fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار38 251دسته بندی مشخص نشده است
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
NOM
201
Repost from News Of Myanmar
🚨 Breaking အီရတ်နိုင်ငံတွင် အမေရိကန်စစ်တပ်မှ လောင်စာဖြည့်လေယာဉ်တစ်စီးပျက်ကျ၊ လေယာဉ်အမှုထမ်းခြောက်ဦးလုံးသေဆုံး အမေရိကန် ဗဟိုစ
🚨 Breaking အီရတ်နိုင်ငံတွင် အမေရိကန်စစ်တပ်မှ လောင်စာဖြည့်လေယာဉ်တစ်စီးပျက်ကျ၊ လေယာဉ်အမှုထမ်းခြောက်ဦးလုံးသေဆုံး အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်- အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ၎င်းတို့၏ ကေစီ-၁၃၅ (KC-135) ဝေဟင်သုံး လောင်စာဖြည့်လေယာဉ်တစ်စီး အီရတ်နိုင်ငံတွင် ပျက်ကျခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အဆိုပါလေယာဉ်သည် အခြားလေယာဉ်တစ်စီးနှင့် မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျန်လေယာဉ်တစ်စီးမှာမူ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရတ်လက်နက်ကိုင်အဖွဲ့များ၏ ပြောကြားချက်- PMU နှင့် ဆက်နွှယ်နေသော အီရတ်မီဒီယာများကမူ အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ "မတော်တဆမှု" ဆိုသော ပြောကြားချက်ကို ငြင်းဆိုထားပြီး အဆိုပါ ကေစီ-၁၃၅ လေယာဉ်ကို အီရတ်တော်လှန်ရေးအင်အားစုများက ပစ်ချခဲ့ခြင်းဖြစ်ကြောင်းဖော်ပြနေကြသည်။ စီဘီအက်စ် သတင်းထောက်၏ ဖော်ပြချက်- စီဘီအက်စ် CBS သတင်းဌာနမှ သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ အခြားသော ကေစီ-၁၃၅ လေယာဉ်တစ်စီးမှာလည်း ထိမှန်မှုရှိခဲ့သော်လည်း အစ္စရေးနိုင်ငံတွင် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ သတင်းထောက်သည် ဖိအားပေးမှုများကြောင့် ၎င်း၏ လူမှုကွန်ရက်ပေါ်ရှိ ရေးသားချက်ကို နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချခဲ့ရသည်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အတည်ပြုချက်- အီရန်နိုင်ငံ ခါတမ် အယ်လ်-အန်ဘီယာ Khatam al-Anbiya လက်နက်ကိုင်တပ်ဖွဲ့ က အမေရိကန်လေတပ်မှ ကေစီ-၁၃၅ လောင်စာဖြည့်လေယာဉ်ကို အီရတ်အနောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါရှိသည့် အမှုထမ်းခြောက်ဦးလုံး သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ NOM

NOM
201
Repost from News Of Myanmar
🚨Breaking အီရတ်နိုင်ငံရှိ ပြင်သစ်-ပက်ရှ်မာဂါ ပူးတွဲစစ်အခြေစိုက်စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သား ၅
🚨Breaking အီရတ်နိုင်ငံရှိ ပြင်သစ်-ပက်ရှ်မာဂါ ပူးတွဲစစ်အခြေစိုက်စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သား ၅ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံး ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အီရတ်နိုင်ငံမြောက်ပိုင်း၊ အာဘေးလ် (Erbil) မြို့ရှိ ပြင်သစ်-ပက်ရှ်မာဂါ (French-Peshmerga) ပူးတွဲစစ်အခြေစိုက်စခန်းဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သည် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အီရတ်နိုင်ငံအတွင်းရှိ ခုခံတော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ အာဘေးလ်စစ်အခြေစိုက်စခန်းအတွင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသည့် ပြင်သစ်စစ်သည်များအနက် ၁ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်ဘောလုံးအသင်းကို ထရမ့် သတိပေး "အီရန်အမျိုးသားဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ ကြိုဆိုပါတယ်
အီရန်ဘောလုံးအသင်းကို ထရမ့် သတိပေး "အီရန်အမျိုးသားဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဘေးကင်းလုံခြုံရေးအတွက် သူတို့ ဒီပြိုင်ပွဲမှာ ရှိနေတာဟာ သင့်တော်တယ်လို့ ကျွန်တော် တကယ်ပဲ မယုံကြည်ပါဘူး။" NOM

