532
مشترکین
-124 ساعت
-27 روز
+6430 روز
آرشیو پست ها
533
General Relativiy မှာ Point spread Function လို့ခေါ်တဲ့လုပ်ဆောင်ချက်တစ်မျိုးပါရှိပါတယ်(နောက်ရက်မှသက်သက်တင်ပေးပါမယ်)ထိုလုပ်ဆောင်ချက်ကိုနောက်ပြန်လိုက်တဲ့အခါမှာတော့ဂြိုလ်တစ်လုံးရဲ့မျက်နှာပြင်ကနေပြန်လာတဲ့အလင်းရောင်Photonsများကိုဖမ်းယူနိုင်ပါပြီတစ်ပုံတည်းအသုံးပြုမှာမဟုတ်အဲ နှစ်ပေါင်းများစွာကြာရိုက်ကူးခဲ့သောပုံများကိုပေါင်းစပ်လိုက်ခြင်းဖြင့်ထိုဂြိုလ်ရဲ့လည်ပတ်နေသမျှပုံတိုင်းကိုဘက်ပေါင်းစုံကနေရရှိမှာဖြစ်ပြီးမျက်နှာပြင်မြေပုံဆွဲခြင်းနဲ့အသေးစိတ်လေ့လာခြင်းများကိုလေ့လာနိုင်မှာပါဥပမာ4.2lyrsအကွာမှာရှိတဲ့ Proxima Centauri b ကိုရိုက်ကူးမိခဲ့လျှင်Piexlတစ်ကွက်ခြင်းဟာထိုဂြိုလ်ပေါ်မှာ1kilometerရှိမှာဖြစ်ပြီးအကယ်၍ကျယ်ပြန့်လှတဲ့ကုန်းမြေပြင်များတောင်တန်းတောအုပ်များရေခဲပြင်များနှင့်ရာသီဥတုအခြေအနေများဖြစ်တဲ့မုန်တိုင်းတိုက်ခတ်ခြင်းနှင်းကျခြင်းများသဘာဝအလျောက်ဖြစ်ကြတဲ့မီးတောင်ပေါက်ကွဲခြင်းငလျင်လှုပ်ရှားခြင်းများအပြင်သက်ရှိများတည်ရှိကာမြို့ပြတည်ထောင်နေထိုင်နေကြပါကလည်းထိုကအလင်းရောင်များကိုပါDetailကျကျတွေ့မြင်နိုင်မှာပါ( ရှိခဲ့ရင်ပေါ့: ) )
533
အဆုံးသတ်မှာတော့ယခုကဲ့သို့ပုံရရှိမှာဖြစ်ပြီးရိုက်ကူးသောဂြိုလ်၏ပုံကဘယ်မှာလည်းလို့မေးခွန်းထုတ်ကြမှာအမှန်ပါပဲ တကယ့်လှည့်ကွက်ကအခုမှစတင်မှာပါ
533
+1
Telescope တစ်ခုချင်းစီဟာစက္ကန့်30မှ60ကြာ pixelတစ်ကွက်ချင်းစီရိုက်ကူးမှာဖြစ်ပြီးတော့တစ်ကွက်ချင်းစီဟာအကွာအဝေးချင်းတူညီနေရပါမယ်
နည်းနည်းလေးလွဲသွားရင်ဆိုရင်တောင်အပြီးသတ်ပုံဟာပြည့်စုံခြင်းရှိမှာမဟုတ်ပါဘူး
533
telescope တိုင်းဟာကိုယ်ပိုင် Coronagraph များပါရှိသော်ငြားလည်းနေရဲ့အလင်းရောင်အနှောက်အယှက်ကတော့ရှိနေပါသေးတယ် 5ခုမှာ4ခုကသာပုံရိုက်ကူးမှာဖြစ်ပြီးတော့ကျန်တစ်ခုဟာထိုစက်ဝန်းအပြင်ထွက်ကာ နေအလင်းရောင်ကိုပိုမိုပိတ်ဆို့ထားရန်အကူအညီပေးမှာဖြစ်ပါတယ်
