပ်အချို့ဖော်ပြပေးလိုက်ရပါတယ်။ ထိုအွန်လိုင်းဆွေးနွေးပွဲ ကို ဒေါက်တာဇော်နိုင်၊ ဒေါက်တာလွင်လွင်ဝေ နှင့် ဒေါက်တာကောင်းထက်စွမ်းတို့မှ ဟောပြောခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်သူ (၇၅) ယောက်ရှိခဲ့ပြီး Ceritificate of Attendance များကိုလဲပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ယခုလိုဗဟုသုတများစွာနဲ့အတွေ့အကြုံကောင်းများကို အချိန်ပေးဟောပြောပေးခဲ့ပါသော Speaker များကို အထူးကျေးဇူးတင်ပါကြောင်း၊တက်ရောက်နားဆင်ပေးခဲ့ကြသူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်ရှိပါကြောင်း နှင့် နောင်အွန်းလိုင်းဆွေးနွေးပွဲများတွင်လဲ ထပ်မံဆုံတွေ့ကြပါဦးမယ်နော်။
-----------------------------------------------------------------------
EHS Myanmar ၏ သတင်းအချက်အလတ်များကိုအမြဲမပြတ်သိနိုင်ဖို့ Telegram Channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #AI #environmentalmanagement
868
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံခန့်ခွဲခြင်း ကိုလေ့လာချင်သူများအတွက် မကြာခင် အပတ်စဉ် (၂) လက်ခံသွားမယ့်အကြောင်း သတင်းကောင်းပါရစေ။ 🐠
#EHSMyanmar #biodiversity #ecosystem #animals #plants #Biotic
868
၇ကြိမ်မှ ၁၀ ကြိမ်သာ ဝတ်ဆင်ကြသည်။ တစ်ချို့ ဗြိတိန်နိုင်ငံသားများသည် အဝတ်ကို တစ်ကြိမ် နှစ်ကြိမ်သာ ဝတ်ဆင်ပြီး ဟောင်းနွမ်းနေသည်ဟု ယူဆကြသည်။
📝👍 သို့သော် ယခုချိန်တွင် ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုတွေ များလာပြီ ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အဓိကစက်မှုလုပ်ငန်းများနှင့် အခြားသူများတို့သည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ဖောင်ဒေးရှင်းစက်မှုလုပ်ငန်းဆိုင်ရာ ပဋိညာဉ်စာတမ်းကို ကုလသမဂ္ဂ အောက်တွင် အတူတကွပူးပေါင်းပါ၀င်ဆောင်ရွက် ကြပြီး နောက်နှစ်တွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖက်ရှင်ကဏ္ဍအတွက် မဟာမိတ်အဖွဲ့ကို မွေးဖွားခဲ့သည်။ ၂၀၅၀ ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိ လျှော့ချနိုင်အောင် စက်မှုလုပ်ငန်းကို ကာဗွန်ထုတ်နှုန်း လျှော့ချရန် ရည်ရွယ်ထားသည်။ မကြာသေးမီနှစ်များအတွင်း အထည်အလိပ်များ၏ ၁% ထက်နည်းသော အထည်အလိပ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သောကြောင့် ရေရှည်တည်တံ့သောထုတ်လုပ်မှုမှ ပြန်လည်အသုံးပြုခြင်းအထိ အစပြုလာနိုင်ပြီ ဖြစ်သည်။
🏭👥 "ဤညစ်ညမ်းသော စက်မှုလုပ်ငန်းကို စိမ်းလန်းစေရန် ကြိုးပမ်းရာတွင် စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူများ နှစ်ဘက်မှ လုပ်ဆောင်ချက်များ လိုအပ်သည်" ဟု Nature Climate Change အယ်ဒီတာ့အာဘော်တွင် တွေ့ ရှိနိုင်သည်။ ယနေ့ခေတ်တွင် တာဝန်သိအသုံးပြုမှု၊ ပိုမိုရေရှည်တည်တံ့သော ထုတ်ကုန်များကို ရွေးချယ်ရာတွင် အစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ တံဆိပ်များကို တာဝန်သိအသုံးပြုသူများက အလွယ်တကူ လက်ခံကြသည်။
✅👇🏻 အစိမ်းရောင် သုံးစွဲခြင်းတစ်ခုတည်းအားဖြင့် ရာသီဥတုကို မကယ်တင်နိုင်ပါ။ လျှော့သုံးဖို့သည်သာ အဓိကအချက် ဖြစ်သည်။
🤩😍 ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ကိုယ်တိုင်ပါဝင်နိုင်အောင်
1️⃣ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေး ကြည့်ဝယ်ပါ။
2️⃣ ကိုယ်နဲ့ အဆင်မပြေသော အဝတ်အစားများကို ပြုပြင်ပြီး ပြန်သုံးပါ။
3️⃣ ကိုယ်မဝတ်သော အဝတ်အစားများကို မပစ်ပဲ သင့်တော်သောနေရာတွင် လှူဒါန်းပါ။
4️⃣ တစ်ပတ်ရစ်အဝတ်အစားများ ဝယ်ယူအားပေးပါ။
5️⃣ အထူးသဖြင့် အမှန်တကယ် လိုအပ်မှသာ ဝယ်ယူသုံးစွဲသင့်သည်။
