es
Feedback
Kham Fight News - Van live

Kham Fight News - Van live

Ir al canal en Telegram

ဗန်ပွဲကြည့်ရန်

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Kham Fight News - Van live

El canal Kham Fight News - Van live (@khamfightnews6) es un actor destacado. Actualmente la comunidad reúne a 28 065 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 28 065 suscriptores.

Según los últimos datos del 12 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -1 593, y en las últimas 24 horas de -38, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 1.75%. Durante las primeras 24 horas tras publicar, el contenido suele obtener 0.95% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 493 visualizaciones. En el primer día suele acumular 268 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
ဗန်ပွဲကြည့်ရန်

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 13 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

28 065
Suscriptores
-3824 horas
-3637 días
-1 59330 días
Archivo de publicaciones
ခနနေရင် မန်ယူ Vs ဘရိုက်တန် ပွဲရှိမယ်ညီကိုတို့ ၊ တိုက်ရိုက် live ကြည့်ချင်ရင် React တစ်ခုခုပေးခဲ့ဗျာ ၊ ကြည့်မယ့်သူများရင် live
+1
ခနနေရင် မန်ယူ Vs ဘရိုက်တန် ပွဲရှိမယ်ညီကိုတို့ ၊ တိုက်ရိုက် live ကြည့်ချင်ရင် React တစ်ခုခုပေးခဲ့ဗျာ ၊ ကြည့်မယ့်သူများရင် live လွှင့်ပေးပါမယ် 🥰

ပုညစိုင်းကို မြန်မာပရိသတ်တွေက UFC မှာ မြင်ချင်ကြပေမယ့် One Championship ကိုရောက်လာနိုင်တာလည်း ထည့်တွက်ထားဖို့ လိုပါတယ်🇲🇲🥰 အောက်က အပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻 https://youtu.be/Ucn8jVwzsaU?si=P8hdmCkK1UQef5R7

ဒါကြောင့် အီလီယာတိုပူရီးယားသာ ဂျက်စတင်ဂေဂျီနဲ့ပွဲမှာ နိုင်ခဲ့ရင် နောက်ထပ် ကာကွယ်ပွဲက အာမန် ဆာရူကျန် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီး... အဲဒါပြီးမှပဲ အစ္စလမ် မာခါချက်ဗ်ကို သွားရောက်စိန်ခေါ်မယ့် သူ့ရဲ့ မဟာရည်မှန်းချက်ကြီး ဆက် ဖြစ်လာမှာပါ!"

အာမန်ကိုအရင်ရှင်းပြီး မာခါချက်ဗ့်ကို ထပ်ဖြုတ်မယ့် တိုပူရီးယား 🔥🔥 တိုပူရီးယားဟာ ဝိတ်တန်းကျော်ပြီး ဝဲလ်သာဝိတ်တန်းဘုရင် အစ္စလမ
အာမန်ကိုအရင်ရှင်းပြီး မာခါချက်ဗ့်ကို ထပ်ဖြုတ်မယ့် တိုပူရီးယား 🔥🔥 တိုပူရီးယားဟာ ဝိတ်တန်းကျော်ပြီး ဝဲလ်သာဝိတ်တန်းဘုရင် အစ္စလမ် မာခါချက်ဗ်ဆီ တိုက်ရိုက်မသွားခင်... လက်ရှိ လိုက်ဝိတ်တန်းရဲ့ ထိပ်သီးစိန်ခေါ်သူ ဆာရူကျန်ကို အရင်ဆုံး အပြတ်ရှင်းပစ်ဖို့ အခုလိုမျိုး လမ်းကြောင်း ရွေးချယ်လိုက်တာ ဖြစ်ပါတယ် ထိပ်သီးအားကစားသတင်းထောက် ကားလို့စ် လီဂက်စ်ပီ (Carlos Legaspi) ရဲ့ ဖော်ပြချက်အရ...လိုက်ဝိတ်တန်းရဲ့ ရှုံးပွဲမရှိဘုရင် အီလီယာ တိုပူရီးယားဟာ သူ့ရဲ့ နောက်ထပ် ခါးပတ်ကာကွယ်ပွဲမှာ အာမန် ဆာရူကျန်နဲ့ပဲ ထိပ်တိုက်တွေ့ဆုံဖို့ အပြင်းအထန် အလိုရှိနေကြောင်း အခုလိုပြောကြားလာခဲ့ပါတယ်။ "သူ (တိုပူရီးယား) က အာမန်နဲ့ တကယ်ကို ထိုးချင်နေတာပါ။ အကယ်၍ သူ ခါးပတ်ကာကွယ်ပွဲ ထပ်လုပ်ဖြစ်ရင် အာမန်နဲ့ပဲ ဖြစ်ဖို့ ရာနှုန်းပြည့် လိုလားနေပါတယ်။ အဲဒီပွဲသာ တကယ်ဖြစ်လာပြီး တိုပူရီးယားနိုင်သွားခဲ့ရင်တော့... သူ ကမ္ဘာ့အကောင်းဆုံးဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အနေအထား ရောက်သွားမှာပါ။

