fa
Feedback
EHS Myanmar

EHS Myanmar

رفتن به کانال در Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

نمایش بیشتر
934
مشترکین
اطلاعاتی وجود ندارد24 ساعت
+47 روز
+730 روز
آرشیو پست ها
We're excited to honor and protect these magnificent creatures on August 12th, as we raise awareness about the importance of
We're excited to honor and protect these magnificent creatures on August 12th, as we raise awareness about the importance of preserving their habitats and promoting elephant welfare. 🌳🐘 Let's come together to learn more about these gentle giants and take action to ensure their survival for generations to come. 🌍💚 #WorldElephantDay #EHSMyanmar #ElephantConservation #protectwildlife

photo content

နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲ? ===================================================== EHSMyanmar | 11.8.2023 သင်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲဆိုတာကို တွေးကြည့်ခဲ့ဖူးပါသလား? ဥပမာ - ဈေးကနေ သွားပွတ်တံတစ်ချောင်းဝယ်လာရင်း ဒီသွားပွတ်တံက eco-friendly ဖြစ်ရဲ့လားဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုအတွေးတွေအတွက် အဖြေကို ရှာဖွေကြည့်မယ်ဆိုရင် အဖြေဟာ Life Cycle Assessment (LCA) မှာ တည်ရှိနေပါတယ်။ Life Cycle Assessment (LCA) ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိစစ်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတအရင်းအမြစ်တွေကနေ ကုန်ကြမ်းပစ္စည်း ထုတ်ယူတာကစလို့ ကုန်ချောပစ္စည်းဖြစ်အောင် ထုတ်လုပ်တာ၊ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ထုတ်ပိုးမှုအဆင့်ဆင့်နဲ့ ဖြန့်ဝေရေး၊ အဲ့ဒီ့နောက် ကုန်ပစ္စည်း အသုံးပြုမှုကနေ နောက်ဆုံး စွန့်ပစ်အမှိုက်ဖြစ်သွားတဲ့တိုင်အောင် ယန္တရားလည်ပတ်မှုတစ်လျှောက်လုံးမှာ LCA က ပါဝင်ပတ်သတ်နေမှာပါ။ Life Cycle Assessment (LCA) က အခန်းကဏ္ဍတွေအများကြီး ပါဝင်တာမို့ ထင်သလောက် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် LCA ကနေတစ်ဆင့် ကျွန်တော်တို့ မြင်တွေ့နေတဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းတွေရဲ့ မတူညီကွဲပြားမှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ကမ္ဘာမြေအပေါ် သက်ရောက်နေတဲ့ အကျိုးဆက်တွေကိုလည်း လျော့ကျအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Life Cycle Assessment (LCA) အကြောင်း အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် Environmental Sustainability Course (Batch 6) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။ https://www.facebook.com/100064794640578/posts/675665511269931/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09780870309 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability #LifeCycleAssessment

photo content

စီးပွားရေးနယ်ပယ်ဆိုတာ Demand ရှိလို့ ထုတ်နေတာပါ။ တစ်သန်းဖိုးရောင်းရရင် တစ်သန်းဖိုးထုတ်နေမှာပါပဲ။ ဆင်ခြင်ရမှာက ဒီ Demand ထဲ ကိုယ်မပါဖို့ပေါ့။ ဒါကလူတစ်ယောက်ချင်းစီရဲ့ စဥ်းစားချင့်ချိန်တတ်မှုနဲ့ဆိုင်တယ်။ ပလက်စတစ်အရေးလိုပေါ့။ မလိုအပ်ဘဲ ပလက်စတစ်အိတ်မတောင်းတဲ့ လူဦးရေများလာတဲ့အခါ ကမ္ဘာပေါ်က ပလက်စတစ်ထုတ်နှုန်းက အလိုလိုလျော့ကျလာမှာပဲ။ ခင်ဗျားက တိရစ္ဆာန်သားရေနဲ့ အင်္ကျီတွေကို ခေါင်းခါလိုက်တဲ့အခါ ခင်ဗျားလိုလူတစ်သန်းရှိနေရင် တိရစ္ဆာန်တစ်သန်းရဲ့အသက်က အလိုလိုကယ်ပြီးသား ဖြစ်နေလိမ့်မယ်။ " ငါမလုပ်လည်း တခြားလူ လုပ်မှာပဲ၊ ငါမဝယ်လည်း တခြားလူဝယ်မှာပဲ" ဆိုတဲ့ အယူအဆကို ပြန်သုံးသပ်ကြည့်ပါ။ စီးပွားရေးနယ်ပယ်က အဲဒီအယူအဆကို ပိုကြိုက်လို့ကို အခုလိုလူ့အဖွဲ့အစည်းပုံစံ ဖြစ်လာတာပေါ့။ လူတစ်ယောက်ချင်းစီ ပြောင်းလဲသုံးသပ်မှု ဆင်ခြင်မှုတွေ ကနေပဲ ကမ္ဘာကိုပြောင်းလဲနိုင်မှာပါ။ အဆုံးသတ်ပြောရရင် လက်ရှိ ၂၁ ရာစုလူ့အဖွဲ့အစည်းကြီးက သောက်တလွဲပေါင်း များစွာနဲ့ ပျက်လို့ပျက်မှန်းမသိ ဖြစ်နေပြီ။ သာမန်လူတွေက ပွန်းရုပ်တွေလို စီးပွားရေးနယ်ပယ်၊ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်နဲ့ အာဏာပိုင်တွေက ရွှေ့ထားသမျှ လိုက်ရွေ့နေရတယ်။ တစ်ခါတစ်ခါကျမှ ထအော်တတ်ကြတယ်။ တရားမဝင် Wildlife မှောင်ခိုသမားတွေကိုတော့ အကြီးအကျယ် ရှုံ့ချကြပေမယ့်၊ တိရစ္ဆာန်လေးတွေဆို သနားတတ်ကြ ချစ်တတ်ကြပေမယ့် Cosmetic နဲ့ Fashion နယ်ပယ်က တရားဝင်လိုသတ်ဖြတ်နေတဲ့ Biodiversity အရေးကိုတော့ မေ့လျော့နေကြတဲ့ လူ့အဖွဲ့အစည်းဆိုပါတော့။ ဘာနဲ့တူလဲဆို တိချစ်သူများ Group ထဲ ကိုယ့်ခွေးလေးတွေကို " ဒီနေ့ငါ့သားလေးတွေကို ရေချိုးပေးရင်း သူတို့ပျော်နေတာများ ချစ်စရာလေး" ဆိုပြီး ယုန်သားမွှေးအင်္ကျီကြီးနဲ့ ပုံရိုက်တင်သလိုပေါ့။ " မင်းရဲ့ အလှပြင်စားပွဲမှာ တိရစ္ဆာန်ဘယ်နှကောင်ရဲ့ သေဆုံးမှုတွေ ပါနေလဲကို ညအိပ်ရာဝင်ခါနီး တွေးကြည့်ဖူးလား " ဆီဆာချာဗီ " ငါတို့ဟာ ဘဝတစ်လျှောက်လုံး အကြမ်းမဖက်ဖူးဘူးဆိုတာ သေချာရဲ့လား? ငါတို့ရဲ့ လုပ်ရပ်တွေကို ငါတို့မတွေးမိသေးတာကလွဲရင် ငါတို့ဟာ အခုထိ အကြမ်းဖက်သမားတွေပဲ " မက်ကာသီ " ငါတို့ဟာ ငါတို့ရဲ့ ပြိုလဲမှုကို ကုသဖို့အတွက် ကြိုးစားနေချိန်မှာတောင် တခြားမျိုးနွယ်တွေရဲ့ ပြိုလဲခြင်းကို မေ့လျော့နေတတ်ကြတဲ့ အသိုင်းအဝိုင်းပဲ " ရှင်းအိချိ မူရင်းရေးသားသူ - Htet Wa Na မှ ကူးယူဖော်ပြအပ်ပါသည်။ ----------------------------------------------------------------------------------- 🌿✨Environmental Health နှင့် Sustainable Development အကြောင်းစိတ်ဝင်စားပါက မကြာခင် ဖွင့်လှစ်တော့မည့် Environmental Sustainability Online Course (Batch 6) ကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။ အသေးစိတ်ကို ယခုလင့်တွင် လေ့လာနိုင်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။ https://www.facebook.com/ehsmyanmar/posts/675665511269931 #EHSMyanmar #AnimalAbuse #StopAnimalTesting

