fa
Feedback
ပိုင်စိုး

ပိုင်စိုး

رفتن به کانال در Telegram

နိုင်ငံရေး၊စစ်ရေး သုံးသပ်ချက်များ

نمایش بیشتر
4 509
مشترکین
-224 ساعت
-267 روز
-7730 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '260
در 0 کانال‌ها
اوت '26
+3
در 5 کانال‌ها
Get PRO
ژوئیه '26
+6
در 4 کانال‌ها
Get PRO
ژوئن '26
+4
در 2 کانال‌ها
Get PRO
مه '26
+6
در 4 کانال‌ها
Get PRO
آوریل '26
+4
در 4 کانال‌ها
Get PRO
مارس '26
+12
در 33 کانال‌ها
Get PRO
فوریه '26
+20
در 20 کانال‌ها
Get PRO
ژانویه '26
+30
در 41 کانال‌ها
Get PRO
دسامبر '25
+63
در 45 کانال‌ها
Get PRO
نوامبر '25
+56
در 50 کانال‌ها
Get PRO
اکتبر '25
+47
در 37 کانال‌ها
Get PRO
سپتامبر '25
+114
در 67 کانال‌ها
Get PRO
اوت '25
+597
در 66 کانال‌ها
Get PRO
ژوئیه '25
+55
در 36 کانال‌ها
Get PRO
ژوئن '25
+97
در 51 کانال‌ها
Get PRO
مه '25
+1 723
در 43 کانال‌ها
Get PRO
آوریل '25
+387
در 35 کانال‌ها
Get PRO
مارس '25
+3 041
در 40 کانال‌ها
Get PRO
فوریه '250
در 36 کانال‌ها
Get PRO
ژانویه '25
+14
در 39 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
04 سپتامبر0
03 سپتامبر0
02 سپتامبر0
01 سپتامبر0
پست‌های کانال
မေ့မထားသင့်တဲ့ သဘာဝဘေး ————————————- နီပေါ-တရုတ်နယ်စပ်မှာ ရုတ်တရက် ရေထိုးဆင်းလာလို့ ထရီရှူလီမြစ်ဘေးတစ်လျှောက်က ရွာတွေ ရောက်အောက်ရောက်ပြီး လူ‌ပေါင်း ထောင်နဲ့ချီပျောက်ဆုံးနေပါတယ်။ နိုင်ငံခြားသားခရီးသွားတွေပါ ပျောက်ဆုံးနေပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးထားပါတယ်။ ဖြစ်စဉ်ခန့်မှန်းချက်တွေကတော့ ၂၆ ရက်နေ့ မနက်ပိုင်းက ရေခဲတောင်တွေပေါ်မှာ လှုပ်ခဲ့တဲ့ ၄.၄ စကေးရှိတဲ့ ငလျင်ကြောင့် မြေပြိုမှုတွေဖြစ်ခဲ့ပြီး ပြိုကျခဲ့တဲ့ မြေတွေနဲ့ရေခဲတွေက မြစ်ကြောင်းပေါ်မှာ ပိတ်ဆို့ပြီး သဘာဝတမံဖြစ်သွားခဲ့တယ်။ ပုံမှန်စီးနေတဲ့ရေက တမံမှာ တဖြည်းဖြည်းစုရင်းကနေ ပမာဏများလာတဲ့အခါမှာ ဖိအားပြင်းပြင်းနဲ့ ပိတ်ဆို့နေတဲ့ မြေသားတွေကို ချိုးဖောက်စီးဆင်းခဲ့လို့ အခုလို ရုတ်တရက် ရေကြီးခြင်း flash flood ဖြစ်ရတယ်လို့ ကနဦးခန့်မှန်းကြပါတယ်။ ရေဘေးဒုက္ခတွေထဲမှာ အခုလို Flash flood တွေက ပြေးချိန်မရလို့ ရိုးရိုးရေတက်လာတာထက် ပိုပြီး အဆုံးအရှုံးများပါတယ်။ မြန်မာမှာလည်း လွန်ခဲ့တဲ့ နှစ်တွေက နေပြည်တော်မှာ ဒီလို ရုတ်တရက်ရေကြီးခဲ့ဖူးပါတယ်။ ရေကြီးလေ့ကြီးထ မရှိတဲ့နယ်မြေမို့ ပျက်စီးဆုံးရှုံးမှုများခဲ့သလို အရှိန်နဲ့ ဆင်းလာတဲ့ရေတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။ နေပြည်တော်ကတော့ ရှမ်းရိုးမပေါ်က သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေကြောင့် တောင်ပေါ်မြေတွေမိုးရွာတိုင်း ပြိုကျရာကနေ ချောင်းတွေကောပြီး နှစ်တိုင်း ရေမြုပ်တဲ့ ဒဏ်ကို ခံလာနေရပြီ။ နေပြည်တော်မှ မဟုတ်ပါဘူး၊ ရန်ကုန်၊ မန်းလေးတို့ မြို့ကြီးတွေအပြင် ပြင်ဦးလွင် လားရှိုးလို တောင်ပေါ်မြို့တွေပါ ရေကြီးနေတာက ရေနဲ့ ပက်သတ်ပြီး နိုင်ငံတော်အဆင့် ဖြေရှင်းဖို့ လိုလာပြီဆိုတာ ပြနေတယ်။ အဓိကကတော့ မြစ်တွေ၊ ချောင်းတွေ ကောလာတဲ့ ပြဿနာပါ။ မြစ်တွေချောင်းတွေရဲ့ အထက်ပိုင်းမှာ ရွှေမျောတွေ၊ မြေရှားတွေ ထုတ်ပြီးရင် ထွက်လာတဲ့မြေတွေကို မြစ်ထဲပဲပြန်မျောလိုက်တာတွေ၊ မြစ်ကမ်းပါးတွေ အခိုင်အမာမရှိတော့ ရေတိုက်စားပြီး မြေပြိုကျတာတွေကြောင့် မြစ်တွေက ကောတယ်။ မြစ်တွေကောတော့ အရင်က ရေမတက်တဲ့နေရာတွေပါ ရေရောက်လာတာပေါ့။ မြို့ထဲတွေ ရေကြီးတာကတော့ မိုးရွာချိန်မှာ မြောင်းတွေရေမဆင်းတဲ့ ပြဿနာပါ။ အမှိုက်တွေပိတ်ဆို့တာ၊ ရေမြောင်းတွေ စနစ်မကျတာအလုပ်မလုပ်တာတွေကြောင့် မိုးလေးနည်းနည်းလောက် များတာနဲ့ ရေကြီးကုန်ရော။ ဒါကျတော့ မြို့တော်ဝန်တွေ တိုင်း/ပြည်နယ်လွှတ်တော်အမတ်တွေဆီကို လူထုက တင်ပြပြီး စုပေါင်းအဖြေရှာဆောင်ရွက်ကြရင် ရပါတယ်။ ဥပမာ အဆိုတော် ယုန်လေးဦးဆောင် ပရဟိတအဖွဲ့နဲ့ ရန်ကုန်စည်ပင်နဲ့ ပေါင်းပြီး အမှိုက်ပုံကြီး ရှင်းနေကြသလိုမျိုးပေါ့။ နွေနဲ့ဆောင်းဆို ငြိမ်သွားပြီး မိုးရောက်လို့ ရေကြီးပြီဆိုတာနဲ့ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးတွေထိုးပြီး ညည်းငြူနေကြတာက အဖြေမဟုတ်ပါဘူး။ တစ်ယောက်ချင်းစီတိုင်းက အမှိုက်ပစ်တာလေးက စပြီး သစ်ပင်ခုတ်တာ၊ ရွှေတူးတာတွေအထိ နောက်ဆက်တွဲပြဿနာတွေကို သိဖို့လိုသလို ပူးပေါင်းကာကွယ်ဖို့လည်းလိုပါတယ်။ လမ်းတစ်လမ်းချင်း၊ ရပ်ကွက်တစ်ခုချင်း၊ မြို့နယ်တစ်ခုချင်းကနေ ပြည်နယ်အစိုးရတွေအထိ ချိတ်ဆက်ပူးပေါင်းလို့ တက်ညီလက်ညီဆောင်ရွက်ကြရင် အနည်းဆုံးတော့ မိုးရွာတာနဲ့ အိမ်ထဲလမ်းထဲ ရေဝင်တဲ့ ဒုက္ခကနေ လွတ်တာပေါ့။ အပေါ်က ဗီဒီယိုကြည့်မိတော့လည်း ပုရွက်ဆိတ်တွင်းကို ရေပိုက်နဲ့ ထိုးလိုက်သလိုပါပဲလားလို့ တွေးမိပါရဲ့။ သဘာဝဘေးဆိုတော့လည်း သံဝေဂ ရယုံမှ အပ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူးလေ။ (ပိုင်စိုး)

