fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار37 735دسته بندی مشخص نشده است
204
مشترکین
اطلاعاتی وجود ندارد24 ساعت
+37 روز
-330 روز
آرشیو پست ها
NOM
203
“အမျိုးသားလုံခြုံရေးအတွက် ကျနော်တို့မှာ Greenland ရှိရပါမယ်” ထရမ့်ဟာ မာကိုရူဘီယိုကို Greenland ဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ NOM

NOM
203
ဗင်နီဇွဲလားကမ်းလွန်က ရေနံတင်သင်္ဘောတွေကို သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ထရမ့်က : “သိမ်းဆည်းရမိထားတဲ့ ဗင်နီဇွဲလားရဲ့ရေနံတွေကို ကျွန်တော်တို့က အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အရံရေနံအဖြစ်အသုံးချမယ်။ ဗင်နီဇွဲလားရဲ့ ရေနံတင်သင်္ဘောတွေကိုပါ ကျွန်တော်တို့ အပိုင်အဖြစ်သိမ်းထားတယ်” NOM

NOM
203
+2
မော်စကိုမှာ အကြမ်းဖက်တိုက်ခိုက်မှုလို့ ယူဆရတဲ့ ကားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ပဏာမသတင်းတွေအရ လက်လုပ်ကိရိယာတခုကြောင့် ပေါက်ကွဲခဲ့တယ်လို့ ယူဆရပြီး KIA Sorento ကားအောက်မှာ ဒီတိုနေတာကို တပ်ဆင်ခဲ့ပြီး ကားရွေ့ပြီး ခဏအကြာမှာပဲ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ အစီရင်ခံစာအရ ဒဏ်ရာရသူဟာ အဆင့်မြင့် အရာရှိတဦးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ NOM

NOM
203
ဒေါ်နယ်ထရမ့်ဟာ သံအမတ်ကြီးအဆင့်အပါအဝင် အခြားသော အကြီးတန်းသံရုံးအရာရှိပေါင်း ၃၀ နီးပါးကို ပြန်လည်ခေါ်ယူလိုက်ပြီး ပြည်ပနိုင်ငံတွ
ဒေါ်နယ်ထရမ့်ဟာ သံအမတ်ကြီးအဆင့်အပါအဝင် အခြားသော အကြီးတန်းသံရုံးအရာရှိပေါင်း ၃၀ နီးပါးကို ပြန်လည်ခေါ်ယူလိုက်ပြီး ပြည်ပနိုင်ငံတွေနဲ့ အမေရိကန်သံတမန်အနေအထားကို ပြန်လည်ပုံဖော်ဖို့ အားထုတ်နေပါပြီ။ သူပြန်လည်ခေါ်ယူခဲ့တဲ့ သံအမတ်နဲ့ အရာရှိတွေအားလုံးဟာ ဘိုင်ဒင်လက်ထက်က အဆိုပါရာထူးကို ရယူခဲ့တဲ့ သူတွေလည်းဖြစ်တယ်လို့ သိရပါတယ်။ NOM

NOM
203
တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်အတွင်းက Guiyang မြို့မှာ အဆောက်အဦ ၁၀ ခုပေါ် ကို ဖြတ်သန်းကာ ဆောက်လုပ်ထားတဲ့ ကားလမ်းဖြစ်ပါတယ်။ NOM

NOM
203
ရုရှားဟာ ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းဘွဲ့ ကြယ်တံဆိပ်ကို ပထမဆုံးအကြိမ် ချီးမြှင့်လိုက်ဖြစ်ဖြစ်ပါတယ်။ ဒရုန်းစစ်ဆင်ရေးအတွင်းမှာ ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တပ်သားတဦးကို ပေးအပ်လိုက်တာပါ။ Rubicon ဒရုန်းတပ်ဖွဲ့ရဲ့ ဒရုန်းအော်ပရေတာဟာ Philin ဆိုတဲ့ call sign နဲ့ ပစ်မှတ်အများအပြားကို ထိမှန်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ တိုက်ပွဲတခုမှာဆိုရင် သူ့ရဲ့ ကျွမ်းကျင်မှုက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး သူတယောက်တည်းနဲ့ ရန်သူ့သံချပ်ကာယန္တရားအစုအဖွဲ့ကြီးတခုလုံးရဲ့ အရှိန်အဟုန်ကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူ့စစ်ကြောင်းရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ဆက်လက်တိုက်ခိုက်နိုင်စွမ်းကိုပါ ရပ်တန့်စေခဲ့ပါတယ်။ သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအတွက် ကာကွယ်ရေးဝန်ကြီးက ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းရွှေကြယ်ပွင့်ကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
203
+3
ဒီနေ့ မနက်ပိုင်းက ထိုင်းစံတော်ချိန် မနက် ၄ နာရီမှာ နယ်စပ်မြို့ ပွိုင်ပတ်ကနေ ကမ္ဘောဒီးယားရဲ့ ဘန်တေမီချိုင်းပြည်နယ်အတွင်းက ပစ်မှတ်တခုကို ထိုင်းဘက်က ရော့ကတ်တွေနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။ NOM

NOM
203
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ဩစတြေးလျလိုမျိုး အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်သွားဖို
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ဩစတြေးလျလိုမျိုး အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်သွားဖို့ စဉ်းစားနေပါတယ်။ NOM

NOM
203
ဗြိတိန်ဟာ Police State နိုင်ငံတခုဖြစ်နေပြီလို့ အီလွန်မက်စ်က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်တွေ၊
ဗြိတိန်ဟာ Police State နိုင်ငံတခုဖြစ်နေပြီလို့ အီလွန်မက်စ်က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်တွေ၊ လူဝင်မှုကြီးကြပ်ရေးဝါဒနဲ့ ရဲတပ်ဖွဲ့ထိန်းချုပ်မှုတိုးမြှင့်လာတာ၊ တရားစီရင်ရေးစနစ်ရဲ့ ထူးခြားချက်တွေကြောင့် ဗြိတိန်က အကျဉ်းထောင်ကျွန်းသဖွယ်ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။ အင်တာနက်ပေါ်မှာ စော်ကားပြောဆိုမှုတွေအတွက် နေ့စဉ် လူ ၃၀ ခန့် ဗြိတိန်မှာ ဖမ်းဆီးခံနေရပြီး အများစုဟာ လူအနည်းငယ်သာ မြင်တွေ့ရတဲ့ ပြန်လည်ဖော်ပြမှု၊ ရယ်စရာပုံ ဒါမှမဟုတ် မှတ်ချက်တွေကြောင့် ဖမ်းဆီးခံရတာပါ။ ဥပမာအားဖြင့် LukeYarwood ဖြစ်ရပ်ဖြစ်ပြီး ဒီလအတွင်းက လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေး Twitter ပို့စ်နှစ်ခုအတွက် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရပါတယ်။ လူ ၃၃ ဦးသာ သူ့ရဲ့ Tweet တွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး tweet တခုတည်းအတွက် ထောင် တနှစ်ခွဲ ချမှတ်ခံရမှုက မယုံနိုင်စရာကောင်းအောင် ဖြစ်နေပါတယ်။ NOM

NOM
203
၂၀၂၆ ပထမနှစ်ဝက်အတွင်း ရုရှားကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်ကို မလေးရှားက ကြေညာဖွယ်ရှိနေပါတယ်။ မော်စကိုမှာ ရောက်နေတဲ့ မလေးရှားသံတမန်က ပြောဆိုခဲ့တာပါ။ နှစ်နိုင်ငံကြား ခရီးသွားလာမှုနဲ့ လည်ပတ်မှု တိုးတက်လာဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ NOM

