NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
+1
အင်္ဂါနေ့က ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးက Aden Adde နိုင်ငံတကာလေဆိပ်ကနေ တိုင်းပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Guriel မြို့ကို ဦးတည်ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်း ပျက်ကျခဲ့ပါတယ်။ ခရီးသည် ၅၅ ဦးအထိ တင်ဆောင်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အားလုံးဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။
StarSky လေကြောင်းလိုင်းက လေယာဉ်ဖြစ်ပြီး ရုပ်သံဖိုင်တွေအရ လေယာဉ်တောင်ပံတဖက် ပြတ်ထွက်ခဲ့ပြီး ခရီးသည်တွေဟာ ရေထဲကို ခုန်ဆင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ လေယာဉ်ဟာ ပျံတက်ပြီး အချိန်အနည်းငယ်အကြာမှာပဲ နည်းပညာပြသနာဖြစ်ပေါ်ခဲ့ကာ ပြန်လှည့်ကာ ဆင်းသက်ဖို့ ကြိုးစားချိန် ပြေးလမ်းက ချော်ထွက်သွားခဲ့တာပါ။
Jasiira ကမ်းခြေနားက မျက်မြင်သက်သေတွေရဲ့ ပြောဆိုမှုအရ လေယာဉ်ဟာ ရေပြင်ပေါ်မှာ ပုံမှန်မဟုတ်ဘဲ နိမ့်နိမ့်လေးပျံသန်းနေခဲ့တယ်လို့ သိရပါတယ်။ ရေတိမ်ပိုင်းမှာ ဖြစ်ပွားခဲ့လို့ အားလုံးကံကောင်းခဲ့တာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
အီလွန်မက်စ်ဟာ လပေါ်မှာ self-growing city တခုကို တည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က သူ့ရဲ့ အာကာသနဲ့ ဉာဏ်ရည်တုကုမ္ပဏီ Space X က လာမယ့် ၁၀ နှစ်အတွင်း လပေါ်မှာ မြို့တမြို့တည်ဆောက်ဖို့ မျှော်လင့်ထားတယ်ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
X မှာ မက်စ်က “မသိသေးတဲ့ သူတွေအတွက် ကျနော်ပြောတာပါ၊ Space X က လပေါ်မှာ မြို့တမြို့တည်ဆောက်ဖို့ အာရုံစိုက်နေပါတယ်၊ ၁၀ နှစ်အတွင်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် နှစ် ၂၀ ကျော်လည်း ကြာနိုင်ပါတယ်” ရေးသားခဲ့ပါတယ်။
News Of Myanmar NOM
201
ကနေဒါနိုင်ငံ၊ British Columbia အထက်တန်းကျောင်းနဲ့ နေအိမ်တလုံးမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၉ ဦး သေဆုံးခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁း၂၀ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၆ ဦး နေရာမှာတင် သေဆုံးခဲ့ကာ အခြားသူတဦးကလည်း ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံသယရှိသူ သေနတ်သမားကိုလည်း ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ နေအိမ်တခုမှာလည်း အခြားသူ နှစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဆိုပါ ကျောင်းမှာ ၇ တန်းကနေ ၁၂ တန်းအထိ ကျောင်းသားပေါင်း ၁၇၅ ဦးအထိ တက်ရောက်နေတယ်လို့ ပြည်နယ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇹🇼 ❌ 🇺🇸"ထိုင်ဝမ်၏ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်သို့ပြောင်းရွှေ့ရန်မှာ လက်တွေ့မကျကြောင်း ထိုင်ဝမ်ဒုတိယဝန်ကြီးချုပ်ပြော"
ထိုင်ဝမ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်မှု စွမ်းရည်၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်သို့ ပြောင်းရွှေ့ရန် အကြံပြုချက်မှာ လက်တွေ့မကျကြောင်း ထိုင်ဝမ်အာဏာပိုင်များက တုံ့ပြန်ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုအတွင်း ချစ်ပ် (Chip) ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရန် အမေရိကန်အရာရှိများ၏ တောင်းဆိုချက်အပေါ် ဒုတိယဝန်ကြီးချုပ် ချန်လီဂျုန်း (Chen Li-june) က အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက် တာသတင်းတွင် ဖော်ပြထားသည်။
