NOM
رفتن به کانال در Telegram
202
مشترکین
-124 ساعت
+27 روز
-430 روز
آرشیو پست ها
202
စစ်ပွဲအတွင်း ရုရှားအတွက် ကင်ညာတိုက်ခိုက်ရေးသမား ၂၀၀ ခန့် ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။ ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေ ပါဝင်နေတယ်လို့လည်း သိရပြီး တချို့ဟာ လှည့်စားခံခဲ့ရတယ်လို့လည်း ယူကရိန်းဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
NOM
202
နိုင်ငံရေးအင်အားစုတွေကြားမှာ လပေါင်းများစွာ အငြင်းပွားခဲ့ပြီးနောက် ဂျာမနီညွန်ပေါင်းအစိုးရဟာ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ဖို့အတွက် စစ်မှုထမ်းအစီအစဉ်သစ်တခုကို သဘောတူညီမှုရရှိသွားခဲ့ပါပြီ။
အသက် ၁၈ နှစ်အရွယ်က စတင်ကာ အမျိုးသားအားလုံးဟာ တာဝန်ထမ်းဆောင်ဖို့ သင့်တော်မှုရှိ၊ မရှိဆိုတဲ့ မေးခွန်းလွှာကို ဖြည့်စွက်ပြီး ၂၀၂၇ မှာ စတင်ပြီး ဆေးစစ်မှုတွေခံယူသွားရမှာပါ။ သူတို့ ရည်မှန်းထားတဲ့ အရေအတွက်ကို ၅ နှစ်အတွင်း ပြည့်မီအောင် လုပ်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။
ဒီအစီအစဉ်သစ်အတွက် လွှတ်တော်အမတ်တွေဟာ ဒီနှစ်ကုန်မှာ မဲပေးမယ်လို့လည်း သိရပါတယ်။
NOM
202
နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အီရန်ဟာ မိုးမရွာခဲ့ပါက တီဟီရန်မြို့ လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ မြို့တော်ရဲ့ ရေလှောင်ကန်တွေဟာ ၉ ရက်စာသာ သောက်သုံးရေ သိုလှောင်ထားနိုင်ပြီး မကြာခင် သောက်သုံးရေပြတ်လပ်တော့မှာလည်း ဖြစ်ပါတယ်။
အီရန်သမ္မတကလည်း အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ်ဆိုရင် အာဏာကုန်လွှဲအပ်ပေးမယ်လို့ လွှတ်တော်ကို ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့ အဓိက ရေကာတာ ၁၉ ခုဟာ မကြာခင် ခမ်းခြောက်တော့မယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
NOM
202
အကြမ်းဖက်တိုက်ခိုက်မှုလို့ အိန္ဒိယက သတ်မှတ်ခဲ့တဲ့ ဒေလီမြို့ရဲ့ နာမည်ကျော် ခံတပ်အနီးနားက ကားဗုံးပေါက်ကွဲမှုမှာ အသေခံကားဗုံးခွဲသမားက မြို့တွင်း ဝင်ရောက်လာတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ ပေါက်ကွဲမှုမဖြစ်ခင် Sidhant Sibal ရဲ့ ဒီရုပ်သံကို အာဏာပိုင်တွေက ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
ဒီအသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး ၉ ဦးသေဆုံးကာ ၂၀ ကျော်အထိ ဒဏ်ရာရရှိခဲ့ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ အိန္ဒိယက အပြင်းအထန်ပြစ်တင်ကာ အကြမ်းဖက်တိုက်ခိုက်မှုလို့လည်း သတ်မှတ်ခဲ့ပါတယ်။ ဒီကိစ္စအတွက် လက်တုံ့ပြန်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
NOM
202
ယူကရိန်းဟာ အီးယူက ကူညီထောက်ပံ့ပေးတဲ့ ငွေကြေးတွေကို ရွှေအိမ်သာတွေ ဖန်တီးကာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတပုဒ်ကို ကိုးကားပြီး ဟန်ဂေရီဝန်ကြီးချုပ် Peter Szijjarto က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ဥရောပပြည်သူတွေရဲ့ ငွေတွေကို ယူကရိန်းဆီ ပေးပို့မှုကို ရပ်တန့်ဖို့အတွက်လည်း သူက တောင်းဆိုခဲ့ပြီး ဟန်ဂေရီပြည်သူတွေရဲ့ ငွေကြေးတွေ ယူကရိန်းဆီ မရောက်စေရဘူးလို့လည်း ကတိပေးခဲ့ပါတယ်။