NOM
201
Repost from News Of Myanmar
အီရတ်နိုင်ငံ မြောက်ပိုင်း၊ မာ့ခ်ျမူးရ် (Makhmur) ခရိုင်ရှိ အီရတ်စစ်တပ်၏ စစ်ဌာနချုပ်တစ်ခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရသည့် ရုပ်သံ ဗီဒီယို NOM

NOM
201
Repost from News Of Myanmar
ရန်ကုန်တွင် စက်သုံးဆီကိုခွဲတမ်းဖြင့် ရောင်းချမည် NOM မတ် ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ရန်ကုန်တို
ရန်ကုန်တွင် စက်သုံးဆီကိုခွဲတမ်းဖြင့် ရောင်းချမည် NOM မတ် ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်သုံးဆီအရောင်းဆိုင်အားလုံးသည် မတ်လ ၁၃ ရက် မနက်ဖန်မှစပြီး စက်သုံးဆီကို ဇယားတွင်ဖော်ပြထားသည့်အတိုင်း ရောင်းချတော့မည်ဟုသိရသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုအပေါ် ဒိန်းမတ်စွမ်းအင်ဌာန အကြီးအကဲ အာဂတ် Aagaard က ပြည်သူများအ
အီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုအပေါ် ဒိန်းမတ်စွမ်းအင်ဌာန အကြီးအကဲ အာဂတ် Aagaard က ပြည်သူများအား ဆီမသုံးစွဲကြရန် အသနားခံ တောင်းဆို "တကယ်လို့ ကားမောင်းဖို့ အလွန်အမင်း အရေးမကြီးဘူးဆိုရင်... လုံးဝ (လုံးဝ) မမောင်းကြပါနဲ့" NOM

NOM
201
Repost from News Of Myanmar
အီရန်အဓိပတိခေါင်းဆောင်သစ်၏ ပထမဆုံး ထုတ်ပြန်ချက်နှင့်အတူ '၄၂ ကြိမ်မြောက် ဒုံးကျည်လှိုင်း' ဖြင့် အီရန်က စစ်ဆင်ရေးစတင် "ခါမေနီအတွက် အသင့်ရှိနေပါသည် (Labbayk Khamenei)" — အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ်၏ ပထမဆုံး မိန့်ခွန်းထုတ်ပြန်ချက်နှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် အီရန်သည် ၄၂ ကြိမ်မြောက် ဒုံးကျည်လှိုင်းဖြင့် စတင်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ "ဤစစ်ဆင်ရေးကို အဖျက်စွမ်းအားပြင်း ဒုံးကျည်များနှင့် တိုက်ခိုက်ရေး ဒရုန်းများ အသုံးပြုကာ အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့လယ်ခေါင်နှင့် အကြမ်းဖက် အမေရိကန်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။" NOM

NOM
201
Repost from News Of Myanmar
🤔 အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford တွင် မီးလောင်မှုဖြစ်ပွား အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford ပေါ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပြီး ယင်းဖြစ်ရပ်သည် တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်ခြင်းမရှိဟု အခိုင်အမာ ပြောကြားထားသည်။ အဆိုပါ မီးလောင်မှုကြောင့် အမေရိကန် ရေတပ်စစ်သည် (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ NOM