ဆယ်စုနှစ်များစွာကြာ တည်ဆောက်ခဲ့ရသော ထိုင်ဝမ်၏ ဆီမီးကွန်ဒတ်တာ ဂေဟစနစ်သည် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြေခံအဆောက်အအုံများအရ အခြားနိုင် ငံတစ်ခုသို့ အလွယ်တကူ "ရွှေ့ပြောင်း" ရန် မဖြစ်နိုင်ကြောင်း ဝါရှင်တန်သို့ အသိပေးထားပြီးဖြစ်သည်ဟု ချန်က ဆိုသည်။
"ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ" ဟု သူမက ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့က စီတီအက်စ် ရုပ်သံလိုင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အလေးပေး ပြောကြားခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇦 🔘 "အသက်ကြီးပိုင်းတွေလည်း စစ်ထဲသွားကြတော့မယ်"
လူပြက် ဇလန်းစကီးဟာ "အသက် ၆၀ ကျော် အမျိုးသားတွေ" ကို ယူကရိန်းတပ်မတော်မှာ တရားဝင်စစ်မှုထမ်းဖို့ စာချုပ်ချုပ်ဆိုခွင့်ပြုတဲ့ အမိန့်ဒီကရီတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸 🛳 သမ္မတ ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ် ချထားရန် စဉ်းစားနေကြောင်း အက်ဆီယို့စ် သတင်းဌာနက ဖော်ပြသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
💥💥💥
🇮🇷🇦🇫 အီရန်နိုင်ငံသည် အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားများနိုင်ငံ (တာလီဘန်) ကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတော့မည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸 ⚔️ 🇮🇷 "အီရန်အနေဖြင့် နျူကလီးယားလက်နက်တွေရော ပဲထိန်းဒုံးကျည်တွေပါ ပိုင်ဆိုင်ခွင့်ရှိမှာမဟုတ်ဘူး ဆိုပြီး ထရမ့်ကပြော"
သမ္မတ ထရမ့် - "အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေရော၊ ပဲ့ထိန်းဒုံးကျည်တွေကိုပါ ပိုင်ဆိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။"
သတင်းထောက် - "အခု သမ္မတကြီး ပြောနေတာက အီရန်အနေနဲ့ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာလားခင်ဗျာ။"
သမ္မတ ထရမ့် - "ဟုတ်ပါတယ်။ နောက်ပြီး သူတို့မှာ နျူကလီးယားလက်နက်တွေလည်း ရှိလို့မရပါဘူး။"
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇦 🐓ကိယက်ဗ် (ယူကရိန်း) အတွက် နေတိုး တိုက်လေယာဉ် အစီးရေ ၂၅၀ ရရှိရေးဆိုသည်မှာ လက်တွေ့ထက် ဝါဒဖြန့်မှုသာ ဖြစ်နိုင်ခြေပိုများဟု ဒီဖန့်စ် အိတ်စ်ပရက်စ် ကဖော်ပြခဲ့သည်။
🇺🇦 ယူကရိန်းသမ္မတ ဇလန်းစကီး ရည်မှန်းထားသည့် ခေတ်မီတိုက် လေယာဉ် အစီးရေ ၂၅၀ ဝယ်ယူရေး အစီအစဉ်သည် ယူကရိန်းအတွက် ယူရို ၅၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး ၎င်းတွင် ဆွီဒင်နိုင်ငံထုတ် ဂရစ်ပန် (Gripen) အစီး ၁၅၀ နှင့် ပြင်သစ် နိုင်ငံထုတ် ရာဖေးလ် (Rafale) အစီး ၁၀၀ ပါဝင် သည်။
💵 သို့သော်လည်း ဤခန့်မှန်းချက်သည် ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးဘဲ စီမံကိန်းအကောင်အထည် ဖော်မည့် နှစ်များတစ်လျှောက် စုစုပေါင်းကုန်ကျစရိတ်မှာ သိသိသာသာ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။
⏳ ဤကဲ့သို့သော အစီအစဉ်မျိုး အကောင်အထည်ဖော်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ လက်ရှိ ဥရောပတွင် တူရကီနိုင်ငံတစ်ခုတည်းသာ ဤမျှပမာဏရှိသော လေတပ်အင် အားကို ပိုင်ဆိုင်ထားသည်။
