fa
Feedback
Content Writing + Basic Design ( Free Class )

Content Writing + Basic Design ( Free Class )

رفتن به کانال در Telegram

Professional မဟုတ်ရင်တောင် လုပ်ငန်းခွင်ဝင်နိုင်တဲ့အနေအထားဖြစ်စေဖို့ အလွယ်ကူဆုံးစတင်လို့ရမဲ့ WFH အလုပ်အမျိုးအစားအတွက် အခမဲ့ Content Writing + Basic Design သင်တန်းပါရှင်

نمایش بیشتر

📈 تحلیل کانال تلگرام Content Writing + Basic Design ( Free Class )

کانال Content Writing + Basic Design ( Free Class ) (@aqfreeclass) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 22 745 مشترک است و جایگاه 8 590 را در دسته آموزش و رتبه 6 195 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 22 745 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 28 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -86 و در ۲۴ ساعت گذشته برابر 5 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 12.52% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 8.15% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 2 848 بازدید دریافت می‌کند. در اولین روز معمولاً 1 853 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 21 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Professional မဟုတ်ရင်တောင် လုပ်ငန်းခွင်ဝင်နိုင်တဲ့အနေအထားဖြစ်စေဖို့ အလွယ်ကူဆုံးစတင်လို့ရမဲ့ WFH အလုပ်အမျိုးအစားအတွက် အခမဲ့ Content Writing + Basic Design သင်တန်းပါရှင်

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 29 اوت, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

22 745
مشترکین
+524 ساعت
+807 روز
-8630 روز
آرشیو پست ها
၁။ AI ကို "Prompt" ပေးတတ်အောင် လုပ်ခြင်း AI ဆီက ကောင်းတဲ့ အဖြေရဖို့ဆိုရင် ခိုင်းတတ်ဖို့ လိုပါတယ်။ ဒါကို Prompt Engineering လို့ ခေါ်ပါတယ်။ • မကောင်းတဲ့ Prompt: "Content Writing အကြောင်း ရေးပေးပါ။" (အရမ်း ခြုံငုံလွန်းပါတယ်) • ကောင်းတဲ့ Prompt: "သင်က အတွေ့အကြုံရှိတဲ့ Content Writer တစ်ယောက်အဖြစ် သရုပ်ဆောင်ပါ။ Content Writing စတင်ချင်တဲ့ လူငယ်တွေအတွက် စိတ်အားတက်ကြွစေမယ့် ဆောင်းပါးတစ်ပုဒ်ကို ရင်းနှီးဖော်ရွေတဲ့ လေသံနဲ့ ရေးပေးပါ။ နိဒါန်း၊ အချက် ၃ ချက်နဲ့ နိဂုံး ပါဝင်ပါစေ။"

ဒီနေ့ခေတ်မှာ AI ကို ရန်သူလို မသတ်မှတ်ဘဲ ကိုယ့်ရဲ့ "အစွမ်းထက် လက်ထောက် (Assistant)" တစ်ယောက်လို အသုံးချတတ်ဖို့ လိုပါတယ်။ AI ကို သုံးပြီး Content Writing လုပ်ငန်းစဉ်ကို ဘယ်လို မြန်ဆန်အောင် လုပ်မလဲဆိုတာ လေ့လာကြည့်ရအောင်။

AI ကို အသုံးချပြီး Content ရေးသားခြင်း (AI-Assisted Content Writing)

Exercise ဒီနေ့ PAS Formula (Problem, Agitation, Solution) ကို သုံးပြီး... "စာဖတ်ပျင်းတဲ့သူတွေကို စာဖတ်ချင်လာအောင်" ဆွဲဆောင်တဲ့ စာတိုလေးတစ်ပိုဒ် (သို့မဟုတ်) ခေါင်းစဉ်လေးတစ်ခုကို အခုပဲ စမ်းရေးကြည့်နိုင်မလား? သင်ရေးတဲ့စာထဲမှာ: 1. စာဖတ်ရမှာ ပျင်းတဲ့ ပြဿနာ ပါရမယ်။ 2. စာမဖတ်ရင် ဘာတွေ ဆုံးရှုံး မလဲ ပါရမယ်။ 3. ဘယ်လို စဖတ် ရမလဲဆိုတဲ့ အကြံပြုချက် ပါရမယ်။