NOM
201
Repost from News Of Myanmar
🚨Breaking အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ၏ တိုင်းပြည်သို့ ပထမဆုံး ထုတ်ပြန်ချက် "ကျွန
🚨Breaking အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ၏ တိုင်းပြည်သို့ ပထမဆုံး ထုတ်ပြန်ချက် "ကျွန်ုပ်တို့၏ အာဇာနည်များ၊ အထူးသဖြင့် မိနပ်ဘ် (Minab) မြို့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များအတွက် သွေးကြွေးဆပ် လက်စားချေမည့် အစီအစဉ်ကို ကျွန်ုပ်တို့ မည်သည့်အခါမျှ လက်လျှော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုသော်လည်း အမေရိကန် အခြေစိုက်စခန်းများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်များကိုလည်း မလွဲမသွေ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။" "ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို မဖြစ်မနေ ဆက်လက်ပိတ်ထားရမည်။" "ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းအားလုံးကို ချက်ချင်း ပိတ်သိမ်းရမည် ဖြစ်ပြီး မပိတ်သိမ်းပါက ထိုစခန်းများကို တိုက်ခိုက်သွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရန်သူ့ထံမှ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးကို အတင်းအကျပ် တောင်းဆိုသွားမည်ဖြစ်ပြီး အကယ်၍ ရန်သူက ငြင်းဆန်ပါက ၎င်းတို့၏ ပိုင်ဆိုင်မှုများထဲမှ ကျွန်ုပ်တို့ လိုအပ်သည်ဟု ယူဆသမျှကို သိမ်းဆည်းသွားမည်။ ထိုသို့သိမ်းဆည်းရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးတွင်မူ ရန်သူ့ပိုင်ဆိုင်မှုများထဲမှ ထိုက်သင့်သလောက်ကို ကျွန်ုပ်တို့က ဖျက်ဆီးပစ်မည် ဖြစ်သည်။" NOM

NOM
201
Repost from News Of Myanmar
🚨 အီရန်တော်လှန်ရေး အစောင့်တပ် ​IRGC ၏ ရေတပ်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းသည် အမေရိကန်ရေနံတင်သင်္ဘောကို တိုက်ရိုက်ထိမှန်ပေါက်ကွဲသည့် ရုပ်သံဗီဒီယို။ ဗီဒီယိုထဲက စကားပြောသံတွေကို ဘာသာပြန်ပေးထားပါတယ် 👇 "အလ္လာဟု အက္ကဘာရ် Allahu Akbar!" (ဘုရားသခင်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) • "ပါရှန်းပင်လယ်ကွေ့ မြောက်ဘက်ပိုင်းမှာ အမေရိကန် ရေနံတင်သင်္ဘောကို ဖျက်ဆီးလိုက်ပြီ။" မာရှာအလ္လာဟ် "Mashallah!" (ဘုရားသခင် အလိုတော်အတိုင်းပဲ) • လပ်ဘိုက်ယာ ခါမေနီ "Labbaik ya Khamenei!" (ခါမေနီ၊ ကျွန်ုပ်တို့ အသင့်ရှိနေပါပြီ) • "အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတော် အဓွန့်ရှည်ပါစေ။" "အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်သားများအား ဂုဏ်ပြုပါတယ်။" NOM

NOM
201
Repost from News Of Myanmar
🇮🇷 - အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘဖ် Ghalibaf က "ကျွန်ုပ်တို့သည် ထိန်းချုပ်ကန့်သတ်မှုအားလုံးကို စွန့်လွှတ်ပြီး ပါရှန်ပင်လယ်ကွ
🇮🇷 - အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘဖ် Ghalibaf က "ကျွန်ုပ်တို့သည် ထိန်းချုပ်ကန့်သတ်မှုအားလုံးကို စွန့်လွှတ်ပြီး ပါရှန်ပင်လယ်ကွေ့ကို ကျူးကျော်သူတို့၏ သွေးများဖြင့် စီးဆင်းစေမည်။" NOM

NOM
201
ဒူဘိုင်းရဲ့ နာမည်ကျော် Burj Khalifa တာဝါကြီးအနီးက ဟိုတယ်တွေရဲ့ အခန်းစျေးနှုန်းတွေဟာ တော်တော်လေးမြင့်တက်လာခဲ့ပါပြီ။ အခုဆိုရင် အခန်းတခန်းဟာ တညအတွက် အနည်းဆုံး ဒေါ်လာ ၂၀၀ အထိ ကျသင့်နေပြီဖြစ်ကာ ဟိုတယ်အခန်းခ စျေးနှုန်းတွေပါ ကသောင်းကနင်းဖြစ်လာနေပြီလို့ သိရပါတယ်။ News Of Myanmar NOM