တိရိစ္ဆာန်စမ်းသပ်မှုကို တားမြစ်ဖို့ Law အသစ်တွေ ချမှတ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ဥရောပရဲ့ တချို့နိုင်ငံတွေက သူတို့နိုင်ငံထဲ တိရစ္ဆာန်စမ်းသပ်မှုနဲ့ တင်သွင်းလာတဲ့ Cosmetic Showroom နဲ့ စတိုးတွေကို ပိတ်သိမ်းဖို့ ထုတ်ပြန်ခဲ့တယ်။ ဘရာဇီး၊ သြဇီ၊ နယူးဇီလန်၊ နယ်သာလန်၊ အိန္ဒိယနဲ့ ချီလီတို့မှာ ၂၀၁၅ ခုနှစ်တည်းက ရောင်းချခွင့် အပိတ်ခံထားရတဲ့ Cosmetic Brand တွေကို Google မှာ ခေါက်ရှာကြည့်ပေါ့။ ခင်ဗျားသိပ်အထင်ကြီးလွန်းတဲ့ စျေးကြီးကြီး Brand တချို့တောင် ထိပ်ဆုံးကနေ စပါနေပါလိမ့်မယ်။ 🐒... ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေ။ တချို့နိုင်ငံတွေမှာတော့ Cosmetic ထုတ်ကုန်တွေကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ တရားဝင်ခွင့်ပြုမှုကြီးလို ရှိနေဆဲပါပဲ။ ဒီဆယ်စုနှစ်ထဲ ဖြစ်ခဲ့တဲ့ ပြဿနာတွေလည်း မနည်းလှဘူး။ ဒီအထဲ ကမ္ဘာ့ Biodiversity Association တွေနဲ့ တိရစ္ဆာန်အဖွဲ့အစည်းတွေက ချပြခဲ့တဲ့ listတွေကြောင့်လည်း ပဋပက္ခတွေ ဖြစ်ခဲ့ဖူးတယ်။ PTEPနဲ့ WWE က Environmentalist တချို့ ချပြခဲ့တဲ့ တိရစ္ဆာန်စမ်းသပ်မှုတွေရဲ့ Cosmetic နယ်ပယ်မှာ ဦးဆောင်နေတဲ့ လုပ်ငန်းစုတွေထဲ L'Oreal၊ Bobbi Brown၊ Estee Lauder၊ Clinique၊ Nars၊ Maybelline၊ Makeup Forever၊ Benefit လို နာမည်ကြီး လုပ်ငန်းစုတွေ ပါဝင်နေခဲ့လို့လည်း ပွဲဆူခဲ့တယ်။ တချို့လည်း brand နာမည်ပျက်လာလို့ လက်မှတ်ထိုးပေးခဲ့ကြတယ်။ Campaign တွေကြောင့် L'Oreal က လက်မှတ်ထိုးခဲ့ပေမယ့် တရုတ်မှာ အခြေချထားတဲ့ L'Oreal product တွေကတော့ ဒီနေ့အထိ အရင်အတိုင်းပဲဆိုတာကလည်း တိုင်ပတ်နေဆဲကိစ္စပေါ့။ ( ဒါက ဒီ brandတွေနဲ့ သုံးစွဲသူ၊ ညွှန်းသူတွေကို တိုက်ခိုက်တယ်မထင်နဲ့နော်။ တိုက်ခိုက်ရအောင် အလှကုန်တွေ ကိုယ်လည်းမသုံးပါဘူး။ PTEP ကရော တခြား Association တွေကပါ ဒီlistကို အတိအလင်းကြေညာထားခဲ့ပါတယ်။ တချို့က ၂၀၁၉ ထဲ လက်မှတ်ထိုးပေးခဲ့ပါပြီ။ ) Cruelty Free International အတွက် လက်မှတ်မထိုးပေးသေးတဲ့ လုပ်ငန်းစုတွေထဲလည်း ဒီlist ထဲမှာ ရှိနေဆဲပါ။ နောက်တစ်ခုက FDA။ တိရစ္ဆာန်စမ်းသပ်မှုနဲ့ ထုတ်နေပေမယ့် Cosmetic တွေဟာ FDAလက်မှတ်ရနေတာက စဥ်းစားရခက်စေတယ်။ သဘောက FDAဟာ Biodiversity Law အတွက်ပါ တာဝန်ယူရမယ့် အဖွဲ့အစည်းမဟုတ်တာရယ် အစိုးရတွေဖက်က အရင်ကစကိုင်တွယ်ရမှာရယ်ကြောင့် အပြန်အလှန်ဟာကွက်တွေ ရှိနေတယ်။ သိပ္ပံပညာရှင် Danbee Kim ဦးဆောင်တဲ့ စာတမ်းတစ်ခုမှာတော့ သေချာတိကျတဲ့ နိုင်ငံတကာ Regulations တွေကပဲ လက်ရှိ Cosmetic လုပ်ငန်းစုကြီးတွေကို ဖိအားပေးနိုင်မယ်လို့ ဆိုထားတယ်။ လက်ရှိကမ္ဘာ့ Cosmetic နယ်ပယ်အရ နိုင်ငံသေးတွေမှာ ဒီလုပ်ငန်းစုကြီးတွေကို တွန်းလှန်နိုင်ဖို့ Regulations အင်အားမရှိသေးသလို ဝယ်လိုအားဒဏ်သင့်နေတဲ့ နိုင်ငံအများစုမှာလည်း ဒီလိုကိစ္စတွေကို မကျယ်လောင်နိုင်သေးပါဘူး။ စစ်တမ်းအရ အမေရိကန်နဲ့ တရုတ်က စီးပွားရေးသမားတွေပိုင်တဲ့ ဒီလိုစမ်းသပ်မှုနဲ့ ထုတ်လုပ်နေတဲ့ Cosmetic တွေဟာ ကမ္ဘာ့နိုင်ငံတချို့မှာ အခြေစိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ နိုင်ငံတစ်ခုမှာ တားမြစ်ထားရင်တောင် သူတို့အခြေစိုက်ထားတဲ့ တခြားနိုင်ငံမှာ လုပ်နေတဲ့သဘောကလည်း စဥ်းစားစရာပေါ့။ နောက်တစ်ခုက Animal Abuse နဲ့ဆိုင်တဲ့ အပ်ဥပဒေတွေမှာလည်း Cosmetic နဲ့ Fashion နယ်ပယ်က brand အကြီးစားတွေကို မတော်လှန်နိုင်သေးဘူး။ တချို့က ဂုဏ်ပြချင်၊ တစ်ကိုယ်ရေ လှပချင်လို့ Fashion နဲ့ Cosmetic တွေကို အသုံးပြုကြပေမယ့် သူတို့ကိုယ်ပေါ်မှာ တိရစ္ဆာန်အသက်တွေ၊ သွေးတွေ ပါဝင်နေတာကိုတော့ သတိမထားမိတာကလည်း လူ့သောက်ကျင့်ကိုး။ သားမွှေးအဝတ်တစ်ထည်အတွက် တိရစ္ဆာန်အသက်တစ်ချောင်း သေပေးနေရတယ်လို့ ရိုးရိုးလေးတွေးတတ်ကြရင်တောင် ကမ္ဘာပေါ်က နာမည်ကြီး လက်ကိုင်အိတ်၊ အဝတ်အစား လုပ်ငန်းစုတချို့ ဒေဝါလီခံနေလောက်ပြီပေါ့။ အဆုံးသတ်ပြောရရင် လက်ရှိလူ့အဖွဲ့အစည်းမှာ "ကျွန်မက သဘာဝပတ်ဝန်းကျင်ကို ချစ်တယ်၊ တိရစ္ဆာန်လေးတွေ ညှင်းပန်းနှိပ်စက်ခံနေရမှုကို ရှုံ့ချတယ်" ပြောပြီး တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ ထုတ်လုပ်တဲ့ Cosmetic တွေကျ အသဲအသန်ဝယ်လူး၊ တိရစ္ဆာန်သားရေနဲ့လုပ်တဲ့ နာမည်ကြီး အဝတ်အစား brandတွေမှ ဂုဏ်ရှိတယ်ထင်နေတဲ့ လူတွေမှ အများကြီးပါ။ ဒီလိုပဲ ကိုယ်အားပေးတဲ့ နှစ်သက်တဲ့ Celebrity၊ Blogger၊ Influencer တွေ ကြေညာသမျှ ညွှန်းသမျှ product တွေကို အလုအယက်ဝယ်တတ်တဲ့ ခပ်ရိုးရိုးသားသားဆိုတဲ့ လူတွေမှလည်း အများကြီးပါ။ ကိုယ်ဝယ်သုံးတဲ့ ထုတ်ကုန်က Be Cruelty Free ဟုတ်ရဲ့လား မဟုတ်ဘူးလားလည်းမသိ၊ လေ့လည်းမလေ့ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းစင်လွန်းသူလို့ ထင်နေသူတွေလည်း အများကြီးပါ။ နှစ်စဥ် သန်းငါးဆယ်သော တိရစ္ဆာန်အကောင်ရေဟာ Fashion နယ်ပယ်ကြောင့် အသတ်ခံနေရတယ်ဆိုရင်ရော? သားရေဂျာကင်အင်္ကျီတစ်ထည်အတွက် တိရစ္ဆာန်တစ်ကောင် သေပါတယ်။ Be Cruelty Free ဆိုတာ Cosmetic အတွက်တင် မကပါဘူး။ ကိုယ်ဝတ်နေတဲ့ အဝတ်အစား brandက Be Cruelty Free listထဲ မပါရင်လည်း Cosmetic မသုံးဘဲ အဝတ်အစားနယ်ပယ်ကြောင့် တိရစ္ဆာန်တွေ သေပေးနေရတာပါ။ လက်ရှိ Rate ထဲက လူတစ်သန်းလောက်သာ Be Cruelty Free ကို ဂရုစိုက်တယ် ဆိုကြပါစို့။ တိရစ္ဆာန်ဘယ်နှကောင်ကို ကယ်တင်နိုင်မလဲ?

