fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+2630 روز
آرشیو پست ها
◾️ထရန့်၏ရာဇသံ ထွက်ပေါ်ပြီးနောက် ပင်လယ်ကွေ့စွမ်းအင်နှင့် ရေလုပ်ငန်းများကို ​ပြန်တိုက်မည်ဟု အီရန်ခြိမ်းခြောက် အီရန်၏ လျှပ်စစ်ဓာတ်အားကွန်ရက်ကို ချေမှုန်းပစ်မည်ဟူသော ခြိမ်းခြောက်မှုအတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆက်လက်လုပ်ဆောင်ခဲ့ပါက ပင်လယ်ကွေ့တစ်ဝန်းမှ စွမ်းအင်နှင့် ရေချိုလုပ်ငန်း အခြေခံအဆောက်အအုံများကို လက်တုံ့ ပြန်သွားမည်ဟု အီရန်က သတိပေးလိုက်သည်။ ယင်းကြောင့် သောက်ရေအတွက် ရေငန်ကို ရေချိုချက်လုပ်သည့် စက်ရုံများကို အားကိုးနေရသော ဒေသတွင် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ပါက အီရန်၏ ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်ကွန်ရက်ကို ချေမှုန်းပစ်မည်ဟု ဒေါ်နယ်ထရန့် က စနေနေ့တွင် ပြောကြားသည်။ “အီရန်ရဲ့လောင်စာနဲ့စွမ်းအင် အခြေခံအဆောက် အအုံတွေကို ရန်သူက တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ အမေရိကန်နဲ့ အစိုးရက ပိုင်ဆိုင်တဲ့ စွမ်းအင်အခြေခံအ‌ဆောက်အအုံ၊ အိုင်တီနဲ့ ရေချိုချက်စက်ရုံတွေအားလုံးကို အရင်က သတိပေးထားတဲ့အတိုင်း ပစ်မှတ်ထားသွားပါမယ်” ဟု အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ဇိုဖာကာရီ က ပြောကြားခဲ့ကြောင်း အီရန်အစိုးရမီဒီယာက ဆိုသည်။ လျှပ်စစ်လုပ်ငန်းအပေါ် တိုက်ခိုက်မှုများကြောင့် အီရန်အတွက် နာကျင်မှု ဖြစ်စေနိုင်သော်လည်း အီရန်ထက် လျှပ်စစ်မီးကိုလူတစ်ဦးချင်း ငါးဆ ပိုမိုသုံးစွဲသော ပင်လယ်ကွေ့ အိမ်နီးချင်းများအတွက် ကပ်ဆိုက်သကဲ့သို့ ဖြစ်နိုင်သည်။ လျှပ်စစ်ဓာတ်အားကြောင့် ၎င်းတို့၏ ပူပြင်းသောမြို့များ နေသာထိုင်သာ အခြေအနေဖြစ်လာခဲ့ကာ ဘာရိန်းနှင့် ကာတာ နိုင်ငံတွင် ရေငန်ကို ရေချိုချက်စက်ရုံကို သောက်‌ရေအတွက် ရာနှုန်းပြည့်အားကိုးနေရသည်။ ယူအေအီးတွင် ၈၀ ရာခိုင်နှုန်း ဆော်ဒီအာရေဗျတွင် ၅၀ ရာခိုင်နှုန်း ရေချိုချက်စက်ရုံများကို အားထားရသည်။ အီရန်ပါလီမန် ဥက္ကဌ မိုဟမ်မက်ဘာကာ ကာလီဘက်ဖ်ကပို၍ ပြင်းထန်စွာ ကြိမ်းဝါးခဲ့ပြီး အီရန်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းမှ ရေနံနှင့်စွမ်းအင်လုပ်ငန်းများ၊ အရေးပါသော အခြားအခြေခံအ‌ဆောက်အအုံများကို ပြန်ပြင်မရအောင် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အီရန်လျှပ်စစ်လုပ်ငန်း ဖျက်ဆီးခံခဲ့ရပါက ဟောမုဇ်ရေလက်ကြားကို အပြီးပိတ်ပစ်လိုက်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း ပြောကြားသည်။ “ဟောမုဇ်ရေလက်ကြားကို လုံးဝဥဿုံပိတ်ပစ်လိုက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစက်ရုံတွေ အကုန်ပြန် တည်ဆောက်ပေးပြီးမှ ပြန်ဖွင့်ပေးပါမယ်” ဟု တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်သည်။ ယမန်နေ့က အစ္စရေး၏ နျူကလီးယားစခန်းရှိရာမြို့ကို အီရန်ဒုံးကျည်များ ထိမှန်ခဲ့ရာ မြို့နယ်နှစ်ခုတွင် လူပေါင်း တစ်ရာ‌ကျော် ဒဏ်ရာရရှိခဲ့သည်။ သတင်း- ရဲမင်း ကိုးကား- Reuters #နိုင်ငံတကာသတင်း

