ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 060
المشتركون
-124 ساعات
-237 أيام
-7030 أيام
أرشيف المشاركات
မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင် မန္တလေးတိုင်းဒေသကြီး ဘ
မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင် မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာတွင် UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပေးဝေရေးစနစ် ရရှိလာခြင်းသည် နေ့စဉ်ဘဝတွင် အရေးပါသော အ ပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပြီး သန့် ရှင်းသောရေ ရရှိသုံးစွဲနိုင်သည့်အပြင် မိသားစုအတွက် ကိုယ်ပိုင်သန့်စင်ခန်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိ၊ Hyundai Accent ကား ပျောက်ဆုံးနေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~�
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိ၊ Hyundai Accent ကား ပျောက်ဆုံးနေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟕》 ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အငှားယာဉ်မောင်းတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် Hyundai Accent အမျိုးအစား ယာဉ်တစ်စီး ပျောက်ဆုံးနေသဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၉ မိုင် ၁ ဖာလုံအနီး၊ နေပြည်တော်မှ မန္တလေးဘက်သို သွားသည့်လမ်းဘေး ပေ ၃၀၀ ကျော်အကွာတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နွားကျောင်းသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သေဆုံးသူမှာ နေပြည်တော် ဇမ္ဗူသီရိမြိုနယ်၊ သုခတော်ဝင်အိမ်ရာတွင် နေထိုင်သူ အငှားယာဉ်မောင်း ဦးဝင်းကို (အသက် ၃၄ နှစ်) ဖြစ်သည်ဟု သိရပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွင် ဝဲဘက်ဦးခေါင်းဂျိုစောင်း၌ ရိုက်နှက်ခံထားရသည့် ဦးခေါင်းခွံကျေ ပေါက်ပြဲဒဏ်ရာများနှင့် ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများ တွေ့ရှိရသည်ဟုဆိုသည်။

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွား
ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားလို ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားလိုသည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nguyen Van Thang က စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံလုံးအနေဖြင့် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် အရင်းအမြစ်များကိုပေါင်းစပ်အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကိုအတူတကွချဲ့ ထွင်ရန်လိုကာ နှစ်နိုင်ငံသည် စီးပွားရေးအသိုက်အဝန်းကို ယခင်ကတည်းကပင်ထူထောင်ထားရှိပြီးဖြစ်သည်ဟု ပြောသည်။

ဘတ် ၇ သောင်းစီ ပွဲစားခပေးခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိ
ဘတ် ၇ သောင်းစီ ပွဲစားခပေးခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို စက်တင်ဘာ ၅ ရက်က အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲက ကန်ချနဘူရီနယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မသင်္ကာဖွယ်ကားတစ်စီးကို တွေ့ရှိခဲ့ပြီး စစ်ဆေးရန် လိုက်လံတားဆီးခဲ့ရာ ယာဉ်မောင်းက ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကားသည် နောင်ဘူ၊ အမှတ် (၆) ကျေးရွာအတွင်းလမ်းသို ရောက်ရှိချိန်တွင် ယာဉ်မောင်းက ကားကို ရပ်တန့်ကာ ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲက ကားအတွင်း စစ်ဆေးရာ နောက်ခန်းတွင် လဲလျောင်းပုံစံဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့ရှိခဲ့သည်။ စစ်ဆေးမှုများအရ ၎င်းတိုအနက် မြန်မာနိုင်ငံသား ၁၇ ဦးမှာ နိုင်ငံကူးလက်မှတ်နှင့် တရားဝင် နေထိုင်ခွင့် အထောက်အထားများ မရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ =========================== အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင
အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ခရီးသည် ၁၇၀၀၀၀ ကျော် သောင်တင်နေ =========================== အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲပြီး မီးတောင်ပြာတွေ လေထုမှာ ပျံ့နှံနေတာကြောင့်ဂျကာတာမြိုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို အာဏာပိုင်တွေက ယာယီ ရပ်ဆိုင်းထားတယ်လို သိရပါတယ်။ဒါ့အပြင် ဒေသတွင်းက လေဆိပ်ငယ် ၈ ခုကိုလည်း ပိတ်ထားရပါတယ်။ လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရတာကြောင့် ခရီးသည် သောင်းနဲ့ချီ လေဆိပ်တွေမှာ သောင်တင်နေကြပါတယ်။ အနက်ခ် ခရတ်ကာမီးတောင်ဟာ သောကြာနေ့က စပြီး ပေါက်ကွဲ လာခဲ့တာဖြစ်ပြီး အဲဒီမီးတောင်ဟာ အသစ်ပေါ်ပေါက်လာတဲ့ မီးတောင်တစ်ခုဖြစ်ပါတယ်။ ၁၈၈၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အလွန်ပြင်းထန်တဲ့ ခရတ်ကာတောင် မီးတောင် ပေါက်ကွဲမှုကြီး နောက်ပိုင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

