ru
Feedback
Kham Fight News - Van live

Kham Fight News - Van live

Открыть в Telegram

ဗန်ပွဲကြည့်ရန်

Больше
Страна не указанаКатегория не указана

📈 Аналитический обзор Telegram-канала Kham Fight News - Van live

Канал Kham Fight News - Van live (@khamfightnews6) является активным участником. Сейчас сообщество объединяет 28 137 подписчиков, занимая место в категории Другое.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 28 137 подписчиков.

Согласно последним данным от 11 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -1 622, а за последние 24 часа — -46, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 1.82%. В первые 24 часа после публикации контент обычно набирает 0.94% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 514 просмотров. В течение первых суток публикация набирает 266 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 2.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
ဗန်ပွဲကြည့်ရန်

Благодаря высокой частоте обновлений (последние данные получены 12 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Другое.

28 137
Подписчики
-4624 часа
-3577 дней
-1 62230 дней
Архив постов
ဘရော်နီကာပွဲ ဒီမှာ live လွှင့်ပေးထားပါတယ် 👇🏻👇🏻👇🏻 https://t.me/khamfightnews7
ဘရော်နီကာပွဲ ဒီမှာ live လွှင့်ပေးထားပါတယ် 👇🏻👇🏻👇🏻 https://t.me/khamfightnews7

ဗန့်ကို ချစ်သည်ဖြစ်စေ ၊ မုန်းသည်ဖြစ်စေ ဗန်ကတော့ ထိပ်ဆုံးမှာ နေရာယူထားဆဲပါပဲ 🇲🇲🥰 ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း... UFC လောကရဲ
ဗန့်ကို ချစ်သည်ဖြစ်စေ ၊ မုန်းသည်ဖြစ်စေ ဗန်ကတော့ ထိပ်ဆုံးမှာ နေရာယူထားဆဲပါပဲ 🇲🇲🥰 ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း... UFC လောကရဲ့ နာမည်ကျော် ဖိုက်တာတွေဖြစ်တဲ့ ခမ်းဇတ် ချီမာယက်ဗ် ၊ ရှောင် စထရစ်လန်း ၊ ဂန္တဝင်ကြီး ကော်နာ မက်ဂရီဂေါ ၊ ဘီလယ် မူဟမ္မဒ် အပါအဝင် အောက်က ထိပ်သီးဖိုက်တာ (၁၁) ယောက်လုံးရဲ့ ချန်ပီယံခါးပတ် ကာကွယ်နိုင်မှု စံချိန်တွေကို အားလုံးပေါင်းလိုက်ရင်တောင် "သုည (၀) ကြိမ်" သာ ရှိသော်လည်း... အသက် ၂၄ နှစ်အရွယ် မြန်မာ့သွေး မောင်ဗန် တစ်ဦးတည်းကတင် ခါးပတ် ကာကွယ်မှု "(၁) ကြိမ်" အထိ လုပ်ပြပြီး အားလုံးထက် သာလွန်ကြောင်း သမိုင်းသစ် ရေးထိုးပြလိုက်တာ ဖြစ်ပါတယ်။🔥 ဒါ့အပြင် ဗန်ဟာ UFC သမိုင်းတစ်လျှောက်မှာ ဂန္တဝင်ကြီး ဂျွန်ဂျုန်းစ်ပြီးရင်... အသက် ၂၄ နှစ်မတိုင်ခင် ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်ပြနိုင်ခဲ့တဲ့ "ဒုတိယမြောက် အသက်အငယ်ဆုံး ဖိုက်တာ" အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါပြီ။ သူ့ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ဗန်ဟာ အနာဂတ် Flyweight ဝိတ်တန်းရဲ့ အကြီးကျယ်ဆုံး ဂန္တဝင် (Flyweight GOAT) ဖြစ်လာဖို့ လမ်းစပွင့်သွားပြီဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ🇲🇲🥰🔥