533
ပုံထုတ်ပုံထုတ်နည်းကတော့အတော်ဆန်းပါတယ် လုံးဝမဖြစ်နိုင်စရာလို့တောင်ထင်ရပါတယ် ရိုက်ကူးမဲ့ဂြိုလ်တစ်လုံးရဲ့ပုံရိပ်ဟာ နေလုံးကြီးရဲ့ Einstein ringsအတွင်းမှာပဲတည်ရှိနေတာမဟုတ်ပဲ အနောက်သို့စလင်ဒါပုံစံအနေနဲ့ခွဲဖြာထွက်နေတာပါ ဒါကြောင့်Telescopeများကို ထိုစက်ဝန်းအတွင်းနေရာချထားဖို့လိုပါတယ်
533
၁၆၈၇ခုနှစ်ဒီလိုဇူလိုင်၅ရက်နေ့မှာ the Principia လို့အတိုကောက်ခေါ်ကြတဲ့ Philosophiae Naturalis Principia Mathematica စာအုပ်ကို ထုတ်ဝေခဲ့ပါတယ် ထိုစာအုပ်ကတော့ ပန်းစီးနဲ့ အရာဝတ္ထုတွေဘာကြောင့်အမြင့်ကနေပြုတ်ကျပစ်ချရင်အောက်ကိုကျလာရသလဲ လကဘာလို့ကမ္ဘာကိုလှည့်ပတ်နေရသလဲ နေကိုတခြားဂြိုလ်တွေက ဘာကြောင့်ဘဲဥပုံစံလမ်းကြောင်းနဲ့လှည့်ပတ်နေရသလဲဆိုတာတတွေရဲ့အဖြေကို သိပ္ပံနိယာမတစ်ခုကိုသာအသုံးပြုပြီးဖြေရှင်းသွားပြခဲ့ပါတယ်ဒါကြောင့်ဒီစာအုပ်ဟာထုတ်ဝေဖူးသမျှသိပ္ပံစာအုပ်တွေထဲအရေးကြီးဆုံးလို့ ပညာရှင်အများစုက သတ်မှတ်ကြပါတယ်
အိုင်းဆက်နယူတန်ဟာဒီလိုနေ့မှာ နယူတန်ရဲ့နိယာမ၃ခုအကြောင်းအပါအဝင် ပန်းသီးတစ်လုံးပြုတ်ကျအောင်လုပ်ဆောင်တဲ့ဆွဲငင်အားဟာဂြိုလ်တွေကိုပတ်လမ်းအတွင်းမှာတည်ရှိစေသောအားနဲ့အတူတူဖြစ်ကြောင်းကိုအသေးစိတ်စာတမ်းပြုရေးသားထားပါတယ်
သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Edmund Halley ကဒီစာအုပ်ထုတ်ဖြစ်အောင်ငွေကြေးအဓိကစိုက်ထုတ်ပေးခဲ့ပြီးထုတ်ဝေဖြစ်အောင်လည်းအဓိကတွန်းအားပေးခဲ့ပါသေးတယ်
533
မနက်ဖြန်မှတင်ပါမယ် ပုံရိုက်တာရယ်ခန့်မှန်းကုန်ကျနိုင်တဲ့စရိတ်အကြောင်းနဲ့
Galatic Internetလို့ခေါ်တဲ့ဆက်သွယ်မှုကိုပါလုပ်နိုင်တဲ့အကြောင်းရယ်
533
ဂြိုလ်တစ်လုံးတိုင်းဟာစုဆုံရာမှတ်ကိုယ်စီရှိပြီးမတူကြတဲ့အတွက်ဓာတ်ပုံရိုက်ကူးရာတွင်ဂြိုလ်တစ်လုံးတည်းကိုဦးတည်၍ရိုက်ကူးမှာမဟုတ်ပဲအများအပြားကိုရိုက်ယူမှာပါ ဦးစားပေးအနေဖြင့် ပထမဆုံးတွေ့ရှိထောက်လှမ်းခဲ့မိတဲ့ကမ္ဘာနှင့်အရွယ်အစားတူပြီးနေထိုင်ရန်သင့်တော်သော်နယ်နမိတ်အတွင်းမှာရှိနေတဲ့
