ru
Feedback
Bee Kyal Football News

Bee Kyal Football News

Открыть в Telegram

ဘောလုံး အားကစားသတင်းစုံ

Больше
Страна не указанаКатегория не указана
593
Подписчики
Нет данных24 часа
-37 дней
-330 день
Архив постов
ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလမ်းကြောင်းတလျောက်က ပြိုင်ဘက်အသင်းများ ချန်ပီယံလိဂ်မှာတော့ ပိုခက်ခဲတဲ့လမ်
ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလမ်းကြောင်းတလျောက်က ပြိုင်ဘက်အသင်းများ ချန်ပီယံလိဂ်မှာတော့ ပိုခက်ခဲတဲ့လမ်းကြောင်းကအသင်းတွေ ချန်ပီယံအဖြစ်များကြပါတယ် ။ ပြိုင်ဘက်အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တာကြောင့် ပိုပြီးထိုက်တန်တယ်လို့ ယူဆသလားမပြောတတ်ပါဘူး ။ #BeeKyal

PSG နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတွေ့ဆုံခဲ့ကြပါပြီ ။ ပီအက်စ်ဂျီချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် - ရီးရဲမက်ဒရစ်နောက်ပိုင်း
PSG နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတွေ့ဆုံခဲ့ကြပါပြီ ။ ပီအက်စ်ဂျီချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် - ရီးရဲမက်ဒရစ်နောက်ပိုင်း ၂ နှစ်ဆက်ချန်ပီယံဖြစ်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာမယ် ။ ပြင်သစ်ကလပ်တွေထဲမှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်တဲ့ ပထမဆုံးအသင်းဖြစ်လာမယ် ။ နည်းပြ အန်နရီကေးကတော့ ဖလား ၃ လုံးအောင်မြင်မှုရော ၂ နှစ်ဆက်ချန်ပီယံလိဂ်အောင်မြင်မှုပါ ရယူနိုင်တဲ့ တဦးတည်းသောနည်းပြဖြစ်လာမယ် ။ ပီအက်စ်ဂျီဟာ ချဲလ်ဆီး ၊ ယူဗင်တပ် ၊ နော်တင်ဟမ်ဖောရက်စ် ၊ ဘင်ဖီကာ ၊ ပေါ်တိုအသင်းတွေရဲ့ အောင်မြင်မှုကို လိုက်မီသွားပါလိမ့်မယ် ။ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ - အသင်းသမိုင်းတလျောက် ပထမဆုံးအောင်မြင်မှုဖြစ်လာမယ် ။ ပရီးမီးယားလိဂ်အသင်းတွေထဲက ၇ သင်းမြောက်ချန်ပီယံဖြစ်လာမယ် ။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက်မှာလည်း ၂၅ သင်းမြောက်ချန်ပီယံအသင်းလည်း ဖြစ်လာမယ် ။ လန်ဒန်ကလပ်အသင်းတွေထဲမှာဆိုရင်တော့ ချန်ပီယံလိဂ်ဖလားရယူနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာပြီး မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်မှတ်တမ်း ( ဖိုင်နယ် ၂ ကြိမ် ချန်ပီယံ ၁ ကြိမ် ) နဲ့လည်း တူညီသွားမှာဖြစ်ပါတယ် ။ ဘယ်အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ကိုင်မြှောက်တာမြင်စေချင်သလဲဗျာ . . . #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+3
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ဒီနေ့တစ်ရက်တော့ အာဆင်နယ်အတွက် လက်ခုပ်တီးကြပါ