၅။ Headline Variations (ခေါင်းစဉ် အမျိုးမျိုး ရေးကြည့်ခြင်း) Professional တွေဟာ ဆောင်းပါး တစ်ပုဒ်အတွက် ခေါင်းစဉ်ကို တစ်ခုတည်း မစဉ်းစားပါဘူး။ အနည်းဆုံး ၅ ခုကနေ ၁၀ ခုအထိ ချရေးကြည့်ပြီးမှ အကောင်းဆုံး တစ်ခုကို ရွေးတာပါ။ • ပုံစံ ၁ (How-to): "ဘယ်လို အိပ်ပျော်အောင် လုပ်မလဲ?" • ပုံစံ ၂ (Listicle): "နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်း ၅ သွယ်" • ပုံစံ ၃ (Fear of Missing Out): "သင် အိပ်မပျော်ရတဲ့ အဓိက အကြောင်းရင်းကို သိပြီးပြီလား?

၄။ Editing Like a Pro (စာမူတည်းဖြတ်နည်း အဆင့်မြင့်) စာရေးတာထက် စာပြန်ဖတ်ပြီး တည်းဖြတ်တာက ပိုအရေးကြီးပါတယ်။ • Kill your darlings: ကိုယ်ကတော့ သဘောကျလို့ ရေးထားပေမဲ့ ဆောင်းပါးနဲ့ မဆိုင်တဲ့၊ လိုရင်းမရောက်တဲ့ စာကြောင်းတွေကို ရက်ရက်စက်စက် ဖြုတ်ပစ်ပါ။ • Use Power Verbs: "လုပ်သည်"၊ "ဖြစ်သည်" ဆိုတာတွေထက် "ဖန်တီးသည်"၊ "ပုံဖော်သည်"၊ "တွန်းအားပေးသည်" ဆိုတဲ့ အားပါတဲ့ ကြိယာတွေကို သုံးပါ။

၃။ Emotional Adjectives (စိတ်ခံစားမှုကို နှိုးဆွသော နာမဝိသေသနများ) ရိုးရိုးစကားလုံးတွေထက် ပိုပြီး ပီပြင်တဲ့ စကားလုံးတွေကို သုံးပါ။ • "ကောင်းတယ်" လို့ သုံးမယ့်အစား "အံ့အားသင့်စရာကောင်းတယ်"၊ "ထူးခြားတယ်"၊ "အစွမ်းထက်တယ်"။ • "ခက်ခဲတယ်" လို့ သုံးမယ့်အစား "စိန်ခေါ်မှုများတယ်"၊ "ပင်ပန်းနွမ်းနယ်စေတယ်"

၂။ The "So What?" Test (ဒါတော့ ဘာဖြစ်လဲ?) စာတစ်ကြောင်းချင်းစီ ရေးပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် "ဒါတော့ ဘာဖြစ်လဲ?" လို့ ပြန်မေးပါ။ • အချက်အလက်: "ဒီဖုန်းမှာ ဘက်ထရီ 5000mAh ပါပါတယ်။" (So what?) • အကျိုးကျေးဇူး: "ဒီတော့ သင်က တစ်နေ့လုံး အားသွင်းစရာမလိုဘဲ စိတ်ကြိုက် သုံးနိုင်သွားမှာပါ။" (ဒါကမှ စာဖတ်သူ လိုချင်တဲ့အချက်ဖြစ်ပါတယ်)။

၁။ PAS Formula (ပြဿနာကို ထောက်ပြပြီး ဖြေရှင်းနည်း) ဒါကတော့ ကမ္ဘာကျော် Content Writer တွေ သုံးတဲ့ စိတ်ပညာ နည်းလမ်းပါ။ လူတစ်ယောက်ကို ကိုယ်ရေးတဲ့စာထဲ ဆွဲခေါ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ • P (Problem) - ပြဿနာ: ဖတ်သူ ကြုံတွေ့နေရတဲ့ အခက်အခဲကို အရင်ပြောပါ။ (ဥပမာ- "ညဘက် အိပ်မပျော်လို့ မနက်ခင်းမှာ ပင်ပန်းနေပြီလား?") • A (Agitation) - ဆွပေးခြင်း: အဲဒီပြဿနာက မဖြေရှင်းရင် ဘာတွေ ဆိုးလာနိုင်မလဲဆိုတာကို နည်းနည်း ထပ်ချဲ့ပြောပါ။ (ဥပမာ- "အိပ်ရေးမဝရင် အလုပ်မှာ အမှားမှားအယွင်းယွင်း ဖြစ်နိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။") • S (Solution) - ဖြေရှင်းချက်: ကိုယ့်ရဲ့ ဆောင်းပါးကနေ အဲဒါကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ ပြောပါ။ (ဥပမာ- "ဒီနေ့မှာတော့ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်း ၅ ခုကို ဝေမျှပေးသွားပါမယ်။")