" မာခါချက်ဗ့်ကို ကျွန်တော့်စိတ်ကြိုက်အလဲထိုး ဒါမှမဟုတ် ချုပ်ကွက်နဲ့ အေးဆေးအနိုင်ယူနိုင်ပါတယ် " ဆိုတဲ့ တိုပူရီးယား🔥 "ကျွန်တော
" မာခါချက်ဗ့်ကို ကျွန်တော့်စိတ်ကြိုက်အလဲထိုး ဒါမှမဟုတ် ချုပ်ကွက်နဲ့ အေးဆေးအနိုင်ယူနိုင်ပါတယ် " ဆိုတဲ့ တိုပူရီးယား🔥 "ကျွန်တော်ဟာ လက်ရှိမှာ ကိုယ့်ရဲ့ ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး ခန့်မှန်းရခက်လောက်အောင် အောင်မြင်မှုတွေ အထွတ်အထိပ် ရောက်နေတဲ့ အချိန်ပါ။ အရာအားလုံးထက် ကျွန်တော့်ရင်ထဲက ဖိုက်တင်စိတ်ဓာတ် (မီးတောက်) ကို ဆက်ပြီး တောက်လောင်နေစေချင်တာပဲ ရှိပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အကောင်းဆုံး အားကစားသမားလို့ ခံစားမိနေတာကြောင့်... အစ္စလမ် မာခါချက်ဗ့်ကို ကျွန်တော် ဖြစ်စေချင်တဲ့ ပုံစံအတိုင်း အပြတ်အသတ် နိုင်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ သူ့ကို ချုပ်ကွက် (Submission) နဲ့ အရှုံးပေးအောင်ပဲ လုပ်လုပ်၊ အလဲထိုး (Finish) ပဲ လုပ်လုပ်... ကျွန်တော် အေးဆေး လုပ်ပြနိုင်ပါတယ်!"

ဘရော်နီကာပွဲ ဒီမှာ live လွှင့်ပေးထားပါတယ် 👇🏻👇🏻👇🏻 https://t.me/khamfightnews7
ဘရော်နီကာပွဲ ဒီမှာ live လွှင့်ပေးထားပါတယ် 👇🏻👇🏻👇🏻 https://t.me/khamfightnews7