ကမ္ဘာ့တိရစ္ဆာန်ပေါင်း သန်းတစ်ရာကျော်ဟာ သုတေသနဓာတ်ခွဲခန်းတွေကြောင့် သေနေရတယ်။ ဒီအထဲ ဆေးဝါးနဲ့ စားသောက်ကုန်ပြီးရင် Fashionနဲ့ Cosmetic နယ်ပယ်က ကပ်လိုက်နေခဲ့တယ်။ ဒါကိုအခုထိလည်း စစ်တမ်းအတိအကျ ကောက်လို့မရသေးဘူး။ Cosmetic စမ်းသပ်မှုတွေအတွက် ယုန်၊ ဝက်၊ ဟန်းစတား၊ မျောက်နဲ့ ခွေးတွေကို အဓိကထားကြတယ်လို့ တွေ့ရှိခဲ့တယ်။ Cosmetic တွေ စမ်းသပ်ရာမှာ အရေပြားထိခိုက်မှု၊ မျက်လုံးယားယံမှု စစ်ဆေးမှုနဲ့ တခြား Side Effects တွေ အတွက် တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြတယ်။ အလွယ်ပြောရရင် ဖန်တီးထားတဲ့ လိုးရှင်း၊ မိတ်ကပ်နဲ့ တခြားအလုကုန်ပစ္စည်းတွေကို တိရစ္ဆာန်တွေနဲ့ အရင်စမ်းသပ်တယ်ပေါ့။ ပါးစပ်ထဲထည့်ပြီး တစ်ပတ်နှစ်ပတ် စောင့်ကြည့်တာမျိုး၊ သူတို့ကိုယ်မှာ စမ်းလူးပေးကြည့်တာမျိုးနဲ့ မျက်လုံးထဲ ထည့်ကြည့်တာမျိုးတွေ လုပ်တယ်။ ဒီလိုစမ်းသပ်ရင်း တိရစ္ဆာန်တွေမှာ မျက်စိကွယ်မှု၊ မျက်လုံးရောင်ရမ်း ပေါက်ထွက်မှု၊ အရေပြားလောင်မှု၊ကိုယ်တွင်းအင်္ဂါပျက်စီးသွားမှုနဲ့ သေသွားတာမျိုးတွေ ဖြစ်လာရင် အလှကုန်ပစ္စည်း Formula က လူနဲ့မတည့်ဘူးပေါ့။ 🐿️... တိရစ္ဆာန်တွေနဲ့ Cosmetic ကို စမ်းသပ်မှုက တရားဝင်လား? လုံးဝမဝင်ပါဘူး။ Mannfacturing မှာ Lab Testing အတွက် သတ်မှတ်ထားတဲ့ Animal Categories တွေ ရှိပြီးသားပါ။ ဒါပေမဲ့ အခုလိုလုပ်နေမှုကို ဘာလို့အရေးမယူလဲ? ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ မလှိမ့်တပတ်နဲ့ ကွက်ကျော်ရိုက်ထားတဲ့ လုပ်ကွက်တွေမှ အများကြီးပါ။ အမေရိကန်လိုနိုင်ငံမှာတောင် Cosmetic Company တွေကို အရေးယူမှု မလုပ်နိုင်သေးပါဘူး။ Company တွေဖက်ကလည်း ဒီလိုစမ်းသပ်မှုက လိုအပ်လို့လုပ်တာဆိုပြီး ထောက်ခံချက်ပေးတဲ့ Association တချို့နဲ့ လက်ဝါးချင်းရိုက်ထားဆဲပဲ။ ဒီတော့ သူတို့ပြောသလို ဒီလိုစမ်းသပ်မှ Cosmetic တွေ ထုတ်နိုင်မှာလား? ဆိုတဲ့မေးခွန်းကို မေးစရာရှိတယ်။ အာဏာပိုင်တွေဖက်ကသာ တင်းကျပ်နိုင်ရင် မလိုပါဘူး။ သုတေသနမှတ်တမ်းတွေအရ Cosmetic ထုတ်ကုန်တွေသာ ရိုးသားမှုရှိရင် ထုတ်ပြန်ထားတဲ့ Chemical တွေ၊ သဘာဝနည်းလမ်းတွေနဲ့ ထုတ်လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီလိုထုတ်လုပ်မှုက လက်ရှိကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ လိုအင်ဆန္ဒတွေအရ အဆင်မပြေပြန်ဘူး။ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုပုံစံနဲ့ လိုအင်ဆန္ဒတွေမှာ သောက်တလွဲတွေ များလာတယ်။ တစ်လအတွင်း အသားဖြူချင်တဲ့လူ ရှိသလို၊ သာမန်ထက် ထူးခြားသွားစေမယ့် မိတ်ကပ်အမျိုးအစားတွေကို လိုလားသူရှိတယ်။ ဒီလိုပဲ ဘယ်လိုတာရှည်ခံတယ်၊ ဘယ်နှရက်နဲ့ အချိန်တိုအတွင်း အကျိုးသက်ရောက်တယ်၊ ဘယ်လိုထူးခြားတယ် ဆိုတာတွေကို ကြည့်ပြီးပဲ Cosmetic ထုတ်ကုန်တွေကို ဝယ်လိုအားများလာကြတယ်။ ဒီတော့ အကျိုးသက်ရောက်မှု အချိန်ကြာစေတဲ့ Cosmetic တွေက ဝယ်လိုအားနည်းတယ်။ ဥပမာ- နာမည်ကြီး Cosmetic Brand တစ်ခုကနေ သူတို့ထုတ်ကုန်တစ်ခုကို ကြော်ငြာရာမှာ လူးလိုက်တာနဲ့ မင်းသမီးက ဘယ်လိုပြောင်းလဲသွားတယ်၊ ဝက်ခြံတွေ တစ်လအတွင်းပျောက်ပြီး စင်းလုံးချောကြီး ဖြစ်သွားတယ်၊ အရင်က အရက်သမားတောင် လှည့်မကြည့်ရာက သူတို့ထုတ်ကုန်ကို သုံးပြီးမှ လူတိုင်းငေးကြတယ် စသဖြင့် ကြေညာကြတယ်။ ဒါပေမဲ့ သင့်တော်တဲ့ Chemical နဲ့ သဘာဝပစ္စည်းတွေ ပိုသုံးထားတဲ့ Brandတစ်ခုကတော့ သူတို့လို အကျိုးသက်ရောက်မှု မမြန်ဆန်ဘူး။ ဒီတော့ ပိုမြင်သာမြန်ဆန်တဲ့ ထုတ်ကုန်ကိုပဲ လူအများစုက ဝယ်လိုအားရှိလာကြတယ်။ ဝမ်းနည်းစရာက အဲဒီဝယ်လိုအားတွေရဲ့နောက်မှာ တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခံနေရမှုတွေ တွဲပါနေခဲ့တယ်။ 🦝...တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ တကယ်ရော အသုံးဝင်ရဲ့လား? သိပ္ပံနည်းကျ သုတေသနတွေအရ Cosmetic တွေကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ လူသားတွေအပေါ် အပြည့်အဝ အာမခံမှုမပေးပါဘူး။ အကြောင်းက ယုန်တစ်ကောင်ပေါ်မှာ စမ်းသပ်ထားတဲ့ လိုးရှင်းတစ်ခုဟာ လူသားကိုယ်ပေါ်မှာ အာမခံရှိချင်မှရှိမယ်။ မျိုးစိတ်ကွဲပြားခြားနားမှုနဲ့ အချိန်တိုအတွင်း မပြသမှုတွေကြောင့် လတ်တလော ထိခိုက်မှုကိုပဲ ကာကွယ်ပေးနိုင်ပြီး ရေရှည်အတွက် အာမခံချက်မရှိဘူး။ ဒါကြောင့်လည်း Cosmetic တွေဟာ လူကိုအိုမင်းရင့်ရော်လာစေတယ်၊ မသုံးလို့မရတဲ့အထိ အရေပြားလိုအပ်ချက်တွေ ရှိလာစေတယ်၊ တခြား ရေရှည် Side Effects တွေ ရှိလာတယ်လို့ ဆိုကြတာပေါ့။ လက်ရှိမှာ ဒီလိုစမ်းသပ်မှုတွေနဲ့ အစားထိုးဖို့ သဘာဝနည်းလမ်းတွေကို သုတေသနလုပ်ပေးခဲ့ပေမယ့် လူ့အဖွဲ့အစည်းရဲ့ အမြန်လိုချင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ပြောင်းလဲလာတဲ့ လုပ်ငန်းစုက အနည်းငယ်ပဲရှိပါသေးတယ်။ 🐨... ဒီလိုဖြစ်ရပ်တွေရဲ့ နောက်ကွယ်... လက်ရှိအထိ တိရစ္ဆာန်စမ်းသပ်မှုမလုပ်ဘဲ ပြောင်းလဲထုတ်လုပ်လာတဲ့ Animal Cruelty-free Cosmetic Company စာရင်းမှာ ကုမ္ပဏီပေါင်း ၆၀၀ ကျော်ပဲရှိပါသေးတယ်။ ဒီအထဲက ၅၄၀ ကျော်ဟာ ကမ္ဘာ့ Cosmetic စျေးကွက်ရဲ့ 25% တောင် Demand မရှိတာကလည်း ဝမ်းနည်းစရာပေါ့။ သဘောက ကမ္ဘာ့အလှကုန်စျေးကွက်ရဲ့ လေးပုံသုံးပုံဟာ တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ ထုတ်လုပ်နေတာတွေပေါ့။ ၂၀၀၉ ခုနှစ်မှာ ဥရောပလူထုရဲ့ #BeCrueltyFree လှုပ်ရှားမှုကြီးကြောင့် ဥရောပနိုင်ငံပေါင်း ၂၈ နိုင်ငံဟာ သူတို့နိုင်ငံမှာထွက်တဲ့ Cosmetic တွေထဲ