လှိင်မြိုနယ်တွင် လျှပ်စစ်ဓာတ်အားလေလွင့်ဆုံးရှုးမှု လျှော့ချရေး Analog မီတာများအား Smart Digital မီတာများဖြင့် အစားထိုးမည် ရန်
လှိင်မြိုနယ်တွင် လျှပ်စစ်ဓာတ်အားလေလွင့်ဆုံးရှုးမှု လျှော့ချရေး Analog မီတာများအား Smart Digital မီတာများဖြင့် အစားထိုးမည် ရန်ကုန်တိုင်းဒေသကြီး၊ လှိင်မြိုနယ်အတွင်း လျှပ်စစ်ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် YESC ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လှိင်မြိုနယ်အတွင်း သြဂုတ်လအတွက် မီတာဖတ်ရှုမှတ်တမ်းများ၊ ဓာတ်အားလေလွင့်ဆုံးရှုးမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

လကို အမေရိကန်က ပိုင်တယ်လို ထရမ့် ပိုစ်တင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ လကမ္
လကို အမေရိကန်က ပိုင်တယ်လို ထရမ့် ပိုစ်တင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ လကမ္ဘာပုံနဲ့အတူ အမေရိကန်အလံပုံကိုပါ တွဲတင်ပြီး "လကမ္ဘာဟာ ငါတိုပိုင်တာ" လို ရေးသားခဲ့တာပါ။ သူက အဲဒီ ပလက်ဖောင်းပေါ်မှာ AI နဲ့ ဖန်တီးထားတဲ့ ပိုစ်တွေကို ဆက်တိုက်တင်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကိုလည်း အမေရိကန်နယ်မြေလို ပြောဆိုထားပါသေးတယ်။ ဒါ့အပြင် နယူးမက္ကဆီကို(New Mexico) ပြည်နယ်ကိုလည်း "နယူးအမေရိက"(New America) ဆိုပြီး နာမည်ပြောင်းဖို သူကအကြံပြုခဲ့ပေမယ့် ဒါကိုတော့ ပယ်ချခံခဲ့ရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ဒီပြည်နယ်နာမည်ဟာ အမေရိကန်နိုင်ငံ မပေါ်ခင်ကတည်းက ရှိနေခဲ့တာပါလို တုံပြန်ခဲ့ပါတယ်။ အွန်တာရီအို ရေကန်(Lake Ontario) ကိုလဲ အမေရိကရေကန်ဆိုပြီး နာမည်ပြောင်းဖို ထရမ့်က ပြောခဲ့ပါသေးတယ်။

