ဖိုးမှန်
前往频道在 Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
显示更多未指定国家未指定类别
4 707
订阅者
-324 小时
-587 天
-29630 天
帖子存档
4 707
စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
ဂန့်ဂေါ၊ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတများပြည့်ဝ၍ သုတ/ရသစာအုပ်စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
4 707
မလေးရှားနိုင်ငံအတွက်လိုအပ်သည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းရန်ဆန္ဒရှိဟု မလေးရှားနိုင်ငံဝန် ကြီးချုပ်ပြော
မလေးရှားနိုင်ငံအတွက်လိုအပ်လျက်ရှိသည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းနိုင်ရန်ဆန္ဒရှိသည်ဟု မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြိုရှိ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံး၌ကျင်းပသည့် မြန်မာ-မလေးရှားနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
4 707
အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ဖုန်းယူဆောင်ခွင့်နှင့် ဆရာ၊ ဆရာမများ စာသင်ချိန် ဖုန်းအသုံးပြုခွင့် တားမြစ်
အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝင်းအတွင်း လက်ကိုင်ဖုန်းယူဆောင်ခွင့် လုံးဝတားမြစ်ထားကြောင်း သိရသည်။
4 707
ပိုလျှံသကြားများ ပြည်ပတင်ပိုမည်
မြန်မာနိုင်ငံမှာ နှစ်စဉ်သကြားဖြူတန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနဲ့ ပိုလျှံသကြားတွေကို ပြည်ပဈေးကွက်သို တင်ပိုနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာနဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
4 707
စံမမီ ‘ကျားနဂါး’ မြိတ်ငံပြာရည်နှင့် ‘ကင်းမွန်’ ပဲငံပြာရည်တိုကို ဈေးကွက်မှပြန်သိမ်းမည်
Published 09 October 2026
■ သတ်မှတ်စံနှုန်းထက် Benzoic Acid ၂ ဒသမ ၅၆ ဆကျော်လွန်ပါဝင်နေသည့် ‘ကင်းမွန်’ အမှတ်တံဆိပ် ပဲငံပြာရည်နှင့် နိုက်ထရိုဂျင်ပါဝင်မှု စံနှုန်းမမီသည့် ‘ကျားနဂါး’ အမှတ်တံဆိပ် မြိတ်ငံပြာရည်တိုကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
4 707
စားသောက်ဆိုင်များ အခွန်အမှတ်တံဆိပ်ပါ ပြေစာ မဖြစ်မနေထုတ်ပေးရန် ပြည်တွင်းအခွန် အသိပေး၊ စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ထုတ်ပေးရမည်၊ မလိုက်နာပါက ဒဏ်ကြေးချမှတ်မည်
စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထံမှ ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာကို စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ မဖြစ်မနေ ထုတ်ပေးရန် တာဝန်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။
4 707
အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ စိုက်ပျိုးရေ မလုံလောက်ခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် ရေအသုံးချသူများကို ဆည်မြောင်းဦးစီးဌာန တိုက်တွန်း
အားကောင်းသော အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှု၊ အပူချိန်မြင့်တက်မှုနှင့် စိုက်ပျိုးရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေအသုံးချသူများအနေဖြင့် ရေကို ချွေတာသုံးစွဲပြီး ရေအရင်းအမြစ်များကို ကြိုတင်စီမံထားကြရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တိုက်တွန်းထားသည်။
4 707
ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန) က အီရန်ကို စစ်ရေးအရ အရေးယူမှုတွေ ပြန်လုပ်ဖို ပြင်ဆင်နေ
အမေရိကန်စစ်တပ်ဟာ အီရန်အပေါ် အပြည့်အဝ စစ်ရေးအရ အရေးယူမှုတွေ ပြန်လုပ်ဖို ဖြစ်နိုင်ခြေကို စဉ်းစားသုံးသပ်နေတယ်လို အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး The New York Times (NYT) သတင်းစာက ရေးသားထားပါတယ်။
4 707
အမေရိကန်က Microsoft နှင့် နည်းပညာကုမ္ပဏီအချိုကို ပြည်ပ ကျွမ်းကျင်လုပ်သားများငှားရမ်းနိုင်သည့် ဗီဇာအစီအစဉ်မှ ပိတ်ပင်
အမေရိကန်က Microsoft နှင့် နည်းပညာကုမ္ပဏီအချိုကို ပြည်ပ ကျွမ်းကျင်လုပ်သားများငှားရမ်းနိုင်သည့် ဗီဇာအစီအစဉ်မှ ပိတ်ပင်လိုက်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
4 707
+9
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် PDF (၁၀) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်
အောက်တိုဘာလ ၉ ရက်
▪️ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှာ
▪️PDF အမျိုးသား (၉) ဦး၊
▪️အမျိုးသမီး (၁) ဦး
▪️စုစုပေါင်း (၁၀) ဦးဟာ
သေနတ် (၆) လက်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်အိမ် (၁) ခုနဲ့ စကားပြောစက် (၅) လုံးတို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတယ်။
ကျန်နေသေးတဲ့ PDF များလည်း အမြင်မှန်ရပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ပြောချင်ပါတယ်။
