fa
Feedback
Geopolitics

Geopolitics

رفتن به کانال در Telegram

ပထဝီနိုင်ငံရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားရေး တည်ဆောက်ရေး

نمایش بیشتر
530
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-130 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '260
در 0 کانال‌ها
اوت '26
+3
در 0 کانال‌ها
Get PRO
ژوئیه '26
+3
در 0 کانال‌ها
Get PRO
ژوئن '260
در 0 کانال‌ها
Get PRO
مه '26
+2
در 0 کانال‌ها
Get PRO
آوریل '26
+4
در 0 کانال‌ها
Get PRO
مارس '26
+7
در 0 کانال‌ها
Get PRO
فوریه '26
+4
در 0 کانال‌ها
Get PRO
ژانویه '26
+583
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
03 سپتامبر0
02 سپتامبر0
01 سپتامبر0
پست‌های کانال
photo content

2
အမေရိကန်-အီရန်စီးပွားရေးစစ်ပွဲနဲ့ မဟာဗျူဟာမြောက်ရေရှည်စစ်ပွဲ အရှေ့အလယ်ပိုင်းပထဝီနိုင်ငံရေးမှာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ သုံးပွင့်ဆိုင်ပဋိပက္ခဟာအဆင့်တစ်ခုကိုချိုးကွေ့သွားပါပြီ။ သူတို့ဟာ သမားရိုးကျစစ်ပွဲပုံစံ ထိတွေ့တိုက်ခိုက်မှုထက် ပိုမိုနက်ရှိုင်းတဲ့ "မဟာဗျူဟာမြောက် စီးပွားရေးစစ်ပွဲ" (Strategic Economic Warfare) နဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက် လွှမ်းမိုးရေးအားပြိုင်မှုဆီဦးတည်ရွေ့လျားသွားပါတယ်။ သေနတ်သံ၊ ဗုံးသံတွေထက် စီးပွားရေးပိတ်ဆို့မှုနဲ့ရုန်းထွက်မှု၊ ဘဏ္ဍာရေး ပိတ်ဆို့ဟန့်တားမှုတွေနဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ထိန်းချုပ်ရေးက လက်ရှိအားပြိုင်မှုရဲ့ အဓိက လက်နက်တွေဖြစ်လာခဲ့ပါတယ်။ ရေနံ၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ကမ္ဘာ့စွမ်းအင်လုံခြုံရေး အမေရိကန်ဘက်က အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း သြဇာဖြန့်ကျက်မှုကို ဟန့်တားဖို့အတွက် "အမြင့်ဆုံး ဖိအားပေးရေးမူဝါဒ" (Maximum Pressure Policy) ကို ကျင့်သုံးပြီး ဘဏ္ဍာရေးနဲ့ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်းကြပ်ကြပ် ပြုလုပ်လာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (International Energy Agency - IEA) ရဲ့အချက်အလက်တွေအရ အဲ့လိုစီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှုတွေ ဖြစ်ပေါ်ပြီး ရေနံစိမ်းဈေးကွက် မတည်ငြိမ်မှုကို ဆက်တိုက်ဦးတည်စေခဲ့တယ်ဆိုပါတယ်။ St. Andrews University အရှေ့အလယ်ပိုင်းလေ့လာရေးဌာန ပါမောက္ခ အလီအန်ဆာရီ (Ali Ansari) က "အမေရိကန်-အီရန် အားပြိုင်မှုဗဟိုချက်ဟာ အမေရိကန်ဘက်က တိုက်ရိုက်စစ်ရေးပဋိပက္ခထက် အီရန်ရဲ့ စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ ရေနံတင်ပို့မှုကိုအမြစ်ဖြတ်ရန်ဖြစ်လာပါတယ်။ အီရန်ဘက်ကလည်း ဒါကိုနည်းလမ်းပေါင်းစုံနဲ့ အသက်ဆက်ဖို့ကြိုးပမ်းတဲ့ စွမ်းအင်ကုန်သွယ်ရေးစစ်ပွဲဖြစ်တယ်" လို့ သုံးသပ်ထားပါတယ်။ စီးပွားရေးအကျပ်အတည်းနဲ့ ကိုယ်စား စစ်ပွဲများ (Proxy Warfare) အမေရိကန်ရဲ့တင်းကြပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အီရန်နိုင်ငံထဲမှာလည်း ငွေကြေးဖောင်းပွမှုဖြစ်နေပါတယ်။ ပြည်တွင်းစီးပွားရေးကျဆင်းမှုတွေရှိနေပေမဲ့ ကရင်မလင်နဲ့ ပေကျင်းတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေကတစ်ဆင့်စီးပွားရေးအသက်သွေးကြောကိုဆက်ထိန်းထားနိုင်ပါသေးတယ်။ အီရန်မှာအဲ့လို စီးပွားရေးကျပ်တည်းမှုတွေရှိနေပေမဲ့ လက်ဘနွန်က ဟစ်ဇဘိုလာ (Hezbollah)၊ ယီမန်က ဟူသီ (Houthis) နဲ့ အီရတ်က ရှီးယိုက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းမဟာမိတ် အဝေးရောက်တပ်ဖွဲ့တွေ (Axis of Resistance) ကို ဘဏ္ဍာရေးနဲ့ စစ်ရေးထောက်ပံ့မှုတွေဆက်လုပ်နိုင်သေးတာလဲတွေ့ရပါတယ်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (International Institute for Strategic Studies - IISS) ရဲ့ အစီရင်ခံစာအရ “အီရန်ဟာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဘဏ္ဍာရေးအကန့်အသတ်တွေ ရှိနေ​ပေမဲ့ တိုက်ရိုက်စစ်ပွဲဆင်နွှဲခြင်းထက် ကုန်ကျစရိတ်သက်သာတဲ့အဝေးရောက် လက်နက်ကိုင်အဖွဲ့တွေသုံးပြီး အစ္စရေးနဲ့အမေရိကန်ရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို စိန်ခေါ်တဲ့ နည်းဗျူဟာကိုထိထိရောက်ရောက်ကျင့်သုံးနေတယ်” လို့ ထောက်ပြထားပါတယ်။ မဟာဗျူဟာမြောက်ပထဝီစီးပွားရေး အလားအလာ ဒေသတွင်းမှာ အစ္စရေးရဲ့စစ်ရေးအရ ထိန်းချုပ်နိုင်စွမ်းနဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတို့ ပေါင်းစည်းထားတဲ့ အားပြိုင်မှုဟာ အီရန်ကို နျူကလီးယားလမ်းကြောင်းပေါ်ကနေ ရေရှည်ဆုတ်ခွာဖို့ ရည်ရွယ်တာပါ။ လက်တွေ့မှာတော့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) လို ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဖြတ်သန်းတဲ့ ရေလမ်းကြောင်းကို အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းဟာ ကမ္ဘာ့စီးပွားရေးအတွက်ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်။ ခြုံငုံသုံးသပ်ရင် အမေရိကန်၊ အစ္စရေး နဲ့ အီရန်တို့ရဲ့ ပဋိပက္ခဟာ စစ်မြေပြင်မှာ ဗုံးကြဲတိုက်ခိုက်ရုံနဲ့ အဖြေမထွက်ဘဲ ရေနံဈေးကွက်ထိန်းချုပ်ရေး၊ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဒေသတွင်း မဟာဗျူဟာမြောက်သြဇာပြိုင်ဆိုင်မှုတို့အပေါ်မှာမူတည်တဲ့ "ရေရှည်ချိနဲ့စေတဲ့စီးပွားရေးစစ်ပွဲ" "Long-term Economic War of Attrition" အဖြစ်ဆက်တည်ရှိနေမှာဖြစ်ပြီးကမ္ဘာ့စီးပွားရေးနဲ့တည်ငြိမ်ရေးဟာလည်း အဲ့ဒီအပေါ်မှာမှီတည်နေဦးမယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်။ ၁၉-၈-၂၀၂၆ Geopolitics' Admin ကိုးကားသတင်းအရင်းအမြစ်များနဲ့ အစီရင်ခံစာများ 1. International Energy Agency (IEA):Oil Market Reports and Global Energy Security Analysis. 2. International Institute for Strategic Studies (IISS): Strategic Survey: The Middle East Regional Security Complex. 3. Prof. Ali Ansari (St. Andrews University):Insights on US-Iran Geopolitics and Sanctions Impact. 4. Reuters / Financial Times: Reports on Middle East Oil Supply Chains, Iranian Oil Exports, and Regional Proxy Financing.
164
3
+1
بدون متن...