Kepler-186fနှင့်The Eye Ball planetလို့ခေါ်တဲ့ LHS-1140bတို့ပဲဖြစ်ပါတယ်ပထမဦးစားပေးတွေကတော့ငြိမ်သက်တဲ့ကြယ်နီပုတစ်လုံးကိုလည်ပတ်နေပြီးကမ္ဘာထက်နေအလင်းရောင်6%ပိုရပြီး12.4lyrအကွာမှာတည်ရှိတဲ့သက်ရှိများဖြစ်တည်နေနိုင်တယ်ဆိုတဲ့ခန့်မှန်းခြေအများဆုံးဖြစ်တဲ့GJ-273b Super Earth,
ကျောက်စိုင်ဂြိုလ်သုံးလုံးပါဝင်တဲ့40.7lyrsအကွာမှ TRAPPIST-1 systemနှင့်4.24lyrsအကွာကမ္ဘာမှအနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ Proxima Centauri bတို့ပဲဖြစ်ပါတယ်
533
တစ်နှစ်လျှင်တစ်စုစီလွှတ်တင်ဖို့ရည်မှန်းထား၍တစ်စုနှင့်တစ်စုအကြားဟာ25AUခြားနေမှာဖြစ်ပြီးဆွဲကြိုးသဏ္ဍာန်သွယ်တန်းနေမှာပါအကယ်၍တစ်စုကတစ်ခုချို့ယွင်းသွားသည်ရှိခဲ့သော်လည်းကျန်အစုမှစက်များကဆက်လက်လည်ပတ်နေဦးမှာဖြစ်တဲ့အတွက်သဲထဲရေသွန်လည်းမဖြစ်တော့ပါ လေဆာတန်းအနေဖြင့်ကမ္ဘာစီသို့တစ်စုမှတစ်ခုအဆင့်ဆင့်အချက်အလက်ပြန်ပို့ပေးမှာဖြစ်ပြီးပုံတစ်ပုံလျှင်6Mbမျှသာရှိပြီး13နာရီခန့်သာကြာမြင့်ပါလိမ့်မယ်
ရှေ့ဆုံးမှလွှတ်သောTelescopeထက်နောက်မှလွှတ်တဲ့စက်များဟာအစစအရာရာပို၍သာလွန်ကောင်းမွန်နေဦးမှာပါ
533
ရွက်လွှင့်ပြီး2နှစ်ခန့်အကြာမှာတော့နေရောင်ခြည်စွမ်းအင်ဟာအလွန်အားပျော့လာတဲ့အတွက်ကြောင့်ရွက်ဖြုတ်ကာဆက်လက်ခရီးဆက်ပါမယ် 7နှစ်အကြာမှာvoyager1ကိုကျော်တက်ကာနှစ်ပေါင်း20ပြည့်တဲ့အချိန်မှာတော့စုဆုံမှတ်သို့10နှစ်တာ တာဝန်ထမ်းဆောင်ရန်ရောက်ရှိပါပြီသို့သော်တစ်ခုတည်းလွှတ်တင်မှာမဟုတ်ပဲအခုရေရာနဲ့ချီ၍လွှတ်တင်မှာပါ Solar sailsတစ်ခုဟာအပိုင်းတစ်ပိုင်းစီသယ်ဆောင်သွားမှာဖြစ်ပြီးမှန်ပြောင်းတစ်ခုအတွက်6ပိုင်းခန့်လိုအပ်မှာပါ
Telescopeအတွက်မှန်၊နေအလင်းရောင်အားပိတ်ဆို့ရန် coronagraph,ကမ္ဘာနှင့်သတင်းအချက်လက်ဆက်သွယ်ရန်ကတစ်ပိုင်းနှင့်နေမှအလွန်ဝေးကွာတဲ့အတွက်စွမ်းအင်ထုတ်လုပ်ဖို့ရာအနုမြူစွမ်းအင်သုံးFusionအသေးတစ်ခုစသည်ဖြင့်လိုအပ်ပါမယ်
