NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
Repost from News Of Myanmar
+3
🇮🇷 အမေရိကန်၏ တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အီရန်နိုင်ငံသည် ၎င်းတို့၏ သန့်စင်ထားသော ယူရေနီယံသိုလှောင်ရုံများရှိရာ အစ္စဖာဟန် (Esfahan) နျူကလီးယားစခန်းရှိ မြေအောက်လှိုဏ်ဂူအဝင်ဝအားလုံးကို အပြီးအပိုင် ပိတ်ဆို့လိုက်ပြီဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷 🇹🇷 🇺🇸 အီရန်နိုင်ငံ ဖော်ဒိုး (Fordow) နျူကလီးယားစခန်း ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ဖော်ပြောကြားချက်
အမေရိကန်က အီရန်နိုင်ငံရှိ ဖော်ဒိုးနျူကလီးယားစခန်းကို ဗုံးကြဲတိုက် ခိုက်ခြင်းမပြုမီ အီရန်ဘက်သို့ ကြိုတင်အကြောင်းကြားခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန် က အတည်ပြု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် "၁၂ ရက်ကြာ စစ်ပွဲအတွင်း တစ်ရက်မှာတော့ ကျွန်တော်တို့ဆီကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဆီက ဖုန်းဝင်လာပါတယ်။ သူက 'လာမယ့် နာရီအနည်းငယ်အတွင်းမှာ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို အီရန်ဘက်ကို အသိပေးလိုက်ပါ' လို့ ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ အကြောင်းကြားပေးခဲ့ပါတယ်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇮🇷 🇷🇺 🇨🇳 အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည် မော်စကိုမြို့မှ တေဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး အလားတူ အခြားကုန်တင်လေယာဉ်တစ်စင်းသည်လည်း တေဟီရန်မြို့မှ တရုတ်နိုင်ငံရှိ အမည်မဖော်ပြသည့် အရပ်ဒေသတစ်ခုသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း အမြောက်အမြားသည် အီရန်နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
⛴ 🇺🇸 "အမေရိကန် ရေကြောင်းစီမံခန့်ခွဲမှုဌာနက အမေရိကန်အလံလွှင့်ထူထားသော သင်္ဘောများအားလုံး အီရန်ပိုင် နယ်နိမိတ်အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် အရေးပေါ် တိုက်တွန်း"
အမေရိကန် ရေကြောင်းစီမံခန့်ခွဲမှုဌာနက အမေရိကန်အလံလွှင့်ထူထားသော သင်္ဘောများအားလုံး အီရန်ပိုင် နယ်နိမိတ်အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် အရေးပေါ် တိုက်တွန်းလိုက်သည်။
ထို့အပြင် အီရန်အာဏာပိုင်များက သင်္ဘောပေါ်သို့ တက်ရောက်စစ် ဆေးရန် ကြိုးပမ်းလာပါက သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအတွက် မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှအပ ၎င်းတို့၏ အမိန့်များကို လိုက်နာခြင်းမပြုရန် ညွှန်ကြားထားသည်။
⛴ အမေရိကန် သင်္ဘောများအနေဖြင့်
📢လူသိရှင်ကြား မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို ငြင်းဆန်ရန် နှင့်
⛴ အမေရိကန်အလံကို ထင်ထင်ရှားရှား လွှင့်ထူထားခြင်းကို ရှောင်ကြဉ်ရန်လည်း တောင်းဆိုထားသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚔 🔪 "ရည်းစားဟောင်းကို သတ်မှုဖြင့် ဖမ်းဆီးခံရစဉ် GTA 6 ဂိမ်းဆော့ခွင့် မရတော့ဟုဆိုကာ ငိုကြွေးခဲ့သည့် ဗြိတိန်အမျိုးသား"
အောက်စဖို့ဒ် (Oxford) မြို့မှ အသက် ၃၅ နှစ်အရွယ် ရောဘတ်ရစ်ချ်ဆန် ဆိုသူသည် ၎င်း၏ရည်းစားဟောင်း ဖြစ်သူ အသက် ၄၀ အရွယ် ရေချယ်ဗွန်း ကို ပြီးခဲ့သည့် မေလအတွင်းက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများအရ ၎င်းသည် GTA 6 ဂိမ်းထွက်ရှိချိန်တွင် ဆော့ခွင့်ရတော့မည်မဟုတ်သည့် အတွက် ဝမ်းနည်းပူဆွေးနေကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။
ရစ်ချ်ဆန် ကို အနည်းဆုံး ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဖမ်းဆီးစဉ်အတွင်း ၎င်းနှင့် ရဲအရာရှိတို့၏ ပြောဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
🚔 ရစ်ချ်ဆန် : "ကျွန်တော် GTA ဂိမ်းဆော့ခွင့်ရတော့မှာ မဟုတ်ဘူး မဟုတ်လား?"
