fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
+124 ساعت
+67 روز
+2430 روز
آرشیو پست ها
‎◾️မိုးကောင်း၌ရေကြီးရေလျှံ၊ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ခန့်ရှိ ‎ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ယနေ့(ဇွန် ၂၁ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေများလျှံတက်လာကာ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ခန့်ရှိကြောင်း ရင်ငြိမ်းပန်းပရဟိတအသင်းထံမှသိရသည်။ ‎ ‎ယမန်နေ့(ဇွန် ၂၀ ရက်) မှစတင်ကာမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နန့်ရင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ရေလျှံတက်လာကာ မိုးကောင်းမြို့ရှိစျေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းထိ ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။ ‎ ‎"မနေ့ညနေပိုင်းမှာမိုးနည်းသွားတော့ ရေကတက်လည်းမတက်ဘူး။ ကျလည်းမကျတော့ဘဲတန့်နေ တယ်။ မိုးချုပ်တော့ရေကသုံးလက်မလောက်ကျလာတယ်။ အခုမနက်မှာမိုးကများတယ်။ ချောင်းရေ လည်းလျှံပြီးရေထပ်တက်လာတာ။ ဥူးဇင်းတို့ကျောင်းချက်ပြုတ်တဲ့အထိတောင်ရောက်တယ်။ အခု ကျန်တဲ့သူတွေကိုကယ်ထုတ်ပေးနေတယ်။ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ အတွက် မနက်စာထမင်းတွေ လည်းပေးနေပါတယ်" ဟု ရင်ငြိမ်းပန်းပရဟိတအသင်းမှဆရာတော်တစ်ပါးကမိန့်ကြားသည်။ ‎ ‎လက်ရှိတွင် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ Speed Boad တစ်စီး၊ ရာဘာလှေတစ်စီး၊ Fiber လှေ နှစ်စီး၊ သစ်သားလှေသုံးစီးတို့ဖြင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ယာယီ ကယ်ဆယ်ရေးစခန်းများသို့ကူညီပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - ငြိမ်းပန်းပရဟိတအသင်း၊ MFSD ‎#ပြည်တွင်းသတင်း

◾️အပူလှိုင်းကျရောက်နေသော ဥရောပတွင် ကန့်သတ်ပိတ်ပင်မှုများ ချမှတ် ဥရောပတွင် အပူလှိုင်းကျရောက်ပြီး အပူချိန်များက စံချိန်တင်အဆင့်များသို့ ဦးတည်နေစဉ် ပြင်သစ်နိုင်ငံ၌ ယမကာသောက်သုံးမှုကို တစ်စိတ်တစ်ပိုင်း ကန့်သတ်မှု ဖြစ်ပေါ်စေခဲ့ကာ ဂျာမနီ၌တစ်နိုင်ငံလုံး သတိပေးချက်များထုတ်ပြန်ထားပြီး စပိန်နိုင်ငံ၌ ဘောလုံးပွဲကြည့်ရူသည့် ဇုန်တစ်ခုကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် စီရင်စုပေါင်း ၉၆ ခု အနက်မှ ၃၅ ခုတွင် အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်မည်ဟု မျှော်လင့်ရပြီး အနောက်တောင်ဖက်မှသည် ပါရီဒေသ ၊ ဘာဂန်ဒီအထိ အပူချိန်သည် ၃၉ နှင့် ၄၁ ဒီဂရီ ဆဲလ်စီးယက်စ်ကြား ရှိမည်ဟု မျှော်လင့်ထားကြသည်။ ယင်းနှင့်အတူ ယနေ့ တနင်္ဂနွေနေ့တွင် ကျရောက်သော နှစ်စဉ်ကျင်းပသည့် Fete de la Musique ပွဲတော်အတွင်း အထက်ပါ ဒေသ ၃၅ ခုတွင် ယမကာသောက်သုံးမှုကို ပိတ်ပင်လိုက်ကြောင်း အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်ရှန် လာကိုနူက ကြေညာသည်။ ပါရီမြို့တွင်မူ ပန်းခြံများကို ၂၄ နာရီ ဖွင့်ထားရန် ညွှန်ကြားထားသည်။ အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယက်စ်နားကပ်နေသော