ဗန့်ကို ချစ်သည်ဖြစ်စေ ၊ မုန်းသည်ဖြစ်စေ ဗန်ကတော့ ထိပ်ဆုံးမှာ နေရာယူထားဆဲပါပဲ 🇲🇲🥰 ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း... UFC လောကရဲ
ဗန့်ကို ချစ်သည်ဖြစ်စေ ၊ မုန်းသည်ဖြစ်စေ ဗန်ကတော့ ထိပ်ဆုံးမှာ နေရာယူထားဆဲပါပဲ 🇲🇲🥰 ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း... UFC လောကရဲ့ နာမည်ကျော် ဖိုက်တာတွေဖြစ်တဲ့ ခမ်းဇတ် ချီမာယက်ဗ် ၊ ရှောင် စထရစ်လန်း ၊ ဂန္တဝင်ကြီး ကော်နာ မက်ဂရီဂေါ ၊ ဘီလယ် မူဟမ္မဒ် အပါအဝင် အောက်က ထိပ်သီးဖိုက်တာ (၁၁) ယောက်လုံးရဲ့ ချန်ပီယံခါးပတ် ကာကွယ်နိုင်မှု စံချိန်တွေကို အားလုံးပေါင်းလိုက်ရင်တောင် "သုည (၀) ကြိမ်" သာ ရှိသော်လည်း... အသက် ၂၄ နှစ်အရွယ် မြန်မာ့သွေး မောင်ဗန် တစ်ဦးတည်းကတင် ခါးပတ် ကာကွယ်မှု "(၁) ကြိမ်" အထိ လုပ်ပြပြီး အားလုံးထက် သာလွန်ကြောင်း သမိုင်းသစ် ရေးထိုးပြလိုက်တာ ဖြစ်ပါတယ်။🔥 ဒါ့အပြင် ဗန်ဟာ UFC သမိုင်းတစ်လျှောက်မှာ ဂန္တဝင်ကြီး ဂျွန်ဂျုန်းစ်ပြီးရင်... အသက် ၂၄ နှစ်မတိုင်ခင် ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်ပြနိုင်ခဲ့တဲ့ "ဒုတိယမြောက် အသက်အငယ်ဆုံး ဖိုက်တာ" အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါပြီ။ သူ့ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ဗန်ဟာ အနာဂတ် Flyweight ဝိတ်တန်းရဲ့ အကြီးကျယ်ဆုံး ဂန္တဝင် (Flyweight GOAT) ဖြစ်လာဖို့ လမ်းစပွင့်သွားပြီဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ🇲🇲🥰🔥

Repost from Kham Fight News
ပါရဲရားအနေနဲ့ အရင်ဝိတ်တန်းတွေမှာတော့ ပြိုင်ဘက်ရဲ့ လက်သီးအချို့ကို အခံရိုးတောင့်လို့ တောင့်ခံနိုင်ခဲ့ပေမယ့်... အားလုံးက အလဲထိုးပါဝါ အပြည့်ရှိတဲ့ ဟဲဗီးဝိတ်တန်းမှာတော့ အရှိန်နှေးပြီး ရှောင်ချက်နောက်ကျလို့ တစ်ချက်တည်း တည့်တည့်အထိခံရရင်တင် ပွဲပြီးသွားနိုင်ပါတယ်။ ဒါကြောင့် လက်ရှိပါရဲရားရဲ့ "အရှိန်နှေးကွေးမှု" နဲ့ လုံးဝအသစ်အဆန်းဖြစ်မယ့် ဟဲဗီးဝိတ်ပတ်ဝန်းကျင်ကြောင့်... ဆိုင်ရယ်ဂိမ်းက သူ့ရဲ့မြန်ဆန်တဲ့ အဝင်အထွက် ကစားကွက်တွေနဲ့ ပါရဲရားကို အကောင်းဆုံး ခြေဖျက်ပြီး အားလုံးအံ့ဩသွားမယ့် အရှုံးရလဒ် (Upset) ကို ဖန်တီးသွားနိုင်ခြေ အပြည့်ရှိနေပါတယ် MMA ဆိုတာ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ညီကိုတို့ကရော ဘယ်လိုထင်မြင်မိလဲ 🤔

