fa
Feedback
ပိုင်စိုး

ပိုင်စိုး

رفتن به کانال در Telegram

နိုင်ငံရေး၊စစ်ရေး သုံးသပ်ချက်များ

نمایش بیشتر
4 695
مشترکین
-224 ساعت
-327 روز
-9930 روز
آرشیو پست ها
ဘေးတီးများနှင့် အာဆီယံ ---------------------- (၈-၅-၂၀၂၆) အာဆီယံထိပ်သီးအစည်းအဝေးတစ်ခါလုပ်တိုင်း မီဒီယာတွေအလုပ်ရကြတော့ ၆ လ တစ်ခါ မျက်စိနောက်ရတာပေါ့။ ၂၀၂၁ ကတည်းက မြန်မာနဲ့ပတ်သက်ပြီး မြန်မာမပါတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထုတ်ခဲ့ပေမယ့် အခုချိန်အထိ ဘာမှ ဖြစ်မလာသေးပဲ အီးရောအီးရောဖြစ်လာတာ ၅ နှစ်ကျော်ခဲ့ပြီ။ ဒါဟာ အာရှမှာ အကောင်းဆုံး အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်မူကို ကိုယ်အကောင်အထည်မဖော်နိုင်တဲ့ ရှက်စရာကိစ္စတစ်ခုပဲ။ ပြီးတော့ အဲ့ဒီသဘောတူညီချက် ဆိုတာကလည်း အာဆီယံရဲ့ ပဋိညာဉ်စာတမ်း အခြေခံမူ ၆ ချက်ထဲက ပြည်တွင်းရေးကို မစွက်ဖက်ရေးဆိုတာကို အတိအလင်းချိုးဖောက်ထားတဲ့ အချက်တွေပဲ။ အာဏာတဂျိမ်းဂျိမ်း သိမ်းနေတဲ့ ထိုင်းနိုင်ငံတောင် ဒီလိုကိစ္စတွေ မရှိခဲ့ပဲ မြန်မာကျမှ ဘာလို့ ရှိခဲ့လဲဆိုတော့ ထိုင်းမှာက NUG တို့လို ခင်ဥမ္မာတို့လို ဘေးတီးနေတဲ့ အဖွဲ့တွေမရှိတာလည်း ပါတာပေါ့။ ဒါပေမယ့် ဘေးတီးသည်ဖြစ်စေ မတီးသည်ဖြစ်စေ မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်တာကတော့ အာဆီယံရဲ့ အလုပ်မှ မဟုတ်တာ။ ပြီးတော့ လူတွေအမှတ်မှားနေကြသလို အာဆီယံက တက်ရောက်ခွင့်မပေးလို့ မြန်မာက မတက်ရတာဆိုတာလည်း မဟုတ်ဘူး။ ၂၀၂၁ မှာ လက်ရှိသမ္မတက အွန်လိုင်းကနေ အာဆီယံအစည်းအဝေးတက်ခဲ့ပြီးနောက်ပိုင်း အာဆီယံရဲ့ ပဋိညာဉ်ချိုးဖောက်မှုကြောင့် မတက်တော့တာ။ အဲ့ဒီတုန်းက သူတင်မဟုတ်ဘူး မြန်မာအရပ်ဖက်အဖွဲ့အစည်း ၄၄၀ နဲ့ လူပုဂ္ဂိုလ် ၃၂ ဦးတို့က အာဆီယံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးရှုတ်ချခဲ့ကြတယ်။ အာဆီယံက အပြစ်ပေးတဲ့အနေနဲ့ တက်ရောက်ခွင့်ပိတ်တယ်ဆိုတာလည်း တကယ်တော့ သူတို့ရဲ့ အမှားကို ဖုံးဖို့ တစ်ခြားလူကို အပြစ်ရှာလိုက်တဲ့သဘောပါပဲ။ တကယ်တမ်းဆို လက်ရှိ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ မြန်မာအပေါ် မှတ်ချက် ပေးခွင့်မရှိသလို ပေးလည်း မပေးရဲကြပါဘူး။ SAC-M ဆိုတဲ့ ဝန်ကြီးဟောင်းတွေ၊ ဝန်ကြီးပြုတ်တွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းကသာ အထောက်အပံ့တွေရနေလို့ ဘေးတီးပေးနေတာပါ။ အခုလည်း ထိုင်းက ကမကထလုပ်ပြီး မြန်မာ့နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အွန်လိုင်းအစည်းအဝေးလုပ်မယ်လို့ ဆိုလာပြန်တယ်။ သေချာတာက ဒီအာဆီယံထဲမှာ မြန်မာကိုဆက်ရှိနေစေချင်တဲ့အဖွဲ့နဲ့ ဘေးတီးနေတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲနေပါတယ်။ ဘေးတီးနေတဲ့ နိုင်ငံတွေအနေနဲ့က မြန်မာနိုင်ငံဟာ ဒီမိုကရေစီကျကျ အရပ်ဖက်အစိုးရသစ်ပေါ်ဖို့ ရွေးကောက်ပွဲလည်း လုပ်ခဲ့ပြီးပြီ။ သမ္မတဟောင်းကိုလည်း လွှတ်ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ပြောင်းပေးပြီးပြီ။ ညှိနှိုင်းလို့ရတဲ့ MNDAA/TNLA တို့နဲ့ လည်း အပစ်အခတ်ရပ်စဲထားပြီးပြီ။ ဒါတွေကို လျစ်လျူရှုပြီး မြန်မာက ဘာမှလိုက်မလုပ်ပါဘူးလို့ တွင်တွင်အော်နေရင် အာဆီယံက ထွက်ရုံအပြင် လမ်းမရှိတော့ဘူး။ ဒါကြောင့် အခု နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းအစည်းအဝေးဟာ သူတို့ဘက်က ဖြေလျှော့လာတဲ့ ဖြေလျှော့ချက်ဖြစ်ပါတယ်။ ဒါကိုပဲ နိုင်ကွက်တစ်ခုရထားသလို အာဆီယံဘက်က လုပ်လာရင်တော့ ဒီဘက်ကလည်း ခပ်တင်းတင်းပဲ တုံ့ပြန်မယ်လို့ ယူဆရပါတယ်။ (ပိုင်စိုး) #ပိုင်စိုး #Paingsoe

