fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
275
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+2630 روز
آرشیو پست ها
◾️အီရန် အဓိပတိခေါင်းဆောင် ခါမေနီ ရုံးခန်းထဲတွင်ပင် သေဆုံးခဲ့ဟုဆို အီရန်နိုင်ငံအား ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့သည့် အ ဓိပတိ ခေါင်းဆောင် ခါမေနီသည် စနေနေ့နံနက်အစောပိုင်းတွင် ၎င်း၏ရုံးခန်းအတွင်း တာဝန်ထမ်းဆောင်နေစဉ် တိုက် ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အီရန် အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ခါမေနီသည် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် ဘေးကင်းရာသို့ တိမ်းရှောင်ခြင်း မပြုဘဲ ၎င်း၏ရုံးခန်းအတွင်း၌ပင် ရှိနေခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် တီဟီရန်မြို့ရှိ အဓိပတိရုံးစိုက်ရာ ဝင်းအတွင်းရှိ အဆောက် အအုံအချို့မှာ ပြင်းထန်စွာ ပျက်စီးသွားကြောင်း BBC က ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြု၍ အတည်ပြုထားသည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် နီးစပ်သည့် Tasnim သတင်းဌာနကမူ ခါမေနီသည် ၎င်း၏ရုံးခန်းအ တွင်း၌ပင် သေဆုံးခဲ့ခြင်းဖြစ်သဖြင့် ၎င်းထွက်ပြေးပုန်း အောင်းနေသည်ဆိုသော သတင်းများမှာ ရန်သူ၏ စိတ် ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုသာဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ လက်ရှိတွင် အီရန်နိုင်ငံရေးခေါင်းဆောင်ပိုင်းသည် အလွန်အရေးကြီးသော အပြောင်းအလဲကာလသို့ ရောက်ရှိနေပြီး၊ အဓိပတိ၏ ရုံးခန်းဝင်းအတွင်း ပျက်စီးမှုများမှာလည်း တိုက်ခိုက်မှု၏ ပြင်းထန်မှုကို မီးမောင်းထိုးပြနေသည်။ ထို့နောက် အဓိပတိ ခါမေနီ သေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် အ စ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အပြင်းထန်ဆုံး စစ် ဆင်ရေးဖြင့် တိုက်ခိုက်တော့မည်ဟု IRGC ယခုလေးတင် ကြေညာလိုက်သည်။ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်၏ စစ်ဘက်သမိုင်းတစ် လျှောက်တွင် အပြင်းထန်ဆုံးနှင့် အဖျက်စွမ်းအား အကြီးမားဆုံးသော ထိုးစစ်ဆင်ရေးကြီးကို စတင်တော့မည်ဟု IRGC ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများသည် အစ္စရေး၏ သိမ်းပိုက်ထားသော နယ်မြေများ နှင့် ဒေသတွင်းရှိ အမေရိကန် စစ်အ ခြေစိုက်စခန်းများဆီသို့ မိနစ်ပိုင်းအတွင်း ကျရောက်တော့မည်ဖြစ်ကြောင်း သတိပေးထားသည်။ ယင်းစစ်ဆင်ရေးသည် အမေရိကန်နှင့် အစ္စရေးတို့ ပူး ပေါင်းလုပ်ဆောင်ခဲ့သည့်ကြောင့် အီရန်ခေါင်းဆောင်ပိုင်းနှင့် အရပ်သားများ သေဆုံးခဲ့ရမှုအပေါ် တိုက်ရိုက် လက် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သတင်း-လင်းခေတ် ကိုးကား-BBC #နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️အီရန်ကို ၃၇ နှစ်ကြာ ဦးဆောင်ခဲ့သော အယူဝါဒစွဲပြင်းထန် ဘာသာ‌ရေးခေါင်း‌ဆောင် အလီခါမေနီ ၁၉၃၉ ခုနှစ် က နိုင်ငံအရှေ့မြောက်ပိုင်း မက်ရှ်ဟက်မြို့တွင် မွေးဖွားခဲ့ပြီး ဘာသာရေးဆရာတစ်ဦး၏ သားဖြစ်သူ အလီခါမေနီသည် ၁၉၆၂ ခုနှစ်တွင် အယာတိုလာ ခိုမေနီ ဦးဆောင်သော ဘာသာရေးအတိုက်အခံလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး ပြီးဆုံးချိန်တွင် အလီခါမေနီသည် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) ကို ကူညီဖွဲ့စည်းပေးခဲ့သည်။ ၁၉၈၉ ခုနှစ်၌ ခိုမေနီ ကွယ်လွန်သွားချိန်တွင် ဘာသာရေးအကြီးအကဲများကောင်စီဖြစ်သည့် Assembly of Experts က အလီခါမီနီအား နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်သစ် အဖြစ်ရွေးချယ်ခဲ့သည်။ ရှီးယားဘာသာရေး ခေါင်းဆောင်များကြားတွင် လိုအပ်သော အဆင့်တစ်ခုသို့ မရောက်သေးသော ခါမေနီ အဓိပ တိအဖြစ် တာဝန်ယူနိုင်ရန် ၎င်းတို့က နိုင်ငံ၏ အခြေခံဥပဒေကိုပါ ပြောင်းလဲပေးခဲ့ကြသည်။ ထိုအချိန်ကတည်းကစ၍ အယာတိုလာအလီခါမေနီ က အီရန်၏ နိုင်ငံ‌ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တင်း တင်းကျပ်ကျပ်ချုပ်ကိုင်ထားခဲ့ပြီး တစ်ခါတစ်ရံ သွေး ထွက်သံယို အကြမ်းဖက်မှုနည်းလမ်းများ အသုံးပြု၍ စိန်ခေါ်မှုများကို ဖိနှိပ်ရင်း ၎င်းတို့၏ အုပ်ချုပ်‌ရေးစနစ်ကို ဆက်ထိန်းထားခဲ့သည်။ လက်ရှိအမေရိကန်နှင့် ဆက်လက်ဖြစ်ပေါ်နေသော ထိပ် တိုက်ရင်ဆိုင်မှု အပါအဝင် ပြည်ပ‌ရေးရာများတွင်လည်း အလီခါမေနီက တင်းမာသော သဘောထားရပ်တည်မှုများ ရယူခဲ့သည်။ အမေရိကန်ကိုလည်း အမြဲတမ်းပင် မယုံသင်္ကာဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဟိုလိုကော့စ်အကြောင်းကို လူသိရှင်ကြား မေးခွန်းထုတ်ရင်း အစ္စရေးနိုင်ငံ ပပျောက်သွားစေရေးအတွက် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ သားသမီးခြောက်ဦး ရှိသော ခါမီနီ၏ အုပ်ချုပ်မှုကာလအတွင်း အီရန်တွင် သမ္မတခုနစ်ဦးအထိ တာဝန်ထမ်းဆောင်သွားခဲ့သည်။ လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ယမန်နေ့က ပူးပေါင်းတိုက်ခိုက်မှုအတွင်း ၎င်းသည် ဘဝဇာတ်သိမ်းခဲ့ရပြီဖြစ်သည်။ သတင်း-ရဲမင်း ကိုးကား-BBC #နိုင်ငံတကာသတင်း

