fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار38 251دسته بندی مشخص نشده است
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
NOM
201
Repost from News Of Myanmar
ဘာရိန်းနိုင်ငံ မူဟာရက်ခ်မြို့ရှိ ရေနံသိုလှောင်ရုံများတွင် မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေ ဘာရိန်းနိုင်ငံ၊ မူဟာရက်ခ် (Muharraq) မြို့ရှိ ရေနံသိုလှောင်ရုံများသည် အသေခံဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရပြီးနောက် နေရာအနှံ့အပြားတွင် မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေပါသည်။ NOM

NOM
201
Repost from News Of Myanmar
'ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်တို့ မီးမွှေးခဲ့သော' စစ်ပွဲကို အဆုံးသတ်ရန် လိုအပ်ချက်များအပေါ် အီရန်သမ္မတ ပီဇက်ရှ်ကီယန် (Pezes
'ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်တို့ မီးမွှေးခဲ့သော' စစ်ပွဲကို အဆုံးသတ်ရန် လိုအပ်ချက်များအပေါ် အီရန်သမ္မတ ပီဇက်ရှ်ကီယန် (Pezeshkian) ၏ ပြောကြားချက် အီရန်၏ တရားဝင်အခွင့်အရေးများကို အသိအမှတ်ပြုရန်' စစ်လျော်ကြေးများ (REPARATIONS) ပေးဆောင်ရန် နောင်တွင် ကျူးကျော်တိုက်ခိုက်မှုများမပြုလုပ်ရန် နိုင်ငံတကာ အာမခံချက်များပေးရန် အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) သည် ၎င်း၏ ပြောကြားချက်တွင် ဒေသတွင်း တင်းမာမှုများ လျှော့ချရန်အတွက် အထက်ပါ အချက်များကို အဓိက တောင်းဆိုထားခြင်း ဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
ညအချိန်ရောက်ရှိသည့်တိုင် အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များတွင် မီးများ ဆက်လက်လောင်ကျွမ်းနေဆဲ အိုမန်ပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (Oman Civil Defense Authority) မှ မီးကို ထိန်းချုပ်နိုင်ရန် (CONTAIN) ကြိုးပမ်းနေပြီး၊ ယင်းမှာ 'အချိန်အတန်ကြာ ပေးရနိုင်သည်' ဟု ဆိုသည်။ NOM

NOM
201
Repost from News Of Myanmar
အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များကို ဒရုန်းဖြင့် တိုက်ခိုက်သည့် ဖြစ်စဉ် အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များကို အသေခံဒရုန်းတစ်စင်းက အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိသည့် ထိတ်လန့်ဖွယ်ရာ အခိုက်အတန့် ဖြစ်ပါသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ဖော်ပြနေသော ရုပ်သံမှတ်တမ်းများ ပြန့်နှံ့မှုကို တားဆီးရန်အတွက် အစ္စရေးတပ်ဖွဲ့များသည် အစိုးရနှင့် လုံခြုံရေးဆိုင်ရာ အဆောက်အအုံများအနီးရှိ လမ်းဘေးစောင့်ကြည့်ရေး စီစီတီဗွီကင်မရာများကို လိုက်လံဖျက်ဆီး ဖြုတ်ပစ်နေကြသည်။ NOM

NOM
201
အီရန်ကို တိုက်ခိုက်မှုစတင်ပြီးနောက် ၆ ရက်အတွင်း အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဒေါ်လာ ၁၄ ဘီလျံအထိ ရှိတယ်လို့ ထရမ့်အစိုးရက ခန့
အီရန်ကို တိုက်ခိုက်မှုစတင်ပြီးနောက် ၆ ရက်အတွင်း အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဒေါ်လာ ၁၄ ဘီလျံအထိ ရှိတယ်လို့ ထရမ့်အစိုးရက ခန့်မှန်းထားကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ပါတယ်။ (AsiaOne) News Of Myanmar NOM

