es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 060
Suscriptores
+124 horas
-77 días
-5230 días
Archivo de publicaciones
ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မေတ္တာရပ်ခံ ရေဘေးသင့်ပြည်သူများကို သွားရောက်
ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မေတ္တာရပ်ခံ ရေဘေးသင့်ပြည်သူများကို သွားရောက်လှုဒါန်းသူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ ရန်ကုန်တိုင်းက ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်နှင့် ဆက်စပ်လျက်ရှိသောမြိုနယ်များ ရေကြီးမူဖြစ်စဉ်တွင် လာရောက်အားပေးလှူဒါန်းကျသည့် အလှုရှင်များ အနေဖြင့် ရေလမ်းကြောင်းများ သွားလာရာတွင် အသက်ကယ်အင်္ကျီများကို အယောက်တိုင်းမဖြစ်မနေဝတ်ပေးကြရန် မေတ္တာရပ်ခံထုတ်ပြန်ထားခြင်းဖြစ်သည်။

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန် ရန်ကုန်၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှေ
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန် ရန်ကုန်၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေပြည့်အမှတ်ထက် ကျော်လွန်ကာ ရေပိုလွှမှ ရေများ စီးဆင်းလျက်ရှိသည်။ ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေမှတ်မှာ ၁၀၈ ဒသမ ၄၀ ပေ ရှိနေပြီး သတ်မှတ်ရေပြည့်အမှတ် ၁၀၇ ပေထက် ၁ ဒသမ ၄၀ ပေခန့် ကျော်လွန်နေခြင်းဖြစ်သည်။ လက်ရှိတွင် ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှမှ ရေထုစီးဆင်းနှုန်းမှာ ၉၃၀ ကုဗပေ/စက္ကန့် (Cusec) ရှိနေသည်။ ထိုပြင် အနီးဝန်းကျင်ရှိ မဟူရာတမံသည် ရေပြည့်အမှတ်သို ရောက်ရှိရန် ၀ ဒသမ ၃၀ ပေသာ လိုတော့ကြောင်းနှင့် ပေါင်းလင်းတမံသည် ရေပြည့်အမှတ်သို ရောက်ရှိရန် ၆ ဒသမ ၄၉ ပေ လိုသေးကြောင်း သိရသည်။

နီပေါတွင် ကျောင်းသား ၉၀၀ ခန့်ကို ရေဘေးမှ အချိန်မီကယ်တင်ပေးနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီးတစ်ဦး နီပေါနိုင်ငံ Trishuli တောင်ကြာ
နီပေါတွင် ကျောင်းသား ၉၀၀ ခန့်ကို ရေဘေးမှ အချိန်မီကယ်တင်ပေးနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီးတစ်ဦး နီပေါနိုင်ငံ Trishuli တောင်ကြား‌ဒေသအတွင်းသို ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး နေအိမ်များ၊ တံတားများနှင့် ကျေးရွာများကို ဖျက်ဆီးပစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေးကြီးသုတ်ပြာ သတိလာပေးသည့်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ရာ‌ဂျန်ဒရာ ဒဝါဒီသည် ၎င်း၏ စာသင်ခန်းအတွင်း၌ ရှိနေခဲ့သည်။ ထိုနောက် ဆရာတစ်ဦးထံသို ဖုန်းဖြင့် သတိပေးချက် ထပ်မံရောက်ရှိလာခဲ့သည်။ မိနစ်ပိုင်းအကြာတွင် ကျောင်းသားမိဘတစ်ဦးသည် ၎င်း၏ကလေးကို အိမ်သိုပြန်ခေါ်ရန် ရောက်ရှိလာခဲ့သည်။ ဘေးအန္တရာယ်ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးသော်လည်း ကျောင်းအုပ်ကြီးဖြစ်သူ ဒါဝါဒီအတွက် ဆုံးဖြတ်ချက်ချရန် အချိန်မရှိခဲ့ပေ။ သူသည် ကျောင်းခေါင်းလောင်းကို တီးကာ ကျောင်းသားများနှင့် ဝန်ထမ်းများကို အဆောက်အအုံပြင်ပနှင့် မြင့်မားသော ကုန်းမြင့်များဆီသို ထွက်ခွာကြရန် မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ယမန်နေ့က ရုံးအမှတ် (၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး အမေရိကန်နိုင်ငံ နယူးယောက်မြို
Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး အမေရိကန်နိုင်ငံ နယူးယောက်မြိုရှိ နာမည်ကျော် Times Square တွင် ဩဂုတ် ၃၁ ရက်က အမျိုးသမီးတစ်ဦးက လူနှစ်ဦးကို အကြောင်းမဲ့ ဓားဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူအမျိုးသမီးမှာလည်း ရဲတပ်ဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ အသက် ၄၉ နှစ်အရွယ် Queens မြိုခံ အမျိုးသမီးသည် ဈေးဝယ်အိတ်အတွင်းမှ ဓားနှစ်ချောင်းကို ထုတ်ကာ မြေအောက်ရထားဘူတာမှ ထွက်လာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ဝမ်းဗိုက်နေရာသိုပင် ထပ်မံထိုးခဲ့သည်။ ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို ပိုဆောင်ခဲ့သော်လည်း အမျိုးသမီးက သေဆုံးခဲ့ပြီး လူနာအမျိုးသားက အခြေအနေတည်ငြိမ်နေကြောင်း ရဲတပ်ဖွဲက ပြောသည်။ ဓားထိုးခံရသူနှစ်ဦးသည် ခရီးသွားများဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို လျှော့ချမည် ထိုင်းနိုင်ငံအစိုး
ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို လျှော့ချမည် ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသားခရီးသွားများအတွက် လက်ရှိပေးထားသည့် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နေထိုင်ခွင့် ရက် ၆၀ စနစ်ကို ဖျက်သိမ်းပြီး ရက် ၃၀ သို လျှော့ချသည့် စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။  ထိုင်းနိုင်ငံ၏ တော်ဝင်ပြန်တမ်း (Royal Gazette) တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်မှစ၍ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သည့် နေထိုင်ခွင့်ကာလကို ရက် ၃၀ အဖြစ် ပြောင်းလဲမည် ဖြစ်သည်။