2
မေ့မထားသင့်တဲ့ သဘာဝဘေး
မေ့မထားသင့်တဲ့ သဘာဝဘေး
1 449
3
ထိုင်းတောင်ပိုင်းနဲ့ မြင်မိသမျှ ---------------- (၂၄-၈-၂၀၂၆) တနေ့က ထိုင်းတောင်ပိုင်း နေရာ ၅၁ ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဘယ်အဖွဲ့တွေ လုပ်ပါတယ်လို့ မပေါ်သေးပဲ ထိုင်းတောင်ပိုင်းအဖွဲ့တွေ စုပေါင်းလုပ်ကြတယ်ဆိုတဲ့ ခန့်မှန်းချက်တွေတော့ ရှိပါတယ်။ အခုပြဿနာဖြစ်နေတဲ့ ထိုင်းတောင်ပိုင်း ပတာနီ မလေးရှားနယ်စပ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက သမိုင်းကြောင်းပြဿနာတွေရှိခဲ့တယ်ဆိုပေမယ့် ၁၉၀၉ ခုနှစ်မှာ ဗြိတိန်က ထိုင်းလက်အောက်ကို တရားဝင်ထည့်ပေးခဲ့ပြီး ဒီနေ့ခေတ်မှာလည်း ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုးရေး/ ဘာသာရေးကို အကြောင်းပြလို့ ထိုင်းအစိုးရကို တော်လှန်ပြီး ပတာနီကိုယ်ပိုင်နယ်မြေ ထူထောင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပေါ်လာရာကနေ ထိုင်းမြေမှာ မငြိမ်းချမ်းတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။ နဂိုရ်ကလည်း ဆွန်နီမူဆလင်တွေ ကြီးစိုးတဲ့နေရာဖြစ်လို့ ထိုင်းဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်မှုတွေရှိနေခဲ့သလို လက်နက်ကိုင်တွေအတွက်ကလည်း ဘာသာတူတဲ့ မလေးရှားနိုင်ငံနယ်နိမိတ်ကို ခွထိုင်နေတာဖြစ်လို့ ထိုင်းအစိုးရအတွက် ဒီနေ့အထိ မငြိမ်းသက်နိုင်သေးတဲ့ ဖွဲမီးဖြစ်နေခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာတော့ ဒီလက်နက်ကိုင်အဖွဲ့တွေက ထိုင်းစစ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာကနေ ထိုင်းတောင်ပိုင်းပြဿနာကို လူသိများလာခဲ့ပါတယ်။ အာရှမှာ မြန်မာနဲ့ ထိုင်းရဲ့ တူညီတဲ့အချက်ကတော့ နှစ်နိုင်ငံလုံးမှာ မလက္ကာရေလက်ကြားကို ပြိုင်ဖိုက်နိုင်တဲ့ ကမ်းရိုးတမ်းတွေရှိနေပေမယ့် အကောင်အထည်ဖော်ဖို့ ခက်ခဲအောင် အမျိုးမျိုး နှောင့်ယှက်နေကြတဲ့ ပြည်တွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့တွေပါပဲ။ ထိုင်းရဲ့ ရနောင်း-ချွန်ဖွန်ကိုဖြတ်ပြီး ပင်လယ်ထွက်ပေါက် Landbridge လမ်းကြောင်းဖောက်မယ့် စီမံကိန်းဟာလည်း မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်းလိုပဲ အမျိုးမျိုးသော အနှောင့်အယှက်တွေရှိနေတဲ့အပြင် ဟိုဘက် ဒီဘက်ရေနက်ဆိပ်ကမ်းနှစ်ခုတည်ဆောက်မယ့် စားရိတ်၊ လူနေဧရိယာတွေ အများအပြား ရွှေ့ပြောင်းရမယ့်ဒုက္ခတွေကြောင့် လောလောဆယ် ရုရှားအကူအညီနဲ့ အကောင်အထည်ပေါ်လာမယ့် မြန်မာရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးပေါင်းဖို့ ဦးစားပေးလာတယ်လို့ မြင်ရတယ်။ မြန်မာကလည်း ဒီထားဝယ်ရေနက်ဆိပ်ကမ်းကြီးသာ ဖြစ်မြောက်ခဲ့ရင် ထိုင်း-လာအို-ကမ္ဘောဒီးယား-ဗီယက်နမ်-တရုတ် နိုင်ငံတို့အထိ လွယ်လွယ်ကူကူ ကုန်စည်စီးဆင်းနိုင်တယ်။ အဓိက ကတော့ မလက္ကာကို ဖြတ်ရမယ့် အချိန် သက်သာခြင်းနဲ့ ဒီမလက္ကာရေလက်ကြားတစ်ခုတည်းကို အားကိုးနေရတဲ့ ပထဝီဝင်အားနည်းချက်တစ်ခုကို လျှော့ချနိုင်တာပေါ့။ ဒါကြောင့် ထိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေ လိုအပ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခဲ့ရင် အကျိုးယုတ်မယ့်နိုင်ငံတွေတော့ သုံးလေးနိုင်ငံ ရှိနေတာပေါ့လေ။ အခု မြန်မာ-ထိုင်းက ပူးပေါင်းဆောင်ရွက်မယ်လို့ ဆွေးနွေးနေတုန်းရှိသေးတယ်။ ထိုင်းတောင်ပိုင်းမှာ ပညာပေး သွေးတိုးစမ်းလေးတွေ လုပ်လာတာက အခါတော်ပေးနိုင်ငံတွေကြောင့်လို့ သတ်မှတ်မယ်ဆိုရင်လည်း သတ်မှတ်နိုင်ပါတယ်။ မီဒီယာတွေကလည်း အချိန်ကိုက် ထိုင်းဝန်ကြီးချုပ် အနုတင်ကို မကျေနပ်လို့ လုပ်သယောင်ယောင် သတင်းနဲ့ဖွကြတယ်။ ဒါက အနုတင် မကဘူး ဘယ်သူ တက်လာလာ ဒီကလင်ဒါကျအတိုင်းသွားမှာပဲ။ ပတာနီနယ်မြေတွေကို