NOM
201
အော်စလိုက အမေရိကန်သံရုံးကို ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိသူ ညီအကို ၃ ဦးကို ဖမ်းဆီးလိုက်ပြီလို့ နော်ဝေရဲတပ်
အော်စလိုက အမေရိကန်သံရုံးကို ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိသူ ညီအကို ၃ ဦးကို ဖမ်းဆီးလိုက်ပြီလို့ နော်ဝေရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့လည်း စုံစမ်းစစ်ဆေးရေးမှူးတွေက သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သံရုံးဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်လုပ်ဗုံးဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ သံသယရှိသူ ၃ ဦးစလုံးဟာ အသက် ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အီရတ်မိသားစုနောက်ခံရှိတဲ့ နော်ဝေနိုင်ငံသားတွေဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
အမေရိကန် ဒီမိုကရက်တစ်လွှတ်တော်အမတ်အားလုံးနီးပါးဟာ ကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ဆီကို မနေ့က စာတစောင်ပေးပို့ခဲ့ပြီး အီရန်အမ
အမေရိကန် ဒီမိုကရက်တစ်လွှတ်တော်အမတ်အားလုံးနီးပါးဟာ ကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ဆီကို မနေ့က စာတစောင်ပေးပို့ခဲ့ပြီး အီရန်အမျိုးသမီးကျောင်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ်အများအပြား သေဆုံးခဲ့ပြီး အရပ်သားထိခိုက်နစ်နာမှုအတွက် အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အမေရိကန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကြောင့်လို့ အထင်အရှားရှိနေခဲ့ပြီး ထရမ့်ကတော့ အစောပိုင်းမှာ အီရန်လက်ချက်လို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ သူလည်း သေချာမသိသေးဘူးလို့ လျှောချခဲ့ရပါတယ်။ ဒါဟာ အမေရိကန်တပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ကန်စစ်ဘက်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပြီး အမေရိကန်နဲ့ အစ္စရေးအစိုးရ နှစ်ခုစလုံးက ဒီတိုက်ခိုက်မှုအတွက် တာဝန်ယူမှုမရှိသေးဘူးလို့ အထက်လွှတ်တော်အမတ် ၄၆ ဦး လက်မှတ်ရေးထိုးထားတဲ့ စာမှာ ဖော်ပြထားပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
+1
အီရတ်ကမ်းလွန်တွင် ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းလျက်ရှိ ဆာဘာရင်းနယူးစ်သတင်းဌာန​၏ ဖော်ပြချက်အရ အီရတ်နိုင်ငံ၊ အယ်လ်ဖောဆိပ်ကမ်းမှ ၂၂ မိုင်အကွာတွင် ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရရ၍ မီးလောင်ကျွမ်းနေကြောင်းသိရသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ 'Sepah' ဘဏ်ကို အစ္စရေးနှင့် အမေရိကန်တို့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘဏ်ဝန်ထမ်းအချို့ သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း ဘဏ်များကို ပြန်လည်ပစ်မှတ်ထားမည်ဟု အီရန်က သတိပေးလိုက်ပြီးနောက် ဒူဘိုင်းရှိ Citi ဘဏ်နှင့် ကာတာရှိ HSBC ဘဏ်တို့အပါအဝင် ဒေသတွင်းရှိ ဘဏ်အတော်များများတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြသည်။ NOM

NOM
201
Repost from News Of Myanmar
+1
ကြည်လင်ပြတ်သားမှုအားနည်းသော ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ဒူဘိုင်းလေဆိပ်ရှိ ရေဒါမျှော်စင်တစ်ခု ပျက်စီးသွားဖွယ်ရှိကြောင်း သိရသည်။ NOM

NOM
201
Repost from News Of Myanmar
အီရန်စစ်ပွဲအတွင်း လက်ရှိအချိန်ထိဒဏ်ရာရသူ ၁၄၀ ဦးရှိကြောင်း အမေရိကန်ကြေညာ အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ ပူးပေါင်းကျူးကျော်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သည်အရေအတွက်မှာ ၁၄၀ ဦးရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုတွင် ကြေညာခဲ့သည်။ NOM