305
4
ကျွန်တော် ၂၀၂၁ ခုနှစ် ကရေးခဲ့တဲ့စာလေးမှတ်မိကြဦးမယ်ထင်ပါတယ်။ "တတိယကမ္ဘာစစ်" ဖြစ်ရင်ဘယ်ကဖြစ်မလဲဆိုတဲ့ "Hypothesis" အယူအဆလေးပါ။ အောက်ပါ link မှာပြန်ဖတ်နိုင်ပါတယ်။ https://www.facebook.com/share/p/1BmCAWq2fB/ ဒီဘက်ခေတ်မှာ နျူထိပ်ဖူးတပ်ဒုံးတွေ၊ ရေဒါစနစ်တွေအားကောင်းတော့ စစ်ဖြစ်လို့ တစ်ဖက်ကအနုမြူပစ်ရင် နောက်တစ်ဖက်ရဲ့ Warning စနစ်မှာသွားပေါ်မယ်။ အဲ့ဘက်ကလဲပြန်ပစ်ရင်း နှစ်ဘက်လုံးဆုံးရှုံးသွားမှာပဲ။ ဒါ့ကြောင့်တတိယကမ္ဘာစစ်ဟာအဲ့လိုအနုမြူချင်းတိုက်တာထက် လက်နက်လို့မသိနိုင်၊ ကိုယ့်ကိုယ်တိုက်ခိုက်မှန်းမသိနိုင်တဲ့ သဘာဝတရားကိုလက်နက်အဖြစ်သုံးမယ်ပေါ့။ ဒါဆိုရင် ရုရှားနဲ့ တရုတ်(အထူးသဖြင့်တရုတ်) ကိုဖျက်ချင်ရင် ပစိဖိတ်မီးတောင်ရပ်ဝန်း Pacific Ring of Fire ကိုဖောက်ခွဲလိုက်။ ရေအောက်မီးတောင်တွေပေါက်ကွဲမယ် ငလျင်ကြီးတွေလှုပ်မယ် ဧရာမဆူနာမီလှိုင်းကြီးတွေရိုက်ခတ်မယ် ကမ်းရိုးတန်းမှာလူဦးရေ ၇၀ ရာခိုင်နှုန်းနေပြီး၊ စက်မှုဖွံ့ဖြိုးတဲ့ တရုတ်ရဲ့ဒေသတွေအကုန်ပျက်မယ်။ ဒါဟာ စစ်တိုက်တယ်လို့မသိလိုက်ဘဲတရုတ်နိုင်ငံအစိတ်စိတ်အမွှာမွှာပျက်စေတာပဲ။ ရုရှားရဲ့အရှေ့ဘက်ကမ်းရိုးတန်းဒေသလဲမလွတ်ပါဘူး။ ဒါဟာ hyopthesis ဆိုပေမဲ့ တကယ်ဖြစ်နိုင်ချေအရှိဆုံးလက်နက်ပါ။ ဒီနှစ် ၂၀၂၆ ထွက်ရှိတဲ့ တရုတ်နိုင်ငံကရိုက်ကူးထားတဲ့ Operation Hadal ရုပ်ရှင်ကားသစ်ဟာ ကျွန်တော် simulation လုပ်ပြီးရေးထားတဲ့ theme အတိုင်း လုံးဝတထပ်တည်းတူတဲ့ဇာတ်ကြောင်းကိုရိုက်ထားတာပါ။ ပစိဖိတ်သမုဒ္ဒရာ​​အောက်မှာ နျူဗုံး ၂ လုံးနဲ့အခြားဗုံးအငယ်တွေဖောက်ခွဲပြီး သဘာဝဘေးလို့ထင်အောင်ဖျက်ဆီးမဲ့အကြမ်းဖက်နိုင်ငံရေငုပ်သင်္ဘောအဖွဲ့ကို တရုတ်ရေငုပ်သင်္ဘောအထူးစစ်ဆင်ရေးအဖွဲ့ကိုသွားရောက်ချေမှုန်းတာကိုရိုက်ကူးထားပါတယ်။ အရမ်းထက်မြက်တဲ့ ပထဝီဝင် အတွေးအမြင်ဟာ နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့်စစ်ပွဲဂိမ်းမှာသိပ်အရေးကြီးတယ်ဆိုတာသက်သေပြလိုက်တာပါပဲ။ ထပ်ပေါင်းအနေနဲ့ ဒီဘက်ခေတ်အထူးစစ်ဆင်ရေးတွေအတွက် Iron man လိုလေပေါ်ဝဲပျံနိုင်တဲ့ဝတ်စုံတွေ၊ စက်ရုပ်ခွေးတွေရဲ့နည်းပညာ၊လက်နက်တပ်ဆင်မှု၊ အားသာအားနည်းချက် ရေငုပ်သင်္ဘောတွေအလုပ်လုပ်ပုံ ဒရုန်းနည်းပညာနဲ့ လူ့အရင်းအမြစ်အရည်အသွေးရှိဖို့လိုအပ်ချက် တွေကိုတသီကြီးသင်ခန်းစာယူဖွယ်တွေ့ရမှာပါ။ ပြောရရင် တရုတ်တွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးကားတွေဟာ thinking အနှစ်သာရပိုင်းမှာ ဟောလီးဝုဒ်နဲ့ ဘောလီးဝုဒ်ကိုမီဖို့အများကြီးလိုပါသေးတယ်။ အခုလဲဒီရုပ်ရှင်ဟာ ဇာတ်ကြောင်းအရရိုးရှင်းပေမဲ့ နည်းပညာတွေနဲ့ နိုင်ငံချစ်စိတ်၊ မိမိနိုင်ငံအင်အားဘယ်လောက်ရှိလဲဆိုတာကိုတစ်ခန်းလှပ်ပြနိုင်တဲ့ရုပ်ရှင်လို့ညွှန်းချင်ပါတယ်။ ဇာတ်ကားကြည့်ရန် Telegrm link (ကျွန်တော့် telegram group မဟုတ်၊ ကြော်ငြာပေးတာမဟုတ်ပါ) https://t.me/channeljk12/1388 ၈-၈-၂၀၂၆ Geopolitics Admin
287
5
بدون متن...
257
6
ဒီကနေ အပစ်ရပ် ၁၈ ဖွဲ့တို့ဘာတို့ဖြစ်လာပြီး၊ နှစ်ဖက်အသီးသီးကြား (အစိုးရနဲ့ကိုးကန့်၊ အစိုးရနဲ့ ဝ၊ အစိုးရနဲ့ မိုင်းလား စသည်ဖြင့်) ပြတ်သားထင်ရှားတဲ့ သဘောတူညီချက်တွေ၊ စာချုပ်အထောက်အထားစည်းနှောင်မှုတွေအားနည်းစွာပဲ ကချင်အထူးဒေသ၊ ရှမ်းအထူးဒေသ ၁ (ကိုးကန့်)၊ ၂ "ဝ"၊ ၄ "မိုင်းလား" အစရှိသည်ဖြင့် အထူးဒေသတွေအသီးသီးပေးခဲ့ပုံရပါတယ်။ https://www.facebook.com/share/p/1Bnaa5edcr/ ချုပ်ပြောရရင် 'ပြည်မမှာဖိမိနေတဲ့ နိုင်ငံရေး+စစ်ရေး ဖိအားအတွဲ' ထဲကနေ စစ်ရေးဖိအားပျောက်ရန်၊ နိုင်ငံရေးဖိအားလျော့ရန်၊ အခြားစီးပွားရေး၊ လူမှုတည်ငြိမ်ရေးတွေ ကျွဲကူးရေပါ ကောင်းမွန်ရန်ဆိုတဲ့ " နိုင်ငံရေးမိုးလေဝသအပေါ်" ရပ်တည်ခဲ့ဟန်တူပါတယ်။ နောက်တစ်ချက်ကတော့ မြန်မာ-ထိုင်း ပဋိပက္ခဖြစ်ခဲ့တဲ့ O7 ကိစ္စမှာလဲ "ဝ" ရဲ့ပါးနပ်မှုဟာ ပြည်မရဲ့မျက်နှာသာပေးမှုကိုရယူနိုင်ခဲ့ပုံရပါတယ်။ ဒါ့အပြင် "ငါတို့ကပြည်ထောင်စုကခွဲမထွက်ဘူး၊ ပြည်ထောင်စုအလံကိုတလူလူလွှင့်ထားတယ်" ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ သံတမန်ရေးကစားမှုကလဲ အတိုင်းအတာအနည်းငယ်ထိရောက်ခဲ့ပါတယ်။ ---------------------------------- ချုပ်ရရင် "ဝ ပါတီ/ဝ တပ်/ဝ တိုင်းရင်းသား" တွေအပေါ် မြန်မာပြည်တွင်းက တင်းမာပြတ်သားတဲ့ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေ (ကမ္ဘာ့စံနမူနာတွေကဲ့သို့) မရှိပါဘဲ အချုပ်အခြာအာဏာပိုင်စိုးမှုကိုအပြည့်အဝနီးပါးရယူသုံးစွဲနေတာဟာ အဲ့ဒီအချိန်က တိကျပြတ်သားတဲ့ အချုပ်အခြာအာဏာသုံးစွဲမှုစည်းမျဥ်းဘောင်ခတ်ခြင်းမရှိခဲ့လို့ပါပဲ။ ဖိအားပေါင်းများစွာခံခဲ့ရတဲ့ အဲ့ကာလအဲ့ဆုံးဖြတ်ချက်တွေအပေါ်ကိုလည်း နားလည်ပေးနိုင်စရာရှိပါတယ်။ လူဆိုတာဘယ်သူကမှရာနှုန်းပြည့်မပြည့်စုံနိုင်တာကိုး။ မည်သို့ပင်ဆိုစေကာမူ "ဝ" ရဲ့လက်ရှိ အနေအထားအရ မြန်မာနိုင်ငံအတွင်းမှာ အစိုင်အခဲဖြစ်တည်မှုသုံးရပ်ရှိလာပါတယ်။ "သတိပြုစရာ" ဒါတွေဟာလက်ရှိမှာ ပြည်သူလူထုထဲမှာရော၊ တပ်မတော်သား အရာရှိစစ်သည်တွေထဲမှာပါ သတိပြုစရာကြီးဖြစ်နေပါတယ်။ https://www.facebook.com/share/p/19MBfumdF9/ https://www.facebook.com/share/p/1B3JWwRYri/ https://www.facebook.com/share/p/1BtDRNABHW/ "နိုင်ငံအတွက်အမည်းစက်" "ဝ"၊ "မိုင်းလား"၊ "ကိုးကန့်" လိုအထူးဒေသတွေရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဟာကောင်းပါတယ်။ ဒါပေမဲ့ implementation ကျတော့ငွေရလွယ်တဲ့အလုပ်တွေလုပ်ရင်း "ရွှေတြိဂံဒေသမူးယစ်ဆေးအင်ပါယာ၊ ကာစီနိုလောင်းကစား၊ ကျားဖြန့်အင်ပါယာ" တွေဖြစ်လာစေတာ၊ မြန်မာဟာကမ္ဘာမှာမူးယစ်ဆေးဝါးအထုတ်လုပ်ဆုံးဖြစ်လာတာတွေဟာ ကမ္ဘာကသိထားတဲ့ ကြောင်းကျိုးဆက်စပ်မှုတွေပါ။ "နိုင်ငံရေးဝေဖန်စရာ" အရပ်ဘက်ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလရောက်ချိန်မှာ အထူးဒေသတွေရဲ့ စာချုပ်မဲ့စည်းနှောင်မှုကုန်ဆုံးသွားခဲ့ပါတယ်။ သို့သော် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အချုပ်အခြာအာဏာအောက်ကထွက်နေတာဟာ နိုင်ငံတကာအမြင်အရလည်း အစိုးရကိုရော၊ 'ဝ' ကိုပါ နိုင်ငံရေးဝေဖန်စရာဖြစ်လာပါတယ်။ ---------------------------------- လက်ရှိဖြစ်ပေါ်ခဲ့တဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအရ အခုအချိန်မှာ "NSPNC နဲ့ UWSP တွေ့ဆုံမှု" ဟာ ဖြစ်ရမဲ့အရွေ့တစ်ခုပါပဲ (နိုင်ငံတော်ရှုထောင့်အရပြောတာပါ၊ကျွန်တော့် personal အရအမြင်တစ်မျိုးရှိပြီးသားပါ၊ စာရှုသူတွေလဲ emotion တွေခဏဖယ်ထားဖို့လိုပါတယ်)။ "ဝ" ဘက်ကလည်း ပြည်သူတွေရဲ့အမြင်တွေကိုအလေးထားပြီး "တဖွဖွပြောနေသလို စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုပြသဖို့လိုနေပါပြီ"၊ ဝ ရဲ့လက်ရှိမျိုးတက်တွေဟာ နိုင်ငံခြားပြန် လူငယ်ပညာတတ်တွေများလာတာမို့ ကျဥ်းမြောင်းတဲ့နိုင်ငံရေးဘောင်ထဲကထွက်ပြီး ပိုကောင်းတဲ့လမ်းမျိုးရွေးချယ်နိုင်မယ်လို့ယူဆပါတယ်။ အဓိကအကျဆုံးကတော့ " ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းဝင်အောင် အလျော့အတင်းဆွေးနွေးရင်း ပြည်တွင်းအစိုးရ/ပြည်သူ + ဝပါတီ/ဝ ပြည်သူ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခြင်း" ဟာ အခြားလက်နက်ကိုင်တပ်တွေအတွက်ပါ "တိုင်းရင်းသားချစ်ကြည်သွေးစည်းရေး စံပြုမိုဒယ်သစ် ဖြစ်လာပါစေ" လို့ဆန္ဒပြုအပ်ပါတယ်။ #ဟာသအနေနဲ့ပါ_ဝ_မျိုးဆက်သစ်ရဲ့ပြည်ပပညာသင်အတွေ့အကြုံတွေကရတဲ့နိုင်ငံရေးအမြော်အမြင်ကို_အနာဂတ်မှာရင်ဘတ်ချင်းညှိယူနိုင်ဖို့ပညာပြည့်တဲ့နိုင်ငံရေးမျိုးဆက်သစ်တွေလိုအပ်နေပြီဆိုတာတော့အတွေးလေးရှိဖို့လိုကြောင်း.....။ ၆-၈-၂၀၂၆ Geopolitics Admin
235
7
UWSP 'ဝ' ပါတီရဲ့လက်ရှိလည်ပတ်နေတဲ့ပုံစံအရ "ဝ အထူးဒေသ (၂)" ဟာ မြန်မာနိုင်ငံထဲမှာ ဗဟိုအစိုးရရဲ့အာဏာမဏ္ဍိုင်ကြီးသုံးရပ် (၁) အုပ်ချုပ်ရေးအာဏာ (၂) ဥပဒေပြုရေးအာဏာ (၃) တရားစီရင်ရေးအာဏာ တွေအောက်ကလုံးဝကင်းလွတ်နေပါတယ်။ ဒါ့အပြင် (၁) နယ်စပ်ဝင်ထွက်ခွင့်မှတ်ပုံတင်ကတ် (၂) ကိုယ်ပိုင်အလံ၊ (၃) အခွန်အကောက်နဲ့၊ (၄) လုံခြုံရေးစနစ်၊ (၅) သီးခြားငွေကြေး၊ (၆) ကိုယ်ပိုင်လက်နက်ကိုင်တပ် စတဲ့အခြားအခြားသောကဏ္ဍတွေမှာသီးခြားလွတ်လပ်စွာလည်ပတ်နေတာမို့ "နိုင်ငံအတွင်းကလွတ်လပ်တဲ့တိုင်းပြည်ငယ်တစ်ပြည်" (State within a State) ပုံစံဖြစ်နေတယ်လို့သုံးသပ်သူတော်တော်များများယူဆကြပါတယ်။ ကျွန်တော့်အနေနဲ့ဒီရက်ပိုင်း 'UWSP' ရဲ့ မြန်ဆန်တဲ့သံတမန်ရေးပညာနဲ့ သိမ်မွေ့တဲ့ထုတ်ပြန်ပြောဆိုမှုတွေကြည့်ပြီး 'ဝ' တိုင်းရင်းသားတွေလက်ရှိရနေတဲ့ အနေအထားကိုကမ္ဘာပေါ်ကအခြားဒေသတွေနဲ့ယှဉ်ထိုးကြည့်မိပါတယ်။ တဆက်တည်းရေပန်းပြန်စားလာတဲ့ ဖက်ဒရယ်နဲ့ကွန်ဖယ်ဒရေးရှင်းအကြောင်းလဲတီးခေါက်ကြည့်မိပါတယ်။ ---------------------------------- "ဝ" အလားတူ အခြားကမ္ဘာ့ဒေသများ အိုခါစီယာ (Abkhazia) နဲ့တောင်အိုဆေတီယာ (South Ossetia) ဒေသတွေဟာ ဂျော်ဂျီယာနိုင်ငံနယ်နိမိတ်အတွင်းမှာတည်ရှိပေမဲ့ ဂျော်ဂျီယာအစိုးရရဲ့ အုပ်ချုပ်ခွင့်လုံးဝမရှိဘဲ ရုရှားနိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေးအရ အပြည့်အဝ ထောက်ပံ့မှုနဲ့သီးခြားလွတ်လပ်သလို ရပ်တည်နေပါတယ်။ သမိုင်းကြောင်းအရ ကိုဆိုဗိုဟာ ဆားဘီးယားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပေမဲ့ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်တပ်ဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေရဲ့တရားဝင် အသိအမှတ်ပြုမှုကြောင့် ကွန်ဖယ်ဒရိတ်ဆန်ဆန် သီးခြားရပ်တည်နေပါတယ်။ အီရတ်နိုင်ငံအတွင်းရှိတဲ့ ကာ့ဒ်လူမျိုးစု ထိန်းချုပ်ရာ ကာ့ဒစ်စတန်ဒေသန္တရအစိုးရ (KRG) ဟာလဲ ကိုယ်ပိုင်လွှတ်တော်၊ ကိုယ်ပိုင်တပ်မတော် (Peshmerga) နှင့် ရေနံအရင်းအမြစ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိပြီး ဗဟိုအစိုးရနဲ့ကွန်ဖယ်ဒရိတ်စနစ်နီးပါး ဆက်ဆံနေတာပါ။ မော်လ်ဒိုဗာနိုင်ငံအရှေ့ပိုင်းမှာတည်ရှိတဲ့ ​ပန်ချာ့ဂ် (Transnistria) တွေဟာလဲ ကိုယ်ပိုင်သမ္မတ၊ ကိုယ်ပိုင်စစ်တပ်၊ ငွေကြေးစနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ ရပ်တည်နေပေမဲ့ ကမ္ဘာ့နိုင်ငံတွေက တရားဝင်အသိအမှတ်မပြုထားပါဘူး။ အထက်ပါဥပမာတွေဟာ သီးခြားနိုင်ငံနီးပါး ကွန်ဖယ်ဒရိတ်ပုံစံ အပြည့်အဝကျင့်သုံးနေကြပေမဲ့ သူတို့တည်ရှိရာမူရင်းနိုင်ငံကပင်မလူမျိုးတွေရဲ့ လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း ခွဲခြားဆက်ဆံမှု၊ အစိုးရရဲ့ဖိနှိပ်မှု၊ ဘေးအိမ်နီးချင်းနိုင်ငံနဲ့သမိုင်းကြောင်းဆိုင်ရာနှီးနွယ်မှုနက်ရှိုင်းခြင်း သုံးချက်ပေါ်မူတည်ပြီးကွဲပြားသွားတာတွေ့ရပါတယ်။ ---------------------------------- မြန်မာနိုင်ငံထဲကိုပြန်ကြည့်ရင် "ဝ ပါတီ/ဝ တပ်/ဝ တိုင်းရင်းသား" ဟာ ပြည်မတိုင်းရင်းသားတွေရဲ့လူမျိုးရေးအရခွဲခြားမှု၊ ဘာသာရေးအရဖယ်ကြဥ်မှု၊ အစိုးရရဲ့ဖိနှိပ်မှု၊ ဘေးအိမ်နီးချင်းနိုင်ငံနဲ့သမိုင်းအရနက်ရှိုင်းစွာဆက်နွယ်မှု(အပြည့်အဝသီးခြားဆက်နွယ်) မရှိပါဘူး။ ဒါဆိုဘာကြောင့် "ဝ ပါတီ/ဝ တပ်/ဝ တိုင်းရင်းသား" ဟာ အခုလိုအပြည့်အဝနီးပါးလွတ်လပ်တဲ့အခွင့်အရေးကိုရခဲ့တာလဲ၊ ဗဟိုအစိုးရအပေါ်ဘယ်လိုအကျိုးပြုမှု