ကိုယ်ပိုင်နိုင်ငံတစ်ခုဖြစ်လာ လိမ့်မယ်ဆိုတဲ့ ဆိုက်ကိုတစ်ခုထည့်ပေးထားပြီး လက်နက်ငွေကြေးထောက်ပံ့ထားလိုက်ရင် အနည်းဆုံး ဆယ်စုနှစ် သုံးလေးခုစာလောက် ထိုင်းကို အလုပ်ပေးထားလို့ရပြီလေ။ မြန်မာလက်နက်ကိုင် တော်လှန်ရေးသမားတွေကို မသိကျိုးကျွံပြုပေးခဲ့တဲ့၊ ထောက်ပို့တွေ လက်နက်စီးဆင်းမှုတွေ လွှတ်ပေးခဲ့တဲ့ အကုသိုလ်တွေ ပြန်အကျိုးပေးနေတာလို့ မပြောတော့ပါဘူး။ မြန်မာဘက်က ရခိုင်ပြည်နယ်တို့ ကရင်ပြည်နယ်တို့ကို သင်ခန်းစာယူ၊ ဆေးခါးတိုက်သင့်ရင် တိုက်၊ လက်နက်တွေ ထိမ်းသိန်းမရကာမှ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းနေရမယ် ခွန်ထိုင်းတို့ရေ။ (ပိုင်စိုး)
1 732
4
ထိုင်းတောင်ပိုင်းနဲ့ မြင်မိသမျှ (ပိုင်စိုး)
ထိုင်းတောင်ပိုင်းနဲ့ မြင်မိသမျှ (ပိုင်စိုး)
1 448
5
နိုင်ငံရေး တာဝေးပြေးလမ်း တာဝေးအပြေးပြိုင်ပွဲတစ်ခုမှာ တာထွက်ထက် သက်လုံကောင်းကောင်း ခြေလှမ်းမှန်မှန် ပြေးနိုင်ဖို့က ပိုပြီးအရေး+1
နိုင်ငံရေး တာဝေးပြေးလမ်း တာဝေးအပြေးပြိုင်ပွဲတစ်ခုမှာ တာထွက်ထက် သက်လုံကောင်းကောင်း ခြေလှမ်းမှန်မှန် ပြေးနိုင်ဖို့က ပိုပြီးအရေးကြီးတယ်။ တစ်ချို့လူတွေက တာထွက်မှာ ရှေ့ရောက်ချင်ဇောနဲ့ ရှိသမျှအားကို အကုန်သုံးပြီး ပြေးထွက်တဲ့အခါ ရှေ့တော့ ခဏရောက်သွားပါရဲ့။ ကိုယ့်ရဲ့ အရှိန်နဲ့ လုံလောက်တဲ့ သက်လုံမရှိနေတော့ ဟောဟဲဆိုက်ပြီး ဆက်မပြေးနိုင်တော့ဘူး။ နိုင်ငံရေးဆိုတာ တာဝေးပြိုင်ပွဲတစ်ခုလိုပဲ၊ လုံလောက်တဲ့ သက်လုံ၊ နည်းစနစ်နဲ့ အရေးအကြီးဆုံး ပန်းဝင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရတယ်။ လက်ရှိအစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးပြေးလမ်းပေါ်က အနေအထားအရ အခုအချိန်မှာ ပြိုင်ဘက်တွေလို့တောင် ပြောလို့မရတော့တဲ့ အနေအထား ဖြစ်ရလောက်အောင် ကွာခြားသွားခဲ့ပြီ။ ဒါဟာ အပေါ်ကပြောသလို သက်လုံ၊ နည်းစနစ် နဲ့ စိတ်ဓာတ်တွေ ကွာခြားသွားကြလို့ပဲ။ ဒီလိုဖြစ်ရတာကလည်း စကတည်းက ယဉ်သကို တိုင်းပြည်အတွက် စေတနာရှိကြလို့ တော်လှန်ခဲ့ကြတယ်ဆိုတာထက် ဖြစ်လာတဲ့အခြေအနေကို အသုံးချပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့လူက ပိုများခဲ့တာကြောင့် အခုလို တာဝေးပြေးလမ်းပေါ်ကနေ ထွက်ခဲ့ကြရတာပေါ့။ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိလို့ ဖျက်မြင်းပဲ လုပ်ကြတာပေါ့လေ။ (ပိုင်စိုး)
2 155
6
အာဆီယံကို ဗျာများစေမယ့်ခရီးစဉ် သမ္မတကြီးရဲ့ ဒီတစ်ခေါက် ရုရှားခရီးစဉ်ဟာ ဒေသတွင်းနိုင်ငံတွေအတွက်တော့ မူနေရမယ့်အချိန်ကုန်ပြီဆိုတ
အာဆီယံကို ဗျာများစေမယ့်ခရီးစဉ် သမ္မတကြီးရဲ့ ဒီတစ်ခေါက် ရုရှားခရီးစဉ်ဟာ ဒေသတွင်းနိုင်ငံတွေအတွက်တော့ မူနေရမယ့်အချိန်ကုန်ပြီဆိုတာ ခေါက်လိုက်တဲ့ အချက်ပေးခေါင်းလောင်းပဲ။ မြန်မာရေနက်ဆိပ်ကမ်းတွေ၊ သဘာဝဓာတ်ငွေ့သိုက်တွေသာ အပြည့်အဝထုတ်ယူသုံးစွဲနိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှမှာ မြန်မာကို ဘယ်နိုင်ငံမှ လိုက်မမှီမယ့်အကြောင်းကိုလည်း ရေးခဲ့ကြတာလည်း လက်အံသေနေပါပြီ။ အခုတော့ တကယ်လုပ်နိုင်မယ့်သူတွေနဲ့ တကယ်လုပ်ဖို့ စတင်နေကြပြီဆိုတော့ အာဆီယံထဲက နိုင်ငံတစ်ချို့လည်း သူ့ထက်ငါ အပြိုင် ဖိတ်ခေါ်နေကြလေရဲ့။ ဒီပုံအတိုင်းဆို အာဆီယံမှာ အနောက်ယိမ်းပြီး မြန်မာကို ဖိအားပေးမယ့်အဖွဲ့ရယ် ကိုယ့်နိုင်ငံအကျိုးကိုယ်ကြည့်ပြီး မြန်မာနဲ့ ပူးပေါင်းမယ့်အဖွဲ့ရယ် နှစ်ဖွဲ့ကွဲသွားတော့မှာပါ။ စကားမစပ် ဒီသတင်းအပေါ် အမျိုးသမီးတစ်ယောက်ကို အမည်မပေါ် လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်တဲ့သတင်းနဲ့ ဖုံးဖို့ကြိုးစားနေတာလည်း တွေ့မိပါတယ်။ အဲ့လိုကြိုးစားကာမှ ပဒက်တွေ အရင်က ရက်ရက်စက်စက်လုပ်ထားတဲ့ ဗီဒီယိုအဟောင်းတွေပါ ပြန်တင်လာကြတာ သူ့ရှူးသူပတ်တယ်လို့ပဲ မြင်မိတယ်။ (ပိုင်စိုး)
2 350
7
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှ
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်ပထမရက် ရုပ်သံမှတ်တမ်း Facebook YouTube TikTok X(Twitter) Telegram
2 705
8
လေလှိုင်းပေါ်မှ ငိုသံများ လက်နက်ကိုင်ပြီးတောင် လူသတ်ရဲ သေရဲတဲ့ ထိုင်းရောက် အမာခံတွေက သမ္မတကြီး မသွားခင်မှာ ဟိုလိုဆန္ဒပြမယ်၊ အ+1