NOM
201
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို တိုက်ခိုက်နေမှုမှာ ပါဝင်မှာမဟုတ်ဘူးလို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ပြောဆိုလိုက်ပြ
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို တိုက်ခိုက်နေမှုမှာ ပါဝင်မှာမဟုတ်ဘူးလို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ပြောဆိုလိုက်ပြီး အဲဒီလိုမျိုး ပါဝင်မယ့်အစား သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ကိုသာ ကူညီသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ “အီရန်မှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အီတလီက ပါဝင်ပတ်သက်မှာမဟုတ်ပါဘူး၊ လက်ရှိဖြစ်ပွားနေတာတွေက နိုင်ငံတကာဥပဒေတွေကိုပါ အကြပ်အတည်း ဖြစ်စေပါတယ်” လို့ သူမက ဒီနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
ဆွစ်ဇာလန် အနောက်ပိုင်းက ကာဇာစ်မြို့မှာ အင်္ဂါနေ့ ညနေပိုင်းက ဘတ်စ်ကားတစီး မီးလောင်ခဲ့ပြီး အနည်းဆုံး ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာ
ဆွစ်ဇာလန် အနောက်ပိုင်းက ကာဇာစ်မြို့မှာ အင်္ဂါနေ့ ညနေပိုင်းက ဘတ်စ်ကားတစီး မီးလောင်ခဲ့ပြီး အနည်းဆုံး ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ခရီးသည်တဦးက ဓါတ်ဆီလောင်းချပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေရာကနေ စတင်ခဲ့တာလို့ သတင်းတွေထွက်ပေါ်နေပြီး အာဏာပိုင်တွေက ဒါဟာ အကြမ်းဖက်မှု ဒါမှမဟုတ် တိုက်ခိုက်မှုတခု မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချထားပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
အီရန်ကသတိပေးနေသည့်ကြားမှ ဟော်မုဇ်ရေလက်ကြားကို အတင်းဖြတ်ရန်ကြိုးစားသည့် ထိုင်းကုန်တင်သင်္ဘော အသေခံဒရုန်းလှေစာမိသွား ယနေ့နံနက်ပ
+3
အီရန်ကသတိပေးနေသည့်ကြားမှ ဟော်မုဇ်ရေလက်ကြားကို အတင်းဖြတ်ရန်ကြိုးစားသည့် ထိုင်းကုန်တင်သင်္ဘော အသေခံဒရုန်းလှေစာမိသွား ယနေ့နံနက်ပိုင်းတွင် အီရန်၏ လမ်းညွှန်စနစ်ပါ အသေခံဒရုန်းလှေဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသော "MAYUREE NAREE Bangkok" ကုန်တင်သင်္ဘော၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်။ အဆိုပါသင်္ဘောသည် ဒူဘိုင်းမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခြင်းမပြုရန် အီရန်၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြောင်းသိရသည်။ သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာသွားခဲ့ကြပြီဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
🚨🇮🇷- အီရန်၏ ပစ်မှတ်အသစ်များစာရင်းတွင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ပါဝင်လာ အီရန်နိုင်ငံ၏ တက်စ်နင် သတင်းဌာနက အစ္စရေးနှင့် ဆက်နွှယ်မှုရှိပြီး စစ်ဘက်ဆိုင်ရာတွင် နည်းပညာများ ပံ့ပိုးပေးနေသည့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ရုံးခွဲများနှင့် အခြေခံအဆောက်အအုံ စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို "အီရန်၏ ပစ်မှတ်အသစ်များ" အဖြစ် ဖော်ပြခဲ့သည်။ ဒေသတွင်းစစ်ပွဲသည် အခြေခံအဆောက်အအုံများကို တိုက်ခိုက်သည့် စစ်ပွဲအသွင်သို့ ကူးပြောင်းလာသည်နှင့်အမျှ အီရန်၏ တရားဝင်တိုက်ခိုက်ခွင့်ရှိသော ပစ်မှတ်များမှာလည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည် ဟု သတင်းဌာနက ဆိုသည်။ အဆိုပါစာရင်းတွင် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သည့် Google, Microsoft, Palantir, IBM, Nvidia နှင့် Oracle တို့ ပါဝင်သည်။ ပစ်မှတ်ထားခံရမည့် ရုံးခွဲများနှင့် Cloud ဝန်ဆောင်မှု အခြေခံအဆောက်အအုံများသည် အစ္စရေးနိုင်ငံအတွင်းရှိ မြို့ကြီးများ သာမက ပင်လယ်ကွေ့နိုင်ငံ အချို့တွင်လည်း တည်ရှိနေသည်။ NOM