◾️ထိုင်းတွင် မြန်မာလုပ်သားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့် မရှိသောအလုပ်များ ထုတ်ပြန် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နိုင်သည့် အလုပ်နှင့် လုပ်ခွင့်မရှိသည့် အလုပ်များအားဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးကဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံသည် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို အရှိန် အဟုန်မြှင့် ဖမ်းဆီးပြစ်ဒဏ်ချမှတ်မှုများပြုလုပ် နေသောကြောင့် မြန်မာအလုပ်သမားများ အနေဖြင့် တရားဝင် နှစ်နိုင်ငံသဘောတူညီမှုလက်မှတ်ထိုးထားသည့် MOU စနစ်ဖြင့် သော်လည်းကောင်း၊ တရားဝင်အေဂျင်စီများဖြင့်သော်လည်းကောင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ တင်ပြခွင့်ပြုချက်ရယူ၍ သော်လည်းကောင်း သွားရောက်ကြရန် ၎င်းရုံးက တိုက်တွန်းသည်။ ထိုင်းနိုင်ငံတွင် အုပ်စု (၁) လုံး၀လုပ်ခွင့်မရှိသော အလုပ် ၂၇ မျိုးမှာ ပန်းပုလုပ်ငန်း၊ မော်တော်ယာဉ်မောင်းနှင်ခြင်း (နိုင်ငံတကာလေ ယာဉ်မောင်းနှင်ခြင်းနှင့် Forklift မှလွဲ၍)၊ လေလံပစ်ခြင်း၊ စိန် သို့မဟုတ် ကျောက်မျက်ရတနာများကို ဖြတ်တောက်ခြင်း သို့မဟုတ် သွေးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆံပင်ပုံဖော်ခြင်းသို့မဟုတ် အလုပ်ပြင်ခြင်း၊ လက်ရက်ကန်းခတ် ခြင်း၊ ဖျာရက်ခြင်း သို့မဟုတ် ခြင်းတောင်းရက်ခြင်း၊ လက်လုပ်ရှမ်းစက္ကူ (Sa Paper) ပြုလုပ်ခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း၊ ထိုင်းရိုးရာ ဂီတတူရိယာများပြုလုပ်ခြင်း၊ ရွှေထည်၊ ငွေထည်၊ကြေးထည်များပေါ်တွင် ပန်းခက်၊ ပန်းနွယ်များ ဖော်ခြင်း၊ ရွှေထည်၊ ငွေထည် သို့မဟုတ်ပန်းရောင်ရွှေပစ္စည်းများ ပြုလုပ်ခြင်း၊ ကြေးထည်ပစ္စည်းပြုလုပ်ခြင်း၊ ထိုင်းအရုပ် များပြုလုပ် ခြင်း၊ မွေ့ရာနှင့် စောင် ပြုလုပ်ခြင်း၊ သပိတ်သွန်းလုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်လုပ်ပိုးထည်ပစ္စည်းများပြုလုပ်ခြင်း၊ ဆင်းတုတော်များ သွန်းလုပ်ခြင်း၊စက္ကူ သို့မဟုတ် အထည်ဖြင့် ထီးပြုလုပ်ခြင်း၊အကျိုးဆောင်၊ ပွဲစား (နိုင်ငံတကာ ကုန်သွယ် မှုဆိုင်ရာပွဲစားလုပ်ငန်းမှလွဲ၍) ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဧည့်လမ်းညွှန်၊ လမ်းဘေး ဈေးရောင်းခြင်း၊ ထိုင်းအက္ခရာများကို လက်ဖြင့် စာစီခြင်း၊ ပိုးချည်ငင်ခြင်း(လက်ဖြင့်)၊ အတွင်းရေးမှူး သို့မဟုတ် စာရေးအလုပ်၊ဥပဒေရေးရာဝန်ဆောင်မှု (ရှေ့နေ) တို့ ဖြစ်ကြောင်း သိရသည်။ အုပ်စု (၂) နိုင်ငံတကာ သဘောတူညီချက်များအရ လုပ်နိုင်သော အလုပ် သုံးမျိုးမှာ စာရင်းကိုင်ပညာရှင်၊ အင်ဂျင်နီယာပညာရှင်၊ဗိသုကာပညာရှင်၊ အုပ်စု (၃) အလုပ်ရှင်ရှိမှသာ လုပ်ကိုင်ခွင့်ရှိသော ကျွမ်းကျင်အလုပ်ရှစ်မျိုးမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်း၊ အုတ်စီခြင်း၊ လက်သမားသို့မဟုတ် အခြားဆောက်လုပ်ရေးလုပ်ငန်းများ၊ အိုးလုပ်ခြင်း၊ ဓားပြုလုပ်ခြင်း၊ ဖိနပ်ချုပ်ခြင်း၊ ဦးထုပ်ပြုလုပ်ခြင်း၊ အထည်ချုပ်ခြင်း၊ ပန်းပုထုခြင်း