NOM
203
၉/၁၁ ဖြစ်ရပ်နဲ့ ကိုဗစ်ကပ်ရောဂါတို့ကို ကြုံတွေ့ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ မျက်မမြင်ရှေ့ဖြစ်ဟောသူ ဘာဘာဗန်ဂါရဲ့ နာမည်ဟာ လာ
၉/၁၁ ဖြစ်ရပ်နဲ့ ကိုဗစ်ကပ်ရောဂါတို့ကို ကြုံတွေ့ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ မျက်မမြင်ရှေ့ဖြစ်ဟောသူ ဘာဘာဗန်ဂါရဲ့ နာမည်ဟာ လာမယ့်နှစ် နိုဝင်ဘာလအတွင်း လူသားတွေဟာ ယဉ်ကျေးမှုအသစ်တခုနဲ့ ထိတွေ့မှုရှိလာမယ်ဆိုတဲ့ ထိတ်လန့်ဖွယ်အကောင်းဆုံး ဟောကိန်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာနေပါတယ်။ ၁၉၉၆ က ရင်သားကင်ဆာနဲ့ ကွယ်လွန်ခဲ့တဲ့ ဘူဂေးလ်ရီးယားသူက တတိယကမ္ဘာစစ် ဖြစ်ပွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့သလို ကြီးမားတဲ့ မြေငလျင်တွေ၊ ပြင်းထန်တဲ့ မီးတောင်ပေါက်ကွဲမှုတွေနဲ့ ရာသီဥတု ဆိုးဆိုးရွားရွားဖောက်ပြန်ကာ ကမ္ဘာဂြိုလ်ရဲ့ ၈% အထိ ထိခိုက်စေလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။ အခု နာမည်ပြန်ကြီးလာတဲ့ ဟောကိန်းကတော့ ကြီးမားတဲ့ အာကာသယာဉ်တစင်း ကမ္ဘာမြေပေါ် ရောက်ရှိလာကာ လူသားမျိုးနွယ်တွေအတွက် သမိုင်းဝင်အလှည့်အပြောင်းဖြစ်လိမ့်မယ်ဆိုတာပါ။ တချို့ကတော့ သူမဟာ မှန်းဆပြောဆိုခဲ့တာသာဖြစ်ပြီး မရေရာတဲ့ ဟောကိန်းတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယုံကြည်သူအများအပြားရှိနေပြီး Kursk ရေငုပ်သင်္ဘောဖြစ်ရပ်၊ Brexit နဲ့ IS တွေ ကြီးထွားလာတာက သူမရဲ့ ဟောကိန်းမှန်ကန်တယ်ဆိုတာဖြစ်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။ NOM

NOM
203
ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်ဟာ ဆီးရီးယားအလယ်ပိုင်
+1
ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်ဟာ ဆီးရီးယားအလယ်ပိုင်းက ပစ်မှတ်နေရာ ၇၀ ကို တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ အမြောက်တပ်တွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ကန်စစ်သားနှစ်ဦးနဲ့ ကန်အရပ်သား စကားပြန်တဦးတို့ Palmyra မြို့မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့တာကို လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး ထရမ့်ကလည်း IS ရဲ့ အခိုင်အမာနယ်မြေတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ NOM

NOM
203
အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ နောက်ထပ် ရေနံတင်သင်္ဘောတစင်းကို ထပ်မံသိမ်းဆည်းလိုက်ပါတယ်။ ဒီလအတွင်း ဒုတိယမြောက်ဖြစ်ပြီး ဗင်
အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ နောက်ထပ် ရေနံတင်သင်္ဘောတစင်းကို ထပ်မံသိမ်းဆည်းလိုက်ပါတယ်။ ဒီလအတွင်း ဒုတိယမြောက်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံတွင်း ဝင်ရောက်လာမယ့် ရေနံတင်သင်္ဘောအကုန်လုံးကို ပိတ်ဆို့ဖို့ ထရမ့်က အမိန့်ပေးပြီးနောက် ဒီလိုသိမ်းဆည်းမှု ထပ်ဖြစ်လာခဲ့တာပါ။ ဗင်နီဇွဲလားကတော့ ဒါဟာ ပြန်ပေးဆွဲတာ၊ ခိုးယူတာလို့ တုံ့ပြန်ခဲ့ပါတယ်။ NOM

NOM
203
ဒီနေ့ထိုးသတ်ခဲ့ကြတဲ့ အန်သိုနီဂျိုရှူဟွာနဲ့ ဂျိတ်ပေါလ် (YouTube Influencer) တို့ရဲ့ ဘောက်ဆင်ပွဲမှာ ဂျိုရှူဟွာက ၆ ချီမှာ အလဲထိုးပြီး အနိုင်ရခဲ့ပါတယ်။ ဂျိတ်ပေါလ်ဟာ ကြိုးဝိုင်းထောင့်မှာ ပိတ်မိနေခဲ့ပြီး ဝိုက်လက်သီးမိကာ မေးရိုးပါကျိုးခဲ့တယ်လို့ ဆိုပါတယ်။ ပရိုဘောက်ဆင်သမားဘဝမှာ ပထမဆုံးရှုံးပွဲကို သူ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ NOM

NOM
203
ဒီဇင်ဘာ ၁၉ ရက်နေ့က ဆီးရီးယားနိုင်ငံ၊ အလက်ပိုအနီးက Al-Halak မှာ သေနတ်သမားတဦးက ရွှေဆိုင်ပိုင်ရှင်နဲ့ ညီဖြစ်သူကို ပစ်ခတ်ခဲ့ပြီးနောက် ရွှေတွေကို လုယက်သွားခဲ့တာဖြစ်ပါတယ်။ NOM