💵 အဆိုပါ ရာဖေးလ် (Rafale) တိုက်လေယာဉ်များ ဝယ်ယူရန်အတွက် ယူကရိန်းတွင် ရော ပြင်သစ်တွင်ပါ လာမည့် ၁၀ နှစ်အတွင်း လုံလောက်သော ရန်ပုံငွေမရှိကြောင်း မီဒီယာများက ယခင်ကတည်းက ထောက်ပြခဲ့ကြသည်။
🇸🇪 တစ်ဖက်တွင်လည်း ဆွီဒင်နိုင်ငံက ဂရစ်ပန် (Gripen) လေယာဉ်များ ဝယ်ယူနိုင်ရန်အတွက် ၎င်းတို့ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန် အဆိုပြုခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးပေ။
News Of Myanmar NOM
201
Repost from News Of Myanmar
🇯🇴 🇺🇸 🚀ဂျော်ဒန်နိုင်ငံတွင် အမေရိကန်၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များကို အပြည့်အဝ တပ်ဖြန့်ထားသည်ကို တရုတ်ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြနေသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇦🇪 "ယူအေအီးနိုင်ငံ၏ လူ့အခွင့်အရေးအကြီးအကဲသည် သက်ငယ်လိင်ကုန်ကူးသူ အက်ပ်စတိန်းထံအမျိုးသမီးငယ်များပို့ဆောင်ပေးသူတစ်ဦးဖြစ်နေ"
ယူအေအီး နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး ဟင့်ဒ် အယ်လ် အိုဝိုက်စ် (Hind Al Owais) သည် နိုင်ငံတကာအဆင့်တွင် လူ့အခွင့်အရေး မဟာဗျူဟာများကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် တာဝန်ရှိသူဖြစ်သည်။
သူမတွင် သူမထက် ပိုလှသော ညီမတစ်ဦးရှိကြောင်း လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ကို သူမက ပြောပြခဲ့သည် (သူမ၏ညီမမှာ ထိုစဉ်က အသက် ၁၃ နှစ်သာ ရှိသေးသည်)။
ဤအာရပ်စော်ဘွားများပြည်ထောင်စု သံတမန်သည် အီးမေးလ်စောင် ရေ ၄၆၉ စောင်တွင် မိန်းကလေးများကို အက်ပ်စတိန်းထံ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ဟင့်ဒ် အယ်လ် အိုဝိုက်စ် က အက်ပ်စတိန်းထံ ပေးပို့သော အီးမေးလ်တစ်စောင်တွင် -
"မိန်းကလေးတစ်ယောက်ကို ပြင်ဆင်ပေးဖို့တောင် ခက်ခဲနေတာ၊ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ" ဟု ရေးသားထားသည်။
News Of Myanmar NOM
201
ဂရင်းလန်းအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဥရောပအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ ပြင်သစ်သမ္မတမာခရွန်က တိုက်တွန်းခဲ့ပြီး အမေရိကန်နဲ့ နောက်ထပ်ပဋိပက္ခတွေ ဖြစ်ပွားလာမှာကိုလည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထားသင့်တယ်လို့လည်း သတိပေးလိုက်ပါတယ်။
ထရမ့်အစိုးရဟာ ဥရောပကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေပြီး အီးယူရဲ့ အစိတ်အပိုင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။
“လာမယ့်လတွေမှာ အမေရိကန်က ဒစ်ဂျစ်တယ်စည်းမျဉ်းတွေနဲ့ ကျနော်တို့ကို တိုက်ခိုက်ပါလိမ့်မယ်၊ သေချာပါတယ်” လို့လည်း သူက သတိပေးခဲ့ပါတယ်။ အီးယူဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေကို အသုံးပြုပြီး နည်းပညာကုမ္ပဏီတွေကို ထိန်းချုပ်မယ်ဆိုရင် အမေရိကန်က သွင်းကုန်အခွန်ကောက်ခံနိုင်ခြေလည်း ရှိနေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အမေရိကန်နဲ့ ကနေဒါကို ဆက်သွယ်ထားတဲ့ တံတားအသစ်တခုကို ပိတ်ပစ်မယ်လို့ တနင်္လာနေ့က ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ပြသနာတွေ ရှိနေတဲ့အပေါ်ကိုလည်း ဝေဖန်လိုက်ပါတယ်။
Detroit နဲ့ Windsor ကို ဆက်သွယ်ပေးထားပြီး ၁.၅ မိုင်ရှည်လျားတဲ့ Gordie Howe နိုင်ငံတကာတံတားကို ဖွင့်လှစ်ခွင့်မပြုဘူးလို့ ထရမ့်က ပြောဆိုလိုက်တာပါ။ အဆိုပါတံတားရဲ့ အဓိကတည်ဆောာက်မှုတွေ အားလုံး ပြီးစီးသွားပြီဖြစ်ပြီး ဒီနှစ်ထဲမှာ ဖွင့်လှစ်ဖို့ မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။