ဂျာမနီနိုင်ငံတွင် ဒေသအများစု အတွက် အပူချိန် သတိပေးချက်များ ထုတ်ပြန်ထားပြီး အပူရှိန်နှင့် အပူလှိုင်းကြွမှုကြောင့် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဂျာမနီမိုးလေဝသဌာနက သတိပေးထားသည်။ အီတလီနိုင်ငံတွင်လည်း အဲ့ပ်စ် တောင်တန်းဒေသမှလွဲ၍ ကျန်ဒေသများတွင် အပူချိန် ၃၇ နှင့် ၃၈ ဆဲလ်စီးယက်စ်ကြား ပြေးနေမည်ဟု မျှော်လင့်ထားကြသည်။ စပိန်နိုင်ငံတွင် အပူလှိုင်းကြောင့် ဘောလုံးပရိသတ်များ ကမ္ဘာ့ဖလားပွဲကြည့်ရှုနိုင်ရန် မက်ဒရစ်မြို့ Plaza de Colon ရင်ပြင်တွင် ဖွင့်လှစ်ထားသော ပွဲကြည့်ဇုန်ကို ပိတ်ထားရန် စပိန်ဘောလုံးအဖွဲ့ချုပ် က ဆုံးဖြတ်ခဲ့သဖြင့် ပရိသတ်များအနေဖြင့် စပိန်နှင့် ဆော်ဒီအာရေးဗီးယားတို့ ပွဲစဉ်ကို အခြားနေရာများတွင် သွားရောက်ကြည့်ရှုကြရမည်ဖြစ်သည်။ စပိန်နှင့်ဆော်ဒီအာရေးဗီးယားအသင်း နှစ်သင်းကမူ အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့မှ အဲယားကွန်းတပ်ဆင်ထားသော အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ ရ ာသီဥတုပြောင်းလဲမှုကြောင့် ဥရောပတွင် ပြင်းထန်သော အပူလှိုင်းများ ပို၍ အဖြစ်များလာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားကြသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

◾️ဒိုမီနီကန် ကမ်းခြေဟိုတယ် မီးလောင်၊ ခရီးသွား ၁၇၀၀ နီးပါး ကယ်ထုတ်ခဲ့ရ ဒိုမီနီကန်သမ္မတနိုင်ငံ ဘာယာဟီဘီအပန်းဖြေကမ်းခြေ ဟိုတယ်တစ်လုံး၌ ဇွန် ၁၉ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာခရီးသွားဧည့်သည် ၁၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။ ဗီဗာဝိန်းအမ်း ဒိုမီနီကပ်စ် အမည်ရှိဟိုတယ်မီးလောင်မှု၌ သေဆုံးခဲ့ရသည့် အမျိုးသမီးမှာ အသက် (၄၆) နှစ်အရွယ် အီတလီနိုင်ငံသူ တစ်ဦးဖြစ်သည်။ဗီဗာဝိန်းအမ်း ဟိုတယ် မီးလောင်မှုအတွင်းလူပေါင်း ကိုးဦးလည်း ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဟိုတယ် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနောက်ခံအ ကြောင်းတရားကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကြည်လင်သော ရေပြင်နှင့် သာယာလှပသည့် ကမ်းခြေများကြောင့် ထင်ရှားသေဒိုမီနီကန် သမ္မတနိုင်ငံသည် ကာရစ်ဘီယံဒေသ၏ ထိပ်တန်းခရီးသွား ပန်းတိုင်တစ်ခုဖြစ်သည်။ ယခုနှစ် ပထမငါးလအတွင်း ဒိုမီနီကန်သမ္မတနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်မှာ ၅ ဒသမ ၆ သန်းအထိရှိခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်း မြင့်မားလာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပြဿနာကို သီရိလင်္ကာနိုင်ငံ ရင်ဆိုင်နေရကြောင်း ဇွန် ၁၉ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှစ၍ လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၄၄၀၀၀ ကျော်အထိရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၂၈ ဦးအထိရှိ ခဲ့ကြောင်း သီရိလင်္ကာ တာဝန်ရှိသူများက ပြောကြားသည်။ ယခုကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်း