ဘေးတီးများနှင့် အာဆီယံ (ပိုင်စိုး)
ဘေးတီးများနှင့် အာဆီယံ (ပိုင်စိုး)

+1
ပုံမှန်မဟုတ်သော ပုံမှန်များ ————— အမေရိကမှာ အခုနောက်ပိုင်း မူးယစ်ဆေးသုံးစွဲတာက လူငယ်တွေကြားထဲ ပုံမှန်ဘဝလိုဖြစ်လာနေတယ်။ အုပ်ချုပ်သူတွေက ကမ္ဘာ့နံပတ်(၁) နေရာမှာ ဆက်ရှိနေဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေတဲ့အချိန်မှာ လူငယ်တွေကတော့ အပျော်အပါးနဲ့ လွတ်လပ်မှုကို အရမ်းခုံမင်လာကြတာ သိပ်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ဒီဗီဒီယိုတွေက ဆန်ဖရန်စစ္စကိုရဲ့ မူးယစ်ဈေးကွက်တစ်ခုကို မနှစ်ကနဲ့ ဒီနှစ်ရိုက်ထားတာပါ။ ဆန်ဖရန်ရဲတွေကတော့ ဒီဗီဒီယိုတွေကိုတွေ့ပြီး ရှင်းလင်းတာတွေ လုပ်ခဲ့ပေမယ့် ဈေးကွက်က ပျောက်မသွားပဲ နေရာရွှေ့ရုံလောက်ပဲ တတ်နိုင်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲ အဖြူချောင်းလေးရှူတဲ့ ပြကွက်တွေဟာ ရုပ်ရှင်သက်သက်မဟုတ်ပဲ အပြင်လောကမှာပါ ထမင်းစားရေသောက်ဖြစ်လာနေတာ ကြာရင် လူ့အရင်းအမြစ်အတွက် စိုးရိမ်စရာပါ။ သူများကိုသာ ပြောနေတာပါ။ ကိုယ့်နိုင်ငံမှာလည်း မနက် ၃ နာရီလောက် ဝေဇယန္တာလမ်းပေါ်ထွက်ကြည့်လိုက်ရင် မူးရူးပြီး လမ်းပေါ် အိပ်တဲ့လူအိပ်၊ အန်တဲ့လူအန်နဲ့ အစပျိုးနေပါပြီ။ ခုကတည်းက မရှင်းရင် ဒူတာတေးလို အမုန်းခံပြီးရှင်းရလိမ့်မယ်။ (ပိုင်စိုး)

နိုင်ငံရေးကုလားအုပ်များ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးကတည်းက ဒီအဆင်တွေ လာမယ်ဆိုတာ သိနေတာပါပဲ..... အဲ့ဒီတုန်းက မျက်နှာလေးမြင်ရရင
+1
နိုင်ငံရေးကုလားအုပ်များ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးကတည်းက ဒီအဆင်တွေ လာမယ်ဆိုတာ သိနေတာပါပဲ..... အဲ့ဒီတုန်းက မျက်နှာလေးမြင်ရရင် ကျေနပ်ပါပြီဆိုပြီး အခု အရှင်လတ်လတ် ဓာတ်ပုံထုတ်ပြတော့လည်း ဘယ်ကတည်းကပုံမှန်းမသိလို့ မယုံပါဘူးတဲ့..... ဟိုလိုပြပါ ဒီလိုပြပါ အမိန့်ပေးရအောင် သူတို့ကိုကြည့်တော့လည်း တောမရောက် တောင်မရောက် အဖွဲ့တွေ..... ဟိုကသနားလို့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းပေးတာကို မကျေနပ်ကြသေးဘူးတဲ့။ ခေါင်းလေးဝင်ပါရစေကနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးလာရင်တော့ ဝင်ပြီးသားခေါင်းပါ ပြန်ဆွဲထုတ်ခံရမှာ ဦးဝင်းမြင့်နဲ့တင် အမှတ်ရှိပုံမရဘူး။ ပြောသာပြောရတာပါလေ... ကလင်ဒါကျ ဖဘမှာ ဒေါ်လာရဖို့ တင်စရာခေါင်းစဉ်တစ်ခုထက်ပိုပြီး စိတ်မဝင်စားကြမှန်း အနီတွေအသိဆုံးဖြစ်မှာပါ.... (ပိုင်စိုး)

သမ္မတကြီးက သမ္မတအလုပ်လုပ်နေသလို တပ်ချုပ်ကြီးကလည်း တပ်ချုက်အလုပ် လုပ်နေကြလေရဲ့.... ၂၀၁၀ အတွဲအစပ်လိုပဲ ကြည့်ရမြင်ရတာ အားရှိလှပါ
သမ္မတကြီးက သမ္မတအလုပ်လုပ်နေသလို တပ်ချုပ်ကြီးကလည်း တပ်ချုက်အလုပ် လုပ်နေကြလေရဲ့.... ၂၀၁၀ အတွဲအစပ်လိုပဲ ကြည့်ရမြင်ရတာ အားရှိလှပါတယ်.... မြို့တွေထဲ လုံခြုံရေးယူပေးတဲ့အဖွဲ့တွေ တပ်တွေမှာပြန်လည်စုဖွဲ့နေတယ်လို့ကြားတယ်.... မကြာခင် ၈၈ တောကြောင်တွေ လုံးပါးပါးသလို PDF ဆိုတာလည်း ရေပေါ်အရုပ်ရေးရတော့မယ်ထင်ပါရဲ့.... EAO တွေအတွက်က မပူပေါင်.. သူတို့မနိုင်ရင် စားပွဲဝိုင်းလာထိုင်ကြမယ့်အမျိုးတွေချည်းပဲကို.... (ပိုင်စိုး)