Repost from Kham Fight News
ပါရဲရားအနေနဲ့ အရင်ဝိတ်တန်းတွေမှာတော့ ပြိုင်ဘက်ရဲ့ လက်သီးအချို့ကို အခံရိုးတောင့်လို့ တောင့်ခံနိုင်ခဲ့ပေမယ့်... အားလုံးက အလဲထိုးပါဝါ အပြည့်ရှိတဲ့ ဟဲဗီးဝိတ်တန်းမှာတော့ အရှိန်နှေးပြီး ရှောင်ချက်နောက်ကျလို့ တစ်ချက်တည်း တည့်တည့်အထိခံရရင်တင် ပွဲပြီးသွားနိုင်ပါတယ်။ ဒါကြောင့် လက်ရှိပါရဲရားရဲ့ "အရှိန်နှေးကွေးမှု" နဲ့ လုံးဝအသစ်အဆန်းဖြစ်မယ့် ဟဲဗီးဝိတ်ပတ်ဝန်းကျင်ကြောင့်... ဆိုင်ရယ်ဂိမ်းက သူ့ရဲ့မြန်ဆန်တဲ့ အဝင်အထွက် ကစားကွက်တွေနဲ့ ပါရဲရားကို အကောင်းဆုံး ခြေဖျက်ပြီး အားလုံးအံ့ဩသွားမယ့် အရှုံးရလဒ် (Upset) ကို ဖန်တီးသွားနိုင်ခြေ အပြည့်ရှိနေပါတယ် MMA ဆိုတာ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ညီကိုတို့ကရော ဘယ်လိုထင်မြင်မိလဲ 🤔

Repost from Kham Fight News
+1
ဟဲဗီးဝိတ်တန်းမှာ အရှိန်နှေးသွားတဲ့ ပါရဲရား တကယ်ပဲရှုံးတော့မလား??? 🤔 ပါရဲရား ရဲ့ နည်းပြကိုယ်တိုင်က လက်ရှိမှာ သူ့တပည့်ဟာ ဟဲဗီးဝိတ်တန်းအတွက် ၂၅၅ ပေါင် အထိ အလေးချိန်တက်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး၊ နောက်ဆုံးထွက်လာတဲ့ လေ့ကျင့်ရေးဗီဒီယိုတွေထဲမှာလည်း ပါရဲရားဟာ အရင်ကထက် သိသိသာသာ ခြေလှမ်းတွေ နှေးကွေးသွားတာကို မြင်တွေ့နေရတာ ဖြစ်ပါတယ် ဒီအချက်ဟာ ပါရဲရားအတွက် တကယ့်ကို အန္တရာယ်ကြီးမားလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် ဆိုင်ရယ်ဂိမ်း (Ciryl Gane) ဆိုတာ ဟဲဗီးဝိတ်သမား ဖြစ်ပေမယ့် ဝဲလ်တာဝိတ်တန်းက ဖိုက်တာတွေလို ဖျတ်လတ်ပြီး ခြေလှမ်းအလွန်မြန်တဲ့ စနိုက်ပါသမားတစ်ဦး ဖြစ်လို့နေတာကြောင့်ပါပဲ

"ကော်နာမရှိရင် ခါဘစ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” လို့ သုံးသပ်ပြလာတဲ့ ကာမာရူအူစမန် အူစမန်က ခါဘစ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပေမယ့် ကမ္ဘာကျော် လူသိများသွားရတဲ့ အဓိက အချိုးအကွေ့ကတော့ ကော်နာနဲ့ ပွဲကြောင့်ပဲလို့ ဆန်းစစ်ပြခဲ့တာပါ "ကော်နာ မရှိခဲ့ရင် ခါဘစ်ဟာ အခုလက်ရှိ ခါဘစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်... ခါဘစ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ပါရမီ၊ အရည်အချင်းတွေနဲ့ သူ ဘယ်လောက်အထိ တော်လဲဆိုတာကြောင့် အခုလို နေရာမျိုးကို ရောက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝရဲ့ အထွတ်အထိပ် နေရာတစ်ခုကို ရောက်သွားဖို့ဆိုရင်တော့... မင်းအနေနဲ့ သွားရောက်ချေမှုန်း သုတ်သင်ပစ်ရမယ့် 'တကယ့်ရန်သူတော်ကြီး' ဒါမှမဟုတ် 'ဗီလိန်လူဆိုးကြီး' တစ်ယောက် လိုအပ်ပါတယ်။" ဥစမန် ပြောသွားတာက တကယ့်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ခါဘစ်ဟာ ပြိုင်ဘက်ကင်းတဲ့ ဖိုက်တာအဖြစ် ရှိနေခဲ့ပေမယ့်... ၂၀၁၈ ခုနှစ်မှာ ကော်နာ မက်ဂရီဂေါနဲ့ UFC 229 မှာ တွေ့ဆုံပြီး ကမ္ဘာ့သမိုင်းတွင်အောင် လူကြည့်အများဆုံး မဟာစစ်ပွဲကြီး ဆင်နွှဲပြီးနောက်ပိုင်းမှာတင် ခါဘစ်ရဲ့ နာမည်ဟာ ကမ္ဘာ့အဆင့်အထိ ပေါက်ကွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အခု Flyweight တန်းကို အပီအပြင် စိုးမိုးအုပ်ချုပ်ပြီးတာနဲ့... နောက်ထပ် ဝိတ်တန်းတစ်ခုက ချန်ပီယံခါးပတ်ကိုပါ ထပ်မံလုယူပြီး UFC သမိုင်းစာမျက်နှာပေါ်မှာ မြန်မာ့သားကောင်းတစ်ယောက်အနေနဲ့ သမိုင်းသစ် ရေးထိုးသွားဖို့ လမ်းစပွင့်နေတာ ဖြစ်ပါတယ် ဒါဟာ စိတ်ကူးယဉ်အိမ်မက်သက်သက် မဟုတ်ဘဲ ဗန်ရဲ့ တိုးတက်မှုနှုန်းအရ တကယ်ဖြစ်လာနိုင်တဲ့ တွက်ချက်မှုတစ်ခုပဲ ဖြစ်ပါတယ် 🔥