မြင့်မားနေမှုကြောင့် သီရိလင်္ကာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှာလည်း ဝန်ပိနေရကြောင်း သိရသည်။ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးမှာ မုတ်သုံရာသီကာလ အတွင်း သီရိလင်္ကာနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။ သို့ရာတွင် မြို့ပြ ဖွံ့ဖြိုးရေး အစီအစဉ်များ စနစ်မကျမှုနှင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် ဒစ်ဝါမုန်တိုင်းတို့ကြောင့် သီရိလင်္ကာနိုင်ငံ၌ယခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရခြင်းဖြစ်သည်။ သီရိလင်္ကာအမျိုးသား သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန၏ကိန်းဂဏန်းများအရ ယခုနှစ် ဧပြီလတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၅၆၅၁ ဦးအထိရှိသော်လည်း ဇွန်လ ပထမသီတင်းနှစ်ပတ်အတွင်း နှစ်ဆတိုးလာပြီး၁၀၆၃၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါ လူနာလေးဦးအား ခြင်ဆီအစားထိုး ကုသခြင်း အောင်မြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါ လူနာလေးဦးအား ခြင်ဆီအစားထိုးကုသ ခြင်း အောင်မြင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသွေး ရောဂါ အထူးကုဌာနခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center)သို့ ၂၀၂၆ ခုနှစ်မေလ က ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာများဖြစ်သည့် သာပေါင်း မြို့နယ်မှ ၃၈ နှစ် အရွယ် အမျိုးသမီး၊ လှိုင်မြို့နယ်မှ ၅၇ နှစ်အရွယ်အမျိုးသမီး၊ ကျောက်ဆည်မြို့နယ်မှ ၄၇ နှစ်အရွယ် အမျိုးသားနှင့် ရွှေဘိုမြို့နယ်မှ၅၃ နှစ်အရွယ် အမျိုးသား၊ စုစုပေါင်း ခြင်ဆီကင်ဆာလူနာ လေးဦးအား ခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး လူနာများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဇွန် ၁၂ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှဘာသာရပ် ဆိုင်ရာ ကျွမ်းကျင် ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန် ထမ်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ခုနှစ် တွင် (၁၀) ဦး နှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ရှစ်ဦး စုစုပေါင်း (၃၃)ဦးကိုဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးအတွက် ကုန်ကျစရိတ် သက်သာစေရေး ပြည်တွင်း၌ပင် ခြင်ဆီအစားထိုး ကုသမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️စာရေးဆရာမင်းခိုက်စိုးစန် ဆန်ဖရန်စ္စကိုမြို့၌ ကွယ်လွန် ‎စာရေးဆရာမင်းခိုက်စိုးစန် (ခ) ဒေါက်တာကျော်စိုးသည် အမေရိကန်နိုင်ငံ ၊ဆန်ဖရန်စ္စကိုမြို့၌ ဒေသစံတော်ချိန် ဇွန် ၁၉ ရက် ည ၈ နာရီ ၀၇ မိနစ် (မြန်မာစံတော်ချိန် ဇွန် ၂၀ ရက် နံနက် ၉နာရီ ၃၇ မိနစ်) တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။ ‎ ‎၎င်းသည် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိပြီဖြစ်သည်။ ‎ ‎"ဒီည စကိုးမိ ရဲ့ လက်လေးကို ကိုင်ရင်း ခင်ခဲ့ ချစ်ခဲ့ စ နောက်ခဲ့ကြသမျှ ပြန်တွေးရင်း နောက်ဆုံး နှုတ်ဆက်ခွင့်ရလိုက်တယ်။စိတ်အေးအေးသာ သွားနှင့်ပါ ငါ့အစ်ကို ။တစ်နေရာရာမှာ ဆက်ဆက်ပြန်ဆုံကြမယ်"လို့ ကိုမောင်မောင်အေးကဝမ်းနည်းစကားဆိုထားသည်။ ‎ ‎မင်းခိုက်စိုးစန်အား ရန်ကုန်မြို့၌ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင်မွေးဖွားခဲ့ပြီးအမည်ရင်းမှာ ကျော်စိုးဖြစ်သည်။ သူသည် ၁၉၈၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဆေးတက္ကသိုလ် ၂ မှ M.B.B.S. ဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ‎ ‎သူသည် ပထမဆုံး လုံးချင်းဝတ္တုအဖြစ် "လွမ်းလို့ သေသွားတဲ့ သစ်ပင်"ကိုရေးသားခဲ့ပြီးနောက် တခြားသော လုံးချင်းဝတ္တုပေါင်း ၂၀ခန့်ကိုလည်းရေးသားခဲ့သေးသည်။ ‎ ‎ကလောင်အမည် မင်းခိုက်စိုးစန် အပြင်သတိုးတေဇ၊ ဇော်နိုင်ငံစိုး အစရှိသည့် ကလောင်ခွဲများဖြင့်လည်း ဝတ္တုများစွာကိုရေးသားခဲ့သလို ဟယ်ရီပေါ်တာစီးရီးကိုလည်း မြန်မာဘာသာဖြင့်ပြန်လည်ရေးသားခဲ့သည်။ ‎ ‎ဒါ့အပြင် ၂၀၂၁ ခုနှစ်တွင် "Gauche Stories"ဝတ္ထုတိုစုစည်းမှုဖြင့် အမျိုးသားစာပေဆု၊ ၂၀၂၃ ခုနှစ်တွင်အရှေ့တောင်အာရှစာရေးဆရာဆု S.E.A. Write Award တို့ကိုလည်း ရရှိခဲ့သူဖြစ်သည်။ ‎ ‎သတင်း-အင်ကြင်း ‎ဓာတ်ပုံ-မင်းခိုက်စိုးစန် fan page

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️Air Force One အဖြစ် ပြင်ဆင်ပြီးသည့် ကာတာလက်‌ဆောင် ဇိမ်ခံလေယာဉ်ကို ဒေါ်နယ်ထရန့် ထုတ်ပြ ပြီးခဲ့သည့် နှစ်တွင် ကာတာအစိုးရက မည်သည့်နှောင်ကြိုးမှ မပါဘဲ အမေရိကန်ကို လက်ဆောင်ပေးခဲ့ပြီး ပြန်လည်ပြင်ဆင် အဆင့်မြှင့်ထားသော ဘိုးရင်း ၇၈ ၇ - ၈ လေယာဉ်သစ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြသခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် တန်သော ဇိမ်ခံဂျမ်ဘိုဂျက်အား ပြင်ဆင် အဆင့်မြှင့်တင်မှုများကို အမေရိကန်စစ်ဘက်က လုပ်‌ဆောင်ခဲ့ကြောင်း သိရသည်။ လေယာဉ်ကို ပျံသန်းနေသော အိမ်ဖြူတော်ဖြစ်အောင် ပြောင်းလဲထားပြီး မည်သူမျှမမြင်ဖူးသော ဇိမ်ခံပစ္စည်းများ ပါဝင်သည်ဟု အန်ဒရူးပူးတွဲလေတပ်စခန်း မိန့်ခွန်းတွင် ထရန့်က ပြောကြားသည်။ လေယာဉ်အား ပြုပြင်မွမ်းမံပြင်ဆင်ထားခြင်းများကို နောက်ဆုံးစာမေးပွဲအဖြစ် စမ်းသပ်ရန် မကြာမီ ကနဦး ပျံသန်းမှုများ လုပ်ဆောင်ပြီးနောက်တွင်မှ သမ္မတလေယာဉ် အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ပြောကြားသည်။ မွမ်းမံပြင်ဆင်မှုများတွင် လုံခြုံရေး၊ မစ်ရှင်ဆက်သွယ်ရေး နှင့် အခြားအထောက်အပံ့များ၊ အဆင့်မြင့်နည်းပညာ တပ်ဆင်ခြင်းများ ပါဝင်ကြောင်း လေတပ်က ပြောကြားသည်။ ယခင်က ဖြစ်ပေါ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်းလည်း လေတပ်ကပြောသည်။ ဇိမ်ခံလေယာဉ်အတွင်းပိုင်း အပြင်အဆင်များကို အနည်းငယ်သာ ပြောင်းလဲထားပြီး ပြင်ပတွင် အနီရောင်၊ အဖြူရောင်၊ အပြာရောင် နှင့် ရွှေရောင်ဆေးများ ပြန်သုတ်ထားကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မေလက အဆိုပါ ဇိမ်ခံလေယာဉ်ကို ကာတာတော်ဝင် မိသားစုက လှူဒါန်းခဲ့ချိန်တွင် အမေရိကန်နိုင်ငံတွင် ဝေဖန်မှုများ ဖြစ်ပေါ်ထွက်ပေါ်ခဲ့ကာ တန်ဖိုးကြီးသော