fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار37 771دسته بندی مشخص نشده است
202
مشترکین
-124 ساعت
+27 روز
-430 روز
آرشیو پست ها
NOM
202
ညဉ့်နက်ပိုင်း ရထားပေါ်မှာ တဦးတည်း စီးနင်းလိုက်ပါခဲ့တဲ့ အမျိုးသမီးခရီးသည်ကို မွမ်ဘိုင်းရဲအရာရှိတဦးက ဘေးကင်းစေဖို့ စောင့်ရှောက်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေပါတယ်။ အဆိုပါ အရာရှိဟာ အမျိုးသမီးကိုလည်း တဦးတည်းသာ နေစေခဲ့ပြီး အနားကနေ ထိုင်ကာ စောင့်ရှောက်ပေးခဲ့တာတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မြင့်မားတဲ့ အိန္ဒိယမှာ အရာရှိရဲ့ ဒီစောင့်ရှောက်မှုအတွက်လည်း ချီးကျူးနေကြပါတယ်။ NOM

NOM
202
ဂါဇာမှာ နိုင်ငံတကာတပ်ဖွဲ့တွေ ဖြန့်ကြက်ထားဖို့ ထရမ့်ရဲ့ အဆိုပြုမှုကို ကုလသမဂ္ဂက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီအဆိုအတွက် ထောက်ခံ
ဂါဇာမှာ နိုင်ငံတကာတပ်ဖွဲ့တွေ ဖြန့်ကြက်ထားဖို့ ထရမ့်ရဲ့ အဆိုပြုမှုကို ကုလသမဂ္ဂက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီအဆိုအတွက် ထောက်ခံမဲ ၁၃ မဲရှိခဲ့ကာ ရုရှားနဲ့ တရုတ်တို့က ကြားနေမဲပေးခဲ့ပြီး ဗီတိုအာဏာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဂါဇာကို ကြွယ်၀ချမ်းသာစေပြီး အစ္စရေးကိုလည်း လုံခြုံစွာနေထိုင်နိုင်စေမယ့် ပတ်ဝန်းကျင်တခုဖြစ်လာစေမယ့် အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ကုလဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေ့ါဇ်က ပြောဆိုခဲ့ပါတယ်။ ဟားမတ်စ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုချက်၊ အခွင့်အရေးတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုခဲ့ပါတယ်။ အစီအစဉ်အရ အစ္စရေးနဲ့ အီဂျစ်၊ နယ်စပ်ဒေသတွေကို လုံခြုံစေဖို့၊ ဂါဇာဒေသမှာ ပါလက်စတိုင်းရဲတပ်ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာတည်ငြိမ်ရေးတပ်ဖွဲ့တခု ဖွဲ့စည်းဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ NOM

NOM
202
အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးတနိုင်ငံတည်းကိုသာ ရောင်းချထားတဲ့ F-35 တိုက်လေယာဉ်တွေကို ဆော်ဒီဆီ ရောင်းချမယ်လို့ ဒေါ်နယ်ထရမ့်
အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးတနိုင်ငံတည်းကိုသာ ရောင်းချထားတဲ့ F-35 တိုက်လေယာဉ်တွေကို ဆော်ဒီဆီ ရောင်းချမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ NOM

NOM
202
နိုဝင်ဘာ ၁၂ ရက်နေ့က ကျန်းစုပြည်နယ်က နာမည်ကျော် ရှေးဟောင်းဘုရားကျောင်း မီးလောင်မှုဟာ ခရီးသွားတဦးက အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ မဆင်မခြင် ပူဇော်မှုကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက အပြစ်တင်ခဲ့ပါတယ်။ ဘုံသုံးဆင့်ပါ ဘုရားကျောင်းတခုလုံး မီးဟုန်းဟုန်းတောက်က လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ NOM