◾️စက်သုံးဆီအလွယ်တကူဝယ်မရခြင်းကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများ အခက်ကြုံလာရ ပြင်ပတွင်အရောင်းအဝယ်ဖြစ်နေသည့် စက်သုံးဆီဈေးနှုန်းမှာတစ်လီတာ ၈၀၀၀ ကျပ်ကျော်အထိ မြင့်တက်နေခြင်းကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတချို့ အခက်အခဲကြုံတွေ့လာရကြောင်း ၎င်းတို့ထံမှသိရသည်။ ယခုမတ်လ ၁၉ ရက်က စက်သုံးဆီအရောင်းဆိုင်များတွင် 92 တစ်လီတာ ၂၈၀၀ ကျပ်ခန့်ရှိပြီး ပြင်ပတွင် ၄၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ရှိကြောင်း၊ မတ် ၂၀ ရက်တွင် စက်သုံးဆီအေရာင်းဆိုင်များ၌ 92 တစ်လီတာ ၃၆၁၀ ကျပ်ထိမြင့်တက်လာပြီးနောက် ပြင်ပတွင် ၈၀၀၀ ကျပ်ကျော်အထိဈေးမြင့်တက်လာကာ လိုချင်သလောက်ဝယ်ယူ၍မရကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးကပြောသည်။ "စက်သုံးဆီကအရင်လိုဆိုင်မှာသွားထည့်လို့မရဘူး။ လိုင်စင်မရှိတဲ့ဆိုင်ကယ်ကပိုများတယ်။ ဒီတော့ အပြင်ဆီကိုဝယ်ရတယ်။ အပြင်ဆီကလည်းအခုတစ်လီတာ ၈၀၀၀ ကျော်တယ်။ ဝယ်ချင်တိုင်းဝယ်လို့ မရဘူး။ အရင် ၁၀၀၀ တန်လမ်းကြောင်းကအနည်းဆုံ ၂၅၀၀ နဲ့ပို့မှရမယ်ဆိုတော့ ခရီးသည်လည်း စီးရတာမတန်လို့မစီးကြတော့ဘူး။ ဒါကြောင့်ဆီစျေးတက်ပြီး စီးမဲ့ခရီးသည်မရှိတော့ အုံနာကြေးပါထပ်ရှုံးတဲ့အတွက် ဘေးတွဲကိုမဆွဲတော့ဘဲပြန်အပ်ထားတယ်" ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ရွှေပြည်သာမြို့နယ်၌ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများရာနှင့်ချီ ညအိပ်စောင့်ဆိုင်းကာ ဆီဝယ်ယူနေသည့်ဗီဒီယိုဖိုင်မှာ Tiktok တွင်ပျံ့နှံ့ခဲ့သည်။ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ ဒဂုံမြို့သစ်လေးမြို့နယ်တို့မှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူအများအပြားရှိသည့် မြို့နယ်များဖြစ်ပြီး အဆိုပါဆိုင်ကယ်အများစုမှာ လိုင်စင်မရှိခြင်းကြောင့် စက်သုံးဆီဝယ်မရသည့်အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ စက်သုံးဆီဝယ်ယူလိုပါက ဆိုင်ကယ်လိုင်စင်ရှိရမည်ဖြစ်ပြီး ယင်းလိုင်စင်ပါအချက်အလက်များကို Application ဖြင့်စစ်ဆေးကာ QR Code ထုတ်ပေးကြောင်း၊ အဆိုပါ QR Code ကိုဆိုင်ကယ်ပိုင်ရှင်ကဖုန်းဖြင့်ဓာတ်ပုံရိုက်သိမ်းဆည်းပြီး တစ်နေ့လျှင်တစ်ကြိမ် သုံးလီတာဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