NOM
203
ပြင်သစ်မှာ လယ်သမားတွေက လမ်းမကြီးတွေပေါ်မှာ လယ်ထွန်စက်တွေပိတ်ရပ်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီနောက်မှာ ဖယ်ပေးဖို့ ရောက်လာခဲ့တဲ့ ရဲတွေကို အာလူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားချိန်မှာတော့ ဆင်းရဲနွမ်းပါးသူတွေက လယ်သမားတွေ ပစ်ပေါက်ခဲ့တဲ့ အာလူးတွေထဲကနေ ကောင်းတာတွေကို ရွေးပြီးတော့ ယူဆောင်သွားခဲ့ကြပါတယ်။ NOM

NOM
203
+1
ဒီဇင်ဘာ ၁၉ ရက်နေ့က ထိုင်ဝမ်မှာ ဓါးနဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဓါးကိုင်ဆောင်ထားသူဟာ တိုင်ပေမြို့လယ်က အဓိကကျတဲ့ ရထားဘူတာရုံတခုနားမှာ မီးခုံးဗုံးတွေကို ဖောက်ခွဲခဲ့ပြီးနောက် ရမ်းကားတိုက်ခိုက်ခဲ့တာပါ။ သူဟာ လူအုပ်ကြားထဲသွားခဲ့ပြီး လိုက်လံထိုးခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့သူဟာ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အကာအကွယ်အပြည့်အစုံဝတ်ဆင်ခဲ့ကာ မျက်နှာဖုံးလည်း စွပ်ထားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အဆောက်အအုံတခုပေါ်ကနေ ခုန်ချခဲ့ကာ သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။ NOM

NOM
203
အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်က အမျိုးသားအစောင့်တပ်ရဲ့ အလုပ်နေရာ ၁၈၇ နေရာအတွက် လူပေါင်း ၈၀၀၀ လောက်က စာမေးပွဲဖြေဆိုနေကြတာပါ။ ဒီစာမေးပွဲကြီးကို လေဆိပ်ပြေးလမ်းပေါ်မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ NOM

NOM
203
ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနေတဲ့ တရုတ်လူငယ်တဦးဟာ ဟိုတယ်အခန်းတခုမှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီး အပြင်ကို လုံး၀မထွက်ခဲ့ဘဲ delivery apps တွေကနေပဲ အစားအစာတွေ မှာယူစားသောက်နေခဲ့ပါတယ်။ ၂နှစ်ကြာပြီးနောက်မှာ သူက တခြားနေရာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ နေထိုင်ခဲ့တဲ့ အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေ ဝင်ခဲ့ချိန်မှာတော့ တမီတာလောက်အမြင့်ရှိတဲ့ အမှိုက်ပုံကြီးက သူ ထိုင်နေကျ စားပွဲခုံနဲ့ ထိုင်ခုံတွေကိုတောင် ဖုံးအုပ်နေပြီဆိုတာကို မြင်တွေ့ခဲ့ရပါတော့တယ်။ NOM

NOM
203
ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြလူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ရှာရစ်ဖ်အူစမန်ဟာဒီဟာ ပြီးခဲ့တဲ့အပတ်အတွင်းက ဒါကာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခ
ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြလူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ရှာရစ်ဖ်အူစမန်ဟာဒီဟာ ပြီးခဲ့တဲ့အပတ်အတွင်းက ဒါကာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး မနေ့က သေဆုံးသွားခဲ့ပါတယ်။ သူ့သေဆုံးမှုအတွက် ဆူပူမှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေက သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးပေးဖို့ တောင်းဆိုနေကြပါတယ်။ သူဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဗလီတခုကနေ ပြန်လာချိန် ဆိုင်ကယ်စီးလာတဲ့ မျက်နှာဖုံးစွပ်သေနတ်သမားတွေက ပစ်ခတ်ခဲ့တာပါ။ ဒီနောက်မှာ စင်ကာပူက ဆေးရုံကို လေယာဉ်နဲ့ ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာပြုတ်ကျရေး ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူပါ။ တရားခံတွေရဲ့ သတင်းကို ပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၄၂၀၀၀ ပေးမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ NOM