အပေးအယူတွေရှိခဲ့သလဲဆိုတာပြန်ကြည့်ဖို့လိုပါတယ်။ လွတ်လပ်ရေးရချိန်နဲ့-လမ်းစဥ်ပါတီခေတ်ကာလအတွင်း "ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ)ဟာတစ်ဦးတည်းသော ပြည်ထောင်စုရဲ့အင်အားကြီးဘုံရန်သူဖြစ်ချိန်မှာ အစိုးရနဲ့တပ်မတော်ဟာကြီးမားတဲ့ဖိအားတွေရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးအခင်း)ကာလ နိုင်ငံရေးဖိအားကလဲ လာဆောင့်ပါတယ်။ အဲ့လို စစ်ရေး+နိုင်ငံရေး တွဲလုံးဖိအားရှိလာချိန် ၁၉၈၉ ခုနှစ်ဝန်းကျင်မှာ ဗကပ ပါတီတွင်းပြိုကွဲပြီး အာဏာသိမ်းမှုဖြစ်တော့ "ဗကပအခက် အစိုးရအချက်" ဖြစ်လာပါတယ်။ ဗကပရဲ့လက်နက်ကိုင်တပ်အခွဲတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ ဝလက်နက်ကိုင်တပ် UWSA၊ မိုင်းလားလက်နက်ကိုင်တပ် NDAA အပြင် အခြားအဖွဲ့တွေကွဲပြိုသွားတော့ စစ်ရေးဖိအားသက်သာဖို့ဟာ တပ်မတော်ရဲ့ဦးစားပေးတာဝန်ဖြစ်လာပုံရပါတယ်။ တစ်ဖက်မှာလည်း နယ်စပ်ဒေသဟာမတိုးတက်လို့လက်နက်ကိုင်ကြတာ၊ တိုးတက်အောင်လုပ်ရမယ်။ ၈၈၈၈ အပြီးချိန် sanction ပေါင်းစုံခံနေရပြီးဆင်းရဲတဲ့အစိုးရက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ဗဟိုကမလုပ်ပေးနိုင်ချိန် သက်ဆိုင်ရာလက်နက်ကိုင်တပ်ခေါင်းဆောင်တွေက မိမိဒေသအရင်းအမြစ်မိမိစီမံ၊ မိမိအစီအစဥ်နဲ့မိမိဖွံ့ဖြိုးအောင်လုပ်၊ ဗဟိုကတော့တချို့ကိစ္စတွေကိုနှာစေးပေးထားမယ်လို့ယူဆပုံရပါတယ်။ ဒါ့ကြောင့် အဲ့ကာလ(အရပ်စကားအရ) "မင်းတို့လဲမပစ်နဲ့၊ ငါတို့လဲမပစ်ဘူး၊ မင်းတို့လဲကိုယ့်ဒေသကိုယ်တိုးတက်အောင်လုပ်၊ ငါတို့လဲပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်အောင်လုပ်မယ်" ဆိုတဲ့သဘောထားဖြစ်တည်လာပုံရပါတယ်။
161
8
NSPNC နဲ့ UWSP တွေ့ဆုံဆွေးနွေးချက်များအနှစ်ချုပ် အဲ့ထဲမှာ ဖုံးကွယ်နေတဲ့ key points တွေပါတယ်။ အဲ့ဒါမြင်အောင်ကြည့်တတ်ရင် မြန်မာ+8
NSPNC နဲ့ UWSP တွေ့ဆုံဆွေးနွေးချက်များအနှစ်ချုပ် အဲ့ထဲမှာ ဖုံးကွယ်နေတဲ့ key points တွေပါတယ်။ အဲ့ဒါမြင်အောင်ကြည့်တတ်ရင် မြန်မာ၊ တရုတ်၊ ဝ balancing ဟန်ချက်လွန်ဆွဲမှု၊ အလျော့အတင်းလုပ်ရမဲ့အနာဂတ်တွေပါနေတယ်။ ၅-၈-၂၀၂၆ Geopolitics Admin
291
9
بدون متن...
314
10
NUG၊ စင်ပြိုင်အုပ်စုတွေ နေထွက်ချိန်၊ မွန်းတည့်ချိန် နဲ့ နေဝင်ချိန် ======================== တရုတ်စစ်မဟာဗျူဟာပညာရှင် ​ဆွန်ဇူး (Sun Tzu)က ​"ရန်သူကိုလည်းသိ၊ မိမိကိုယ်ကိုလည်းသိပါက တိုက်ပွဲပေါင်း ရာချီယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်မည့်အန္တရာယ်မရှိ။ ရန်သူကိုမသိဘဲ မိမိကိုယ်ကိုသာသိပါက တစ်ကြိမ်နိုင်လျှင် တစ်ကြိမ်ရှုံးမည်။ ရန်သူကိုလည်းမသိ၊ မိမိကိုယ်ကိုလည်းမသိပါက တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်လိမ့်မည်။" လို့အတိအကျဆိုပါတယ်။ ဆွန်ဇူးရဲ့အဆိုအမိန့်ဟာနက်ရှိုင်းကျယ်ပြန့်ပါတယ်။ စစ်ရေးသာမက စီးပွားရေး၊ နိုင်ငံရေး အရာရာတိုင်းမှာလိုက်နာကျင့်သုံးကြတဲ့ Real Politics သဘောတရားပါပဲ။ ​ဒုတိယကမ္ဘာစစ်အတွင်းမှာ ပြင်သစ်ကျဆုံးပြီးတဲ့အခါ ဗြိတိန်ဟာ ဥရောပမှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့အချိန် ဝင်စတန်ချာချီကမိမိအင်အားနဲ့ ရန်သူဂျာမန်အင်အားကို တိတိကျကျ တွက်ချက်ခဲ့ပါတယ်။ ဗြိတိန်ကြည်းတပ်ဟာ ဂျာမနီကိုယှဉ်နိုင်စွမ်းမရှိဘူး၊ ရေတပ်နဲ့လေတပ်မှာ အားသာချက်ရှိတယ်လို့တွက်ချက်ပြီး ရေကြောင်း၊ လေကြောင်းကပဲအဓိကဖိအားပေးခဲ့တယ်။ ပထဝီနိုင်ငံရေးမှာထင်ရှားတဲ့ Air power theory အစပါပဲ။ တစ်ဖက်မှာလည်းသမုဒ္ဒရာခြားပြီး ကြားနေတဲ့ အမေရိကန် စစ်ပွဲထဲပါလာမှသာ နာဇီကိုအနိုင်ရမယ်လို့သုံးသပ်ပြီး အမေရိကန် စစ်ပွဲထဲပါလာအောင်ဆွဲဆောင်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်မဟာမိတ်တွေနိုင်ခဲ့တာ အဲ့ဒီအဆိုအမိန့်နဲ့ကိုက်ညီခဲ့လို့ပါပဲ။ လက်ရှိမြန်မာ့ပြည်တွင်းရေးဟာ ပါဝါလွန်ဆွဲပွဲဆန်လာတယ်။ အဲ့ဒီလွန်ဆွဲပွဲမှာ မိမိအင်အား၊ ရန်သူအင်အား၊ ကြားနေအင်အားတွေလှုပ်ရှားသက်ဝင်နေကြတယ်။ ၂၀၂၁ အာဏာအကူးအပြောင်းမှာ ဒီမိုကရေစီရွေးကောက်ပွဲနိုင်ပါတီကိုနိုင်ငံရေးအာဏာမလွှဲပေးဘူးဆိုတဲ့ခေါင်းစဥ်နဲ့ပါဝါလွန်ဆွဲတဲ့လှိုင်းစတင်ရိုက်ခတ်တယ်။ - ကြိုဖွဲ့ထားတဲ့မြေအောက်ဆန်ဆန်အဖွဲ့တွေခေါင်းဆောင်ပြီးဆန္ဒပြ။ - NUG CRPH စင်ပြိုင်အဖွဲ့တွေ။ - အာဆီယံနဲ့အနောက်အုပ်စုတစ်ခုလုံးဖိအား။ - လက်နက်ကိုင်သူပုန်ဌာနေတွေတိုင်းမှာ ဗမာ PDF အင်အားမွေး။ - ကျားဖြန့်ခေါင်းစဥ်နဲ့ အစိုးရချင်းတိုက်ပေးပြီး စစ်အင်အားနဲ့ဖိ။ အထက်ပါလှိုင်းတွေနဲ့ဖိခဲ့တဲ့ ၂၀၂၁-၂၀၂၅ ကာလမှာ အပြိုင်အုပ်စုတွေဟာ (အစိုးရ/BGF+ ကျားဖြန့်) ခေါင်းစဥ်နဲ့ တရုတ်ကိုကြားနေအောင်၊ စစ်အကြံပေးနဲ့ထောက်ပံ့ရေးတွေကိုမိမိဘက်ပါလာအောင်ဆွဲခေါ်နိုင်ခဲ့တယ်။ စစ်အင်အားအရ မြန်မာပြည်အနှံ့အဖွဲ့စုံမဟာမိတ်ပြု၊ ဟန်ချက်ညီညီ စစ်ဆင်ရေးထိုးကြပြီးအသာယူကြတယ်။ ချုပ်ရရင်အဲ့ဒီကာလဟာ အပြိုင်အုပ်စုတွေရဲ့ နေထွက်ချိန်နဲ့၊ မွန်းတည့်ချိန်ပါပဲ။ ၂၀၂၅ နောက်ပိုင်းမှာအစိုးရရဲ့လှုပ်ရှားမှုတွေပြန်အားကောင်းလာတယ်။ ကျားဖြန့်တိုက်ဖျက်ရေးကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို ပူးတွဲလုပ်ဆောင်လာတယ်။ ရုရှားနဲ့ တရုတ်က နည်းပညာ (အထူးသဖြင့် ဒရုန်း) အဆင့်မြှင့်တယ်။ ကြားနေတရုတ်ကိုမိမိဖက်ပါအောင် အကျိုးအပြစ်ညှိနှိုင်းဆွဲဆောင်ပြီး နိုင်ငံရေး၊ သံတမန်ရေး၊ နယ်စပ်ပိတ်ဆို့ရေးနဲ့ကြိုးပြန်တင်းတယ်။ ရန်သူကိုတစ်ဖွဲ့ချင်းပြန်ခွဲထုတ်နိုင်ခဲ့တယ်။ ဒါ့ကြောင့်လက်ရှိအခြေအနေအရ - NUG မြေအောက်အဖွဲ့နဲ့ ပြည်တွင်း NLD ပါတီအင်အားစုတွေ သိသိသာသာလမ်းခွဲလာကြတယ်။ - ဒေါ်ဇင်မာအောင်တို့၊ တေဇာစန်းတို့ကအစ တော်လှန်ရေး ၅ နှစ်ကြာမယ်ပြောခဲ့ရင် အဆဲခံရမှာပေါ့ဆိုတဲ့ 'တာဝန်ခံမှုကင်းမဲ့ပြလာရတယ်'။ - နယ်စပ်ကနေ အစစအရာရာပိတ်ဆို့ခံထားရတဲ့ EAOs တွေ ကြိုးတုပ်ရိုက်ခံထားရသလိုဖြစ်ပြီး နေပြည်တော်ဂိတ်တံခါးကိုမော်ဖူးလာရတယ်။ ဒါဟာ ၂၀၂၅ နောက်ပိုင်း တပ်ရဲ့မိမိအင်အားပြန်လည်တည်ဆောက်ခြင်း၊ မဟာမိတ်ပြုခြင်း၊ ရန်သူကိုအပိုင်းပိုင်းခွဲထုတ်ခြင်းကြောင့်ရလာတဲ့ရလဒ်တွေဆိုမမှားပါဘူး။ အခုကစပြီး နောက်ပိုင်းကာလတွေဟာ NUG ရဲ့ နေဝင်ချိန်ဖြစ်လာသလို၊ အေးအေးချမ်းချမ်းနေလိုတဲ့ ​မြန်မာပြည်သူတွေအတွက်အရုဏ်ဦးပါပဲ။ ၂၉-၇-၂၀၂၆ Geopolitics Admin