◾️လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ် အဆိုပြုချက် ဟားမားစ်အုပ်စုထံ ပေးပို့ထား ဟားမားစ်အုပ်စု လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို အမေ ရိကန်သမ္မတဒေါ်နယ်ထရန့် ဦးဆောင်သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ ကိုယ်စားလှယ်များက ဟားမားစ်အုပ်စု တာဝန်ရှိသူများထံ ပေးအပ်ထားကြောင်းမတ် ၂၁ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အဆိုပါ လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အဆိုပြုချက်ကို အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်၌ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သောဂါဇာငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တွင် အမေရိကန်ကိုယ်စားလှယ်များက ဟားမားစ်အုပ်စုတာဝန်ရှိသူများထံ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်က အဆိုပြုခဲ့ပြီး အစ္စရေးနှင့် ဟားမားစ် နှစ်ဖက်စလုံးက သဘောတူထားသည့် ဂါဇာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထဲတွင်ဟားမားစ်အုပ်စုအား လက်နက်ဖြုတ်သိမ်းရေးလည်း ပါဝင်သည်။ သို့ရာတွင် လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို ဟားမားစ်အုပ်စု ထိပ်တန်းခေါင်းဆောင် တချို့က လက်ခံလိုခြင်းမရှိကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ပေါ်ထွက်လာသည့် ပြိုင်ဘက်လက်နက်ကိုင်အုပ်စုများက တိုက်ခိုက်လာမည့်အရေးကို စိုးရိမ်နေသော ဟားမားစ်အုပ်စုအနေဖြင့် ၎င်းတို့၏ လက်ဝယ် ရှိ လက်နက်များကိုစွန့်လွှတ်ပေးရန် တွန့်ဆုတ်နေကြကြောင်း ဟားမားစ်အုပ်စုနှင့် နီးစပ်သူ များက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဗြိတိန်ရေငုပ်သင်္ဘော အာရေဗီးယန်းပင်လယ်၌ နေရာယူထား တိုမားဟော့ခ်ခရုဇ်ဒုံးကျည်စနစ်များတပ်ဆင်ထားသော ဗြိတိန်ရေတပ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် အာရေဗီးယန်းပင်လယ်ရေပြင် အတွင်း နေရာယူထားကြောင်း ဗြိတိန်မီဒီယာများက မတ်၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရေငုပ်သင်္ဘောကြောင့် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာချိန်တွင် ဗြိတိန်နိုင်ငံအနေဖြင့် တာဝေးတိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းရှိလာမည်ဖြစ်သည်။ မီဒီယာများ၏ အဆိုအရ အာရေဗီးယန်းပင်လယ်အတွင်း နေရာယူထားသော နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောမှာ အိတ်ခ်ျအမ်အက်စ်အန်ဆင်အမည်ရှိ ရေငုပ်သင်္ဘော ဖြစ်ကြောင်း သိရသည်။ အိတ်ခ်ျအမ်အက်စ်အန်ဆင်ရေငုပ်သင်္ဘောသည်တိုမားဟော့ခ် ခရုဇ်ဒုံးကျည်စနစ်များနှင့် စပီးယားဖစ်ရှ်တိုပီဒိုလက်နက်များ တပ်ဆင်ထားသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်သည်။ အိတ်ခ်ျအမ်အက်စ်အန်ဆင်ရေငုပ်သင်္ဘောသည်ယခုလ အစောပိုင်းအတွင်းတွင် ပါ့သ် ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မိုင် ၅၅၀၀ ခန့်ခရီးကို ဖြတ်သန်းခဲ့ပြီးနောက်အာရေဗီးယန်း ပင်လယ်ရေပြင်အတွင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့ပြီးနောက် ဗြိတိန်ရေတပ်က အိတ်ခ်ျအမ်အက်စ်နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကို အာရေဗီးယန်းပင်လယ် ရေပြင်အတွင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းဗြိတိန်မီဒီယာများက