သို့မဟုတ် မြေထည်ပစ္စည်းလုပ်ခြင်း၊ အုပ်စု (၄) MOU လုပ်သားများအတွက် ခွင့်ပြုထားသော အလုပ်နှစ်မျိုးမှာ အထွေထွေအလုပ်သမား၊ ဆိုင်ရှေ့ အရောင်း စာရေး (အလုပ်ရှင်သည် ထိုင်းလူမျိုး ဖြစ်ရမည်ဖြစ်ပြီးမိမိကိုယ်တိုင် ဆိုင် ဖွင့်ခွင့် မရှိပါ) တို့ဖြစ်ကြောင်းထုတ် ပြန်ထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-ထိုင်းအစိုးရ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြင်ဆင်နေသည့် နေရာများ အရှိန်လျှော့ မောင်းရန် မေတ္တာရပ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မန္တလေး-ရန်ကုန် (အပြန်လမ်း)ပေါ်ရှိ ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သော ဆွာချောင်းတံတားအသစ်ပြန်လည်တည်ဆောက်ခြင်းအပါအဝင် လမ်းပြင်ဆင်နေသည့်နေရာများ၌ ယာဉ်မောင်းများ အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။ အမြန်လမ်း အသုံးပြုသည့်ယာဉ်မောင်းများအနေဖြင့် ယင်းမိုင်တိုင်များအနီး ချဉ်းကပ်စဉ်၌ သတိပြု၍ အရှိန်လျှော့ မောင်းနှင်ကြပါရန်အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၁၆၅/၁)နှင့် (၁၆၅/၃) အတွင်းဆွာချောင်းတံတား (မန္တလေး-ရန်ကုန်)အပြန်လမ်းအား တံတားသစ်တည်ဆောက်ခြင်း၊ မိုင်တိုင်အမှတ် (၁၈၈/၂)နှင့် (၁၈၈/၃)ကြား (မန္တလေး-ရန်ကုန်) အပြန်လမ်းတွင် ရေပြွန်တူးဖော် ပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ်(၃၄၉/၆)နှင့်(၃၄၉/၇)အတွင်း(ရန်ကုန်-မန္တလေး) အသွားလမ်း၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အဓ်ပတိခေါင်းဆောင် ခါမေနီ သေဆုံးပြီဟု အီရန်နိုင်ငံပိုင်မီဒီယာ တရားဝင်ကြေညာ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ရက် ၄၀ သတ်မှတ် စနေနေ့ကတည်းက သတင်းအမျိုးမျိုး ထွက်ပေါ်နေခဲ့ပြီးနောက် အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ယနေ့ (မတ် ၁ ရက်) မြန်မာစံတော်ချိန် နံနက်ပိုင်းတွင် တရားဝင် အတည်ပြု ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။ အဓိပတိ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းမှ တင်ဆက်သူတစ်ဦးက မျက်ရည်စက်လက်ဖြင့် တုန်လှုပ်ချောက်ချားစွာ ကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ၄၀ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်သည် စနေနေ့က အမေရိကန်နှင့် အစ္စ ရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အီရန်အစိုးရအနေဖြင့် ၎င်းတို့၏ အမြင့်ဆုံးခေါင်းဆောင် သေဆုံးမှုကို ပထမဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။ အစဉ်အလာအရ အစ္စလာမ်ဘာသာဝင်များ၏ ဝမ်းနည်းခြင်းကာလကို ၄၀ ရက် သတ်မှတ်လေ့ရှိသည့်အတိုင်း ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ BBC ၏ မီဒီယာမိတ်ဖက်ဖြစ်သော CBS News သို့ ထောက်လှမ်းရေးနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောကြားချက်အရ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်အရာရှိကြီး ၄၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အလီခါမေနီ၏ သမီးဖြစ်သူ၊ သမက်ဖြစ်သူနှင့် မြေးဖြစ်သူတို့လည်း လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အဓိပတိရုံးရှိ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များကို ကိုးကား၍ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်နေသည့် Fars သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အတူ ခါမေနီ၏ ချွေးမဖြစ်သူတစ်ဦးလည်း အဆိုပါ တိုက် ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း Fars က ထပ်လောင်းဖော်ပြထားသည်။ ယခင်က ခါမေနီ၏ ချွေးမနှင့် သမက်ဖြစ်သူတို့ သေဆုံးသည် ဆိုသော ကနဦးသတင်းများကို အီရန်ဘက်က ငြင်းဆိုခဲ့ဖူးသော်လည်း ယခုအခါ ၎င်းတို့ကိုယ်တိုင် သတင်းဌာနမှတစ်ဆင့် ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။ သတင်း-လင်းခေတ် ကိုးကား- BBC #နိုင်ငံတကာသတင်း

◾️အစိုးရအား လွှဲပြောင်းရယူရန် အီရန်နိုင်ငံသားများကို ထရန့်အားပေး အမေရိကန်စစ်ဆင်ရေးများ ပြီးဆုံးချိန်တွင် ၎င်းတို့အစိုးရကို လွှဲပြောင်းရယူကြရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နိုင်ငံသားများကို အားပေးတိုက်တွန်းခဲ့သည်။ “ ကျွန်တော်တို့ ပြီးသွားတဲ့အချိန်မှာ ခင်ဗျားတို့အစိုးရကို လွှဲပြောင်းရယူကြပါ။ ဒါဟာခင်ဗျားတို့ အခွင့်အရေးပါ။ မျိုးဆက်ပေါင်းများစွာအတွင်း တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်” ဟု ထရန့် က ဗီဒီယိုမက်ဆေ့ချ်တွင် ပြောကြားသည်။ ယခင် အမေရိကန်သမ္မတများ လုပ်ဆောင်ရန် နောက်တွန့်ခဲ့သည့် လုပ်ရပ်ကို ၎င်းက ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထရန့်က ပြောသည်။ “ နှစ်ပေါင်းများစွာပဲ အမေရိကန်ရဲ့ အကူအညီကို ခင်ဗျားတို့ တောင်းဆိုခဲ့ကြပေမယ့် ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ကျွန်တော် ဒီည လုပ်ဖို့ စိတ်အားထက်သန်ခဲ့တာကို ဘယ်သမ္မတကမှ လုပ်ဖို့ စိတ်အားမထက်သန်ခဲ့ကြဘူး။ အခုတော့ ခင်ဗျားတို့ လိုချင်တာကို ပေးတဲ့ သမ္မတတစ်ယောက်ကို ရရှိနေပါပြီ။ ခင်ဗျားတို့ ဘယ်လို့ တုံ့ပြန်မလဲဆိုတာ ကြည့်ကြတာပေါ့”ဟု ထရန့်က ပြောကြားသည်။ အမေရိကန်က အစွမ်းကုန်အင်အားသုံး၍ ထောက်ခံမှုပေးနေကြောင်း၊ ယခုအချိန်သည် ပန်းတိုင်ကိုလှမ်းကိုင်ရမည်အချိန်ဖြစ်ကာ ကြီးပွားတိုးတက်ပြီး ဂုဏ်ကျက်သရေရှိသော အနာဂတ်သည် သင်တို့၏ လက်တစ်ကမ်းတွင်သာ ရှိသည်ဟု ထရန့် ဆက်လက်ပြောကြားသည်။ “ ဒါဟာ လှုပ်ရှားရမယ့်အချိန်ပါ။ ဒီကို လက်လွတ်မခံပါနဲ့” ဟု ထရန့်က အီရန်နိုင်ငံသားများကို ပြောကြားသည်။ အီရန်အပေါ် တိုက်ခိုက်နေသော စစ်ဆင်ရေးအား ဟိန်းနေသောခြင်္သေ့ဟု ကင်ပွန်းတပ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပြောကြားသည်။ပြီးခဲ့သည့်နှစ်ဇွန်လက ၁၂ ရက် ကြာတိုက်ခိုက်ခဲ့သော စစ်ဆင်‌ရေးအမည်မှာ ခုန်ထလာသောခြင်္သေ့ဖြစ်ကြောင်း သိရသည်။ သတင်း-ရဲမင်း ကိုးကား-CNN #နိုင်ငံတကာသတင်း

◾️အီရန်ကို အစ္စရေး စတင်တိုက်ခိုက်၊ တီဟီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ် အစ္စရေးကအီရန်ကို ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်မှုများ စတင်လိုက်ပြီဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စ‌ရေးကတ်ဇ်က ပြောသည်။ အီရန်မြို့တော် တီဟီရန်တွင် မီးခိုးလုံးများ တက်လာသည့်ပုံရိပ်များကို ဘီဘီစီသတင်းက လက်ခံရရှိခဲ့ပြီး မြို့တော်အ ရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီရန်အစိုးရမီဒီယာက ဖော်ပြသည်။ အစ္စရေးနှင့်အီရန် နှစ်နိုင်ငံစလုံးက ၎င်းတို့၏ လေကြောင်းပိုင်နက်များကို ပိတ်ထားလိုက်ကာ အီရန်ထံမှ လက်တုံ့ ပြန် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင် ဆင်မှုအဖြစ် အစ္စ ရေးနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ကတ်ဇ်က ပြောကြားသည်။ အစ္စရေးစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် အချက်ပေး ခေါင်းလောင်းသံများ ဆူညံသွားခဲ့ပြီး အစ္စရေးထံမှ ဒုံး ကျည်ဖြင့် တိုက်ခိုက်လာနိုင်ခြေကို အသိပေးခဲ့သည်ဟု ဂျေရုဆလင်မြို့မှ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက်က ပြောသည်။ အီရန်က နိုင်ငံတကာအဖွဲ့အစည်းများအား မကြာခဏဆိုသလို ဗီဇာငြင်းပယ်လေ့ရှိသောကြောင့် ယင်းနိုင်ငံအတွင်း မည်သို့ဖြစ်နေသည်ကို သတင်းစုဆောင်းနိုင်စွမ်း အကန့် အသတ်ရှိသည်ဟု ဘီဘီစီသတင်းကဆိုသည်။ သတင်း-ရဲမင်း ကိုးကား-BBC #နိုင်ငံတကာသတင်း

◾️ရာဇသတ်ကြီးဥပဒေသစ်များ အာဖဂန်တာလီဘန် ထုတ်ပြန်၊ကြက်ပွဲနှင့် ဇနီးရိုက်မှုတို့အတွက် ပြစ်ဒဏ်များသတ်မှတ် တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများအတွက် ရာဇသတ်ကြီး ဥပဒေသစ်ကိုအာဖဂန်တာလီဘန်အဖွဲ့က ထုတ်ပြန်ထားကြောင်း ဖေဖော်ဝါရီ ၂၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ တာလီဘန်အစိုးရ၏ အထက်ပါရာဇသတ်ကြီး ဥပဒေသစ်များတွင်တိရစ္ဆာန် ညှဉ်းပန်း နှိပ်စက်မှုအတွက်သတ်မှတ်ထားသော ပြစ်ဒဏ်မှာအမျိုးသမီးများအပေါ် ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှုများအတွက်သတ်မှတ်ထားသော ပြစ်ဒဏ်ထက်ပိုပြင်းထန်နေကြောင်း