လေလှိုင်းပေါ်မှ ငိုသံများ လက်နက်ကိုင်ပြီးတောင် လူသတ်ရဲ သေရဲတဲ့ ထိုင်းရောက် အမာခံတွေက သမ္မတကြီး မသွားခင်မှာ ဟိုလိုဆန္ဒပြမယ်၊ အကျီအမဲ ဝတ်မယ်၊ ICJ ပို့မယ် လို့ ကြုံးဝါးနေကြပေမယ့် တကယ်တမ်း သမ္မတကြီး ရောက်သွားချိန်မှာတော့ လှုပ်တောင် မလှုပ်ရဲဘူး။ ထိုင်းမှာရှိတဲ့ တလရ ထောက်ပို့တွေ နောက်ဆုံးကျတော့ တရားဝင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို လက်မခံချင်လည်း လက်ခံရတာပါပဲ။ ကိုယ်တောင် ဒီထိုင်းရဲလောက်ကို ကြောက်နေတယ်ဆိုရင် တောထဲက လက်နက်ကိုင်ထားတဲ့ ကလေးတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး အသေခံခိုင်းနေတာ တရားရဲ့လား ပြန်စဉ်းစားကြပေါ့။ ကကြိုးကကြောင်လုပ်မယ့်အဖွဲ့တွေ ထိုင်းရဲက ဘာမှ မလုပ်ရင်တောင် ထိုင်းမှာ ပဝေသဏီက နေလာကြတဲ့ ကောင်းရောင်းကောင်းဝယ်မြန်မာတွေက လက်သင့်ခံမယ်မထင်။ တရားဝင်သမ္မတတစ်ယောက်ရဲ့ နှုတ်ထွက်စကားက ဘယ်လောက်ထိ တာသွားမလဲဆိုတာ နားလည်ကြရင်ပေါ့လေ။ အဲ့ဒီတော့လည်း အွန်လိုင်းကမ်ပိန်းတို့ ဘာတို့လုပ်ပြီး လေလိုင်းပေါ်ကနေ ငိုကြပေါ့။ (ပိုင်စိုး)
3 038
9
အရှုံးထဲက အမြတ်များ ---------------- (၅-၈-၂၀၂၆) ပြီးခဲ့တဲ့ အပတ်တုန်းက တောင်ကြီးမြို့၊ အထက (၇) ကကပြည် အောက်က တပ်တွင်းကျောင်းတစ်ခုမှာ ကျောင်းအုပ်ဖြစ်တဲ့ အရာရှိ ပြောင်းရွှေ့သွားလို့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေက နှုတ်ဆက် ကန်တော့တာနဲ့ ပတ်သက်ပြီး အနီမီဒီယာတွေရော ဆယ်လီတွေရော CDM သမားတွေရော သူတို့လိုရာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အပုပ်ချနေတာ တွေ့မိပါတယ်။ သူတို့အဆိုအရ စစ်ဖိနပ်စီးထားသူကို ဆရာ/ဆရာမတွေက အစ ထိုင် ကန်တော့ရတယ်ပေါ့ဗျာ။ မီဒီယာအားကောင်းကောင်းနဲ့ ဒီဓာတ်ပုံတွေကို အသုံးချပြီး လော်လိုက်ကြတာ ဖြစ်ရိုးဖြစ်စဉ် ကျောင်းအုပ်ပြောင်းလို့ နှုတ်ဆက်ကန်တော့ပွဲကနေ နိုင်ငံတော် ပုန်ကန်မှုလောက် ကြီးသွားသလိုပဲ။ ကြားထဲ CDM သမားတွေကလည်း ဝင်ပြီး အာချောင်တယ်၊ သူတို့ CDM လုပ်ခဲ့တာ မှန်ပါတယ်ပေါ့။ နဂိုရ်ကမှ တပ်ယူနီဖောင်းမြင်ရင် ဘယ်တွေပဲ ကောင်းအောင်လုပ်နေပါစေ ပြောချင်ဆိုချင်ရပ်ကွက်ဆိုတော့လည်း ဝိုင်းပြီးဆွမ်းကြီး လောင်းကြတာပေါ့။ တပ်အတွက်ကတော့ မီဒီယာစာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရိုက်ခံလိုက်ရတာ အမှန်ပါပဲ။ တပ်မတော်ကျောင်းတွေရဲ့အစဉ်အလာတွေ၊ ကျောင်းအုပ်ကြီးတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စေတနာအနစ်နာတွေ အားလုံးကို လျစ်လျူရှုပြီး သူတို့ပုံဖော်ချင်တဲ့ စကားလုံးတွေနဲ့ ပုံဖော်ခွင့်ရကြတာကိုး။ ဒါပေမယ့် ဒီလို ထိုးနှက်မှုတွေကြောင့်လည်း တပ်မတော်သားကျောင်းအုပ်ကြီး တွေကို ချစ်ကြတဲ့ ကျောင်းသားတွေရဲ့ ရင်တွင်းခံစားချက်တွေနဲ့ အဖြစ်မှန်တွေ ပေါ်ပေါက်လာခဲ့ကြတယ်။ အခု ပြောင်းရွှေ့ကြတဲ့ ကျောင်းအုပ်ကြီးတွေဟာ ကျောင်းတွေမှာ ဆယ်စုနှစ်တစ်ခုစာလောက် သူတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အဆင့်မြှင့်တင်ခဲ့တာတွေ၊ ကျောင်းသားတွေကို သားသမီးသဖွယ် နွေးနွေးထွေးထွေး စောင့်ရှောက်ပညာသင်ပေးခဲ့တာတွေ တစ်ယောက်ပြီးတစ်ယောက် လိုင်းပေါ်မှာ တင်ပေးလာကြတယ်။ ကျောင်းသားတွေရော ဆရာတွေရော ဘယ်သူကမှ ပေးမပြောင်းချင်တဲ့အထိ ချစ်ကြတဲ့ ကျောင်းအုပ်တွေ တစ်နိုင်ငံလုံးမှာ မရှိဘူးလို့ မပြောပါဘူး။ ဒါပေမယ့် လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီလို ရှားပါးလှတဲ့ ကျောင်းအုပ်ကောင်းတွေထဲမှာ တပ်မတော်သားကျောင်းအုပ်တွေ ပါတယ်ဆိုတာကို ဒီပြဿနာတက်မှ ကျောင်းသားတွေရဲ့ ရင်ဖွင့်သံကတဆင့် ကြားခွင့်ရတာ တပ်မတော်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒါအမြတ်ပါပဲ။ အခု တက်နေတဲ့ ကျောင်းသားတွေသာမက သူတို့မွေးထုတ်ပေးလိုက်လို့ အထက်တန်းအောင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေကပါ နွေးထွေးတဲ့မှတ်ချက်တွေနဲ့ မီဒီယာတွေကို ပြန်လည်တိုက်ခိုက်နေတာ မြင်ရတော့ မေတ္တာရဲ့ အသွားအပြန်ကိုလည်း ခံစားမိပါတယ်။ ကြည့်မိသူတိုင်းလည်း မျက်ရည်ဝဲကြမယ်ထင်ပါရဲ့။ ကလေးတွေကို ကျောင်းမတက်နဲ့ကျောင်းထွက်လို့ ‌အော်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်/လက်နက်ကိုင်ဘဝရောက်အောင် တွန်းပို့ခဲ့ကြတဲ့ CDM ကျောင်းဆရာတွေက ဒီတပ်မတော်သား ကျောင်းအုပ်တွေကို ဝေဖန်ဖို့မပြောနဲ့၊ မော်ကြည့်ဖို့တောင် မထိုက်တန်ဘူး။ (ပိုင်စိုး)
3 270
10
အရှုံးထဲက အမြတ်များ (ပိုင်စိုး)
အရှုံးထဲက အမြတ်များ (ပိုင်စိုး)
1 974
11