Flyweight တန်းကိုတင်မကဘဲ Bantamweight (ဝိတ်တန်းနှစ်ခု) ချန်ပီယံ ဖြစ်လာနိုင်မယ့် ဗန်ရဲ့ အနာဂတ် 🇲🇲🔥 ဂျိုရှူအာဗန်ဟာ အခုလက်ရှိ
Flyweight တန်းကိုတင်မကဘဲ Bantamweight (ဝိတ်တန်းနှစ်ခု) ချန်ပီယံ ဖြစ်လာနိုင်မယ့် ဗန်ရဲ့ အနာဂတ် 🇲🇲🔥 ဂျိုရှူအာဗန်ဟာ အခုလက်ရှိ Flyweight (၁၂၅ ပေါင်) ဝိတ်တန်းမှာတင် ရပ်တန့်နေမယ့် ဖိုက်တာမျိုး လုံးဝမဟုတ်ပါဘူး။ သူ့ရဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ အချိုးအစားအရ... အနာဂတ်မှာ တစ်ဆင့်မြင့်တဲ့ Bantamweight (၁၃၅ ပေါင်) ဝိတ်တန်းအထိပါ တက်ရောက်ပြီး ဝိတ်တန်းနှစ်ခုချန်ပီယံ "Double Champ" ဖြစ်လာနိုင်မယ့် အလားအလာတွေ အပြည့်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗန်ရဲ့ ထိုးသတ်မှုပုံစံဟာ ဝိတ်တန်းတူ ဖိုက်တာတွေထက် လက်သီးဒဏ် အဆမတန် ခံနိုင်ရည်ရှိသလို၊ အဖျက်စွမ်းအားလည်း ပိုပြင်းတာကြောင့်... တစ်ချိန်မှာ ၁၃၅ ပေါင်တန်းက ထိပ်သီးတွေနဲ့ ယှဉ်ရင်တောင် အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ပါဝါပိုင်းက အေးဆေး ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။

