ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 068
Подписчики
Нет данных24 часа
-197 дней
-5630 дней
Архив постов
ရေတာရှည်မြိုနယ်ဘူတာတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီး အထူးရထား (DEMU) အား ရပ်တန့်ပေးရန် အစီအစဉ်မရှိသေးဘဲ ခရီးသည်စီးနင်းမှုမျ
ရေတာရှည်မြိုနယ်ဘူတာတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီး အထူးရထား (DEMU) အား ရပ်တန့်ပေးရန် အစီအစဉ်မရှိသေးဘဲ ခရီးသည်စီးနင်းမှုများပြားလာပါက အမြန်ရထားများ ရပ်တန့်ပေးသွားမည်ဟု တိုင်းဒေသကြီးဝန်ကြီး ဖြေကြား

မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များမှ စာရင်းမှ
မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များမှ စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ထားဟု ဆို မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များမှ စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီမံဆာင်ရွက်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောကြားသည်။

မြဝတီမြိုတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များဆိုင်ရာ အသိပညာပေးဟောပြော
မြဝတီမြိုတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ မြဝတီ၊ စက်တင်ဘာ ၃၀ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြိုနယ်ရှိ ကျောင်းသားလူငယ်များ အွန်လိုင်းလိမ်လည်မှုမှ ကင်းဝေးနိုင်ကြစေရန်နှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်၌ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များ ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ၊ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို အမေရိကန်တပ်မျာ
နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ၊ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို အမေရိကန်တပ်များက အီရတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်အခြေစိုက်စခန်းများမှ စက်တင်ဘာ ၃၀ ရက်တွင် အပြီးသတ် ထွက်ခွာတော့မည်ဖြစ်သည်။ အမေရိကန်တပ်များ ရုပ်သိမ်းမှုကို အီရန်နှင့် ၎င်း၏မဟာမိတ်များက အောင်ပွဲတစ်ရပ်အဖြစ် ကြိုဆိုနေကြပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲဝင် ၄,၅၀၀ သေဆုံးခဲ့သည့် အီရတ်နိုင်ငံတွင် အီရန်နှင့်မဟာမိတ်များ၏ နိုင်ငံရေးနှင့်စစ်ရေး ဩဇာလွှမ်းမိုးမှုမှာ အတော်နက်ရှိင်းနေပြီဖြစ်သည်။ အီရတ်လုံခြုံရေး ကျွမ်းကျင်သူများက အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် အီရန်နှင့်မဟာမိတ် အဖွဲများအတွက် အီရတ်နိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်မည့် အခွင့်အရေး ပိုမိုရရှိစေနိုင်ကာ ၊ IS အပါအဝင် အမေရိကန်၏ အခြားရန်ဘက်အဖွဲများ ပြန်လည်အားကောင်းလာနိုင်သည့် အခြေအနေ ဖြစ်စေနိုင်ကြောင်း သုံးသပ်ကြသည်။

ထိုင်းအဲဝေးစ် ခရီးစဉ် ၃၇ ခု ထပ်မံဖျက်သိမ်း၊ ရေကြီးမှုနောက်ပိုင်း ဖျက်သိမ်းခရီးစဉ် ၅၉ ခုရှိလာ (နိုင်ငံတကာ) စက်တင်ဘာ ၃၀ ထိုင်းအ
ထိုင်းအဲဝေးစ် ခရီးစဉ် ၃၇ ခု ထပ်မံဖျက်သိမ်း၊ ရေကြီးမှုနောက်ပိုင်း ဖျက်သိမ်းခရီးစဉ် ၅၉ ခုရှိလာ (နိုင်ငံတကာ) စက်တင်ဘာ ၃၀ ထိုင်းအဲဝေးစ် အင်တာနေရှင်နယ်လေကြောင်းလိုင်း (THAI) သည် ဆူဝါနာဖွမ်လေဆိပ်တွင် စုပုံနေသည့် ခရီးဆောင်အိတ်အမြောက်အမြားကို ဖြေရှင်းရန် ကြိုးပမ်းနေစဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ပြေးဆွဲရန် စီစဉ်ထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၃၇ ခုကို ထပ်မံဖျက်သိမ်းလိုက်ကြောင်း သိရသည်။ ထိုင်းအဲဝေးစ်၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် THAI Corporate Communications က အင်္ဂါနေ့ည ၇ နာရီ ၂၀ မိနစ်တွင် ဖျက်သိမ်းလိုက်သည့် လေကြောင်းခရီးစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်ရှိ ဧက ၁၁၈ ကျော် Siam Amazing Park ရေကြီးမှုကြောင့် ၆ လ ယာယီပိတ်မည် (နိုင်ငံတကာ) စက်တင်ဘာ ၃၀ ထိုင်းနိုင်ငံ ဘန်ကောက်မြ
ဘန်ကောက်ရှိ ဧက ၁၁၈ ကျော် Siam Amazing Park ရေကြီးမှုကြောင့် ၆ လ ယာယီပိတ်မည် (နိုင်ငံတကာ) စက်တင်ဘာ ၃၀ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဧက ၁၁၈ ကျော် ကျယ်ဝန်းသော Siam Amazing Park အပန်းဖြေဥယျာဉ်သည် ဥယျာဉ်ဧရိယာတစ်ခုလုံးနီးပါး ရေကြီးရေလျှံမှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့ပြီး ငါးရက်ကြာ ရေအောက်တွင် နစ်မြုပ်နေခဲ့သဖြင့် လုပ်ငန်းလည်ပတ်မှုကို ခြောက်လကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ Suansiam ဟုလည်း လူသိများသည့် အဆိုပါ အပန်းဖြေဥယျာဉ်နှင့် ရေပန်းဥယျာဉ်စုပေါင်းသည် စက်တင်ဘာ ၂၆ ရက်မှစ၍ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါရေကြီးမှုအတွင်း အပန်းဖြေစီးနင်းစက်များနှင့် ဥယျာဉ်အတွင်းရှိ အပန်းဖြေစရာနေရာများစွာမှာ ရက်ရှည်ရေအောက်တွင် နစ်မြုပ်ခဲ့သည်။