ကဲ ဒေါ်အောင်ဆန်းစုကြည် မမြင်ရလို့ အသည်းအသန်စိုးရိမ်နေသူတွေရော ကမ်းပိန်းတွေလုပ်နေသူတွေရော စိတ်အေးချမ်းသာစွာ နေလို့ရပါပြီ။ ပြောသာပြောရတာ PDF ကျွန်မ မသိဘူးဆိုရင် အကုန်ရင်ခံကြဦးမယ်

Repost from MRTV News Channel
ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့် နေရာအား ပြောင်းလဲသတ်မှတ်

KNU စစ်ဦးကျိုးရာ ဝေါလေဗျူဟာ ------------------- (၂၇-၄-၂၀၂၆) မှတ်မှတ်ရရ KNLA အဖွဲ့တွေနဲ့ ပီဒက်ပူးပေါင်းအဖွဲ့တွေ ထီးထ နယ်စပ်စခန်းကို စတင် တိုက်ခိုက်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အေပြီ ၁၉ ရက်နေ့ပါ။ အဲ့ဒီနောက်ပိုင်း လူအင်အား လက်နက်အင်အားအသာနဲ့ နယ်စပ်စခန်းတွေကိုချည်းရွေးတိုက်ခဲ့တာ အပေါ်ပိုင်း လေးကေ့ကော်တို့ သေဘောဘိုးတို့ ကနေပြီး နောက်ဆုံး ဥကရစ်ထ အထိ သိမ်းနိုင်ခဲ့ပါတယ်။ သက်ရှိစည်းရိုး ရုပ်ရှင်ရိုက်ကူးတဲ့ ဥကရစ်ထ စခန်းကို ရသွားပြီးနောက်ပိုင်း ကျော်သက်လင်းတို့ ထိုင်းက မျိုးမစစ်အဖွဲ့တွေပါ အောင်ပွဲခံခဲ့ကြတာလည်း မှတ်မိနေတုန်းပါပဲ။ ဒါပေမယ့် KNLA ရဲ့ တိုက်နိုင်စွမ်းဟာ ကရင်ပြည်နယ်စပ်ရဲ့ နောက်ဆုံးခံတပ် ဝေါလေဗျူဟာမှာတော့ ရပ်တန့်သွားခဲ့ပါတယ်။ ရပ်တန့်သွားရတဲ့အကြောင်းအရာတွေထဲမှာ အပေါ်ပိုင်း မြဝတီနဲ့ ရွှေကုက္ကိုလ်တို့ဘက်ကို တပ်မတော်ရဲ့ အောင်ဇေယျစစ်ကြောင်း ပေါက်ထွက်လာနိုင်တာကြောင့် နောက်ကြောင်းမလုံတော့တာလည်း ပါသလို ဝေါလေရဲ့ တောင့်တင်းတဲ့ ခံစစ်ကြောင့်လည်း ပါပါတယ်။ မနေ့ကပဲ ဆိုရှယ်မီဒီယာတွေမှာ ဝေါလေဗျူဟာကို KNLA ဝင်သိမ်းနေပြီဆိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် လော်နေကြပြီး ဒီကနေ့မနက်ကျ မဲဆောက်ဆေးရုံကြီးမှာ သွေးလိုလို့ဆိုတဲ့ ပို့စ်တွေ တွေ့ရတော့ အပြောင်းအလဲမြန်လှချည်ရဲ့လို့တောင် ခနဲ့ချင်မိပါရဲ့။ မြေပြင်သတင်းတွေအရတော့ ရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာရလို့ ထိုင်းဘက်ဆေးရုံတွေမှာ တင်ထားရတယ်လို့ သိရပြီး စောအယ်စေးဝါးထိသွားတယ်လို့လည်း သတင်းသဲ့သဲ့ ကြားမိပါတယ်။ မြေပြင်အလောင်း ၁၅ လောင်းတောင် မဆွဲချနိုင်တော့လို့ ထားခဲ့ရတယ်ဆိုတော့ ထိခိုက်ကျဆုံးမှုက ဒီထက်များမယ်လို့လည်း ခန့်မှန်းရပါတယ်။ အရင်စခန်းတွေတုန်းက လွယ်လွယ်ကူကူတိုက်လို့ရခဲ့ပြီး ဒီဝေါလေမှ ဘာလို့ ခက်ခဲသွားရသလဲဆိုရင် လေကြောင်း၊ အမြောက် ပစ်ကူ စစ်ကူတွေကြောင့်လို့ ပြောလို့ရပေမယ့် အဓိကကတော့ တပ်မတော်သားတွေမှာ အောင်စိတ် ပြန်ဝင်သွားလို့ပါပဲ။ ဗန်းမော်မှာ KIA စစ်ဉီးကျိုးတယ်။ တောင်ခမ်းမှာ TNLA စစ်ဦးကျိုးတယ်။ နတ်ရေကန်စခန်းမှာ AA စစ်ဦးကျိုးတယ်။ အခု ‌ဝေါလေမှာ KNU စစ်ဦးကျိုးတယ်။ စစ်ဦးကျိုးတယ်ဆိုတာ တစ်ပွဲတည်း နောက်လန်ကျတာမျိုးကို ပြောတာမဟုတ်ဘူး။ အခေါက်ခေါက်အခါခါ တိုက်တိုင်းလန်ကျ/ အသေအပျောက်များ/ နှစ်နဲ့ချီပြီး ဒီစခန်းမှာ ရပ်တန့်သွားတာမျိုးကို ခေါ်တာပါ။ ဒီပုံအတိုင်းဆိုရင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ တာထွက်က ၁ လမပြည့်သေးဘူး၊ တော်တော် ကောင်းနေပြီလို့ ပြောလို့ရတယ်။ ဖလမ်းကို ပြန်ရတယ်၊ PDF တွေ အများအပြား အလင်းဝင်တယ်။ အခု KNU ကိုလည်း ခွေးပြေးဝက်ပြေး ပြေးရအောင် လုပ်ပြနိုင်တယ်။ EAO တွေအဖြစ်က ဘာနဲ့တူနေလဲဆိုတော့ စလော့ဂိမ်းဆော့နေကြတဲ့ ပြည်သူတွေလို လက်ရှိမှာ ရှုံးနိုင်မှန်းသိပေမယ့် အစပိုင်း အနိုင်ရခဲ့ဖူးတာလေးတွေကို အောက်မေ့ပြီး မရဲတရဲ လောင်းကြေးထိုးနေရသလိုပဲ။ ရပ်တန်းက မရပ်နိုင်ရင် နိုင်တဲ့ပိုက်ဆံတွေကုန်သွားမယ့်အပြင် သွေးက တဖြည်းဖြည်းကြီးလာတော့ အိမ်ပေါင်ရမယ့်အဖြစ်တွေ မြင်ယောင်နေတယ်။ လောလောဆယ်တော့ ကျော်သက်လင်းဆီက လက်ဖက်ထောင်းလေး သွားဝယ်စားမလို့ သွေးအလှူခံနေရတာနဲ့ သိပ်မအားလောက်ဘူးထင်ပါရဲ့။ (ပိုင်စိုး)

