ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဖိုးမှန်

ဖိုးမှန်

Открыть в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Больше
Страна не указанаКатегория не указана
4 704
Подписчики
-1124 часа
-507 дней
-30630 дней
Архив постов
မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားများကျင်းပ ရန်ကုန်၊
မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားများကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၉ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သိုသော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက အမိနိုင်ငံသားများအပေါ် အလေးအနက်ထား ကူညီဆောင်ရွက်ပေးလျက်ရှိရာ မနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီး ဝန်ကြီးများက သက်မှတ်နေရာများတွင် မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများကို ပေးအပ်သည်။

LFC ၏ ပထမဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် စာချုပ်ချုပ်ဆိုထားသည့် ဖိုက်တာ ၁၄ ဦးစာရင်း ထုတ်ပြန် Lethwei Fighting Championship (
LFC ၏ ပထမဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် စာချုပ်ချုပ်ဆိုထားသည့် ဖိုက်တာ ၁၄ ဦးစာရင်း ထုတ်ပြန်   Lethwei Fighting Championship (LFC) ၏ ပထမဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် စာချုပ်ချုပ်ဆိုထားသည့် ပြည်တွင်း၊ ပြည်ပ ဖိုက်တာ ၁၄ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ထားသည်။  

အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ် ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့် ပညာရေးနှင
အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ် ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့် ပညာရေးနှင့်ကျန်းမာရေးဒုဝန်ကြီးများကို တာဝန်မှအနားပေး၊ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးအသစ်(၂)ဦးခန့်အပ် အောက်တိုဘာ ၉၊၂၀၂၆ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

■ ငွေလုံးငွေရင်း သဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား
■ ငွေလုံးငွေရင်း သဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား တောင်းခံသုံးစွဲရန် စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြ ငွေလုံးငွေရင်းသဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား တောင်းခံသုံးစွဲရန် စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြခဲ့ကြောင်း သိရသည်။

ဒီညီမလေးရဲ့ ချန်နယ်ကိုလည်း join ပေးကြပါဦး 👇 👇 👇 https://t.me/Gyarnuu_news Telegram Gyar Nuu (ဂျာနူး)✍️ https://tiktok.com/
ဒီညီမလေးရဲ့ ချန်နယ်ကိုလည်း join ပေးကြပါဦး 👇 👇 👇 https://t.me/Gyarnuu_news Telegram Gyar Nuu (ဂျာနူး)✍️ https://tiktok.com/@gyarnuu

■ အဆိုတော် ဆက်နိုင် အသတ်ခံရပြီး သေဆုံးသည်ဆိုသည့်သတင်းများမှာ မှားယွင်းပြီး နေအိမ်သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေကြောင်း ရ
■ အဆိုတော် ဆက်နိုင် အသတ်ခံရပြီး သေဆုံးသည်ဆိုသည့်သတင်းများမှာ မှားယွင်းပြီး နေအိမ်သို့  အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောကြား အဆိုတော် ဆက်နိုင်သတ်ခံရပြီး သေဆုံးသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းမှာ မှားယွင်းကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၉ ရက်နေ့ည ၇နာရီက ရဲတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

စမ်းချောင်းရှိ တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အသက် ၈၀ ဝန်းကျင် အမျိုးသမီး ပုပ်ပွသေဆုံးလျက်တွေ့ရှိ 𝙊𝘾𝙏~𝟵 ရန်ကုန်တိုင်းဒ
စမ်းချောင်းရှိ တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အသက် ၈၀ ဝန်းကျင် အမျိုးသမီး ပုပ်ပွသေဆုံးလျက်တွေ့ရှိ 𝙊𝘾𝙏~𝟵 ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းရှိ တိုက်ခန်းတစ်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သော အသက် ၈၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် အဆိုပါတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယင်းနေရာ၌ ကာလကြာရှည် နေထိုင်ခဲ့ကြောင်း ပတ်ဝန်းကျင်၏ ပြောကြားချက်များအရ သိရသော်လည်း သေဆုံးနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုမူ ကနဦးတွင် အတည်မပြုနိုင်သေးကြောင်း ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်းတွင် DEMU ရထားများ စတင်ပြေးဆွဲပြီးနောက် ဇန်နဝါရီ မှ စက်တင်ဘာလအထိ မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွ
ရန်ကုန်-မန္တလေး မီးရထားလမ်းတွင် DEMU ရထားများ စတင်ပြေးဆွဲပြီးနောက် ဇန်နဝါရီ မှ စက်တင်ဘာလအထိ မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀) ဦးရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) ရထားများ ပြေးဆွဲပြီးနောက်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိကာလအတွင်း မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး (၁၀)ဦး သေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၉ ရက်နေ့က ဖြူးဘူတာတွင် ပြုလုပ်သည့် မှုခင်းအသိပညာပေးဟောပြောပွဲမှ သိရသည်။