“ကျနော်တို့ ပေးခဲ့တဲ့အရာအားလုံးအတွက် လျော်ကြေးအပြည့်အ၀မရမချင်း ဒီတံတားကို ဖွင့်ခွင့်ပေးမှာမဟုတ်ဘူး၊ ပိုပြီးအရေးကြီးတာက ကနေဒါက အမေရိကန်ကို ထိုက်တန်တဲ့ တရားမျှတမှု၊ လေးစားမှုတွေနဲ့ ဆက်ဆံဖို့ပဲ၊ ညှိနှိုင်းမှုတွေကို ကျနော်တို့ စတင်သွားမှာပါ” လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚔 😒 🕊လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် အနီးကပ်ပတ်သက်ခဲ့သူ ဂယ်စလိန်း မက်စ်ဝဲလ်က သူမအနေဖြင့် သမ္မတထရမ့်၏ နာမည်ဂုဏ်သတင်းအတွက် ရှင်းလင်းပေးဖို့အဆင်သင့်ရှိကြောင်း သူမ၏ရှေ့နေမှတဆင့်ပြောကြား
"သူမကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ထရမ့်ရဲ့ နာမည်ဂုဏ်သတင်းအတွက် ရှင်းလင်းပေးဖို့ ဂယ်စလိန်း မက်စ်ဝဲလ်က အဆင်သင့်ရှိနေကြောင်း သူမရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။"
"လွတ်ငြိမ်းချမ်းသာခွင့် ရရှိမယ်ဆိုရင် အလုံးစုံကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ဖွင့်ဟပြောဆိုသွားမှာ ဖြစ်ပါတယ်။"
ဂယ်စလိန်း မက်စ်ဝဲလ် က ဘယ်သူလဲ??
ဂယ်စလိန်း မက်စ်ဝဲလ် (Ghislaine Maxwell) သည် ဗြိတိန်လူမှုရေးလောကတွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး မီဒီယာလုပ်ငန်းရှင် ဘီလီယံနာ ရောဘတ် မက်စ်ဝဲလ် (Robert Maxwell) ၏သမီးဖြစ်သည်။
သူမသည် မိမိကိုယ်မိမိသတ်သေသွားသော အမေရိကန်သူဌေးကြီးဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် နီးကပ်သော ဆက်ဆံရေးရှိသူအဖြစ် လူသိများသည်။
သူမနှင့် ပတ်သက်သည့် အဓိကအချက်များမှာ
ပြစ်မှုဆိုင်ရာစွဲချက်များ - အက်ပ်စတိန်း၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများတွင် ပါဝင်ကူညီခဲ့ခြင်း၊ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို စုဆောင်းပေးခြင်းနှင့် လူကုန်ကူးခြင်း စသည့် ပြစ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။
ထောင်ဒဏ် - ၂၀၂၁ ခုနှစ်တွင် အမေရိကန် တရားရုံးက သူမအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
လက်ရှိအခြေအနေ - လက်ရှိတွင် သူမသည် အမေရိကန်ပြည်ထောင် စု၊ တက္ကဆက်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။
သူမ၏ အမှုသည် ကမ္ဘာတစ်ဝှမ်းရှိ အာဏာရှိသူများ၊ ချမ်းသာသူများနှင့် ဆက်နွှယ်နေသည့်အတွက် ယနေ့တိုင် လူပြောများဆဲ အမှုတစ်ခု ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🛢🇺🇸 "ဥရောပဟာ အရင်တုန်းက ရုရှားအပေါ် မှီခိုခဲ့ရသလိုမျိုး အခုအခါမှာတော့ စွမ်းအင်ကဏ္ဍအတွက် အမေရိကန်အပေါ် မှီခိုနေရပြီဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့ပါတယ်။"
News Of Myanmar NOM
201
Repost from News Of Myanmar
🚔 🚨ထောင်ဒဏ် အနှစ် ၂၀ - ဟောင်ကောင်၏ အပြင်းထန်ဆုံး အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်ဒဏ်
Apple Daily သတင်းစာတည်ထောင်သူ အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင် (Jimmy Lai) သည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေအရ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသည်။
၎င်းသည် အဆိုပါဥပဒေဖြင့် ချမှတ် ခဲ့သမျှ ပြစ်ဒဏ်များထဲတွင် အကြာမြင့်ဆုံး ပြစ်ဒဏ်လည်းဖြစ်သည်။
