Bee Kyal Football News
Ir al canal en Telegram
ဘောလုံး အားကစားသတင်းစုံ
Mostrar másEl país no está especificadoLa categoría no está especificada
591
Suscriptores
Sin datos24 horas
-37 días
-330 días
Archivo de publicaciones
တကယ်ကိုရပ်တန့်လို့မရတဲ့အသင်းဖြစ်လာတဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်အသင်းကိုတော့ တကယ်ကိုချီးကျူးရမှာပါ ။ အသင်းရဲ့အဓိကကစားသမား အများအပြားမပါဝင်တဲ့ပွဲမှာ ချဲလ်ဆီးကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားသွားခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်နဲ့ ၆ မှတ်အထိကွာဟသွားခဲ့ပါပြီ ။ လက်ကျန် ၃ ပွဲကနေ ၃ မှတ်ရရုံနဲ့ ( ဂိုးကွာခြားချက်များစွာသာလွန်တာကြောင့် ) ဖောရက်စ်တို့ ပရီးမီးယားလိဂ်မှာ ကျန်ရစ်တော့မှာပါ ။ ချဲလ်ဆီးအတွက်တော့ တကယ်ကို ရှက်စရာကောင်းတဲ့ရှုံးနိမ့်မှုဖြစ်စေခဲ့ပါတယ် ။
#BeeKyal
အာဆင်နယ်နဲ့ ၅ မှတ်ကွာသွားတဲ့ မန်စီးတီး
ပွဲကျန်ကိုနိုင်ခဲ့ရင်တောင်မှ အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေဦးမှာပါ
ဒီနှစ်တော့ အာဆင်နယ်တကယ်ကြီး ချန်ပီယံဖြစ်ပြီထင်ပါတယ်
#BeeKyal
အင်္ဂလန်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်ရရှိစေမယ့် Play-off ပွဲစဉ်တွေထွက်ပေါ်လာပါပြီ ။ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ကွင်းအဝေးကွင်းယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့ကို မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ စတင်ကစားသွားမှာပါ ။ မစ်ဒယ်ဘရော့နဲ့ ဆောက်သမ်တန် ၊ ဟူးလ်စီးတီး နဲ့ မီဝေါလ်အသင်းတို့ ဆုံတွေ့ခဲ့ကြပါတယ် ။ ဒုတိယအကျော့ပွဲစဉ်တွေကို မေလ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ ကစားသွားကြမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဝင်ဘာလေကွင်းကြီးထဲမှာ မေလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ် ။
ဒီအသင်း ၄ သင်းထဲက ဘယ်အသင်း ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်မလဲဆိုတာကတော့ . . .
#BeeKyal
အဲဗာတန်နည်းပြ ဒေးဗစ်မိုရက်စ်ကတော့ တပည့်ဟောင်း အာတီတာကို ချန်ပီယံဖြစ်အောင် ကူညီပေးလိုက်ပါပြီ ။ မနေ့ညတုန်းကပွဲမှာ အဲဗာတန်က မန်စီးတီးနဲ့ ၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အာဆင်နယ်တို့ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်စေခဲ့ပါတယ် ။ မန်စီးတီးအနေနဲ့ ပွဲကျန်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တောင်မှ အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေဦးမှာပါ ။ အာဆင်နယ်အနေနဲ့ လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံဖြစ်ပြီလို့တောင် ပြောလို့ရနိုင်ပါတယ် ။
ဒီနှစ်ကတော့ အာဆင်နယ်တကယ်ကြီးချန်ပီယံဖြစ်တဲ့နှစ်ဖြစ်လာဖို့ အလွန်နီးစပ်နေပါပြီ ။
#BeeKyal
လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းမှာတင် Top 6 အသင်းကြီး အားလုံးကို အနိုင်ယူပြနိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြအဖြစ် ထာဝရမှတ်တမ်းဝင်သွားခဲ့ပါပြီ
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၄) လအတွင်းမှာတင် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ အက်စတွန်ဗီလာနဲ့ စပါးတို့လို အင်အားကြီးအသင်းတွေကို တစ်သင်းပြီးတစ်သင်း အပြတ်အသတ် အနိုင်ယူထားနိုင်ခဲ့တာပါ
ဒီလိုအံ့မခန်းရလဒ်တွေက ယူနိုက်တက်ဟာ အခုဆိုရင် ပွဲကြီးပွဲကောင်းတွေကို ရင်ဆိုင်ဖို့ လုံးဝမကြောက်တော့ဘဲ ဘယ်လိုကစားဟန်မျိုးနဲ့မဆို အလိုက်သင့်ကစားပြီး အနိုင်ယူနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိနေပြီဆိုတာ သက်သေပြနေပါတယ်
ကာရစ်အနေနဲ့ လီဗာပူးကိုပါ ထပ်မံဖြိုလှဲနိုင်ခဲ့တာဟာ ဘောလုံးလောကရဲ့ ရာဇဝင်စာအုပ်ထဲမှာ သူ့ရဲ့အမည်ကို မော်ကွန်းထိုးသွားမယ့် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ
ကာရစ်ဟာ ယူနိုက်တက်ကို ထိပ်တန်းအဆင့်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်တဲ့ အရည်အချင်းရှိကြောင်း လက်တွေ့ရလဒ်တွေနဲ့ အကောင်းဆုံး သက်သေပြနေတာပါ။ အသင်းရဲ့ စုစည်းမှုနဲ့ ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာလည်း ကာရစ်ရဲ့ လက်ထက်မှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတာကို တွေ့ရပါတယ်
#BeeKyal
စပါးအသင်းကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကန်ဖို့ရှ်နေတဲ့ ဗီလာအသင်းရဲ့ လူချန်ကစားတာကို အခွင့်ကောင်းယူပြီး ဗီလာကွင်းမှာ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပြီး
ဝက်စ်ဟမ်းအထက်ကို တက်လာကာ တန်းဆင်းဇုန်ကနေ လွှတ်မြောက်လာခဲ့ပါတယ်
ဒီဇာဘီရဲ့ လက်အောက်မှာ စပါးအသင်းရဲ့ ကစားပုံက သိသိသာသာကို တိုးတက်လာပြီး လူပေးတာတွေ အမြန်ကစားကာ တိုက်စစ်ဆင်လာတာကို တွေ့လာရပါတယ်
အခုလို ကစားပုံနဲ့ စပါးတို့ တန်းမဆင်းသွားခဲ့ရင်တော့ နောက်ရာသီမှာ စပါးအသင်းက ရှယ်ကြမ်းလာဖို့ ရှိနေပါတယ်
#BeeKyal
လီဗာပူးအသင်းကို အိုးထရက်ဖိုဒ့်ကွင်းမှာ အနိုင်ရရှိတဲ့ပွဲဟာ မန်ယူအသင်းအတွက် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရရှိမှုဖြစ်လာခဲ့ပါတယ် ။ မန်ယူဟာ ရာသီကုန်ဖို့ ၃ ပွဲကျန်ရှိနေသေးပြီး လာမယ့် ဆန်းဒါးလန်း ၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ပွဲတွေကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ဒီရာသီမှာ အမှတ်ပေးပွဲ ၅ ပွဲဆက် ပထမဆုံးအနိုင်ရရှိမှု ဖြစ်လာမှာပဲဖြစ်ပါတယ် ။
#BeeKyal