Repost from Kham Fight News
+1
ဟဲဗီးဝိတ်တန်းမှာ အရှိန်နှေးသွားတဲ့ ပါရဲရား တကယ်ပဲရှုံးတော့မလား??? 🤔 ပါရဲရား ရဲ့ နည်းပြကိုယ်တိုင်က လက်ရှိမှာ သူ့တပည့်ဟာ ဟဲဗီးဝိတ်တန်းအတွက် ၂၅၅ ပေါင် အထိ အလေးချိန်တက်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး၊ နောက်ဆုံးထွက်လာတဲ့ လေ့ကျင့်ရေးဗီဒီယိုတွေထဲမှာလည်း ပါရဲရားဟာ အရင်ကထက် သိသိသာသာ ခြေလှမ်းတွေ နှေးကွေးသွားတာကို မြင်တွေ့နေရတာ ဖြစ်ပါတယ် ဒီအချက်ဟာ ပါရဲရားအတွက် တကယ့်ကို အန္တရာယ်ကြီးမားလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် ဆိုင်ရယ်ဂိမ်း (Ciryl Gane) ဆိုတာ ဟဲဗီးဝိတ်သမား ဖြစ်ပေမယ့် ဝဲလ်တာဝိတ်တန်းက ဖိုက်တာတွေလို ဖျတ်လတ်ပြီး ခြေလှမ်းအလွန်မြန်တဲ့ စနိုက်ပါသမားတစ်ဦး ဖြစ်လို့နေတာကြောင့်ပါပဲ

"ကော်နာမရှိရင် ခါဘစ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” လို့ သုံးသပ်ပြလာတဲ့ ကာမာရူအူစမန် အူစမန်က ခါဘစ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပေမယ့် ကမ္ဘာကျော် လူသိများသွားရတဲ့ အဓိက အချိုးအကွေ့ကတော့ ကော်နာနဲ့ ပွဲကြောင့်ပဲလို့ ဆန်းစစ်ပြခဲ့တာပါ "ကော်နာ မရှိခဲ့ရင် ခါဘစ်ဟာ အခုလက်ရှိ ခါဘစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်... ခါဘစ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ပါရမီ၊ အရည်အချင်းတွေနဲ့ သူ ဘယ်လောက်အထိ တော်လဲဆိုတာကြောင့် အခုလို နေရာမျိုးကို ရောက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝရဲ့ အထွတ်အထိပ် နေရာတစ်ခုကို ရောက်သွားဖို့ဆိုရင်တော့... မင်းအနေနဲ့ သွားရောက်ချေမှုန်း သုတ်သင်ပစ်ရမယ့် 'တကယ့်ရန်သူတော်ကြီး' ဒါမှမဟုတ် 'ဗီလိန်လူဆိုးကြီး' တစ်ယောက် လိုအပ်ပါတယ်။" ဥစမန် ပြောသွားတာက တကယ့်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ခါဘစ်ဟာ ပြိုင်ဘက်ကင်းတဲ့ ဖိုက်တာအဖြစ် ရှိနေခဲ့ပေမယ့်... ၂၀၁၈ ခုနှစ်မှာ ကော်နာ မက်ဂရီဂေါနဲ့ UFC 229 မှာ တွေ့ဆုံပြီး ကမ္ဘာ့သမိုင်းတွင်အောင် လူကြည့်အများဆုံး မဟာစစ်ပွဲကြီး ဆင်နွှဲပြီးနောက်ပိုင်းမှာတင် ခါဘစ်ရဲ့ နာမည်ဟာ ကမ္ဘာ့အဆင့်အထိ ပေါက်ကွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အခု Flyweight တန်းကို အပီအပြင် စိုးမိုးအုပ်ချုပ်ပြီးတာနဲ့... နောက်ထပ် ဝိတ်တန်းတစ်ခုက ချန်ပီယံခါးပတ်ကိုပါ ထပ်မံလုယူပြီး UFC သမိုင်းစာမျက်နှာပေါ်မှာ မြန်မာ့သားကောင်းတစ်ယောက်အနေနဲ့ သမိုင်းသစ် ရေးထိုးသွားဖို့ လမ်းစပွင့်နေတာ ဖြစ်ပါတယ် ဒါဟာ စိတ်ကူးယဉ်အိမ်မက်သက်သက် မဟုတ်ဘဲ ဗန်ရဲ့ တိုးတက်မှုနှုန်းအရ တကယ်ဖြစ်လာနိုင်တဲ့ တွက်ချက်မှုတစ်ခုပဲ ဖြစ်ပါတယ် 🔥