NOM
201
ရုရှားဟာ အဇာဘိုင်ဂျန်နိုင်ငံကတဆင့် အီရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ၁၃ တန်ရှိတဲ့ အထောက်အကူပစ္စည်းတွေကို ပေးအပ်လိုက်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံကို အီရန်ကတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့်ပုံများကို ဆိုရှယ်မီဒီယာပေါ်တင်ပါကထောင် ၅ နှစ် ချမည်ဟု အစ္စရေးကကြေညာသည်။ NOM

NOM
201
Repost from News Of Myanmar
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ" ရာရှစ် ဘင် ဆာအိဒ် Rashid b
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ" ရာရှစ် ဘင် ဆာအိဒ် Rashid bin Saeed က ၎င်း​၏ X ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားသည့် ပို့စ် - "ဒူဘိုင်းဘီလျံနာဆီက ကျွန်တော့်ရဲ့ အတွင်းလူတစ်ယောက်နဲ့ ၃ နာရီကြာ ဖုန်းပြောပြီးခါစပဲ ရှိပါသေးတယ်။ အခုလောလောဆယ်တော့ အများကြီး ထုတ်မပြောနိုင်သေးပေမဲ့ မတ်လ ၁၀ ရက်နေ့ဟာ လူသားသမိုင်းမှာ အကြီးမားဆုံး ဓနဥစ္စာ လွှဲပြောင်းမှု (Transfer of Wealth) စတင်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။ ဘာတွေဖြစ်တော့မယ်ဆိုတာ လူအများစုဟာ လုံးဝကို မသိကြသေးပါဘူး..." NOM

NOM
201
Repost from News Of Myanmar
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ" ရာရှစ် ဘင် ဆာအိဒ် Rashid b
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ" ရာရှစ် ဘင် ဆာအိဒ် Rashid bin Saeed က ၎င်း​၏ X ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားသည့် ပို့စ် - "ဒူဘိုင်းဘီလျံနာဆီက ကျွန်တော့်ရဲ့ အတွင်းလူတစ်ယောက်နဲ့ ၃ နာရီကြာ ဖုန်းပြောပြီးခါစပဲ ရှိပါသေးတယ်။ အခုလောလောဆယ်တော့ အများကြီး ထုတ်မပြောနိုင်သေးပေမဲ့ မတ်လ ၁၀ ရက်နေ့ဟာ လူသားသမိုင်းမှာ အကြီးမားဆုံး ဓနဥစ္စာ လွှဲပြောင်းမှု (Transfer of Wealth) စတင်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။ ဘာတွေဖြစ်တော့မယ်ဆိုတာ လူအများစုဟာ လုံးဝကို မသိကြသေးပါဘူး..." NOM

NOM
201
Repost from News Of Myanmar
အရန်ရေနံများကို သမိုင်းတင်လောက်သည့် ပမာဏအထိ ထုတ်သုံးနေသော်လည်း ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ၁၀၁ ဒေါ်လာအထက်သို့ မြင့်တက်လာ -
အရန်ရေနံများကို သမိုင်းတင်လောက်သည့် ပမာဏအထိ ထုတ်သုံးနေသော်လည်း ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ၁၀၁ ဒေါ်လာအထက်သို့ မြင့်တက်လာ - Al Jazeera နောက်ဆက်တွဲ အခြေအနေ (၂၀၂၆၊ မတ်လ ၁၂)- နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က စျေးနှုန်းတည်ငြိမ်စေရန် အရန်ရေနံစည်ပေါင်း သန်း ၄၀၀ အထိ ထုတ်သုံးမည်ဟု ကြေညာခဲ့သော်လည်း ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့် ဒေသတွင်း တိုက်ခိုက်မှုများကြောင့် ရေနံစျေးနှုန်းမှာ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်က ရေနံတင်သင်္ဘောများကိုတိုက်ခိုက်နေသဖြင့် အီရတ်ကဆိပ်ကမ်းအားလုံးကိုပိတ်လိုက်သည်။ ရေနံစျေးထပ်တက်ဖွယ်ရာရှိနေသည်။ NOM
အီရန်က ရေနံတင်သင်္ဘောများကိုတိုက်ခိုက်နေသဖြင့် အီရတ်ကဆိပ်ကမ်းအားလုံးကိုပိတ်လိုက်သည်။ ရေနံစျေးထပ်တက်ဖွယ်ရာရှိနေသည်။ NOM

