သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 068
مشترکین
اطلاعاتی وجود ندارد24 ساعت
-197 روز
-5630 روز
آرشیو پست ها
1 068
🌪️ မုန်တိုင်းငယ်ဘယ်ရောက်နေပြီလဲ???
၂၈ရက် ညပိုင်းအထိ ပဲခူးတိုင်း အရှေ့ပိုင်းကနေ →မြောက်ပိုင်း ( ဖြူး ~ တောင်ငူ )→ ရန်ကုန်တိုင်း
မြောက်ပိုင်း ( ၂၉ ရက်နေ့ မနက်အစောပိုင်း )
→ အခုတော့ ပဲခူးတိုင်းအနောက်မြောက်ပိုင်း
နဲ့ ဧရာ၀တီတိုင်းမြောက်ပိုင်းတို့ကနေ→ မကွေး
တိုင်းတောင်ပိုင်းတို့ဆီမဟုတ်တေ ပျံ၀ဲဖြန့်ကျတ်
နေပြန်တဲ့ လေထုစနစ်။
“မုန်တိုင်းငယ်စနစ်ဟာ အားကောင်းလာနေ
တယ်” ဆိုတဲ့ပုံစံ မဟုတ်တော့ဘူး။ ကုန်းတွင်း
ဝင်ပြီး အားလျော့နေတဲ့အဆင့် ဖြစ်ပါမြန်မြ
ကုန်းတွင်းဝင်သွားတဲ့အခါ မြေပြင်ပွတ်တိုက်
မှုနဲ့ အစိုဓာတ်ရင်းမြစ် လျော့လာတာကြောင့်
ဗဟိုလေတိုက်အားက မြန်မြန်ကျနိုင်ပါတယ်။
ဒါပေမယ့်—
မုတ်သုံလေ + လေထုထဲကျန်နေတဲ့ အစိုဓာတ်
+ ရွေ့လျားနေတဲ့ မိုးတိမ်တောင်တွေက ဆက်
ရှိနေဦးမှာပါ။
မုန်တိုင်းငယ်အရှိန်နဲ့ စု၀င်လာမယ့်မိုးတိမ်တန်း (တိမ်တောင်)တွေနဲ့အတူ ထစ်ချုန်းအခြေနေ
တွေ ဖြစ်ပေါ်နိုင်တာကြောင့် မိုးကြိုး၊လေပြင်း
နဲ့ နေရာကွက်မိုးကြီးနိုင်တာကို သတိပြု
နိုင်ဖို့ပါ။ ဖြတ်သန်းရာဆက်စပ်ဒေသတွေဟာ
အထက်ပါဖြစ်စဥ်တွေကို အထူးသတိထားပါဗျ။
1 068
ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ပြန်ဆက်နိုင်ခဲ့
𝙎𝙀𝙋~𝟐𝟗
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အထည်ဖြတ်စက်ဖြင့် ထိခိုက်ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ Replantation Surgery ဖြင့် အောင်မြင်စွာ ပြန်လည်ဆက်သွယ်ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
1 068
အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ရန်ကုန်မြိုရှိ အမေရိကန်သံရုံး ထုတ်ပြန်
အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ရန်ကုန်မြိုရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ယုံကြည်စိတ်ချရသော ဘာသာရေးအခြေပြုနှင့် လူမှုအဖွဲအစည်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးရှိသော ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Noted: UN, အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်လာမှုတစ်ရပ်လို့ မြင်ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ အစိုးရကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံလာပြီဆိုတော့ UN သံအမတ်နေရာကနေ ကျော်မိုးထွန်းဖယ်ခံရဖို့က ရာခိုင်နှုန်းပိုများသွားပြီလို့ ပြောလို့ရသွားပြီ။ ဝမ်းသာစရာသတင်းကောင်းပါပဲ။
သိင်္ခ
1 068
"ရန်သူ့တပ်ဖွဲ့များကို အာရေဗျပင်လယ်မှ မကြာမီ မောင်းထုတ်မည်” ဟု အီရန်ခေါင်းဆောင် ခါမေနီပြော
စက်တင်ဘာ ၂၈၊ ၂၀၂၆
အီရန်တပ်ဖွဲ့များက “ရန်သူ” ကို အီရန်တောင်ပိုင်း ရေပြင်မှ အာရေဗျပင်လယ်ဘက်သို့ တွန်းထုတ်ထားပြီး မကြာမီ ထိုပင်လယ်မှပါ မောင်းထုတ်မည်ဟု အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာ ခါမေနီက ရေးသားထုတ်ပြန်သော သတင်းစကားတွင် ပြောကြားသည်။ ဟော်မုဇ်ရေလက်ကြားကို ကာကွယ်သူများနှင့် အီရန်တိုက်ခိုက်ရေးသမားများ၏ “ပြင်းထန်သော ထိုးနှက်ချက်များ” ခံခဲ့ရသဖြင့် ရန်သူများသည် အာရေဗျပင်လယ်ကို ကျော်၍ မချဉ်းကပ်ရဲတော့ကြောင်း ၎င်းက ဆိုသည်။
အီရန်–အီရတ်စစ်ပွဲနှင့် ၂၀၂၄ ခုနှစ်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန် နာဆရယ်လာ အစ္စရေး၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ယင်းသတင်းစကားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “သူတို့ ထိုသို့လုပ်ရန် စွန့်စားခဲ့သည့်အခါတိုင်း ကိုယ့်ကိုယ်ကိုသာ ထိခိုက်စေခဲ့ပြီး အာရေဗျပင်လယ်တွင်လည်း ၎င်းတို့၏ တည်ရှိမှု ကင်းစင်မည့်အချိန် နီးကပ်လာနေပြီ” ဟု ခါမေနီက ပြောသည်။ ထို့ပြင် “အချို့က ကျွန်ုပ်တို့ကို ကမ္ဘာ့စတုတ္ထမြောက် အင်အားကြီးနိုင်ငံအဖြစ် ရှုမြင်ကြသည်” ဟုလည်း ၎င်း၏ သတင်းစကားတွင် ဖော်ပြထားသည်။