Are We Free from Cruelty? -------------------------------------- မူရင်းရေးသားသူ - Htet Wa Na ဥရောပ Publishing တွေနဲ့ Book Store တွေရဲ့ စစ်တမ်းအရ လက်ရှိ 2010-2020 ဆယ်စုနှစ်ဟာ ဥရောပမှာ Greenism စာပေဖက်စာအုပ် အထွက်အများဆုံး Decade လို့ မှတ်တမ်းဝင်ခဲ့တယ်။ သဘောက ကမ္ဘာမှာ ဥရောပသားတွေဟာ Environmentalဖက်ကို အလေးထားဆုံးဖြစ်လာတယ်လို့ ဆိုလိုတဲ့သဘောပဲ။ ဒီနေရာမှာ ပြောချင်တာတစ်ခုရှိတယ်။ Green Anarchism / Greenism / Environmentalism စာရေးဆရာနဲ့ Environmental သုတ စာရေးဆရာ မတူပါဘူး။ မြင်မိသလောက် မြန်မာမှာ တချို့က နားလည်မှုလွဲနေတယ်။ သုတစာရေးဆရာနဲ့ ရသစာရေးဆရာ မတူသလိုပါပဲ။ Dataနဲ့ Research Facts တွေကို အခြေခံရေးထားတဲ့ Environmental စာပေနဲ့ Green Anarchism စာပေက ဘာမှကိုမဆိုင်ပါဘူး။ လီယိုတော်စတွိုင်းအစ မက်ကာသီအဆုံး Green Anarchism စာပေကို ချပြခဲ့ရာမှာ ဘယ်လိုပုံနည်းလဲကို သူတို့စာပေတွေ ချဥ်းကပ်ကြည့်ရုံနဲ့သိနိုင်တယ်။ GAဖက် စာရေးဆရာတွေက Apocalyptic ဖက် တည်ချင်တည်မယ်၊ လူသားမျိုးနွယ်ကို သောက်ဖောင်းထုချင်ထုမယ်၊ Society က လက်မခံချင်စရာ ခပ်စပ်စပ် logic တွေကို ချပြချင်ပြမယ်၊ ဒါတွေက သူတို့စာပေပါ။ ကမ္ဘာမှာ စက်မှုဇုန်တွေကြောင့် တစ်နှစ်ကို CO2 ဘယ်လောက်ထွက်နေပါပြီဆိုတဲ့ Research Fact နဲ့စာအုပ်ကို သူတို့နဲ့သွားယှဥ်လို့မရဘူး။ ပြောချင်တာက ကွဲပြားစေချင်တယ်။ ပညာရှင်တွေမှ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ မထင်ပါနဲ့။ စာရေးဆရာနဲ့ အနုပညာသမားစစ်စစ်တွေ ပြောင်းလဲလာခဲ့တဲ့ ကမ္ဘာ့သမိုင်းအရွေ့တွေက အထင်အရှားကြီးပါ။ ဒါကကြုံလို့ထည့်ရေးတာပါ။ ပြောချင်တာက တခြားပါ။ ဥရောပမှာ ဒီဆယ်စုနှစ်ထဲ Environmental စာအုပ်တွေပဲ ပိုထွက်ခဲ့တာ မဟုတ်ဘူး။ သိသိသာသာပြောင်းလဲဖို့ ကြံလာကြတဲ့ Activist တွေ၊ Movement တွေ၊ အတိအကျဆော်လာခဲ့တဲ့ Ecocide ကိစ္စတွေ၊ တိုးလာတဲ့ Lawတွေ၊ Campaign တွေမှ မနည်းမနောပဲ။ ဒါက သူတို့ဆီက နိုင်ငံတိုင်းတော့ မဟုတ်သေးဘူး။ နိုင်ငံအနည်းစုပဲ ရှိသေးတယ်။ ဒါပေမဲ့ အပြောင်းအလဲကောင်းတွေ စပေါ်လာခဲ့တာကတော့ သက်သေပေါ့။ အီစလီက ပညာရေးစနစ်တို့၊ ဥရောပနိုင်ငံတချို့က ငါးမန်းမှောင်ခို တားမြစ်လာတဲ့ကိစ္စတို့၊ မြို့ကြီးတွေထဲ Environmental Law အဆန်းတွေတောင် ရှိလာပြီ။ ( စက်ဘီးပဲ စီးရမယ့်လမ်းတို့၊ ကားတွေမှာ CO2 ထုတ်နှုန်း stickerကပ်တာတို့၊ တခြားအရေးယူလာမှုတွေပေါ့။ ) ဒီအထဲ စိတ်ဝင်စားမိခဲ့တာတစ်ခုက တိရစ္ဆာန်အရေးထဲက Cosmetic နဲ့ Fashion နယ်ပယ်ကိုပေါ့။ ဒါကရေးလို့ရလား ရှော့ရှိလားတော့ ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ လေ့လာမိခဲ့သလောက်ထဲက မှတ်မိသလောက် ပြန်ရေးချင်လို့ပါ။ နောက်တစ်ခုက အခုလက်ရှိ ကိုယ်တွေမြန်မာမှာ နာမည်ကြီး အလှကုန် Showroom တွေ၊ Cosmetic အကောင်းစားတွေကို ရောင်းချပေးနေတဲ့ Online Shopping Page တွေ၊ ကြေညာပေးတဲ့ နာမည်ကြီး Celebrity နဲ့ Influencer တွေ ပိုများလာတယ်။ သူတို့ကို တိုက်ခိုက်တယ်လို့လည်း မထင်စေချင်ဘူး။ Animal Rights အရေးအနေနဲ့ပဲ မြင်ပါပေါ့။ 🐰... ကမ္ဘာ့ Cosmetic Industry နောက်ကွယ်က သွေးပျက်စရာ လုပ်ကွက်များ လူအများစုက မြင်ကြမယ်။ အလှကုန်ပစ္စည်းဆိုတာ အလှအပရေးရာအတွက် ဖြူဖြူစင်စင်နဲ့ အသုံးပြုနိုင်တဲ့ Product တစ်ခုပေါ့။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့ မိန်းကလေးအများစုတောင် အလှကုန်နဲ့ ကမ္ဘာ့ဂေဟစနစ်ကို တွဲတွေးမိမှာမဟုတ်ဘူး။ ဒီလိုမတွေးမိအောင်လည်း Cosmetic စီးပွားရေးသမားတွေက ကမ္ဘာ့စျေးကွက်ကို နှစ်နဲ့ချီ ချုပ်ကိုင်ထားခဲ့တယ်။ Cosmetic နဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကို လူတွေစသတိထားမိသွားတာက ဘယ်နှစ်ခုနှစ်ကလဲတော့ ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ အကျယ်လောင်ဆုံးဖြစ်ခဲ့တာကတော့ ၂၀၀၃ ခုနှစ် ဘာစီလိုနာ ယုန်စျေးကွက်ကိစ္စကနေ စခဲ့တယ်လို့ ပြောလို့ရတယ်။ ဘာစီလိုနာက တောရိုင်းတိရစ္ဆာန်မှောင်ခိုဂိုဏ်းတစ်ခုကို ဖမ်းမိရာက ယုန်အကောင်ရေ သုံးသောင်းကျော်ကိုပါ ဖမ်းဆီးရမိခဲ့တယ်။ သူတို့ထွက်ဆိုချက်အရ အဲဒီယုန်တွေကို Cosmetic Company နှစ်ခုက မှာထားတာလို့ ထွက်ဆိုခဲ့တယ်။ အဲဒီမတိုင်ခင်က Fashion ဖက် Company တွေနဲ့ တိရစ္ဆာန်မှောင်ခိုဂိုဏ်းတွေ ပတ်သက်မှုကိုပဲ လူအများစုက ကြားဖူးခဲ့တယ်ဆိုရမယ်။ ဒါပေမဲ့ Cosmetic နယ်ပယ်မှာ တိရစ္ဆာန်တွေကို ညှင်းပန်းမှုက တော်တော်ကျယ်ပြန့်နေခဲ့တယ်။ ကမ္ဘာ့တိရစ္ဆာန် Black Market နဲ့ သူတို့က ဘယ်လိုကြောင့် ပတ်သက်နေတာလဲ? 🐇... Cosmetic နယ်ပယ်ရဲ့ ဖုံးဖိထားခဲ့မှု ကမ္ဘာပေါ်က နာမည်ကြီး Cosmetic Company တချို့ဟာ သူတို့ရဲ့ သုတေသနဓါတ်ခွဲခန်းတွေအတွက် တိရစ္ဆာန်တွေကို မှောင်ခိုစျေးကွက်ကနေ မှာယူခဲ့တယ်။ အရင်ကတော့ Lab Testing အတွက် ကြွက်နဲ့ တခြား အကောင်သေးမျိုးတွေ တရားဝင်အသုံးပြုခွင့် ရထားခဲ့ကြပေမယ့် တကယ်တမ်း ခေတ်သစ် Cosmetic စျေးကွက် အားပြိုင်လာမှုတွေမှာ တိရစ္ဆာန်မှောင်ခိုစျေးကွက်နဲ့ပါ မကင်းနေမှန်း ပေါ်ပေါက်လာခဲ့တယ်။ ခန့်မှန်းချေစီစစ်မှုအရ နှစ်စဥ် တိရစ္ဆာန်အကောင်ရေ နှစ်သိန်းနီးပါးဟာ Cosmetic Company တွေမှာ စမ်းသပ်မှုတွေအတွက် အသတ်ခံနေရတယ်။ ဒါပေမဲ့ ဒါကချွေးသိပ်မှု စာရင်းသက်သက်ပါ။ နှစ်စဥ်

