NOM
رفتن به کانال در Telegram
203
مشترکین
اطلاعاتی وجود ندارد24 ساعت
+37 روز
-330 روز
آرشیو پست ها
203
ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလျံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့ကြောင့် ထရမ့်အစိုးရက ကြေညာလိုက်ပါတယ်။ ရော့ကတ်လောင်ချာ၊ ဟောင်ဝှစ်ဇာတွေနဲ့ ဒုံးကျည်အမျိုးမျိုး ပါဝင်မှာဖြစ်ပြီး ထရမ့် သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ်မြောက်အဖြစ် ထိုင်ဝမ်ကို ရောင်းချမှု ဖြစ်လာမှာပါ။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီဆုံးဖြတ်ချက်အတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း ချက်ချင်းပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ဒီကြေညာချက်ဟာ တရုတ်အတွက် ဒေါသထွက်စရာနဲ့ စိုးရိမ်စရာအဖြစ် ရှိလာခဲ့ပြီး နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ပြန်လည်ဖြစ်လာမယ့် အရိပ်အယောင်တွေ ရှိလာပါတယ်။
ဘေဂျင်းဟာ အမေရိကန်က ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါ နှစ်နိုင်ငံကြား အကြီးမားဆုံး လက်နက်ရောင်းချမှုကိုပါ ထပ်မံပြုလုပ်ခဲ့လို့ ထိုင်ဝမ်အရေးက ပိုပြီးဆူပွက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
203
ဂါဇာကို အစ္စရေးတို့ စတင်တိုက်ခိုက်ချိန်ကစလို့ လက်ရှိအချိန်အထိ အစ္စရေးစစ်သားပေါင်း ၆၁ ဦးအထိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
NOM
203
+2
AI နဲ့ ဖန်တီးထားတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်ပုံတွေ အသုံးပြုကာ အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတယ်လို့ ဂျာမနီရဲတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။
ရဲယူနီဖောင်းဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ deepfakes တွေကို ပြသထားတဲ့ ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး ပုံတွေထပ်ကြည့်ဖို့အတွက် အခကြေးငွေပေးရတဲ့ ဝက်ဘ်ဆိုက်တွေကို နှိပ်ဖို့ အမျိုးသားတွေကို ဆွဲဆောင်နေတယ်လို့ ဟမ်းဘတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဆိုပါပုံတွေထဲက တချို့ပုံတွေဟာ စပိန်နာမည်ကျော်ဘောလုံးအသင်း ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းနူးကမ့်က ကွင်းလုံခြုံရေးတွေလို့ပါ ဖော်ပြခံနေရပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု ရနေခဲ့ပြီး အမှန်တကယ်အားဖြင့် လိမ်လည်ဖို့ ကြိုးစားနေတဲ့ပုံတွေလို့ ဆိုပါတယ်။
NOM
203
+1
မြောက်ကယ်ရိုလိုင်းနားက Statesville လေဆိပ်မှာ လေယာဉ်တစင်းပျက်ကျခဲ့ပြီး မီးလောင်ခဲ့ကာ လိုက်ပါခဲ့သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလေယာဉ်ဟာ NASCAR ပြိုင်ကားအသင်းက ပိုင်ဆိုင်တာဖြစ်ပြီး သေဆုံးခဲ့တဲ့သူတွေဟာ အသက် ၅၅ နှစ်အရွယ် နာမည်ကျော် ပြိုင်ကားမောင်းသမားဟောင်း Greg Biffle နဲ့ သူ့မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
NOM
203
+1
အိန္ဒိယက ငယ်သူငယ်ချင်းနှစ်ဦးဟာ တသက်မှာ တကြိမ်သာ ရှာတွေ့နိုင်တယ်လို့ တင်စားခဲ့ကြတဲ့ အစိမ်းရောင်စိန်တလုံးကို တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ပေါင် ၄ သောင်းကျော် တန်ဖိုးရှိတယ်လို့ သိရပြီး ဆင်းရဲမွဲတေပြီး စိန်သိုက်တွေရှိလို့ နာမည်ကျော်တဲ့ Panna မြို့မှာ တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။