အာဆီယံအတွက် Message တစ်စောင် ------------- (၄-၈-၂၀၂၆) မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ကိုယ်စားလှယ်ကို တွေ့ခွင့်ပေးခဲ့တဲ့အပေါ် ပွဲဆူနေကြတယ်။ အထူးသဖြင့် အနီတွေပေါ့။ သတင်းစထွက်တော့ ပုံကအတုပါဆိုပြီး ဖွကြသလို ICRC က အတည်ပြုပေးလိုက်တော့လည်း သူတို့ရဲ့ ဖိအားတွေ ကမ်ပိန်းတွေကြောင့် ထုတ်ပြရတာပါဆိုပြီး ဂုဏ်ဆာနေကြပြန်ပါတယ်။ တကယ်တော့ လက်ရှိအစိုးရအနေနဲ့ ဒီကမ်ပိန်းတွေကိုရော NUG ကိုရော ဘယ်ကြားမှ ညှပ်မထားတာ မသိရှာကြ။ လောလောလတ်လတ် အာဆီယံရဲ့ မူ(‌၅) ချက်ထဲမှာ တစ်ချက်ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေးဆိုတာကို ပါးပါးနပ်နပ် ကိုင်တွယ်လိုက်တာပါပဲ။ ပထမအချက်အနေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့လက်အောက်ခံဖြစ်မနေတဲ့အပြင် ကမ္ဘာကိုပါ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြတာ။ ဒုတိယအချက်က ICRC ရဲ့ အကျဉ်းထောင်/အကျဉ်းသားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တွေ့ဆုံတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ဆိုတာပါ ကမ္ဘာကို သတိပေးရာရောက်ပါတယ်။ အကျဉ်းသားဆိုပေမယ့် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်သိက္ခာအရ၊ သူမရဲ့ ဂုဏ်သိက္ခာအရ သာမန်အကျဉ်းသားတွေလို မထားပဲ ဧည့်‌ဂေဟာလို နေရာမျိုးမှာ ကောင်းကောင်းမွန်မွန်ထားရှိတယ်ဆိုတာ ကိတ်ခွဲနေတဲ့ ပုံကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီလို တွေ့ဆုံခွင့်ပေးလိုက်တာက မကြာခင် သမ္မတကြီး တရားဝင်ခရီးစဉ်သွားရောက်မယ့် ထိုင်းနိုင်ငံခရီးစဉ်မှာ အာဆီယံအကြောင်း ဆွေးနွေးခဲ့မယ်ဆိုရင် ကိုယ့်ဘက်က လုပ်ပေးနိုင်တာ လုပ်ပေးနေတယ်ဆိုတဲ့ သတင်းကို အာဆီယံကို ပေးလိုက်နိုင်မှာပါ။ ပဋိဉာဉ်ကို ချိုးဖောက်ပြီး ကိုယ့်နိုင်ငံပြည်တွင်းရေးကို ဝင်စွက်ဖက်မယ့် မူ(၅) ချက်ဟာ လိုက်လျောဖို့ အဆင်မပြေဘူး၊ ဒို့နိုင်ငံရဲ့ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ တောင်းဆိုချက်ဆိုရင်တော့ လိုက်လျောဖို့ အဆင်သင့်ပဲဆိုတဲ့ မက်စေ့ကို ပေးလိုက်တာပေါ့။ အနှစ်နှစ်အလလ “အမေ့ကျန်းမာရေးကို စိတ်ပူတယ်၊ ‌ေ- သ သွားပြီလား မသိဘူး” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဖဘပေါ် ပိုက်ဆံရှာနေကြတဲ့အဖွဲ့တွေကတော့ မပြတော့လည်း မပြလို့၊ ပြတော့လည်း ထုံးစံအတိုင်း မစားရ ဝမခန်း သူတို့အော်နေလို့ ထုတ်ပြရသလိုလို ရေးကြပြန်ပြီ။ ကိုယ့် အဆင့်လည်း ကိုယ်မသိကြတာ သနားစရာပါ။ (ပိုင်စိုး)
1 958
12
အာဆီယံအတွက် Message တစ်စောင် (ပိုင်စိုး)
အာဆီယံအတွက် Message တစ်စောင် (ပိုင်စိုး)
2 510
13
တောင့်တလွန်းတော့လည်း ကိုယ်ထင်ပြရတာပေါ့လေ။ အာဆီယံထက်အရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌+1
တောင့်တလွန်းတော့လည်း ကိုယ်ထင်ပြရတာပေါ့လေ။ အာဆီယံထက်အရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ ကို ပေးတွေ့တာတော့ ထူးတာပေါ့။
2 427
14
တရားဥပဒေစိုးမိုးမှုဆိုတာ အခုတလော နာမည်ကြီးနေတဲ့ DEMU လေအိတ်ရထားတွေပေါ်မှာ စည်းကမ်းမဲ့ စီးနှင်မှုကြောင့် အရေးယူရတာတွေ ရှိသလို
တရားဥပဒေစိုးမိုးမှုဆိုတာ အခုတလော နာမည်ကြီးနေတဲ့ DEMU လေအိတ်ရထားတွေပေါ်မှာ စည်းကမ်းမဲ့ စီးနှင်မှုကြောင့် အရေးယူရတာတွေ ရှိသလို ရထားကို ခဲနဲပေါက်တဲ့ အဖြစ်တွေလည်း တွေ့လာရတယ်။ အခုချိန်ထိတော့ ရထားရဲတွေဟာ ဖြစ်စဉ်ဖြစ်တာနဲ့ ချက်ခြင်းအရေးယူနိုင်တာတွေ့ရပြီး တစ်ချို့နေရာတွေမှာ ရထားရပ်ပြီး ချက်ခြင်းလိုက်ဖမ်းတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ရထားနဲ့ပတ်သက်ပြီး ဥပဒေတွေကို ပြည်သူလူထု ထဲထဲဝင်ဝင်သိနိုင်ဖို့ အသိပေးကြေငြာချက်တွေ လိုအပ်နေသေးတယ်။ ရထားပေါ်မှာပဲ ကြေငြာတာထက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာပေးလုပ်ငန်းတွေလုပ်ပြီး ကျူးလွန်သူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာမျိုးကို ထိထိရောက်ရောက် ပညာပေးဖို့လိုတယ်။ အခုဗီဒီယိုကတော့ အထူးသဖြင့် အိန္ဒိယမှာ လူတွေရဲ့ အလစ်အငိုက်ကို အခွင့်ကောင်းယူပြီး ဖုန်းတွေလုတာကို ရိုက်ထားကြတာ။ အရေးယူမှုမလုပ်နိုင်တော့ လူတိုင်းက ဒါကို လွယ်လွယ်ကူကူကျူးလွန်လာကြတယ်။ အမှုများလာလေ အစိုးရအနေနဲ့ကိုင်တွယ်ရခက်လေ ဖြစ်လာပြီး မိမိပစ္စည်း မိမိတာဝန် ပုံစံမျိုးဖြစ်လာတယ်။ ပတ်ဝန်းကျင်ရဲ့ ကိုယ်နဲ့မဆိုင်သလို နေတာကြောင့်လည်း ပါတာပေါ့။ ကိုယ့်နိုင်ငံမှာ အဲ့လိုမဖြစ်စေချင်ရင် ကိုယ်နဲ့မဆိုင်သလို မနေကြပါနဲ့။ (ပိုင်စိုး)