ဂျင်မီလိုင်သည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု၊ ဆူပူအုံကြွစေမည့် အကြောင်းအရာများ ထုတ်ဝေရန် ကြံစည်မှုတို့ဖြင့် ပြစ်ဒဏ်စီရင်ခံရခြင်းဖြစ်ပြီး ၎င်းသည် လက်ရှိတွင်လည်း အချုပ်ထဲ၌ ၅ နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။
📰 အာဏာပိုင်များ၏ ပြောကြားချက်အရ ၎င်းသည် သတင်းစာပညာကို အလွဲသုံးစားလုပ်ကာ လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင် ချက်များကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသော်လည်း ဝေဖန်ရေးသမားများကမူ ယခုလုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ရိုက်ချိုးလိုက်သည့် ပြင်းထန်သော ထိုးနှက် ချက်တစ်ခု ဖြစ်သည်ဟု ထောက်ပြနေကြသည်။
News Of Myanmar NOM
201
NATO မဟာမိတ်အဖွဲ့ရဲ့ ယူကရိန်းအတွက် ဦးစားပေးလိုအပ်ချက်စာရင်းဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဂျပန်က ငြင်းဆန်လိုက်ပါတယ်။
ကိယက်ဗ်အတွက် အမေရိကန်ထုတ်ပစ္စည်းတွေကို ဝယ်ယူဖို့ တိုကျိုက သဘောမတူကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းလူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ထောက်ခံမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Minoru Kihara က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
ချီလီနိုင်ငံ၊ ဆန်တီယေဂိုမြို့က အဝေးပြေးလမ်းမပေါ်မှာ လုယက်သူတွေဟာ ကားတစီးကို မောင်းနှင်လာခဲ့ပြီး နေ့ခင်းကြောင်တောင်မှာပဲ ဓါးပြတိုက်ဖို့ ကြိုးစားခဲ့ပါတယ်။
သူတို့ဟာ ကားတစီးကို ရှေ့ကနေ ပိတ်ဆို့ကာ ဓါးပြတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကားမောင်းနှင်လာသူက အရှိန်မြှင့်မောင်းနှင်ခဲ့လို့ ဓါးပြတွေစီးလာတဲ့ ကားထဲက ထွက်ခဲ့တဲ့ ဓါးပြတဦးကို ဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
News Of Myanmar NOM
201
အီတလီနိုင်ငံ၊ Puglia မြို့မှာ မျက်နှာဖုံးစွပ်ထားတဲ့ သူခိုးတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဟောလိ၀ုဒ်ရုပ်ရှင်ခန်းတွေကို မြင်တွေ့ရသလိုမျိုး ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဝေးပြးလမ်းမကြီးပေါ်မှာ သူခိုးတွေက ရိုင်ဖယ်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့တာာပါ။ ဖြစ်ပွားရတာကတော့ ငွေသားတွေ သယ်ဆောင်လာတဲ့ ဗင်ကားကို ဖောက်ခွဲပြီး လုယက်ဖို့ ကြိုးစားရာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လုယက်မှုကတော့ မအောင်မြင်ခဲ့ဘဲ ၂ဦးကို ဖမ်းဆီးရမိခဲ့ကာ အခြားသူတွေကတော့ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ခြိမ်းခြောက်ကာ လုယက်ပြီး မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
📹 🚔 လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း (Epstein) ၏ အကျဉ်းထောင်မှတ်တမ်းဗီဒီယိုများကို FBI အေးဂျင့်တစ်ဦးကဖျက်ဆီးခဲ့ကြောင်း ဖိုင်မှတ်တမ်းများအရ သိရှိရ
ဂျက်ဖရီ အက်ပ်စတိန်း မသေဆုံးမီ ရက်ပိုင်းအလိုတွင် ၎င်း၏ အကျဉ်းခန်းကို စောင့်ကြည့်နေသည့် လုံခြုံရေးကင်မရာစနစ်အားလုံး "ချို့ယွင်းသွားခဲ့သည်" ဟု နည်းပညာမှတ်တမ်းများက ဖော်ပြနေသည်။
ထို့ပြင် ပျက်စီးသွားသော Hard Drive ကို FBI အေးဂျင့်တစ်ဦးက လာရောက်ဖြုတ်ယူသွားခဲ့ပြီး ယခင် ရှိနှင့်ပြီးသား မှတ်တမ်းဗီဒီယိုများအားလုံးကိုပါ အပြီးတိုင် ဖျက်ဆီးပစ်လိုက်ကြောင်း အဆိုပါဖိုင်မှတ်တမ်းများအရ သိရှိရသည်။
News Of Myanmar NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