Flyweight တန်းကိုတင်မကဘဲ Bantamweight (ဝိတ်တန်းနှစ်ခု) ချန်ပီယံ ဖြစ်လာနိုင်မယ့် ဗန်ရဲ့ အနာဂတ် 🇲🇲🔥 ဂျိုရှူအာဗန်ဟာ အခုလက်ရှိ
Flyweight တန်းကိုတင်မကဘဲ Bantamweight (ဝိတ်တန်းနှစ်ခု) ချန်ပီယံ ဖြစ်လာနိုင်မယ့် ဗန်ရဲ့ အနာဂတ် 🇲🇲🔥 ဂျိုရှူအာဗန်ဟာ အခုလက်ရှိ Flyweight (၁၂၅ ပေါင်) ဝိတ်တန်းမှာတင် ရပ်တန့်နေမယ့် ဖိုက်တာမျိုး လုံးဝမဟုတ်ပါဘူး။ သူ့ရဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ အချိုးအစားအရ... အနာဂတ်မှာ တစ်ဆင့်မြင့်တဲ့ Bantamweight (၁၃၅ ပေါင်) ဝိတ်တန်းအထိပါ တက်ရောက်ပြီး ဝိတ်တန်းနှစ်ခုချန်ပီယံ "Double Champ" ဖြစ်လာနိုင်မယ့် အလားအလာတွေ အပြည့်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗန်ရဲ့ ထိုးသတ်မှုပုံစံဟာ ဝိတ်တန်းတူ ဖိုက်တာတွေထက် လက်သီးဒဏ် အဆမတန် ခံနိုင်ရည်ရှိသလို၊ အဖျက်စွမ်းအားလည်း ပိုပြင်းတာကြောင့်... တစ်ချိန်မှာ ၁၃၅ ပေါင်တန်းက ထိပ်သီးတွေနဲ့ ယှဉ်ရင်တောင် အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ပါဝါပိုင်းက အေးဆေး ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။