KNU စစ်ဦးကျိုးရာ ဝေါလေဗျူဟာ (ပိုင်စိုး)
KNU စစ်ဦးကျိုးရာ ဝေါလေဗျူဟာ (ပိုင်စိုး)

ရက် ၁၀၀ နဲ့ တပ်မတော်ခြေလှမ်း —————————- အခုတလော သတိထားမိသလားတော့မသိဘူး။ တပ်ဘက်က ဘယ်နားမှာတော့ဖြင့် ဘယ်လိုစုဖွဲ့နေပြီလို့ အနီတ
+2
ရက် ၁၀၀ နဲ့ တပ်မတော်ခြေလှမ်း —————————- အခုတလော သတိထားမိသလားတော့မသိဘူး။ တပ်ဘက်က ဘယ်နားမှာတော့ဖြင့် ဘယ်လိုစုဖွဲ့နေပြီလို့ အနီတွေ သတင်းတက်လာပြီးရင် သိပ်မကြာဘူး၊ တကယ် တပ်ဘက်ကို ပြန်ပေးလိုက်ရတာမျိုး ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဖလမ်းနဲ့ အမြောက်တကမ်းနေရာမှာ စုဖွဲ့နေပြီလို့ အနီတွေ သတင်းရတာ ရက်ပိုင်းပဲရှိဦးမယ်။ အခု ဖလမ်းကို ရသွားပြီ။ ဖလမ်းကိုပြန်ရခြင်းအားဖြင့် ချင်းပြည်နယ်တစ်ခုလုံးနဲ့ ရခိုင်ဘက်ကထွက်ပေါက်တစ်ခုကို ပြန်ပြီးခြိမ်းခြောက်သွားနိုင်ခဲ့ပြီ။ ရခိုင်ဘက်မှာ တလရသမားတွေ အစိုးရိမ်လွန်နေတဲ့ ဘယ်အချိန်ကမ်းတက်မလဲဆိုတာကတော့ ထွက်ပေါက်တွေ အကုန်ပိတ်ပြီးရင် လာပါလိမ့်မယ်။ ထွန်းမြတ်နိုင်အောက်ကို နှစ်နှစ်လောက်ထားလိုက်တာ ရခိုင်တွေလည်း လိမ်စောင်းကုန်ပြီဆိုတော့ ကယ်တင်ရှင်ကြီးတွေ ကမ်းတက်မယ့်အချိန်ကို မျှော်နေကြတယ်ထင့်ပါ့။ KNU တွေဘက်မှာလည်း သတင်းသဲ့သဲ့ကြားမိထားပါတယ်။ နာမည်ရှိပြီးသား EAO တွေကလည်း ရက် ၁၀၀ လေးခံသာနေလို့ မဗျင်းဘူး မထင်နဲ့နော်၊ NUG က အားလုံးကိုယ်စားဒိုင်ခံပြီးငြင်းထားတာမို့လို့ NUG စကားအတည်ယူပြီး ရက် ၁၀၀ မပြည့်ခင် လည်း ရောက်ချင်ရောက်လာနိုင်တယ်။ မေဆွိစကားနဲ့ မင်းကံကောင်းပါဇေ လို့သာ။ (ပိုင်စိုး)