💰👚 ကိုယ်ဝယ်ဝတ်သော အဝတ်အစားကြောင့် ကိုယ့်ကျေးဇူးရှင်ကမ္ဘာကြီး ပိုပျက်စီးသည်ကို မလိုလားသော တာဝန်သိကမ္ဘာသူ ကမ္ဘာသားများ ဖြစ်ကြပါစေ။ 😍🗺
ရေးသားသူ - မိုင်ဇလပ်
Reference: How Our Clothes Contribute to Climate Change, BBVA GROUP
#EHSMyanmar #ecofriendlyfashion #sustainablefashion #slowfashion #ethicalfashion #zerowaste
868
👕🌍ကျွန်ုပ်တို့၏ အဝတ်အစားများနှင့် ရာသီဥတုပြောင်းလဲမှုသည် မည်သို့ပတ်သက်မှု ရှိသနည်း။👖
------------------------------------------------
🥼🩴🔥 ကျွန်ုပ်တို့နေ့စဉ် စားသုံး၊ အသုံးပြုသော အရာများသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော အချက်များ များပြားလွန်းသည်။ ထို့အပြင် ကျွန်ုပ်တို့ အသုံးပြုခြင်း အလေ့အထ၏ အကျိုးသက်ရောက်မှုသည်လည်း အလွန် များပြားပေသည်။ အဓိကအချက်မှာ ကျွန်ုပ်တို့ဝယ်သည့် အဝတ်အစားနှင့် ဖိနပ်များပင် ဖြစ်သည်။ ဖက်ရှင်စက်မှုလုပ်ငန်း ကြီးထွားလာသည်ကို တွေ့မြင်နေရပြီး ဖက်ရှင်စက်မှုလုပ်ငန်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) အများဆုံးထုတ်လွှတ်သည့် အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။
🚗🥘 အိမ်တွင်းသုံးများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု စုစုပေါင်း၏ ၆၀% ဝန်းကျင်တွင် ရှိပါသည်။ ဤဖြစ်စဉ်၏ အများစုမှာ စွမ်းအင်သုံးစွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အပန်းဖြေမှုစသော ဝန်ဆောင်မှုများနှင့် အစားအစာများကြောင့် ဖြစ်သည်။ ဤအချက်အလက်အရ ကျွန်ုပ်တို့ ထုတ်ကုန်သုံးစွဲမှုကြောင့် ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ သည် အနည်းငယ်သာ ရှိသည်ဟု ထင်ရသည်။ အထူးသဖြင့် အဝတ်အစားနှင့်ပတ်သက်သည်နှင့်အမျှ ဓာတ်ငွေ့ထုတ်လွှတ်မှုပါဝင်မှုသည် အလွန်နည်းပါးသောကြောင့် သုတေသနတစ်ခုတွင် US နိုင်ငံအိမ်ထောင်စု တစ်စုချင်းစီ၏ အဝတ်အစားကြောင့် ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းသည် မရှိသလောက်နည်းသည်။
🏭🚚 ဤဖြစ်စဉ်၏ အကြောင်းရင်းမှာ ယနေ့ခေတ် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချသည့် လူသုံးကုန် အများစုသည် ပြည်တွင်း၌ မထုတ်လုပ်ပဲ သွင်းကုန်များသာ ဖြစ်ကြသည်။ အိမ်တွင်းသုံးထုတ်ကုန်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ သွယ်ဝိုက် ထုတ်လွှတ်မှု၏ ၂၀% ခန့်သည် ပြည်တွင်း၌ မထုတ်လုပ်ပဲ ကမ္ဘာ့အဓိက စက်ရုံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် ထုတ်လုပ်နေကြသည်။ ဤသည်မှာ ပြည်တွင်းထုတ်လွှတ်မှုထက် တင်ပို့သည့် ဓာတ်ငွေ့ဝေစု ပိုများခြင်းဖြစ်သည်။ အမေရိကန်မှ အခြားနိုင်ငံများသို့ တင်ပို့သည့် ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်းတွင် ၁၂% မှာ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းမှ ဖြစ်သည်။
အထည်ချုပ်လုပ်ငန်းများ၏ ကာဗွန်ခြေရာ 🧶💨
👔🩳 ထို့ကြောင့် ကျွန်ုပ်တို့၏ဗီရိုမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ပေါ့ပေါ့တန်တန်မဟုတ်ပေ။ စုစုပေါင်းအထည်အလိပ်လုပ်ငန်းမှ ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၄%မှ ၁၀%ကြားတွင် ရှိသည်။ ၎င်းသည် ရာစုနှစ်အလယ်ပိုင်းတွင် ၂၆% အထိ ရောက်ရှိနိုင်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အရ ဖက်ရှင်စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်သည် အစားအစာနှင့် ဆောက်လုပ်ရေး ပြီးနောက် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ တတိယအကြီးဆုံးကဏ္ဍ ဖြစ်သည်။ အတိုင်ပင်ခံလုပ်ငန်း McKinsey & Company မှ ခန့်မှန်းသည်မှာ လက်ရှိလမ်းကြောင်းအရ ဤကဏ္ဍကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် ပါရီသဘောတူညီချက် (၁.၅ ဒီဂရီ စင်တီဂရိတ်) ကို ကျော်လွန်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ယင်းကိုရရှိရန် ၎င်း၏ ဓာတ်ငွေ့ထုတ်လွှတ်မှု တန်ချိန် ၂.၁ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၁.၁ ဘီလီယံအထိ လျှော့ချရန် လိုအပ်မည်ဖြစ်သည်။
