ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 061
Подписчики
+124 часа
-77 дней
-5230 дней
Архив постов
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်တော်၊ စက်တင်ဘာ ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်မည်

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ  ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ -သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။ - လေကြောင်းခရီးသွားလာမှု နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ် လေမိုင်ပေါင်း (၁၉၅၀၀)မိုင် -မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ် -မီးရထားဖြင့်ခရီးသွားလာမှု နာရီပေါင်း (၅)နာရီ(၂၀)မိနစ် မြေပြင်ခရီးစဉ် စုစုပေါင်း ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရ
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ
+3
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ  ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။ အာဂျင်တီးနားအသင်းနှင့်အတူ ၂၁ နှစ်တာ နိုင်ငံတကာကစားသမားဘဝအတွင်း မက်ဆီသည် ၂၀၇ ပွဲ ကစားပေးခဲ့ပြီး ၁၂၅ ဂိုး သွင်းယူကာ အသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံး သွင်းယူသူအဖြစ် စံချိန်တင် ရပ်တည်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် အာဂျင်တီးနားအသင်းကို ဦးဆောင်ကာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့်အတူ ကိုပါအမေရိကဖလား (၂) ကြိမ် (၂၀၂၁၊ ၂၀၂၄) ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော် ဩဂုတ် ၃၁ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

🙏🙏🙏
🙏🙏🙏

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသာ
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှပြောင်းပေးအပ် ဗန်ကောက်၊ဩဂုတ်-၃၁ ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြိုနယ်မှ ထိုင်းနိုင်ငံသို လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြိုနယ်၊ ညဈေးမီးပွိင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုးခဲ့ရခြင်းဖြစ်သည်။

ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟ
ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရွှေဈေးကွက် တစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်မယ့် စည်းမျဉ်းမူဘောင် တစ်ခုကို ပြင်ဆင်နေပါတယ်။ ငွေကြေး စီးဆင်းမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ ရွှေအရောင်းအဝယ် စာရင်းတွေကို ချိတ်ဆက်ထားမှာဖြစ်လို အာဏာပိုင်တွေအနေနဲ့ ငွေစထွက်လာတဲ့ မူလနေရာကနေ ရွှေအတုံးအခဲလိုက် အမှန်တကယ် လွှပြောင်းပေးပိုတာအထိ ငွေလမ်းကြောင်းကို နောက်ယောင်ခံ လိုက်နိုင်တော့မှာပါ။ စည်းမျဉ်းတွေ အတည်မပြုမီ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ညွှန်ကြားရေးမှူးချုပ် က အစိုးရဌာနတွေ၊ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ ရယူနေတယ်လို ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲ ရွှေအရောင်းအဝယ် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေဖိုဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ လိမ်လည်သူတွေနဲ့ တရားမဝင်ငွေကြေးကွန်ရက်တွေက ရွှေလုပ်ငန်းတွေကို အသုံးချပြီး မူလအစ ရင်းမြစ်မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို လှည့်ပတ်တာ၊ ခဝါချတာမျိုး မလုပ်နိုင်အောင် တားဆီးချင်တာပဲ ဖြစ်ပါတယ်။

အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း အမေရိကန်သမ္မတ ဒ
အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများအနေဖြင့် ၎င်းတို၏ရုံးချုပ်များနှင့် စက်ရုံများကို အမေရိကန်သို ချက်ချင်းပြောင်းရွှေ့ရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။ အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ထရန့်အစိုးရက ကနေဒါနိုထွက်ပစ္စည်းများနှင့် သစ်အပါအဝင် ကုန်ပစ္စည်းအချိုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခဲ့သည်။ ထိုအမိန့်က ၂၀၂၇ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ကနေဒါကလည်း အမေရိကန်၏ အခွန်စည်းကြပ်မှုကို လက်တုံပြန်သည့်အနေဖြင့် သံမဏိ၊ အလူမီနီယံအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်များ ချမှတ်ခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ AFC U20 Asian Cup China 2027 (Qualifiers) FULL TIME MYANMAR U2
မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ AFC U20 Asian Cup China 2027 (Qualifiers) FULL TIME MYANMAR U20 🇲🇲 4️⃣ - 0️⃣ 🇱🇰 SRI LANKA U20 Sai Bo Bo Kyaw 18' Kaung Khant Kyaw 26', 39' Sai Zom Shang 86'

ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက် ညောင်တုန်း၊ ဩဂုတ် ၃၁ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တု
ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက် ညောင်တုန်း၊ ဩဂုတ် ၃၁ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စု ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းက ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်အောင်မြိုမှ ပုဇွန်တောင်မြိုနယ်သို ရေယာဉ်မောင်း၊ လုပ်သား(၁၀)ဦးနှင့် ကျောက်ကျင်း(၁၅၀) တင်ဆောင်လာသော အလျား(၁၈၀)ပေ၊ အနံ(၄၀)ပေရှိ ကျောက်သယ် တွဲသင်္ဘောသည် ညောင်တုန်းမြိုနယ်၊ စက္ကောတောင်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၊ မြစ်ဧရာဝတီမြစ်ကမ်းရှိ OHC လမ်းဆောက်ရေး ကုမ္မဏီ၏ သဲ/ ကျောက်ကွင်း ဆိပ်ကမ်းသိုဝင်ရောက် ညအိပ်ရပ်နားစဉ် သင်္ဘောဝမ်းဗိုက်အား ရေအောက်မှ သစ်ပင်ငုတ်ဖြင့် ထိုးမိသည့်အား မသိရှိဘဲ သင်္ဘောကပ်၍ ညအိပ်စဉ် ဩဂုတ်လ၊ ၃၁ရက် နံနက် ၁နာရီတွင် သင်္ဘောဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ကာ သင်္ဘောတိမ်းဆောင်း၍ ကျောက်များမြစ်အတွင်းထွက်ကျ တိမ်းဆောင်မှောက် သွားခဲ့ပြီး တိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းသိရသည်။

အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှုမြင့်တက် အမေရိကန်နှင့် အီရန်တိုကြား စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာပြီးနောက် အီရန်တပ်ဖွဲများက အမေရိကန်စစ်တပ်နှင့် ဆက်နွယ်သည့် ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်ဖွဲများက အီရန်နိုင်ငံ ဟော်မုဇ်ရေလက်ကြားအနီးရှိ လာရက်ခ်ကျွန်း (Larak Island) ပေါ်မှ ဒုံးကျည်ပစ်လွှတ်နိုင်သည့် စစ်ရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က တုံပြန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်က အဆိုပါတိုက်ခိုက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စစ်ရေးလုပ်ဆောင်ချက်များကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီး ဩဂုတ် ၃၀ ရက်ညပိုင်းမှ ဩဂုတ် ၃၁ ရက်အထိ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် ဒေသတွင်း စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ အီရန်၏ ပထမဆုံးတုံပြန်မှုအဖြစ် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် King Hussein Air Base နှင့် Al-Azraq Air Base တိုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ဘက်က ထုတ်ပြန်ခဲ့သည်။ အီရန်စစ်ဘက်က ယင်းတိုက်ခိုက်မှုများသည် အမေရိကန်၏ လာရက်ခ်ကျွန်းတိုက်ခိုက်မှုအတွက် တုံပြန်ခြင်းဖြစ်ပြီး အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ငလျင်ဒဏ်လျှော့ချရေးနည်းပညာ (Base Isolation System) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို၊ ချမ်းမြသာစည်မြိုနယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံတွင် ငလျင်လှုပ်ခတ်ချိန် မြေပြင်မှ အဆောက်အအုံသို သက်ရောက်လာမည့် အင်အားနှင့် တုန်ခါမှုများကို လျှော့ချပေးနိုင်သည့် Base Isolation System နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆောက်အအုံအောက်ခြေနှင့် မြေပြင်ကြားတွင် Base Isolator များ တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အခမ်းအနားသို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ New Starlight Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြသည်။

photo content

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ် ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေ
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ် ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon) ကိုလည်း အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟑𝟏》 ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ငလျင်ဒဏ်လျှော့ချရေးနည်းပညာ (Base Isolation System) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံတွင် ငလျင်လှုပ်ခတ်ချိန် မြေပြင်မှ အဆောက်အအုံသို့ သက်ရောက်လာမည့် အင်အားနှင့် တုန်ခါမှုများကို လျှော့ချပေးနိုင်သည့် Base Isolation System နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆောက်အအုံအောက်ခြေနှင့် မြေပြင်ကြားတွင် Base Isolator များ တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ New Starlight Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် New Starlight Construction Co.,Ltd ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တည်ဆောက်မည့် အဆောက်အအုံ၌ အသုံးပြုမည့် Base Isolator များ၏ တပ်ဆင်ပုံနှင့် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ပန္နက်တော်တင်ခြင်း၊ တွင်းတော်ဝန်းခြင်းနှင့် အမွှေးနံ့သာများ ပက်ဖျန်းခြင်းတို့ဖြင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်များကြောင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံများ၏ ငလျင်ခံနိုင်ရည်အား မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းပညာရှင်များက တရုတ်နိုင်ငံရှိ ၂၀၀၈ ခုနှစ် စီချွမ်ငလျင်ဖြစ်ပွားခဲ့သည့် နေရာများနှင့် Safetyinside Company ၏ Base Isolator ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကာ ယခုနည်းပညာကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ Base Isolation System သည် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပေါ်သို့ သက်ရောက်လာနိုင်သည့် ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးနိုင်သည့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်သည်။ ယခုတည်ဆောက်မည့် အဆောက်အအုံမှာ မြေဧရိယာ ၇၇ ပေ x ၈၃ ပေ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး Basement အပါအဝင် ၅ ထပ်ရှိ သံကူကွန်ကရစ်အဆောက်အအုံဖြစ်ကာ တစ်ထပ်လျှင် ၁၁ ပေ အမြင့်ရှိမည်ဖြစ်ကာ ယင်းအဆောက်အအုံတွင် Base Isolation System နှင့် Base Isolator ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု
ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု