fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
275
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+2630 روز
آرشیو پست ها
◾️နွေရာသီအတွက် အအေးပေးစင်တာ၃၀၄ ခု ဗန်ကောက်တွင် ဖွင့်လှစ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နွေရာသီကို အန်တုနိုင်ရေးအတွက် အအေးပေးစင်တာ ၃၀၄ ခု ဖွင့်လှစ်ထားကြောင်း ဗန်ကောက်ပို့စ်သတင်းဌာနက မတ် ၁၆ ရက်တွင် ရေးသားဖော် ပြထားသည်။ နွေရာသီတွင် အပူချိန်မြင့်မားမှုကို ကာကွယ်နိုင်ရေးအတွက် အအေးပေးစင်တာ ၃၀၄ ခုကို ထိုင်းနိုင်ငံဗန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA)က ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ အအေးပေးစင်တာဖွင့်ပွဲအဖြစ် မတ် ၁၆ ရက်တွင် Phra Nakhon ခရိုင်ရှိ Thewet အပန်းဖြေစင်တာ၌ ဗန်ကောက်မြို့တော်ဝန် Chadchart Sittipunt ကတရားဝင် စတင်ဖွင့်လှစ်ပေးခဲ့ ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယခုဖွင့်လှစ်လိုက်သည့် အအေးပေးစင်တာများတွင် လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းများ၊ ပြည်သူများအတွက်လုံလောက်မှုရှိသည့် ထိုင်ခုံများနှင့် သောက်သုံးရန် ရေကိုလည်း အခမဲ့ရရှိကြမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်ကစံချိန်တင် အပူဒဏ်ကို ခံစားခဲ့ရပြီးယခု ၂၀၂၆ ခုနှစ် နွေရာသီ တွင်လည်းအပူချိန်မှာ သိသိသာသာ မြင့်မားလာနိုင်ဖွယ် ရှိနေခြင်းကြောင့် တာဝန်ရှိ သူများ က ဗန်ကောက်မြို့တစ်ခွင်တွင်အအေးပေးစင်တာများ ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အအေးပေးစင်တာများကို ဗန်ကောက်မြို့ တစ်ဝန်းရှိစာသင်ကျောင်းများ၊ သက်မွေး ဝမ်းကျောင်း သင်တန်းကျောင်းများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ဆောင်မှုစင်တာများနှင့် ခရိုင်ရုံး ၅၀ တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(BMA)ကအအေးပေး စင်တာများ အပြင် ပန်းခြံများသို့ လာရောက်လည်ပတ်သူများအတွက်ကိုလည်း အပူဒဏ်သက်သာ စေမည့် နေရာ ၁၇၈ နေရာကိုလည်းဖွင့်လှစ်ထားကြောင်း သတင်းတွင်ဆက်လက် ဖော်ပြထားသည်။ သတင်း-စိန်သံ ကိုးကား-ဘန်ကောက်ပို့စ် #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ ဟုဆို အီရန် အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီသည် အစ္စရေးစစ်ဘက် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အလီလာရီဂျာနီသေဆုံးမှု သတင်းမှန်ကန် ကြောင်း အီရန်အစိုးရတာဝန်ရှိသူများက အတည်ပြုခြင်း မရှိသေးပေ။ သတင်းမှန်ကန် ကြောင်း အတည်ပြုနိုင်ပါက လာရီဂျာနီသည် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အယာတိုလာအလီ ခါမေနီသေဆုံးခဲ့ရ ပြီးနောက်ပိုင်း စစ်ရေးတိုက်ခိုက်မှုဖြင့်ရှင်းလင်းခံခဲ့ရသော ရာထူးအမြင့်ဆုံး အီရန် ခေါင်းဆောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။ အလီလာရီဂျာနီကို အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် အီရန်သမ္မတ ပီဇက်ရှ်ကီအန်က၂၀၂၅ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့သည်။ ယင်းအပြင် အလီလာရီဂျာနီသည် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ၏ အကြံပေးတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ဘီဘီစီ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ကိုရီးယားနိုင်ငံသားအပါအဝင်သုံးဦးကို လူကုန်ကူးမှုဥပဒေဖြင့်အလုပ်နှင့်ထောင်ဒဏ်များချမှတ် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဒိုင်းမွန်းကွန်ဒို၌ ကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်၍ Blind Date ပြုလုပ်ပေးသူ ကိုရီးယားနိုင်ငံသားအပါအဝင်သုံးဦးကို အလုပ်နှင့်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနကထုတ်ပြန်သည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ မကျော့ကေခိုင်သည် မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီးတစ်ဦးကို အဆိုပါကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်ထားသူ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့်မိတ်ဆက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ဟောင်ဟီဝှမ်းမှ ယင်းမြန်မာအမျိုးသမီးကို တောင်ကိုရီးယားနိုင်ငံသားနှင့်လက်ထပ်မည်ဆိုပါက တစ်လလျှင်ငွေကျပ် ၁၅ သိန်းမှသိန်း ၂၀ အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးမှုကို ဟောင်ဟီဝှမ်း၏ကိုရီးယားဘာသာစကားသင်တန်းတွင်အလုပ်လုပ်ကိုင်နေသည့် နိုဇင်မိုး(ခ)စုဂျင်း က ဘာသာပြန်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါမြန်မာအမျိုးသမီးနှင့် တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol တို့ကို ရွှေတိဂုံစေတီနှင့်ပြည်သူ့ရင်ပြင်၌ မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး သုံးရက်ခန့်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ထို့နောက်တောင်ကိုရီးယားနိုင်ငံသည် ၎င်းနိုင်ငံသို့ပြန်သွားကာ ဟောင်ဟီဝှမ်းထံငွေကျပ်သိန်း ၆၀၀ ခန့်ပေးခဲ့ကြောင်း၊ ဟောင်ဟီဝှမ်းမှ ပေါင်းသင်းနေထိုင်ခဲ့သည့်အမျိုးသမီးကို ငွေကျပ်သိန်း ၂၀ သာပေးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ယခုမတ်လ ၁၃ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးမှ တောင်ကိုရီးယားနိုင်ငံသားဟောင်ဟီဝှမ်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊ ကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ- MOI #ပြည်တွင်းသတင်း

◾️စက်သုံးဆီအခြေအနေကြောင့် အိမ်အရောက်ဆန်ရောင်းချသည့်အစီအစဉ်ယာယီရပ်နား စားသုံးသူများထံအိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဖြန့်ဖြူးရောင်းချသည့်အစီအစဉ်အား ယနေ့(မတ် ၁၇ ရက်)မှစတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရန် Home Delivery စနစ်ဖြင့် စားသုံးသူများထံဆန်များရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိတွင်ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများကြောင့် ဆန်များကိုအိမ်အရောက် ပို့ဆောင်ရန်အခက်အခဲရှိလာသဖြင့် Home Delivery အစီအစဉ်ကို ယာယီရပ်နားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ "ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်ကနေစပြီး Home Delivery အစီအစဉ်ကိုစတင်ခဲ့တာပါ။ လက်ရှိအချိန်ထိ ဆန်အိတ် ၁၁၆၁ အိတ်ကို ပေးပို့ရောင်းချခဲ့ပါ တယ်။ အခုကတော့စက်သုံးဆီအခက်ခဲကြောင့် ပိုဖို့အဆင်မပြေတော့လို့ခေတ္တရပ်နာခဲ့တာပါ။ ဘယ်တော့ပြန်ပို့မလဲဆိုတာအတိကျပြောလို့မရသေးဘူး" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိငွေပေးသွင်းထားပြီးဖြစ်သည့် စားသုံးသူများနှင့် အမှာစာပေးထားပြီးဖြစ်သည့် စားသုံးသူများထံ ဆန်များကိုဆက်လက်ပေးပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ- MRF