ကျိုက်ထီးရိုးသို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခွင့် ကြိုတင်လျှောက်ထားရမည့်ကာလ ၁၀ ရက်သို လျှော့ချ 𝙎𝙀𝙋~𝟑𝟎 ကျိုက်ထီးရ
ကျိုက်ထီးရိုးသို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခွင့် ကြိုတင်လျှောက်ထားရမည့်ကာလ ၁၀ ရက်သို လျှော့ချ 𝙎𝙀𝙋~𝟑𝟎 ကျိုက်ထီးရိုးစေတီတော်သို နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုလွယ်ကူစွာ လာရောက်နိုင်ရေးအတွက် ခရီးစဉ်ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမည့်ကာလကို ယခင် ၁၄ ရက်မှ ရုံးပိတ်ရက်များမပါဘဲ ၁၀ ရက်ကြိုတင် တင်ပြရန် ဖြေလျှော့ပေးထားကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

အာရှခြေစစ်ပွဲမတိုင်မီ မြန်မာ U-17 နှင့် အိန္ဒိယ U-17 ရန်ကုန်တွင် ခြေစမ်းပွဲ ၂ ပွဲ ကစားမည် ရန်ကုန်၊ စက်တင်ဘာ ၃၀ ၂၀၂၇ AFC U-17
အာရှခြေစစ်ပွဲမတိုင်မီ မြန်မာ U-17 နှင့် အိန္ဒိယ U-17 ရန်ကုန်တွင် ခြေစမ်းပွဲ ၂ ပွဲ ကစားမည် ရန်ကုန်၊ စက်တင်ဘာ ၃၀ ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ U-17 အမျိုးသားလက်ရွေးစင်အသင်းနှင့် အိန္ဒိယ U-17 အမျိုးသားလက်ရွေးစင်အသင်းတို ရန်ကုန်တွင် ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တိုတွင် ညနေ ၃ နာရီခွဲ၌ သန်လျင်မြိုနယ်ရှိ Star City ကွင်းတွင် ကျင်းပမည်ဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြိုနယ်အတွင်းရှိ အခြေခံပညာ စံကိုက်ကျောင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းမျာ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြိုနယ်အတွင်းရှိ အခြေခံပညာ စံကိုက်ကျောင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး မော်လမြိုင် ၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ငွေဆောင်တွင် ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်း ဖော်ဆောင်ရန် စီစဉ်၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဖြ
ငွေဆောင်တွင် ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်း ဖော်ဆောင်ရန် စီစဉ်၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဖြန့်ဖြူးမည် ပုသိမ်၊ စက်တင်ဘာ ၃၀ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြိုတွင် လျှပ်စစ်ဓာတ်အား ၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီ GCL Green Energy Technology Limited နှင့် မြန်မာနိုင်ငံသားကုမ္ပဏီ Galaxy Red Star တို ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာလုပ်ဆောင်နေရ တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသည့် ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာလုပ်ဆောင်နေရကြောင်းသိရသည်။ စက်တင်ဘာနောက်ဆုံးအပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းမြိုနယ်များတွင် မြေပြိုမှုများ၊ ရေကြီးများဖြစ်နေကာ ထားဝယ်မြိုနယ်တွင် ကားလမ်းရေကျော်ခြင်းများ၊ မြိတ်ခရိုင်၊ တနင်္သာရီမြိုနယ်တွင် တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်သွားသည့်အတွက် ကျေးရွာများစွာ ရေနစ်မြုပ်ကာ ပြည်ထောင်စုလမ်းမကြီးလည်း သွားလာမရတော့ကြောင်း သိရသည်။

စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တောင်းပန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တောင်းဆို ကိုရီးယား
စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တောင်းပန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တောင်းဆို ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှုအတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း တောင်ကိုရီးယားက စက်တင်ဘာ ၃၀ ရက်တွင်စွပ်စွဲခဲ့ပြီး ထိုဖြစ်စဉ်အတွက် တောင်းပန်ရန် တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ယူကရိန်းသမ္မတက တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မြောက်ကိုရီးယား စစ်သုံပန်းနှစ်ဦးအား လွှပြောင်းပိုဆောင်မှုအကြော
ယူကရိန်းသမ္မတက တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မြောက်ကိုရီးယား စစ်သုံပန်းနှစ်ဦးအား လွှပြောင်းပိုဆောင်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ပြောကြား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက တောင်ကိုရီးယားပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မြောက်ကိုရီးယား စစ်သုံပန်းနှစ်ဦးအား လွှပြောင်းပိုဆောင်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ယူဆထားသည်ဟု လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

နယ်သာလန်နဲ့ အစ္စရေးတို သံတမန်ရေးရာကိစ္စ စ ငြိပြီ စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ ) အနောက်ဘက်ကမ်းဒေသ ရာမလာ မြိုက နယ်သာလန်( ဒက်ချ်)
နယ်သာလန်နဲ့ အစ္စရေးတို သံတမန်ရေးရာကိစ္စ စ ငြိပြီ စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ ) အနောက်ဘက်ကမ်းဒေသ ရာမလာ မြိုက နယ်သာလန်( ဒက်ချ်) သံတမန်တွေရဲ့ သံတမန် အဆင့်အတန်း အခွင့်အရေးကို ရုပ်သိမ်းလိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးသံအမတ် ဇတ်ဗီ ဗေပနီ ကို တနင်္လာနေ့မှာ ဆင့်ခေါ်တွေ့ဆုံခဲ့ပါတယ်။ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး တွမ်ဘာရာဆန် က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ "မလိုအပ်တဲ့ လုပ်ရပ်" ဖြစ်တယ်လို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး "အလွန်ပဲ ကြီးမားဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ" ရှိလာလိမ့်မယ်လို သတိပေးခဲ့ပါတယ်။

ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးမည် ရန
ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးမည် ရန်ကုန်၊ စက်တင်ဘာ ၃၀ ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

လတ်တလောလိုအပ်ချက်အရ လွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို အာဏာတည်သောအမိန့် ထုတ်ပြန်၍ ပြည်ထဲရေးဝန်ကြီး ခန့်အပ်ခဲ့ခြင်းဖြစ်ကြေ
လတ်တလောလိုအပ်ချက်အရ လွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို အာဏာတည်သောအမိန့် ထုတ်ပြန်၍ ပြည်ထဲရေးဝန်ကြီး ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုလွှတ်တော်သို တင်ပြ

ပေါင်မြိုနယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ချောင်း၊မြောင်းများရှင်းလင်းမှု ကွင်းဆင်းဆောင်ရွက် ပေါင်၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ်
ပေါင်မြိုနယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ချောင်း၊မြောင်းများရှင်းလင်းမှု ကွင်းဆင်းဆောင်ရွက် ပေါင်၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ပေါင်မြိုနယ်၌ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ချောင်း၊ မြောင်းများတွင် ပိတ်ဆိုနေသည့် ပေါင်းမြက်များနှင့် အမှိက်သရိုက်များ ရှင်းလင်းခြင်းကို ယမန်နေ့က မြိုပေါ်(၄)ရပ်ကွက် နှင့် ကန်ဖြူကျေးရွာ၊စွမ်းမြန်မာစက်သုံးဆီအရောင်းဆိုင်အနီး၌ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လေ့လာဆန်းစစ်မှုရလဒ်များအပေါ် အခြေခံ၍ ပညာရေးကဏ္ဍအလိုက် အားနည်းချက်များ ပြုပြင်ရန် ပြည်ထောင်စုဝန်ကြီးမှာကြား 𝙎𝙀𝙋~𝟑𝟎 လေ့လာဆ
လေ့လာဆန်းစစ်မှုရလဒ်များအပေါ် အခြေခံ၍ ပညာရေးကဏ္ဍအလိုက် အားနည်းချက်များ ပြုပြင်ရန် ပြည်ထောင်စုဝန်ကြီးမှာကြား 𝙎𝙀𝙋~𝟑𝟎 လေ့လာဆန်းစစ်မှုများမှ ရရှိလာသည့် အချက်အလက်များကို အသုံးချ၍ ပညာရေးကဏ္ဍအလိုက် တွေ့ရှိရသည့် အားနည်းချက်များကို ပြုပြင်ကာ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မှာကြားသည်။