🇺🇸 အမေရိကန် မီဒီယာတွေနဲ့ Joe Rogan ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မြန်မာ့သွေး ဂျိုရှူအာဗန်🇲🇲🥰 ကျွန်တော်တို့ရဲ့ "The Fearless
🇺🇸 အမေရိကန် မီဒီယာတွေနဲ့ Joe Rogan ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မြန်မာ့သွေး ဂျိုရှူအာဗန်🇲🇲🥰 ကျွန်တော်တို့ရဲ့ "The Fearless" ဂျိုရှူအာဗန်ဟာ မြန်မာပရိသတ်တွေတင် အသည်းစွဲဖြစ်နေတာ မဟုတ်ဘဲ... အခုဆိုရင် အမေရိကန် အခြေစိုက် ကမ္ဘာ့အားကစား မီဒီယာကြီးတွေနဲ့ UFC ရဲ့ သြဇာအရှိဆုံး ဂန္တဝင်သုံးသပ်သူကြီး ဂျိုးရိုဂန် (Joe Rogan) ကိုယ်တိုင်ကပါ ဗန်ရဲ့အကြောင်းကို တအံ့တသြ ချီးကျူးနေကြရပြီ ဖြစ်ပါတယ် နိုင်ငံတကာ မီဒီယာတွေက ဘာကြောင့် ဗန်ကို ဒီလောက် မျက်စိကျနေတာလဲဆိုရင်... သူ့ရဲ့ ထိုးသတ်ပုံဟာ သာမန်အမေရိကန် ဖိုက်တာတွေလို မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာမဆို လုံးဝဆုတ်မပေးတဲ့ "စိတ္တဇစိတ်ဓာတ်" နဲ့ အံ့ဩစရာကောင်းတဲ့ သံမဏိခံနိုင်ရည် ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဂျိုးရိုဂန်ကိုယ်တိုင်ကတောင်မှ "ဒီကောင်လေးရဲ့ ပွဲတွေကို ကြည့်ရတာ တကယ့်ကို ရင်ခုန်ဖို့ကောင်းတယ်၊ သူဟာ Flyweight ဝိတ်တန်းရဲ့ အနာဂတ် Super Star အစစ်အမှန်ပဲ" လို့ ကမ္ဘာ့ရှေ့မှာ တစ်ခဲနက် ထုတ်ဖော်ချီးကျူးခဲ့တာ ဖြစ်ပါတယ်😍 ဒါဟာ ဂျိုရှူအာဗန်ဆိုတဲ့ နာမည်တစ်ခုတည်းတင် မဟုတ်ဘဲ... မြန်မာ့သွေးရဲ့ မာဂုဏ်နဲ့ ခံနိုင်ရည်ကို UFC ကမ္ဘာ့စင်မြင့်ထက်မှာ ကမ္ဘာကြီးကပါ အသိအမှတ်ပြု ဦးညွှတ်လာရတဲ့ သက်သေတစ်ခုပဲ ဖြစ်ပါတယ်🇲🇲

အောင်လအန်ဆန်းအကြောင်း ညီကိုတို့ လုံးဝမသိသေးတဲ့ လျှို့ဝှက်ချက် ၄ချက် 🥰🇲🇲😍 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/q1vQiye9uQc?si=-46JGyhVaCd1UsHT

ဂျပန် MMA မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အခုလို ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလိုက်နိုင်တဲ့ ဂျော့ရှူအာဗန် 🇲🇲🥰😍 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/TBTl1HrSOY0?si=6srFrPFYQl-zvE93

ခါဘစ်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ ဆရာကြီး အဗ္ဗဒူလ်မာနက်ပ် ကွယ်လွန်သွားပြီးနောက်... မိခင်ဖြစ်သူကို ပေးခဲ့တဲ့ကတိ (အဖေမရှိဘဲ နောက်ထပ် ကြိုးဝိုင်းထဲ မဝင်တော့ပါဘူးဆိုတဲ့ ကတိ) ကြောင့်သာ ၂၉ ပွဲနိုင်၊ ရှုံးပွဲမရှိ စံချိန်နဲ့ ဘဝကို အထွတ်အထိပ်မှာ စွန့်လွှတ်ပြီး အနားယူခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဒေနာဝှိုက်က ပိုက်ဆံကြောင့် အနားယူတာပါဆိုပြီး ပုံဖျက်ဖို့ ကြိုးစားခဲ့တာကြောင့် ခါဘစ်တစ်ယောက် အခုလို ဘာသာရေးအရပါ ကျိန်ဆိုပြီး ပွဲကြမ်းလိုက်တာ ဖြစ်ပါတယ်။