NOM
201
Repost from News Of Myanmar
ဤပုံရိပ်သည် အစ္စရေးနိုင်ငံတွင် သတင်းအချက်အလက် ထိန်းချုပ်ပိတ်ပင်မှုများ မည်သို့လုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည်။ ၎င်းတို့၏ တပ်
ဤပုံရိပ်သည် အစ္စရေးနိုင်ငံတွင် သတင်းအချက်အလက် ထိန်းချုပ်ပိတ်ပင်မှုများ မည်သို့လုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည်။ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အသတ်ခံရပြီးနောက် ထိခိုက်သေဆုံးမှု အထောက်အထားများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းကြသည်။ ဤနေရာတွင် ဓာတ်ပုံဆရာများနှင့် ဗီဒီယိုရိုက်ကူးသူများအနေဖြင့် နောက်ဆက်တွဲအခြေအနေများကို မှတ်တမ်းမတင်နိုင်စေရန်အတွက် ဇီယွန်ဝါဒီအလောင်းတစ်ခု၏ ဘေးရှိ သွေးကွက်များကို လူတစ်ဦးက လိုက်လံသုတ်သင်နေခြင်း ဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
တီဟီရန် ရေနံချက်စက်ရုံ သိုလှောင်ကန်များ တိုက်ခိုက်ခံရမှုကို အီရန်က တုံ့ပြန် ဖားစ် သတင်းဌာနမှ လက်ခံရရှိသော သီးသန့် ဂြိုဟ်တုဓာတ
+2
တီဟီရန် ရေနံချက်စက်ရုံ သိုလှောင်ကန်များ တိုက်ခိုက်ခံရမှုကို အီရန်က တုံ့ပြန် ဖားစ် သတင်းဌာနမှ လက်ခံရရှိသော သီးသန့် ဂြိုဟ်တုဓာတ်ပုံများအရ ပါရှန်ပင်လယ်ကွေ့နှင့် ထိစပ်နေသော နိုင်ငံများရှိ အရေးကြီးသော ထောက်ပံ့ရေးစခန်း ၃ ခု တိုက်ရိုက်ထိမှန် ပျက်စီးသွားကြောင်း ပြသနေသည်။ အာရပ်စော်ဘွားများပြည်ထောင်စု ရှိ ဖူဂျေရာ (Fujairah) ရေနံဇုန်နှင့် ရှာဂျာ (Sharjah) စက်မှုဇုန်တို့အပြင်၊ ကူဝိတ်နိုင်ငံရှိ အလီအယ်လ်ဆလမ် (Ali Al-Salem) အခြေစိုက်စခန်းမှ အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများသည် အီရန်တော်လှန်ရေဒအစောင့်တပ်ဖွဲ့ IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် နေရာ ၃ ခု ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများသည် လွန်ခဲ့သော ၃ ရက်ခန့်က တီဟီရန်ရှိ ရေနံချက်စက်ရုံနှင့် ဂိုဒေါင်များကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။ ဖူဂျေရာ (Fujairah) ဆိပ်ကမ်းသည် UAE ၏ အရေးပါသော ပင်လယ်ကွေ့ ရေနံသိုလှောင်မှုနှင့် တင်ပို့မှု ဗဟိုချက်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို ရှောင်ကွင်းရန် အနောက်အုပ်စု၏ "အစီအစဉ် ၂" ဟု သတ်မှတ်ထားသော နေရာဖြစ်သည်။ ရှာဂျာ (Sharjah) သည် အရေးပါသော သဘာဝဓာတ်ငွေ့ အချက်အချာနေရာဖြစ်ပြီး UAE ၏ စွမ်းအင်လုံခြုံရေးအတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကူဝိတ်ရှိ အလီအယ်လ်ဆလမ် (Ali Al-Salem) နယ်မြေသည် ဒေသတွင်းရှိ အမေရိကန်လေတပ်အတွက် အဓိက ထောက်ပံ့ရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးဗဟိုဌာနအဖြစ် ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခု ဖြစ်သည်။ NOM