ru
Feedback
The Guy with the Name of "ဂန္ဓမာ"

The Guy with the Name of "ဂန္ဓမာ"

Открыть в Telegram

ကျွန်တော်က မကြာခင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ကဗျာဆရာပဲ ။ (၂၀၂၃)

Больше
Страна не указанаКатегория не указана
2 726
Подписчики
+1724 часа
+797 дней
+38530 дней
Архив постов
ဘဝဆိုတာ နာကျင်စရာတွေစုပြုံနေပြီး ဘာကိုမှ သေချာ ပြောခွင့်မရှိခြင်းပဲ ။ ▪️ဂန္ဓမာ @AungCheim

ကမ္ဘာကြီးက မင်းကိုမေ့လျော့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ ။ ▪️ဂန္ဓမာ ​"The world was already prepared To forget all about you." ▪
ကမ္ဘာကြီးက မင်းကိုမေ့လျော့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ ။ ▪️ဂန္ဓမာ ​"The world was already prepared To forget all about you." ▪️Gandamar

ပြစ်မှုကျူးလွန်သူဟာ အခင်းဖြစ်ပွားခဲ့တဲ့နေရာလေးကို နှစ်ခါပြန်လာတတ်တယ်တဲ့ ကျွန်တော်ဒီရာသီရောက်ရင် ဒီနေရာလေးကို မကြာခဏ ပြန်လာတတ်ပါတယ် ။ နှစ်ဦးသဘောတူ ခွဲခွာခြင်းဆိုတာမရှိပါဘူး ပိုချစ်တဲ့သူတွေဟာ လမ်းတစ်ဝက်မှာ ကျကျန်ပေးခဲ့ရုံပါပဲ ။ ▪️ဂန္ဓမာ

တစ်ရက်တစ်ရက်ဆိုတာ တိုတိုလေး ငါတို့ စောင့်မျှော်ခြင်းတွေကသာ ရှည်လျားနေခဲ့တာ ။ ။ ▪️ဂန္ဓမာ

အပြောင်းအလဲများတဲ့ကမ္ဘာမြေကြီးမှာ မပြောင်းမလဲ ကျန်ရှိနေရတာလောက် ခက်ခဲကြမ်းတမ်းမှုမျိုးဆိုတာ ရှိပါဦးမလား ။ ▪️ဂန္ဓမာ ​"In an ever-changing world, Staying unchanged is the cruelest fate." ▪️Gandamar

တချို့ကတစ်ယောက်ယောက်ကို အိပ်မက်ထဲမှာပဲ ပြန်တွေ့နိုင်တော့တယ် ။ ▪️ဂန္ဓမာ ​"For some, the only place left To ever see that person again... is within a dream." ▪️Gandamar

သယ်ဆောင်ထားသူတွေသာ လေးလံရပါတယ် ။ ▪️ဂန္ဓမာ ​"Only those who carry it Must feel the weight." ▪️Gandamar

ဆရာဂန္ဓမာ မွေးရပ်မြေ ( 10 Mark )
Anonymous voting

အချိန်အခါမဟုတ် မိုးတွေရွာတော့ အတိတ် မေ့သူများ ပြန်သတိရ ။ ▪️ဂန္ဓမာ ​"An unseasonal rain falls, Bringing back memories To those who thought they had finally forgotten." ▪️Gandamar

နာကျင်စရာတွေသာ မရှိခဲ့ရင် ငါတို့ဘယ်တော့မှ ရင့်ကျက်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး ။ ▪️ဂန္ဓမာ ​"Pain is the only price For maturity." ▪️Gandamar

ဘဝမှာ အပူဆုံးမီးဟာ ချစ်ခြင်းကြောင့် ဖြစ်ရတဲ့မီးပဲ ။ ▪️ဂန္ဓမာ ​"Of all the flames that consume a life, None burns fiercer than the one lit by love." ▪️Gandamar

ဘုရားသခင်ဟာ ဒီထက်ပိုကောင်းတာတွေရမယ်လို့ ဘယ်လောက်ပြောပြော ကိုယ်လွတ်ကျသွားတဲ့ အရုပ်ကလေးကိုပဲ ကိုယ်ပြန်လိုချင်မိခဲ့ပါတယ် ။ ▪️ဂန္ဓမာ

လွယ်လွယ်ကူကူ ရခဲ့တာဆိုလို့ ဒဏ်ရာဒဏ်ချက်ပဲ ရှိပါတယ် ။ ▪️ဂန္ဓမာ

"I have finally regained my peaceful, silent nights. But I can never regain anyone else ever again." ▪️Gandamar ငြိမ်းအေးတိတ်ဆိတ်တဲ့ ညတွေကို ပြန်ရခဲ့ပါပြီ ဘယ်သူ့ကိုမှလည်း ပြန်မရနိုင်တော့ပါဘူး ။ ▪️ဂန္ဓမာ

ကိုယ့်ငရဲနဲ့ကိုယ် နေ့စဉ်နဲ့အမျှ လည်ပတ်ပါတယ် မဆုံးနိုင်ခဲ့ပါဘူး ။ ▪️ဂန္ဓမာ