🌊🧶🗑 သို့ပေမယ့် ရာသီဥတုသည် ဖက်ရှင်၏ တစ်ခုတည်းသော ပတ်ဝန်းကျင် ထိခိုက်မှု မဟုတ်ပါ။ UNEP နှင့် Ellen MacArthur ဖောင်ဒေးရှင်းတို့၏ အဆိုအရ ဂျင်းဘောင်းဘီတစ်ထည်ကို ထုတ်လုပ်ရာတွင် ရေ (၃၇၈၁) လီတာ သုံးစွဲရပါသည်။ အထည်အလိပ်လုပ်ငန်းများသည် နှစ်စဉ် ရေ (၉၃) ဘီလီယံကုဗမီတာကို အသုံးပြုသော ရေအသုံးများသည့် လုပ်ငန်းဖြစ်ပြီး ဤရေပမာဏသည် လူငါးသန်း၏ လိုအပ်ချက်နှင့် ညီမျှသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ ရေဆိုးအားလုံး၏ ၂၀% အထက် နှင့် အမှိုက်အများအပြားကို ထုတ်ပေးပါသည်။ ချည်မျှင်အားလုံး၏ ၈၇% ကို မီးရှို့ပြီး အမှိုက်ပုံများဆီသို့ ပို့ဆောင်ပေးခြင်း ခံရသည်။ ညစ်ညမ်းစေသော အဝတ်များကို စွန့်ပစ်ရုံသာမက ဓာတုချည်မျှင်အ၀တ်များကို ရိုးရှင်းစွာ လျှော်ဖွတ်ခြင်းသည် နှစ်စဉ်နှစ်တိုင်း သေးငယ်သောအမျှင်စု တန်ချိန်တစ်ဝက်ခန့် ထုတ်လွှတ်ပေးသည်။ ယင်းသည် ပလပ်စတစ်ပုလင်း ဘီလီယံ (၅၀) နှင့် ညီမျှပြီး သမုဒ္ဒရာထဲသို့ မိုက်ခရိုပလပ်စတစ်ပြဿနာကို တိုးပွားစေသည်။ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) ၏ အစီရင်ခံစာအရ ပင်လယ် အတွင်းရှိ plastic soup ၏ ၃၀% သည် ချည်မျှင်အ၀တ်များကို လျှော်ဖွတ်ခြင်းနှင့် တာယာအမှိုက် တို့ကြောင့် ဖြစ်သည်ဟု ခန့်မှန်းထားသည်။
အသွင်ပြောင်းလဲရန် ခေါ်ဆိုမှုများ 🧑🔧💪🏻
👖🗑 အဆိုပါ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းအားလုံးသည် လောဘကြီးစွာ သုံးစွဲသူအမြောက်အများ ရှိခြင်းကြောင့် ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာအဝတ်အစားထုတ်လုပ်မှုသည် ၂၀၀၀ ခုနှစ်မှစ၍ နှစ်ဆတိုးလာခဲ့သည်။ ၂၀၀၀ ခုနှစ်ထက် ၂၀၁၄ ခုနှစ်တွင် အဝတ်အစား ၆၀% ပိုရောင်းခဲ့ရသော်လည်း ၎င်းတို့သည် ထက်ဝက်ကြာအောင်သာ ဝတ်ဆင်ခဲ့ကြောင်း WEF မှ သိရသည်။ Bloomberg မှ လေ့လာတွေ့ရှိချက်များအရ US တွင် နိုင်ငံသားတစ်ဦးစီသည် တစ်နှစ်လျှင် ဘောင်းဘီအရံ ၇၀ ကို စွန့်ပစ်ကြပြီး ၀တ်စုံတစ်ခုစီကို ပျမ်းမျှအားဖြင့်
868
ကျွန်တော်တို့ Environment, Health and Safety Myanmar - EHS Myanmar အနေနဲ့ Media Partner ပါဝင်ထားတဲ့ Special Project တစ်ခုလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Start Smart က မကြာခင် ကျရောက်မယ့် “Zero Emissions Day” အတွက် လူငယ်တွေကို အသိပညာပေးရန် ရည်ရွယ်ပြီး အားလုံးစိတ်ဝင်စားမယ့် Evergreen Earth Fest ဆိုတယ့် Special Program လေးတစ်ခုကို စီစဉ်ပေးထားပါတယ်။ 🤩🎉
ဒီ Program လေးမှာတော့
🔹️1-Day Virtual Workshop
🔹️Poster Competition
🔹️Hashtag Campaign ဆိုပြီး စုစုပေါင်းသုံးမျိုးနဲ့ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
Program အသေးစိတ်လေးကို ပုံတစ်ပုံချင်းစီအောက်မှာ ရေးပေးထားတာမလို့ ဝင်ဖတ်ကြည့်သွားဦးနော် 🥳
#EmitLessSmileMore
#EverGreenEarthFest2023
#GoGreenWithStartSmart
868
🌊🐬 Celebrating the beauty and grace of these magnificent creatures on World Dolphin Day 2023! 🐬🌊
Let's come together to protect and preserve the precious dolphins that grace the waters of Myanmar. 🇲🇲💙 Dolphins play a vital role in our marine ecosystem, and it's our responsibility to ensure their well-being.🌏💚🐬
#WorldDolphinDay #ProtectOurDolphins #EHSMyanmar #MarineConservation #SaveOurSeas
868
