ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 060
Подписчики
-224 часа
-87 дней
-7230 дней
Архив постов
ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှုနှင့် ပိုမိုကျယ်ပြန့်လာမည့် မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် နည်းပညာစင်္ကြံများ မကြာသေးမီက ပြည
ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှုနှင့် ပိုမိုကျယ်ပြန့်လာမည့် မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် နည်းပညာစင်္ကြံများ မကြာသေးမီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်ဖြစ်သည်။ ဤခရီးစဉ်သည် သမိုင်း အစဉ်အလာကြီးမားသည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အနာဂတ်ကာလအတွက် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုအပြင် စီးပွားရေးနှင့် နည်းပညာစင်္ကြံများကို ပိုမိုကျယ်ပြန့်လာစေရန် မဟာဗျူဟာ မြောက် လမ်းစဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရမည်ဖြစ်သည်။

🙏🙏🙏
🙏🙏🙏

နေရပ်ပြန်လည်နေထိုင်သည့် နောင်ချိုမြိုနယ်မှ နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC ကထောက်ပံ့ကူညီ ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ
နေရပ်ပြန်လည်နေထိုင်သည့် နောင်ချိုမြိုနယ်မှ နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC ကထောက်ပံ့ကူညီ ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ်သို ပြန်လည်ဝင်ရောက်နေထိုင်သည့် နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC က အိမ်ဆောက်ပစ္စည်းများအပါအဝင် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ နှစ်ရှည်နေရပ်စွန့်ခွာနေကြရာမှ နေရပ်များသိုပြန်လည်နေထိုင်သည့် အိမ်ထောင်စု(၇၅)စုအတွက် သွပ်မိုး၊ သစ်သား၊ ဝါးထရံများ၊ ရေစိုခံအထပ်သားပြားများနှင့် အိမ် ဆောက်လုပ်ရာတွင်အသုံးပြုရန်လိုအပ်သော ပစ္စည်းကိရိယာများ၊ အိမ်သုံးဆိုလာပစ္စည်းအစုံ(၃၅)စုံတိုကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

❝မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်❞ နိုင်ငံတော်နစ်နာငွေ ကျပ် ၁၇ ဒသမ ၁၈၄ ဘီလီ
❝မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်❞ နိုင်ငံတော်နစ်နာငွေ ကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံ ပြန်လည်ပေးသွင်းရန် အရေးယူ

ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့် ဟင်္သာတမြိုနယ်တိုမှ ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်
ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့် ဟင်္သာတမြိုနယ်တိုမှ ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဧရာဝတီတိုင်း၊ လေး မျက်နှာမြိုနယ်နှင့် ဟင်္သာတမြိုနယ်တိုရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။ လေးမျက်နှာမြိုနယ်၊ စာရေးကွင်းကျေးရွာ၊ ဟင်္သာတမြိုနယ်၊ လဟာပကျေးရွာ၊ တောင်ပိုတန်းကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုတ်ပုံကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ငနုတ်ဆည်ကျေးရွာ၊ သင်္ကန်းတောကျေးရွာတိုတွင် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပင်လယ်‌‌ကွေ့နိုင်ငံများသည် လုံခြုံရေးအတွက် အမေရိကန်ကိုချည်း အားကိုးနေ၍မရနိုင်ဟု ကာတာ ပြောကြား ပင်လယ်ကွေ့နိုင်ငံများသည် မိမိတိ
ပင်လယ်‌‌ကွေ့နိုင်ငံများသည် လုံခြုံရေးအတွက် အမေရိကန်ကိုချည်း အားကိုးနေ၍မရနိုင်ဟု ကာတာ ပြောကြား ပင်လယ်ကွေ့နိုင်ငံများသည် မိမိတို၏ လုံခြုံရေးအတွက် အမေရိကန်နှင့် အခြားနိုင်ငံတကာမဟာမိတ်များကိုချည်း အားကိုး၍မရနိုင်ဘဲ မိမိလုံခြုံရေးကို မိမိဘာသာလုပ်ရန် လိုအပ်သည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်အန်ဆာရီက စက်တင်ဘာ ၇ ရက်တွင် အဘူဒါဘီမြို၌ ပြောကြားခဲ့သည်။ “ဒေသတွင်းမှာ နိုင်ငံတကာတပ်ဖွဲတွေရှိနေတာ၊ အမေရိကန်နဲ့မဟာဗျူဟာ‌မြောက် မဟာမိတ် ဖွဲထားတာတိုဟာ အလွန်အရေးကြီးတယ်ဆိုတာကို ပင်လယ်ကွေ့ဒေသမှာ သဘောပေါက်ဖိုအပ်ပါတယ်။ ဒါပေမဲ့အဲဒါဟာမလုံလောက်ပါဘူး"ဟု သူက အဘူဒါဘီတွင်ပြုလုပ်သော Hili Forum တွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား၌ တောင်ကိုရီးယား ပါ၀င်ပတ်သက်မည့် အနေအထားကို အီရန်သတိပေး တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်လုပ်ဆောင်
ဟော်မုဇ်ရေလက်ကြား၌ တောင်ကိုရီးယား ပါ၀င်ပတ်သက်မည့် အနေအထားကို အီရန်သတိပေး တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်လုပ်ဆောင်နေသောစစ်ဆင်ရေးတွင် စစ်ရေးဖြန့်ကြက်မှု သိုမဟုတ် ပါဝင်ပတ်သက်မှုကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင်သတိပေးလိုက်ပြီး ယင်းသိုလုပ်ဆောင်ခြင်းက စိုးရိမ်စရာကောင်းသော အကျိုးဆက်များရှိလာမည်ဟု ပြောကြားခဲ့သည်။ မဟာဗျူဟာကျသော‌ ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏ လုံခြုံရေးကြိုးပမ်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ပေးရန် စဉ်းစားနေသည်ဟု စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားက ပြောကြားခဲ့သည်။