အမေရိကန်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ကားလမ်းပေါ်ရောက်၊ ၅ ဦးသေဆုံး အမေရိကန်မှာ အရပ်ဖက် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းကနေ
အမေရိကန်မှာ ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ကားလမ်းပေါ်ရောက်၊ ၅ ဦးသေဆုံး အမေရိကန်မှာ အရပ်ဖက် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းကနေ ကျော်ထွက်ပြီး ကားလမ်းပေါ် ရောက်သွားတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ Amazon Prime Air ကုမ္ပဏီရဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်တင်ဘာ ၆ ရက်နေ့တုန်းက မီယာမီ နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ချိန်မှာ ပြေးလမ်းချော်မှု ဖြစ်ခဲ့တာပါ။ လေယာဉ်ဟာ ပြေးလမ်းကနေ ကျော်ထွက်သွားတဲ့နောက် လေဆိပ်ဘေး လမ်းပေါ်မှာ သွားလာနေတဲ့ ကားတွေကိုပါ အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့ပြီး မီးစွဲလောင်ခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ လေယာဉ်ဟာ ရှေ့ဘီးရဲ့ ဝင်ရိုးတိုင် ကျိုးသွားပုံမျိုး ဦးစိုက်လျက်သား ရပ်တန့်နေတာကို တွေ့ရပါတယ်။

မြဝတီမြိုနယ်အတွင်း Online Scam လုပ်ငန်းများနှင့် ဆက်စပ်၍ ပြည်ပနိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီး၊ ၂၀၂၅ ခုနှစ်မှစ၍ တရားမဝင်ဝင်ရောက်သ
မြဝတီမြိုနယ်အတွင်း Online Scam လုပ်ငန်းများနှင့် ဆက်စပ်၍ ပြည်ပနိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီး၊ ၂၀၂၅ ခုနှစ်မှစ၍ တရားမဝင်ဝင်ရောက်သူ ၁၄,၇၆၉ ဦး ထိန်းသိမ်းခဲ့ ကရင်ပြည်နယ်၊ မြဝတီမြိုနယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများအပါအဝင် ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ပြည်ပနိုင်ငံသား ၂ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သူများမှာ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ မြဝတီမြိုဝန်းကျင်ရှိ Online Scam လုပ်ငန်းဆိုင်ရာ ဆိုက်များအတွင်းသို တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးတိုဖြစ်ပြီး ၎င်းတိုအား သက်ဆိုင်ရာနိုင်ငံများသို ပြည်နှင်လွှပြောင်းနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီမြိုနယ်အတွင်းရှိ ရေဘေးသင့်ဒေသသို သွားရောက်လှူဒါန်းသည့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲယာဉ် အပြန
တနင်္သာရီမြိုနယ်အတွင်းရှိ ရေဘေးသင့်ဒေသသို သွားရောက်လှူဒါန်းသည့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲယာဉ် အပြန်တွင် ပစ်ခတ်ခံရပြီး တစ်ဦး ဒဏ်ရာရ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲသည် လုပ်ငန်းများ ဆောင်ရွက်ပြီး တနင်္သာရီမြိုမှ မော်တော်ယာဉ်များဖြင့် မြိတ်မြိုသို အပြန်တနင်္သာရီမြိုနယ် ရမ်းဖိုကျေးရွာအထွက် ကမ်းတိုကျေးရွာလမ်းကွေ့ နေရာအရောက်တွင် ကမ်းတိုကျေးရွာမြစ်တစ်ဖက်ကမ်းမှ အကြမ်းဖက်အဖွဲက လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ အဖွဲဝင်တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီးရမိ မြန်မာ့မီးရထား
ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီးရမိ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် အမှတ် (၈) အစုန် နေပြည်တော် - ရန်ကုန် DEMU လူစီးအမြန်ရထားသည် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို ရောက်ရှိပြီး ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းအားသိမ်းယူရန် မြိုပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို ထွက်ခွာစဉ် ကြည့်မြင်တိုင် ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် မိုင်တိုင် ၃/၁၁ အကြား ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရထားဖြတ်သန်းစဉ် ဘုန်းကြီးကျောင်းလမ်းကူးမှ အမည်မသိလူတစ်ဦးက ရထားအားခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ အထက်တန်းတွဲ DEMU (U) 5020 ၏ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေး လေကာမှန်နှစ်လက်မခန့် ပေါက်ထွက်ကြေမွ ကွဲအက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းမီဒီယာ ကျင့်ဝတ်နှင့် တာဝန်ယူမှု တာဝန်ခံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည့် VOM ၏ လုပ်ရပ် ယနေ့ခေတ် သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်သည့် ဒီဂျစ်တယ်ခေတ်ရေစီးကြောင်းတွင် သတင်းမီဒီယာများ၏ အဓိက သက်ဝင်လှုပ်ရှားမှုမှာ သတင်းအချက်အလက် ရရှိရေးထက် "သတင်း၏ မှန်ကန်ခိုင်မာမှု" ပိုမို အရေးပါလျက် ရှိသည်။ သို့သော်လည်း အချို့သော သတင်းမီဒီယာများ၏ စည်းကမ်းမဲ့မှုနှင့် ကျင့်ဝတ် ပျက်ယွင်းမှုများက ပြည်သူများ၏ ယုံကြည်မှုကို လျှော့ချလျက်ရှိသည်။ မကြာသေးမီက Voice of Myanmar (VOM) ၏ သတင်းဖော်ပြမှုတစ်ခုတွင် AI စနစ်ဖြင့် ဖန်တီးပြုပြင်ထားသော ဓာတ်ပုံတစ်ပုံကို "Photo Crd - ဒေသခံ" ဟု လွယ်လွယ်ကူကူ ခေါင်းစဉ်တပ်ကာ အသုံးပြုခဲ့ခြင်းသည် မီဒီယာကျင့်ဝတ်ဆိုင်ရာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ စစ်မှန်သော သတင်း မီဒီယာတစ်ခုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်ဆင်း၍ ကွင်းဆင်းသတင်းမယူနိုင်သည့်တိုင် သတင်းတု သတင်းမှားများ၊ မမှန်မကန် လုပ်ကြံဖန်တီးထားသည့် ရုပ်ပုံများကို မတင်မိစေရန် စိစစ်ရမည့် တာဝန်ရှိသည်။ ဒေသခံဆိုသည့် အမည်နာမကို အသုံးချ၍ ပြီးစလွယ် သတင်းဖော်ပြခြင်းသည် တာဝန်မဲ့ရာ ရောက်ပေသည်။ ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူများ၏ မီဒီယာဆိုင်ရာ အသိပညာနှင့် နည်းပညာအပေါ် နားလည်သဘောပေါက်မှုမှာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ မီဒီယာတစ်စုံတစ်ခုက တာဝန်ယူမှု မရှိဘဲ ပေါ့ဆစွာ ပြုမူနေမည် သို့မဟုတ် တမင်အကျင့်ပျက် ခြယ်လှယ်နေမည်ဆိုပါက ယနေ့ ပြည်သူများက အလွယ်တကူ သိရှိခွဲခြားနိုင်ကြပြီ ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာစနစ်ကို ခံယူထားပါက မိမိတို့၏ ဂုဏ်သိက္ခာနှင့် သတင်းကျင့်ဝတ်ကို လေးစားလိုက်နာရန် လိုအပ်လျက်ရှိသည်။
သိင်္ခ
https://t.me/theinkha007/3428