NOM
202
ယူကရိန်းအတွက် Rafale ဖိုက်တာဂျက် အစင်း ၁၀၀ အထိ ပြင်သစ်က ထောက်ပံ့ပေးမယ့် သဘောတူစာချုပ်ကို နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့ပြီးနောက်
ယူကရိန်းအတွက် Rafale ဖိုက်တာဂျက် အစင်း ၁၀၀ အထိ ပြင်သစ်က ထောက်ပံ့ပေးမယ့် သဘောတူစာချုပ်ကို နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့ပြီးနောက် ပြင်သစ်ရဲ့ လက်ယာယိမ်းနိုင်ငံရေးသမား Nicolas Dupont-Aignan က သမ္မတ မာခရွန်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ Debout la France ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူက “ဒါက နောက်ထပ်မိုက်မဲမှုတခုပါ၊ သူ့ကို အာဏာကနေ ဖယ်ရှားဖို့ လိုအပ်ပါတယ်” လို့ X မှာ ရေးသားခဲ့ပါတယ်။ ဒီ လေယာဉ်ထုတ်လုပ်မှုတွေအတွက် ကုန်ကျမယ့် စရိတ်တွေဟာ ပြည်သူတွေရဲ့ ငွေကြေးတွေဖြစ်တယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။ NOM

NOM
202
ယူကရိန်းကို ငွေကြေးထောက်ပံ့ကူညီနေတာဟာ အရက်သမားတဦးအတွက် ဗော့ဒ်ကာတွေ ဝယ်ပေးနေတာနဲ့ အတူတူပဲလို့ ဟန်ဂေရီဝန်ကြီးချုပ်က ပြောဆိုလိုက
ယူကရိန်းကို ငွေကြေးထောက်ပံ့ကူညီနေတာဟာ အရက်သမားတဦးအတွက် ဗော့ဒ်ကာတွေ ဝယ်ပေးနေတာနဲ့ အတူတူပဲလို့ ဟန်ဂေရီဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ယူကရိန်းအပေါ် ကူညီနေမှုတွေကို ရပ်တန့်ဖို့အတွက် အစဉ်တစိုက် အလေးပေးပြောဆိုနေခဲ့တဲ့ ဟန်ဂေရီရဲ့ နောက်ဆုံးထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။ “အီးယူအကြီးအကဲ ဗွန်ဒါလေယန်ဆီကနေ စာတစောင် ဒီနေ့မှာ ကျနော် လက်ခံရရှိပါတယ်၊ ယူကရိန်းအတွက် ဘဏ္ဍာရေးထောက်ပံ့ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ငွေကြေးပိုမိုတောင်းခံတဲ့ အကြောင်းကြားစာပါ၊ ဒါက အံ့အားသင့်စရာပါပဲ၊ ဥရောပအခွန်ထမ်းတွေရဲ့ ငွေတွေကို ယူကရိန်းက ခိုးယူနေတာကို တားဆီးရမယ့်အစား ပိုပေးဖို့တောင်မှ လုပ်လာတာပါ၊ ဒါက အရက်သမားတဦးအတွက် ဗော့ဒ်ကာတွေ ဝယ်ပေးနေရတာနဲ့ အတူတူပါပဲ” လို့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
သီရိလင်္ကာနိုင်ငံ၊ Thirukkovil မှာ နိုင်ငံခြားသားခရီးသွားတဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသာ
သီရိလင်္ကာနိုင်ငံ၊ Thirukkovil မှာ နိုင်ငံခြားသားခရီးသွားတဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက်မှာ အထူးတပ်ဖွဲ့က ဖမ်းဆီးဖို့အတွက် တာဝန်ယူခဲ့ပြီး Kalmunai ဒေသမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့ အသွင်အပြင်ကို ပြောင်းလဲဖို့အတွက် ခေါင်းတုံးတုံးခဲ့ပြီး ရုပ်ဖျက်ခဲ့ကာ အိမ်တွေ ငှားရမ်းကာ ပြောင်းရွှေ့နေထိုင်ပြီး ရှောင်ပုန်းခဲ့ပေမယ့် မလွတ်ခဲ့ပါဘူး။ လက်ရှိမှာ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ NOM

NOM
202
ပြီးခဲ့တဲ့နှစ်ရက်က ဂျပန်လူမျိုးတွေဟာ ဂျပန်မြေပေါ်မှာ ဗလီတွေဆောက်လုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဂျပန်ဒိုင်ယက် (ဂျပန်အမျိုးသားဥပဒေပြုလွှတ်တော်) အဆောက်အအုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 📝 ဂျပန်နိုင်ငံသား အများအပြားဟာ နိုင်ငံတစ်ဝှမ်းက လက်ရှိဆောက်လုပ်ဆဲ ဗလီအရေအတွက်နဲ့ ဂျပန်လူ့အဖွဲ့အစည်းအတွင်း လူဦးရေ၊ ဘာသာရေးဟန်ချက်ညီမှုကို ဘယ်လိုအကျိုးသက်ရောက်လာနိုင်မလဲဆိုတဲ့အပေါ် အလွန်အမင်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ NOM

