fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 068
مشترکین
اطلاعاتی وجود ندارد24 ساعت
-197 روز
-5630 روز
آرشیو پست ها
HSD ဒီဇယ်ဆီနှင့် LNG အပေါ် အခွန်ကင်းလွတ်ခွင့် ဆက်လက်တိုးမြှင့်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ (လွှတ်တော်) စက်တင်ဘာ ၂၉
+7
HSD ဒီဇယ်ဆီနှင့် LNG အပေါ် အခွန်ကင်းလွတ်ခွင့် ဆက်လက်တိုးမြှင့်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ (လွှတ်တော်) စက်တင်ဘာ ၂၉

လွိုင်ကော်မြို့၌ ကယားတိုင်းရင်းသားတို့၏ ရိုးရာပွဲတော် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပ လွိုင်ကော် စက်တင်ဘာ ၂၉ ကယား တိုင
+1
လွိုင်ကော်မြို့၌ ကယားတိုင်းရင်းသားတို့၏ ရိုးရာပွဲတော် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပ လွိုင်ကော် စက်တင်ဘာ ၂၉ ကယား တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။ အဆိုပါပွဲတော်သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာက
+1
အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံဆောင် ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် က စက်တင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ဧရာဝတီတိုင်းသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်လည်းကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားရန်၊ ချောင်းကော၊ မြောင်းကောများကို စည်ပင်အဖွဲ့က စက် ယန္တရားများဖြင့်တူးဖော်ရန်နှင့် ရေသွင်းရေထုတ် မြောင်းများ၊ ချောင်းများကိုရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနက တူးဖော်ဆောင်ရွက်ရန် မှာကြားသည်။

အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစော မှာကြား အစိုးရတစ်ရပ်လု
အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစော မှာကြား အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပသည့် e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေး၌ မှာကြားသည်။ နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကျယ်ပြန့်စွာအကောင်အထည်ဖော်ပြီး အစိုး ရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ကူးပြောင်းနိုင်ရေးဆောင်ရွက်ရမည့်ကိစ္စများ၊ လုပ်ငန်းစဉ်များအောင်မြင်စေရန် အစိုးရကဏ္ဍတစ်ခုတည်းကဆောင်ရွက်ရုံမက ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပါဝင်သည့် Public-Private Partnership (PPP) မူဘောင်များဖော်ဆောင်ရေးတို့ကို မှာကြားသည်။

🙏🙏🙏
🙏🙏🙏

သုဝဏ္ဏဘူမိလေဆိပ် ခရီးဆောင်အိတ်ပြဿနာ မဖြေရှင်းနိုင်ပါက ထိုင်းလေကြောင်းလိုင်း အကြီးအကဲ ရာထူးမှနုတ်ထွက်ဟု ခရီးသွားလုပ်ငန်းဝန်ကြီ
သုဝဏ္ဏဘူမိလေဆိပ် ခရီးဆောင်အိတ်ပြဿနာ မဖြေရှင်းနိုင်ပါက ထိုင်းလေကြောင်းလိုင်း အကြီးအကဲ ရာထူးမှနုတ်ထွက်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဆို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ဆူရဆက် ဖန်ချာရိုအန်ဝိုရာကူက သုဝဏ္ဏဘူမိလေဆိပ်တွင် ဖြစ်ပေါ်နေသည့် ခရီးဆောင်အိတ်များ စုပုံနေမှုနှင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေးနေမှု ပြဿနာကို မဖြေရှင်းလိုပါက Thai Airways အမှုဆောင်အရာရှိချုပ် ချိုင် အမ်စီရီအနေဖြင့် ရာထူးမှနုတ်ထွက်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုလိုက်သည်။