ဆုံမှတ်ရောက်သည်နှင့်သူ့အလိုလိုချိတ်ဆက်သွားမှာဖြစ်ပြီးမှန်ပြောင်းဟာလည်းအကြီးကြီးဖြစ်နေစရာမလိုပါ1mအကျယ်အဝန်းခန့်ဆိုလျှင်လုံလောက်ပါတယ်
533
ပထမဆုံးအနေနဲ့ ရွက်ပေါင်းတစ်ဖက်16ခုပါပြီးတစ်ခုချင်းစီရဲ့မျက်နှာပြင်ဟာ 1000square meterပတ်လည်ရှိတဲ့အာကာသယဉ်ကိုနေလုံးကြီးစီသို့အရင်လွှတ်တင်လိုက်ပါမယ်မျက်နှာပြင်ဧရိယာကိုစုစုပေါင်းလိုက်မယ်ဆိုရင်ဘောလုံးကွင်း2ကွင်းနဲ့တစ်ဝက်စာအကျယ်ရှိပါတယ်အံ့ဩဖွယ်ကောင်းတဲ့အချက်ကရွက်တွေဟာအင်မတန်မှပါးလွှာကြမှာပါ လူ့ဆံပင်တစ်မျှင်ထက်အဆ70သေးငယ်မှာဖြစ်ပြီးအလွန်ပေါ့ပါးသောTin-coated carbon nanotubes filmနှင့်ပြုလုပ်ထားသောကြောင့်တစ်ရွက်ကို32kgမျှသာလေးလံပါမယ်နေနှင့်အလွန်နီးကပ်တဲ့အထိအရင်သွားရမှာဖြစ်တဲ့အတွက်အပူချိန်3200C°ကိုခံနိုင်ရည်ရှိဖို့လည်းလိုပါသေးတယ်ထိုအပူချိန်ဟာသံ၏အရည်ပျော်မှတ်ရဲ့2ဆဖြစ်ပါတယ်နေလုံးကြီးစီသို့ဒေါင်လိုက်အနေအထားဖြင့်15million km(ကမ္ဘာနှင့်နေအကွာအဝေး၏၁၀ပုံ၁ပုံ)အကွာကနေချည်းကပ်မှာဖြစ်ပြီးထိုသို့အလွန်နီးကပ်ခြင်းကြောင့်နေလုံးကြီး၏ဆွဲငင်အားအကူအညီကိုပါရမှာဖြစ်ပြီးသတ်မှတ်အနေအထားရောက်ပြီဆိုတာနဲ့ရွက်များကိုနေဘက်သို့ဖွင့်ပြီး1စက္ကန့်ကို125km တစ်နှစ်ကို26AUအတိုင်းအတာနဲ့စုဆုံမှတ်စီသို့ပစ်လွှတ်ပေးလိုက်မှာပါသတ်မှတ်နေရာသို့ရောက်ရှိရန်ကြာချိန်ကတော့နှစ်ပေါင်း20မျှသာဖြစ်ပါတယ်
533
နှစ်ပေါင်းများစွာကြာစမ်းသပ်အဖြေရှာခြင်းတွေကနေတဆင့် Solar Sailsလို့ခေါ်တဲ့နည်းလမ်းတစ်ခုဟာပညာရှင်တွေကိုအကြိုက်တွေ့စေခဲ့ပါတယ်
နေမှထွက်တဲ့အလင်းရောင်Photonsများဟာထုထည်မရှိကြပင်မဲ့အရွေ့စွမ်းအင်တော့ရှိကြပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကသူတို့ဟာရောင်ပြန်နိုင်တဲ့မျက်နှာပြင်ပေါ်သို့ကျရောက်တဲ့အခါမှာတွန်းကန်အားပေးနိုင်ပါတယ်