NOM
202
ဒီအဖြစ်အပျက်က သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသခံ အမျိုးသမားတဦးဟာ အလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသူ အမျိုးသမီးကို မြင်တွေ့ပြီးနောက် အမျိုးသမီးသွားရာနောက်ကို လိုက်ခဲ့ကာ လိင်ဆက်ဆံဖို့အတွက် ဆွဲဆောင်ခဲ့ပါတယ်။ အမျိုးသမီးဘက်က ငြင်းဆန်ခဲ့ပြီးနောက်မှာ သူက မဖွယ်မရာတွေ လုပ်ပြခဲ့ပါတော့တယ်။ သီရိလင်္ကာက လှပတဲ့နေရာတခုဖြစ်ပြီး ကြင်နာသဘောကောင်းတဲ့ လူတွေ ရှိပေမယ့် ဒီလိုတွေ ဖြစ်တတ်တယ်လို့လည်း အဆိုပါအမျိုးသမီးက သူမရဲ့ ဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ယူကရိန်းပဋိပက္ခကို ပိုမိုဆိုးရွားစေဖို့ ရည်ရွယ်တဲ့ EU ရဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ဟန်ဂေရီက တားဆီးသွားမယ်လို့ ဟန်ဂေရီနိုင်ငံ
ယူကရိန်းပဋိပက္ခကို ပိုမိုဆိုးရွားစေဖို့ ရည်ရွယ်တဲ့ EU ရဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ဟန်ဂေရီက တားဆီးသွားမယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ဂရိနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးဟာ သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ပြီး ဘာဂါတလုံးလုံးကို ဒီအတိုင်း မျိုချခဲ့ပြီးနေ
ဂရိနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးဟာ သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ပြီး ဘာဂါတလုံးလုံးကို ဒီအတိုင်း မျိုချခဲ့ပြီးနောက် အသက်လုကယ်တင်ပေးခဲ့ရပါတယ်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံမှာ အသက်ရှူစက်တပ်ဆင်ပေးရကာ ကိုယ်တွင်းက အရေးကြီးအင်္ဂါတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ သူငယ်ချင်းတွေနဲ့အတူ စားသောက်နေချိန်မှာ သူက နောက်ပြောင်ကျီစယ်ပြီးတော့ လုပ်ပြခဲ့ရာကနေ ၂ မိနစ်ကြာ အသက်ရှူရပ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ သူငယ်ချင်းက ဖွင့်ဟခဲ့ပါတယ်။ မျိုချခဲ့ပြီးနောက် တုန်လှုပ်နေခဲ့ပြီး စားပွဲဝိုင်းက ပြေးထွက်သွားပြီး ပြန်ထွေးထုတ်ဖို့ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ လဲကျသွားခဲတယ်လို့ သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။ NOM

NOM
202
နိုင်ငံတွင်းက ရေနံသိုက်အများစုကို အမေရိကန်အစိုးရဆီ ထိန်းချုပ်ခွင့်ပေးမယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ကမ်းလှမ်းခဲ့တယ်ဆိုပြီး
နိုင်ငံတွင်းက ရေနံသိုက်အများစုကို အမေရိကန်အစိုးရဆီ ထိန်းချုပ်ခွင့်ပေးမယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ကမ်းလှမ်းခဲ့တယ်ဆိုပြီး The New York Times က ရေးသားခဲ့ပါတယ်။ အမေရိကန်နဲ့ စစ်ရေးထိပ်တိုက်တွေ့မှုကို ရှောင်ရှားဖို့ မျှော်လင့်ချက်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပြီး ထရမ့်ဘက်ကတော့ ညှိနှိုင်းဖို့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့ကာ ကမ်းလှမ်းက စားပွဲပေါ်မှာ ရှိနေဆဲလို့လည်း ဆိုပါတယ်။ NOM