💻📝 EHS Myanmar မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၆) (Environmental Sustainability Online Course Batch 6) ကို ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့ထိဖွင့်လစ်ခဲ့ပြီး ပထမအပတ် Week-1 တွင် EHS Myanmar ၏ Vice-President ဆရာမ Zwe Yin Phyu မှ Sustainability and Circular Economy၊ ဒုတိယအပတ် Week-2 တွင် EHS Myanmar ၏ President ဆရာ Dr. Kaung Htet Swan မှ Sustainability and Environmental Health၊ တတိယအပတ် Week-3 တွင် ဆရာမ Zwe Yin Phyu မှ Life Cycle Assessment စသည့် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်း၊ Debate များပြုလုပ်ခြင်း နှင့် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း စသည့်သင်ကြားရေးစနစ် တို့ဖြင့် သင်ကြားပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအွန်လိုင်းသင်တန်း အပတ်စဉ် (၆) တွင် အောင်မှတ်ရရှိခဲ့သော သင်တန်းသား၊ သင်တန်းသူ (၁၁) ယောက်ကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ပါသည်။
-------------------------------------------------------------------------
EHS Myanmar မှ ဖွင့်လစ်သင်ကြားမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်တန်းများကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Pre-seating form မှတဆင့် ကြိုတင်စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါရစေ။
https://docs.google.com/forms/d/e/1FAIpQLSdUqPNia5KfTpcjG0wu9qD0BYnoxzenoyAjRxuW1bhes30o8g/viewform
#EHSMyanmar #environmental #sustainability #circulareconomy #LifeCycleAssessment #environmentalsustainability
868
✨ မနက်ဖြန် စက်တင်ဘာလ (၁၀) ရက်နေ့တွင် “AI Solutions for Sustainable Environmental Management” ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲ အတွက် စာရင်းပေးထားသူများကို email များမှတဆင့် ZOOM Link ပေးပို့ထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။ မိမိ၏ email များကို Spam အပါအဝင်သေချာစစ်ပေးစေလိုပါတယ်။
🎯အကယ်၍ ZOOM Link မရရှိပါကလဲ comment တွင်လာပြောပေးထားပါဦးနော်။ မကြာခင်ဆုံတွေ့ကြပါမယ်ရှင့်။
🎧Registration မမှီလိုက်တဲ့သူတွေအတွက်လဲ EHS Myanmar's Podcast Channel တွေမှာ ပြန်လည်နားဆင်လို့ရအောင်လဲစီစဉ်ပေးသွားပါမယ်ရှင့်။
#EHSMyanmar #Webinar #CleanAir #AI #SustainableEnvironment #AI #Tech #UNEP
868
🌬️🌍 Breathing in the Beauty of Clean Air! 🌈🌤️
EHS Myanmar is thrilled to join the global celebration of International Day of Clean Air for Blue Skies! 💙✨
Today, as we unite to cherish the air we breathe and its impact on our health and environment, let's remember our responsibility to protect and preserve it. Together, we can create a world where blue skies are a reality for everyone. 🌏🌬️
#CleanAirForBlueSkies #EHSMyanmar #AirQualityMatters #Sustainability #HealthyPlanet
868
ကြာရှည်စွာဝတ်ဆင်နိုင်ပြီး
အင်္ကျီအဝတ်အစားတွေကို အလွယ်တကူ စွန့်ပစ်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
(၂)
အဝတ်အထည်တွေ ဟောင်းနွမ်းသွားရင်တောင်မှ
လွှင့်ပစ်တာမျိုးမပြုလုပ်ဘဲ ပြန်လည်အသုံးပြုလို့ရအောင်လုပ်ပြီး အောက်ခြေလူတန်းစားတွေကို ဝေမျှပေးတာမျိုး၊ ဘေထုတ်အနေနဲ့ စျေးတွေလျှော့ချပြီး ပြန်လည်ရောင်းချတာမျိုးတွေပြုလုပ်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးစျေးကွက်ထဲမှာ ဘေထုတ်ရောင်းချခြင်းတွေ ပွားများလာတာကလည်း အထည်တွေကို ကြာရှည်သုံးစွဲနိုင်အောင် အထောက်အကူပြုတာကြောင့် ပတ်ဝန်းကျင်အတွက် ကောင်းတဲ့လက္ခဏာတစ်ရပ်လို့တောင် ဆိုနိုင်ပါတယ်။