👮♀️ ရဲအရာရှိ : "ဘယ် GTA လဲ?"
🚔 ရစ်ချ်ဆန် : "GTA 6 လေ။"
News Of Myanmar NOM
201
Repost from News Of Myanmar
🇾🇪🚀⛴"အမေရိကန်သင်္ဘောများအတွက် အံ့အားသင့်ဖွယ်ရာများကို ပြင်ဆင်ထားပြီးဟု ယီမင်သတင်းထောက်တစ်ဦးကပြော"
အီရန်နိုင်ငံ၏ Channel Three ရုပ်သံလိုင်းတွင် ယီမင်သတင်းထောက်တစ်ဦးက ပြောကြားရာတွင် - "ကျွန်ုပ်တို့သည် အမေရိကန်သင်္ဘောများအတွက် အံ့အားသင့်ဖွယ်ရာ အသစ်အဆန်းများကို ပြင်ဆင်ထားပြီးဖြစ်သည်" ဟု ဆိုသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇳⚖️🏦"အိန္ဒိယနိုင်ငံသား တစ်ဦးချင်းစီ ပိုင်ဆိုင်သည့် ရွှေသိုလှောင်မှု ပမာဏမှာ ကမ္ဘာ့အကြီးဆုံး ဗဟိုဘဏ် (၁၀) ခု စုပေါင်းထားသည့် ရွှေသိုလှောင်မှုထက်ပင် ပိုမိုများပြားသည်။"
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷 ☢️ 🇺🇸"အီရန်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ ကမ်းလှမ်းမှု"
အီရန်အနုမြူစွမ်းအင်အေဂျင်စီ၏ အကြီးအကဲဖြစ်သူ မိုဟာမက် အက်စလာမီ (Mohammad Eslami) က အီရန်နိုင်ငံအနေဖြင့် ၎င်းတို့လက်ဝယ်ရှိ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံသိုလှောင်မှုများအား 'သန့်စင်မှုအားနည်းသည့် ယူရေနီယံများဖြင့် ပြန်ရောနှောကာ သန့်စင်မှုနှုန်းလျှော့ချရန်' (diluting) စဉ်းစားနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်းသည် အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံးကို လုံးဝရုပ်သိမ်းပေးမှသာ ဖြစ်နိုင်မည်ဟု ဆိုသည်။
အီရန်နိုင်ငံသည် ယခင်ကလည်း ဤကဲ့သို့သော လျှော့ပေးမှုမျိုးကို ကမ်းလှမ်းခဲ့ဖူးသော်လည်း အမေရိကန်ဘက်ကမူ ၎င်းမှာ လုံလောက်မှုမရှိဟု ယူဆခဲ့သည်။
အကြောင်းမှာ ယူရေနီယံများသည် အီရန်နိုင်ငံအတွင်း၌သာ ဆက်ရှိနေမည်ဖြစ်ပြီး အီရန်ဘက်က အလိုရှိပါက ၎င်းတို့ကို ၆၀ ရာခိုင်နှုန်းအထိ အလွယ်တကူ ပြန်လည်သန့်စင်နိုင်သောကြောင့် ဖြစ်သည်။
အီရန်နိုင်ငံ၏ ရှုထောင့်မှကြည့်လျှင်မူ အမေရိကန်ဘက်မှ ခိုင်မာသော အာမခံချက်များ (ဥပမာ- လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေ သို့မဟုတ် ယုံကြည်စိတ်ချရသော ကြားဝင်စေ့စပ်သူများ ပါဝင်သည့် တရားဝင်စာချုပ်) ပေးအပ်မည်ဆိုပါက ဤသဘောတူညီချက်မှာ လက်ခံနိုင်ဖွယ်ရှိမည်ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇺🇸🤝🇦🇺"အမေရိကန်က ဩစတြေးလျ၏ စတာလင် (Stirling) ရေတပ်အခြေစိုက်စခန်းကို တရုတ်နှင့်ဖြစ်ပွားနိုင် ခြေရှိသော ပဋိပက္ခများအတွက် လက်နက်တိုက်သဖွယ် ပြောင်းလဲနေ"