NOM
202
ဝေးလ်မှာ ရေတပ်သေနာပတိ အယောင်ဆောင်ပြီး အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမျိုးသားတဦး ဖမ်းဆီးခံလိုက်ရပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က ပြုလ
ဝေးလ်မှာ ရေတပ်သေနာပတိ အယောင်ဆောင်ပြီး အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမျိုးသားတဦး ဖမ်းဆီးခံလိုက်ရပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမကမ္ဘာစစ်အတွင်း ကျဆုံးစစ်သည်တွေ အောက်မေ့မှု အခမ်းအနားကို အဆိုပါအမျိုးသားက ရေတပ်သေနာပတိဝတ်စုံဝတ်ပြီး ခပ်တည်တည်နဲ့ ရောက်လာခဲ့တာပါ။ အသက် ၆၄ နှစ်အရွယ် Jonathan Carley ဆိုတဲ့ အမျိုးသားကြီးဟာ ဂုဏ်ပြုတံဆိပ်တွေကိုလည်း တပ်ဆင်ထားခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ ဝတ်ဆင်ခဲ့လို့ ဖမ်းဆီးခဲ့တယ်လို့ ဝေးလ်ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဥပဒေအရ ဒီလိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ ပေါင် ၁၀၀၀ အထိ ချမှတ်ခံရမှာလည်း ဖြစ်ပါတယ်။ သူ ဘာလို့ လုပ်ခဲ့လဲဆိုတာကိုလည်း မသိသေးဘဲ လာမယ့်လအတွင်း ရုံးတင်စစ်ဆေးမှသာ သိခွင့်ရမှာ ဖြစ်ပါတယ်။ NOM

NOM
202
ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဂျပန်က ဝင်ရောက်စွက်ဖက်ခဲ့မယ်ဆိုရင် ရစရာမရှိအောင် ရှုံးနိမ့်သွားလိမ့်မယ်လို့ တရုတ်က သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဂျပန်က ဝင်ရောက်စွက်ဖက်ခဲ့မယ်ဆိုရင် ရစရာမရှိအောင် ရှုံးနိမ့်သွားလိမ့်မယ်လို့ တရုတ်က သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောဆိုခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြား ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပြောဆိုမှုတွေကတဆင့် တင်းမာမှုတွေက စတင်ခဲ့တာပါ။ NOM

NOM
202
တရုတ်က ထိုင်၀မ်ကို တိုက်ခိုက်ခဲ့ပါက ဂျပန်ဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ တုံ့ပြန်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိခ
တရုတ်က ထိုင်၀မ်ကို တိုက်ခိုက်ခဲ့ပါက ဂျပန်ဟာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ တုံ့ပြန်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိချီရဲ့ ပြောဆိုမှုကြောင့် ဂျပန်ကို အလည်အပတ်မသွားဖို့ တရုတ်က နိုင်ငံသားတွေကို တိုက်တွန်းလိုက်ကာ ဂျပန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြောဆိုမှုပြီးတဲ့နောက်မှာ တရုတ်သံတမန်တဦးကလည်း ဂျပန်ဝန်ကြီးချုပ်ကို‌ ခေါင်းဖြတ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကာ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ နှစ်ဖက်စလုံးက ဒီပြောဆိုမှုတွေအပေါ်မှာ အပြင်းအထန်ကန့်ကွက်ခဲ့ပြီး ဖြေရှင်းချက်ပေးဖို့လည်း ကိုယ်စီတောင်းဆိုခဲ့ကြပါတယ်။ NOM