(၃)
ထုတ်လုပ်မှုပိုင်းမှာလည်း သဘာဝသယံဇာတရေတွေကို သေချာစိစစ်အသုံးချပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဆိုးဆေးတွေအသုံးပြုခြင်းကို လျှော့ချသင့်ပါတယ်။
အကန့်အသတ်ရှိပြီး လောင်ကျွမ်းတဲ့အခါ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ သယံဇာတတွေဖြစ်တဲ့ လောင်စာဆီတွေ အများအပြားအသုံးပြုတာကို လျှော့ချပြီး ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်တွေဖြစ်တဲ့ လေနဲ့နေတို့က ရရှိတဲ့စွမ်းအင်တွေကို အသုံးပြုခြင်းကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းစေပြီး လေထုညစ်ညမ်းမှုကို များစွာလျှော့ချနိုင်ပါတယ်။
ဒါ့အပြင် အထည်တွေကို စက်တွေနဲ့အခြောက်ခံတာ မီးပူတိုက်တာမျိုးတွေကို ရှောင်ရှားပြီး အထည်တွေရဲ့ သုံးပုံတစ်ပုံသော ကာဗွန်ထုတ်လွှတ်မှုကို ကာကွယ်နိုင်ပါတယ်။
(၄)
ပို့ဆောင်ဆက်သွယ်ရေးပိုင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေအရ ယာဥ်တွေအသုံးပြုခြင်းကို လုံးဝရပ်ပစ်လိုက်လို့မရတာကြောင့် ရပ်ဝေးခရီးတွေအတွက်ဆို ကာဗွန်ဓါတ်ငွေ့ အများအပြားထုတ်လွှတ်မှုတွေဖြစ်စေတဲ့ လေယာဥ်တွေအစား ရထားတို့၊ သင်္ဘောတို့လို ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါးတဲ့ ယာဥ်တွေကို အသုံးပြုသင့်ပါတယ်။ အဘက်ဘက်ကနေ တတ်နိုင်သမျှ နည်းနည်းလေးကစပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။
(၅)
အထည်စက်မှုလုပ်ငန်းတွေမှ မဟုတ်ပါဘူး စားသုံးသူ(ဝယ်ယူသူ)တွေ အနေနဲ့လည်း အဝတ်တွေကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် eco-friendly ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အဝတ်အထည်တွေနဲ့ အရည်အသွေးကောင်းတဲ့ အဝတ်အထည်တွေ ဒါမှမဟုတ် ဘေထုတ်အထည်တွေကိုသာ ဝယ်ယူသင့်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထည့်သွင်းစဥ်းစားပေးတဲ့ အထည်လုပ်ငန်းတွေကနေ လိုအပ်သလောက်သာ ဝယ်ယူပြီး အဝတ်အထည်တွေကို တန်ဖိုးထားဝတ်ဆင်သင့်ပါတယ်။
===============================
အကျဥ်းပြန်ချုပ်ရမယ်ဆိုရင် အထည်စက်ရုံတွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး အဆင့်ဆင့်မှာ သဘာဝသယံဇာတအမြောက်အမြားကို အသုံးပြုရပြီး လုပ်ငန်းစဥ်တွေမှာ သေချာစီစစ်ပြီး မလုပ်ဘူးဆိုရင် လေထု၊ ရေထုညစ်ညမ်းမှုနဲ့ စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှုတွေကိုပါ များစွာဖြစ်ပေါ်စေနိုင်တာကြောင့် အထည်လုပ်ငန်းတွေဟာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကို ညစ်ညမ်းစေတဲ့ စက်မှုလုပ်ငန်းတွေလို့ သတ်မှတ်နိုင်ပါတယ်။
အထည်လုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွာတဲ့သက်ရောက်မှု များစွာရရှိနိုင်ပြီး ဒီလိုသက်ရောက်မှုတွေကြောင့် ဖြစ်လာမယ့် ဒဏ်တွေကို ခံရမယ့်သူတွေဟာလည်း ဒီကမ္ဘာကြီးကို အမှီပြုပြီးနေထိုင်နေကြတဲ့ ကျွန်တော်တို့လူသားတွေနဲ့ တိရစ္ဆာန်သာဖြစ်ပါတယ်။ ဒါကြောင့် အထည်စက်ရုံအလုပ်ရုံတွေဟာ ကိုယ်နေထိုင်တဲ့ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက်ရှိပြီး သဘာဝထိန်းသိမ်းကာကွယ်ရေးလမ်းစဥ်တွေကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းတွေကို လည်ပတ်သင့်ပါတယ်။ ဒါမှသာ ရေရှည်လုပ်ဆောင်နိုင်မှာဖြစ်သလို ပတ်ဝန်းကျင်အတွက်လည်း အထိအရှနည်းစေမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ နောင်လာနောင်သားတွေကို သဘာဝထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ မျှဝေတိုက်တွန်းရင်း ယိုယွင်းပျက်ဆီးလာပြီဖြစ်တဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေတိုင်းမှာ အားလုံးပါဝင်ကြပါလို့ EHS Myanmar ကနေပြီး နှိုးစော်လိုက်ပါတယ်။
===============================
ပုရွက်ဆိတ် (EHS Myanmar) မှ ရေးသားသည်။
References:
Greenmarket
NASA Space Place
National Geographic
United Nations Environment Programme
#EHSMyanmar #FashionIndustry #Environment
868
စက်ရုံအလုပ်ရုံတွေဟာ အထည်တွေထုတ်လုပ်ဖို့နဲ့ ရရှိလာတဲ့ ကုန်ချောအထည်တွေကို အနယ်နယ် အရပ်ရပ်ကိုဖြန့်ချီရောင်းချပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် စွမ်းအင်တွေအမြောက်အများကိုလည်း အသုံးပြုရပါသေးတယ်။ အထူးသဖြင့် ပြန်လည်အသုံးပြုလို့မရနိုင်တဲ့ လောင်စာဆီတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကို အလုပ်ရုံက စက်ယတ္တရားတွေအသုံးပြုဖို့နဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ ကား၊ သင်္ဘော၊ လေယာဥ်စတဲ့ယာဥ်တွေ အသုံးပြုဖို့အတွက် လောင်ကျွမ်းစေပါတယ်။ ဒီလိုလုပ်ရပ်တွေကနေတစ်ဆင့် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ သတ္တဝါတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ အခြား ဓာတုဓာတ်ငွေ့များစွာဟာ လေထုထဲကို အလွယ်တကူရောက်ရှိနိုင်ပြီး လေထုကို အလွန်တရာ ညစ်ညမ်းစေပါတယ်။
ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ်မှုရဲ့ (၁၀) ရာခိုင်နှုန်းဟာ အထည်စက်မှုလုပ်ငန်းတွေနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေကြောင့်ဖြစ်ပြီး ဒီနှုန်းထားအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့် (၂၀၃၀) မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ (၅၀) ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ United Nations Environment Programme (UNEP) က ပြောကြားထားပါသေးတယ်။ ဒီလိုဓါတ်ငွေ့တွေ လေထုထဲရောက်ရှိလာတဲ့ အကျိုးဆက်အနေနဲ့ ဓါတ်ငွေ့တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိတ်မိကုန်ပြီး အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကမ္ဘာအနှံ့အပူချိန်မြင့်တက်မှုတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
===============================
● အထည်စက်မှုလုပ်ငန်းတွေကနေ စွန့်ပစ်ပစ္စည်းအများအပြားထွက်ရှိတာကြောင့် ပတ်ဝန်းကျင်နဲ့သတ္တဝါတို့ကိုထိခိုက်စေခြင်း။
အထည်စက်ရုံတွေကြောင့် ပတ်ဝန်းကျင်ကို သက်ရောက်မှုကြီးကြီးမားမားဖြစ်စေတဲ့ နောက်ဆုံးအချက်ကတော့ အလုပ်ရုံတွေကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။
အထည်စက်ရုံအများစုက စက်ယန္တရားတွေလည်ပတ်ဖို့နဲ့ အထည်တွေထုတ်ဖို့အတွက် သဘာဝသယံဇာတ ရေတွေကို များစွာအသုံးပြုကြတဲ့နေရာမှာ ဓာတုပစ္စည်းတွေရောနှောနေတဲ့ ရေဆိုးတွေအမြောက်အများထွက်ပါတယ်။ စက်ရုံတွေကလည်း ထွက်ရှိလာတဲ့ ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ ရေဆိုးတွေကို မြစ်ထဲကိုပဲ အလွယ်တကူတိုက်ရိုက် စွန့်ပစ်ကြပါတယ်။ အထည်တွေထုပ်ပိုးပြင်ဆင်မှု အပိုင်းမှာဆိုရင်လည်း အချိန်အတော်ကြာကြာနဲ့ မဆွေးမြေ့သွားနိုင်တဲ့ ပလပ်စတစ်တွေကို ပေါပေါများများအသုံးပြုကြပါတယ်။
အင်္ကျီပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းအများစုရဲ့ (၆၀) ရာခိုင်နှုန်းဟာ ပလပ်စတစ်တွေဖြစ်တယ်လို့ United Nations Environment Programme ပြောကြားချက်အရ သိရပြီး (၂၀၁၅) တုန်းက Our World in Data ရဲ့ လေ့လာချက်အရ စက်မှုလုပ်ငန်းတွေမှာ ပလပ်စတစ် တန်ချိန်ပေါင်း (၄၀၇)သန်းနီးပါးထုတ်လုပ်ကြတာမှာ လေးပုံသုံးပုံဟာ စွန့်ပစ်ပစ္စည်းအနေနဲ့ မြစ်ချောင်းတွေထဲကို လွှင့်ပစ်ခြင်းကိုခံရတယ်လို့လည်း သိရပါတယ်။