ဒေနာဝှိုက်က မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ "ခါဘစ်ဟာ မွတ်စလင်နိုင်ငံတွေဆီကနေ ပိုက်ဆံတွေ အပုံလိုက်အပင်လိုက် ရရှိခဲ့လို့ ချမ်းသာလ
ဒေနာဝှိုက်က မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ "ခါဘစ်ဟာ မွတ်စလင်နိုင်ငံတွေဆီကနေ ပိုက်ဆံတွေ အပုံလိုက်အပင်လိုက် ရရှိခဲ့လို့ ချမ်းသာလွန်းပြီး နောက်ထပ် ထိုးသတ်စရာမလိုတော့လို့ အနားယူသွားတာ" လို့ ပြောကြားခဲ့ပါတယ် ခါဘစ်က ဒေနာဝှိုက်ရဲ့ စွပ်စွဲချက်တွေဟာ လုံးဝအခြေအမြစ်မရှိတဲ့ မဟုတ်မမှန် သတင်းတွေဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်သွားခဲ့ပါတယ်။ "တစ်ခါတလေ အင်တာနက်ပေါ်က ခေါင်းစဉ်တွေကို ကျွန်တော် ဖတ်မိပါတယ်။ အင်တာနက်ပေါ်က အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတိုင်းကို လိုက်ပြီး ရှင်းပြလေ့မရှိပေမယ့်... ဒေနာဝှိုက်ကိုယ်တိုင်က ပြောလိုက်တဲ့အခါကျတော့ သတင်းတွေက အရမ်းမြန်မြန် ပြန့်သွားတယ်ဗျ။ ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ကျွန်တော် ကျိန်ဆိုရဲတယ်... ဒါဟာ လုံးဝအောက်တန်းကျတဲ့ လိမ်ညာမှု အစစ်အမှန်ပါပဲ။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလို မီလီယံပေါင်းများစွာ ပေးခဲ့တာမရှိသလို၊ ပိုက်ဆံတွေ အများကြီးရလို့ အားကစားလောကကနေ ထွက်ခွာခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်တော် ဘာကြောင့် အနားယူခဲ့ရလဲဆိုတဲ့ 'တကယ့်အမှန်တရား' ကို တစ်ကမ္ဘာလုံးက သိပြီးသားပါ။ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပြီမို့ ထပ်ပြောနေစရာ မလိုတော့ပါဘူး။"

ပြိုင်ဘက်တွေကို ေ-သွးပျက်စေတဲ့ ဂျိုရှူအာဗန်ရဲ့ ‘Body Shots’ လျှို့ဝှက်ချက် 🥊🔥 ဂျိုရှူအာဗန် ကြိုးဝိုင်းထဲရောက်ရင် ပြိုင်ဘက်တ
ပြိုင်ဘက်တွေကို ေ-သွးပျက်စေတဲ့ ဂျိုရှူအာဗန်ရဲ့ ‘Body Shots’ လျှို့ဝှက်ချက် 🥊🔥 ဂျိုရှူအာဗန် ကြိုးဝိုင်းထဲရောက်ရင် ပြိုင်ဘက်တွေကို အကြောက်တရား သွင်းနိုင်ဆုံး ကစားကွက်က ဘာလဲဆိုရင်... လူအများစု သတိမထားမိကြတဲ့ ပြိုင်ဘက်ရဲ့ ဝမ်းဗိုက်ပိုင်းကို ပတ်ပတ်စက်စက် ဆော်ထည့်တဲ့ "Body Shots" တွေပဲ ဖြစ်ပါတယ် ဖိုက်တာအများစုဟာ ခေါင်းကိုပဲ အဓိကထားပြီး အလဲထိုးဖို့ ကြိုးစားလေ့ရှိပေမယ့်၊ ဗန်ကတော့ အလွန် ပါးနပ်လှပါတယ်။ သူဟာ ခေါင်းကို ဟန်ပြပြီးတာနဲ့ ပြိုင်ဘက်ရဲ့ အသည်း (Liver) နဲ့ နံရိုးတွေဆီကို စနစ်တကျ တွက်ချက်ပြီး သံမဏိလက်သီးတွေနဲ့ သွားရောက်ထိုးနှက်လေ့ ရှိတာပါ။ ဒီလို ဝမ်းဗိုက်ပိုင်း အကန်အထိုးခံရတဲ့အခါ ပြိုင်ဘက်တွေဟာ အဆုတ်ထဲမှာ လေကုန်ခမ်းသွားသလို ခံစားရပြီး အသက်ရှူရ လုံးဝခက်ခဲသွားစေရုံတင်မကဘဲ၊ ခြေလှမ်းတွေပါ တုံ့ဆိုင်းနှေးကွေးသွားစေတာ ဖြစ်ပါတယ် ဒီလို သွေးအေးအေးနဲ့ အကွက်ချတတ်တဲ့ ဗန်ရဲ့ "Liver Shot" နည်းဗျူဟာကြောင့်ပဲ... ဘယ်လောက်တောင့်တဲ့ ပြိုင်ဘက်ကြီးတွေဖြစ်ပါစေ ရေရှည်မှာ အသက်ရှူမဝဘဲ ကြမ်းပြင်ပေါ် ဒူးထောက် အရှုံးပေးကုန်ကြရတာ ဖြစ်ပါတယ်🔥

အာမန်က တကယ်တော့ကားပွဲစားပါလို့ ဖွင့်ချလိုက်တဲ့ တိုပူရီးယား တိုပူရီးယားက အာမန်ရဲ့ ကြွယ်ဝမှုတွေဟာ သာမန် ဟန်ပြသက်သက်ပဲဖြစ်ပြီး တ
အာမန်က တကယ်တော့ကားပွဲစားပါလို့ ဖွင့်ချလိုက်တဲ့ တိုပူရီးယား တိုပူရီးယားက အာမန်ရဲ့ ကြွယ်ဝမှုတွေဟာ သာမန် ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ့်သူဌေးအစစ်မဟုတ်ကြောင်း အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်ပါတယ်။ "သူလည်း တကယ်မချမ်းသာပါဘူး၊ သူ့အဖေလည်း မချမ်းသာပါဘူးဗျာ။ ကျွန်တော် သူဌေးကြီးတွေအများကြီးနဲ့ ပေါင်းသင်းဖူးပါတယ်။ ဘယ်သူဌေးမှ သူတို့လို ပုံစံမျိုး မနေကြဘူး။ သူ အခု ဘာလုပ်နေလဲဆိုတော့ ကားတစ်စီးကို ဝယ်တယ်၊ ပြီးရင် ရုရှားကို ပို့တယ်၊ အဲဒီကနေတစ်ဆင့် ပြန်ရောင်းပြီး အမြတ်ရှာတဲ့ 'ကားပွဲစားကစားပွဲ' ကို ကစားနေရတာပါ!"

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီလို ခဏခဏ ပြင်းပြင်းထန်ထန် အလဲထိုးခံရပါများလာရင် ကစားသမားဘဝ သက်တမ်း တိုသွားရုံတင်မကဘဲ... အနားယူသွားတဲ့အချိန်မှာပါ ရေရှည်ဆိုးကျိုးအနေနဲ့ စကားတွေ ထစ်လာတာ၊ လက်ခြေတုန်တာ (Parkinson's) နဲ့ မှတ်ဉာဏ်တွေ လုံးဝချို့ယွင်းသွားတဲ့ CTE (Chronic Traumatic Encephalopathy) လို့ခေါ်တဲ့ ဦးနှောက် ရောဂါဝေဒနာတွေကိုပါ တစ်သက်လုံး ခံစားသွားရတတ်တာပါ။ ကျွန်တော်တို့ အားပေးနေတဲ့ ဖိုက်တာတွေဟာ ပိုက်ဆံနဲ့ အောင်မြင်မှုတစ်ခုတည်းအတွက်တင် မဟုတ်ဘဲ... သူတို့ရဲ့ အသက်၊ ဘဝနဲ့ ဦးနှောက်ကိုပါ အရင်းအနှီးပြုပြီး ကြိုးဝိုင်းထဲမှာ ပေးဆပ်နေကြတာ ဖြစ်ပါတယ်။🥺😢

🧠 လက်သီးတစ်ချက်ကြောင့်တင် ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ MMA ရဲ့ အန္တရာယ်အရှိဆုံး ‘ခေါင်းကန် ချက်’ နဲ့ ‘မေးရိုးဒဏ်ရာ’ များ�
🧠 လက်သီးတစ်ချက်ကြောင့်တင် ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ MMA ရဲ့ အန္တရာယ်အရှိဆုံး ‘ခေါင်းကန် ချက်’ နဲ့ ‘မေးရိုးဒဏ်ရာ’ များ😱 ကျွန်တော်တို့ ကြိုးဝိုင်းထဲမှာ ပွဲကြည့်ကောင်းလို့ အားရပါးရ အော်ဟစ်အားပေးနေရတဲ့ အလဲထိုး (KO) ဖြစ်သွားတဲ့ အခိုက်အတန့်တွေဟာ... တကယ်တော့ ဖိုက်တာတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက်တော့ တကယ့်ကို ဂျောက်ကန္တာရထဲ ကျသွားသလို ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို ပေးတတ်ပါတယ်😢 အထူးသဖြင့် ခေါင်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ အကန်ခံရတာမျိုး ဒါမှမဟုတ် မေးရိုး (Chin) ကို တည့်တည့် ဆွဲထိုးခံရတဲ့အခါ... ပြင်းထန်လွန်းတဲ့ ဒဏ်ရာကြောင့် ဦးနှောက်ဟာ ဦးခေါင်းခွံရဲ့ အတွင်းနံရံနဲ့ အားပြင်းပြင်း သွားရောက်ရိုက်မိပြီး System Shock ဖြစ်ကာ ခဏတာ Brain Shutdown ဖြစ်ပြီး သတိလစ်လဲကျသွားရတာ ဖြစ်ပါတယ်။