🇺🇸 အမေရိကန် မီဒီယာတွေနဲ့ Joe Rogan ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မြန်မာ့သွေး ဂျိုရှူအာဗန်🇲🇲🥰 ကျွန်တော်တို့ရဲ့ "The Fearless
🇺🇸 အမေရိကန် မီဒီယာတွေနဲ့ Joe Rogan ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မြန်မာ့သွေး ဂျိုရှူအာဗန်🇲🇲🥰 ကျွန်တော်တို့ရဲ့ "The Fearless" ဂျိုရှူအာဗန်ဟာ မြန်မာပရိသတ်တွေတင် အသည်းစွဲဖြစ်နေတာ မဟုတ်ဘဲ... အခုဆိုရင် အမေရိကန် အခြေစိုက် ကမ္ဘာ့အားကစား မီဒီယာကြီးတွေနဲ့ UFC ရဲ့ သြဇာအရှိဆုံး ဂန္တဝင်သုံးသပ်သူကြီး ဂျိုးရိုဂန် (Joe Rogan) ကိုယ်တိုင်ကပါ ဗန်ရဲ့အကြောင်းကို တအံ့တသြ ချီးကျူးနေကြရပြီ ဖြစ်ပါတယ် နိုင်ငံတကာ မီဒီယာတွေက ဘာကြောင့် ဗန်ကို ဒီလောက် မျက်စိကျနေတာလဲဆိုရင်... သူ့ရဲ့ ထိုးသတ်ပုံဟာ သာမန်အမေရိကန် ဖိုက်တာတွေလို မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာမဆို လုံးဝဆုတ်မပေးတဲ့ "စိတ္တဇစိတ်ဓာတ်" နဲ့ အံ့ဩစရာကောင်းတဲ့ သံမဏိခံနိုင်ရည် ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဂျိုးရိုဂန်ကိုယ်တိုင်ကတောင်မှ "ဒီကောင်လေးရဲ့ ပွဲတွေကို ကြည့်ရတာ တကယ့်ကို ရင်ခုန်ဖို့ကောင်းတယ်၊ သူဟာ Flyweight ဝိတ်တန်းရဲ့ အနာဂတ် Super Star အစစ်အမှန်ပဲ" လို့ ကမ္ဘာ့ရှေ့မှာ တစ်ခဲနက် ထုတ်ဖော်ချီးကျူးခဲ့တာ ဖြစ်ပါတယ်😍 ဒါဟာ ဂျိုရှူအာဗန်ဆိုတဲ့ နာမည်တစ်ခုတည်းတင် မဟုတ်ဘဲ... မြန်မာ့သွေးရဲ့ မာဂုဏ်နဲ့ ခံနိုင်ရည်ကို UFC ကမ္ဘာ့စင်မြင့်ထက်မှာ ကမ္ဘာကြီးကပါ အသိအမှတ်ပြု ဦးညွှတ်လာရတဲ့ သက်သေတစ်ခုပဲ ဖြစ်ပါတယ်🇲🇲

အောင်လအန်ဆန်းအကြောင်း ညီကိုတို့ လုံးဝမသိသေးတဲ့ လျှို့ဝှက်ချက် ၄ချက် 🥰🇲🇲😍 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/q1vQiye9uQc?si=-46JGyhVaCd1UsHT

ဂျပန် MMA မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အခုလို ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလိုက်နိုင်တဲ့ ဂျော့ရှူအာဗန် 🇲🇲🥰😍 အောက်ကအပြာရောင်စာတန်းလေးကို နှိပ်ကြည့်နိုင်ပါတယ် 👇🏻👇🏻👇🏻 https://youtu.be/TBTl1HrSOY0?si=6srFrPFYQl-zvE93

ခါဘစ်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ ဆရာကြီး အဗ္ဗဒူလ်မာနက်ပ် ကွယ်လွန်သွားပြီးနောက်... မိခင်ဖြစ်သူကို ပေးခဲ့တဲ့ကတိ (အဖေမရှိဘဲ နောက်ထပ် ကြိုးဝိုင်းထဲ မဝင်တော့ပါဘူးဆိုတဲ့ ကတိ) ကြောင့်သာ ၂၉ ပွဲနိုင်၊ ရှုံးပွဲမရှိ စံချိန်နဲ့ ဘဝကို အထွတ်အထိပ်မှာ စွန့်လွှတ်ပြီး အနားယူခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဒေနာဝှိုက်က ပိုက်ဆံကြောင့် အနားယူတာပါဆိုပြီး ပုံဖျက်ဖို့ ကြိုးစားခဲ့တာကြောင့် ခါဘစ်တစ်ယောက် အခုလို ဘာသာရေးအရပါ ကျိန်ဆိုပြီး ပွဲကြမ်းလိုက်တာ ဖြစ်ပါတယ်။