အခေါ်အဝေါ်များနှင့် အရှိတရား ---------------- (၂၃-၄-၂၀၂၆) ဒီရက်ပိုင်းမှာ အမေရိကန်နဲ့ UK သံရုံးတွေက ဦးဝင်းမြင့်ကို သမ္မတဟောင်းလို့တောင် မခေါ်တော့ပဲ နိုင်ငံရေးသမားဦးဝင်းမြင့်လို့ သုံးနှုန်းလိုက်လို့ အနီတွေ လောင်နေကြပါတယ်။ သူတို့ လောင်မယ်ဆိုလည်း လောင်သင့်ပါတယ်။ US တို့ UK တို့လို နိုင်ငံကြီးတွေဆီက NUG ကို အခုလို ပစ်ပစ်ခါခါကြီး စာထွက်လာတော့ ရင်ထဲမှာ ပဒ္ဒါမြေလူး အရူးမီးဝိုင်းတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် အပူရုပ်ကို ဟန်လုပ်ပြီး လက်ရှိသမ္မတရဲ့ သတင်းတွေမှာသာ အာသာဖြေ ဆဲဆိုနေကြတာကိုလည်း တွေ့ပါရဲ့။ သူတို့ဘယ်လောက်ပဲ ငြင်းဆန်နေကြပါစေ၊ လက်ရှိ မြန်မာ့သမ္မတဟာ ဦးမင်းအောင်လှိုင်ဆိုတဲ့ အရှိတရားကတော့ မပြောင်းလဲသွားပါဘူး။ ဒီရက်ပိုင်းမှာတင် သမ္မတကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ ကိုယ်စားလှယ်တွေ အသီးသီးလာရောက် တွေ့ဆုံဂါရဝပြုကြသလို ကမ္ဘာ့ကျော် ရိုက်တာ သတင်းစာကတောင် ဦးမင်းအောင်လှိုင်ကို မြန်မာ့သမ္မတလို့ပဲ သုံးနှုန်းပါတယ်။ အင်တာနက်မှာ မြန်မာ့သမ္မတလို့ ရိုက်ရှာရင်လည်း ဦးမင်းအောင်လှိုင်ပဲ ကျလာမှာ ဖြစ်သလို သူဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့ဟာ နိုင်ငံရဲ့ ယန္တရားတွေကို ဦးဆောင်မောင်းနှင်နေပြီဆိုတာ အနီတွေ လက်ခံရခက်နေတဲ့ အရှိတရားတစ်ခုပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တော်လှန်ရေးသမားတွေ ထိပ်ဆုံးရောက်ခဲ့တဲ့ Peak ကာလ ၁၀၂၇ မှာတောင် NUG အနေနဲ့ တရားဝင်အစိုးရမဖြစ်နိုင်ခဲ့တာ အခုရွေးကောက်ပွဲကနေ တရားဝင် တက်လာတဲ့ ဒီအစိုးရကို ဘယ်လိုမှ ကျော်တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အနီတွေရဲ့ ပြဿနာဟာ အရှိတရားကို လက်ခံဖို့ ခဲယဉ်းနေတာပါ။ NLD မဲမသမာမှုဖြစ်တယ်ဆိုတာ လက်မခံဘူး၊ ပြန်စစ်ပေးဖို့လည်း လက်မခံဘူး၊ အာဏာထိမ်းတယ်၊ လက်မခံဘူး။ ‌ရွေးကောက်ပွဲလုပ်တယ်၊ လက်မခံဘူး။ သမ္မတအသစ်ဖြစ်လာတယ်၊ လက်မခံချင်ဘူး။ ဒါပေမယ့် ဒါတွေအားလုံးက အရှိတရားတွေပါပဲလေ။ ကမ္ဘာကတောင် လက်ခံထားတဲ့အရာဆိုတော့ နောက်ထပ် NUG ကို အသည်းခွဲမယ့် သတင်းတွေ ဆက်တိုက်လာဦးမှာပဲ။ အသင့်ပြင်ထားကြဖို့တော့ လိုပါလိမ့်မယ်။ (ပိုင်စိုး)

အခေါ်အဝေါ်များနှင့် အရှိတရား (ပိုင်စိုး)
အခေါ်အဝေါ်များနှင့် အရှိတရား (ပိုင်စိုး)

တိုက်ခိုက်မှ ရမှာလား ——————————————————- ရက်(၁၀၀) အတွင်း PDF တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ ကိုယ့်နိုင်ငံသားအချင်းချင်း အခုလို ဒုက္ခပင်လယ်တွေကြားထဲကနေ လွတ်မြောက်ဖို့သက်သက်ပါပဲ။ လောလောဆယ် ဖလမ်းကို ပြန်လည်သိမ်းယူဖို့ တပ်ဘက်က ပြန်လည်စုဖွဲ့နေတယ်လို့ သတင်းတွေ တက်လာတာတွေ့ရတယ်၊ ဒါကြောင့် ချင်းအဖွဲ့တွေကြားမှာ အနည်းငယ်တော့ တပ်လှန့်မှုတွေရှိပြီး AA ကိုအားကိုးဖို့ ကြံစည်နေတာကိုလည်း တွေ့ရပါတယ်။ ပြောချင်တာက တိုက်မှ ခိုက်မှ ဖြစ်ကြမှာလား၊ ဒီဖလမ်းကို ဘယ်လောက်ပဲ ကာကွယ်ကြပါစေ၊ တပ်ဘက်က တကယ်ထိုးစစ်ဆင်ရင် ဘယ် EAO မှ မခံနိုင်ဘူး။မိုးကုတ်တို့ သပိတ်ကျင်းတို့ လွိုင်ကော်တို့က သက်သေရှိတယ်ဆိုတော့ မကြာခင် ပြန်ရသွားမှာပဲ။ အဲ့ဒါဆိုရင် အသက်ပေးပြီး တိုက်ခိုက်ခဲ့ကြ၊ ဒုက္ခခံပြီး တောထဲနေခဲ့ကြတာ ဘာအဓိပ္ပာယ်ရှိသေးလဲ။ နိုင်ငံ့မျိုးဆက် လူငယ်တွေ ဆုံးရှုံးသွားကြတာပဲရှိတယ်။ ဒါကြောင့် မလွန်ခင် ငြိမ်းချမ်းရေးစကားပြောပြီး ညှိနှိုင်းကြဖို့ကို လောဆော်နေတာပါ။ လာခြင်းမလာခြင်းက ကိုယ့်သဘောပါပဲ။ ဖဘပေါ်က လော်ဘီတွေက ကျည်လွတ်ရာကနေ အော်နေတာ၊ တကယ် ရှေ့တန်းမှာ ဒုက္ခရောက်နေတာက ကိုယ်တိုင်ဆိုတော့ ဆုံးဖြတ်ကြပေါ့။ ပွဲကတော့ ပြီးသွားတာ ကြာပြီ။ (ပိုင်စိုး)