298
11
بدون متن...
250
12
"မြန်မာပြည်ကအမည်းရောင်စီးပွားရေးလုပ်ငန်းတွေကို တရုတ်-မြန်မာ အစိုးရနှစ်ရပ်ပူးတွဲတိုက်ဖျက်ခြင်း" လက်ရှိဆောင်းပါးတိုဟာ ကျွန်တော်ရေးလက်စ စီနို-ဘားမားဆက်ဆံရေး နဲ့ နိုင်ငံရေးဘောဂဗေဒ အပိုင်း (၅) ဖြစ်ပါတယ်။ ဒီအပိုင်းမှာ တရားမဝင်လုပ်ငန်းတွေတိုက်ဖျက်ဖို့ တရုတ် မြန်မာနှစ်နိုင်ငံဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်စပ်လုံခြုံရေးကိစ္စတွေကိုဖော်ပြထားပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသနဲ့ မြန်မာပြည်တွင်းမှာ တိုးပွားလာတဲ့တရားမဝင် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့နှစ်နိုင်ငံအကြား ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်။ အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေဟာတိုးတက်မှုတွေရှိသလို၊ ကန့်ကွက်မှု/စိန်ခေါ်မှုတွေကိုလည်းအများကြီးရှိပါတယ်။ ဒါဟာမြန်မာပြည်တွင်း တရားမဝင်အမည်းရောင်စီးပွားရေး (ကျားဖြန့်၊ မူးယစ်ဆေး၊ အဂတိ) မှုတွေမပျောက်ပျက်သေးတဲ့အကြောင်းလည်းဖြစ်ပါတယ်။ ၁။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုများ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာ သာမန်မှောင်ခိုကူးမှုတွေအပြင် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးသာမက လူမှုဘဝတည်ငြိမ်ရေးကိုပါ ထိခိုက်လာစေတဲ့ ရာဇဝတ်မှုအသစ်တွေကျယ်ပြန့်လာခဲ့ပါတယ်။ (က) အွန်လိုင်းငွေလိမ်လည်မှု (Cyber Scams /ကျားဖြန့်) နယ်စပ်ဒေသတွေနဲ့ အထူးစီးပွားရေးဇုန်အချို့မှာအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အစဦးပိုင်းမှာ တရုတ်နိုင်ငံသားအများအပြားကို ပစ်မှတ်ထားလိမ်လည်ခဲ့ကြတဲ့အတွက် ဘေဂျင်းအတွက် ကြီးမားတဲ့ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။ (ခ) လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရွှေတြိဂံဒေသနဲ့နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု မြင့်တက်လာတာ၊ တရားမဝင်လူမှောင်ခိုကူးမှုတွေမြင့်တက်လာတာနဲ့ ဆက်စပ်ပြီးလုံခြုံရေးအန္တရာယ်တွေ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ ၂။ ဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုယန္တရားများ တရုတ်နိုင်ငံဟာ သူတို့ရဲ့အကျိုးစီးပွားတွေနဲ့ နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက် မြန်မာ့အာဏာပိုင်တွေနဲ့ပူးပေါင်းမှုမြှင့်တင်လာခဲ့ပြီး နည်းလမ်းမျိုးစုံနဲ့ နှိမ်နင်းခဲ့ပါတယ်။ (က) ပူးတွဲရဲတပ်ဖွဲ့စစ်ဆင်ရေးများနဲ့ တရားခံလွှဲပြောင်းခြင်း နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်းသတင်းအချက်အလက် အပြန်အလှန်ဖလှယ်တာ၊ ကွန်ပျူတာနဲ့နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးပူးပေါင်းဆောင်ရွက်တာတွေပြုလုပ်ခဲ့ပြီး၊ မြန်မာအစိုးရဘက်ကလည်း ဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံသားရာဇဝတ်ကောင်တွေ တရုတ်နိုင်ငံဆီပြန်လည်လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ (ခ) မဲခေါင်မြစ်ကြောင်းပူးတွဲကင်းလှည့်မှုများ တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီး မဲခေါင်မြစ်ဝှမ်းအတွင်း ရေကြောင်းလုံခြုံရေးနဲ့ တရားမဝင် ရာဇဝတ်မှုတွေ ကာကွယ်ရေးအတွက် ပုံမှန်ပူးတွဲကင်းလှည့်တဲ့ယန္တရားကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ခဲ့ပါတယ်။ ၃။ ပူးပေါင်းဆောင်ရွက်မှုရဲ့အကန့်အသတ်များနဲ့ စိန်ခေါ်မှုများ ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေဟာ စက္ကူပေါ်မှာတော့ထိရောက်ပုံရပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်တွင်း မြေပြင်နိုင်ငံရေးအခြေအနေအရအကောင်အထည်ဖော်ရအလွန်ခက်ခဲတာတွေလည်းရှိပါတယ်။ (က) ဩဇာသက်ရောက်မှုနယ်မြေနဲ့ ဒေသခံလက်နက်ကိုင်များရဲ့အခန်းကဏ္ဍ ရာဇဝတ်မှုအများစုဖြစ်ပွားရာနေရာတွေဟာ နေပြည်တော်ဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာမရှိဘဲ၊ နယ်ခြားစောင့်တပ်တွေ (BGF)၊ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ(EAOs)ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့နယ်စပ်ဒေသတွေဖြစ်နေတာကြောင့် နေပြည်တော်အစိုးရတစ်ခုတည်းနဲ့ပူးပေါင်းဆောင်ရွက်တာက ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ (ခ) အကျိုးစီးပွားချင်းထပ်တူမကျမှု (Conflicting Interests) မြန်မာ့ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတွေကြောင့် EAOs တွေဟာ ဒီလိုတရားမဝင်လုပ်ငန်းတွေကရရှိတဲ့ စီးပွားရေးအကျိုးအမြတ်တွေအပေါ် မှီခိုနေရတဲ့အတွက် တရုတ်နိုင်ငံရဲ့ EAOs တွေအပေါ် ဥပဒေစိုးမိုးရေးဖိအားပေးမှုတွေဟာ မြေပြင်က လက်တွေ့အကျိုးစီးပွားတွေနဲ့ပွတ်တိုက်မှုတွေ အစဉ်ရှိနေခဲ့ပါတယ်။ ၂၇-၇-၂၀၂၆ Geopolitics' Admin
231
13
بدون متن...