အမေရိကန်ပြည်ထောင်စုသည် 'တရုတ်ခြိမ်းခြောက်မှု' ဟူသော စကားရပ်ကို အသုံးချကာ အနောက်ဩစတြေးလျ၊ ဂါးဒန် (Garden) ကျွန်းရှိ တော်ဝင်ဩစတြေးလျရေတပ်၏ HMAS Stirling အခြေစိုက် စခန်းတွင် အကြီးစားတည်ဆောက် ရေးလုပ်ငန်းများအတွက် ငွေကြေးအမြောက်အမြား ပံ့ပိုးပေးလျက်ရှိသည်။
🚢 ဩစတြေးလျ ရေငုပ်သင်္ဘောအေဂျင်စီ (ASA) ၏ အဆိုအရ အမေရိကန်သည် ၎င်း၏ ဗာဂျီးနီးယား အမျိုးအစား (Virginia-class) နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလေးစင်းအထိ ထိုနေရာတွင် တပ်စွဲထားရန် စီစဉ်နေပြီး ပထမဆုံးအသုတ်မှာ ၂၀၂၇ ခုနှစ်တွင် စတင်ရောက်ရှိမည်ဖြစ်သည်။
🚢 AUKUS စာချုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အနောက်ဘက်ဒေသအလှည့်ကျ ရေငုပ်သင်္ဘောတပ်ဖွဲ့ (SRF-West) အစီအစဉ်အရ ဗြိတိန်၏ Astute-class ရေငုပ်သင်္ဘောတစ်စင်းကိုလည်း တပ်ဖြန့် ထားမည်ဖြစ်သည်။
🚢 ဤတပ်ဖွဲ့ကို အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ပစိဖိတ်ဒေသတို့တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ် များအတွက် ရှေ့တန်းရောက် ရေအောက် စစ်ဆင်ရေးစွမ်းရည်ရရှိစေရန် ရည်ရွယ်၍ အတိအလင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
🇦🇺 အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန် ဦးဆောင်သည့် စစ်ရေးအင် အား တိုးချဲ့မှုတွင် ပူးပေါင်းရန် စိတ်အားထက်သန်နေသော ဩစတြေးလျအစိုးရသည် စတာလင် အခြေစိုက်စခန်း အဆင့်မြှင့်တင် ရန်အတွက် ဒေါ်လာ ၅.၆ ဘီလီယံခန့် သုံးစွဲမည်ဟု ကြေညာထားသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်။
🚢 နျူကလီးယား ရေယာဉ်များအတွက် အဆင့်မြင့် ဆိပ်ခံတံတားများ
🏫 အဆင့်မြင့် လေ့ကျင့်ရေးစင်တာများ
🏠 အမေရိကန် စစ်မှုထမ်း ရာနှင့်ချီအတွက် နေအိမ် အဆောက်အအုံများ
☢️ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး အဆောက်အအုံများ
ထို့အပြင် နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောများကို ပြုပြင် ထိန်းသိမ်းနိုင်မည့် ရေလုံသင်္ဘောကျင်းများ ပါဝင်သော အနီးနားရှိ Henderson ပြုပြင်ထိန်းသိမ်းရေးဇုန်အတွက်လည်း နောက်ထပ် ဒေါ်လာ ၈.၄ ဘီလီယံ လျာထားသည်။
❓အဘယ်ကြောင့် Stirling ဖြစ်သနည်း?