ဒေနာဝှိုက်က မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ "ခါဘစ်ဟာ မွတ်စလင်နိုင်ငံတွေဆီကနေ ပိုက်ဆံတွေ အပုံလိုက်အပင်လိုက် ရရှိခဲ့လို့ ချမ်းသာလ
ဒေနာဝှိုက်က မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ "ခါဘစ်ဟာ မွတ်စလင်နိုင်ငံတွေဆီကနေ ပိုက်ဆံတွေ အပုံလိုက်အပင်လိုက် ရရှိခဲ့လို့ ချမ်းသာလွန်းပြီး နောက်ထပ် ထိုးသတ်စရာမလိုတော့လို့ အနားယူသွားတာ" လို့ ပြောကြားခဲ့ပါတယ် ခါဘစ်က ဒေနာဝှိုက်ရဲ့ စွပ်စွဲချက်တွေဟာ လုံးဝအခြေအမြစ်မရှိတဲ့ မဟုတ်မမှန် သတင်းတွေဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်သွားခဲ့ပါတယ်။ "တစ်ခါတလေ အင်တာနက်ပေါ်က ခေါင်းစဉ်တွေကို ကျွန်တော် ဖတ်မိပါတယ်။ အင်တာနက်ပေါ်က အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတိုင်းကို လိုက်ပြီး ရှင်းပြလေ့မရှိပေမယ့်... ဒေနာဝှိုက်ကိုယ်တိုင်က ပြောလိုက်တဲ့အခါကျတော့ သတင်းတွေက အရမ်းမြန်မြန် ပြန့်သွားတယ်ဗျ။ ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ကျွန်တော် ကျိန်ဆိုရဲတယ်... ဒါဟာ လုံးဝအောက်တန်းကျတဲ့ လိမ်ညာမှု အစစ်အမှန်ပါပဲ။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလို မီလီယံပေါင်းများစွာ ပေးခဲ့တာမရှိသလို၊ ပိုက်ဆံတွေ အများကြီးရလို့ အားကစားလောကကနေ ထွက်ခွာခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်တော် ဘာကြောင့် အနားယူခဲ့ရလဲဆိုတဲ့ 'တကယ့်အမှန်တရား' ကို တစ်ကမ္ဘာလုံးက သိပြီးသားပါ။ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပြီမို့ ထပ်ပြောနေစရာ မလိုတော့ပါဘူး။"

ပြိုင်ဘက်တွေကို ေ-သွးပျက်စေတဲ့ ဂျိုရှူအာဗန်ရဲ့ ‘Body Shots’ လျှို့ဝှက်ချက် 🥊🔥 ဂျိုရှူအာဗန် ကြိုးဝိုင်းထဲရောက်ရင် ပြိုင်ဘက်တ
ပြိုင်ဘက်တွေကို ေ-သွးပျက်စေတဲ့ ဂျိုရှူအာဗန်ရဲ့ ‘Body Shots’ လျှို့ဝှက်ချက် 🥊🔥 ဂျိုရှူအာဗန် ကြိုးဝိုင်းထဲရောက်ရင် ပြိုင်ဘက်တွေကို အကြောက်တရား သွင်းနိုင်ဆုံး ကစားကွက်က ဘာလဲဆိုရင်... လူအများစု သတိမထားမိကြတဲ့ ပြိုင်ဘက်ရဲ့ ဝမ်းဗိုက်ပိုင်းကို ပတ်ပတ်စက်စက် ဆော်ထည့်တဲ့ "Body Shots" တွေပဲ ဖြစ်ပါတယ် ဖိုက်တာအများစုဟာ ခေါင်းကိုပဲ အဓိကထားပြီး အလဲထိုးဖို့ ကြိုးစားလေ့ရှိပေမယ့်၊ ဗန်ကတော့ အလွန် ပါးနပ်လှပါတယ်။ သူဟာ ခေါင်းကို ဟန်ပြပြီးတာနဲ့ ပြိုင်ဘက်ရဲ့ အသည်း (Liver) နဲ့ နံရိုးတွေဆီကို စနစ်တကျ တွက်ချက်ပြီး သံမဏိလက်သီးတွေနဲ့ သွားရောက်ထိုးနှက်လေ့ ရှိတာပါ။ ဒီလို ဝမ်းဗိုက်ပိုင်း အကန်အထိုးခံရတဲ့အခါ ပြိုင်ဘက်တွေဟာ အဆုတ်ထဲမှာ လေကုန်ခမ်းသွားသလို ခံစားရပြီး အသက်ရှူရ လုံးဝခက်ခဲသွားစေရုံတင်မကဘဲ၊ ခြေလှမ်းတွေပါ တုံ့ဆိုင်းနှေးကွေးသွားစေတာ ဖြစ်ပါတယ် ဒီလို သွေးအေးအေးနဲ့ အကွက်ချတတ်တဲ့ ဗန်ရဲ့ "Liver Shot" နည်းဗျူဟာကြောင့်ပဲ... ဘယ်လောက်တောင့်တဲ့ ပြိုင်ဘက်ကြီးတွေဖြစ်ပါစေ ရေရှည်မှာ အသက်ရှူမဝဘဲ ကြမ်းပြင်ပေါ် ဒူးထောက် အရှုံးပေးကုန်ကြရတာ ဖြစ်ပါတယ်🔥