NOM
202
ယူကရိန်းစွမ်းအင်ကဏ္ဍမှာ အဂတိလိုက်စားမှုဆိုင်ရာ အဓိက စုံစမ်းစစ်ဆေးမှုတခု အပြီး စွမ်းအင်နဲ့ တရားရေးဝန်ကြီးတွေ ရာထူးကနေ နုတ်ထွက်လိုက်ရပါတယ်။ သမ္မတ ဇယ်လင်စကီးက စွမ်းအင်ဝန်ကြီးနဲ့ တရားရေးဝန်ကြီးတို့ကို ရာထူးကနေ ထွက်ပေးဖို့ မနေ့က တောင်းဆိုခဲ့တာပါ။
ကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ စွမ်းအင်စီမံကိန်းတခုမှာ အလွဲသုံးစားလုပ်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတွေက စွပ်စွဲခဲ့တာပါ။ အရှုပ်တော်ပုံမှာ ပါဝင်ခဲ့သူတချို့ဟာ ဇယ်လင်စကီးနဲ့ နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် အရင်က ပတ်သက်ခဲ့ဖူးသူတွေလို့ ဆိုပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့ ခံတပ်တွေ ဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေဆီကနေ ငွေပေးချေမှုတွေကို လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။ စွပ်စွဲခံရမှုမှာ ပါဝင်တဲ့ ဒုဝန်ကြီးချုပ်ဟောင်း Chernyshov ကတော့ နိုင်ငံတွင်းက ထွက်ပြေးသွားတယ်လို့ သိရကာ သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် သူ ဥပဒေမချိုးဖောက်ခဲ့ဘဲ စွပ်စွဲမှုတွေကို ခုခံကာကွယ်မယ်လို့ ရေးသားထားပါတယ်။
NOM
202
၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းက အီတလီနိုင်ငံသားတွေဟာ ဘော့စနီးယားပြည်တွင်းစစ်ပွဲအတွင်းကို သွားခဲ့ပြီးနောက် အခြားသော နိုင်ငံခြားသားတွေနဲ့အတူ အရပ်သားတွေကို အပျော်တမ်း သေနတ်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အီတလီအစိုးရရှေ့နေရုံးက စုံစမ်းမှုတွေ စတင်လိုက်ပါပြီဖြစ်ပါတယ်။
နိုင်ငံခြားသားတွေဟာ ဝိုင်းရံခံထားရတဲ့ ဆာရာယေဗိုမြို့က အရပ်သားတွေကို အပျော်တမ်းပစ်ခတ်ဖို့အတွက် ငွေကြေးအများအပြားပေးချေကာ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ ဒီတိုင်ကြားမှုကို သတင်းထောက်နဲ့ စာရေးဆရာ Ezio Gavazzeni က တင်သွင်းခဲ့တာဖြစ်ပြီး လူချမ်းသာတွေရဲ့ လူသားအမဲလိုက်ပွဲလို့ သူက ပြောဆိုခဲ့ပါတယ်။
ဒီလူတွေဟာ ဆာ့ဘ်တပ်ဖွဲ့တွေဆီကနေ လက်နက်တွေ ရယူခဲ့ကြပြီး အမျိုးသမား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် မတူညီတဲ့ စျေးနှုန်းတွေပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ၄ နှစ်ကျော်ကြာ ဝိုင်းရံခံရမှုအတွင်း ဆာရာယေဗိုမှာ အရပ်သား တသောင်းကျော်အထိ သေဆုံးခဲ့ကာ လူသားအမဲလိုက်မှုနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကတည်းက စွပ်စွဲခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ အီတလီက စတင်စုံစမ်းလိုက်တာဖြစ်ပါတယ်။
NOM
202
စီချွမ်ပြည်နယ်မှာ တည်ဆောက်ထားတဲ့ ၇၅၈ မီတာရှိတဲ့ Hongqi တံတားဟာ ဖွင့်လှစ်ပြီး တလအကြာမှာပဲ တောင်စောင်းပြိုကျရာကနေ မြေပြိုကျပြီးနောက် တစိတ်တပိုင်း ကျိုးကျသွားခဲ့ပါတယ်။
NOM
202