သတင်းထုတ်ပြန် ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီတလီနိုင်ငံ တောင်တန်းဒေသ၌ ဆီးနှင်းပြိုကျမှုဖြစ်ပွား နှင်းလျှောစီးသမားနှစ်ဦး သေဆုံး၊ ၂၃ ဦး ပိတ်မိနေအီတလီနိုင်ငံ ဆောက်သ်တိုင်ရိုးလ် တောင်တန်းဒေသ၌ မတ် ၂၁ ရက်က ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ရာနှင်းလျှောစီးသမားနှစ်ဦး သေဆုံးခဲ့ရကြောင်း အီတလီတာဝန်ရှိသူများက ပြောကြားထားသည်။ အဆိုပါ ဆီးနှင်းပြိုကျမှုသည် ဟိုဟီဖာစီအမည်ရှိတောင်တစ်လုံး၏ အမြင့်မီတာ ၂၄၀၀(၇၈၇၄ပေ) အကွာတောင်စောင်းတစ်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီတလီတာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ဩစတြီးယားနယ်စပ်အနီး၌ တည်ရှိသောဟိုဟီဖာစီ ရေခဲတောင်သည် အမြင့်မီတာ ၂၆၆၉ မီတာ (၈၇၅၇ပေ) မြင့်ကြောင်း သိရသည်။ဆီးနှင်းပြိုမှုဖြစ်ပွားခဲ့ပြီးနောက် နှင်းလျှောစီး သမားနှစ်ဦး သေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာပြင်းထန်စွာရရှိသူ ငါးဦးရှိခဲ့ကြောင်း အီတလီတာဝန်ရှိသူများက ပြောကြားသည်။ ယင်းအပြင် ဆီးနှင်းပြိုကျမှုအတွင်းနှင်းလျှောစီးသမား ၂၃ ဦးသည်လည်း ပိတ်မိနေကြ ဖွယ်ရှိကြောင်း အီတလီကယ်ဆယ်ရေးသမားများကပြောကြားထားသည်။ လက်ရှိအချိန်တွင် ပိတ်မိနေသူများကို ကယ်ထုတ်ရေးအတွက် ကယ်ဆယ်ရေးသမား ၈၀ခန့်က ရဟတ်ယာဉ်ခြောက်စင်းအကူအညီဖြင့် ကြိုးပမ်းလျက်ရှိသည်။ ဥရောပ၏ လက်ရှိနှင်းလျှောစီးရာသီအတွင်းသေဆုံးခဲ့ရသူ အရေအတွက်မှာ ယမန်နှစ် အလားတူကာလကထက် ပိုမြင့်မားခဲ့ပြီး ယမန်နှစ် အောက်တိုဘာ၁ ရက်မှစ၍ လက်ရှိအထိ သေဆုံးသူပေါင်း ၁၂၇ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ပြည်တွင်းစက်သုံးဆီဈေးထပ်မံမြင့် တက်လာ၊ မော်တော်ယာဉ်များအချိန်ကြာမြင့် စွာ တန်းစီဝယ်ယူနေရ ယခုသီတင်းပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေးတစ်လီတာလျှင် ကျပ် ၄၀၀၀ နီးပါး အထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းဖော်ပြထားမှုအရ သိရသည်။ ဈေးတက်ခြင်း၊ မတက်ခြင်းထက် မော်တော်ယာဉ်အများစုမှာ စက်သုံးဆီ အရောင်းဆိုင် များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေမှုများရှိနေဆဲဖြစ်သည်။ ရန်ကုန်မြို့ စက်သုံးဆီဈေးမှာမူ လက်လီတစ်လီတာဈေး မတ် ၂၂ ရက်တွင်ဒီဇယ် ကျပ် ၄၃၉၀၊ ပရီမီယံ (Premium) ဒီဇယ် ကျပ် ၄၈၂၀၊ အောက်တိန်း 92 Ron ကျပ် ၃၆၁၀၊ အောက်တိန်း 95 Ron ကျပ် ၃၈၅၀ ဝန်းကျင်၊ နေပြည်တော်တွင်မူလက်လီဈေး ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၄၇၀၊ ပရီမီယံ ((Premium) ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၉၀၀၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၃၆၉၀၊အောက်တိန်း 95 Ron တစ်လီတာလျှင် ကျပ် ၃၉၃၀ ဝန်းကျင်ဖြင့် ဈေးမြင့်တက်လာခြင်းဖြစ်သည်။ မန္တလေးမြို့တွင် လက်လီဈေး ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၅၀၀၊ပရီမီယံ ((Premium) ဒီဇယ်တစ်လီတာလျှင် ၄၉၃၅ ကျပ်၊ အောက်တိန်း 92 Ronတစ်လီတာလျှင် ၃၇၂၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၃၉၆၀ဝန်းကျင်ဖြင့် ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့ရေနံဈေးမှာလည်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့်စစ်ရေးပဋိပက္ခ များကြောင့် ဈေးမြင့်တက်လျက်ရှိပြီး ပြည်တွင်းစက်သုံးဆီဈေးပါလိုက်ပါမြင့်တက် နေကြောင်း သိရသည်။ စက်သုံးဆီအား ပြည်ပမှ မှာယူတင်သွင်းရပြီး အဓိက လိုအပ်သည့် အမေရိကန်နိုင်ငံခြား ငွေလဲနှုန်းမှာမူ တစ်ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၄၂၄၀၊ရောင်းဈေး ကျပ် ၄၃၄၀ ဝန်းကျင်ဖြင့် မြင့်တက်နေကြောင်း သိရသည်။ သတင်း-တိဗ္ဗ ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း မဖွင့်ပါက အီရန်ဓာတ်အားပေးရုံများကို တိုက်ခိုက်မည်ဟု ထရန့် ခြိမ်းခြောက် ဟောမုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း တီဟီရန်က အပြည့်အဝ မဖွင့်ခဲ့ပါက အီရန်၏ လျှပ်စစ် ဓာတ်အားပေးစက်ရုံများကို အမှုန့်ကြိတ်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပြီး စစ်ရှိန်လျှော့ချသွားမည်ဟု ပြောကြားပြီးနောက် တစ်ရက်မှာပင် ထိုသို့ ခြိမ်းခြောက်လာခြင်းဖြစ်သည်။ “အခုအချိန်ကနေ ၄၈ နာရီတိတိမှာ ဟောမုဇ်ရေလက်ကြားကို ဘယ်လိုခြိမ်းခြောက်မှုမှ မရှိဘဲ အီရန်က အပြည့် အဝ ပြန်မဖွင့်ဘူးဆိုရင် အမေရိကန်ပြည်ထောင်စုက သူတို့ရဲ့ ဓာတ်အားပေးစက်ရုံတွေကို အမှုန့်ကြိတ်ပစ်ပါမယ်။ အကြီးဆုံးကို စပြီး ဖြိုခွင်းပါမယ်” ဟု ဒေါ်နယ်ထရန့်က လူမှုမီဒီယာပေါ်တွင် ပြောသည်။ ရေလက်ကြားကို လုံခြုံ‌ရေးမယူပေးသည့် မဟာမိတ်များကို သူရဲဘောကြောင်သူများဟု ကင်ပွန်းတပ်ခဲ့သည့် ထရန့်၏ ရာဇသံကြောင့် အမေရိကန်တိုက်ခိုက်မှု အတိုင်းအတာအား အီရန်အရပ်သားများ၏ နေ့စဉ်ဘဝကို ထိခိုက်မည့် အခြေခံအ‌‌ဆောက်အအုံများကိုပါ ချဲ့ထွင်လာခြင်းဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ ကမ္ဘာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ ငါးပုံ ၊တစ်ပုံ ဖြတ်သန်းစီးဆင်းနေသော ရေလက်ကြားဖြတ်သင်္ဘောများကို တိုက်ခိုက်မည်ဟူသော အီရန်၏ ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေနံဈေးနှုန်းများ ထိုးတက် သွားခဲ့ကာ ဥရောပတွင် ဓာတ်ငွေ့ဈေးနှုန်း ၃၅ ရာခိုင်နှုန်းမြင့်တက်သွားခဲ့သည်။ အီရန်၏ လောင်စာနှင့်စွမ်းအင် အခြေခံအဆောက်အအုံများကို အမေရိကန်က တိုက်ခိုက်ခဲ့ပါက ဒေသတွင်းမှ အမေရိကန်၏ စွမ်းအင်၊ နည်းပညာ နှင့် ရေငံအားရေချိုချက်လုပ်သည့် အခြေခံအဆောက်အအုံအားလုံးကို အီရန်က တန်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်၏ ခါတမ်အယ်လ်အန်ဘီယာ စစ်ဌာနချုပ်က ယနေ့ ပြောကြားသည်။ အီရန်နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံများတွင် မြို့တော်တီဟီရန်အနီးရှိ မဂ္ဂါဝပ် ၂၈၆၈ ထုတ်လုပ်နိုင်သော ဒါမာဗန်းစက်ရုံ၊ အရှေ့တောင်ပိုင်း မှ ၁၉၁၀ မဂ္ဂါဝပ် ကာမန်းစက်ရုံ၊ ကူဇက်စတန်ပြည်နယ်မှ မဂ္ဂါဝပ် ၁၈၉၀ ထုတ်နိုင်သည့် ရာမင်းရေနွေးငွေ့ စက်ရုံတို့ပါဝင်ကြောင်း သိရသည်။ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်နိုင်သော အီရန်၏ တစ်ခုတည်းသော နျူဓာတ်အားပေးစက်ရုံမှာ ဘူရှားမြို့တွင် တည်ရှိသည်။ အီရန်၏ ဓာတ်အားပေးကွန်ရက်ကို အမေရိကန်က တစ်နာရီအတွင်း ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း သို့သော် သို့သော် ၎င်းတို့ကို ပြန်တည်ဆောက်ရန် ၂၅ နှစ်ခန့် ကြာမြင့်နိုင်သောကြောင့် အမေရိကန်က လက်ရှောင်ထား ကြောင်း ဒေါ်နယ်ထရန့်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။ သတင်း - ရဲမင်း ကိုးကား - Reuters #နိုင်ငံတကာသတင်း

◾️တောင်ကိုရီးယား ကားပစ္စည်းထုတ်လုပ်မှုစက်ရုံ မီးလောင်မှု ၁၀ ဦး သေဆုံး တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း ဒေဂျွန်မြို့ရှိမော်တော်ကားပစ္စည်း ထုတ်လုပ်မှု စက်ရုံတစ်ရုံ၌ မတ် ၂၀ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးသေဆုံး ၍ ၅၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် စက်ရုံမီးလောင်မှုအတွင်း အလုပ်သမားလေးဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုစက်ရုံမီးလောင်မှုသည် ဒဏ်ရာရရှိခဲ့ သူများ အနက် ၂၄ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစက်ရုံ၌ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွား ခဲ့ရခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ယူဆထားသည်။ စက်ရုံမီးလောင်မှုကို မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ စုစုပေါင်းအင်အား၅၀၀ ကျော်တို့က ဝိုင်းဝန်းထိန်းချုပ်ခဲ့ရသည်။ပျောက်ဆုံးနေဆဲဖြစ်သည့် အလုပ်သမား လေးဦးကိုမတ် ၂၀ ရက် ညပိုင်းမှာပင် ကယ်ဆ ယ်ရေးဝန်ထမ်းများက စတင်ရှာဖွေနေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် စက်ရုံအဆောက်အအုံ အချိန်မရွေးပြိုကျနိုင်မည့်အရေး စိုးရိမ်ရသော်လည်းမောင်းသူမဲ့ မီးသတ်စက်ရုပ်များအသုံးပြု၍ လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများက ရှာဖွေရေးလုပ်ငန်း စတင်နိုင် ခဲ့ခြင်းဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အာရှဖလား ဒုတိယအကျော့ ခြေစစ်ပွဲမြန်မာတွင် ပြောင်းရွှေ့ကျင်းပမည် အာရှဖလား ဒုတိယအကျော့ ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည့်ပွဲစဉ်အား မတ် ၂၆ ရက်တွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ အာဖဂန်နစ္စတန်နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ ယခင်က အဆိုပါပွဲစဉ်ကို ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ကစားခြင်းဖြစ်ကြောင်း သိရသည်။ အာရှဖလား ပထမအကျော့ ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ-အာဖဂန်နစ္စတန်ပွဲစဉ်အား မြန်မာနိုင်ငံက လက်ခံကစားခဲ့ပြီး မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ မြန်မာအမျိုးသားအသင်းသည် 2027 AFC အာရှဖလားခြေစစ်ပွဲတွင်အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီးပဏာမကစားသမား ၂၈ ဦးစာရင်းကို မတ် ၂၁ ရက်တွင် ထုတ်ပြန်ထားကြောင်းသိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-MFF #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ဝန်ကြီးဖြစ်လိုသူများကိုမုသားဖော်စက်ဖြင့် စစ်ဆေးရန်မဒါဂတ်စကားသမ္မတ စီစဉ် မဒါဂတ်စကား အစိုးရအဖွဲ့သစ်၌ ဝန်ကြီးအဖြစ် ပါဝင်လိုသူမည်သူမဆို အဂတိလိုက်စားသူ ဟုတ်၊ မဟုတ် သက်သေပြနိုင်ရေးအတွက် မုသားဖော်စက်ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ် ကြောင်းမဒါဂတ်စကားသမ္မတ မိုက်ကယ်ရန်ဒရီရာနီရီနာက မတ်၂၀ရက်တွင် ပြောကြား သည်။ သမ္မတမိုက်ကယ်ရန်ဒရီရာနီရီ နာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း စစ်ဘက်က အာဏာသိမ်းခဲ့ပြီးနောက် မဒါဂတ်စကား သမ္မတရာထူးရယူခဲ့သည့်စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သမ္မတမိုက်ကယ်ရန်ဒရီရာနီရီနာသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၎င်း၏ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကိုဖယ်ရှား၍ မတ် ၁၅ ရက်တွင် ဝန်ကြီးချုပ်သစ်တစ်ဦးရွေးချယ်ခန့်အပ် ထားသည်။ အဆိုပါ မဒါဂတ်စကားအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးများအဖြစ် ပါ ဝင်လိုသူများအနေဖြင့် အဂတိလိုက်စားတတ်သူဟုတ်၊ မဟုတ်သက်သေခံရန် မုသားဖော်စက်ဖြင့်စစ်ဆေးမှု ခံရ မည်ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်မှသာရာထူးခန့်အင်တာဗျူးများတွင် ဆက်လက် ပါဝင် ခွင့်ရမည်ဖြစ်ကြောင်း မဒါဂတ်စကား သမ္မတက ပြောကြားထားသည်။ အလားတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးသစ်များကိုအဂတိလိုက်စားသူဟုတ်၊ မဟုတ်သိနိုင်ရေး အတွက် မုသားဖော်စက်တစ်လုံးမှာယူထားပြီး ယင်းစက်ကို ကိုင်တွယ်မည့် ကျွမ်းကျင်သူ တစ်ဦးကိုပါ ခေါ်ယူထားကြောင်း မဒါဂတ်စကားသမ္မတက ပြောကြားထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း အစိုးရအဖွဲ့၏ ညံ့ဖျင်းအားနည်းမှုများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ် နေကြသောလူငယ်များဦးဆောင်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ် ပေါက်ခဲ့ပြီး နောက် မိုက်ကယ်ရန်ဒရီရာနီရီနာဦးဆောင်သော မဒါဂတ်စကား စစ်ဘက်က အာဏာသိမ်း ယူခဲ့သည်။ လာမည့်နှစ်နှစ်အတွင်း ရွေးကောက်ပွဲသစ်များကျင်းပပေးမည်ဖြစ်ကြောင်း အာဏာသိမ်း ပြီးနောက် သမ္မတမိုက်ကယ်ရန်ဒရီရာနီရီနာက ကတိပေးထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-အေပီ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း