အစိုးရသစ်ရဲ့ ရက်(၁၀၀) စီမံကိန်း ------------------------- (၂၁-၄-၂၀၂၆) မနေ့ကလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ပထမအကြိမ်အစည်းအဝေးမှာ သမ္မတဦးမင်းအောင်လှိုင်က အစိုးရအသစ်ရဲ့ နောက်လာမယ့် ရက် ၁၀၀ အတွင်းဆောင်ရွက်သွားမယ့် အလုပ်တွေကို ချပြသွားပါတယ်။ ဒီ ၃ လအတွင်းမှာ အစိုးရသစ်အနေနဲ့ ကဏ္ဍတွေအများကြီး ဆောင်ရွက်ဖို့ ရှိနေပေမယ့် အဓိက ကဏ္ဍအနေနဲ့ ငြိမ်းချမ်းရေးကိစ္စကို လုပ်ဆောင်သွားမယ့်ပုံပါပဲ။ သမ္မတကြီးရဲ့ စကားအရ မငြိမ်းချမ်းရင် ကျန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဘာမှ လုပ်မရပဲ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမှာကြောင့် ၇ လပိုင်း ၃၁ ရက်နေ့နောက်ဆုံးထားပြီး NCA ထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရော အားလုံးနဲ့ တွေ့ဆုံသွားမယ်လို့ ပြောခဲ့ပြီး PDF တွေကိုလည်း ဒီကာလအတွင်းအလင်းဝင်ဖို့ ဖိတ်ခေါ်သွားတယ်။ အဲ့ဒီတော့ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်လက်ထက်မှာ ရတက်မအေးဖြစ်နေရတဲ့ EAO တွေအတွက် အသက်ရှုပေါက်တစ်ပေါက် ဖွင့်ပေးထားတာလို့လည်း မြင်မိပါတယ်။ ခြိမ်းခြောက်တာမဟုတ်ပေမယ့် ရခိုင်မှာ စစ်သင်္ဘောတွေဝန်းရံခံထားရလို့ ဘယ်နေ့ ကမ်းတက်မလဲဆိုတာ ရင်တမမဖြစ်နေရတဲ့အပြင် စစ်ကိုင်းထဲမှာလည်း စစ်ကြောင်းတွေ စုစည်းနေတယ်ဆိုတဲ့ သတင်းတွေကို အနီမီဒီယာတွေကိုယ်တိုင် တင်နေကြတယ်မဟုတ်လား။ ဖိတ်ခေါ်တယ်ဆိုတဲ့နေရာမှာ ၇ လပိုင်း ၃၁ ရက်နောက်ဆုံးထားပြီး နိုင်ငံတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်သွားမယ်လို့ ပြောခဲ့တဲ့အတွက် ဒါဟာ ရာဇသံတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယ အရေးကြီးဆုံးကဏ္ဍကိုတော့ ပညာရေးအတွက် အရေးပေးဆောင်ရွက်မယ့် သဘောရှိပါတယ်။ ဒီအစိုးရသက်တမ်းမှာ ပညာရေးအတွက် နိုင်ငံတော်ဘက်ဂျက် ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲသွားမယ်လို့ ပြောသွားပြီး တိုင်းပြည်အခုလို ပြည်တွင်းစစ်တွေ ဖြစ်နေတာဟာ လူငယ်တွေ ပညာရေးအားနည်းလို့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်ခဲ့ရတာကြောင့်လို့ လည်းပြောခဲ့ပါတယ်။ အနီတွေ ဆက်ဆက်ခါ နာနေတဲ့ စကားလုံးပေါ့။ ဒါက အင်မတန်မှန်တဲ့ စကားပါ။ ပညာရေးအားနည်းတော့ ဘယ်လမ်းစဉ်ကတော့ဖြင့် ဖြစ်နိုင်၏/ မဖြစ်နိုင်၏ ဆိုတာကို မတွေးနိုင်ဘူး။ အကျိုးဆက်တွေကို မတွေးနိုင်ဘူး။ စိတ်ကူးယဉ်ဆန်ဆန်နဲ့ နိုင်ငံရေးကို ဂိမ်းတစ်ခုကစားသလို ထင်နေကြတာကြောင့် နိုင်ငံရဲ့ အဖိုးတန် လူ့အရင်းအမြစ်တွေ မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံရေးရေချိန်ဆိုတဲ့ဆောင်းပါးမှာ ရေးခဲ့သလို ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ နိုင်ငံရေးနဲ့ပတ်သက်လာရင် ထိုင်းတွေလောက် မတွေးခေါ်နိုင်သေးပါဘူး။ နိုင်ငံရေးသမားတွေ ရိုက်သွင်းထားတဲ့ မှိုင်းတွေ၊ ‌False Hope တွေကို အမှန်ထင်ပြီး ဘေးက အမှားထောက်ပြရင်တောင် လက်မခံနိုင်တော့တဲ့အထိ တွေးခေါ်နိုင်မှု Level က နိမ့်ကျသွားပါတယ်။ ဟုတ်လားမဟုတ်လား ကိုယ့်ပတ်ဝန်းကျင်ကိုပဲကြည့်လိုက်ပါ။ ၂၀၂၁-၂၀၂၂ ဝန်းကျင်က ပန်ဆယ်လိုတို့ အရည်ကြိုတို့ ရဲ့ UN သင်္ဘောကြီး ဝင်လာပြီတို့၊ နေပြည်တော်ကို ဘယ်နေ့ D-Day တို့ဆိုတဲ့ Post တွေ အားပါးတရ ရှယ်ခဲ့ကြတဲ့ လူတွေ အများကြီးပဲ မဟုတ်လား။ အင်ဂျင်နီယာတို့ ဆရာဝန်တို့ပါ ပါပါသေးတယ်။ ဒါဟာ ပညာရေးအားနည်းမှုကြောင့် အတွေးအခေါ်တွေအားနည်းသွားတာပါ။ လူအားလုံး မဟုတ်ပေမယ့် လူညီရင် ဤ ကို ကျွဲလို့ဖတ်ကြမယ်ဆိုတဲ့ လူတွေများလာတဲ့အခါ အမှန်ကို တွေးနိုင်တဲ့လူတွေက နှုတ်ဆိတ်ပေးခဲ့ကြရလို့ အခုချိန်ထိ အမြင်မှန်မရနိုင်သူတွေရှိနေပါသေးတယ်။ ဒီရက် ၁၀၀ စီမံကိန်းထဲမှာ ကျန်ကဏ္ဍတွေကတော့ အများကြီးပဲ၊ ဖြစ်လာကာကျမှ ဖြစ်လာရော၊ ရက် ၁၀၀ အတွင်းမှာ အကုန်အပြီးလုပ်လို့ မရတဲ့ အရာတွေဆိုတော့ စတင်လည်ပတ်တယ်ဆိုရင်ပဲ ရပါပြီ။ အထူးစိတ်ဝင်စားတာက ငြိမ်းချမ်းရေးဆွေးနွေးမယ့်ကိစ္စပါပဲ။ ညှိနှိုင်းမှုအောင်မြင်သွားရင်ဖြင့် ကိုယ့်နိုင်ငံဖြစ်ချင်တဲ့ ဖယ်ဒရယ်စနစ်ကို သွားလို့ရမယ့် လမ်းကြောင်းအစဖြစ်ပြီး တစ်နိုင်ငံလုံးအေးချမ်းသွားမယ့် ကိစ္စမဟုတ်လား။EAO တွေအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို မျှမျှတတ ဆွေးနွေးကြဖို့ မျှော်လင့်မိပါတယ်။ (ပိုင်စိုး)