Content Writing ရဲ့ အဆင့်မြင့် စိတ်ပညာနှင့် လူသားဆန်သော အရေးအသား (Psychological Writing & Human Connection)

ဒီနေ့ညနေ သင်ခန်းစာအသစ်ထပ်သင်ပေးပါမယ် အပေါ်က သင်ခန်းစာတွေကိုတော့ လေ့လာပြီးပြီလို့ထင်ပါတယ်ရှင် ❤️

Exercise Group မှာ စည်းကမ်းမလိုက်နာတာတချို့တွေ့ရတဲ့အတွက် ပြောဆိုဆွေးနွေးဖို့အတွက် နောက်နောင် မည်သည့် Group မှမရှိတော့ပါ ။ သင်တန်းမှ စာများ မိမိကိုယ်တိုင် အကောင်းဆုံးလေ့ကျင့်ခြင်းဖြင့် တိုးတက်ကြပါစေရှင် ❤️

Exercise အခု သင်ယူခဲ့တာတွေကို စုစည်းပြီး "မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ ကောင်းကျိုး" ဆိုတဲ့ အကြောင်းအရာကို အောက်ပါအတိုင်း ရေးကြည့်ပေးပါ။ Audience: ကျန်းမာရေး စိတ်ဝင်စားတဲ့ လူငယ်များ။ Tone: ရင်းနှီးဖော်ရွေသော (Conversational)။ Format: ခေါင်းစဉ် (H1)၊ နိဒါန်း၊ Bullet Points ၃ ချက်၊ နိဂုံး (CTA)။ Bold: အရေးကြီးတဲ့ စကားလုံးတွေကို Bold လုပ်ပါ။ ဒါလေးကို ရေးပြီးရင်တော့ သင်ဟာ Content Writing ရဲ့ အခြေခံကနေ အဆင့်မြင့်ပိုင်းကို ကောင်းကောင်း နားလည်သွားပြီလို့ ပြောလို့ရပါပြီ။

၄။ Content Writer တစ်ယောက်ရဲ့ "Golden Rule" "Show, Don't Just Tell" (ပြောရုံတင် မပြောပါနဲ့၊ ပြပါ) "ဒီကော်ဖီက အရမ်းကောင်းတယ်" လို့ ပြောမယ့်အစား... "ဒီကော်ဖီကို သောက်လိုက်တာနဲ့ လတ်ဆတ်တဲ့ ကော်ဖီစေ့ရနံ့က စိမ့်ဝင်သွားပြီး စိတ်ကို ချက်ချင်း လန်းဆန်းသွားစေမှာပါ" လို့ ရေးတာက ပိုထိရောက်ပါတယ်။

၃။ Understanding Search Intent (ဘာကြောင့် ရှာတာလဲ?) ဒါက SEO ရဲ့ အဆင့်မြင့်ပိုင်းပါ။ လူတစ်ယောက်က Google မှာ "ကော်ဖီ" လို့ ရိုက်ရှာရင် သူဘာသိချင်တာလဲဆိုတာကို ခန့်မှန်းတတ်ရပါမယ်။ Informational: သိချင်လို့ (ဥပမာ - ကော်ဖီကောင်းကျိုး) Navigational: နေရာတစ်ခုကို သွားချင်လို့ (ဥပမာ - Starbucks အနီးနားမှာ ဘယ်မှာရှိလဲ) Transactional: ဝယ်ချင်လို့ (ဥပမာ - ကော်ဖီစက် ဈေးနှုန်း) Writer ရဲ့ တာဝန်: လူက သိချင်လို့ ရှာတာကို သွားရောင်းနေရင် (သို့မဟုတ်) ဝယ်ချင်လို့ ရှာတာကို သမိုင်းကြောင်းတွေ ရေးပြနေရင် အဲဒီ Content က မအောင်မြင်ပါဘူး။

၂။ Scannability (မျက်စိနဲ့ တစ်ချက်ကြည့်ရုံနဲ့ သိအောင်လုပ်ခြင်း) အခုခေတ် လူတွေက စာကို အစအဆုံး မဖတ်ကြတော့ဘဲ "စကန်" ဖတ် (ကျော်ဖတ်) ကြတာ များပါတယ်။ ဒါကြောင့် ကိုယ့်စာက Scannable ဖြစ်ဖို့ လိုပါတယ်။ The Power of Bold: အရေးကြီးတဲ့ စကားလုံးတွေကို Bold (စာလုံးအထူ) လုပ်ပေးပါ။ One Idea per Paragraph: စာတစ်ပိုဒ်မှာ အကြောင်းအရာ တစ်ခုပဲ ပြောပါ။ White Space: စာကြောင်းတွေကြားမှာ နေရာလွတ် ချန်ထားပေးပါ။ စာတွေ ပြည့်သိပ်နေရင် လူတွေက ချက်ချင်း ကျော်သွားပါလိမ့်မယ်။

၁။ Tone of Voice (ဘယ်လိုလေသံနဲ့ ပြောမလဲ?) Content Writer တစ်ယောက်ဟာ ပြောင်းလဲတတ်ရပါမယ်။ လူတိုင်းအတွက် စာရေးဟန် တစ်မျိုးတည်း သုံးလို့မရပါဘူး။ Formal (အလေးအနက်/ရုံးသုံး): ဘဏ်လုပ်ငန်း၊ ဆေးရုံ၊ သို့မဟုတ် အစိုးရဌာနတွေအတွက် ရေးတဲ့အခါ သုံးပါတယ်။ ဥပမာ: "ကော်ဖီသောက်သုံးခြင်းသည် လူသားတို့၏ ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။" Conversational (ရင်းနှီးဖော်ရွေသော): လူနေမှုဘဝ (Lifestyle)၊ အစားအသောက်၊ ဒါမှမဟုတ် Facebook Page တွေအတွက် သုံးပါတယ်။ (အခု ကျွန်မ သင်ပေးနေတဲ့ ပုံစံမျိုးပါ) ဥပမာ: "မနက်ခင်းမှာ ကော်ဖီလေးတစ်ခွက် သောက်လိုက်ရတာက တကယ်ကို လန်းဆန်းစေတယ်နော်။" Professional yet Friendly (ကျွမ်းကျင်သော်လည်း ရင်းနှီးသော): လုပ်ငန်းအတော်များများက ဒီလေသံကို ကြိုက်ကြပါတယ်။

Content Style & Tone (ရေးဟန်နှင့် လေသံ) ဒါဟာ Content Writer တစ်ယောက်ကို သာမန်စာရေးဆရာနဲ့ ကွာခြားသွားစေတဲ့ အချက်ပါ။

၃။ Professional Content Writer တစ်ယောက်ရဲ့ ပြင်ဆင်ပုံ (Checklist) စာတစ်ပုဒ်ကို မတင်ခင် (Publish မလုပ်ခင်) ကိုယ့်ကိုယ်ကိုယ် ဒီ
၃။ Professional Content Writer တစ်ယောက်ရဲ့ ပြင်ဆင်ပုံ (Checklist) စာတစ်ပုဒ်ကို မတင်ခင် (Publish မလုပ်ခင်) ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးကြည့်ပါ။

၂။ စာလုံးပေါင်း သတ်ပုံ (Grammar Check) မြန်မာစာမှာ သတ်ပုံမှားရင် အဓိပ္ပာယ်လွဲသွားတတ်သလို စာဖတ်သူအတွက်လည်း မျက်စိနောက်စေပါတယ်။ အသုံးများသော အမှားများ: * "လဲ" (လဲကျသည်) နှင့် "လည်း" (ကျွန်တော်လည်း ပါသည်)။ "တေ" (Language slang) နှင့် "တွေ" (အများကိန်းပြ စာလုံး)။ Content Writing မှာ "တွေ" ကိုပဲ သုံးရပါမယ်။ "တယ်" (နိဂုံးချုပ်) နှင့် "တဲ့" (ဆက်စပ်စာလုံး)။ Check List လုပ်ထားပါ: ကိုယ်အမြဲမှားတတ်တဲ့ စာလုံးတွေကို စာရင်းလုပ်ထားပြီး စာမူပြီးတိုင်း ပြန်စစ်ပါ။ အသံထွက်ဖတ်ကြည့်ပါ: စာလုံးပေါင်းမှားနေရင် အသံထွက်ဖတ်တဲ့အခါ တစ်ခုခု ထောက်နေတာကို သတိထားမိပါလိမ့်မယ်။