မလေးရှားသို တရားမဝင်သွားရောက်ရန် စုဝေးနေသည့် မြန်မာ ၁၇ ဦးနှင့် တရုတ် ၄ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ 𝙊𝘾𝙏~𝟵 ထိုင်းနိ
မလေးရှားသို တရားမဝင်သွားရောက်ရန် စုဝေးနေသည့် မြန်မာ ၁၇ ဦးနှင့် တရုတ် ၄ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ 𝙊𝘾𝙏~𝟵 ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ဝဲအင်မြိုနယ်၊ လိုဂျွတ်ဒေသရှိ နေအိမ်တစ်အိမ်တွင် မလေးရှားနိုင်ငံသို တရားမဝင်သွားရောက်ရန် စုဝေးနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးတိုကို အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက ပြောကြားသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ဂန့်ဂေါ၊ အောက်တိုဘာ ၉ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုတွင် ခရိုင်ပြန်ကြားရေးန
စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ဂန့်ဂေါ၊ အောက်တိုဘာ ၉ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတများပြည့်ဝ၍ သုတ/ရသစာအုပ်စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံအတွက်လိုအပ်သည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းရန်ဆန္ဒရှိဟု မလေးရှားနိုင်ငံဝန် ကြီးချုပ်ပြော မလေးရှားန
မလေးရှားနိုင်ငံအတွက်လိုအပ်သည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းရန်ဆန္ဒရှိဟု မလေးရှားနိုင်ငံဝန် ကြီးချုပ်ပြော မလေးရှားနိုင်ငံအတွက်လိုအပ်လျက်ရှိသည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းနိုင်ရန်ဆန္ဒရှိသည်ဟု မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြိုရှိ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံး၌ကျင်းပသည့် မြန်မာ-မလေးရှားနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ဖုန်းယူဆောင်ခွင့်နှင့် ဆရာ၊ ဆရာမများ စာသင်ချိန် ဖုန်းအသုံးပြုခွင့် တားမြစ် အခြေခံပညာက
အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ဖုန်းယူဆောင်ခွင့်နှင့် ဆရာ၊ ဆရာမများ စာသင်ချိန် ဖုန်းအသုံးပြုခွင့် တားမြစ် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝင်းအတွင်း လက်ကိုင်ဖုန်းယူဆောင်ခွင့် လုံးဝတားမြစ်ထားကြောင်း သိရသည်။

ပိုလျှံသကြားများ ပြည်ပတင်ပိုမည် မြန်မာနိုင်ငံမှာ နှစ်စဉ်သကြားဖြူတန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှ
ပိုလျှံသကြားများ ပြည်ပတင်ပိုမည် မြန်မာနိုင်ငံမှာ နှစ်စဉ်သကြားဖြူတန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနဲ့ ပိုလျှံသကြားတွေကို ပြည်ပဈေးကွက်သို တင်ပိုနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာနဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

စံမမီ ‘ကျားနဂါး’ မြိတ်ငံပြာရည်နှင့် ‘ကင်းမွန်’ ပဲငံပြာရည်တိုကို ဈေးကွက်မှပြန်သိမ်းမည် Published 09 October 2026 ■ သတ်မှတ်စံနှ
စံမမီ ‘ကျားနဂါး’ မြိတ်ငံပြာရည်နှင့် ‘ကင်းမွန်’ ပဲငံပြာရည်တိုကို ဈေးကွက်မှပြန်သိမ်းမည် Published 09 October 2026 ■ သတ်မှတ်စံနှုန်းထက် Benzoic Acid ၂ ဒသမ ၅၆ ဆကျော်လွန်ပါဝင်နေသည့် ‘ကင်းမွန်’ အမှတ်တံဆိပ် ပဲငံပြာရည်နှင့် နိုက်ထရိုဂျင်ပါဝင်မှု စံနှုန်းမမီသည့် ‘ကျားနဂါး’ အမှတ်တံဆိပ် မြိတ်ငံပြာရည်တိုကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။