ဝဲလ်သာဝိတ်ခါးပတ်ယူပြီးရင် တိုပူရီးယားနဲ့ ထိုးချင်တယ်လို့ စိန်ခေါ်လိုက်တဲ့ ကားလို့စ် ပရာတေးစ် 🔥🔥 လက်ရှိမှာ ကစားကွက်အမြန်နဲ့
ဝဲလ်သာဝိတ်ခါးပတ်ယူပြီးရင် တိုပူရီးယားနဲ့ ထိုးချင်တယ်လို့ စိန်ခေါ်လိုက်တဲ့ ကားလို့စ် ပရာတေးစ် 🔥🔥 လက်ရှိမှာ ကစားကွက်အမြန်နဲ့ အလဲထိုးနိုင်မှုနှုန်း မြင့်မားလွန်းလို့ ပရိသတ်တွေ အသည်းစွဲဖြစ်နေတဲ့ ဘရာဇီးလ်လူကြမ်းကြီး ကားလို့စ် ပရာတေးစ်က တိုပူရီးယားနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ကူးမဟာဗျူဟာကို အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ် "ကျွန်တော် အရင်ဆုံး (၁၇၀ ပေါင်) ဝဲလ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို အမိအရ ယူမယ်။ ပြီးရင်တော့ တိုပူရီးယားကို မေးလိုက်မယ်... 'မင်း ၁၇၀ ပေါင်တန်းကို တက်လာချင်လား' လို့ပေါ့။ လာလေ... ထိုးကြတာပေါ့ဗျာ။ ဒါက တကယ့်ကို Super Fight၊ ပိုက်ဆံအပုံလိုက်ရမယ့် Money Fight ကြီး ဖြစ်လာမှာပါ!"

"ငါ့ခါးပတ်ကို မကြာခင် ငါပြန်ယူမယ်” လို့ ကြွေးကြော်လိုက်တဲ့ ပန်တိုဂျာ 🥲 ဒီကနေ့မနက်ပိုင်းမှာပဲ UFC Brazil ရဲ့ တရားဝင် အကောင့်က
"ငါ့ခါးပတ်ကို မကြာခင် ငါပြန်ယူမယ်” လို့ ကြွေးကြော်လိုက်တဲ့ ပန်တိုဂျာ 🥲 ဒီကနေ့မနက်ပိုင်းမှာပဲ UFC Brazil ရဲ့ တရားဝင် အကောင့်ကနေ ပန်တိုဂျာနဲ့ ဂျိုရှူအာဗန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပရိသတ်တွေ ပိုပြီးရင်ခုန်လာအောင် "ဘယ်အချိန်မှာ ပြန်တွေ့ကြမလဲ?" ဆိုတဲ့ စာသားနဲ့အတူ ပုံဖတ်တင်ပြီး မကျေပွဲကို မျှော်လင့်နေကြောင်း စတေးတပ် တင်ခဲ့ပါတယ် ပိုပြီးတော့ ပွဲဆူသွားတာက... အဲဒီပို့စ်ကို ချန်ပီယံဟောင်း ပန်တိုဂျာကိုယ်တိုင် ကောက်ချက်ချ ပြန်လည်မျှဝေ (Share) လိုက်ပြီး "Soon" (မကြာခင်ပေါ့) ဆိုတဲ့ စာသားတိုတိုလေးနဲ့အတူ "ငါပြန်လာပြီ၊ ငါ့ရဲ့ ခါးပတ်ကို ငါပြန်ယူဖို့ အသင့်ပဲ"ဆိုတဲ့ စကားလုံးတွေနဲ့ ဂျိုရှူအာဗန်ဆီကို စိန်ခေါ်သံ ပေးလိုက်တာ ဖြစ်ပါတယ် ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အမြဲအသင့်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ ဗန်တစ်ယောက် ပန်တိုဂျာရဲ့ စိန်ခေါ်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတာ... "ဆက်လက်စောင့်ကြည့် ကြတာပေါ့ဗျာ 😋🇲🇲