အီရန်က ဟော်မုဇ်ရေလက်ကြားအနီး တားမြစ်ဇုန်တစ်ခု သတ်မှတ်မည်ဟုဆို အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းနေသည်ဟု
အီရန်က ဟော်မုဇ်ရေလက်ကြားအနီး တားမြစ်ဇုန်တစ်ခု သတ်မှတ်မည်ဟုဆို အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းနေသည်ဟု ယူဆရသည့် သင်္ဘောများကို သတိပေးသည့်အနေဖြင့် တားမြစ်ဇုန်တစ်ခု သတ်မှတ်ရန် စီစဉ်နေသည်ဟု အီရန်နိုင်ငံတော်လုံခြုံရေးကောင်စီ အကြီးအကဲသစ် မိုဆင်ရီဇာအီက စက်တင်ဘာ ၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာလိုက်သည်။ သိုသော် တားမြစ်ဇုန်သတ်မှတ်ရန် တိကျသည့် နယ်နိမိတ်များနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်အသေးစိတ်ကို ထုတ်မပြောသေးပေ။ ၎င်း၏ပြောကြားချက်အရ အဆိုပါ ဇုန်သစ်အစီအစဉ်ကို လာမည့်ရက်ပိုင်းမှ ရက်သတ္တပတ်များအတွင်း ကြေညာသွားမည်ဖြစ်သည်။ ယင်းဧရိယာသည် အမေရိကန်ရေတပ်၏ ရေကြောင်းပိတ်ဆိုမှုမျဉ်းမှ စတင်ကာ ဟော်မုဇ်ရေလက်ကြားဘက်သို ဆက်လက်ချဲ့ထွင်ကာ ယင်းမှတစ်ဆင့် ပါရှန်ပင်လယ်ကွေ့အတွင်းဘက်အထိ ဆက်လက်တည်ရှိမည်ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို နေရာအချိုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွား မိုးသည်းထန
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို နေရာအချိုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို နေရာအချိုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွားလျက်ရှိသည်ဟု မော်တော်ယာဥ်မောင်းနှင်သူအချိုထံမှ သိရသည်။ စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်မှစတင်ကာ ရန်ကုန်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ "ပြည်လမ်း ခုနစ်မိုင်ကျော် ရှစ်မိုင် ဂုံးတံတားအတက်မှာ ရေပြည့်နေလို ကားတွေရှောင်မောင်းနေရတယ်" ဟု မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။ အလားတူ တာမွေအဝိုင်း၊ ငါးထပ်ကြီး ဘုရားအနီး၊ ရွှေဂုံတိုင်တံတားအနီး၊ Chatrium ဟိုတယ်အနီး ဖိုးစိန်လမ်းတွင်လည်း ကားလမ်းမပေါ် ရေလျှံမှုဖြစ်ပွားနေသဖြင့် မော်တော်ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွားနေသည်ဟု သိရသည်။