ဤရေတပ်စခန်းသည် ဂူအမ် (သို့မဟုတ်) ဟာဝိုင်အီရှိ အမေရိကန်အခြေစိုက်စခန်းများထက် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ပဋိပက္ခဖြစ်ပွားနိုင်ခြေရှိသည့် နေရာများနှင့် ပိုမိုနီးကပ်သောကြောင့်ဖြစ်သည်။
🚢 ရေငုပ်သင်္ဘောများ သွားလာရမည့်အချိန်ကို လျှော့ချနိုင်သဖြင့် အရေးပေါ်အခြေအနေများတွင် ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။
🚢 ၎င်းရေငုပ်သင်္ဘောများသည် တရုတ်ရေတပ်စုများကို နောက်ယောင်ခံလိုက်ခြင်း၊ ထောက်ောက်ပံ့ရေးလမ်းကြောင်းများကို နှောင့်ယှက်ခြင်း သို့မဟုတ် သတင်းအချက်အလက်များကို မရိပ်မိအောင် စုဆောင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
🇨🇳 ⚠️တရုတ်နိုင်ငံကမူ ဩစတြေးလျကို အမေရိကန်၏ "လက်ကိုင် တုတ်" အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး AUKUS ကြောင့် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့
၂၀၁၈ ခုနှစ်တွင် FBI မှ ဂျက်ဖရီ အပ်စတိန်းအား ကလေးသူငယ် လိင်ကုန်ကူးမှုဖြင့် စတင်စုံစမ်းစစ် ဆေးပြီး အမှုဖွင့်လိုက်သည့် ထိုနေ့၌ပင် အပ်စတိန်းသည် ၎င်းပိုင် ဆိုင်သော ကိုယ်ပိုင်ကျွန်းသို့ ပို့ဆောင်ရန် ၅၅ ဂါလံဆံ့ ဆာလ်ဖျူရစ်အက်ဆစ် (Sulfuric acid) ပုံး ခြောက်ပုံးကို မှာယူခဲ့သည်။
ဆာလ်ဖျူရစ်အက်ဆစ်ကို စက်မှုလုပ်ငန်းသုံး သန့်ရှင်းရေးလုပ်ငန်းများ၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုလေ့ရှိသလို သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင်လည်း အသုံးပြုကြသည်။
News Of Myanmar NOM
201
အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေရှိနေပေမယ့် ရုရှားဟာ အိန္ဒိယရဲ့ ထိပ်တန်းရေနံထောက်ပံသူအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ရုရှားသံအမတ်က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အတွင်းက ကိုယ်ပိုင်တက္ကသိုလ်တခုမှာ ပထမနှစ် ဥပဒေကျောင်းသားတဦးက အခန်းဖော် မိန်းကလေးကျောင်းသူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်သာ သတ်သေသွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး Mai Bhago ဥပေဒကောလိပ်မှာ ဖြစ်ပွားခဲ့ကာ CCTV တွေကတဆင့် ပြန်လည်ကြည့်ရှုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အသက် ၂၀ အရွယ် ကျောင်းသား Prince Raj ဟာ စာသင်ခန်းထဲကို ဝင်ရောက်လာပြီး မိန်းကလေးကျောင်းသူနဲ့ စကားပြောဆိုပြီးနောက် ဦးခေါင်းကို ပစ်ခတ်ခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ် Sandeep Kaur က နေရာမှာပဲ သေဆုံးခဲ့ပြီး Raj ကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ခဲ့ကာ သူ့ကို အနီးနားကဆေးရုံဆီ အရေးပေါ်ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။
News Of Myanmar NOM
201
ထိုင်းနိုင်ငံက စာသင်ကျောင်းတခုမှာ အိမ်စာမလုပ်လာတဲ့ ကျောင်းသားတဦးကို ဆရာမက ထိုင်ထ အခါ ၈၀၀ အထိ လုပ်ခိုင်းကာ အပြစ်ပေးခဲ့ပြီးနောက် အဆိုပါကျောင်းသားကို ဆေးရုံပို့ပေးလိုက်ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေချိန်အတွင်း ဆရာမကို တာဝန်ပြန်လည်ခန့်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇱🇾 🔥 လစ်ဗျားတပ်မတော်၏ ကျည်စစ်အသုံးပြု လေ့ကျင့်မှုတစ်ခုအတွင်း တင့်ကားတစ်စီးအတွင်း၌ တင့်ကားအမြောက်ကျည် မတော်တဆပေါက်ကွဲမှုကြောင့် စစ်သည်တစ်ဦး သေဆုံးပြီး အခြားစစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