အင်တာမိုင်ယာမီအသင်း တခုခုတော့မှားယွင်းနေပါပြီ ။ ကွင်းသစ်ကြီးဆီ ပြောင်းရွှေ့လာပြီးကတည်းက အိမ်ကွင်းမှာ တပွဲမှ မနိုင်သေးပါဘူး ၊ ရှေ့ ၃ ပွဲတုန်းကသရေရလဒ်တွေထွက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပွဲမှာတော့ ရှုံးပွဲပါကြုံတွေ့သွားခဲ့ရပါတယ် ။ ၃-၀ နဲ့ ဦးဆောင်ထားနိုင်ပြီးကာမှ ၄ ဂိုးပြန်ပေးပြီးရှုံးနိမ့်ခဲ့ရတာက တကယ်ကိုဆိုးရွားခဲ့ပါတယ် ။ အော်လန်ဒိုစီးတီးဘက်က မာတင် အိုဂျီတာဆိုရင် ဟက်ထရစ်တောင်သွင်းသွားနိုင်ခဲ့ပါတယ် ။ မက်ဆီကတော့ တဂိုးသွင်းပြီး တဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ် ။
အင်တာမိုင်ယာမီအနေနဲ့ အဝေးကွင်းမှာကစားတဲ့ပွဲတွေကိုနိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲမရရှိသေးတာကို အမြန်ဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ ။
#BeeKyal
ဘောလုံးရဲ့ဒီလိုအခိုက်အတန့်လေးတွေက တကယ့်ကိုလှပလွန်းပါတယ် ။ ဒီရာသီမှာ လီဗာပူးကနေ ထွက်ခွာတော့မယ့် မိုဟာမက်ဆာလာကို ဗီဒီယိုကနေနှုတ်ဆက်ဂုဏ်ပြုခဲ့ကြတာပါ ။ ဒီအထဲမှာ လက်ရှိလီဗာပူးမှာကစားနေတဲ့သူတွေပါတယ် ၊ လီဗာပူးကစားသမားဟောင်းတွေပါတယ် ၊ ဂန္ထဝင်နည်းပြကြီး ဂျာဂင်ကလော့ ၊ ရိုးမားတုန်းက ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း စပါယ်လက်တီ ၊ ပြိုင်ဘက်အသင်းတွေကဆိုရင် အာဆင်နယ်က ဒီကလန်ရိုက်စ် ၊ မန်စီးတီးက နည်းပြဂွာဒီယိုလာနဲ့ အာလင်းဟာလန်းတို့ဟာ မိုဟာမက်ဆာလာအတွက် ဂုဏ်ပြုစကားတွေပြောဆိုခဲ့ကြပါတယ် ။ ဒါတွေကို မိုဆာလာက ပြုံးပြုံးကြီးထိုင်ကြည့်နေခဲ့တာပါ ။ ဘောလုံးသမားဘဝမှာ သူစွမ်းဆောင်ခဲ့တာတွေ ၊ ရယူနိုင်ခဲ့တာတွေအပေါ် အပြည့်အဝကျေနပ်တဲ့ခံစားချက်မျိုးနဲ့ပေါ့ ။
တကယ်ကိုလှပပြီးကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးပါပဲ ။ ဒါကြောင့်လည်း ဘောလုံးဆိုတာ အားကစားတခုဆိုတာထက်ပိုတယ်ဆိုတဲ့စကားက အမြဲမှန်ကန်နေခဲ့တာပါ ။
#BeeKyal
မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်တွေအပြီးမှာတော့ ပေါ်တိုအသင်း ပေါ်တူဂီလိဂ်အမှတ်ပေးချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒါဟာ သူတို့အသင်းအတွက် ၂၀၂၁-၂၂ ဘောလုံးရာသီနောက်ပိုင်းမှာ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တာပါ ။ ဖလူမင်နီးစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့်ကစားသမားကြီး သီယာဂို ဆေးလ်ဗားဟာလည်း ၉ ခုမြောက်အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ပါပြီ ။
မော်ရင်ညိုရဲ့ ဘင်ဖီကာအသင်းကတော့ ရှုံးပွဲမရှိရာသီကုန်ဖို့ တဖြည်းဖြည်းနီးလာခဲ့ပါပြီ ။ မနေ့ညတုန်းက အဆင့် ၅ နေရာကအသင်းနဲ့ အဝေးကွင်းမှာသရေကျခဲ့ပါတယ် ။ ဒါက သူတို့အသင်းအတွက် စိတ်ပူစရာဖြစ်ပြီး စပို့တင်းသာနိုင်ပွဲရရှိသွားခဲ့မယ်ဆိုရင် ဘင်ဖီကာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားမှာဖြစ်လို့ပါပဲ ။
#BeeKyal
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