တာချီလိတ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို၌ ရေများဝင်ရောက် တာချီလိတ်, စက်တင်ဘာ ၇ ရှမ်းပြည်
တာချီလိတ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို၌ ရေများဝင်ရောက် တာချီလိတ်, စက်တင်ဘာ ၇ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြိုတွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းအချိန်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းကာ မြိုပေါ်ရပ်ကွက်အချိုရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီ တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သ
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီ တနင်္သာရီ၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြိုရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်တွင် ရေဖုံးလွှမ်းမှုကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ငဝန်ရေကာတာနိမ့်ကျမှုကြောင့် ရေကြီးရေလျှံခဲ့သည့် လေးမျက်နှာမြိုနယ်၊ စာရေးကွင်း ကျေးရွာနှင့် ဟင်္သာတမြိုနယ်အတွင်းရှိ ကျေးရွာ ၇
ငဝန်ရေကာတာနိမ့်ကျမှုကြောင့် ရေကြီးရေလျှံခဲ့သည့် လေးမျက်နှာမြိုနယ်၊ စာရေးကွင်း ကျေးရွာနှင့် ဟင်္သာတမြိုနယ်အတွင်းရှိ ကျေးရွာ ၇ ရွာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ ဟင်္သာတ, စက်တင်ဘာ ၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်၊ သခွတ်ချောင်းအုပ်စုတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်ပွားခဲ့ရာ လေးမျက်နှာမြိုနယ်နှင့် ဟင်္သာတမြိုနယ်အတွင်းရှိ ကျေးရွာအချိုတွင် ရေများဝင်ရောက်မှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားများကို သြဂုတ်လ ၄ ရက်နေ့ကစတင်၍ ယာယီဖြတ်တောက်ထားခဲ့ ကြောင်းသိရသည်။

နယူးဒေလီတွင် ဘော်ဒါဆောင်ပါဝင်သည့် လူနေအဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး အိန္ဒိယနိုင်ငံ မြိုတော်နယူးဒေလီတွင် စက်တင်ဘာ ၆
နယူးဒေလီတွင် ဘော်ဒါဆောင်ပါဝင်သည့် လူနေအဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး အိန္ဒိယနိုင်ငံ မြိုတော်နယူးဒေလီတွင် စက်တင်ဘာ ၆ ရက်က လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲများက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြသည်။ ယောကျ်ားလေးဘော်ဒါဆောင်ရှိသည့် ပြိုကျခဲ့ရာ ငါးထပ်အဆောက်အအုံအတွင်း လူမည်မျှရှိနေခဲ့သည်ကို အတိအကျ မသိရသေးဘဲ မျက်မြင်သက်သေများက အဆောက်အအုံပြိုကျချိန် လူ ၂၀ မှ ၄၀ ခန့် ရှိလောက်သည်ဟု ပြောသည်။

နီပေါရေဘေးအပြီး အိန္ဒိယ၊ ဘီဟာပြည်နယ်တွင် ပုံမှန်မဟုတ်သည့်ငါးများကို မစားကြရန် သတိပေးထား နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြ
နီပေါရေဘေးအပြီး အိန္ဒိယ၊ ဘီဟာပြည်နယ်တွင် ပုံမှန်မဟုတ်သည့်ငါးများကို မစားကြရန် သတိပေးထား နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ရေစီးနှင့်အတူ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲသို ပုံမှန်တွေ့ရလေ့မရှိသည့် ငါးမျိုးစိတ်များ ရောက်လာခဲ့ပြီး အဆိုပါငါးများကို စားသုံးမိသူအချို နေထိုင်မကောင်းသည့်လက္ခဏာများ ပြလာသဖြင့် ထိုငါးများကို အရောင်းအဝယ်မပြုလုပ်ရန်နှင့် မစားရန် အာဏာပိုင်များက သတိပေးချက် ထုတ်ထားသည်။ နီပေါရှိ ထရစ်ရှူလီမြစ်မှရေများသည် ရေဘေးဖြစ်ပွားပြီးနောက် ဘီဟာပြည်နယ်ရှိ အဓိကမြစ်နှစ်ခုဖြစ်သည့် ဂန်ဒက်ခ်နှင့် ကိုစီမြစ်များမှတစ်ဆင့် ဆက်လက်စီးဝင်နေကာ ရေစီးတင်မက အဆောက်အအုံ အပျက်အစီးများ၊ ပုံမှန်မဟုတ်သည့် ငါးများနှင့် လူသေအလောင်းများပင် ပါလာသည်ဟု သိရသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြိုအတွင်း ရေများ ဝင်ရောက် တာချီလိတ်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြိုအတွင်း ရေများ ဝင်ရောက် တာချီလိတ်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြိုတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို ပြိုကျကာ မြိုပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းအထိ ရရှိသည့် အချက်အလက်များအရ မကာအိုခမ်းရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ရေတားနံရံ မီတာ ၂၀ ခန့် ပြိုကျပျက်စီးခဲ့သဖြင့် ချောင်းရေများ မြိုအတွင်းသို စီးဝင်နေခြင်း ဖြစ်သည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့် ပုန်ထွန်ရပ်ကွက်တိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။

မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင် မန္တလေးတိုင်းဒေသကြီး ဘ
မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင် မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပေးဝေရေးစနစ် ရရှိလာခြင်းသည် နေ့စဉ်ဘဝတွင် အရေးပါသော အ ပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပြီး သန့် ရှင်းသောရေ ရရှိသုံးစွဲနိုင်သည့်အပြင် မိသားစုအတွက် ကိုယ်ပိုင်သန့်စင်ခန်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိ၊ Hyundai Accent ကား ပျောက်ဆုံးနေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~�
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိ၊ Hyundai Accent ကား ပျောက်ဆုံးနေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟕》 ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် Hyundai Accent အမျိုးအစား ယာဉ်တစ်စီး ပျောက်ဆုံးနေသဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၉ မိုင် ၁ ဖာလုံအနီး၊ နေပြည်တော်မှ မန္တလေးဘက်သို သွားသည့်လမ်းဘေး ပေ ၃၀၀ ကျော်အကွာတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နွားကျောင်းသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သေဆုံးသူမှာ နေပြည်တော် ဇမ္ဗူသီရိမြိုနယ်၊ သုခတော်ဝင်အိမ်ရာတွင် နေထိုင်သူ အငှားယာဉ်မောင်း ဦးဝင်းကို (အသက် ၃၄ နှစ်) ဖြစ်သည်ဟု သိရပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွင် ဝဲဘက်ဦးခေါင်းဂျိုစောင်း၌ ရိုက်နှက်ခံထားရသည့် ဦးခေါင်းခွံကျေ ပေါက်ပြဲဒဏ်ရာများနှင့် ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများ တွေ့ရှိရသည်ဟုဆိုသည်။

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွား
ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားလို ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားလိုသည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nguyen Van Thang က စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံလုံးအနေဖြင့် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် အရင်းအမြစ်များကိုပေါင်းစပ်အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကိုအတူတကွချဲ့ ထွင်ရန်လိုကာ နှစ်နိုင်ငံသည် စီးပွားရေးအသိုက်အဝန်းကို ယခင်ကတည်းကပင်ထူထောင်ထားရှိပြီးဖြစ်သည်ဟု ပြောသည်။

ဘတ် ၇ သောင်းစီ ပွဲစားခပေးခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိ
ဘတ် ၇ သောင်းစီ ပွဲစားခပေးခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို စက်တင်ဘာ ၅ ရက်က အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲက ကန်ချနဘူရီနယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မသင်္ကာဖွယ်ကားတစ်စီးကို တွေ့ရှိခဲ့ပြီး စစ်ဆေးရန် လိုက်လံတားဆီးခဲ့ရာ ယာဉ်မောင်းက ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကားသည် နောင်ဘူ၊ အမှတ် (၆) ကျေးရွာအတွင်းလမ်းသို ရောက်ရှိချိန်တွင် ယာဉ်မောင်းက ကားကို ရပ်တန့်ကာ ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲက ကားအတွင်း စစ်ဆေးရာ နောက်ခန်းတွင် လဲလျောင်းပုံစံဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့ရှိခဲ့သည်။ စစ်ဆေးမှုများအရ ၎င်းတိုအနက် မြန်မာနိုင်ငံသား ၁၇ ဦးမှာ နိုင်ငံကူးလက်မှတ်နှင့် တရားဝင် နေထိုင်ခွင့် အထောက်အထားများ မရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ =========================== အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင
အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ =========================== အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲပြီး မီးတောင်ပြာတွေ လေထုမှာ ပျံ့နှံနေတာကြောင့်ဂျကာတာမြိုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို အာဏာပိုင်တွေက ယာယီ ရပ်ဆိုင်းထားတယ်လို သိရပါတယ်။ဒါ့အပြင် ဒေသတွင်းက လေဆိပ်ငယ် ၈ ခုကိုလည်း ပိတ်ထားရပါတယ်။ လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရတာကြောင့် ခရီးသည် သောင်းနဲ့ချီ လေဆိပ်တွေမှာ သောင်တင်နေကြပါတယ်။ အနက်ခ် ခရတ်ကာမီးတောင်ဟာ သောကြာနေ့က စပြီး ပေါက်ကွဲ လာခဲ့တာဖြစ်ပြီး အဲဒီမီးတောင်ဟာ အသစ်ပေါ်ပေါက်လာတဲ့ မီးတောင်တစ်ခုဖြစ်ပါတယ်။ ၁၈၈၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အလွန်ပြင်းထန်တဲ့ ခရတ်ကာတောင် မီးတောင် ပေါက်ကွဲမှုကြီး နောက်ပိုင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။