အစိုးရသစ်ရဲ့ ရက်(၁၀၀) စီမံကိန်း (ပိုင်စိုး)
အစိုးရသစ်ရဲ့ ရက်(၁၀၀) စီမံကိန်း (ပိုင်စိုး)

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ဆက်တွဲ ---------------- (၂၀-၄-၂၀၂၆) သမ္မတဟောင်း ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးလိုက်ကတည်းက နောက်ဆက်တွဲ တွေလာလိမ့်ဦးမယ်လို့ ထင်မိသား။ NUG တို့ မျိုးရန်နောင်သိမ်းတို့ ဦးဝင်းမြင့်ကို အချွန်နဲ့မပြီး အထဲပြန်ထည့်တာတွေကို မပြောပါဘူး။ လူထုဖိအားကြောင့် ဘာကြောင့်ဆိုပြီး အမှတ်ဝင်ယူနေတဲ့ ကျော်သက်လင်းတို့ကိုလည်း ထည့်မပြောဘူး။ အဓိကကတော့ ဦးဝင်းမြင့်နဲ့အတူ ပြစ်ဒဏ်ကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။ ထောင်ဒဏ်လျှော့ပေးခဲ့ပေမယ် ဦးဝင်းမြင့်နဲ့အတူမလွတ်လာခဲ့တော့ ထုံးစံအတိုင်း ကျန်းမာရေးကို အရမ်းစိတ်ပူပါတယ်ဆိုတဲ့ သတင်းတွေ အချိန်ကိုက် ပြန်တက်လာတာ ကြိုများရေးထားကြသလားလို့ တွေးမိတဲ့အထိပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတဟောင်း ဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုပြီး ထပ်မံကျန်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေပြန်လည် လွှတ်ပေးပါဦးလို့ စာထွက်လာခဲ့တယ်။ စာအရကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ကြီးရွယ်အိုနိုင်ငံရေးသမား တွေကိုလွှတ်ပေးမယ်ဆိုရင်တော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ပိုပြီး အကောင်အထည်ဖော်ရာရောက်မယ်လို့ ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်ခြင်း မလွှတ်ခြင်းဆိုတာက သူတို့ထောင်ထဲဝင်နေတဲ့အချိန်မှာ သူတို့မသိပဲ ဖွဲ့စည်းလိုက်တဲ့ NUG/CRPH အဖွဲ့ဝင်တွေရဲ့ အချိုးနဲ့ ဘေးတီးပေးမယ့် နိုင်ငံတွေရဲ့ စနက်တွေအပေါ် အများကြီး မူတည်ပါတယ်။ လက်ရှိ ဦးဝင်းမြင့်ကိုတောင် ဘယ်လိုဆန္ဒရှိလဲဆိုတာ တစ်ခွန်းမမေးပဲ အတင်းသမ္မတလို့ ကြေငြာပြီး ခေါင်းစဉ်တပ်နေတာရှိသလို နိုင်ငံတကာလွှတ်တော်အဖွဲ့ IPU ဆိုတာကလည်း ဇင်မာအောင်တို့ကို ပွဲတက်ခွင့်ပေးထားတာ ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြန်လွှတ်ပေးလိုက်ရင် အခုလို အခင်းအကျင်းမျိုးတွေ သေချာပေါက် ပေါ်လာဦးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က NUG /PDF ကို မသိပါဘူးလို့ ထွက်ဆိုထားခဲ့ပေမယ့် ဘေးတီးပေးမယ့်နိုင်ငံတွေရှိလာခဲ့ရင် NUG ကို သူကိုယ်တိုင်ညွှန်ကြားပြီးတည်ဆောက်ခဲ့တဲ့ ပုံစံမျိုး မလုပ်လာနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ သူက မလုပ်ရင်တောင် ရေငုံနှုတ်ပိတ်နေယုံနဲ့တင် နာမည်ပျက်ပြီး အခွံပဲကျန်တော့တဲ့ NUG ဟာ သူ့နာမည်နဲ့ နောက်တစ်ခေါက် လုပ်စားလို့ ထပ်ရသွားမှာပါ။ ဒါပေမယ့် NUG ကြိုးပမ်းနေတာက အရင်လို စစ်ရေးနဲ့ တစ်နိုင်ငံလုံးသိမ်းဖို့ ပြုဖို့ မဟုတ်တော့ပါဘူး။ စစ်ရေးဆိုတာကြီးကို EAO တွေနဲ့ Local PDF တွေလက်ထဲမှာပဲ ထားခဲ့ကြပါပြီ။ နိုင်ငံရေးအရ လက်ရှိအစိုးရနဲ့ စကားပြောခွင့်ရရေးလောက်ကိုပဲ အသည်းအသန် ကြိုးပမ်းနေရတဲ့ အခြေအနေမျိုးပါ။ လောလောဆယ် NUG ထဲမှာ အစိုးရနဲ့ စကားပြောနိုင်မယ့် Level မျိုး တစ်ယောက်မှ မရှိလို့ ဦးဝင်းမြင့်/ဒေါ်အောင်ဆန်းစုကြည်တို့လို သူတို့ကို အဖက်လုပ်စေမယ့် ခေါင်းဆောင်တစ်ယောက် အသည်းအသန်လိုအပ်နေပါတယ်။ ဦးဝင်းမြင့်ကသာ NUG ကို မသိပါဘူး လုပ်လိုက်ရင် ပွဲပြီးပြီဆိုပေမယ့် သူကလည်း ဘာသိဘာသာနေနေသလို ဘယ်မီဒီယာမှလည်း တက်မလာတော့ NUGဟာ လုပ်စားလို့ရနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်လည်း ဒီလိုပဲ မသိလိုက် မသိဘာသာနေဦးမှာပါ။ ဒါကြောင့်မို့လို့ ကိုယ့်နိုင်ငံအရေးကို ဂဃနဏ မသိတဲ့ ဘေးနိုင်ငံတွေအနေနဲ့လည်း မဖြစ်နိုင်တာတွေ မတောင်းဆိုကြပါနဲ့ဗျာ။ ဟိုက လွတ်ရင်လွတ်သလို မီးတွေ မွှေးပြီး တစ်ခါမွှေးရင် ဆယ်နှစ်လောက် ကြာတတ်လွန်းလို့ပါ။ (ပိုင်စိုး)