◾️လူပေါင်း ၅၀၀ ကို ရန်သူ့သတင်းပေးအဖြစ်စွပ်စွဲ၍ အီရန်ရဲတပ်ဖွဲ့ ဖမ်းဆီး ရန်သူများထံ သတင်းပေးသူများအဖြစ် စွပ်စွဲခံထားရသူ ၅၀၀ တို့ကို အီရန်အာဏာပိုင် များက ဖမ်းဆီးထားကြောင်း မတ် ၁၅ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိစစ်ရေးပစ်မှတ်များအား ဆက်လက်တိုက်ခိုက်နေချိန်တွင် ရန်သူ့သတင်းပေးအဖြစ် စွပ်စွဲခံထားရသူများကို အီရန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။ ရန်သူ့ထံ သတင်းပေးမှုဖြင့်ဖမ်းဆီးခံထားရသူများထဲတွင် စစ်ရေးပစ်မှတ်သတင်းပေးခြင်း ကဲ့သို့သောပြင်းထန်သည့် ပြစ်မှုမျိုးလည်းပါဝင်ကြောင်း အီရန်ရဲတပ်ဖွဲ့ အကြီးအကဲက မတ် ၁၅ ရက်တွင် ပြောကြားထားသည်။ အီရန်အာဏာပိုင်များသည်ရန်သူ့သတင်းပေးအဖြစ် စွပ်စွဲခံထားရသူများကို မတ် ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံသည် အီရန်လုံခြုံရေးကင်းစခန်းများကို မြေပြင်သတင်းပေးများ၏ အကူအညီ ဖြင့်တိုက်ခိုက်နေချိန်တွင် လူပေါင်း ၅၀၀ကို ရန်သူ့ သတင်းပေးအဖြစ် စွပ်စွဲ၍ အာဏာပိုင် များက ဖမ်းဆီးထားခြင်းဖြစ်သည်။ မြေပြင် သတင်းပေးများ၏ သတင်းပေးပို့မှုဖြင့် အီရန်လုံခြုံရေးကင်းစခန်းများကို ပစ်မှတ် ထားတိုက်ခိုက်မှုများသည် လက်ရှိ ဖြစ်ပွားနေသော အီရန်စစ်ပွဲ၏ အခြေအနေသစ်တစ်ရပ် ကို ကိုယ်စားပြုကြောင်းအစ္စရေးစစ်ဘက် တာဝန်ရှိသူများကပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းလုပ်ငန်းခွင်တွင် သေဆုံးခဲ့သော မြန်မာလုပ်သားနှစ်ဦး လျော်ကြေးရ ထိုင်းနိုင်ငံ အတွင်းရှိ လုပ်ငန်းခွင်များတွင် သေဆုံးခဲ့သော မြန်မာအလုပ်သမား နှစ်ဦး၏ လျော်ကြေးငွေအဖြစ် ဘတ်နှစ်သန်းကျော် ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAGအဖွဲ့မှ သိရသည်။ လျော်ကြေးရရှိခဲ့သည့် မြန်မာအလုပ်သမားနှစ်ဦးသည် ၂၀၂၅ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်တွင် လယောင်မြို့ရှိစည်ပင်အမှိုက်သိမ်းလုပ်ငန်းခွင်၌သေဆုံးခဲ့သည့် ကိုမောင်မောင်နှင့် ချွန်ဘူလီမြို့ရှိ ဖော့စက်ရုံတွင် သေဆုံးခဲ့သည့် ကိုသက်ဇော်တို့ဖြစ်ကြောင်းသိရသည်။ ကိုမောင်မောင်၏နစ်နာကြေးအားသူ၏ဇနီးဖြစ်သူနှင့်အတူ မတ် ၁၂ ရက်တွင် ကားထော် လော်ဘော် ဘတ် ၅၀၀၀၀၀ နှင့် ကားပကန်ဘတ် ၅၀၀၀၀၀ ကိုရဲစခန်း၌ ထုတ်ယူနိုင်ခဲ့ပြီး ကိုသက်ဇော်၏ နစ်နာကြေးအဖြစ် စက်ရုံဘက်မှ စာနာထောက်ထားမှုထောက်ပံ့ကြေး ဘတ်၄၅၀၀၀၀ ကို ဇန်နဝါရီ ၉ ရက်တွင် ကျဟာငန်ရုံး၌ ပေးဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ကိုသက်ဇော်၏ မိခင်ရောက်ရှိချိန်တွင် ပကန်စန် ခွန်ရုံး၌ နစ်နာကြေး ဘတ် ၉၁၁၄၀၀ နှင့် သင်္ဂြိုဟ်စရိတ်ဘတ် ၅၀၀၀၀ အားချက်လက်မှတ်ဖြင့် မတ် ၁၆ ရက်တွင် ရရှိခဲ့ပြီး စုစုပေါင်း ဘတ် ၁၄၁၁၄၀၀ ကို ရရှိခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မြစ်ကြီးနားလေဆိပ် ပိတ်ထားဆဲဟုဆို ‎ ‎ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်ကို လက်ရှိချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း လက်မှတ်အရောင်းဌာနများထံမှသိရသည်။ ‎ ‎"မြစ်ကြီးနား လေဆိပ် ပိတ်ထားပါသေးတယ်ရှင်။ရက်အကန့်အသတ်မရှိထပ်တိုးထားပါတယ်။ဘယ်ရက်ပြန်ပြေးဆွဲမယ်ဆိုတာမသိသေးပါဘူး"ဟုAir Ticket Agencyတစ်ခု၏တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့အတည်ပြုပြောဆိုသည်။ ‎ ‎ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြစ်ကြီးနားလေဆိပ်၌ မန္တလေးမြို့သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် FPV Suicide Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ‎ ‎ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ မြစ်ကြီးနားလေဆိပ်ကို FPV Suicide ဒရုန်းများအသုံးပြု၍တိုက်ခိုက်ခံခဲ့ရသဖြင့် လေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့သဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း၊ဒရုန်းများသည် မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်း ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့၍ လူ၊ အဆောက်အအုံ နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎ယင်းဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်အား လက်ရှိ အချိန်ထိပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ‎ ‎သတင်း-အင်ကြင်း ‎ဓာတ်ပုံ- CJ ‎#ပြည်တွင်းသတင်း

◾️ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံခဲရပြီးနောက်အီရန်၌ အဆိပ် အတောက်ရှိ အနက်ရောင်မိုးများ ရွာသွန်း အီရန်ရေနံလုပ်ငန်း အခြေခံအဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်အီရန်နိုင်ငံ တီဟီရန်မြို့၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိပ်အတောက်ရှိသည့် အနက်ရောင်မိုးများ ရွာသွန်းခဲ့ရကြောင်း မတ် ၁၅ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ အဆိပ်အတောက်ရှိ အနက်ရောင်မိုးများရွာသွန်းမှုကြောင့် တီဟီရန်မြို့သူ၊ မြို့သားများမှာ မျက်လုံးပူစပ်မှု၊ အသက်ရှူရခက်ခဲမှုစသည့် ပြဿနာများခံစားနေရကြောင်း သိရ သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ရေနံလုပ်ငန်း အခြေခံအဆောက် အအုံ များကို တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ထွက်လာသော အဆိပ်အတောက်ရှိ မီးခိုး တိမ်တိုက်များ လေထုလွှာအတွင်း ရောက်ရှိသွားပြီး အနက်ရောင် မိုးရွာသွန်းမှုပုံစံအဖြစ် ကမ္ဘာပေါ်သို့ ပြန်လည်ရွာချခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတကာကျန်းမာရေးတာဝန်ရှိသူများက ပြောကြား သည်။ လေကြောင်းတိုက်ခိုက်မှုများမှ ပေါ်ထွက်လာသည့် ကျပ်ခိုးမှုန်များနှင့်ဓာတုပစ္စည်းများ ရေနှင့်ပေါင်းစပ်မိချိန်တွင် အနက်ရောင်မိုးများအဖြစ် ပြန်လည်ရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။ ရေနံလုပ်ငန်းအခြေခံ အဆောက်အအုံများ တိုက်ခိုက်ခံရချိန်တွင်ပေါ်ထွက်လာတတ်သော ကျပ်ခိုးအမှုန်ငယ်များမှာ လူ့ဆံခြည်မျှင် တစ်မျှင်၏ အရွယ်အစားထက် အဆ ၄၀ ပိုသေး ငယ်ပြီး အဆုတ်နှင့်သွေးလည်ပတ်မှုစနစ်အတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသည်။ ယင်းကဲ့သို့ အထက်ပါရုပ်မှုန်များ အဆုတ်နှင့်သွေးလည်ပတ်မှုစနစ် အတွင်းရောက်ရှိသွား ချိန်တွင် အသက်ရှူလမ်းကြောင်းပြဿနာများနှင့် နှလုံးကျန်းမာရေးပြဿနာများ ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။ အီရန်နိုင်ငံ၌ ရွာသွန်းခဲ့သော အဆိပ်အတောက်ရှိ အနက်ရောင်မိုးများထဲတွင် အက်စစ်ဓာတ် ပါဝင်မှု လွန်စွာမြင့်မားသည်ဖြစ်ရာ အီရန် နိုင်ငံသားများအနေဖြင့် မိမိတို့နေအိမ် များထဲတွင် သာနေထိုင်၍ မျက်နှာဖုံးစည်းများ ဝတ်ဆင်ထားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-အေပီ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️တက္ကစီငှားရမ်းခများ တိုးမြှင့်တောင်းခံပါကစီအင်န်ဂျီသုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို အခွင့်အရေးယူ၍ စီအန်ဂျီတက္ကစီယာဉ်များ (CNG Taxi) များငှားရမ်းခ တိုးမြှင့်တောင်းခံ၍ တိုင်ကြားခံရပြီး စိစစ်သိရှိပါက စီအန်ဂျီသုံးစွဲခွင့် စာရင်း မှ ပယ်ဖျက်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။ မတ် ၁၅ ရက်က စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည့် စွမ်းအင်ဝန်ကြီးဌာနသည် အများ ပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့ (CNG)အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ် အကျိုးခံစားခွင့်ရရှိစေရေး နှင့်စပ်လျဉ်း သည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက ဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို နိုင်ငံတော် အနေဖြင့် ဖြေရှင်း ဆောင်ရွက်ရာတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ အရန်စက်သုံးဆီ ပမာဏ ပိုမိုသိုလှောင်နိုင်ရေး၊ စက်သုံးဆီတင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေ ကြောင်း၊ စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရေးသည် အဓိကကျကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာ၀ဓာတ်ငွေ့(CNG) များကို မပြောင်းလဲသောဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ခုနှစ်မှစ၍ ရောင်းချပေးနေကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာနေပါ ကြောင်း၊ စက်စွမ်းအား တူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် စီအန်ဂျီတို့ အား တူညီခရီးအကွာ အဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက စီအန်ဂျီ သည် သုံးပုံတစ်ပုံခန့် သာ ကုန်ကျမည်ဖြစ်ကြောင်း၊ စီအန်ဂျီသုံး တက္ကစီယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေး ကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊စီအန်ဂျီ တက္ကစီယာဉ်များသုံးယာဉ်များကို စီးနင်းကြသည့် ပြည်သူများအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူ၍ငှားရမ်းခ တိုးမြှင့်တောင်းခံခြင်းများကြုံတွေ့ရ၍ တိုင်ကြားလာပါက စီအန်ဂျီ သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့် တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဝိုင်ဘီအက်စ်ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့်လမ်းကြောင်းများ အတွင်း၌သာမောင်းနှင်ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း၌ CNGအသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကာ စီအန်ဂျီသုံးယာဉ်များနှင့်ပတ်သက်၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမ ရှိပါက တိုင်ကြားနိုင်ကြောင်း သိရသည်။ သတင်း-တိဗ္ဗ ဓာတ်ပုံ- MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မြန်မာ့လက်ရွေးစင်ကစားသမားမောင်မောင်လွင် အသင်းမှအနားယူမည်ဟုအသိပေး ‎ ‎ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမားမောင်မောင်လွင်သည် မြန်မာ့လက်ရွှေးစင်အသင်းမှအနားယူရန်ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့(မတ် ၁၅ ရက်) တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးရေးသားထားသည်။ ‎ ‎ဘောလုံးကစားခွင့်ခြောက်လပွဲပယ်ခံရပြီးနောက် မောင်မောင်လွင်က အကာအကွယ်မရရှိသည်ဟုခံစားရတဲ့အတွက် မြန်မာ့လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ ‎ ‎"ဒီဆုံးဖြတ်ချက်ကို ကျွန်တော်အလွယ်တကူ ချမှတ်ခဲ့တာမဟုတ်ပါဘူး။ ညလုံးပေါက်စဉ်းစားပြီးမှ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ ဒီလိုဘဝတစ်ခုရဖို့ အတွက် ကျွန်တော့်ဘဝရဲ့လက်ရှိအသက်ရဲ့သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအတွက်ပြေးလွှားကြိုးစား ခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားစော်ကားမှုတွေ၊ မိဘတွေကိုပါ ကိုင်ဆဲစော်ကားမှုတွေကိုခံရတဲ့အချိန်မှာ စိတ်ခံစားချက်တုံ့ပြန်မိခဲ့တာကြောင့် ခြောက်လပွဲကစားခွင့်ပိတ်ခံရပါတယ်။ ဒါကြောင့်အကာအကွယ်မ ရဘူးလို့ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့မြန်မာ့လက်ရွှေးစင်အသင်းကနေအနားယူဖို့ဆုံးဖြတ် လိုက်ပါတယ်" ဟု လူမှုကွန်ရက်တွင်ရေးသားထားသည်။ ‎ ‎ယခုမတ်လ ၁၀ ရက်က ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ်ပွဲတွင် ပထမပိုင်းပြီးဆုံးပြီးနောက် မောင်မောင်လွင်က ပရိတ်သတ်အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သည့်ဖြစ်စဉ်အပေါ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများခြောက်လပိတ်ပင်ကာ ငွေဒဏ်ကျပ်သိန်း ၃၀ ချမှတ်ခဲ့သည်။ ‎ ‎မောင်မောင်လွင်သည် ၂၀၁၅ ခုနှစ် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ကိုယ်စားပြုပါဝင်ကစားခဲ့သူဖြစ်သည်။ ၂၀၂၂ ခုနှစ်မှစတင်ကာ ထိုင်းလိဂ်-၁ ကလပ်အသင်းဖြစ်သည့် လန်ဖွန်ဝေါရီယာတွင် ပါဝင်ကစားလျက်ရှိသည့်အပြင် လန်ဖန်အသင်းနှင့်အတူ ထိုင်းလိဂ်-၂ ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့သည်။ ‎ ‎နိုင်ငံခြားကလပ်အသင်းတစ်ခုတွင်ရရှိသည့်ပထမဆုံးသော မြန်မာဘောလုံးသမားအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မောင်မောင်လွင်သည် ASEAN All-Stars အသင်းအတွက် Manchester United F.C. အသင်းကို တစ်ဂိုးတည်းသောအနိုင်ဂိုးသွင်းယူခဲ့သူဖြစ်သည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - မောင်မောင်လွင်/FB ‎#ပြည်တွင်းသတင်း

The Standard Time Digital - آمار و تحلیل کانال تلگرام @sdtimech