အာမန်က တကယ်တော့ကားပွဲစားပါလို့ ဖွင့်ချလိုက်တဲ့ တိုပူရီးယား တိုပူရီးယားက အာမန်ရဲ့ ကြွယ်ဝမှုတွေဟာ သာမန် ဟန်ပြသက်သက်ပဲဖြစ်ပြီး တ
အာမန်က တကယ်တော့ကားပွဲစားပါလို့ ဖွင့်ချလိုက်တဲ့ တိုပူရီးယား တိုပူရီးယားက အာမန်ရဲ့ ကြွယ်ဝမှုတွေဟာ သာမန် ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ့်သူဌေးအစစ်မဟုတ်ကြောင်း အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်ပါတယ်။ "သူလည်း တကယ်မချမ်းသာပါဘူး၊ သူ့အဖေလည်း မချမ်းသာပါဘူးဗျာ။ ကျွန်တော် သူဌေးကြီးတွေအများကြီးနဲ့ ပေါင်းသင်းဖူးပါတယ်။ ဘယ်သူဌေးမှ သူတို့လို ပုံစံမျိုး မနေကြဘူး။ သူ အခု ဘာလုပ်နေလဲဆိုတော့ ကားတစ်စီးကို ဝယ်တယ်၊ ပြီးရင် ရုရှားကို ပို့တယ်၊ အဲဒီကနေတစ်ဆင့် ပြန်ရောင်းပြီး အမြတ်ရှာတဲ့ 'ကားပွဲစားကစားပွဲ' ကို ကစားနေရတာပါ!"

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီလို ခဏခဏ ပြင်းပြင်းထန်ထန် အလဲထိုးခံရပါများလာရင် ကစားသမားဘဝ သက်တမ်း တိုသွားရုံတင်မကဘဲ... အနားယူသွားတဲ့အချိန်မှာပါ ရေရှည်ဆိုးကျိုးအနေနဲ့ စကားတွေ ထစ်လာတာ၊ လက်ခြေတုန်တာ (Parkinson's) နဲ့ မှတ်ဉာဏ်တွေ လုံးဝချို့ယွင်းသွားတဲ့ CTE (Chronic Traumatic Encephalopathy) လို့ခေါ်တဲ့ ဦးနှောက် ရောဂါဝေဒနာတွေကိုပါ တစ်သက်လုံး ခံစားသွားရတတ်တာပါ။ ကျွန်တော်တို့ အားပေးနေတဲ့ ဖိုက်တာတွေဟာ ပိုက်ဆံနဲ့ အောင်မြင်မှုတစ်ခုတည်းအတွက်တင် မဟုတ်ဘဲ... သူတို့ရဲ့ အသက်၊ ဘဝနဲ့ ဦးနှောက်ကိုပါ အရင်းအနှီးပြုပြီး ကြိုးဝိုင်းထဲမှာ ပေးဆပ်နေကြတာ ဖြစ်ပါတယ်။🥺😢