သိင်္ခ
Открыть в Telegram
အသိတိုး
БольшеСтрана не указанаКатегория не указана
1 071
Подписчики
Нет данных24 часа
-227 дней
-5530 дней
Архив постов
1 068
ရှမ်းပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ ကို ဆုပေးပွဲ ကျင်းပပြုလုပ်
ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအချိန် တောင်ကြီးမြို၊ မြိုတော်ခန်းမတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲမှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရဿည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ကာ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မြိုနယ်ကျောင်းများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
1 068
စမ်းချောင်းရှိ ဟိုတယ်တစ်ခု ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အရေးယူ၊ နစ်နာဓာတ်အားခ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းရမည်
ရန်ကုန်၊ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ သီရိခေမာရပ်ကွက်ရှိ ရွိင်ရယ်ခတ္တာဟိုတယ်တွင် လျှပ်စစ်ဓာတ်အား တရားမဝင်ခိုးယူသုံးစွဲထားမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး နိုင်ငံတော်က နစ်နာဆုံးရှုးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
1 068
စက်တင်ဘာလလယ်မှစ၍ ထိုင်းရေကြီးမှုများအတွင်း သေဆုံးသူရှစ်ဦးရှိသည်ဟု ဘေးအန္တရာယ်တားဆီးရေးနှင့်လျော့ပါးရေးဌာန(DDPM) ထုတ်ပြန်
လွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်က မိုးသည်းထန်ခဲ့သဖြင့် ဘေးအန္တရာယ်ကျရောက်နေကြောင်း ကြေညာ ထားသည့် မြိုတော်ဘန်ကောက်တွင် သေဆုံးသူမရှိခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်ကတည်းက ထိုင်းရေကြီးမှုအတွင်း ရှစ်ဦးသေဆုံးခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်တွင် အစိုးရက ပြောကြားသည်
1 068
ထရန့်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်
အမေရိကန်၏ထောက်ခံမှုဖြင့် ဗင်နီဇွဲလားယာယီအစိုးရနှင့် အတိုက်အခံတိုကြား ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃၉ ဦး လွတ်မြောက်လာခဲ့သည်။
လူ့အခွင့်အရေးအဖွဲ JEP ၏ အဆိုအရ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတိုထဲတွင် ၂၀၂၁ ခုနှစ်က မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသမီးရှစ်ဦးနှင့် ၂၀၂၀ ခုနှစ်တွင် သမ္မတဟောင်း နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းမှု၌ အမေရိကန်နှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲခံထားရသူခြောက်ဦးတို ပါဝင်သည်။
ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်ဇ် ဦးဆောင်သည့် အစိုးရနှင့် အတိုက်အခံတိုကြား ဒုတိယအကြိမ် ဆွေးနွေးပွဲအပြီး ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့် နယူးယောက်မြိုတွင် ယာယီသမ္မတ ရိုဒရီဂက်ဇ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို တွေ့ဆုံခဲ့အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းဖြစ်သည်။ ရိုဒရီဂက်ဇ်သည် ယခင်သမ္မတ မာဒူရိုလက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
1 068
မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေ
မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုးဇလ၏ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။
1 068
အီသီယိုပီးယားမြောက်ပိုင်းတွင် သူပုန်များကစစ်ရှိန်မြှင့်တိုက်ခိုက်နေပြီး တီဂရေး
ရုပ်သံဌာန ဒရုန်းဖြင့် တိုက်ခိုက်ခံရ
အီသီယိုပီးယားနိုင်ငံ၏မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲများကို အဲရီထရီးယားနှင့် ဆူဒန်နိုင်ငံတိုက နောက်ကွယ်မှ ကူညီပံ့ပိုးနေကြောင်း အီသီယိုပီးယားစစ်တပ်အကြီးအကဲက စက်တင်ဘာ ၂၇ ရက်တွင် စွပ်စွဲခဲ့သည်။