News Of Myanmar NOM
201
+1
၂၀၂၂ အတွင်းက ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး အယ်လီဇဘက်ကို အောက်မေ့ဖွယ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ ၂ပေါင်ခွဲတန် ဒင်္ဂါးပြားနဲ့ ၂၆ ပဲနိတန် ငွေဒင်္ဂါးပြားတွေပေါ်က ဘုရင်မကြီးရဲ့ ရုပ်ပုံဟာ ကာတွန်းဇာတ်ကောင် Shrek နဲ့ တူနေတယ်လို့ လှောင်ပြောင်ခံနေရပါတယ်။
အယ်လီဇဘက်ဘုရင်မကြီး မွေးဖွားခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ Royal Australian Mint က ထုတ်လုပ်ခဲ့ရာမှာ ဒင်္ဂါးပြားပေါ်မှာ သူမရဲ့ မျက်နှာပုံနဲ့အတူ ကော်ဂီခွေး၊ မြင်းတွေနဲ့ ဝန်းရံခဲ့ပြီး ရှေ့မျက်နှာစာက သူမရဲ့ ရုပ်ပုံလွှာဟာ ဘုရင်မကြီးနဲ့ နည်းနည်းလေတောင် မတူဘူးလို့ ဝေဖန်နေကြပါတယ်။
ကာတွန်းဇာတ်ကောင် Shrek နဲ့ တူတယ်လို့ တချို့က ပြောဆိုခဲ့ပြီး မှတ်ချက်ပေးသူ နောက်တဦးကတော့ “သူမက သွားတိုက်ဖို့ မေ့နေတာလား” လို့ ရေးသားခဲ့ကာ နောက်ထပ်တဦးက “ဘုရင်မကြီးက နံရံကို ဝင်တိုက်မိသွားပုံရတယ်” လို့ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
လန်ဒန်ကနေ တဲလ်အဗစ်ကို ပျံသန်းလာခဲ့တဲ့ Wizz Air လေယာဉ်ပေါ်မှာ ခရီးသည်တဦးက WiFi နာမည်ကို အကြမ်းဖက်သမားလို့ ပြောင်းလဲခဲ့ပြီး ခရီးသည်တွေဆီ ခြိမ်းခြောက်စာတွေ ပို့ခဲ့တဲ့နောက် အစ္စရေးတိုက်လေယာဉ်တွေဟာ ကြားဖြတ်ဟန့်တားဖို့ အမြန်လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ လူတန်လေဆိပ်ကနေ ဘင်ဂူရီယန်လေဆိပ်ဆီ ပျံသန်းနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
လေယာဉ်ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်စေခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ မက်ဆေ့ချ်တွေကို ခရီးသည်တိုင်းရရှိခဲ့ပြီး လေယာဉ်အမှုထမ်းတွေက ဘင်ဂူရီယန်လေဆိပ်က ထိန်းချုပ်ခန်းကို အကြောင်းကြားခဲ့ပြီး တိုက်လေယာဉ်တွေ လိုက်ပါဖို့ကို တောင်းဆိုခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ စုံစမ်းမှုမှာ ခရီးသည်တဦးက WiFi နာမည်ကို “အကြမ်းဖက်သမား (terrorist)” လို့ ပြောင်းလိုက်ပြီး အခြားခရီးသည်တွေဆီ ခြိမ်းခြောက်စာပို့ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ လေယာဉ်ကတော့ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပြီး အကြမ်းဖက်တာမျိုးမဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
😠 ⚔️🇻🇪 ထရမ့်နှင့် အိမ်ဖြူတော်သည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ မာချာဒိုအပေါ် ပိုမိုစိတ်ပျက်လာနေ
အိမ်ဖြူတော်အတွင်းရှိ သတင်းရင်းမြစ်များကို ကိုးကား၍ Politico သတင်းဌာနက ဤသို့ဖော်ပြခဲ့သည်။
၎င်းတို့၏ ပြောကြားချက်အရ ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲများကို တစ်နှစ်အတွင်း ကျင်းပမည်ဟု မာရီယာက ထုတ်ဖော်ပြောဆိုခဲ့ခြင်းအပေါ် အမေရိကန်အရာရှိများက အထူးစိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြကြောင်း၊ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလမှာ (၂၄) လခန့် ဖြစ်ကြောင်းသိရသည်။