photo content

BREAKING NEWS: ================================= မိုင်ယာမီလေဆိပ်တွင် Amazon Cargo ကုန်တင်လေယာဉ် ပြေးလမ်းချော် တိမ်းမှောက် မီးလောင်မှုဖြစ်ပွား၊ လူ ၅ ဦးထက်မနည်း သေဆုံး မိုင်ယာမီ၊ စက်တင်ဘာ ၇ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Miami International Airport) တွင် ယနေ့ အမေဇုံ (Amazon Cargo) ကုန်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းချော် တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မတော်တဆမှုကြောင့် နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ အနည်းဆုံး လူ (၅) ဦး သေဆုံးသွားကြောင်း အတည်ပြုထားသည်။ ဖြစ်စဉ်အသေးစိတ်: လေယာဉ် ဆင်းသက်စဉ် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် သို့မဟုတ် ရာသီဥတု အခြေအနေကြောင့် ပြေးလမ်းအပြင်ဘက်သို့ ချော်ထွက်သွားပြီးနောက် ရုတ်တရက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေး ဆောင်ရွက်မှု: မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
သိင်္ခ

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ "နဘယသုခ" စေတီတော်အား ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်မည် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွာ
+8
အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ "နဘယသုခ" စေတီတော်အား ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်မည် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအ တွက် မြဝတီမြို့ ငွေင်္ဟသာဆရာတော်ထံမှ သြဝါဒခံယူပြီး ပြန်လည်ပြုပြင်မွမ်းမံရမည့်အခြေအနေများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် စေတီတော်မြတ်ကြီးအား ထီး‌တော်အသစ် ပြန်လည်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်တို့အတွက် အလှူငွေများကို ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ၊ ဒေသခံများကလည်း စေတီတော်မြတ်ကြီးအားသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြိ
+9
ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေးကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုခိုင်မာလာစေရေးဆောင်ရွက်ရန်တို့ကို တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဘိုး/ဘွားများက တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်တိုင်းရင်းသားရိုးရာအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွ
အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများထွက်နေသဖြင့် ဆူကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ခရီးစဉ်များကို  နာရီများစွာ ရပ်ဆိုင်းထားရကြောင်း ဂျကာတာ၏ အဓိကလေဆိပ်က အင်စတာဂရမ်တွင် ပို့စ်တင်ထုတ်ပြန်ခဲ့သည်။           ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲမှ စတင်ရပ်ဆိုင်းထားမှုကို နောက်တစ်နေ့ နံနက် ၅ နာရီခွဲအထိ တိုးချဲ့ထားခြင်းကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအပါအဝင် လေယာဉ်ခရီးစဉ် ၂၀၉ ခုကို ထိရောက်ခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။           အာနက်ကရာကာတောမီးတောင်သည် သောကြာနေ့နှောင်းပိုင်းမှစ၍ ပေါက်ကွဲနေခဲ့ကာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် လေဆိပ်၌ မီးတောင်ပြာများကျရောက်မှုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

ဗီယက်နမ်သမ္မတ ရုရှား၊ပြင်သစ် ယူအက်စ်၊ ကနေဒါ သွားမည် ဗီယက်နမ်သမ္မတ တိုလမ်သည် ယခုလအတွင်း ရုရှား၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှ
ဗီယက်နမ်သမ္မတ ရုရှား၊ပြင်သစ် ယူအက်စ်၊ ကနေဒါ သွားမည် ဗီယက်နမ်သမ္မတ တိုလမ်သည် ယခုလအတွင်း ရုရှား၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများကို သွားရောက်ရန် စီစဉ်ထားကြောင်း အစီအစဉ်များကို သိရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နိုင်ငံအနေဖြင့် ၎င်း၏ ပို့ကုန်အပေါ်မှီခိုရသော စီးပွားရေးအပေါမ ကျရောက်နေသော ကုန်သွယ်ရေး မရေရာမှုများကို တိုက်ဖျက်ရန် အဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးကို နက်ရှိုင်းစေရန် ကြိုးပမ်းနေသည်။         ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ တိုလမ်အတွက် ထင်ရှားသော ပြည်ပခရီးစဉ်များ၏ အရှိန်အဟုန်သည် ထူးခြားပြီး သူသည် ၂၀၂၄ ခုနှစ်တွင် တာဝန်ယူခဲ့ချိန်မှစကာ ပြည်ပခရီးများစွာကို သွားရောက်ခဲ့သကဲ့သို့ နိုင်ငံခြားခေါင်းဆောင်များစွာကိုလည်း လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့ မြန်မာနိုင်ငံရှ
+2
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ပြောကြားခဲ့သည်။ ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လယ်ယာပေါင်းစည်းဇုန်များနှင့် စက်မှုစီမံကိန်းများကိုလည်း ထူထောင်ဆောင်ရွက်နိုင်​သည်ဟု ပြောသည်။

ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖိတ်ခေါ
+1
ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖိတ်ခေါ် ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သည့် အချက်အချာနေရာတွင်ရှိပြီး စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိကာ သဘာဝသယံဇာတများ၊ ရေချိုနှင့် ရေငန်သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည်ဟု ပြော သည်။