177
14
အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့၊ လူမှောင်ခိုလုပ်ငန်းတွေဟာ တရုတ်နိုင်ငံအတွက် ကိုဗစ်နောက်ပိုင်းကာလစိန်ခေါ်မှုအသစ်ဖြစ်သလို မြန်မာ့ပြည်တွင်းရေးကိုတစ်ဆစ်ချိုးခေါ်သွားတဲ့ ပဋိပက္ခအလှည့်အပြောင်းကြီးပါပဲ။ ဒီပြဿနာဟာ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း၊ ဒုတိယလှိုင်း+ရှမ်းမန်းစစ်ဆင်ရေး၊ လမ်းအားလုံးနေပြည်တော်သို့အထိနက်ရှိုင်းစွာစီးဆင်းခဲ့ပါတယ်။ တဖက်မှာ​လည်း ၁၀၂၇ လှိုင်းနှစ်လှိုင်းကိုကျော်လွန်တဲ့လက်ရှိကာလမှာတော့ အထက်ပါလုံခြုံရေးဆိုင်ရာ ငွေလိမ်ဂိုဏ်းတွေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကိုတရုတ်-မြန်မာအစိုးရချင်း G to G အမြန်ထိန်းချုပ်နိုင်လိုက်တာကလည်း သက်ဆိုင်ရာ Anti-Group တွေအတွက်အလှည့်အပြောင်းကြီးတစ်ခုဖြစ်ခဲ့တာပါပဲ။ ၂၆-၇-၂၀၂၆ Geopolitics' Admin
162
15
စီနို-ဘားမားဆက်ဆံရေး နဲ့ နိုင်ငံရေးဘောဂဗေဒ (၄) +++++++++++++++++ ကိုဗစ်-၁၉ ရဲ့သက်ရောက်မှုနဲ့ မြန်မာတရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ +++++++++++++++++ ဒီအပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုဟာ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးပွားရေး၊ ပြည်သူ့ကျန်းမာရေးသံခင်းတမန်ခင်းနဲ့ လုံခြုံရေးပြဿနာ (အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ ငွေမည်းခဝါချမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးအခြေအနေ) တွေထိ လှည့်ပြောင်းဆွဲခေါ်သွားတဲ့အခြေအနေတွေကို ယေဘုယျဖော်ပြထားပါတယ်။ ----------------------------- ၁။ တရုတ်နိုင်ငံရဲ့ "Zero-COVID" မူဝါဒနဲ့ နယ်စပ်ကုန်သွယ်ရေးအပေါ်ရိုက်ခတ်မှုများ ရောဂါစတင်တဲ့နိုင်ငံလည်းဖြစ်သလို တစ်သွေးတစ်မိန့်အုပ်ချုပ်တဲ့နိုင်ငံဖြစ်တာမို့ ကိုဗစ်ကပ်ရောဂါနှိမ်နင်းရေးမှာ တရုတ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုကို အကြွင်းမဲ့ထိန်းချုပ်တဲ့ Zero-COVID မူဝါဒကို တင်းတင်းကြပ်ကြပ် ကျင့်သုံးခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ (အထူးသဖြင့် မူဆယ်၊ ချင်းရွှေဟော်ဂိတ်တွေ) ကိုမကြာခဏပိတ်ပစ်တာ (သို့) ကန့်သတ်ချက်တွေအရမ်းတင်းကြပ်တာမျိုးတွေလုပ်ခဲ့ပါတယ်။ ဒီလိုမူဝါဒကြောင့်နှစ်နိုင်ငံကုန်သွယ်ရေးနှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ (က) မြန်မာ့စိုက်ပျိုးရေးကဏ္ဍထိခိုက်မှု မြန်မာနိုင်ငံကထွက်တဲ့လယ်ယာစိုက်ပျိုးရေးထွက်ကုန်တွေ (ဖရဲသီး၊ သရက်သီး၊ ဆန်၊ ပဲ) နဲ့ ရေထွက်ကုန်တွေဟာ နယ်စပ်မှာလပေါင်းများစွာ ပိတ်မိခဲ့ပြီး ကုန်သည်တွေနဲ့ တောင်သူတွေ ကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။ (ခ) တရားမဝင်ဖြတ်ကျော်မှုများမြင့်တက်လာခြင်း တရားဝင်နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် နယ်စပ်တစ်လျှောက်တရားမဝင် လူမှောင်ခိုကူးမှုတွေနဲ့ ကုန်စည်မှောင်ခိုလုပ်ငန်းတွေပိုမိုများပြားလာပြီး နယ်စပ်ဒေသတည်ငြိမ်မှုကိုစိန်ခေါ်ခဲ့ပါတယ်။ ----------------------------- ၂။ ကျန်းမာရေးသံခင်းတမန်ခင်း (Health Diplomacy) နဲ့ တရုတ်ရဲ့ ဩဇာ မြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးစနစ်ဟာ အခြားနိုင်ငံကြီးတွေနဲ့ယှဥ်ရင်အားနည်းချက်တွေများပါတယ်။ ကပ်ရောဂါကာကွယ်ရေးကာလမှာ အားနည်းနေတဲ့ကျန်းမာရေးစနစ်ဟာ တရုတ်ရဲ့ "ကျန်းမာရေး ပိုးလမ်းမ" (Health Silk Road) မူဝါဒအောက်မှာကူညီမှုတွေရရှိခဲ့ပါတယ်။ (က) ကာကွယ်ဆေးနဲ့ဆေးဝါးပံ့ပိုးမှု တရုတ်နိုင်ငံဟာမြန်မာနိုင်ငံဆီကို ကိုဗစ်ကာကွယ်ဆေး (Sinopharm / Sinovac) သန်းပေါင်းများစွာနဲ့ အသက်ရှုအထောက်အကူပြုစက်တွေနဲ့ PPE ဝတ်စုံတွေထောက်ပံ့ပေးအပ်ခဲ့ပါတာ်။ ဒီအကူအညီကတရုတ်ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့သလို မြန်မာ့ကျန်းမာရေးကဏ္ဍအပေါ် အတိုင်းအတာတစ်ခုထိဩဇာသက်ရောက်စေဖို့ရည်ရွယ်နိုင်ပါတယ်။ (ခ) တိုင်းရင်းသားနယ်မြေများဆီ တိုက်ရိုက်ပံ့ပိုးခြင်း တရုတ်အစိုးရဟာ နေပြည်တော်ရှိ ဗဟိုအစိုးရကိုသာမက၊ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) ထိန်းချုပ်ရာနယ်မြေတွေ (ဥပမာ- ဝ၊ ကချင်၊ ကိုးကန့် ဒေသများ)ကိုလည်းကပ်ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ကာကွယ်ဆေးတွေ တိုက်ရိုက်ပံ့ပိုးပေးခဲ့ပါတယ်။ ဒီအချက်က တရုတ်နိုင်ငံရဲ့ zero covid မူဝါဒအတွက် နယ်စပ်တည်ငြိမ်ရေးသာမက EAOs တွေနဲ့ထိန်းညှိ ဆက်ဆံရေးကို ဘယ်လောက်အလေးထားလဲဆိုတာပြသတဲ့အချက်ပါပဲ။ ----------------------------- ၃။ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များပေါ်ပေါက်လာခြင်း ကိုဗစ်-၁၉ ကာလဟာ ကူးစက်ရောဂါ ပြဿနာတစ်ခုတည်းမဟုတ်ဘဲ၊ နှစ်နိုင်ငံအကြား လုံခြုံရေးခြိမ်းခြောက်မှု အသစ်တွေကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ (က) အွန်လိုင်းရာဇဝတ်မှုများနဲ့ လောင်းကစားဝိုင်းများတိုးပွားလာခြင်း နယ်စပ်ကုန်သွယ်ရေးနှေးကွေးသွားချိန်မှာ နယ်စပ်ဒေသအချို့ရှိ EAOs တွေနဲ့ တရားမဝင်အဖွဲ့အစည်းတွေဟာ ဝင်ငွေရရှိဖို့အတွက် အွန်လိုင်းငွေလိမ်လည်မှု (Cyber