မြိုင်မြိုနယ်၌ တရားမဝင်လုပ်ကိုင်သည့် ရေနံတွင်း (၁၃၁)တွင်းအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူတွေ့ရှိ မီးရှိဖျ‌-က်ဆီးခဲ့ မကွေးတ
မြိုင်မြိုနယ်၌ တရားမဝင်လုပ်ကိုင်သည့် ရေနံတွင်း (၁၃၁)တွင်းအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူတွေ့ရှိ မီးရှိဖျ‌-က်ဆီးခဲ့ မကွေးတိုင်း၊ မြိုင်မြိုနယ်တွင် အကြမ်းဖက်အဖွဲဝင်များနှင့် ၎င်းတိုကို ဆက်ကြေးပေး၍ တရားမဝင်လုပ်ကိုင်နေသည့် ရေနံတွင်း(၁၃၁)တွင်းအား လုံခြုံရေးအဖွဲဝင်များက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် ATR 72-600 လေယာဉ်သစ် (မှတ်ပုံတင် XY-ANE) “နေပြည်တော်” ကို ပြင်သစ်နိုင်ငံ တူးလ
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် ATR 72-600 လေယာဉ်သစ် (မှတ်ပုံတင် XY-ANE) “နေပြည်တော်” ကို ပြင်သစ်နိုင်ငံ တူးလော့မြို့မှ ရန်ကုန်သို့ စက်တင်ဘာ ၂၉ ရက်တွင် သယ်ယူရောက်ရှိခဲ့ပြီး ရေပက်ဖျန်းကြိုဆိုခဲ့ပါသည်။ ယခုလေယာဉ်သစ်သည် MAI ၏ ပြည်တွင်း/ပြည်ပ လေကြောင်းဆက်သွယ်ရေး ကွန်ရက်ကို ပိုမိုကျယ်ပြန့်စွာ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ကုန်းတွင်းမုန်တိုင်းငယ် ရေနံချောင်းနှင့် ကျောက်ပန်းတောင်းအကြား ဆက်လက်ဖြတ်ကျော်နေ 𝙎𝙀𝙋~𝟐𝟗 ရေတာရှည်မြို၏ အနောက်ဘက်အနီးမှ ဖြ
ကုန်းတွင်းမုန်တိုင်းငယ် ရေနံချောင်းနှင့် ကျောက်ပန်းတောင်းအကြား ဆက်လက်ဖြတ်ကျော်နေ 𝙎𝙀𝙋~𝟐𝟗 ရေတာရှည်မြို၏ အနောက်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားနေပြီး ယနေ့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ရေနံချောင်းမြိုနှင့် ကျောက်ပန်းတောင်းမြိုတိုအကြားမှ ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ သိရသည်။

အောက်တိုဘာအတွင်း နိုင်ငံတကာဘောလုံးပွဲစဉ်များ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ရန်ကုန်၊ စက်တင်ဘာ ၂၉ မြန်မာနိုင်ငံ၌
အောက်တိုဘာအတွင်း နိုင်ငံတကာဘောလုံးပွဲစဉ်များ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ရန်ကုန်၊ စက်တင်ဘာ ၂၉ မြန်မာနိုင်ငံ၌ အောက်တိုဘာလအတွင်း လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပွဲစဉ်များနှင့် အာရှအဆင့် ကလပ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က စက်တင်ဘာ ၂၉ ရက်တွင် အသိပေးထားသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေဟု အလုပ်သမားဝန်ကြီးပြောလာမည့်တစ်နှစ်ခန့်အတွင်း
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေဟု အလုပ်သမားဝန်ကြီးပြောလာမည့်တစ်နှစ်ခန့်အတွင်း ဖွံဖြိုးတိုးတက်မှုများ စတင်မြင်တွေ့ရနိုင်ဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၉ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။ အဆိုပါပြောကြားချက်ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ညှိနှိင်းဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါင်မြိုနယ်ရှိ ရေကျော်နေသည့်နေရာတွင် ရေနုတ်မြောင်းများကိုပြန်လည်တူးဖော်ပြီး အမှိက်သရို-က်များဖယ်ရှားရှင်းလင်း မွန်ပြည်နယ်၊ ပ
ပေါင်မြိုနယ်ရှိ ရေကျော်နေသည့်နေရာတွင် ရေနုတ်မြောင်းများကိုပြန်လည်တူးဖော်ပြီး အမှိက်သရို-က်များဖယ်ရှားရှင်းလင်း မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ သဲဖြူကုန်းကျေးရွာအုပ်စုရှိ "စွမ်းမြန်မာ"စက်သုံးဆီအရောင်းဆိုင်အနီးလမ်းမပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေကျော်လျက်ရှိကြောင်း သိရသည်။

မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို စတင်ပြန်လည်ပိုဆောင် 𝙎𝙀𝙋~𝟐𝟗 မလေးရှားနိုင်ငံမှာ
မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို စတင်ပြန်လည်ပိုဆောင် 𝙎𝙀𝙋~𝟐𝟗 မလေးရှားနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်တဲ့ ပထမအဆင့်အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှာ စတင်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနဲ့ သတင်းဌာနတွေက ဖော်ပြပါတယ်။ အဆိုပါအစီအစဉ်ဟာ မလေးရှားနိုင်ငံက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အထိကို အဆင့်လိုက် ပြန်လည်ပိုဆောင်ဖို မြန်မာနိုင်ငံအစိုးရနဲ့ မလေးရှားအစိုးရတိုအကြား ညှိနှိင်းထားတဲ့ အစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်တယ်လို ဆိုပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ပထမအုပ်စုမှာ ပါဝင်တဲ့ ၁,၄၇၆ ဦးဟာ မြန်မာအစိုးရက သံတမန်ရေးစာနဲ့ တင်ပြထားတဲ့ စာရင်းအရ သတ်မှတ်ထားသူတွေဖြစ်ပြီး မိမိဆန္ဒအလျောက် ပြန်လည်သွားရောက်ဖို သဘောတူထားသူတွေဖြစ်ကြောင်း ပြောထားပါတယ်။