NOM
202
ယူကရိန်းနိုင်ငံသားတွေကို တိုင်းပြည်တွင်းက နှင်ထုတ်ဖို့အတွက် ထရမ့်အစိုးရက ပြင်ဆင်နေပြီလို့ ဝါရှင်တန်ပို့စ်က ဖော်ပြလိုက်ပါတယ်။
ယူကရိန်းနိုင်ငံသားတွေကို တိုင်းပြည်တွင်းက နှင်ထုတ်ဖို့အတွက် ထရမ့်အစိုးရက ပြင်ဆင်နေပြီလို့ ဝါရှင်တန်ပို့စ်က ဖော်ပြလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇယ်လင်စကီးရဲ့ အကြံပေးဖြစ်သူက “အမေရိကန်အနေနဲ့ သူတို့ ဆန္ဒရှိသလောက် နှင်ထုတ်နိုင်ပါတယ်၊ ကျနော်တို့က သူတို့အတွက် အကျိုးရှိမယ့် အသုံးချမှုကို ရှာဖွေနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
“တိုင်းတပါးကျွန်ဖြစ်ချင်တဲ့သူ ရှိရင် လက်မြှောက်ပါ” လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံတွင်းလူငယ်တွေကို ပြောဆိုလိုက်ပါတယ်။
“တိုင်းတပါးကျွန်ဖြစ်ချင်တဲ့သူ ရှိရင် လက်မြှောက်ပါ” လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံတွင်းလူငယ်တွေကို ပြောဆိုလိုက်ပါတယ်။ “ဖက်ဆစ်ဝါဒီတွေ နိုင်ငံရေးအာဏာကို ရယူသွားတာကို လိုချင်တယ်ဆိုရင် လက်မြှောက်ပါ” လို့လည်း သူက ထပ်မံပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်ခြိမ်းခြောက်မှုကို ရှုတ်ချပြီး လူငယ်တွေအနေနဲ့ တိုင်းပြည်ရဲ့ အချုပ်ခြာာအာဏာကို ကာကွယ်ဖို့အတွက်လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
202
ယူကရိန်းဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေကြားမှာ ဒေါ်လာ သန်း ၁၀၀ အဂတိလိုက်စားမှု အရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက် အီးယူဟာ
ယူကရိန်းဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေကြားမှာ ဒေါ်လာ သန်း ၁၀၀ အဂတိလိုက်စားမှု အရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက် အီးယူဟာ ကိယက်ဗ်အတွက် အနာဂတ်ငွေကြေးထောက်ပံ့ပေးမှုတွေအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ငွေကြေးထောက်ပံ့ပေးမှုတွေအတွက် ယုံကြည်စိတ်ချရမယ့် အနေအထားကို ရှာဖွေနေတယ်လို့ သိရပြီး စုံစမ်းစစ်ဆေးမှုတွေအရ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အဂတိလိုက်စားမှုဟာ စက်ဆုပ်စရာကောင်းတယ်လို့လည်း အီးယူအရာရှိတဦးက ပြောဆိုခဲ့တယ်လို့ Politico က ရေးသားခဲ့ပါတယ်။ NOM

NOM
202
တောင်အမေရိကအလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရစ်ဘီယာဒေသတွေမှာ အမေရိကန်ရဲ့ Operation SOUTHERN SPEAR စစ်ဆင်ရေးကို စတင်လိုက်ပြီလို့ U
တောင်အမေရိကအလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရစ်ဘီယာဒေသတွေမှာ အမေရိကန်ရဲ့ Operation SOUTHERN SPEAR စစ်ဆင်ရေးကို စတင်လိုက်ပြီလို့ United States Secretary of War Pete Hegseth က ပြောဆိုလိုက်ပါတယ်။ အဆိုပါစစ်ဆင်ရေးအတွက် အထူးဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့တခုလည်း ပါဝင်မယ်လို့ သူက ပြောဆိုခဲ့ကာ “ဇာတိမြေကို ကာကွယ်ဖို့၊ အမေရိကတိုက်ဘက်ခြမ်းက မူးယစ်ဆေးဝါးအကြမ်းဖက်သမားတွေကို ဖယ်ရှားကာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မူးယစ်ဆေးအန္တရာယ်ကနေ လုံခြုံစေဖို့နဲ့ ကာကွယ်ပေးဖို့ဖြစ်တယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ဗြိတိန်ဟာ အစိုးရရှေ့နေချုပ် Richard Hermer ရဲ့ အကြံပေးချက်အရ ကာရစ်ဘီယံဒေသအတွင်း သင်္ဘောတွေ လှုပ်ရှားသွားလာမှုတွေနဲ့ ပတ်သက်ပြီ
ဗြိတိန်ဟာ အစိုးရရှေ့နေချုပ် Richard Hermer ရဲ့ အကြံပေးချက်အရ ကာရစ်ဘီယံဒေသအတွင်း သင်္ဘောတွေ လှုပ်ရှားသွားလာမှုတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးသတင်းတွေကို အမေရိကန်အတွက် ပေးပို့နေတာတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ အမေရိကန်ရဲ့ ကာရစ်ဘီယံဒေသတွင်း တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှုက ဗြိတိန်ကို နိုင်ငံတကာတရားစွဲဆိုမှုတခု ဖြစ်လာနိုင်တာကို စိုးရိမ်နေတာကြောင့်လို့ သိရပါတယ်။ အစောပိုင်းမှာ ဗြိတိန်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လှေ၊ သင်္ဘောတွေရဲ့ အချက်အလက်တွေကို အမေရိကန်ဆီ မျှဝေနေခဲ့တာပါ။ ဒီနောက် နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ထောက်လှမ်းရေးသတင်း ပေးပို့မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ NOM