ကာရစ်ဘီယံပင်လယ်အတွင်း အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး ရောက်လာပြီးနောက် ဗင်နီဇွဲလားကလည်း စစ်ဘက်ဝန်ထမ်း၊ လက်နက်တွေနဲ့ ပစ္စည်းကိရိယာတွေကို စုဆောင်းမှု စတင်နေပြီလို့ ကြေညာလိုက်ပါတယ်။
ကြည်း၊ရေ၊လေ အရန်တပ်ဖွဲ့တွေကို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်စေနေပြီလို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ကာ ဝါရှင်တန်ရဲ့ အင်ပါယာချဲ့ထွင်ဖို့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ တပ်ဖြန့်ချထားတဲ့အကြောင်းကို ဖွင့်ဟလိုက်တာပါ။
ဒီ စုဆောင်းမှုတွေထဲမှာဆိုရင် ဘိုလီဗားရီးယန်းစစ်သည်တွေလည်း ပါဝင်မယ်လို့ သိရကာ နှစ်နိုင်ငံကြားတင်းမာမှုတွေက ပြင်းထန်သထက် ပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။
NOM
202
တူရကီအစိုးရရှေ့နေတွေဟာ လူကြိုက်များတဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu ကို အဂတိလိုက်စားမှုပေါင်း ၁၄၂ မှုနဲ့ စွပ်စွဲလိုက်ပြီး ထောင်ဒဏ် နှစ်ပေါင်း ၂၀၀၀ ကျော်အထိ ချမှတ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။
လက်ရှိသမ္မတ အာဒိုဂန်ရဲ့ အဓိကနိုင်ငံရေးပြိုင်ဘက်လို့ သတ်မှတ်ခံထားရတဲ့ Imamoglu ကို အဂတိလိုက်စားမှု သံသယနဲ့ မတ်လကတည်းက ထိန်းသိမ်းထားခဲ့တာပါ။ မြို့တော်ဝန်နဲ့ သူ့ရဲ့ အတိုက်အခံပါတီ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီကတော့ အမှားမလုပ်ထားဘူးလို့ တုံ့ပြန်ခဲ့ပြီး အာဒိုဂန်ရဲ့ လူကြိုက်များမှု ကျဆင်းလာတာကို တုံ့ပြန်ချင်လို့ ဖြိုခွင်းနေတာလို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
မကြာခင်မှာ ရုံးတင်စစ်ဆေးမယ်လို့ သိရပြီး အစိုးရရှေ့နေတွေကတော့ မြို့တော်ဝန်ဟာ လူပေါင်း ၄၀၀ ကျော်ပါဝင်တဲ့ ရာဇဝတ်မှုဆိုင်ရာ အဂတိလိုက်စားမှု ကွန်ရက်ကို ဦးဆောင်လည်ပတ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
NOM
202
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်နေမှုတွေကို ချေမှုန်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံးစစ်သင်္ဘော USS Gerald R Ford ကို အဓိကအားပြုတဲ့ ကန်ရေတပ် တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ကာရစ်ဘီယံကို ရောက်ရှိသွားခဲ့ပြီလို့ ကန်ရေတပ်က အတည်ပြုလိုက်ပါတယ်။
ဗင်နီဇွဲလားနဲ့ တင်းမာမှုတွေ တော်တော်လေးပြင်းထန်နေချိန်မှာပဲ အမေရိကန်ဘက်က ထပ်မံပြီး အင်အားဖြည့်တင်းခဲ့တာပါ။ အမေရိကန်ဟာ ကာရစ်ဘီယံနဲ့ အရှေ့ပစိဖိတ်ဒေသတွေမှာ လှေတွေကို အနည်းဆုံး ၁၉ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၇၆ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
NOM
202
ကာရစ်ဘီယံအတွင်းမှာ သင်္ဘောတွေ၊ လှေတွေကို ဖောက်ခွဲတိုက်ခိုက်နေမှုတွေကို အမေရိကန်ဘက်က မရပ်တန့်မချင်း ဝါရှင်တန်နဲ့ ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ကိုလံဘီယာက ကြေညာလိုက်ပါတယ်။
NOM
202
ပါကစ္စတန်၊ အစ္စလာမ္မာဘတ်တရားရုံးအပြင်ဘက်မှာ ဒီနေ့ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ဘယ်လိုပေါက်ကွဲမှုလဲဆိုတာ မရှင်းလင်းသေးဘဲ စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
NOM
202
ရုရှားရဲ့ Federal Security Service ဟာ ယူကရိန်းထောက်လှမ်းရေးအတွက် ဗြိတိန်ဦးဆောင်တဲ့ MiG-31 တိုက်လေယာဉ် ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
FSB ရဲ့ အဆိုအရ အဆိုပါတိုက်လေယာဉ်ကို ရိုမေနီးယားမှာ ရှိတဲ့ နေတိုးရဲ့ အကြီးဆုံးလေတပ်စခန်းအတွက် အသုံးပြုဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒီပြန်ပေးဆွဲဖို့ ကြံစည်ရာမှာ Bellingcat (နယ်သာလန်အခြေစိုက် အချက်အလက်စစ်ဆေးခြင်းနဲ့ စုံစမ်းထောက်လှမ်းရေးသတင်းစာအဖွဲ့အစည်း) ဝန်ထမ်းတဦး ပါဝင်ပတ်သက်နေပြီး ပစ်မှတ်ထားခံရတဲ့ ရုရှားလေယာဉ်မှူးကို စစ်ရေးအကြံဉာဏ်ပေးမှုအတွက် ငွေကြေးပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ လေယာဉ်မှူးက ငြင်းဆိုခဲ့ပြီးနောက်မှာ ဒေါ်လာ ၃ သန်းနဲ့ အနောက်တိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမယ်ဆိုပြီး ထပ်မံစည်းရုံးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းရဲ့ ဒီလုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက်မှာ ရုရှားက လက်တုံ့ပြန်တဲ့အနေနဲ့ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို အသုံးပြုကာ Brovary က ယူကရိန်းထောက်လှမ်းရေးဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို F-16 တိုက်လေယာဉ်တွေ အခြေစိုက်ရာ Starokonstantinov လေယာဉ်ကွင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
NOM
202
၂၀၁၄ တုန်းက ဂါဇာမှာ ဟားမတ်စ်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ လက်ဖတင်နင် Hadar Goldin ရဲ့ ရုပ်အလောင်းကို ၁၁ နှစ်ကြာအပြီးမှာ ပြန်လည်လက်ခံရရှိခဲ့တယ်လို့ အစ္စရေးက အတည်ပြုလိုက်ပါတယ်။ သေဆုံးချိန်မှာ သူက ၂၃ နှစ်သာ ရှိသေးတာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဟားမတ်စ်က သူတို့ သိမ်းဆည်းထားတဲ့ Goldin ရဲ့ ရုပ်အလောင်းကို လွှဲပေးလိုက်တာပါ။ အခုအခါမှာတော့ အစ္စရေးက Goldin ကို အစဉ်အလာအတိုင်း မြုပ်နှံနိုင်တော့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
202
အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ဆီးရီးယားသမ္မတတို့ တွေ့ဆုံပြီးနောက် ဆီးရီးယားဟာ IS တွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အိမ်ဖြူတော်ဆီ ဆီးရီးယားသမ္မတရောက်ရှိခဲ့မှုဟာ သူတို့နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်တဦးက ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းမှုက ခေတ်သစ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သမ္မတ အယ်လ်ရှာရာက ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အယ်လ်ရှာရာကို အဆိုပါစာရင်းကနေ ပယ်ဖျက်ပေးထားပြီးလည်း ဖြစ်ပါတယ်။
NOM
202