"မာရီယာ ကိုရီနာ မာချာဒိုဟာ ထရမ့်အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှောင့်ယှက်ဖို့ ကြိုးစားနေတာပါ... သူဟာ အတ္တကြီးသူတစ်ယောက်ပဲ" ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
"ဒါတွေအားလုံးဟာ 'မာရီယာ ကိုရီနာ မာချာဒို စီမံချက်' မဟုတ်ပါဘူး။ ဒါဟာ 'အမေရိကန် အမျိုးသားလုံခြုံရေး သေချာစေရေး စီမံချက်' သာဖြစ်ပြီး သူမနဲ့ ဘာမှမဆိုင်ပါဘူး။
သူမဟာ ဖျက်လိုဖျက်ဆီးလုပ်တဲ့ အချက်တစ်ချက်ဖြစ်နေပြီး အမေရိကန် အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို ဆန့်ကျင်ဘက်ဖြစ် အောင် လုပ်ဆောင်နေတာပါ" ဟု သတင်းရင်းမြစ်တစ်ခုက Politico သို့ ပြောကြားခဲ့သည်။
မာချာဒိုသည် ထရမ့်၏ စစ်မှန်သော ရည်မှန်းချက်များကို အရိပ်မိုးသွားစေရန်နှင့် သူမကိုယ်သူမ "တစ်ခုတည်းသော ကြယ်ပွင့်" ဖြစ်အောင် လုပ်ဆောင်နေမည်ကို အိမ်ဖြူတော်က စိုးရိမ်နေခြင်းဖြစ်သည်။
"သမ္မတကြီး ပြောကြားထားသလိုပဲ၊ ရွေးကောက်ပွဲတွေဟာ သင့်တော်တဲ့အချိန်မှာ ကျင်းပသွားမှာပါ။ ဒါပေမဲ့ ထရမ့်ဦးစားပေးတာက ဗင်နီဇွဲလားနိုင်ငံကို အသက်ပြန် သွင်းဖို့နဲ့ နိုင်ငံကို ပြန်လည်တည် ဆောက်ဖို့ပဲ ဖြစ်ပါတယ်" ဟု အိမ်ဖြူတော် ကိုယ်စားလှယ်တစ်ဦးက Politico သို့ပြောကြားခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
"အမေရိကန် သံတမန်တစ်ဦးသည် လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း၏ ပါတီတစ်ခုတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးအား ကိုယ်ဝန်ရစေခဲ့"
အမေရိကန် သံတမန်တစ်ဦးသည် 'လိင်ရာဇဝတ်ကောင် အက်ပ်စတိန်း၏ ပါတီတစ်ခုတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား ကိုယ်ဝန်ရစေခဲ့' သော်လည်း မရိန်းတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက သူ၏ကိုယ်စား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသည်။
"ဒီအန်အေ (DNA) စစ်ဆေးချက် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီနေ' သော်လည်း ၂၀၁၁ မှ ၂၀၁၅ ခုနှစ် အထိ မက္ကဆီကိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဝိန်း (Wayne) ကမူ ဤစွပ်စွဲချက်ကို ငြင်းဆိုကြောင်း ရေးသားဖော်ပြထားသည်။
News Of Myanmar NOM
201
ဒီနှစ် နှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ဖြူတော်ကို အလည်အပတ်ခရီးစဉ် လာရောက်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ NBC News နဲ့ အင်တာဗျူးမှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်ဆီ ရှီကျင့်ဖျင်က မလာရောက်ခင် ဧပြီလအတွင်းမှာ ထရမ့်က တရုတ်ဆီ သွားရောက်မယ်လို့လည်း မျှော်လင့်ရကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အင်တာဗျူးအစီအစဉ်မှာ ထရမ့်က သူနဲ့ ရှီတို့ကြားမှာ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ အီရန်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇳🇴 🏴☠️လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းနှင့်ပတ်သက်သည့် ဖိုင်တွဲများကြောင့် နောက်ထပ် ရာထူးမှ နုတ်ထွက်မှု တစ်ခု ဖြစ်ပေါ် -
နော်ဝေ သံအမတ်ကြီး ရာထူးမှ နုတ်ထွက်
အက်ပ်စတိန်း ဖိုင်တွဲများထဲတွင် ဂျော်ဒန်ဆိုင်ရာနော်ဝေသံအမတ်ကြီး မိုနာ ယူးလ် ၏ အမည်ကို ၃၃ ကြိမ်တိုင်တိုင် ဖော်ပြထားသည်ကို တွေ့ရှိရပြီးနောက် မိုနာယူးလ်သည် ရာထူးမှနုတ်ထွက်သွားခဲ့သည်။
News Of Myanmar NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