ဂန္တဝင်ကြီး ခင်းကျင်းပေးခဲ့တဲ့ အဲဒီမပြိုလဲနိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာပဲ... အခု ၂၀၂၆ ခုနှစ်မှာတော့ နောက်ထပ် မျိုးဆက်သစ် မြန်မာ့သားကောင်းတစ်ယောက် ကမ္ဘာ့ထိပ်ဆုံး မကြောက်မရွံ့ အလဲထိုးပစ်တတ်တဲ့ "The Fearless" ဂျိုရှူအာဗန် (Joshua Van) ပဲ ဖြစ်ပါတယ်။ ဗန်ဟာ ကမ္ဘာ့အကြီးမားဆုံး အဖွဲ့အစည်းကြီးဖြစ်တဲ့ UFC ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကြီးကိုပါ ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ရရှိသွားခဲ့ကာ တစ်ကြိမ်ဆက်လက်ကာကွယ်ထားနိုင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ထိပ်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင်နန်းသက်တစ်ခုကို ခိုင်ခိုင်မာမာ တည်ထောင်ပြထားနိုင်ခဲ့ပါပြီ။ ဂန္တဝင်ကြီး အောင်လအန်ဆန်း ခင်းကျင်းပေးခဲ့တဲ့ သမိုင်းဝင် Legacy လမ်းကြောင်းပေါ်မှာ အခုလို ကမ္ဘာ့အဆင့် ချန်ပီယံအသစ်တွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပေါ်ထွက်လာတာဟာ... 'မြန်မာ့သွေးရဲရင် ဘယ်လောက်အထိ ကြောက်စရာကောင်းလဲ၊ မြန်မာတွေ တကယ်လုပ်ရင် ကမ္ဘာကတောင် ဒူးထောက်အသိအမှတ်ပြုရတယ်' ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်🇲🇲👑 လေးစားဂုဏ်ယူရပါသော မြန်မာ့ဂုဏ်ဆောင် ကိုအောင်လအန်ဆန်း နဲ့ ချင်းလေးဗန် 🥰

အောင်လအန်ဆန်းရဲ့ Hall of Fame ဂုဏ်ထူးဆောင်မှတ်တမ်းကနေ ကမ္ဘာကို ဆက်လက်အုပ်စိုးမယ့် ချန်ပီယံ ဂျိုရှူအာဗန် 🇲🇲👑 ကျွန်တော်တို့
အောင်လအန်ဆန်းရဲ့ Hall of Fame ဂုဏ်ထူးဆောင်မှတ်တမ်းကနေ ကမ္ဘာကို ဆက်လက်အုပ်စိုးမယ့် ချန်ပီယံ ဂျိုရှူအာဗန် 🇲🇲👑 ကျွန်တော်တို့ မြန်မာ့တိုက်ခိုက်ရေးလောကရဲ့ သမိုင်းစာမျက်နှာတွေမှာ ဘယ်တော့မှ ဖျက်ပစ်လို့မရဘဲ ကမ္ပည်းတင်ကျန်ရစ်မယ့် မမေ့နိုင်စရာ မဟာသမိုင်းဝင် အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့အဆင့် အမြင့်ဆုံးစင်မြင့်ပေါ်မှာ 'မြန်မာ' ဆိုတဲ့ နာမည်ကို ပထမဆုံး ထင်ဟပ်စေခဲ့ပြီး ONE Championship ရဲ့ ဝိတ်တန်းနှစ်ခုစလုံးကို သိမ်းပိုက်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ 'မြန်မာ့စပါးအုန်း' အောင်လအန်ဆန်းဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်မှတ်တမ်းဖြစ်တဲ့ Hall of Fame (ဂုဏ်ထူးဆောင်အဖွဲ့ဝင်) အဖြစ် သမိုင်းဝင် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး မြန်မာ့လက္ခရည်ရဲ့ သံမဏိသတ္တိကို တစ်ကမ္ဘာလုံး သိအောင် ဒူးထောက်ချပြခဲ့ပြီးပါပြီ။