သိင်္ခ
Открыть в Telegram
အသိတိုး
БольшеСтрана не указанаКатегория не указана
1 071
Подписчики
Нет данных24 часа
-227 дней
-5530 дней
Архив постов
1 072
အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် နေပြည်တော်၌ ကျင်းပ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး/ကုန်သွယ်ရေး၊ လေကြောင်းလိုင်းနှင့် MSME ဖွံဖြိုးရေး၊ ညီအစ်မမြိုများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ ၃၀
အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို စက်တင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ MGallery Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
1 072
အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များ မှန်ကန်ရေး သက်ဆိုင်သူများနှင့် ကော်မတီအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မှာကြား
𝙎𝙀𝙋~𝟑𝟎
လူဦးရေစာရင်းများ ပြုစုရာတွင် မြိုနယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်းနှင့် လူဦးရေအတိုးအလျော့၊ ပြောင်းဝင်/ပြောင်းထွက်၊ သေဆုံးပယ်ဖျက်စာရင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ကော်မတီအဆင့်ဆင့်က သက်ဆိုင်ရာရုံးများနှင့် ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။
1 072
ရုရှားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆိုမှုတချို လျှော့ချမယ့် အစီအစဉ် ထရမ့် ထောက်ခံ
ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆိုဒဏ်ခတ်မှုတချိုကို လျှော့ချပေးမယ့် အဆိုပြုချက်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံလိုက်တယ်လို The Atlantic မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
မဂ္ဂဇင်းရဲ့ သတင်းရင်းမြစ်တွေအရဆိုရင် ဘီလာရုစ်နိုင်ငံဆိုင်ရာ ထရမ့်ရဲ့ အထူးကိုယ်စားလှယ် ဂျွန်ကိုးလ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက ဒီအကြံဉာဏ်ကို သမ္မတဆီ တင်ပြခဲ့တာပါ။ အဲဒီအဆိုပြုချက်က ရုရှားဘက်ကနေ အကျဉ်းသားတချိုကို ပြန်လွှတ်ပေးရင် အဲဒီအစား ဝါရှင်တန်ဘက်ကလည်း ရုရှားစီးပွားရေးအပေါ် ကန့်သတ်ထားတာတချိုကို ဖြေလျှော့ပေးဖို ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် ရုရှားရဲ့ ရေနံ၊ ဒီဇယ်၊ မြေရှားသတ္တုနဲ့ တခြား ကုန်ပစ္စည်းတွေပါဝင်တဲ့ အကျိုးအမြတ်များမယ့် အရောင်းအဝယ်တွေ လုပ်လာနိုင်တဲ့ လမ်းစပေါ်လာနိုင်တယ်လိုလည်း မဂ္ဂဇင်းမှာ ရေးထားပါတယ်။
1 072
(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဖိုရမ်သို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်
နေပြည်တော်၊ စက်တင်ဘာ ၃၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို၌ စက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖိုရမ် (XII Saint Petersburg International United Cultures Forum) သို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ပါဝင်တက်ရောက်ခဲ့သည်။
1 072
နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
𝙎𝙀𝙋~𝟑𝟎
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တိုက်တွန်းမှာကြားသည်။
1 072
ဖော့ကလန်ကျွန်းစုအနီး ရေနံတူးဖော်မှု ၂ ပတ်အတွင်း ရပ်တန့်ရန် ဗြိတိန်ကို Milei အစိုးရ သတိပေး
𝙎𝙀𝙋~𝟐𝟗
ဖော့ကလန်ကျွန်းစုအနီး မြောက်ပိုင်းဖော့ကလန်မြစ်ဝှမ်း (North Falkland Basin) တွင် ဆောင်ရွက်နေသည့် Sea Lion ရေနံစီမံကိန်းနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို ၂ ပတ်အတွင်း ရေနံရှာဖွေ၊ ထုတ်ယူရေးလုပ်ငန်းများ ရပ်တန့်ရန် အာဂျင်တီးနားသမ္မတ Javier Milei က တရားဝင်အသိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းဥပဒေခုံရုံး (ITLOS) ထံ အရေးပေါ်ကြားဖြတ်အမိန့် တောင်းခံသွားမည်ဟု စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
1 072
မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးဆွေးနွေး
မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံတို ဆွေးနွေးခဲ့ကြသည်။
1 072
+7
HSD ဒီဇယ်ဆီနှင့် LNG အပေါ် အခွန်ကင်းလွတ်ခွင့် ဆက်လက်တိုးမြှင့်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
(လွှတ်တော်) စက်တင်ဘာ ၂၉
1 072
+1
လွိုင်ကော်မြို့၌ ကယားတိုင်းရင်းသားတို့၏ ရိုးရာပွဲတော် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပ
လွိုင်ကော် စက်တင်ဘာ ၂၉
ကယား တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။
အဆိုပါပွဲတော်သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
1 072
+1
အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား
အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံဆောင် ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် က စက်တင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ဧရာဝတီတိုင်းသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်လည်းကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားရန်၊ ချောင်းကော၊ မြောင်းကောများကို စည်ပင်အဖွဲ့က စက် ယန္တရားများဖြင့်တူးဖော်ရန်နှင့် ရေသွင်းရေထုတ် မြောင်းများ၊ ချောင်းများကိုရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနက တူးဖော်ဆောင်ရွက်ရန် မှာကြားသည်။