ပြင်သစ်သမ္မတဟောင်း ဆာကိုဇီဟာ ထောင်ကျပြီး ၃ ပတ်အကြာမှာပဲ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ BBC ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီဆီကနေ ငွေကြေးလက်ခံရယူခဲ့ပြီး ရာဇဝတ်မှုပူးပေါင်းကြံစည်မှုကြောင့် ထောင်ဒဏ် ၅ နှစ် သူက ချမှတ်ခံခဲ့ရတာပါ။
ဆာကိုဇီရဲ့ ရှေ့နေအဖွဲ့က သူ့ကို လွှတ်ပေးဖို့အတွက် တောင်းဆိုချက်တခုကို တင်သွင်းခဲ့ပြီး အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် သူဟာ တင်းကျပ်တဲ့ တရားစီရင်ရေးကြီးကြပ်မှုအောက်မှာ နေထိုင်ရမှာဖြစ်ပြီး နောက်နှစ်အတွင်းမှာ လုပ်မယ့် အယူခံရုံးတင်သွင်းမှု မတိုင်ခင် ပြင်သစ်ကနေ ထွက်ခွာခွင့်ရမှာမဟုတ်ပါဘူး။
ထောင်ကလွတ်လာပြီးနောက် ဆာကိုဇီက “ ကျနော်အပြစ်ကင်းတယ်ဆိုတာကို သက်သေပြဖို့ တခုတည်းသော ရည်မှန်းချက်ပဲရှိပါတယ်”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပြီး အမှန်တရားက အောင်ပွဲခံနိုင်ပါလိမ့်မယ်လို့လည်း ပါရှိခဲ့ပါတယ်။
NOM
202
"Goddess Of Wealth" ဆိုတဲ့ နာမည်နဲ့ ဇိမ်ခံဘ၀ကို နေထိုင်နေတဲ့ တရုတ်အမျိုးသမီးတဦးဟာ Bitcoin တွေ လိမ်လည်မှုအတွက် ဗြိတိန်မှာ ထောင်ဒဏ်ချမှတ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး Zhimin Qian ဟာ ဒေါ်လာ ၆ ဘီလျံတန်ဖိုးရှိတဲ့ လိမ်လည်မှုကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
၂၀၁၈ မှာ စာရွက်စာတမ်းအတုတွေနဲ့ တရုတ်ကနေ ထွက်ပြေးလာခဲ့ပြီး ငွေမည်းတွေကို ခဝါချဖို့ ကြိုးစားခဲ့တယ်လို့် အစိုးရရှေ့နေတွေက ဆိုပါတယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင် သူမဟာ ထောင် ၁၄ နှစ်အထိ ချမှတ်ခံရမှာပါ။
သူမရဲ့ ပိုင်ဆိုင်မှုစုစုပေါင်း ယူရို ၁၁ သန်းကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းလိုက်ပြီး ငွေသား၊ ရွှေနဲ့ crypto တွေ ပါဝင်ပါတယ်။ သူမဟာ ၂၀၁၄ ကနေ ၂၀၁၇ အတွင်း တရုတ်မှာ လူပေါင်း တသိန်းသုံးသောင်းနီးပါးကို လိမ်လည်ခဲ့ပြီး တရားမဝင်ရရှိလာတဲ့ ငွေကြေးတွေကို Bitcoin ပိုင်ဆိုင်မှုတွေထဲ ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
NOM
202
၂၀၂၄ အတွင်းက Jalan Masjid India မြေကျွံကျမှုအကြောင်းရင်းမှန်ကို အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပြီး ၂ ပတ်အကြာမှာပဲ ကွာလာလမ်ပူမှာ နောက်ထပ် အပေါက်ကြီးတခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ဝတ်ရတနာဆိုင်တခုရှေ့မှာ ဖြစ်ခဲ့တာပါ။ အဆိုပါနေရာကို သွားလာမှု ပိတ်ပင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ မြို့လယ်ခေါင်က မြေအောက်အခြေခံ အဆောက်အအုံဟောင်းရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
NOM
202
ကန်အထက်လွှတ်တော်က ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေဟာ ဖက်ဒရယ်အစိုးရရဲ့ ရပ်နားထားတဲ့ အစိုးရလုပ်ငန်းဆောင်တာတွေကို ပြန်လည်စတင်မယ့် ဥပဒေကြမ်းတခုအတွက် သဘောတူညီမှုရရှိခဲ့ကာ နာရီပိုင်းအတွင်း မဲခွဲဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ ထရမ့်ကလည်း မကြာခင်မှာ အစိုးရ shutdown ပြုလုပ်ထားမှုက အဆုံးသတ်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
NOM