2 126
15
ခရီးသွားလုပ်ငန်းနဲ့ ဒေသခံစီးပွားရေး ------------- ၃၀-၇-၂၀၂၆ မနေ့က ဝါဆိုလပြည့်နေ့မှာ မိုးညှင်း သံဗုဒ္ဓေဘုရားကြီးဆီ ဘုရားဖူးတွေ ပြန်ဝင်လာလို့ ဘုရားမှာ နေထိုင်ကြတဲ့ ဒေသခံဈေးသည်တွေ၊ သုံးဘီးသမားတွေ ဝမ်းသာနေကြတယ်။ ဒါတောင် မုံရွာမြို့ခံတွေပဲ လပြည့်နေ့မှာ အရဲစွန့်ပြီး လာကြလို့ ဘုရားဖူးတွေ တွေ့ရတာပါ။ မုံရွာဆိုတာကလည်း အရင်ကတည်းက ရဲရဲတောက်တွေ များပြီး အကြမ်းဖက်တွေရဲ့ အမာခံရွာတွေ ပတ်လည်ဝိုင်းနေတဲ့နေရာဖြစ်လို့ မုံရွာပတ်လည် ဘယ်ပြည်သူမှ လွတ်လွတ်လပ်လပ် မသွားရဲ မလာရဲတာ ကြာပါပြီ။မုံရွာ ပတ်လည်က အလောင်းတော်ကဿပတို့ ဖိုလ်ဝင်တောင်တို့ဆိုရင်လည်း အကြမ်းဖက်တွေ သစ်ခိုးထုတ်လိုက် ရွှေခွာလိုက်လုပ်နေတာ ကြားကြမှာပါ။ ဘုရားဖူးမလာကြတော့ ဒီဘုရားဖူးတွေပေါ် အခြေတည်ထားတဲ့ စီးပွားရေးတွေ ပျက်ကုန်တာပေါ့၊ ပန်းရောင်းတဲ့သူကအစ စားသောက်ဆိုင်၊ ကယ်ရီသမားတွေ အဆုံး ဝင်ငွေမရှိတော့လို့ ဆိုင်တွေပိတ်ရ၊ ကြုံရာလုပ်ရနဲ့ ဘဝတွေ ခက်ခဲကုန်ကြတယ်။ ဒီနေရာမှာ NUG ဝါဒမှိုင်းမိနေကြတဲ့ အကြမ်းဖက်တွေရဲ့ လွဲမှားနေတဲ့ လော့ဂျစ်တစ်ခုက ကိုယ့်နိုင်ငံက မအေးချမ်းဘူးဆိုတဲ့ ပြယုဒ်ကို တစ်ကမ္ဘာလုံးကို ပြချင်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေရဲ့ ပုံရိပ်ကို ဖျက်ဆီးပြီး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဘာသာရေးပွဲတွေကိုပါ ပိတ်ပင်ဖို့ကြိုးစားတာပဲ။ ဘုရားဖူးသွားရင်/ ပျော်ပွဲရွှင်ပွဲသွားရင်/ လူတွေ ပျော်နေကြရင် သူတို့ရဲ့ တလရကြီး ကမ္ဘာက စိတ်မဝင်စားတော့မှာ စိုးရိမ်လို့ ပြန်ပေးဆွဲတာတွေ၊ အကြမ်းဖက်လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုခဲ့သလို ပြည်သူတွေကိုလည်း ပြစ်တင်ဆဲဆိုတာတွေ လုပ်ခဲ့ကြတယ်။ ဟိုတလောကပဲ ပုဂံ၊ ပုပ္ပါးဘက်ကို ခရီးသွားတွေ မလာကြတော့လို့ အဆင်မပြေဘူးလို့ ဒေသခံတွေ ငြီးငြူတာ တွေ့လိုက်ရတယ်၊ ပုဂံဆိုတာ ခရီးသွားတွေကို အားထားရတဲ့ မြို့မို့လို့ ခရီးသည်မလာတဲ့အခါ ဆိုင်တွေပိတ်ပြီး ဗိုက်မှောက်နေရမှာပေါ့။ ဒါပေမယ့် မ‌နေ့ကပဲ ပုပ္ပါးမှာ ခရီးသွား ၁၁ ယောက် ပြန်ပေးဆွဲသွားပြန်တယ်တဲ့၊ ပုဂံသွားတဲ့ ကားတစ်စီး အဆက်အသွယ်ပြတ်တယ်တဲ့။ တကယ်စိတ်မကောင်းဘူး။ ရွာခံတွေကိုယ်တိုင်က ဓားပြတွေဖြစ်ကုန်ရင် သေချာသလောက်က ပုဂံ/ပုပ္ပါးကို ပြည်သူတွေ Boycott ကြတော့မှာ။ ဒါဆိုရင် အဲ့ဒီက ဒေသခံတွေ အပြင် မျောက်တွေပါ ငတ်ကြတော့မယ့် အဖြစ်ပါ။ တစ်ချို့ကလည်း သွားကြတဲ့ ပြည်သူတွေကို အပြစ်တင်နေကြတာလည်း တွေ့ပါတယ်။ လူတိုင်းက ဒီအကြမ်းဖက်တွေရှိနေသေးလို့ အိမ်မှာပဲ နေကြမယ်၊ ဘယ်ခရီးမှ မထွက်ဖူးဆိုရင် အကြမ်းဖက်တွေလိုလားတဲ့ ကိုယ့်နိုင်ငံက မအေးချမ်းပါဘူးဆိုတဲ့ အကွက်ထဲရောက်သွားမှာဖြစ်သလို ခရီးသွားလုပ်ငန်းကို အားထားရတဲ့ ပြည်သူတွေအကုန် ဒုက္ခရောက်သွားမှာ ဖြစ်ပါတယ်။ အခုဆို နိုင်ငံခြားသားခရီးသွားတွေ တော်တော်များများ မြန်မာဟာ သူတို့ ကြားထားတဲ့သတင်းတွေနဲ့ မတူပဲ အေးချမ်းပါတယ်လို့ promote လုပ်နေချိန်မှာ နိုင်ငံတွင်းက ဝါဒမှိုင်းမိနေတဲ့ အကြမ်းဖက်တွေကတော့ ကိုယ့်ဒေသခံတွေ ခွက်စွဲရဖို့ ဓားပြတိုက်ပြ၊ ပြန်ပေးဆွဲပြနေကြတယ်။ လူတွေကတော့ ဒီနေရာ မသွားရရင် သွားလို့အဆင်ပြေတဲ့နေရာကို သွားကြမှာပဲ။ ကိုယ့်ဒေသ လူမစည်တော့တာ ကိုဗစ်တွေ ကိုစစ်တွေဆိုတာထက် ကိုယ့်မြို့ခံတွေရဲ့ ခံယူချက်အပေါ် အများကြီး မူတည်တယ်။ (ပိုင်စိုး)
2 612
16
ခရီးသွားလုပ်ငန်းနှင့် ဒေသခံစီးပွားရေး (ပိုင်စိုး)
ခရီးသွားလုပ်ငန်းနှင့် ဒေသခံစီးပွားရေး (ပိုင်စိုး)
2 365
17
အာကာသအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေသည့် မြန်မာအာကာသအေဂျင်စီ "အာကာသနည်းပညာဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူး၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ဂုဏ်သိက္ခာအတွက် မဖြစ်မနေ လုပ်ရမယ့်အလုပ်ဖြစ်လို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားရမှာပါ" ဒါဟာ မြန်မာနိုင်ငံရဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာကြောင့် မဖြစ်မနေ လုပ်ရလဲဆိုတာကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ရက်(၁၀၀) စီမံချက်အတွင်း မြန်မာအာကာသအေဂျင်စီက အကောင်အထည်ဖော်ခဲ့တဲ့ ဦးစားပေးအာကာသနည်းပညာစီမံကိန်းတွေကို အပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြပွဲ အခမ်းအနားမှာ သမ္မတက အခုလို ပြောကြားခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အာကာသအိပ်မက်က ဒီနေ့မှ စတာမဟုတ်ပါဘူး။ ယခင်ကတည်းက အာကာသနည်းပညာဆိုင်ရာ ပညာရှင်တွေ မွေးထုတ်ခဲ့သလို အခြေခံပြင်ဆင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုအနေနဲ့ စနစ်တကျ အကောင်အထည်ဖော်နိုင်တာကတော့ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှာ မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး တစ်နှစ်ကျော်အတွင်းမှာပဲ မြန်မာအာကာသအေဂျင်စီဟာ နိုင်ငံရဲ့ အာကာသနည်းပညာအခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်လာနိုင်ခဲ့ပါတယ်။ ရက်(၁၀၀) စီမံချက်အတွင်း အထင်ရှားဆုံး လုပ်ဆောင်ချက်ကတော့ Multi-Mission Operation Command and Control (MOCC) စနစ်နဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ကနေ ဂြိုဟ်တုလမ်းကြောင်းတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်၊ လမ်းကြောင်းကြိုတင်ခန့်မှန်းနိုင်မယ်၊ ဂြိုဟ်တုအချက်အလက်တွေကို လက်ခံရယူနိုင်မယ်၊ ဂြိုဟ်တုပုံရိပ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်မယ့် စွမ်းရည်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Digital Elevation Intelligence Platform (DEIP) နဲ့ ERS Application Platform ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဂြိုဟ်တုကရလာတဲ့ ဒေတာတွေကို AI နည်းပညာနဲ့ ပေါင်းစပ်အသုံးပြုပြီး စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်အောင် ဖော်ဆောင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကတော့ ဒီ ERS Application Platform ကို နောင်မှာ နိုင်ငံတော်အဆင့် Data-driven Decision Support Platform အဖြစ် ဆက်လက်တိုးချဲ့ဖော်ဆောင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရာမှာ ဒေတာအခြေခံ ဆုံးဖြတ်ချက်တွေ ချနိုင်မယ့် နည်းပညာစနစ်တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ နောက်ထပ် ရည်မှန်းချက်ကြီးတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Nano Satellite တွေ တည်ဆောက်နိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်းနည်းပညာတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အခြေခံနည်းပညာတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသလို အာကာသယာဉ်မှူးလောင်းတွေကိုလည်း ရွေးချယ်လေ့ကျင့်ပေးနေပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ အာကာသနည်းပညာဆိုတာ ဓာတ်ခွဲခန်းထဲက ပညာရပ်တစ်ခုတည်း မဟုတ်ဘဲ မျိုးဆက်သစ်လူငယ်တွေ စိတ်ဝင်စားလာဖို့လည်း လိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ အာကာသပြတိုက် ဖွင့်လှစ်ထားသလို ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ ခန့် ပါဝင်တဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနဲ့ ပိုစတာပြိုင်ပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ "ဒီလမ်းကြောင်းက မသွေဖည်ဘဲ တစ်စိုက်မတ်မတ် ဆက်လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။" ဒီစကားဟာ မြန်မာအာကာသအေဂျင်စီရဲ့ အနာဂတ်ခရီးလမ်းအတွက် နိုင်ငံတော်သမ္မတက ပေးလိုက်တဲ့ ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
2 388
18
အညာမြေရဲ့ လူသတ်ကောင်တွေ စစ်ကိုင်းကန့်ဘလူမှာ ရွာကိုကင်းစောင့်နေတဲ့ ရွာသားတစ်ယောက်ကို ပကဖ တစ်ယောက်က ရွာသားယောင်ဆောင်ပြီး ကွမ်းလ+1
အညာမြေရဲ့ လူသတ်ကောင်တွေ စစ်ကိုင်းကန့်ဘလူမှာ ရွာကိုကင်းစောင့်နေတဲ့ ရွာသားတစ်ယောက်ကို ပကဖ တစ်ယောက်က ရွာသားယောင်ဆောင်ပြီး ကွမ်းလာကျွေးသလိုလိုနဲ့ အတိုနဲ့ ပစ်သတ်သွားတယ်။ စစ်သား/စစ်စခန်းလိုမျိုးကို သွားလုပ်ခဲ့ရင်တောင် အဲ့ဒီပကဖအနေနဲ့ တလရ ရဲဘော်တွေကြား နာမည်ရနိုင်ပေမယ့် အခုဟာက ကိုယ့်ရွာကိုယ် ကင်းစောင့်နေတဲ့ ရွာသားတစ်ယောက်မို့လို့ မိန်းမလိုမိန်းမရ လုပ်ပြီး ဂုဏ်ဆာနေတယ်ဆိုပြီး ပြည်သူတွေ ဝိုင်းဆဲနေပါတယ်။ စစ်ကိုင်းနဲ့ မကွေးဘက်က တစ်ချို့မြို့တွေမှာ အခုချိန်ထိ ပြည်သူတွေ ဆိုင်ကယ်နှစ်ယောက်စီးခွင့်မရတာ၊ ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ်အစစ်ခံနေရတာ ဘာလို့လဲဆိုတာ တစ်ချို့ပြည်သူတွေ သဘောပေါက်ဖို့ လိုတယ်။ စစ်တိုက်နေတဲ့ စစ်သားတွေတောင် ဒီကောင်တွေလောက် သတ်ချင်ဖြတ်ချင်စိတ်မရှိဘူး။ ဒီလူသတ်ကောင်တွေရှိနေသရွေ့လည်း အညာဟာ အေးချမ်းမှာမဟုတ်ဘူး။ (ပိုင်စိုး)