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ဆက်တွဲ (ပိုင်စိုး)
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ဆက်တွဲ (ပိုင်စိုး)

အမြင့်ဆုံးသော လွတ်ငြိမ်းချမ်းသာခွင့် သမ္မတဟောင်း ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးလိုက်တာဟာ အခုအစိုးရသစ်ရဲ့ ရဲတင်းတဲ့ ဆုံးဖြတ်ချက်
အမြင့်ဆုံးသော လွတ်ငြိမ်းချမ်းသာခွင့် သမ္မတဟောင်း ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးလိုက်တာဟာ အခုအစိုးရသစ်ရဲ့ ရဲတင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ... ဒါဟာ ဒီအစိုးရရဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ်ကို ခန့်မှန်းနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတစ်ခုလို့လည်း ပြောလို့ရတယ်.... အာဃာတတွေ မရှိတဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေးကို အသားပေးလုပ်ဆောင်သွားမယ့် သဘောပါပဲ.... ဦးဝင်းမြင့်ကို ရုပ်သေးသမ္မတလို့ပဲပြောပြော သမ္မတဖြစ်ခဲ့သူမို့ ဩဇာအထိုက်အလျောက်တော့ ရှိနေသူဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံရေးအခြေအနေအရ မြေစမ်းခရမ်းပျိုးချိန်မှာ ဒီလိုလွတ်ပေးတာဟာ အနည်းနဲ့အများ ပူပင်စရာလေးတွေတော့ ရှိမှာပေါ့... ဒါပေမယ့် reform ဆိုတာ ကောင်းတာရော ဆိုးတာပါ ရှိစမြဲမို့ အခု အစိုးရရဲ့ ငြိမ်းချမ်းရေးစိတ်အားထက်သန်မှုကို အဖျက်အမှောက်ကင်းစွာနဲ့ အောင်မြင်စေချင်မိတယ်...... ဒီဘက်က တစ်ထစ်လျှော့ချိန်မှာ ကျန်တဲ့ဘက်တွေကလည်း မလျှော့ရင်တောင် ထပ်မတင်းဖို့တော့လိုတာပေါ့ ။ (ပိုင်စိုး)

တလရသမားတွေကို အသည်းခွဲဦးမယ့်စာတစ်စောင် ဒီနေ့ရက်စွဲနဲ့ TNLA က သမ္မတသစ်ဖွဲ့စည်းတဲ့ အစိုးရကိုကြိုဆိုကြောင်း စာတစ်စောင်ထုတ်လာခဲ့တယ်... ဒါဟာ တရုတ်ဖိအားကြောင့် တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူရတာပါဆိုတဲ့စကားနဲ့ အနည်းငယ်လွဲနေသလိုပဲ... တကယ်က စစ်ဘောင်ကျယ်လာတာနဲ့အမျှ မြို့တွေမထိမ်းနိုင်တော့တာ၊တောင်ခမ်းမှာ စစ်ဦးကျိုးပြီး မိုးကုတ်မှာ တပ်ရဲ့ တိုက်စစ်ကိုမြင်လာရတာ၊ ခဲယမ်းထောက်ပံ့မယ့် ကိုးကန့် ၊ KIA တို့နဲ့ အဆင်မပြေတော့တာတွေကြောင့် တမင်ကို တပ်နဲ့စကားပြောဖို့ တရုတ်ကိုတောင်းဆိုခဲ့တာပါလို့ ရေးခဲ့ကြသားပဲ။ တားဘုန်းကျော်ရဲ့ ငိုချင်းတွေကြောင့် TNLA အပေါ် သက်သက်ညှာညှာတွေးပေးကြတဲ့ တလရအားပေးတွေကတော့ ယူကျုံးမရဖြစ်နေမှာပါ..... မြောက်သုံးကောင်မှာ နှစ်ကောင်ကတလိုချင်တာရပြီး ငြိမ်းချမ်းရေးစကားတွေ တွင်တွင်ပြောလာခဲ့ပြီဆိုတော့ ဒီအဖွဲ့တွေကို အားကိုးနေရတဲ့ တလရကြီးလည်း ပြီးသွားခဲ့ပြီပေါ့။ ဒီစာကိုရေးရတာက TNLA ကိုအပြစ်ပြောဖို့မဟုတ်ဘူး။ EAO တွေရဲ့ ထောင်မြင်ရာစွန့်တတ်တဲ့ အကျင့်စရိုက်တွေနဲ့ မြန်မာပြည်သူတွေနဲ့အဆုံးထိတသားတည်းရှိနေပါမယ်ဆိုပြီး ဂျင်းထည့်သွားတာကို ဟိုက်လိုက်ပြချင်တာပါ ။ အစိုးရအသစ်အနေနဲ့ အခု ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေနဲ့ ဘယ်လိုဆက်လက်ညှိနှိုင်းမလဲဆိုတာကို စိတ်ဝင်စားမိပါတယ်။ (ပိုင်စိုး)

တလရအဖွဲ့တွေကို အသည်းခွဲဦးမယ့်စာတစ်စောင်
တလရအဖွဲ့တွေကို အသည်းခွဲဦးမယ့်စာတစ်စောင်