မိုးရွာသွန်းပြီး ရထားလမ်း ရေကျော်မှုကြောင့် ပြေးဆွဲမှုယာယီရပ်နားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်
မိုးရွာသွန်းပြီး ရထားလမ်း ရေကျော်မှုကြောင့် ပြေးဆွဲမှုယာယီရပ်နားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုမျာ
အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုများရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ်သည် နုတ်ထွက်စာတင်ထားသည်ဟု ဩဂုတ် ၃၁ ရက်တွင် အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဒရစ်စကိုးလ် နုတ်ထွက်သွားပြီဟု ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီး အန်နာကယ်လီက ထိုသတင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။ "ဒရစ်စကိုးလ်ဟာ သမ္မတထရမ့်ရဲ့ Make America Strong Again ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကြည်းတပ်ဝန်ကြီးဌာနမှာ အလွန်ပဲ ထိထိမိမိဆောင်ရွက်ခဲ့ပါတယ်"ဟု ကယ်လီက ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦး
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြော နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲနှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲစည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုးရသည်ဟု ပြောသည်။

အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်‌ကြောင်း တောင်ကိုရီးယား ပြောကြား အမေရိကန်နှင့် မြောက်ကိုရီးယားကြား
အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်‌ကြောင်း တောင်ကိုရီးယား ပြောကြား အမေရိကန်နှင့် မြောက်ကိုရီးယားကြား ထိပ်သီးအစည်းအဝေးတစ်ခုသည် မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုပြုလုပ်နေသည့် လက္ခဏာများ ထွက်ပေါ်လာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတင်းပိုချက်ကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် အကြံပြုထားသော်လည်း မြောက်ကိုရီးယားဘက်မှ လူသိရှင်ကြား အကြောင်းမပြန်သေးပေ။

ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ ပြည်သူ့လွှတ်တော်အနေဖြင့် ထို
ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

- ဒုတိယသမ္မတ ဦးညိုစော (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ …………………
- ဒုတိယသမ္မတ ဦးညိုစော (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ …………………………………………………………. နေပြည်တော်၊ စက်တင်ဘာ ၁ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွား ရေးဖိုရမ်သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ပညာတတ်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် အမြုတေရတနာများဖြစ် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့ ဦးတည်တည်ဆောက်ရာတွင် အဓိကမောင်းနှင်အားမှာ အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအားပင်ဖြစ်သည်။ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့မီးမောင်းထိုးပြကာ အမှာစကားပြောကြားခဲ့သည်။ ဗလငါးတန်နှင့် စွမ်းရည်မြင့်မားရေး နိုင်ငံတော်သမ္မတ၏ အမှာစကားတွင် အတွေးအခေါ်မြင့်မားပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ထူးချွန်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် အမြုတေရတနာများ ဖြစ်ကြောင်း အလေးအနက်ထား ထည့်သွင်းပြောကြားခဲ့သည်။ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ရေး - နိုင်ငံတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်မှာ ပညာရေးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနယ်ပယ်တို့မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ နည်းပညာ၊ စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍများကို ဦးဆောင်ကြမည့်သူများဖြစ်သည်။ အမြုတေရတနာများ၏ အခန်းကဏ္ဍ - ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် ကိုယ်ကျင့်တရားနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပြည့်ဝလာမှသာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စေတနာစွမ်းအားတို့ ခိုင်မာအားကောင်းမည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏ တာဝန် ယနေ့ဂုဏ်ပြုခံရသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရရှိထားသည့် ပညာရပ်များကို အခြေခံ၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားသော အရေးပါသည့် ဘာသာရပ်များတွင် ဆက်လက်ဆည်းပူးကာ နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ ပညာတတ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှု၊ စွဲမြဲသည့် ဝိရိယနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့သည် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သော အဖိုးတန်အရင်းအမြစ်များဖြစ်ရာ၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းသည် လူငယ်များ၏ စိတ်ဓာတ် ပိုမိုတက်ကြွစေပြီး အနာဂတ်အတွက် ခိုင်မာသည့် လမ်းပြမြေပုံတစ်ခုကို ဖော်ဆောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။

photo content

အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန် အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ
အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန် အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။ "သူတိုဟာ ကျရှုးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို သူတိုကို ထပ်မနှက်တော့ဘူးလို ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့" လို သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရ
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့်မှတ်တမ်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်တော်၊ စက်တင်ဘာ ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်မည်

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ  ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။