နောက်နှစ်ရက် သုံးရက်အတွင်း ရေပြန်ကျဖွယ်ရှိ နောက်ထပ် မိုးမရွာသွန်းတော့ပါက ဘန်ကောက်မြိုတွင်း ဝပ်နေ သော ရေများသည် နှစ်ရက်မှ သုံး
နောက်နှစ်ရက် သုံးရက်အတွင်း ရေပြန်ကျဖွယ်ရှိ နောက်ထပ် မိုးမရွာသွန်းတော့ပါက ဘန်ကောက်မြိုတွင်း ဝပ်နေ သော ရေများသည် နှစ်ရက်မှ သုံးရက်အတွင်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းအစိုးရက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှု ကို ဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရေရှည်အစီအမံများအတွက် အစိုးရအဖွဲက အင်္ဂါနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အက်ကာပေါ့ဘ် ပီယန်ပီဆက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားကူးတိုသင်္ဘောမှောက်မှုမှ ‌ေ-သဆုံးသူ ၇၁ ဦးအထိမြင့်တက်လာ လွန်ခဲ့သည့် နှစ်ပတ်ကျော်က အင်ဒိုနီးရှားသင်္ဘောတစ်စင်း တိမ
အင်ဒိုနီးရှားကူးတိုသင်္ဘောမှောက်မှုမှ ‌ေ-သဆုံးသူ ၇၁ ဦးအထိမြင့်တက်လာ လွန်ခဲ့သည့် နှစ်ပတ်ကျော်က အင်ဒိုနီးရှားသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့သည့်ဖြစ်စဉ်တွင် စက်တင်ဘာလ ၂၈ ရက်အထိ ‌ေ-သဆုံးသူ ၇၁ ဦးအထိ များလာခဲ့ကြောင်း သိရသည်။ ရေငုပ်သမားများသည် လောင်စာဆီ ယိုဖိတ်နေပြီး ပျေ-ာက်ဆုံးလျက်ရှိသူများကိုသင်္ဘောအပျ-က်များကြား၌ ရဲရင့်စွာ ဝင်ရောက်ရှာဖွေနေကြသည်။ လူပေါင်း ၂၄၃ ဦးလိုက်ပါလာသော Virgo Transport သင်္ဘောသည် စက်တင်ဘာလ ၁၃ ရက်နေ့က အရှေ့ဂျာဗားရှိ ဆူရာဘာယာမြိုမှ တောင်ကာလီမန်တန်ရှိ ဘန်ဂျာမာဆင်မြိုသို ခုတ်မောင်းနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ဂျာဗားပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်တွင် လူ ၁၀၈ ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ ပြင်းထန်သော ထိန်းချုပ်ချေမှုန်းမှုများကြောင့် အကျအဆုံးများပြားလာသည့် AA အဖွဲ့သည် နည်းလမ်းမျိုးစုံဖြင့် လူသစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိ
ယခုအခါ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကိုပါ မညှာမတာ အတင်းအဓမ္မ လူသစ်စုဆောင်း ပေါ်တာဆွဲမှုများ ပြုလုပ်လာသဖြင့် ဒေသခံ တိုင်းရင်းသားမိသားစုများမှာ အကြီးအကျယ် စိတ်သောကရောက် စိုးရိမ်ပူပန်နေကြရသည်။ တပ်မတော်၏ ထိုးစစ်ဆင်မှု စတင်ခဲ့သည့်အချိန်မှစ၍ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး AA အဖွဲ့သည် နေအိမ်များအထိ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်လာသည့်အတွက် ယောက်ျားလေး၊ မိန်းကလေး မရွေး လူငယ်အများအပြားမှာ နီးစပ်ရာနေရာများသို့ အသက်လု ပုန်းအောင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေကြသည့် လူငယ်များကို ပြန်လာစေရန်အတွက် ကျန်ရစ်သူ မိဘများကိုပါ ဓားစာခံအဖြစ် မတရား ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေသဖြင့် ရခိုင်တိုင်းရင်းသား လူငယ်များမှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ မိမိတို့ လူမျိုးအချင်းချင်းအပေါ်၌ပင် ဖိနှိပ်ရက်စက်နေသည့် AA အဖွဲ့၏ လုပ်ရပ်များကို ဆက်လက် ထောက်ခံနေမည်ဆိုပါက ရခိုင်ပြည်နယ်သည် နာမည်မျှသာ ကျန်ရှိပြီး လူမျိုးပျောက်ကွယ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။
သိင်္ခ
https://t.me/theinkha007/4640

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ ပြင်းထန်သော ထချေမှုန်းမှုများကြောင့် အကျအဆုံးများပြားလာသည့် AA အဖွဲ့သည် နည်းလမ်းမျိုးစုံဖြင့် လူသစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိ
ယခုအခါ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကိုပါ မညှာမတာ အတင်းအဓမ္မ လူသစ်စုဆောင်း ပေါ်တာဆွဲမှုများ ပြုလုပ်လာသဖြင့် ဒေသခံ တိုင်းရင်းသားမိသားစုများမှာ အကြီးအကျယ် စိတ်သောကရောက် စိုးရိမ်ပူပန်နေကြရသည်။ တပ်မတော်၏ ထိုးစစ်ဆင်မှု စတင်ခဲ့သည့်အချိန်မှစ၍ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး AA အဖွဲ့သည် နေအိမ်များအထိ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်လာသည့်အတွက် ယောက်ျားလေး၊ မိန်းကလေး မရွေး လူငယ်အများအပြားမှာ နီးစပ်ရာနေရာများသို့ အသက်လု ပုန်းအောင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေကြသည့် လူငယ်များကို ပြန်လာစေရန်အတွက် ကျန်ရစ်သူ မိဘများကိုပါ ဓားစာခံအဖြစ် မတရား ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေသဖြင့် ရခိုင်တိုင်းရင်းသား လူငယ်များမှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ မိမိတို့ လူမျိုးအချင်းချင်းအပေါ်၌ပင် ဖိနှိပ်ရက်စက်နေသည့် အကြမ်းဖက် AA အဖွဲ့၏ လုပ်ရပ်များကို ဆက်လက် ထောက်ခံနေမည်ဆိုပါက ရခိုင်ပြည်နယ်သည် နာမည်မျှသာ ကျန်ရှိပြီး လူမျိုးပျောက်ကွယ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။
သိင်္ခ
https://t.me/theinkha007/4640