ယူကရိန်းလယ်သမားတွေအတွက် တောင်းထားတဲ့ အကူအညီတွေကို ဥရောပသမဂ္ဂ က ပယ်ချ စက်တင်ဘာ - ၃၀ ဥရောပကော်မရှင်ဟာ ယူကရိန်း လယ်သမားတွေကို ထေ
ယူကရိန်းလယ်သမားတွေအတွက် တောင်းထားတဲ့ အကူအညီတွေကို ဥရောပသမဂ္ဂ က ပယ်ချ စက်တင်ဘာ - ၃၀ ဥရောပကော်မရှင်ဟာ ယူကရိန်း လယ်သမားတွေကို ထောက်ပံ့ဖိုအတွက် ဒေါ်လာ ၂၂၀ မီလီယံ ရန်ပုံငွေ တောင်းခံမှုကို ပယ်ချလိုက်ကြောင်း စိုက်ပျိုးရေးနှင့် အစားအသောက် မူဝါဒဆိုင်ရာ ဝန်ကြီး တာရာဗီစောစကီး ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သတင်းဖော်ပြချက်အရ ယူကရိန်းဟာ ဥရောပသမဂ္ဂ (အီးယူ) ထံမှ လက်ရှိ ရရှိနေတဲ့ ဘဏ္ဍာရေး အကူအညီတွေအပြင် အဓိက စိုက်ပျိုးရေး ကဏ္ဍအတွက် သီးသန့် ထောက်ပံ့မှု ပေးဖို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သိုသော်လည်း လယ်သမားတွေကို ထောက်ပံ့ဖိုနဲ့ ဘဏ္ဍာရေး စနစ် လည်ပတ်နိုင်စေဖို အတွက် ယူရို ၂၂၀ မီလီယံ တောင်းခံမှုကို ဥရောပကော်မရှင်က ပယ်ချခဲ့တယ်လို ဝန်ကြီး က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရပါက ထရန့်မိသားစု၏ စီးပွားရေးလုပ်ငန်းများ စစ်ဆေးခံရဖွယ်ရှိ နိုဝင်ဘာတွင် ကျင်းပမည
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရပါက ထရန့်မိသားစု၏ စီးပွားရေးလုပ်ငန်းများ စစ်ဆေးခံရဖွယ်ရှိ နိုဝင်ဘာတွင် ကျင်းပမည့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီက အောက်လွှတ်တော် သိုမဟုတ် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပါက ဒေါ်နယ်ထရန့်၏ Ballroom ခန်းမသစ်စီမံကိန်းအတွက် လှူဒါန်းထားသည့် ကုမ္ပဏီများနှင့် ထရန့်မိသားစုဝင်များ ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် စီးပွားရေးသဘောတူညီချက်များတွင် ပါဝင်သည့် လုပ်ငန်းများကို ပထမဆုံး စုံစမ်းစစ်ဆေးမည့်အဖွဲများအဖြစ် သတ်မှတ်ထားကြောင်း ကွန်ဂရက်လွှတ်တော် ဝန်ထမ်းများ၊ လွှတ်တော်အမတ်များနှင့် ရှေ့နေများက ရိုက်တာသတင်းဌာနကို ပြောသည်။ Noted: အစစ်ဆေးခံရတာထက်တောင် ပိုနိုင်ပါတယ်။ ဘာလိုလဲမေးရင် စီးပွားရေးသမားကနေ သမ္မတဖြစ်လာတာကိုး။ သူ့အကျိုးစီးပွားကတော့ လုပ်မှာသေချာတယ်။ ခက်တာက ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ အမေရိကန်သမ္မတဖြစ်နေတာက ပိုဆိုးသွားတာ။ နဂိုတုန်းကတော့ ရုပ်ရှင်တွေထဲက အမေရိကန်သမ္မတလိုထင်ပြီး အထင်ကြီးသေးတယ်။ အခုကတော့ ကမ္ဘာကြီးကိုကိုယ့်အလိုအတိုင်းလိုက်လုပ်နေတဲ့ ကြီးနိုင်ငယ်ညှင်းဝါဒသမားတွေဆိုတာ သိလာရတယ်။