သိရသည်။ တာလီဘန်အစိုးရ ရာဇသတ်ကြီးဥပဒေသစ်များအရ ဇနီးဖြစ်သူအား သွေးထွက်သံယို ဖြစ်စေသည်အထိရိုက်နှက်သော အမျိုးသားများကိုထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေး နိုင်မည်ဖြစ်သည်။ သို့ရာတွင် တိရစ္ဆာန်များအားညှဉ်းပန်းနှိပ်စက်ရာ ရောက်သောကြက်တိုက်ပွဲ၊ ငှက်တိုက်ပွဲ များပြုလုပ်သူမည်သူ့ကိုမဆို ထောင်ဒဏ်ငါးလအထိအပြစ်ပေးရန် တာလီဘန်ရာဇသတ်ကြီး ဥပဒေသစ်များ၌ပြဋ္ဌာန်းထားသည်။ ကြက်တိုက်ပွဲများသည် အာဖဂန်နစ္စတန်နိုင်ငံ၌ လူကြိုက်များသော်လည်း အာဖဂန်တာလီဘန်အုပ်စုက၂၀၂၁ ခုနှစ်မှစ၍ ပိတ်ပင်ထားသည်။ တာလီဘန်အဖွဲ့၏ အထက်ပါရာဇသတ်ကြီး ဥပဒေများကို တရားဥပဒေရှေ့မှောက်၌ အမျိုး သားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရှိမှုကိုပယ်ဖျက်လိုက်သည့် ဥပဒေများအဖြစ် ကုလသမဂ္ဂတာဝန်ရှိသူများက ဝေဖန်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ချမ်းမြသာစည်၌ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မီးလောင်၊ ပိတ်မိနေသူများအားကယ်ထုတ်နိုင်ဟုဆို ‎မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ ၆၅လမ်း၊ (၁၀၆)နှင့်(၁၀၇)ကြား၊ မြို့သစ်(၁)ရပ်ကွက်ရှိ ရိမ်းဘိုး(မြို့သစ်) ဆိုင်ကယ်အပိုပစ္စည်းဆိုင် ယနေ့ (ဖေဖော်ဝါရီ၂၈ ရက်) နံနက် ၂ နာရီ ၁၅ မိနစ်က Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပိတ်မိနေသူများလည်းအသက်ရှင်လျက်ကယ်ထုတ် ‎နိုင်ခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎မီးလောင်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်းဆိုင်နှင့် အနောက်ဘက်ရှိ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့သည့်အတွက်အိမ်ထဲတွင်ပိတ်မိနေသည့်လေးဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။ ‎ ‎"မီလောင်မှုက တစ်နာရီနီးပါးငြှိမ်းသတ်ခဲ့ပြီး Level 1 အဆင့်ဖြစ်သွားတာက ဆိုင်ထဲမှာက အင်ဂျင်ဝိုင်တွေရှိတယ်။ အဲဒါတွေက မီးပိုများပြီး ငြှိမ်းသတ်တဲ့နေရာမှာလည်း ခက်ခဲပါတယ်။ ဒါကြောင့် မီးငြှိမ်းသက်တဲ့နေရာမှာ အချိန်ကြာသွားတာပါ။ အခြားဘေးအိမ်တွေကိုတော့ကူးစက်မှုမရှိသလို လူထိခိုက်သေဆုံးသူလည်းမရှိပါဘူး"ဟုမဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎မီးလောင်ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Level 1 ယာဉ်အုပ်စုများ၊ လူမှုကူညီရေးအသင်များ သွားရောက်ငြှိမ်းသက်ခဲ့ရာ နံနက် ၃ နာရီ ၂ မိနစ်တွင်မီးငြိမ်းသွားကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့် ဆုံရှူံးမှုတန်ဖိုးကိုမီးသတ်မှတာဝန်ရှိသူများက လက်ရှိအချိန်စစ်ဆေးနေကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD ‎#ပြည်တွင်းသတင်း