🦁🌍 Join EHS Myanmar as we celebrate "World Lion Day" with pride! 🌟🎉 On this special occasion, we're honoring these majest
🦁🌍 Join EHS Myanmar as we celebrate "World Lion Day" with pride! 🌟🎉 On this special occasion, we're honoring these majestic creatures and raising awareness about their conservation. 🦁❤️ Let's come together to protect and preserve these magnificent animals and their natural habitats. 🌳🐾 Join us in promoting a future where lions can roam freely, ensuring a harmonious balance in our ecosystem. 🦁🌍 #EHSMyanmar #WorldLionDay #Conservation #WildlifeProtection

photo content

ခံနိုင်ရည်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းများကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ ထို့အပြင် ပြန်လည်အသစ်ဖြစ်တည်နိုင်သော စွမ်းအင်နှင့် ပစ္စည်းများကူးပြောင်းခြင်းကို ထောက်ပံ့ပေးသည့် Circular Economy သည် စီးပွားရေး၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင် ၃ခုလုံးအတွက် အကျိုးရှိသော ခံနိုင်ရည်ရှိသည့် နည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ ရေးသားသူ - ဂီတမိုင်ချီ References: European Parliament Ellen Macarthur Foundation #EHSMyanmar #CircularEconomy #SDGs

Waste Not, Want Not: Unraveling the Power of Circular Economy Strategies —------------------------------------------------- EHS Myanmar - 8/07/2023 ♻️ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်‌ရောက်မှု လျော့ချနိုင်စေရန်၊ ပတ်ဝန်းကျင် အပေါ်တန်ဖိုးထားမှုများကို ဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်နိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် Circular Economy သည် အရှိန်တစ်ခုရရှိလာပါသည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုပစ္စည်းများကို circular economy ၏ အခြေခံ သဘောတရားဖြစ်သော 3Rs (Reuse, Repair, Recycle or Remanufacture) နည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကို လျော့ချစေရန်အတွက် ထုတ်ကုန်တစ်ခုကို တတ်နိုင်သမျှ အချိန်ကြာကြာအသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သော Linear Economy - Take, Make, Dispose ဖြင့် ထုတ်လုပ်မှုပိုင်းနှင့် သုံးစွဲမှုပိုင်းများတွင် နှိုင်းယှဉ်ကြည့်လျှင် မတူကွဲပြားခြားနားမှုများကို တွေ့နိုင်ပါသည်။ ♻️ Circular Economy သည် အခြေခံစည်းမျဉ်း ၃ခုပေါ်မူတည်၍ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။ 1. Eliminate Waste & Pollution (စွန့်ပစ္စည်းနှင့် ညစ်ညမ်းမှုများကို ဖြေရှင်းရန်) 2. Circulate Products & Materials at their highest value (ထုတ်ကုန်နှင့် ပစ္စည်းများကို တန်ဖိုးမြင့်မြင့် ဖြင့် လည်ပတ်နိုင်စေရန်) 3. Regenerate Nature (သဘာဝအရင်းမြစ်များကို ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်) ♻️ Circular Economy တစ်ခုသည် စီးပွားရေးလုပ်ငန်းများအတွက် များပြားစွာသော အကျိုးကျေးဇူးများကို ပေးနိုင်ပါသည်။ 1. Cost saving(ထုတ်လုပ်မှုစရိတ် သက်သာစေခြင်း) ကုန်ကြမ်းပစ္စည်းနှင့် စွမ်းအင်အသုံးပြုကိုလျော့ချခြင်း၊ လက်ကျန်ရှိနေသော ပစ္စည်းများ၊ ကုန်ကြမ်းများဖြင့် ထုတ်လုပ်မှုနည်းလမ်းကို မြှင့်တင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ပါသည်။ 2. Revenue generation(ရောင်းရငွေအမြတ်) အရင်းမြစ်များ၏ သက်တမ်းကြာမြင့်မှုကို တိုးစေနိုင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုပစ္စည်းများ အတွက် ဈေးကွက်အသစ်နှင့် အခွင့်လမ်းများကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်း၏ ရောင်းရငွေနှင့် ကုန်ပစ္စည်းအမြတ်ကို တိုးပွားစေနိုင်ပါသည်။ 3. Competitive Advantage(ယှဉ်ပြိုင်မှုအားသာချက်များ) Circular Economy သည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ(Sustainability goals) နှင့်ကိုက်ညီသော စီးပွားရေးနည်းလမ်းဖြစ်သည့်အတွက် အခြားနည်းလမ်းကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများထက် Customer များအနေဖြင့် ပိုမိုရွေးချယ်မှုပြုလုပ်ကြပါသည်။ 5. Innovation Potential(ဆန်းသစ်တီထွင်နိုင်ခြင်း) သမာရိုးကျ ထုတ်လုပ်မှုနည်းလမ်းများမှ ကွဲထွက်၍ ထုတ်ကုန်ဒီဇိုင်း၊ အရည်အသွေးများကို ပိုမိုရေရှည်တည်တံ့နိုင်စေရန် နည်းလမ်းများကို စဉ်းစားဖော်ထုတ်ရခြင်းကြောင့် တီထွင်ဆန်းသစ်မှု အသစ်များစွာကို ဖန်တီးနိုင်လာစေပါသည်။ ♻️ Circular Economy ၏ မဟာဗျူဟာကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှသည် ထုတ်ကုန်သက်တမ်းကုန်ဆုံးသည်အထိ ဆက်သွယ်မှုတစ်ခုလုံးကို သုံးသပ်သည့် စနစ်တကျ ချည်းကပ်မှုမျိုး ပြုလုပ်ရန်လိုအပ်ပါသည်။ Circular Economy တစ်ခုလည်ပတ်နိုင်စေရန် ထောက်ပံ့ပေးသော စနစ်တစ်ခုဖန်တီးနိုင်ရန်အတွက် ထောက်ပံ့ပေးသူများ၊ ဖောက်သည်များ၊ တာဝန်ရှိ အဖွဲ့အစည်းများ၊ NGOs များနှင့် အခြားသော မိတ်ဖွဲ့စီးပွားရေးလုပ်ငန်းများ စသည်ဖြင့် နယ်ပယ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်ပါသည်။ ♻️ Circular Economy ၏ နည်းလမ်းများတွင် ပါဝင်သော အချို့ကို ဖော်ပြပါမည်။ 1. ပြန်လည်အသစ်ပြုလုပ်နိုင်သော (သို့) ပြန်လည်အသုံးပြုနိုင်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည့် ကြာရှည်ခံသော၊ စံနှုန်းများနှင့် ညီသော၊ ပြုပြင်လို့ရသော၊ ပြန်လည်အသုံးပြုနိုင်သော ထုတ်ကုန်ပစ္စည်းများကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်း။ 2. ထုတ်ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သည့် သက်တမ်းတိုးခြင်း၊ ပြုပြင်ပေးခြင်းနှင့် မွမ်းမံခြင်းများ ပြုလုပ်ပေးသည့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း။ 3. စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ သစ်ရွက်ဆွေး၊ Organic ပစ္စည်းများမှရရှိသော စွမ်းအင်များကို အသုံးပြုခြင်းဖြင့် ကုန်ကြမ်းပစ္စည်းမျာကို ပြန်လည်အသုံးချခြင်း။ 4. မတူညီသော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကဏ္ဍများကြားတွင် စွမ်းအင်အရင်းမြစ်များကို လဲလှယ်အသုံးပြုနိုင်သော၊ ဝေမျှနိုင်သော ကွန်ရက်ချိတ်ဆက်မှုများကို တိုးတက်စေခြင်း။ ♻️ Circular Economy သည် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို လျော့ချနိုင်သော နည်းလမ်းတစ်ခုသာမက တန်ဖိုးဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် circular economy ၏ နည်းဗျူဟာများကို ကျင့်သုံးမွေးမြူခြင်းဖြင့် ရေရှည်တွင် မိမိလုပ်ငန်း၏ စွမ်းဆောင်ရည်များ၊