ဥပမာပေးရရင်ပင်လယ်ထဲမှာရွက်လွှင့်တဲ့အတိုင်းပါဒါပင်မဲ့လေအစားအလင်းကိုအသုံးပြုပြီးတော့ပဲဖြစ်ပါတယ်တစ်နှစ်ကို25AUအကွာအဝေးအထိခရီးရောက်ဖို့ရာ Sun Dive Manoeuvre လို့ခေါ်တဲ့နည်းလမ်းကိုအသုံးပြုရပါလိမ့်မယ်
533
နေရဲ့အနောက်ရှိအလင်းတန်းများစုဆုံရာအမှတ်က နေမှနေအနည်းဆုံး 547.6AUအကွာမှာတည်ရှိပါတယ်
ကီလိုမီတာအားဖြင့်ဆိုလျှင်82.3Billion kmအကွာမှပဲဖြစ်ပါတယ် အလင်းပင်လျှင်ထိုနေရာရောက်ဖို့3ရက်ကျော်ကြာခရီးနှင်ရမှာပါ Telescopeကထိုနေရာအကြားမှထားရှိရမှဖြစ်ပြီး1977ခုနှစ်မှာလွှတ်တင်ခဲ့တဲ့
Voyager1သည်169AUခန့်သာခရီးပေါက်ရောက်ပါသေးတယ်လူလုပ်ယာဉ်ထဲမှာကမ္ဘာမှအဝေးဆုံးရောက်နေသောယာဉ်လည်းဖြစ်ပါတယ်ထိုစုဆုံရာအမှတ်သို့ရောက်ဖို့ဆိုလျှင်နောက်ထပ်3.3ဆက်ပြီးခရီးနှင်ရဦးမှာပါလူ့သက်တမ်းဟာပျှမ်းမျှ100တန်းဖြစ်တဲ့အတွက်
ဒီအတိုင်းဆိုလျှင်ထိုနေရာရောက်ဖို့ရာနှစ်ပေါင်း150ခန့်ကြာမှာပါယခုလက်ရှိအသုံးပြုနေသောဒုံးပျံယာဉ်များဟာတစ်နှစ်ကို5AUခန့်ခရီးနှင်နိုင်ကြပါတယ်အဲ့တာတောင်မှပဲနှစ်ပေါင်း110ကြာမြင့်ဦးမှာပါထိုကဲ့သို့အချိန်ကြာမြင့်မှုတွေဟာပညာရှင်များအဖို့အားပျက်လက်လျှော့ချင်စရာပင်ဖြစ်နေပါတော့တယ်မူလရည်မှန်းချက်ဟာဒီSGLTလုပ်ငန်းစဉ်ကို25နှစ်အတွင်းစတင်လည်ပတ်နိုင်ဖို့ပါအမြန်သွားနိုင်ဖို့လိုနေပါပြီ
533
1979မှာတော့သိပ္ပံပညာရှင်Von R.ESHLEMANရဲ့အတိုပြုချက်တစ်ခုကအရာရာကိုပြောင်းလဲစေခဲ့တာပါသူကTSGLကိုအသုံးပြုပြီး
ဂြိုလ်သားများနှင့်အဆက်အသွယ်လုပ်ချင်တာပါ
The Solar Gravitational Lens အလုပ်လုပ်ပုံကတော့ရှင်းပါတယ်အဝေးတစ်နေရာမှလာတဲ့ဂြိုလ်ရဲ့အလင်းဟာအာကာသဟင်းလင်းပြင်ကိုဖြတ်ပြီးနေလုံးကြီးစီရောက်လာပါလိမ့်မယ်ထိုသို့ရောက်လာတဲ့အခါထိုအလင်းဟာနေရဲ့ဆွဲငင်အားညွတ်ကွေးမှုကြောင့်ထိုအလင်းဟာနေရဲ့အနောက်တစ်နေရာမှပြန်လည်းစုဆုံပါလိမ့်မယ်
အလုပ်လုပ်ပုံနဲ့ပုံဘယ်လိုထုတ်မလဲဘယ်လောက်ကုန်ကျနိုင်မလဲ
ဘယ်နားမှာထားရင်ရသလဲဆိုတာကတော့မနက်ဖြန်မှဖတ်ပါလေ
533