1 068
ပြည်သူ့ဆန္ဒနှင့် လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေး လွှတ်တော်က ကြိုးပမ်းနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
《𝙎𝙀𝙋~𝟐𝟗》
ပြည်သူ့လွှတ်တော်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းနေပြီး ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော် တတိယအကြိမ် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့မှ တာဝန်ရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
1 068
မလေးရှား၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ ဇနီး အသက် ၁၀၀ အရွယ်၌ ကွယ်လွန်
စက်တင်ဘာ ၂၈
မလေးရှားနိုင်ငံသမိုင်းတွင် ဝန်ကြီးချုပ်ရာထူးကို သက်တမ်းအရှည်ဆုံး တာဝန်ထမ်းခဲ့သည့် မဟာသီယာမိုဟာမက်၏ဇနီးသည် ဆီတီဟက်စ်မာမိုဟာမက်အလီသည် ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် အမျိုးသားနှလုံးရောဂါဗေဒဆိုင်ရာ အင်စတီကျု၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီ ဖြစ်ကြောင်း နိုင်ငံပိုင် Bernama သတင်းက အတည်ပြုဖော်ပြသွားခဲ့သည်။
1 068
မိုးရွာသွန်းမှု လျော့ကျ၊ ဘန်ကောက်အရှေ့ပိုင်း ရေလွှမ်းမှုဆက်ဖြစ်နေ
ဘန်ကောက်၊ စက်တင်ဘာ ၂၈
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် စက်တင်ဘာ ၂၇ ရက်က မိုးရွာသွန်းမှု လျော့ကျသွားသော်လည်း ရေလွှမ်းမိုးမှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ် သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ရေကြီးရေလျှံမှုများ ရှိနေဆဲဖြစ်သည့် နေရာ ဒေသများတွင် အိမ်ရာများနှင့် ကွန်ဒိုအဆောက်အအုံ အများအပြား တည်ရှိနေပြီး ဒေသခံများက စိတ်ပျက်ညည်းညူနေကြသည်။
1 068
ဘန်ကောက်ရေကြီးမှု ကုန်ပစ္စည်းများဝယ်စု၍ ပြတ်လပ်
ဘန်ကောက်၊ စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ကုန်ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်ပူပန်နေသည့် ဒေသခံများသည် စတိုးဆိုင် များရှိ ကုန်ပစ္စည်းများကို ကြောက်လန့်တကြား ဝယ်ယူစုဆောင်းနေသဖြင့် ကုန်စုံဆိုင်များနှင့် ၂၄ နာရီဖွင့်သည့် စတိုးဆိုင်များတွင် ပစ္စည်းများ ပြတ်လပ်သွားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၅ ရက် အစောပိုင်းမှစ၍ နာရီ ၃၀ ကျော်ကြာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် နေရာ အတော် များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ဘန်ကောက်မြို့၏ ဈေးဝယ်ယူမှု အခြေအနေများကို Thansettakij သတင်းဌာနက လှည့်လည်ကြည့်ရှုခဲ့သည်။
1 068
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး
ဘားအံ,စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့သည် မိုးများသည့်ဒေသဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသည့်အတွက် ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက ရွှေကင်း-ကမော့ ကစင်တူးမြောင်း တိမ်ကောနေမှုအား ယာဉ်၊ယန္တရားများအသုံးပြု၍ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
1 068
+2
ဖြူးမြို့နယ်အနီးမှ ဆက်လက်ဖြတ်ကျော်နေသည့် မုန်တိုင်းငယ်အား အညိုရောင်အဆင့် သတ်မှတ်
(မိုးလေဝသ) စက်တင်ဘာ ၂၉
1 068
အန္တရာယ်ကင်းနိုင်ဖို့ AA သူပုန်နဲ့ဝေးဝေးနေတတ်ဖို့လိုမယ်
၂၉-၉-၂၀၂၆
ရခိုင်၊ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားနှင့်ဈေးအနီး စက်တင်ဘာ ၂၈ ရက်နေ့က ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ AA သူပုန်တွေ ရာကျော် သေဆုံးသွားခဲ့ပါတယ်။
ဘာကြောင့်ဗုံးကြဲခံရသလဲဆိုတော့ အဲ့ဒီနေရာဟာ AAသူပုန်အတွက် ရေလမ်းက ပို့သမျှထောက်ပို့ပစ္စည်းတွေကို သိမ်းဆည်းထားတဲ့နေရာဖြစ်ပြီး AAသူပုန်အများအပြား စုဝေးလှုပ်ရှားနေတဲ့ နေရာတစ်ခုဖြစ်နေလို့ပါပဲ။
ရခိုင်ပြည်ကို 4926 Operation စစ်ဆင်ရေးကြီးအဖြစ် စစ်မျက်နှာပေါင်းစုံကနေ ထိုးစစ်ဆင်နွှဲနေတဲ့ အချိန်ကာလမှာ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့လည်း အန္တရာယ်ကင်းဖို့ ၊AAသူပုန်ရဲ့ အသုံးချခံဘဝမရောက်စေဖို့ဆိုရင် သူပုန်တွေနဲ့ ဝေးဝေးနေတတ်ဖို့ လိုပါလိမ့်မယ်။
1 068
+1
PDF လက်ချက်ကြောင့် မုံရွာ-မန္တလေးပြေးဆွဲသည့် ခရီးသည်တင်ယာဉ် မိုင်းထိကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် သုံးဦးဒဏ်ရာရ
《𝙎𝙀𝙋~𝟐𝟗》
မန္တလေးမြို့မှ မုံရွာမြို့ဘက်သို့ ပြေးဆွဲလာသည့် AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ် ၄၂/၅ ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ မော်တော်ယာဉ်ကို မြိုင်မြို့နယ်၊ လင်းကတောကျေးရွာနေ ယာဉ်မောင်း ဦးဇင်ကိုအောင် မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင်သည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။
ထို့အပြင် ဆရာတော် ဘဒ္ဒန္တသီလာစာရ၊ ရေစကြိုမြို့နယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့်နှင့် ယာဉ်မောင်း ဦးဇင်ကိုအောင်တို့မှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
1 068
+3
ကျောက်တော်ဖြစ်စဉ်ကြောင့် AA က စာအရှည်ကြီး ထုတ်တယ်။ တာဝန်ရှိသူတွေကို လက်တုံ့ပြန်မယ်ပေါ့လေ။
ကိုယ်တော့ ခုချိန် ငြိမ်းချမ်းရေး အသံ မကြားချင်သေးဘူး။ အကြွေးတွေက အများကြီး ကျန်နေသေးတယ်။
သတင်းရရင် ရသလို ခုလိုပဲ အမှုန့်ကြိတ်။ မြေပြင်ကလည်း ဖြတ် ၄ ဖြတ်ကို နာနာလုပ်။ စစ်တွေထက်တောင် AA ထိန်းချုပ်ဒေသက ကုန်ဈေးနှုန်းတွေ ဈေးချိုနေသေးတယ်လို့လည်း ဆိုထားတာမလား။ လေယာဉ်သံကြားနေရင်ကို စိတ်ခြောက်ခြားနေရအောင်အထိ နာနာဗျင်း။
ဒါမှ အတုံ့အလှည့်ဆိုတဲ့ သဘော နားလည်မှာ။
(နရီမိုး)
1 068
အလှည့်ကျ မနွဲ့စတမ်းပေါ့
ကယောင်ကတမ်းတွေ ဘာလို့ ထအော်ပြနေတာလဲ??
ခြိမ်းခြောက်တယ်ဆိုတာ ဇ ရှိမှ လုပ်လို့ရတဲ့အလုပ်နော် 👌👌
အရင်ဆုံး ကိုယ်ဘယ်မှာ နေနေရတယ်ဆိုတာသာ ချပြပေးကြည့်ပါဦး 😅😅
1 068
အားကောင်းသောမုန်တိုင်းငယ် ကျိုက်ထိုမြိုအနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထား၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက်ဖြတ်ကျော်နိုင်
𝙎𝙀𝙋~𝟐𝟗
စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခွဲ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်ကျိုက်ထိုမြို၏ တောင်ဘက်မှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး ကျိုက်ထိုမြိုအနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိသသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်း သောမုန်တိုင်းငယ်သည် သုံးခွမြို၏ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်၊ ပဲခူးမြို၏ အရှေ့ဘက် ၃၅ မိုင်ခန့်နှင့် ဖြူးမြို၏ တောင်-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာကို ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ကာ ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတိုကို ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
1 068
ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ်
𝙎𝙀𝙋~𝟐𝟗
ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို တပ်မတော်စစ်ကြောင်းများက စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNU၊ KNLA နှင့် PDF အမည်ခံ အဖွဲများ ယာယီထိန်းချုပ်ထားသည့် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက မေလ ၅ ရက်မှစတင်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
1 068
အကြမ်းဖက် CRPH ၊ NUG အဖွဲများအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family - PRF Website သို ငွေကြေးထောက်ပံ့ပေးပိုသူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၉
အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲအစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိုပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲများအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲအစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
