The Guy with the Name of "ဂန္ဓမာ"
Ir al canal en Telegram
ကျွန်တော်က မကြာခင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ကဗျာဆရာပဲ ။ (၂၀၂၃)
Mostrar másEl país no está especificadoLa categoría no está especificada
2 726
Suscriptores
+1724 horas
+797 días
+38530 días
Archivo de publicaciones
ဘဝဆိုတာ
နာကျင်စရာတွေစုပြုံနေပြီး
ဘာကိုမှ သေချာ ပြောခွင့်မရှိခြင်းပဲ ။
▪️ဂန္ဓမာ
@AungCheim
ကမ္ဘာကြီးက မင်းကိုမေ့လျော့ဖို့
အဆင်သင့်ဖြစ်နေခဲ့ပါပြီ ။
▪️ဂန္ဓမာ
"The world was already prepared
To forget all about you."
▪️Gandamar
ပြစ်မှုကျူးလွန်သူဟာ
အခင်းဖြစ်ပွားခဲ့တဲ့နေရာလေးကို
နှစ်ခါပြန်လာတတ်တယ်တဲ့
ကျွန်တော်ဒီရာသီရောက်ရင်
ဒီနေရာလေးကို
မကြာခဏ ပြန်လာတတ်ပါတယ် ။
နှစ်ဦးသဘောတူ ခွဲခွာခြင်းဆိုတာမရှိပါဘူး
ပိုချစ်တဲ့သူတွေဟာ လမ်းတစ်ဝက်မှာ
ကျကျန်ပေးခဲ့ရုံပါပဲ ။
▪️ဂန္ဓမာ
တစ်ရက်တစ်ရက်ဆိုတာ တိုတိုလေး
ငါတို့ စောင့်မျှော်ခြင်းတွေကသာ
ရှည်လျားနေခဲ့တာ ။ ။
▪️ဂန္ဓမာ
အပြောင်းအလဲများတဲ့ကမ္ဘာမြေကြီးမှာ
မပြောင်းမလဲ ကျန်ရှိနေရတာလောက်
ခက်ခဲကြမ်းတမ်းမှုမျိုးဆိုတာ ရှိပါဦးမလား ။
▪️ဂန္ဓမာ
"In an ever-changing world,
Staying unchanged is the cruelest fate."
▪️Gandamar
တချို့ကတစ်ယောက်ယောက်ကို
အိပ်မက်ထဲမှာပဲ ပြန်တွေ့နိုင်တော့တယ် ။
▪️ဂန္ဓမာ
"For some, the only place left
To ever see that person again... is within a dream."
▪️Gandamar
သယ်ဆောင်ထားသူတွေသာ
လေးလံရပါတယ် ။
▪️ဂန္ဓမာ
"Only those who carry it
Must feel the weight."
▪️Gandamar
အချိန်အခါမဟုတ်
မိုးတွေရွာတော့
အတိတ် မေ့သူများ
ပြန်သတိရ ။
▪️ဂန္ဓမာ
"An unseasonal rain falls,
Bringing back memories
To those who thought they had finally forgotten."
▪️Gandamar
နာကျင်စရာတွေသာ မရှိခဲ့ရင်
ငါတို့ဘယ်တော့မှ ရင့်ကျက်သူတွေ
ဖြစ်လာမှာ မဟုတ်ဘူး ။
▪️ဂန္ဓမာ
"Pain is the only price
For maturity."
▪️Gandamar
ဘဝမှာ အပူဆုံးမီးဟာ
ချစ်ခြင်းကြောင့် ဖြစ်ရတဲ့မီးပဲ ။
▪️ဂန္ဓမာ
"Of all the flames that consume a life,
None burns fiercer than the one lit by love."
▪️Gandamar
ဘုရားသခင်ဟာ
ဒီထက်ပိုကောင်းတာတွေရမယ်လို့
ဘယ်လောက်ပြောပြော
ကိုယ်လွတ်ကျသွားတဲ့
အရုပ်ကလေးကိုပဲ
ကိုယ်ပြန်လိုချင်မိခဲ့ပါတယ် ။
▪️ဂန္ဓမာ
"I have finally regained
my peaceful, silent nights.
But I can never regain
anyone else ever again."
▪️Gandamar
ငြိမ်းအေးတိတ်ဆိတ်တဲ့ ညတွေကို
ပြန်ရခဲ့ပါပြီ ဘယ်သူ့ကိုမှလည်း
ပြန်မရနိုင်တော့ပါဘူး ။
▪️ဂန္ဓမာ
ကိုယ့်ငရဲနဲ့ကိုယ်
နေ့စဉ်နဲ့အမျှ လည်ပတ်ပါတယ်
မဆုံးနိုင်ခဲ့ပါဘူး ။
▪️ဂန္ဓမာ