2 202
19
ပျက်အစဉ် ပြင်ခဏ -------------------------- (၂၄-၇-၂၀၂၆) မြန်မာစကားပုံတစ်ခုရှိတယ်၊ ပျက်အစဉ်ပြင်ခဏတဲ့။ အဓိပ္ပာယ်က ပျက်နေတဲ့အရာကို ဒီအတိုင်းထားရင် ပျက်မြဲပျက်နေမှာဖြစ်ပေမယ့် ပြင်လိုက်မယ်ဆိုရင် ခဏနဲ့ ကောင်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကိုယ့်နိုင်ငံမှာ စနစ်တွေပျက်တာကို လူတွေက ထောက်ပြဝေဖန်ကြပေမယ့် လူတွေ ပျက်နေတာကိုတော့ တော်ရုံသတိမထားမိကြဘူး။ စနစ်တွေကောင်းခဲ့ရင်တောင် လူတွေပျက်နေကြရင် ဒုံရင်းပဲဖြစ်နေမှာ မဟုတ်လား။ မန္တလေး-မြစ်ကြီးနားလမ်းမှာ ရထားသံလမ်းမူလီတွေဖြုတ်ခိုးထားတယ်တဲ့၊ ကံကောင်းလို့ ကင်းလှည့်ရထား လမ်းချော်မှ သိရတာ။ တကယ့်ခရီးသည်တွေသာပါတဲ့ ရထားဆိုရင် လူတွေ ရာချီပြီး ဒုက္ခရောက်သွားနိုင်တယ်။ လေအိတ်ရထားမှာ အုပ်စုလိုက် ကွမ်းတွေစားပြီး ခုံတွေကို ထုံးတွေသုတ်တယ်တဲ့။ သွားနေတဲ့ ရထားကို ရွှံ့ဗွက်တွေနဲ့ ပေါက်တယ်တဲ့။ ဒါတွေကျတော့ စနစ်ပျက်တာထက် လူတွေကိုယ်၌က တွေးခေါ်နိုင်မှု Level တစ်ခုနိမ့်ကျနေသေးတာကို တွေ့ရတယ်။ အဲ့ဒီလို ပျက်နေတဲ့လူတွေကို လူအချင်းချင်းကသာ ထိန်းသိမ်းပြုပြင်ပြီး စနစ်ထဲရောက်အောင် ဆွဲခေါ်ရမယ်။ ဥပမာ ဆိုကြပါစို့။ မန္တလေးမှာ ဆိုင်ကယ်ရိုက်လုတဲ့ အမှုတွေပေါ့၊ ဆိုင်ကယ်ကောင်းကောင်းလေး စီးလာရင် ဆိုင်ကယ်ကို လဲအောင်လုပ်ပြီး လူကို ဒဏ်ရာရအောင်လုပ်မယ်၊ ပြီးမှ ဆိုင်ကယ်ကို လု၊ တစ်ခါတည်း တစစီဖြုတ်တဲ့ သတင်းတွေ ကြားကြမှာပါ။ ပြန်ရဖို့နေနေသာသာ လူမသေရင်တောင် ကံကောင်းလှပါပြီဆိုတဲ့အခြေအနေမျိုး။ ဘာလို့ ဒီအခြေအနေရောက်သလဲဆိုရင် မြို့ခံတွေ လက်ခံနေလို့ လို့ပဲ ဖြေရမှာပါ။ ဒါက ရဲတွေလုပ်ရမယ့်အလုပ်၊ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်နေကြတဲ့ လူတွေလည်း ရှိပါလိမ့်မယ်။ တကယ်ဆို ရဲဝန်ထမ်းအင်အားနဲ့ တာဝန်ယူထားရတဲ့ နယ်မြေအကျယ်အဝန်း အချိုးမညီတာရယ်၊ ဒီကာလမှာ လုံခြုံရေးအင်အားထုတ်နှုတ်ထားရတာတွေရယ်ကို ထည့်တွက်ကြည့်ရင် ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက် ကိုယ့်မြို့လုံဖို့ ကိုယ့်မှာလည်း တာဝန်ရှိတာကို မြင်လာပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့တွေဟာ အစိုးရဆီက ရရမယ်လို့ထင်တဲ့ လုံခြုံမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပညာရေးဝန်ဆောင်မှုတွေကို အပြည့်အဝမရရှိလို့ မြည်တွန်တောက်တီးနေတတ်ကြပေမယ့် တစ်ဦးချင်းစီက အစိုးရဆီ သွင်းရမယ့် အခွန်ဆိုတဲ့ တာဝန်ကိုတော့ မေ့လျော့နေကြပါတယ်။ အမေရိကန်လိုနိုင်ငံမှာ အစိုးရက ပေးတဲ့ ဝန်ဆောင်မှုမှန်သမျှဟာ နိုင်ငံသားတိုင်းရဲ့ အခွန်အခတွေကနေ ပြန်လာပါတယ်။ အခွန်ကြမ်းချက်ကတော့ ဝင်ငွေရဲ့ ပျှမ်းမျှ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိရှိပြီး ဆိုင်ထိုင်၊ ဈေးဝယ်ထွက်တာနဲ့ စားသောက်ခွန်တွေ ကလည်း ထပ်ပြီးပေးရပါတယ်။ ကိုယ့်နိုင်ငံမှာ အစိုးရဆီ အဲ့လောက် အခွန်အခ ပေးနေရပြီလား။ ကိုယ်ထိုင်သမျှ စားသောက်ဆိုင်တိုင်းမှာ တံဆိပ်ခေါင်းကပ်ပြီး စားသောက်ခွန်ဆောင်နေရပြီလား။ ကောက်ရမယ့်ဆိုင်တွေက အလုပ်ပိုလို့ ပျက်ကွက်ကြသလို ပေးရမယ့်လူတွေကလည်း ‌ပေးရကောင်းမှန်းမသိ ပျက်ကွက်ကြတယ်။ အစိုးရကို လုံလောက်အောင် မပံ့ပိုးနိုင်ရင် အစိုးရရဲ့ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေ ဘယ်လိုလုပ်ပြီး အပြည့်အဝရနိုင်မလဲ။ ဒီတော့ ကိုယ်တွေနိုင်ငံမှာ ပျက်နေတာက စနစ်မဟုတ်ဘူး။ လူတွေပါ။ မနေ့က ထုံးသုတ်တဲ့ အမျိုးသမီးတွေ ဒီနေ့ အရေးယူနိုင်အောင် ဗီဒီယိုနဲ့တကွ တိုင်တန်းတာမျိုး၊ ပခုက္ကူ ဓာတ်အားလိုင်းဖျက်ဆီးတာကို တစ်ရက်နဲ့ အပြီး ပြန်ပြင်နိုင်အောင် ဝန်ထမ်းတွေကို ကူညီပေးတာမျိုး များများဆောင်ရွက်ရင်း ပျက်နေတဲ့ လူတွေကို ပြင်သွားကြမယ်ဆိုရင် စနစ်တွေပြန်ကောင်းလာဖို့ အချိန်ခဏပဲကြာပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကောင်းအောင်နေပါ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ မကောင်းရင်လည်း ထုတ်ပြောဖို့ ဝန်မလေးပါနဲ့။ (ပိုင်စိုး)
2 505
20
ပျက်အစဉ် ပြင်ခဏ (ပိုင်စိုး)
ပျက်အစဉ် ပြင်ခဏ (ပိုင်စိုး)
2 543