photo content

🌱🏢 စဉ်ဆက်မပြတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ၏အရေးပါမှု 🏢🌱 👋🌍 ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရသည်မှာ မျက်မြင်ပါပဲ။ ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်းတို့၏အကျိုးသက်ရောက်မှုအတွက် တာဝန်ယူရန် ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။ လုပ်ငန်းခွင်အလေ့အကျင့်များတွင် သဘာဝပတ်ဝန်းကျင်အန္တရာယ်များအကြောင်း အသိပညာများ ပေါင်းစပ်ပေးခြင်းသည် ကျွန်ုပ်တို့ကမ္ဘာမြေအတွက် ရေရှည်တည်တံ့သောအနာဂတ်ကို ဖန်တီးရန်နှင့် လူတိုင်းအတွက် ဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်ဖြစ်လာစေရန် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်။ 🚧 ဘာကြောင့်အရေးကြီးတာလဲ: 1️⃣ ဂေဟစနစ်များကိုကာကွယ်ရန် -သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များ (Environmental Hazards) ကို လုပ်ငန်းခွင်များတွင် နားလည်သဘောပေါက်ပြီးဖြေရှင်းခြင်းဖြင့်၊ နူးညံ့သိမ်မွေ့ပြီးထိခိုက်လွယ်သောဂေဟစနစ်များကိုထိန်းသိမ်းစောင့်ရှောက်ရန်အထောက်အကူပြုနိုင်သည်။ သင့်လျော်သော စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်းမှသည် စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်းအထိ၊ သေးငယ်သော အားထုတ်မှုတိုင်းသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအလှများကို ထိန်းသိမ်းခြင်းများလဲ ပါဝင်ပါသည်။ 2️⃣ မိမိ၏ဝန်ထမ်းများ၏ကျန်းမာရေးကို မြှင့်တင်ရန်- လုပ်ငန်းခွင်ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များသည် ပတ်ဝန်းကျင်ဂေဟစနစ်ကိုထိခိုက်စေရုံသာမက ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ကျန်းမာရေးကိုပါ ထိခိုက်စေပါသည်။ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို အသိအမှတ်ပြုပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် အန္တရာယ်များကို လျှော့ချနိုင်ပြီး အားလုံးအတွက် ပိုမိုကျန်းမာသော လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ပါသည်။ 3️⃣ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှုကို အားကောင်းစေရန်- လုပ်ငန်းခွင်အတွင်း သဘာဝပတ်ဝန်းကျင်အန္တရာယ်များကို အလေးပေးခြင်းသည် ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု (CSR) ဆိုင်ရာ ကတိကဝတ်ကိုပြသသည်။ စီးပွားရေးလုပ်ငန်းများသည် ရေရှည်တည်တံ့သောအလေ့အကျင့်များကို တက်ကြွစွာပါဝင်ဆောင်ရွက်သောအခါ၊ ၎င်းတို့သည် အခြားသူများကို လိုက်လျောညီထွေဖြစ်စေရန်နှင့် ပိုမိုကျယ်ပြန့်သောအသိုက်အဝန်းတွင် အပြုသဘောဆောင်သောပြောင်းလဲမှုများကို မွေးမြူရန် လှုံ့ဆော်ပေးသည်။ 4️⃣ ကုန်ကျစရိတ် သက်သာစေပြီး ထိရောက်မှုရှိစေရန်- စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့်များသည် ကုန်ကျစရိတ် သက်သာစေပြီး ထိရောက်မှု တိုးမြင့်လာစေသည်။ စွမ်းအင်ချွေတာသောနည်းပညာများ သို့မဟုတ် အမှိုက်လျှော့ချရေး ဗျူဟာများဖြင့်ဖြစ်စေ စီးပွားရေးလုပ်ငန်းများသည် အရင်းအမြစ်များကို ချွေတာနိုင်ပြီး ပိုမိုရေရှည်တည်တံ့သော စီးပွားရေးကို အထောက်အကူပြုနိုင်သည်မှာအမှန်ပင်။ 5️⃣ ဥပဒေစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်- ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို သိရှိနားလည်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်၊ လုပ်ငန်းခွင်များသည် လိုက်လျောညီထွေရှိနေနိုင်ပြီး ကျွန်ုပ်တို့၏ကမ္ဘာမြေတစ်ခုလုံး၏ကျန်းမာချမ်းသာရေးကို အထောက်အကူပြုနိုင်သည်။ 🌟 ရေရှည်တည်တံ့သော လုပ်ငန်းခွင်နှင့် ပိုမိုစိမ်းလန်းသောကမ္ဘာဆီသို့ ဦးတည်သော ဤပြောင်းလဲမှုခရီးလမ်း၏ တစ်စိတ်တစ်ပိုင်းနှင့် အဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။ အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုများဖန်တီးရန်နှင့် နောင်လာမည့်မျိုးဆက်များအတွက် ပိုမိုတောက်ပသောအနာဂတ်ကိုတည်ဆောက်ရန် အတူတကွခြေလှမ်းများလုပ်ဆောင်ကြပါစို့။ 🌏💚 ရေးသားသူ - နိုင်ကျော်လူ 🌿✨Environmental Health နှင့် Sustainable Development အကြောင်းစိတ်ဝင်စားပါက မကြာခင် ဖွင့်လှစ်တော့မည့် Environmental Sustainability Online Course (Batch 6) ကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။ အသေးစိတ်ကို ယခုလင့်တွင် လေ့လာနိုင်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။ https://www.facebook.com/ehsmyanmar/posts/675665511269931 #EHSMyanmar #SustainableWorkplace #EnvironmentalAwareness #GreenRevolution #TogetherForTomorrow

🐱😻 Happy International Cat Day! 🎉🐾 Join us at EHS Myanmar as we celebrate our feline friends and all their adorable quirk
🐱😻 Happy International Cat Day! 🎉🐾 Join us at EHS Myanmar as we celebrate our feline friends and all their adorable quirks. Remember, our commitment to the environment and animal welfare go hand in hand. Let's continue making conscious choices to create a better world for both humans and our beloved animal companions! 🌿💕 #EHSMyanamr InternationalCatDay #CatsOfFacebook #PurrfectCompanions

photo content

Please Check Your Inbox!!! 🔔 မနက်ဖြန် (6th August, 2023) မှာ ကျင်းပမယ့် TURNING WASTE INTO WEALTH: The Waste to Energy Journey webinar အတွက် ZOOM Link ကို registration form မှာ ဖြည့်ထားခဲ့တဲ့ Email Address များသို့ ပေးပို့ပြီးဖြစ်တာကြောင့် မိမိရဲ့ Email Inbox ကို စစ်ကြည့်ပေးပါဦးရှင့်။ အကယ်၍ Inbox ထဲ မတွေ့ခဲ့ရင် Spam Folder ထဲကိုလည်း စစ်ဖို့မမေ့နဲ့ဦးနော်။ Register လုပ်ထားပြီး ZOOM Link မရခဲ့ရင်လည်း EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ EHS Myanmar မှ ကျင်းပမယ့် TURNING WASTE INTO WEALTH: The Waste to Energy Journey အမှိုက်မှသည် စွမ်းအင်အရင်းအမြစ်များဆီသို့ ခေါင်းစဉ်ဖြင့် webinar အား စိတ်ဝင်စားစွာဖြင့် register ပြုလုပ်ခဲ့သူများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ မနက်ဖြန် မနက် 10 နာရီ ... webinar မှာ ဆုံတွေ့ကြရအောင်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #TurningWasteIntoWealth #WastetoEnergy #webinar

photo content

Join Our "Environmental Sustainability" Online Course and Win a Scholarship! 🎓 သင်ဟာ သဘဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ပညာရပ်တွေကို စိတ်ဝင်စားပြီး သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စိတ်အားထက်သန်သူတစ်ယောက်လား? ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ "Environmental Sustainability " online course က သင့်အတွက်ပါပဲ။ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများဆီက လေ့လာသင်ယူခွင့်ရရှိမှာဖြစ်တဲ့အပြင် အသက် 18 နှစ်မှ 25 နှစ်ကြား လူငယ်တွေအတွက် အခမဲ့တက်ရောက်ခွင့် ပညာသင်ဆု နှစ်ဆုလည်း ပေးအပ်သွားမှာဖြစ်တဲ့အတွက် အခွင့်အရေးကို လက်လွတ်မခံနဲ့နော်။ ‼️ Scholarship အစီအစဉ်မှာ ပါဝင်ဖို့အတွက်ဆိုရင် - "Environmental Sustainability" Online Course Announcement Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot - အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) - စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား edu.ehsmyanmar@gmail.com သို့ ပို့ဆောင်ပေးရန်လိုအပ်ပါတယ်။ Scholarship Application အား ဩဂုတ်လ ၁၂ ရက် ၂၀၂၃ ခုနစ် (12/08/2023) ထိပဲလက်ခံမှာဖြစ်ပြီး ရရှိသွားတဲ့ လူငယ်နှစ်ဦးကို ဩဂုတ်လ ၁၄ ရက် ၂၀၂၃ ခုနှစ် (14/08/2023) မှာ Email မှတဆင့် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ 📌 Registration Form - https://docs.google.com/forms/d/e/1FAIpQLScgRUpOZRGKi6lv_wpXTM6b-60Xf8JWfJAHgi1_0jMBnEVqmQ/viewform?usp=sf_link 🌱 Announcement Post - https://www.facebook.com/100064794640578/posts/675665511269931/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186, 09780870309 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability #ScholarshipOpportunity #environmentalsustainability

photo content