ညနေခင်းကြေးလေးပါ😍
ညနေခင်းကြေးလေးပါ😍

ချန်ပီယံလိဂ်ဖိုင်နယ်တက်တဲ့အပြင် စံချိန်ကောင်းတွေပါရရှိခဲ့တဲ့ အာဆင်နယ် အာဆင်နယ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို နှစ်ကျော့ပေါင
ချန်ပီယံလိဂ်ဖိုင်နယ်တက်တဲ့အပြင် စံချိန်ကောင်းတွေပါရရှိခဲ့တဲ့ အာဆင်နယ် အာဆင်နယ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါပြီ ။ ဒါဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ ။ အာဆင်နယ်ဟာ အခုနှစ်ပြိုင်ပွဲမှာ ရှုံးပွဲလုံးဝမရှိဘဲ ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီက ရီးရဲမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်တရာသီ ရှုံးပွဲမရှိမှုအများဆုံးစံချိန် ( ၁၃ ပွဲ ) ကိုလည်း ကျော်ဖြတ်ကာစံချန်သစ် ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ်ဟာ clean sheet ၉ ပွဲအထိ ရရှိထားပြီး ဗိုလ်လုပွဲမှာ ဂိုးမပေးရဘူးဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက် clean sheet အများဆုံးစံချိန်ကိုလည်း ထပ်မံရရှိသွားဦးမှာ ဖြစ်ပါတယ် ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ ၊ မေလ ၃၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတွေထဲက အနိုင်ရရှိလာမယ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။ #BiggBoss

ယနေ့ခန့်မှန်းပွဲများ
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

မန်ချက်စတာသားတွေ ငိုကုန်ကြပြီ ယောက်ဖရေ

ညနေခင်းကြေးလေးပါ😍
ညနေခင်းကြေးလေးပါ😍

တကယ်ကိုရပ်တန့်လို့မရတဲ့အသင်းဖြစ်လာတဲ့ နော်တင်ဟမ်ဖောရက်စ် နော်တင်ဟမ်ဖောရက်စ်အသင်းကိုတော့ တကယ်ကိုချီးကျူးရမှာပါ ။ အသင်းရဲ့အဓိကက
တကယ်ကိုရပ်တန့်လို့မရတဲ့အသင်းဖြစ်လာတဲ့ နော်တင်ဟမ်ဖောရက်စ် နော်တင်ဟမ်ဖောရက်စ်အသင်းကိုတော့ တကယ်ကိုချီးကျူးရမှာပါ ။ အသင်းရဲ့အဓိကကစားသမား အများအပြားမပါဝင်တဲ့ပွဲမှာ ချဲလ်ဆီးကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားသွားခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်နဲ့ ၆ မှတ်အထိကွာဟသွားခဲ့ပါပြီ ။ လက်ကျန် ၃ ပွဲကနေ ၃ မှတ်ရရုံနဲ့ ( ဂိုးကွာခြားချက်များစွာသာလွန်တာကြောင့် ) ဖောရက်စ်တို့ ပရီးမီးယားလိဂ်မှာ ကျန်ရစ်တော့မှာပါ ။ ချဲလ်ဆီးအတွက်တော့ တကယ်ကို ရှက်စရာကောင်းတဲ့ရှုံးနိမ့်မှုဖြစ်စေခဲ့ပါတယ် ။ #BeeKyal

အာဆင်နယ်နဲ့ ၅ မှတ်ကွာသွားတဲ့ မန်စီးတီး ပွဲကျန်ကိုနိုင်ခဲ့ရင်တောင်မှ အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေဦးမှာပါ ဒီနှစ်တော့ အာဆင်နယ်တကယ်ကြ
အာဆင်နယ်နဲ့ ၅ မှတ်ကွာသွားတဲ့ မန်စီးတီး ပွဲကျန်ကိုနိုင်ခဲ့ရင်တောင်မှ အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေဦးမှာပါ ဒီနှစ်တော့ အာဆင်နယ်တကယ်ကြီး ချန်ပီယံဖြစ်ပြီထင်ပါတယ် #BeeKyal

အင်္ဂလန်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်ရရှိစေမယ့် Play-off ပွဲစဉ်တွေထွက်ပေါ်လာပါပြီ ။ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ
အင်္ဂလန်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်ရရှိစေမယ့် Play-off ပွဲစဉ်တွေထွက်ပေါ်လာပါပြီ ။ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ကွင်းအဝေးကွင်းယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့ကို မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ စတင်ကစားသွားမှာပါ ။ မစ်ဒယ်ဘရော့နဲ့ ဆောက်သမ်တန် ၊ ဟူးလ်စီးတီး နဲ့ မီဝေါလ်အသင်းတို့ ဆုံတွေ့ခဲ့ကြပါတယ် ။ ဒုတိယအကျော့ပွဲစဉ်တွေကို မေလ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ ကစားသွားကြမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဝင်ဘာလေကွင်းကြီးထဲမှာ မေလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ် ။ ဒီအသင်း ၄ သင်းထဲက ဘယ်အသင်း ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်မလဲဆိုတာကတော့ . . . #BeeKyal