လက်ဆောင်ကြောင့် အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်နိုင်ပြီး အခြေခံဥပဒေ နှင့်လည်း မကိုက်ညီနိုင်ကြောင်း ပြောကြားခဲ့ကြသည်။ ကာတာဇိမ်ခံလေယာဉ် ရောက်ရှိမလာခင်က အမေရိကန်သမ္မတ စီးနင်းရန် အသုံးပြုသော Air Force One အုပ်စုတွင် 747-200B ဂျက် နှစ်စီး ရှိနေခဲ့ပြီး ၁၉၉၀ ကတည်းက အသုံးပြုခဲ့သော သက်တမ်းရင့် လေယာဉ်တစ်စီးကို ယခုအခါ အနားပေးလိုက်ပုံရသည်။ “နောက်ဆုံးစီးနင်းမှုပါ။ ကောင်းပါပြီ သစ္စာရှိတဲ့ အစေခံကြီး” ဟု အိမ်ဖြူတော် ပြန်ကြား‌ရေးမှူး စတီဗင်ချောင်းက လေယာဉ်ပုံနှင့်အတူ ရေးသားခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-BBC

◾️မြဝတီမြို့ မီးလောင်မှု ကလေးနှစ်ဦး သေဆုံး၊ အမျိုးသားတစ်ဦး ဒဏ်ရာရ ‎ ‎ကရင်ပြည်နယ် ၊မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့(ဇွန် ၁၉ ရက်) ညနေ ၄ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ‎ ‎ဖြစ်စဉ်မှာ မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ သုံးထပ်တိုက်၊မြေညီထပ် သုံးခန်းတွဲ ယာဘက် အစွန်ဆုံးအခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်အခန်းအတွင်းအိပ်နေသည့် ၁ နှစ်အရွယ် ယောကျ်ားလေးနှင့် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးမှာ ကျောပြင်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေကြောင်းသိရသည်။ ‎ ‎"မီးလောင်မှုကတော့ ဂတ်အိုးနဲ့ထမင်းအိုးတည်ရာကနေ အနီးရှိဓာတ်ဆီပုံးကို မီးဟက်ပြီး မီးစတင်လောင်ခဲ့ကျွမ်းခဲ့တာပါ။ ပတ်ဝန်ကျင်အိမ်တွေတော့ကူးစက်လောင်ကျွမ်းခြင်းတော့မရှိပါဘူး။ မီးလောင်မှုကြောင့် သေဆုံးသူကလေးနှစ်ဦးနဲ့ဒဏ်ရာရသူကိုတော့ လူမှုကူညီကယ်ဆယ်ရေးအသင်းကားတွေနဲ့ မြဝတီခရိုင် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်"ဟု မြဝတီမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ‎ ‎မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဥ်လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - မြဝတီခရိုင်မီးသတ်

◾️ကွန်ဂိုတွင် အီဘိုလာရောဂါ လျင်မြန်စွာ ကူးစက်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး ဗိုင်းရပ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း အီဘိုလာရောဂါသည် ကွန်ဂိုနိုင်ငံတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးပြောကြားသည်။ ၎င်းတို့အနေဖြင့် ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေသော ကူးစက်မှုများကို အမီလိုက်ရန် အချိန်လု ကြိုးပမ်းနေရဆဲဖြစ်ကြောင်း WHO က ပြောသည်။ “ကူးစက်မှုက စိုးရိမ်စရာဖြစ်နေဆဲပါ။ အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲနေပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဖရိက အ‌ရေး‌ပေါ် တုံ့ပြန်ရေးအကြီးအကဲ မေရီရိုဆယ်လင်းဘီလီဇီယာက ပြောသည်။ သို့သော် တုံ့ပြန်မှုကလည်း နေ့စဉ်ပင် ပို၍ အားကောင်းခိုင်မာလာသည်ဟု ရောဂါကူးစက်မှု ဗဟိုချက်နေရာ အီတူရီပြည်နယ်မြို့တော် ဘူနီယာတွင်ရောက်ရှိနေသည့် မစ္စက်ဘီလီဇီယာက ဂျီနီဗာမြို့မှ သတင်းထောက်များကို ပြောကြားသည်။ အီ‌ဘိုလာကူးစက်မှု ဖြစ်ပွားနေကြောင်းကို မေ ၁၅ ရက် က ကြေညာခဲ့သော်လည်း ယင်းမတိုင်မီကတည်းက ကွန်ဂိုတွင် ကူးစက်မှုများ ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးကူးစက်မှုသည် တွေ့ရခဲသည့် ဘွန်ဒီဘတ်ယို ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ ၎င်းဗိုင်းရပ်မျိုးကွဲအတွက် ကာကွယ်ဆေး သို့မဟုတ် ကုထုံးလည်း မရှိသေးပေ။ ယခုအချိန်ထိ ကွန်ဂိုနိုင်ငံ၌ ရောဂါကူးစက်မှုပေါင်း ၈၉၆ ခု ရှိကာ သေဆုံးသူ ၂၃၂ ဦး ရှိကြောင်း အတည်ပြုထားသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ ကူးစက်မှုအသစ် ၂၁ ခု ဖြစ်ပေါ်ခဲ့ကြောင်း WHO က ပြောသည်။ ပဋိပက္ခများ ဖြစ်ပေါ်နေသည့် အီတူရီပြည်နယ်တွင် ရောဂါကူးစက်မှု ၉၀ ရာခိုင်နှုန်းကို မြင်တွေ့ရသော်လည်း မြောက်ကီဗူး နှင့် တောင်ကီဗူးပြည်နယ် နှစ်ခုသို့လည်း ရောဂါကူးစက်သွားခဲ့သည်။ နာမကျန်းဖြစ်နေသူ အချို့က အိမ်မှာပင် နေထိုင်ကြပြီး ရိုးရာကုသရေးသမားများ နှင့် ကုသနေကြပြီး အခြေအနေဆိုးမှသာ ဆေးရုံများသို့ ရောက်ရှိလာကြသည့်အတွက် ကုသမှုများ နောက်ကျရသည်ဟုလည်း မစ္စက် ဘီလီဇီယာက ပြောကြားသည်။ သို့သော် ကွန်ဂိုမှာပင် အီဘိုလာ ကူးစက်ခံရပြီးနောက် ပြန်လည် နာလန်ထူလာသူ ၇၈ ဦး ရှိသောကြောင် အချိန်မီသိရှိ၍ ကုသမှု ခံယူပါက အသက်ကယ်ဆယ်နိုင်ကြောင်း ပြသနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ သတင်း-ရဲမင်း ကိုးကား-AFP

◾️သမ္မတရာထူးသက်တမ်း တိုးမြှင့်ရေး ဥပဒေကြမ်း ဇင်ဘာဘွေအောက်လွှတ်တော် အတည်ပြု သမ္မတရာထူးသက်တမ်းကို လက်ရှိငါးနှစ်မှခုနစ်နှစ်အထိ တိုးမြှင့်ပေးထားသော ဥပဒေကြမ်းတစ်ရပ်ကို ဇင်ဘာဘွေအောက်လွှတ်တော်က ဇွန်၁၈ ရက်တွင် မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။ သမ္မတရာထူးသက်တမ်းမြှင့်တင်ရေး ဥပဒေကြမ်းကို ဇင်ဘာဘွေအောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် ၂၁၆ ဦးတို့ကထောက်ခံမဲပေးခဲ့ကြသည်။ ဇင်ဘာဘွေအောက်လွှတ်တော်အနေဖြင့်ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရေးအတွက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံ သို့မဟုတ် အနည်းဆုံး၁၈၇ ဦးတို့၏ ထောက်ခံမဲ လိုအပ်ကြောင်း သိရသည်။ ဇင်ဘာဘွေအောက်လွှတ်တော်က မဲခွဲအတည်ပြုခဲ့သော သမ္မတရာထူးသက်တမ်း မြှင့်တင်ရေးဥပဒေကြမ်း အရ လက်ရှိဇင်ဘာဘွေသမ္မတအမ်မာဆန်အမ်နန်ဂါဂွါအနေဖြင့် သမ္မတရာထူးကို၂၀၃၀ ပြည့်နှစ်အထိ ဆက်လက်ရယူနိုင်မည်ဖြစ်သည်။ အသက် (၈၃) နှစ်အရွယ် သမ္မတအမ်နန်ဂါဂွါ၏ သမ္မတသက်တမ်းမှာ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။လက်ရှိအချိန်တွင် သမ္မတရာထူးသက်တမ်းတိုးမြှင့်ရေးဥပဒေကြမ်းကို အောက်လွှတ်တော်ကအတည်ပြုပြီးနောက် ဇင်ဘာဘွေအထက်လွှတ်တော်က ဆက်လက်အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။ သမ္မတအမ်နန်ဂါဂွါသည် ၂၀၁၇ ခုနှစ်စစ်အာဏာသိမ်းပွဲအတွင်း သမ္မတဟောင်းရောဘတ်မူဂါဘီ ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက်သမ္မတရာထူးကို ရယူခဲ့သူဖြစ်သည်။ ကိုးကား-ရိုက်တာ