စက်တင်ဘာ ၂၃ ရက်မှစတင်၍ ဖက်ဒရယ်အစိုးရတပ်ဖွဲများနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို ပြင်းထန်သောတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ လူပေါင်း ၆၀၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၂၀၂၀-၂၀၂၂ ပြည်တွင်းစစ်တစ်ကျော့ ပြန်လာမည်ကို စိုးရိမ်မကင်း ဖြစ်နေသည်။
1 068
ဘန်ကောက်တွင်ရေကြီး၍ အစိုးရရုံးများ နှစ်ရက်ပိတ်ပေး
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်နှင့် အိမ်နီးချင်း ပြည်နယ်သုံးခုရှိ အစိုးရဝန်ထမ်းများအတွက် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များကို အထူးရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြောင်း ထိုင်းအစိုးရအဖွဲက တနင်္ဂနွေနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
1 068
လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်
လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်က လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုအခြေအနေကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
1 068
ဗုဒ္ဓသာသနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခု
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ ဓမ္မသဟာယသာသနစင်တာတွင် သီတင်းသုံးနေတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ စက်တင် ဘာ ၂၇ ရက်တွင် နှုတ်ဆက်ဂါရဝပြုခဲ့သည့် ဗုဒ္ဓသာ သနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခုကို ဖော်ပြလိုက်ရပါသည်။
ဓမ္မသဟာယသာသနစင်တာရှိ သံဃာတော်များကလည်း သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ခရီး ဦးကြိုဆို၍ ပူဇော်ဂါရဝပြုခဲ့ကြသည်။
Noted: ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ အင်မတန်အံ့ဩစရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်လောက်ကဆိုဆုံးမခဲ့တဲ့ ဓမ္မရဲ့ အသီးအပွင့်တွေက အခုထိကို လက်ဆင့်ကမ်းပြီး ဖူးပွင့်နေတာတွေ့ရပါတယ်။ ဒီလိုသူတော်ကောင်းတရားတွေ မပျောက်မပျက်ပဲ တည်တံ့နိုင်ပါစေ။
1 068
ထရန့်က တရုတ်ထံ လက်နက်များရောင်းချရန် ကမ်းလှမ်းခဲ့သည်ဟု အမေရိကန်သံအမတ် ပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်(တိုင်ပေ)သို လက်နက်ရောင်းချမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုကို တုံပြန်သည့်အနေဖြင့် ပေကျင်းအား လက်နက်များရောင်းချရန်ကမ်းလှမ်းခဲ့သည်ဟု တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က စက်တင်ဘာ၂၇ရက်တွင်ထုတ်လွှင့်ခဲ့သည့် Fox News အင်တာဗျူးတွင်ပြောကြားခဲ့သည်။ တရုတ်ကတရုတ်(တိုင်ပေ)ကို၎င်း၏နယ်မြေအစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားထားသည်။
1 068
ဘန်ကောက်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးပြီး တရားစွဲဆို
ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသည် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘန်ကောက်မြိုတော်၏ နယူး ဖက်ချာဘူရီ လမ်းမပေါ်တွင် Jet ski စီးခဲ့ပြီးနောက် အများပြည်သူအား စိတ်အနှောက်အယှက်ဖြစ်စေမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကာ စက်တင်ဘာ ၂၈ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
1 068
ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာ ၂၀ ရက်တွင်ကျင်းပမည်
ပဲခူးတိုင်း၊ ပဲခူးမြိုရှိ ရှေးဟောင်းဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာ ၂၀ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲထံမှ သိရသည်။
1 068
တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့် ကျေးရွာ ၄၀ ကျော် ရေနစ်မြုပ်၊ ဒေသခံအချို ေ-သဆုံး၊ ပျေ-ာက်ဆုံးမှုရှိဟု ကယ်ဆယ်ရေးအဖွဲများပြော
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံး၊ ထားဝယ်နှင့် သရက်ချောင်းမြိုနယ်များတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားကာ ကျေးရွာပေါင်း ၄၀ ကျော် ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံအချို ေ-သဆုံး၊ ပျေ-ာက်ဆုံးမှုများရှိနေကြောင်း သိရသည်။