အဲဗာတန်နည်းပြ ဒေးဗစ်မိုရက်စ်ကတော့ တပည့်ဟောင်း အာတီတာကို ချန်ပီယံဖြစ်အောင် ကူညီပေးလိုက်ပါပြီ ။ မနေ့ညတုန်းကပွဲမှာ အဲဗာတန်က မန်စ
အဲဗာတန်နည်းပြ ဒေးဗစ်မိုရက်စ်ကတော့ တပည့်ဟောင်း အာတီတာကို ချန်ပီယံဖြစ်အောင် ကူညီပေးလိုက်ပါပြီ ။ မနေ့ညတုန်းကပွဲမှာ အဲဗာတန်က မန်စီးတီးနဲ့ ၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အာဆင်နယ်တို့ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်စေခဲ့ပါတယ် ။ မန်စီးတီးအနေနဲ့ ပွဲကျန်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တောင်မှ အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေဦးမှာပါ ။ အာဆင်နယ်အနေနဲ့ လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံဖြစ်ပြီလို့တောင် ပြောလို့ရနိုင်ပါတယ် ။ ဒီနှစ်ကတော့ အာဆင်နယ်တကယ်ကြီးချန်ပီယံဖြစ်တဲ့နှစ်ဖြစ်လာဖို့ အလွန်နီးစပ်နေပါပြီ ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ဆယ်စုနှစ်အကြာမှာ ကြိုးကြာမှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ မိုက်ကယ်ကားရစ်

ညနေခင်းကြေးလေးပါ😍
ညနေခင်းကြေးလေးပါ😍

လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းမှာတင် Top 6 အသင်
လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းမှာတင် Top 6 အသင်းကြီး အားလုံးကို အနိုင်ယူပြနိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြအဖြစ် ထာဝရမှတ်တမ်းဝင်သွားခဲ့ပါပြီ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၄) လအတွင်းမှာတင် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ အက်စတွန်ဗီလာနဲ့ စပါးတို့လို အင်အားကြီးအသင်းတွေကို တစ်သင်းပြီးတစ်သင်း အပြတ်အသတ် အနိုင်ယူထားနိုင်ခဲ့တာပါ ဒီလိုအံ့မခန်းရလဒ်တွေက ယူနိုက်တက်ဟာ အခုဆိုရင် ပွဲကြီးပွဲကောင်းတွေကို ရင်ဆိုင်ဖို့ လုံးဝမကြောက်တော့ဘဲ ဘယ်လိုကစားဟန်မျိုးနဲ့မဆို အလိုက်သင့်ကစားပြီး အနိုင်ယူနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိနေပြီဆိုတာ သက်သေပြနေပါတယ် ကာရစ်အနေနဲ့ လီဗာပူးကိုပါ ထပ်မံဖြိုလှဲနိုင်ခဲ့တာဟာ ဘောလုံးလောကရဲ့ ရာဇဝင်စာအုပ်ထဲမှာ သူ့ရဲ့အမည်ကို မော်ကွန်းထိုးသွားမယ့် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ ကာရစ်ဟာ ယူနိုက်တက်ကို ထိပ်တန်းအဆင့်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်တဲ့ အရည်အချင်းရှိကြောင်း လက်တွေ့ရလဒ်တွေနဲ့ အကောင်းဆုံး သက်သေပြနေတာပါ။ အသင်းရဲ့ စုစည်းမှုနဲ့ ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာလည်း ကာရစ်ရဲ့ လက်ထက်မှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတာကို တွေ့ရပါတယ် #BeeKyal