4 707
ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှု အခကြေးငွေများသတ်မှတ်
09 October 2026
■ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကုန်ပစ္စည်းများအတွက် ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင် လျှောက်ထားမှုများနှင့်ပတ်သက်၍ဝန်ဆောင်မှုအမျိုးအစားများအလိုက်ပေးသွင်းရမည့် အခကြေးငွေနှုန်းထားများကို မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
4 707
ပြင်သစ်တွင် ကျောင်းသားဆန္ဒပြမှုများ ဆက်ဖြစ်ပွားနေပြီး ဥရောပနိုင်ငံများသိုပါ ပျံ့နှံ
ပညာရေးစရိတ် မြင့်တက်လာမှုနှင့် ပညာရေးကဏ္ဍအတွက် ရန်ပုံငွေ မလုံလောက်မှုတိုကို ကန့်ကွက်သည့် ကျောင်းသားဆန္ဒပြမှုများ ပြင်သစ်နိုင်ငံမှတစ်ဆင့် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဂရိနှင့် အိုင်ယာလန်အထိပါ ပျံ့နှံလာပြီဖြစ်သည်။
4 707
Double Standard မဖြစ်ဖို လိုအပ်တဲ့ အစိုးရရဲ့ Black List နဲ့ မြန်မာ့စီးပွားရေးလောက
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် လုပ်ငန်းနှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲအစည်းများမှ ချမှတ်ထား သော တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ယင်းသို လိုက်နာခြင်းမရှိပါက အမည်မည်းစာရင်း(Black List) သို ထည့်သွင်းလျက်ရှိသည်။
လတ်တလောတွင် အမည်မည်းစာရင်းအဖြစ် ထည့်သွင်းခံထားရသူမှာ မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးအသင်း ဥက္ကဌဟုဆိုသူ ဦးအိုင်ထွန်း ဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် Fu Xing Brothers ကုမ္ပဏီဖြစ်သည်။
4 707
Fort Hood သေနတ်ပစ်မှုကျူးလွန်သူကို စစ်တပ်က ကွပ်မျက်မှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ်လို ပင်တာဂွန် ပြောကြား
09 October 2026
■ ၂၀၀၉ ခုနှစ်က Fort Hood စစ်စခန်းမှာ လူ ၁၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို အမေရိကန်စစ်တပ်က သေနတ်နဲ့ ပစ်သတ်ကွပ်မျက်မှာဖြစ်ပြီး ဒီပွဲကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့် သွားမယ်လို ပင်တာဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
■ ဒါဟာ အမေရိကန်မှာ ပြစ်ဒဏ်ကွပ်မျက်မှုကို မကြုံစဖူး ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်တာ ဖြစ်လာမှာပါ။
4 707
MRFမြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု(World Best Rice Award) ဆုရရှိ၊၂၀၁၁ ခုနှစ် ပထမအကြိမ်နှင့် ယခု ၂၀၂၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဆုရရှိခဲ့ခြင်းဖြစ်
ရန်ကုန်၊အောက်တိုဘာ ၉
မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲအစည်းတိုက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြိုတွင် ကျင်းပသည့် International World Rice Conference 2026 ၌ နိုင်ငံတကာဆန်အမျိုးအစားများ ပါဝင်ယှဉ်ပြိုင်သည့် ဆန်အရည်အသွေးပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ပေါ်ဆန်းဆန်က အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
4 707
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ပြန်လည်ဖြေကြားချက်များ ဖြစ်ပါသည်။
4 707
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ နှစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း
4 707
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်း ကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည် အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြစ်ကြောင်း။
(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
4 707
ဟူသီအဖွဲ၏ ဒုံးကျည်တိုက်ခိုက်မှုအပြီး ရီယာ့ဒ်လေဆိပ်ရှိ Saudia လေယာဉ်တစ်စင်း မီးလောင်ပျက်စီး၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှုရပ်ဆိုင်
𝙊𝘾𝙏~𝟗
ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြိုရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လေဆိပ်တွင် ရပ်နားထားသည့် Saudia လေကြောင်းလိုင်းပိုင် Airbus A310 ခရီးသည်တင်လေယာဉ်တစ်စင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများအရ သိရသည်။
4 707
အင်ဒိုနီးရှားတောမီးမြူများကြောင့် စင်ကာပူ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်ရှိ
အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုးမြူများ ဒေသတွင်းသို ပျံ့နှံလာရာ စင်ကာပူနိုင်ငံ၏ လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့အဆိုးဆုံးအဆင့်သို ရောက်ရှိလာသည်။ စင်ကာပူတွင် နှစ်စဉ်ကျင်းပသည့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို ဖြစ်ပေါ်လာခြင်းဖြစ်သည်။