photo content

ပိုလိုမုန်တိုင်း မက္ကဆီကိုသို ဝင်ရောက်သဖြင့် ဓာတ်အားပြတ်ကာ ရေကြီးနေ ပိုလိုဟာရီကိန်းမုန်တိုင်းက ပစိဖိတ်ကမ်းရိုးတန်းပေါ်၌ ကုန်း
ပိုလိုမုန်တိုင်း မက္ကဆီကိုသို ဝင်ရောက်သဖြင့် ဓာတ်အားပြတ်ကာ ရေကြီးနေ ပိုလိုဟာရီကိန်းမုန်တိုင်းက ပစိဖိတ်ကမ်းရိုးတန်းပေါ်၌ ကုန်းတွင်းကို ဝင်ရောက်တော့မည်ဖြစ်၍ စက်တင်ဘာ ၂၈ ရက်တွင် မက္ကဆီကို၏ ဘာဟာကယ်လိုဖိုးနီးယားကျွန်းဆွယ် ၏ဒေသများကို လျှပ်စစ်ဓာတ်အားဖြတ် တောက်ခဲ့သည်။ ပင်လယ်ရေသည် ကမ်းရိုးတန်း အကာအရံများကို ချိုးဖျက်ကျော်လွန်ကာဝင်ရောက်နေသောကြောင့်ရေကြီးမှုများကို ဖြစ်ပေါ်စေသည်။ ယခုနှစ် ဟာရီကိန်းရာသီ၏ပထမဆုံးဟာရီကိန်းသည် မုန်တိုင်းပြင်းအားအဆင့်သုံးရှိသော ဟာရီကိန်းဖြစ် သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း TollPass RFID စနစ် ယာဉ် ၅၆၇ စီး တပ်ဆင်ထား၊ Zero Mile မှ ၃၅၂ မိုင်အထိ အသုံးပြုနိုင် ကနဦးတပ်ဆင်ခ ကျပ်
ရန်ကုန်-မန္တလေးအမြန်လမ်း TollPass RFID စနစ် ယာဉ် ၅၆၇ စီး တပ်ဆင်ထား၊ Zero Mile မှ ၃၅၂ မိုင်အထိ အသုံးပြုနိုင် ကနဦးတပ်ဆင်ခ ကျပ် ၂၀,၀၀၀ ကျသင့်ပြီး TPU ကျပ် ၅၀,၀၀၀ ဖိုး ဝယ်ယူရမည်၊ လက်ကျန် TPU များကို ကာလအကန့်အသတ်မရှိ အသုံးပြုနိုင် ရန်ကုန်၊ စက်တင်ဘာ ၂၉ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်ငွေဖြည့်သွင်းအသုံးပြုနိုင်သည့် အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသည့် TollPass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက်မှ စတင်ရောင်းချတပ်ဆင်ပေးခဲ့ရာ စက်တင်ဘာ ၂၅ ရက်အထိ ယာဉ် ၅၆၇ စီး တပ်ဆင်ထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲမှ ဒုတိယညွှန်ကြားရေးမှူး (မြိုပြ) ဦးအောင်ဇော်မြင့်က ပြောကြားသည်။