အိုင်းစတိုင်းကွယ်လွန်ပြီးနောက်ပိုင်းမှာနက္ခတ္တဗေဒပညာရှင်များစကြာဝဠာကြီးကိုလေ့လာရာတွင်လွန်စွာကွာဝေးတဲ့နေရာမှာရှိကြတဲ့ဂလက်စီများဟာ၎င်းနှင့်ကမ္ဘာအကြားမှရှိတဲ့ကြီးမားတဲ့အရာဝတ္ထုများရဲ့ဆွဲငင်အားကြောင့်ကွေးညွှတ်နေရတာကိုနေရာတိုင်းမှာတွေ့မြင်ရပါတယ်လှပတဲ့လက်စွပ်ကွင်းသဏ္ဍာန်ရှိပြီး
ထိုအရာများကိုတော့ Einstein Ringsလို့ခေါ်ပါတယ်
533
ထိုသီအိုရီထုတ်ပြန်အပြီးနှစ်ပေါင်းနှစ်ဆယ်ခန့်အကြာမှာတော့ Czechနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူWashington DCမြို့မှာပန်းကန်ဆေးအလုပ်လုပ်ကိုင်နေသောRudy Mandelဟာအကြံတစ်ခုရလာပါတယ်ဆွဲငင်အားဟာကြယ်အလင်းရောင်ကိုမှန်ပြောင်းကဲ့အသွင်ပြောင်းနိုင်လိမ့်မည်ဟူသောအကြံပါထိုအကြံကို1939မှာအိုင်းစတိုင်းနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ပင်မဲ့အိုင်းစတိုင်းကမဖြစ်နိုင်ဘူးဟာဆိုကာငြင်းပယ်ခဲ့ပါတယ်သို့သော်Madelဟာလက်မလျှော့ပဲဆက်တိုက်တင်ပြခဲ့ရာနောက်ဆုံးအိုင်းစတိုင်းလည်းMandelစိတ်ချမ်းသာရအောင်ထိုအဆိုကိုစာတမ်းပြုစုကာထုတ်ပြန်ခဲ့ရပါတယ်စာတမ်းရဲ့နိဂုံးချုပ်မှာတော့တိုက်ရိုက်လေ့လာနိုင်ခြင်းမပြုနိုင်မှာဖြစ်တဲ့အတွက်မျှော်လင့်ချက်မရှိပါဟူ၍အဆုံးသတ်ထားပါတယ်ဟိုသော်အိုင်းစတိုင်းဟာအမှားကြီးမှားခဲ့ပါတော့တယ်
533
1915ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့Albert Einstein ရဲ့နာမည်ကျော် The Theory of General relativiyမှာတော့
Gravity(ဆွဲငင်အား)ဟာအရာဝတ္ထုတွေကိုဆွဲငင်ထားခြင်းမျိုးမဟုတ်ပဲအာကာသဟင်းလင်းပြင်ကြီးကိုယ်တိုင်ကရစ်ပတ်ထားနေခြင်းမျိုးပါ နေကဲ့သို့ထုထည်ကြီးမားတဲ့အရာ၀တ္ထုကြီးဟာအာကာသဟင်းပြင်အချိန်ကိုပါညွှတ်ကွေးစေနိုင်ပြီးအလင်းဟာအဲ့နံဘေးမှအတူကွေးညွှတ်သွားရပါတယ်ဥပမာပေးရရင် ခြင်ထောင်ဒါမှဟုတ်အဝတ်တစ်ခုကိုပြန့်ကားနေအောင်ဖြန့်ပြီးအဲ့အပေါ်ကိုဘော်လုံးဖြစ်ဖြစ်ပစ်တင်ကြည့်လိုက်ပါချိုင့်ဝင်သွားပါလိမ့်မယ်