NOM
201
Repost from News Of Myanmar
🚨 - "အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး ဖော့စဖရပ်ဖြူ (White Phosphorus) များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် မှတ်တမ်းဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်။" White Phosphorus (ဖော့စဖရပ်ဖြူ)- ၎င်းသည် လေထုနှင့် ထိတွေ့ပါက အလွန်ပူပြင်းသော အပူချိန်ဖြင့် တောက်လောင်တတ်ပြီး လူကို ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိစေနိုင်သည့်အပြင် အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ စစ်ဥပဒေ- အရပ်သားများရှိရာ နေရာများတွင် ဤဓာတုလက်နက်ကို အသုံးပြုခြင်းအား နိုင်ငံတကာ ဥပဒေများက တင်းကျပ်စွာ တားမြစ်ထားပါသည်။ ဒါမျိုးကျ လူ့အခွင့်ရေးသမားတွေ ဘယ်နားသွားသေနေကြလဲ????? NOM

NOM
201
အီရန်ကို တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး နှစ်ရက်မှာပဲ အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၇.၁ ဘီလျံအထိ ရှိခဲ့တယ်လို့ ထရမ့်အစိုးရအဖွဲ့
အီရန်ကို တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး နှစ်ရက်မှာပဲ အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၇.၁ ဘီလျံအထိ ရှိခဲ့တယ်လို့ ထရမ့်အစိုးရအဖွဲ့က ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ပြောဆိုခဲ့ပါတယ်။ မကြာခင်မှာ စစ်ပွဲအတွက် နောက်ထပ် ရန်ပုံငွေကို အတည်ပြုရဖွယ်ရှိနေပြီး လွှတ်တော်အမတ်တွေဟာ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ကုန်ဆုံးပြတ်လပ်သွားမှာကိုလည်း ထိတ်လန့်နေကြတယ်လို့ AsiaOne သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
အီရန်ဆီ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မှာကို ဒီမိုကရက်တစ် အမေရိကန်အထက်လွှတ်တော်အမတ်တွေက စိုးရိမ်နေပြီး ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်
အီရန်ဆီ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မှာကို ဒီမိုကရက်တစ် အမေရိကန်အထက်လွှတ်တော်အမတ်တွေက စိုးရိမ်နေပြီး ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အီရန်ကို ရုရှားက ထောက်လှမ်းရေးအကူအညီတွေပေးနေတယ်လို့လည်း အမတ်တွေက ပြောဆိုခဲ့ပြီး တရုတ်၊ မြောက်ကိုရီးယားတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတခုရှိနေကာ ဒါဟာ အမျိုးသားလုံခြုံရေးကိုပါ ပိုမိုအန္တရာယ်ဖြစ်လာစေနိုင်တယ်လို့ New Hampshire က အမတ်ဖြစ်သူ Jeanne Shaheen က CNN ကို ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
အီရန်အကျပ်အတည်းနဲ့ စွမ်းအင်စျေးနှုန်းတွေမြင့်တက်လာမှုကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြင်သစ်သမ္မတမာခရွန်က G7 ခေါင်းဆောင်တွေနဲ့ ဖုန်
အီရန်အကျပ်အတည်းနဲ့ စွမ်းအင်စျေးနှုန်းတွေမြင့်တက်လာမှုကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြင်သစ်သမ္မတမာခရွန်က G7 ခေါင်းဆောင်တွေနဲ့ ဖုန်းခေါ်ဆိုမှုတခု ပြုလုပ်သွားမယ်လို့ ပြင်သစ်သမ္မတရုံးက ကြေညာခဲ့ပါတယ်။ News Of Myanmar NOM