1 068
ထန်းတပင်အလုပ်သမားဆေးရုံတွင် အောက်တိုဘာလအတွင်း ကျောက်ကပ်သွေးသန့်စင်ကုသမှု စတင်ပေးနိုင်ရန် စီစဉ်
ရန်ကုန်၊ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြိုနယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် တပ်ဆင်ပြီး စမ်းသပ်လည်ပတ်နေပြီဖြစ်ကာ လာမည့်အောက်တိုဘာလအတွင်း အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ကုသမှု စတင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။
1 068
စမ်းချောင်းမြိုနယ်ရှိ ရွိင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်မီးခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်အရေးယူ
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြိုနယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ် (၂၃) ရှိ ရွိင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုးခဲသည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Noted: ပြောလိုက်ရင်လည်း ဒီမိုကရေစီက ပါးစပ်ကမချဘူး။ လုပ်နေတာတွေက ကလေကချေ အလကားရ အချောင်နိုက်တဲ့လုပ်ရပ်တွေ ။ ဒီအကျင့်တွေမပြင်သေးသမျှကတော့ "ဤခရီးနီးသလားမေးရင် ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေအုန်းမှာပါပဲ"
သိင်္ခ
1 068
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာသန့်ဇော်လွင်ဟာ တာဝန်ရှိသူတွေနဲ့အတူ ဖလမ်းမြို မြိုအင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲနဲ့ မီးသတ်တပ်ဖွဲဝင်တွေ အပတ်စဉ် စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
ဒုဝန်ကြီးဟာ ကျင်မွာလ်ရပ်ကွက် ဗန်ကာအိုလမ်း ဝဲယာ ချုံနွယ်ရှင်းလင်းမှု၊ တောင်ဇလပ်လမ်း အမှိက်ရှင်းလင်းမှုနဲ့ ရန်ပြေမာန်ပြေ စေတီတော် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေတာတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်အားပေးနေကြတဲ့ အင်အား ၂၅၆ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
Noted: ဒီဒုဝန်ကြီးဆိုရင် ဖလမ်းမှာ အတော်ကြာနေပြီဆိုတာ သတိထားမိပါတယ်။ ဒေသပြန်လည်ဖွံ့ဖြိုးဖို့ နေရာတော်တော်များများကို လူကြီးတွေ ခပ်စိပ်စိပ်လာနေကြတာကိုလည်း သတိထားမိပါတယ်။ ပြောချင်တာက ပြည်သူ့အတွက်သာဆိုတယ် သူတို့ သိမ်းထားတဲ့မြို့တွေမှာ ဒေသဖွံ့ဖြိုးရေး ဘာတစ်ခုမှ မဆောင်ရွက်ထားကြဘူး။ ဒေသခံတွေလည်း အတော်လေး အတိဒုက္ခ ရောက်ကြရပါတယ်။ တကယ်သာ ပြည်သူသာအမိ ပြည်သူသာ အဖဆိုရင် ပြည်သူအတွက် ကြည့်ရမှာလေ။ အခုတော့ NUG, PDF တွေလုပ်နေတာက ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူအတွက်မဟုတ်ပဲ နဂိုက ဆင်းဆင်းရဲရဲနေခဲ့ရလို့ အခုလက်နက်အားကိုးပြီး ချမ်းသာအောင်လုပ်နေကြတာ သွားတွေ့ရပါတယ်။ ဒီလိုလုပ်နေတာကိုလည်း အတော်တုံးအတဲ့ လူတွေက မျက်စီစုံပိတ်ပြီး အားပေးနေတုန်းပဲ။ ပြည်သူတွေ ဒီဒုက္ခကနေ မြန်မြန်လွတ်ခြင်း မလွတ်ခြင်းက ဒီလိုလုပ်ရပ်တွေကို အားပေးနေတာ မြန်မြန်စွန့်လွတ်ခြင်း မစွန့်လွတ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
1 068
၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ
နယူးယောက်၊ စက်တင်ဘာ ၂၈
၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး စတင်ခဲ့ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တိုသည် စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြိုရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ခေတ္တတွေ့ဆုံခဲ့ကြသည်။
ဂျာမနီဘက်က စက်တင်ဘာ ၂၅ ရက်တွင် "နောက်ဆုံးအချိန်ရောက်မှသာ" တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Sergei Lavrov က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် Sergei Lavrov ၏ အထွေထွေညီလာခံ မိန့်ခွန်းမပြောကြားမီ အချိန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