စားသောက်ဆိုင်များ အခွန်အမှတ်တံဆိပ်ပါ ပြေစာ မဖြစ်မနေထုတ်ပေးရန် ပြည်တွင်းအခွန် အသိပေး၊ စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသ
စားသောက်ဆိုင်များ အခွန်အမှတ်တံဆိပ်ပါ ပြေစာ မဖြစ်မနေထုတ်ပေးရန် ပြည်တွင်းအခွန် အသိပေး၊ စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ထုတ်ပေးရမည်၊ မလိုက်နာပါက ဒဏ်ကြေးချမှတ်မည် စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထံမှ ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာကို စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ မဖြစ်မနေ ထုတ်ပေးရန် တာဝန်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ စိုက်ပျိုးရေ မလုံလောက်ခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် ရေအသုံးချသူများက
အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ စိုက်ပျိုးရေ မလုံလောက်ခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် ရေအသုံးချသူများကို ဆည်မြောင်းဦးစီးဌာန တိုက်တွန်း အားကောင်းသော အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှု၊ အပူချိန်မြင့်တက်မှုနှင့် စိုက်ပျိုးရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေအသုံးချသူများအနေဖြင့် ရေကို ချွေတာသုံးစွဲပြီး ရေအရင်းအမြစ်များကို ကြိုတင်စီမံထားကြရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) က အီရန်ကို စစ်ရေးအရ အရေးယူမှုတွေ ပြန်လုပ်ဖို ပြင်ဆင်နေ အမေရိကန်စစ်တပ်ဟာ အီရန်အပေါ် အပြ
ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) က အီရန်ကို စစ်ရေးအရ အရေးယူမှုတွေ ပြန်လုပ်ဖို ပြင်ဆင်နေ အမေရိကန်စစ်တပ်ဟာ အီရန်အပေါ် အပြည့်အဝ စစ်ရေးအရ အရေးယူမှုတွေ ပြန်လုပ်ဖို ဖြစ်နိုင်ခြေကို စဉ်းစားသုံးသပ်နေတယ်လို အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး The New York Times (NYT) သတင်းစာက ရေးသားထားပါတယ်။

အမေရိကန်က Microsoft နှင့် နည်းပညာကုမ္ပဏီအချိုကို ပြည်ပ ကျွမ်းကျင်လုပ်သားများငှားရမ်းနိုင်သည့် ဗီဇာအစီအစဉ်မှ ပိတ်ပင် အမေရိကန်က
အမေရိကန်က Microsoft နှင့် နည်းပညာကုမ္ပဏီအချိုကို ပြည်ပ ကျွမ်းကျင်လုပ်သားများငှားရမ်းနိုင်သည့် ဗီဇာအစီအစဉ်မှ ပိတ်ပင် အမေရိကန်က Microsoft နှင့် နည်းပညာကုမ္ပဏီအချိုကို ပြည်ပ ကျွမ်းကျင်လုပ်သားများငှားရမ်းနိုင်သည့် ဗီဇာအစီအစဉ်မှ ပိတ်ပင်လိုက်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် PDF (၁၀) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက် အောက်တိုဘာလ ၉ ရက် ▪️ အရှေ့တောင်တိုင
+9
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် PDF (၁၀) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက် အောက်တိုဘာလ ၉ ရက် ▪️ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှာ ▪️PDF အမျိုးသား (၉) ဦး၊ ▪️အမျိုးသမီး (၁) ဦး ▪️စုစုပေါင်း (၁၀) ဦးဟာ သေနတ် (၆) လက်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်အိမ် (၁) ခုနဲ့ စကားပြောစက် (၅) လုံးတို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတယ်။ ကျန်နေသေးတဲ့ PDF များလည်း အမြင်မှန်ရပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ပြောချင်ပါတယ်။

ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှု အခကြေးငွေများသတ်မှတ် 09 October 2026
ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှု အခကြေးငွေများသတ်မှတ် 09 October 2026 ■ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင် လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှုအမျိုးအစားများအလိုက်ပေးသွင်းရမည့်  အခကြေးငွေနှုန်းထားများကို မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။