Scams) များနဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများဆီသို့ပိုမိုခြေဦးလှည့်လာခဲ့ကြပါတယ်။ ကိုးကန့်ဒေသဆိုရင်ကိုဗစ်ကာလအထိ နှစ်နိုင်ငံနယ်စပ်မှာ တရုတ်ဘက်ကခြံစည်းရိုးကာတာမလုပ်ရသေးပါဘူး။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှနယ်စပ်လူခိုးဝင်တာတွေမရှိအောင်ကာခဲ့တာပါ။ ပြည်တွင်းအလုပ်လက်မဲ့နှုန်းမြင့်လာပြီး၊ ကျားဖြန့်ကငွေဝင်ကြမ်းတာသိတဲ့ တရုတ်လူငယ်တွေဟာ ကျားဖြန့်လုပ်သားတွေအဖြစ် လိုလိုလားလားဝင်လာတာတစ်မျိုး၊ အလိမ်အဆွယ်ခံရလို့ရောက်လာတာတစ်မျိုးအလုံးအရင်းနဲ့ဝင်လာပါတယ်။ အထူးသဖြင့် 'ဝ'၊ မိုင်းလား၊ ကိုးကန့်ဒေသတွေရဲ့ ကျားဖြန့်လုပ်သားအရင်းအမြစ်တွေဟာ အဲ့ဒီလိုလူမှောင်ခိုဝင်ရောက်သူတွေကစုခဲ့ကြတာပါ။ (ခ) လုံခြုံရေးခြိမ်းခြောက်မှုပြဿနာ အဲ့ဒီလုပ်ငန်းတွေဟာ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်လာတဲ့အဓိကပြဿနာကြီးဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာဆိုရင် ကျားဖြန့်နဲ့တဆက်တည်း အဂတိမှုတွေ၊ ငွေမည်းခဝါချမှုတွေ (ရွှေဆိုင်၊ အထည်ဆိုင်၊ အိမ်ခြံမြေ၊ KTV၊ Hi ခန်း၊ Bar)၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ တွဲပါလာပါတယ်။ အဲ့ဒီလုပ်ငန်းတွေဟာအခုထိမြန်မာနိုင်ငံထဲအမြစ်ခိုင်ဆဲဖြစ်ပြီး မြန်မာနိုင်ငံကိုအမှောင်ထဲဆွဲချနေဆဲပါ။
154
16
بدون متن...
165
17
စီနို-ဘားမားဆက်ဆံရေး နဲ့ နိုင်ငံရေးဘောဂဗေဒ (၃) +++++++++++++++++ ဒေါ်အောင်ဆန်းစုကြည်လက်ထက် BRI စီမံကိန်းများနှောင့်နှေးကြန့်ကြာမှုများနဲ့ပြည်တွင်းအကျပ်အတည်းများ အနောက်အုပ်စုမီဒီယာတွေ၊ တက္ကသိုလ်သုတေသနအစီရင်ခံစာတွေ၊ CSO အရပ်ဘက်အဖွဲ့အစည်းတွေ၊ INGOs တွေရဲ့ တရုတ် BRI ပျက်စီးရေးအပေါ်ကမ္ဘာကျော်စွပ်စွဲချက်ကတော့ကြွေးမီထောင်ချောက်ပါပဲ။ NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၀ ကာလမှာကြွေးမီထောင်ချောက်​မြန်မာမှာမဖြစ်လိုခြင်း၊ အနောက်စံတွေအရမူဝါဒပိုင်းတင်းကြပ်ခြင်း၊ မြန်မာ့ဗျူရိုကရေစီယန္တရားရဲ့ခေတ်သစ်စီးပွားရေးအရှိန်ကိုအမီမလိုက်နိုင်ခြင်း စတဲ့အဓိကအချက်သုံးချက်ကြောင့် BRI စီမံကိန်းနှောင့်နှေးခဲ့ရပါတယ်။ သို့သော်အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ဘင်အရေး ကုလသမဂ္ဂသံတမန်ရေးဖိအားခံရချိန် လုံခြုံရေးကောင်စီဗီတိုအာဏာမဲခွဲမှုမှာ တရုတ်ရဲ့မျက်နှာသာပေးခြင်းကိုလိုအပ်သေးတာကြောင့် လက်တွဲဖြုတ်လို့လဲမရတဲ့ ချိန်ခွင်လျှာမဲတင်းမှုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချက်တွေကိုကြည့်ကြရအောင်ပါ။ (က) စီမံကိန်းတွေကိုမူဝါဒပိုင်းအရ တင်းကြပ်စွာချဉ်းကပ်မှု၊ မဟာဗျူဟာမြောက်ပြန်လည်ညှိနှိုင်းမှု ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် NLD အစိုးရဟာ တရုတ်နိုင်ငံနဲ့ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပေမဲ့၊ တရုတ်ရဲ့စီမံကိန်းကြီးတွေကို ယခင်ခေတ်တွေလိုမဟုတ်ဘဲ သတိကြီးကြီးနဲ့ချိန်ဆခဲ့ပါတယ် (ပါတီအတွေးအခေါ်ကိုက ဒီမိုကရေစီလစ်ဘရယ်အခြေခံမို့ အနောက်အုပ်စုရဲ့ထုံး/စံနှုန်းတွေကိုင်စွဲထားတာကြောင့်လဲပါပါတယ်)။ (၁) ​အကြွေးထောင်ချောက်ဇာတ်ညွှန်း (Avoiding Debt Traps) သီရိလင်္ကာနိုင်ငံရဲ့ ဟမ်ဘန်တိုတာ (Hambantota) ဆိပ်ကမ်းလိုမျိုး အကြွေးမဆပ်နိုင်ရင် တရုတ်နိုင်ငံဆီဆိပ်ကမ်းလွှဲပြောင်းပေးလိုက်ရတဲ့ သာဓကတွေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံလည်း တရုတ်အပေါ် အကြွေးဝန်ထုပ်ဝန်ပိုးကြီးမားမသွားဖို့ စီမံကိန်းတွေအသေးစိတ်စိစစ်ခဲ့ပါတယ်။ (၂) ​ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုလျှော့ချခြင်း အထင်ရှားဆုံးဥပမာကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဖြစ်ပါတယ်။ မူလကအမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံခန့်ကုန်ကျမဲ့ စီမံကိန်းကြီးကို NLD အစိုးရက ပထမအဆင့်မှာ ဒေါ်လာ ၁.၃ ဘီလီယံအထိ သိသိသာသာလျှော့ချပြီး ပြန်လည်ညှိနှိုင်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ ---------------------------------- (ခ) စီမံကိန်းတွေနှောင့်နှေးကြန့်ကြာခဲ့ရခြင်းရဲ့ပြည်တွင်းအကြောင်းရင်းခံများ BRI စီမံကိန်းတွေ မျှော်မှန်းသလောက် ခရီးမရောက်ဘဲ ကြန့်ကြာခဲ့ရတာဟာ မြန်မာ့ပြည်တွင်းဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းများကြောင့်လည်းဖြစ်ပါတယ်- (၁) ​ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုလိုအပ်ချက် NLD အစိုးရဟာ စီမံကိန်းတွေကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြစ်စေဖို့ လူမှုပတ်ဝန်းကျင်နဲ့သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက် (EIA/SIA) တွေ စနစ်တကျရှိစေဖို့၊ စီမံကိန်းတွေပွင့်လင်းမြင်သာဖို့နဲ့ တာဝန်ခံဖို့တောင်းဆိုခဲ့တာကြောင့်လုပ်ငန်းစဉ်တွေအချိန်ကြန့်ကြာခဲ့ရပါတယ်။ (၂) မြန်မာ့ဗျူရိုကရေစီလူ့အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အကန့်အသတ် (Institutional Capacity) မြန်မာနိုင်ငံရဲ့ဝန်ကြီးဌာနတွေနဲ့ ဗျူရိုကရေစီယန္တရားဟာ တရုတ်နိုင်ငံရဲ့မြန်ဆန်အရှိန်အဟုန်ပြင်းတဲ့ ကမ်းလှမ်းမှုတွေနဲ့ စီမံကိန်းဒီဇိုင်းတွေကိုတုံ့ပြန်ဆောင်ရွက်ဖို့ နည်းပညာရောလုပ်ထုံးလုပ်နည်းပိုင်းအရရော