ဒီလို စက်ရုံတွေရဲ့မဆင်မခြင်စွန့်ပစ်ခြင်းကြောင့် သဘာဝမြစ်ချောင်းတွေဟာ မသန့်စင်တော့ဘဲ မြစ်တစ်လျှောက် မြစ်ရေကိုအမှီသဟဲပြုပြီး နေထိုင်နေကြတဲ့ လူပေါင်းများစွာကိုထိခိုက်စေပါတယ်။ ဒါ့အပြင် မြစ်ချောင်းကနေတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲအထိပါ ရေဆိုးတွေနဲ့ ပလပ်စတစ်အမှိုက်တွေဟာစီးဆင်းပြီး ပင်လယ်ရေနေသတ္တဝါတွေအတွက်ပါ အန္တရာယ်ဖြစ်စေကာ အစာကွင်းဆက်နဲ့ ဂေဟစနစ်အထိ ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။
===============================
အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေကြောင့်ပဲ အထည်စက်မှုလုပ်ငန်းတွေဟာ အခြားလုပ်ငန်းတွေထက် ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဒုတိယအများဆုံး အညစ်ညမ်းစေဆုံး လုပ်ငန်းတွေဖြစ်တယ်လို့တောင် United Nations က အဆိုပြုထားတာ မဆန်းကျယ်လှတော့ပါဘူး။
အဝတ်အထည်ထုတ်လုပ်မှုတွေက ဒီလိုပတ်ဝန်းကျင်အပေါ် မကောင်းတဲ့သက်ရောက်မှုတွေ များစွာဖြစ်စေတာကြောင့် ထုတ်လုပ်မှုတွေကို ရပ်လိုက်သင့်တာလား၊ လူတွေကရော ဘာသွားဝတ်ရမလဲလို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနိုင်ပါတယ်။
စား၊ ဝတ်၊ နေရေးဆိုတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်သုံးခုထဲမှာ "ဝတ်" ဆိုတဲ့ အဝတ်အစားပါတာမို့လို့ အဝတ်အထည်တွေဟာလည်း လူတိုင်းအတွက် အရေးပါလှပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုတွေကို ရပ်ပစ်လိုက်လို့မရသလို အထည်စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ်တွေကြောင့် သဘာဝပတ်ဝန်းကျင်လည်း အထိအခိုက်နည်းအောင် ထုတ်လုပ်မှုတွေကို ရပ်လိုက်ရတာမျိုးမဟုတ်ဘဲ စက်မှုလုပ်ငန်းတွေအပြင် ကျွန်တော်တို့လူသားတိုင်း ထိန်းသိမ်းလိုက်နာပြီး ပြုလုပ်လို့ရမယ့် ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်ချက်ကောင်းတွေ အများကြီးရှိပါတယ်။
အဲ့လိုလုပ်ဆောင်ချက်တွေအများကြီးထဲကမှ အဓိကကျတဲ့ အကြောင်းအရာအနည်းအကျဥ်းကို ဖော်ပြလိုက်ပါတယ်။
(၁)
စက်ရုံအလုပ်ရုံတွေက အဝတ်အထည်တွေကို အရင်းအနှီးနည်းစေပြီး အရည်အသွေးမကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပြုလုပ်ခြင်းကိုရှောင်ရှားပြီး eco-friendly ဖြစ်စေမယ့် အမျိုးအစားကောင်းတဲ့ သဘာဝချည်ထည်ကုန်ကြမ်းတွေနဲ့ပဲ စနစ်တကျထုတ်လုပ်သင့်ပါတယ်။ ဒါမှသာ အဝတ်အစားတွေက အချိန်ခဏလေးအတွင်း နွမ်းပါးစုတ်ပြတ်သွားမှာမဟုတ်ဘဲ လူတွေလည်း အဝတ်အထည်တွေကို
868
အင်္ကျီအဝတ်အထည်တွေအတွက် ကမ္ဘာကြီးနဲ့သဘာဝရဲ့ စွန့်လွှတ်အနစ်နာခံမှုများ။
===============================
EHS Myanmar | 5.9.2023
သင့်ရဲ နေ့စဥ်သွားလာနေတဲ့အချိန်မှာ ဝတ်ဆင်တဲ့ အင်္ကျီအဝတ်အထည်တွေနဲ့ အိမ်ကအဝတ်ဗီရိုတွေထဲမှာ မဝတ်ချင်တော့လို့ပုံနေတဲ့ အဝတ်အစားတွေထုတ်လုပ်မှုအတွက် သဘာဝကြီးကဘာတွေပေးဆပ်လိုက်ရပြီး ကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိစေလဲဆိုတာတွေကို သင်သိပါသလား။
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အတောမသတ်နိုင်တဲ့ လူတို့ရဲ့လိုအင်ဆန္ဒတွေ လည်း ပြောင်းလဲလို့လာပါတယ်။ လက်ရှိ (၂၁) ရာစုမှာလည်း လူနေထိုင်မှုအဆင့်အတန်းနဲ့ ဝတ်စားဆင်ယင်မှုတွေပါ တစ်စတစ်စ ပြောင်းလဲနေဆဲပါ။ ဒီလိုအပြောင်းအလဲတွေက လူတို့ရဲ့စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ နည်းပညာတွေ ဆင့်ကဲပြောင်းလဲလာခြင်းရဲ့ သက်ရောက်မှုမျိုးတွေဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ သိသိသာသာ အချိန်နဲ့တစ်ပြေးညီ ဖြစ်ပေါ်နေတဲ့ ဖြစ်စဥ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
လူတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ဖက်ရှင်အပေါ်စိတ်ဝင်စားမှုနဲ့ အာသီသတွေ ပြောင်းလဲလာခြင်းကလည်း အခုလို ကမ္ဘာတစ်ဝန်း ပြောင်းလဲနေတဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖက်ရှင်အပေါ် တပ်မက်ခြင်းတွေ တဖြည်းဖြည်းပြောင်းလဲလာတာကြောင့် အဝတ်အထည် ထုတ်လုပ်သူ စက်ရုံအလုပ်ရုံတွေကပါ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး ရေပန်းစားနေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေကို လူအများအကြိုက် ပေါပေါများများ ထုတ်လုပ်ရောင်းချလာကြပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ စိုက်ပျိုးတာကစလို့ ကုန်ချောတွေအဖြစ် ထုတ်လုပ်ဖြန့်ဖြူးတဲ့အထိ အထည်လုပ်ငန်းတွေရဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တိုင်းမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး သတ္တဝါတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။
အင်္ကျီအဝတ်အထည်တွေကြောင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေဖြစ်စေနိုင်တယ်ဆိုတာကို သာမန်တွေးကြည့်ရင်တော့ မအပ်စက်ဘူးလို့ထင်ရပေမယ့် သဘာဝကြီးနဲ့ သတ္တဝါတွေကို ဘယ်အချက်တွေက အန္တရာယ်ဖြစ်စေပြီး ကမ္ဘာမြေကြီးကို ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိစေတယ်ဆိုတဲ့ အကြောင်းအရာတွေကို စာဖတ်သူတို့သိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။
===============================
● အထည်ထုတ်လုပ်ဖို့အတွက် ရေအမြောက်အများ အသုံးပြုရတာကြောင့် ကမ္ဘာ့ရေချိုရှားပါးလာနိုင်ခြင်း။
အဝတ်အထည်တွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဥ် အဆင့်အဆင့်တိုင်းမှာ အကန့်အသတ်ရှိတဲ့ သဘာဝသယံဇာတတွေကို အသုံးပြုရပါတယ်။ လူတွေသာ ဒီလိုသယံဇာတတွေကို မဆင်မခြင် အသုံးပြုပြီး ကိုယ့်အကျိုးစီးပွားတစ်ခုထဲအတွက်ပဲ အထည်စက်မှုလုပ်ငန်းတွေကို လည်ပတ်နေမယ်ဆိုရင် သယံဇာတတွေ တဖြည်းဖြည်းရှားပါးလာနိုင်ပါတယ်။
NASA Space Place ရဲ့ပြောဆိုချက်အရ ဒီကမ္ဘာမြေမျက်နှာပြင်ရဲ့ (၇၁) ရာခိုင်နှုန်းကို ရေတွေနဲ့ဖုံးလွှမ်းနေတယ်လို့သိရပါတယ်။ ရေတွေပေါများပါတယ်လို့ထင်ရပေမယ့်လည်း (၉၇) ရာခိုင်နှုန်းသောရေတွေက လူတွေအသုံးပြုလို့မရတဲ့ ဆားတွေနဲ့ရောနှောနေတဲ့ ပင်လယ်ရေတွေဖြစ်ပါတယ်။ ကျန်ရှိတဲ့ (၃) ရာခိုင်နှုန်းကတော့ လူတွေအသုံးပြုလို့ရတဲ့ ရေချိုတွေဆိုပေမယ့် အများစုက ရေခဲတောင်၊ ရေခဲမြစ်တွေနဲ့ အလွန်နက်တဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်မှာ ပိတ်မိနေတာဖြစ်ပါတယ်။ (၁)ရာခိုင်နှုန်းထက်နည်းတဲ့ ရေချိုအနည်းစုကိုသာ လူတွေက အသုံးပြုနေကြရတာပါ။
အထည်လုပ်ငန်းတွေမှာဆိုရင်လည်း အင်္ကျီတစ်ထည်အတွက် ချည်အလုံအလောက် ထုတ်လုပ်ဖို့ လူတစ်ယောက် ရက် (၉၀၀) နီးပါးသောက်သုံးလို့ရတဲ့ ရေလီတာပေါင်း (၂၇၀၀) ကျော်ကိုအသုံးပြုရတယ်လို့ National Geographic က ပြောကြားထားပါတယ်။ ချည်ထည်မှမဟုတ်ပါဘူး ဓာတုနည်းနဲ့ပြုလုပ်တဲ့ အမျှင်တွေနဲ့ ရက်လုပ်တဲ့ ပေါ်လီအက်စတာ (polyester) အထည်တွေပြုလုပ်ဖို့အတွက်လည်း ရေတွေအမြောက်အများ အသုံးပြုရပါသေးတယ်။ ဒါ့အပြင် ထုတ်လုပ်မှုပိုင်းမှာ အထည်တွေကို အချောသပ်ဖို့၊ ဆေးဆိုးဖို့၊ သန့်စင်ဖို့နဲ့ အအေးခံဖို့အတွက်ပါ ရေတွေကိုပဲ ထုတ်လုပ်မှုအဆင့်တိုင်းနီးပါးမှာ အသုံးပြုရပါတယ်။ အင်္ကျီတစ်ထည်အတွက်တောင် ဒီလောက်ရေပမာဏကို အသုံးပြုရတယ်ဆိုရင် စက်ရုံအလုပ်ရုံတွေမှာ မြောက်များစွာသော အထည်တွေရရှိဖို့ နေ့စဥ်ရေပမာဏ ဘယ်လောက်အသုံးပြုရမလဲဆိုတာ စာဖတ်သူကိုယ်တိုင်စဥ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ရေဟာလည်း သဘာဝတရားကြီးကပေးထားတဲ့ အကန့်အသတ်ရှိတဲ့ သယံဇာတတစ်ခုဖြစ်တာကြောင့် လူတွေသာစိစစ်ပြီးသေသေချာချာ အသုံးမပြုဘူးဆိုရင် အချိန်ကြာလာတဲ့အမျှ ရေချိုရှားပါးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
===============================
● စက်ရုံတွေမှာ စွမ်းအင်တွေကို မဆင်မခြင် အသုံးပြုတာကနေတစ်ဆင့် လေထုညစ်ညမ်းပြီး ကမ္ဘာမြေကြီးပူနွေးလာရခြင်း။