1 072
အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစော မှာကြား
အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government ကူးပြောင်းနိုင်ရေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပသည့် e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေး၌ မှာကြားသည်။
နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ကျယ်ပြန့်စွာအကောင်အထည်ဖော်ပြီး အစိုး ရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ကူးပြောင်းနိုင်ရေးဆောင်ရွက်ရမည့်ကိစ္စများ၊ လုပ်ငန်းစဉ်များအောင်မြင်စေရန် အစိုးရကဏ္ဍတစ်ခုတည်းကဆောင်ရွက်ရုံမက ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပါဝင်သည့် Public-Private Partnership (PPP) မူဘောင်များဖော်ဆောင်ရေးတို့ကို မှာကြားသည်။
1 072
သုဝဏ္ဏဘူမိလေဆိပ် ခရီးဆောင်အိတ်ပြဿနာ မဖြေရှင်းနိုင်ပါက ထိုင်းလေကြောင်းလိုင်း အကြီးအကဲ ရာထူးမှနုတ်ထွက်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဆို
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ဆူရဆက် ဖန်ချာရိုအန်ဝိုရာကူက သုဝဏ္ဏဘူမိလေဆိပ်တွင် ဖြစ်ပေါ်နေသည့် ခရီးဆောင်အိတ်များ စုပုံနေမှုနှင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေးနေမှု ပြဿနာကို မဖြေရှင်းလိုပါက Thai Airways အမှုဆောင်အရာရှိချုပ် ချိုင် အမ်စီရီအနေဖြင့် ရာထူးမှနုတ်ထွက်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုလိုက်သည်။
1 072
မြိုင်မြိုနယ်၌ တရားမဝင်လုပ်ကိုင်သည့် ရေနံတွင်း (၁၃၁)တွင်းအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူတွေ့ရှိ မီးရှိဖျ-က်ဆီးခဲ့
မကွေးတိုင်း၊ မြိုင်မြိုနယ်တွင် အကြမ်းဖက်အဖွဲဝင်များနှင့် ၎င်းတိုကို ဆက်ကြေးပေး၍ တရားမဝင်လုပ်ကိုင်နေသည့် ရေနံတွင်း(၁၃၁)တွင်းအား လုံခြုံရေးအဖွဲဝင်များက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
1 072
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် ATR 72-600 လေယာဉ်သစ် (မှတ်ပုံတင် XY-ANE) “နေပြည်တော်” ကို ပြင်သစ်နိုင်ငံ တူးလော့မြို့မှ ရန်ကုန်သို့ စက်တင်ဘာ ၂၉ ရက်တွင် သယ်ယူရောက်ရှိခဲ့ပြီး ရေပက်ဖျန်းကြိုဆိုခဲ့ပါသည်။ ယခုလေယာဉ်သစ်သည် MAI ၏ ပြည်တွင်း/ပြည်ပ လေကြောင်းဆက်သွယ်ရေး ကွန်ရက်ကို ပိုမိုကျယ်ပြန့်စွာ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
1 072
ကုန်းတွင်းမုန်တိုင်းငယ် ရေနံချောင်းနှင့် ကျောက်ပန်းတောင်းအကြား ဆက်လက်ဖြတ်ကျော်နေ
𝙎𝙀𝙋~𝟐𝟗
ရေတာရှည်မြို၏ အနောက်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားနေပြီး ယနေ့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ရေနံချောင်းမြိုနှင့် ကျောက်ပန်းတောင်းမြိုတိုအကြားမှ ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ သိရသည်။
1 072
အောက်တိုဘာအတွင်း နိုင်ငံတကာဘောလုံးပွဲစဉ်များ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၂၉
မြန်မာနိုင်ငံ၌ အောက်တိုဘာလအတွင်း လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပွဲစဉ်များနှင့် အာရှအဆင့် ကလပ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က စက်တင်ဘာ ၂၉ ရက်တွင် အသိပေးထားသည်။
1 072
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေဟု အလုပ်သမားဝန်ကြီးပြောလာမည့်တစ်နှစ်ခန့်အတွင်း ဖွံဖြိုးတိုးတက်မှုများ စတင်မြင်တွေ့ရနိုင်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂၉
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။ အဆိုပါပြောကြားချက်ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ညှိနှိင်းဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
1 072
ပေါင်မြိုနယ်ရှိ ရေကျော်နေသည့်နေရာတွင် ရေနုတ်မြောင်းများကိုပြန်လည်တူးဖော်ပြီး အမှိက်သရို-က်များဖယ်ရှားရှင်းလင်း
မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ သဲဖြူကုန်းကျေးရွာအုပ်စုရှိ "စွမ်းမြန်မာ"စက်သုံးဆီအရောင်းဆိုင်အနီးလမ်းမပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေကျော်လျက်ရှိကြောင်း သိရသည်။
1 072
မလေးရှားက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို စတင်ပြန်လည်ပိုဆောင်
𝙎𝙀𝙋~𝟐𝟗
မလေးရှားနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်တဲ့ ပထမအဆင့်အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှာ စတင်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနဲ့ သတင်းဌာနတွေက ဖော်ပြပါတယ်။
အဆိုပါအစီအစဉ်ဟာ မလေးရှားနိုင်ငံက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အထိကို အဆင့်လိုက် ပြန်လည်ပိုဆောင်ဖို မြန်မာနိုင်ငံအစိုးရနဲ့ မလေးရှားအစိုးရတိုအကြား ညှိနှိင်းထားတဲ့ အစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်တယ်လို ဆိုပါတယ်။
မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ပထမအုပ်စုမှာ ပါဝင်တဲ့ ၁,၄၇၆ ဦးဟာ မြန်မာအစိုးရက သံတမန်ရေးစာနဲ့ တင်ပြထားတဲ့ စာရင်းအရ သတ်မှတ်ထားသူတွေဖြစ်ပြီး မိမိဆန္ဒအလျောက် ပြန်လည်သွားရောက်ဖို သဘောတူထားသူတွေဖြစ်ကြောင်း ပြောထားပါတယ်။