အဆင်သင့်မဖြစ်မှုတွေရှိနေခဲ့ပါတယ်။ ---------------------------------- (ဂ) ပထဝီနိုင်ငံရေးချိန်ခွင်လျှာနှင့် အကျပ်အတည်း (Geopolitical Dilemmas) ​ဒေါ်အောင်ဆန်းစုကြည်ကအနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြားမှာ မဟာဗျူဟာမြောက် ချိန်ခွင်လျှာညှိတဲ့မူဝါဒကိုကျင့်သုံးခဲ့ပါတယ်။ တစ်ဖက်မှာတရုတ်စီမံကိန်းတွေကို မူဝါဒပိုင်းအရတင်းကြပ်လို့ Delay ဖြစ်သွားပေမဲအခြားတစ်ဖက်မှာတော့ မလွန်ဆန်နိုင်ရတဲ့အကြောင်းကလဲရှိနေပြန်ပါတယ်။ အဲ့ဒါကတော့​ရခိုင်အရေးအခင်းနှင့်တရုတ်ရဲ့အကာအကွယ်ပါ။ ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ဗီတိုအာဏာနဲ့အကာအကွယ်ပေးဟာ မြန်မာနိုင်ငံအတွက်အားကိုးလောက်စရာပါပဲ။ ဒီလိုသံတမန်ရေး မှီခိုအားထားရမှုများတာကြောင့် မြန်မာနိုင်ငံအနေနဲ့တရုတ်ရဲ့ BRI စီမံကိန်းတွေကို လုံးဝပယ်ချဖို့မဖြစ်နိုင်ဘဲ၊ စီးပွားရေးလုံခြုံစိတ်ချရမှုနဲ့ နိုင်ငံရေးအကာအကွယ်ရရှိမှုအကြား ဗျာများခဲ့ရတဲ့ပြည်တွင်းပထဝီနိုင်ငံရေး အကျပ်အတည်း (Dilemma) ကို ရှင်းလင်းစွာတွေ့မြင်ခဲ့ရပါတယ်။ ၂၅-၇-၂၀၂၆ Geopolitics Admin
251
18
بدون متن...
301
19
စီနို-ဘားမားဆက်ဆံရေး နဲ့ နိုင်ငံရေးဘောဂဗေဒ (၂) +++++++++++++++++ မြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားများနဲ့ နိုင်ငံရေးဘောဂဗေဒ (က) မဟာဗျူဟာမြောက်ပထဝီဝင်တည်နေရာ (Geostrategic Importance) ဓမ္မဒိဋ္ဌာန်ကျကျရှုမြင်ကြည့်ကြည့်၊ သာမန်ကာလျှံကာရှုမြင်ကြည့်ကြည့် မြန်မာနိုင်ငံဟာ ပထဝီတည်နေရာကိုက​တရုတ်နိုင်ငံအတွက် သာမန်ကုန်သွယ်ဖက်နိုင်ငံတစ်ခုထက်ပိုပါတယ်။ မြန်မာ့ Geostrategic position ဟာ ဘေဂျင်းရေရှည်မဟာဗျူဟာမြောက် လုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းဇုန်ထဲကျနေတာပါ။ ​မလက္ကာအကြပ်အတည်း (Malacca Dilemma)။ တရုတ်နိုင်ငံအနေနဲ့ စွမ်းအင်နဲ့ကုန်စည်အများစုကို မလက္ကာရေလက်ကြားကတစ်ဆင့်သယ်ယူနေရတဲ့အတွက် အရေးပေါ်အခြေအနေ(စစ်မက်ဖြစ်ပွားရင်) ၃ ကီလိုမီတာလောက်ပဲအကျယ်ရှိတဲ့ရေလက်ကြားကို အမေရိကန်နဲ့သူ့မဟာမိတ်တွေပိတ်ဆို့ရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့တွေးဆချက်ရှိပါတယ်။ ဒီအတွက်ထွက်ပေါက်ကတော့ အိန္ဒိယသမုဒ္ဒရာဆီ ကုန်းကြောင်း-ရေကြောင်းတိုက်ရိုက်ထွက်ခွာနိုင်မဲ့ ကုန်းမြေတံတား (Land Bridge) ဖြစ်တဲ့ မြန်မာနိုင်ငံပါပဲ။ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (CMEC)။ တရုတ် ယူနန်ပြည်နယ်ကနေ၊ မြန်မာ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လျာထားတဲ့ရထားလမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေဟာ တရုတ်ရဲ့ ပြည်ပအကျိုးစီးပွားတွေကို ခိုင်မာစေတဲ့ သွေးကြောတွေဖြစ်ပါတယ်။ (ခ) စီးပွားရေးအရစည်းနှောင်မှီခိုစေခြင်း (Economic Interdependence) အထက်ပါစီမံကိန်းတွေဟာ တရုတ် မြန်မာနှစ်နိုင်ငံရဲ့နိုင်ငံရေးအပေါ်အပြန်အလှန်ဆက်နွယ်လာပြီး စီးပွားရေးလီဗာ Economic Levers တွေဖြစ်လာပါတယ်။ ​ရင်းနှီးမြှုပ်နှံမှုနဲ့အကြွေး။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကြီးမားသောတဖက်စောင်းနင်း ပိုလျှံကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးချေးငွေတွေအရ မြန်မာနိုင်ငံဟာ စီးပွားရေးအရ ပိုမိုမှီခိုလာစေပါတယ်။ နယ်စပ်စီးပွားရေးဇုန်များ။ ယူနန်နယ်စပ်တလျှောက် တည်ထောင်ထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွေဟာ တစ်ဖက်မှာတရုတ်ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရုံသာမကဘဲ အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင်းစီးပွားရေးအပေါ်ငွေကြေးနဲ့ကုန်စည်လွှမ်းမိုးမှုကိုပိုနက်ရှိုင်းစေပါတယ်။ (ဂ) စွန့်စားမှုများနဲ့ အကျပ်အတည်းများ (Risks & Vulnerabilities) ​တရုတ်နိုင်ငံရဲ့ပြည်ပအကျိုးစီးပွားတွေ၊ စီမံကိန်းတွေထဲမှာ မြန်မာ့မြေပေါ်လုပ်တဲ့စီမံကိန်းတွေကအကျိုးအမြတ် ကြီးမားပေမဲ့၊ အဲ့ဒီအကျိုးစီးပွားတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ကလည်း စွန့်စားရတာ၊ ရင်းနှီးရတာပိုများပါတယ်။ ​အစိုးရအကူးအပြောင်းနဲ့မူဝါဒမရေရာမှု။ မြန်မာနိုင်ငံမှာ နယကအစိုးရခေတ်၊ သမ္မတဦးသိန်းစိန်အစိုးရခေတ်၊ NLD အစိုးရခေတ်နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကာလတွေအထိ အစိုးရတွေနဲ့နိုင်ငံရေးစနစ်တွေပြောင်းလဲသွားတိုင်းတရုတ်ရဲ့ စီမံကိန်းတွေ ကန့်ကွက်ခံရတာ (လက်ပန်းတောင်းတောင်၊စက်ရုံတွေ)၊ ဆိုင်းငံ့ခံရတာ (မြစ်ဆုံစီမံကိန်း) (သို့) ပြန်လည်ညှိနှိုင်းရတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်တွင်းပဋိပက္ခတွေနဲ့သံတမန်ရေး ချိန်ခွင်လျှာ။ လက်ရှိပြည်တွင်းရေးအခြေအနေတွေအရ တရုတ်နိုင်ငံဟာ နေပြည်တော်ကဗဟိုအစိုးရနဲ့သာ ဆက်ဆံရုံနဲ့ သူ့အကျိုးစီးပွားတွေကိုအပြည့်အဝမကာကွယ်နိုင်ဘဲ၊ စီမံကိန်းတွေဖြတ်သန်းရာလမ်းကြောင်းပေါ်ရှိတဲ့ (EAOs) တွေနဲ့ပါ လိုက်လံချိန်ခွင်လျှာညှိ ဆက်ဆံနေရတဲ့အတွက် နိုင်ငံရေးဘောဂဗေဒအရ ဘယ်နိုင်ငံနဲ့မှမတူဘဲ အလွန်နက်ရှိုင်းရှုပ်ထွေးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၁၉-၇-၂၀၂၆ Geopolitics Admin
273
20
بدون متن...
200