၁၅.၃၄ ကာရက်ရှိတဲ့ စိန်ကို မြို့ရဲ့ တရားဝင်အကဲဖြတ်သူက တန်ဖိုးဖြတ်ပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးသဘာ၀စိန်အမျိုးအစားတွေထဲက တခုလည်း ဖြစ်ပါတယ်။ ရူပီး ၅ သန်းကနေ ၆ သန်းကြား တန်ဖိုးရှိတယ်လို့ ရာဖြတ်က ပြောဆိုခဲ့ပြီး အစိုးရကတဆင့် ပြုလုပ်တဲ့ လေလံပွဲတွေမှာ ရောင်းချသွားဖို့လည်း စီစဉ်ထားပါတယ်။
သူတို့နှစ်ဦးဟာ အစ်မတွေ မင်္ဂလာဆောင်နိုင်ဖို့အတွက် စိန်တူးဖော်ဖို့ ဆုံးဖြတ်ခဲ့ပြီး စျေးရောင်းသမားဘ၀ကို စွန့်လွှတ်ခဲ့ကြတာပါ။ မိသားစုမျိုးဆက်ထဲမှာလည်း ဒီလိုမျိုး စိန်ရှာဖွေသူတွေရှိခဲ့ပြီး သူတို့အလှည့်မှာတော့ ကံကောင်းခဲ့တာဖြစ်ပါတယ်။
NOM
203
ဗင်နီဇွဲလားပိုင်နက်အတွင်း ဆီတင်သင်္ဘောတွေကို လုံး၀ပေးမဝင်နဲ့လို့ ထရမ့်က အမိန့်ထုတ်ခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ မာဒူရိုကလည်း ဆီတင်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဗင်နီဇွဲလားရေတပ်ကို အမိန့်ပေးလိုက်ပါတယ်။
NOM
203
ဘင်္ဂလားဒေ့ရှ်မှာ အနောက်တိုင်းပုံစံဝတ်စားထားတဲ့ မိန်းကလေးတဦးကို public area မှာ အမျိုးသားတွေက ဝိုင်းဝန်းကာ နောက်ပြောင်စော်ကားမှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။
NOM
203
ဗင်နီဇွဲလားသမ္မတ မာဒူရိုအနေနဲ့ ဘယ်လာရုစ်ကို ပြောင်းရွှေ့လာမယ်ဆိုရင် ကြိုဆိုနေမယ်လို့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သူတို့ကြား ဆွေးနွေးမှုတွေ မလုပ်ရသေးဘူးလို့လည်း သူက Newsmax နဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
NOM
203
အီရန်က ဟော်မုဇ်ကျွန်းရဲ့ ကမ်းခြေတခုမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြေဆီလွှာတွေပါ သွေးနီရောင်သမ်းတဲ့အထိဖြစ်လာတယ်လို့ သိရပါတယ်။ မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေတဲ့ အီရန်မှာ အချိန်အတန်ကြာ မိုးရွာခဲ့ပြီး ဒီအနီရောင်တွေက လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့ကာ တချို့က ပင်လယ်၊ မြစ်နဲ့ စမ်းရေတွင်းတွေ သွေးအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာကြီးပျက်သုဉ်းသွားတယ်ဆိုတဲ့ သမ္မာကျမ်းစာာပရောဖက်ပြုချက်နဲ့ ဆက်စပ်ပြောဆိုတာမျိုးတွေလည်း ရှိနေပါတယ်။
NOM
203
အိန္ဒိယနဲ့ အာရှရဲ့ အချမ်းသာဆုံးသူဌေး၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အဆင့် ၁၃ နေရာရှိနေတဲ့ ဘီလျံနာ အမ်ဘာနီဟာ အိန္ဒိယကို အလည်အပတ်ခရီးစဉ်ရောက်ခဲ့တဲ့ မက်ဆီကို အထူးဖိတ်ကြားမှုပြုလုပ်ခဲ့ပြီးနောက် ဒေါ်လာ ၁.၁ သန်းတန် ရှားပါးနာရီတလုံး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Richard Mille RM 003 V2 ‘Asia Edition’ ဖြစ်ပြီး Richard Mille ရဲ့ အစောပိုင်းထုတ်လုပ်ခဲ့တဲ့ နာရီတွေထဲမှာ ထင်ရှားတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။ ဒေါ်လာ ၁၁၁ ဘီလျံအထိ ကြွယ်၀တဲ့ အမ်ဘာနီမိသားစုက မက်ဆီကို အထူးဧည့်ခံပွဲပြုလုပ်ပေးခဲ့ကာ သူတို့တည်ထောင်ထားတဲ့ Vantara တောရိုင်းတိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးစင်တာကိုလည်း လိုက်ပို့ပေးခဲ့ပါတယ်။
NOM
203
ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်ခွင့်ရှိနေတဲ့ ရေနံတင်သင်္ဘောအားလုံးကို သွားလို့မရအောင် ပိတ်ဆို့ထားဖို့ အမိန့်ပေးလိုက်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
မာဒူရိုအစိုးရကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး အမေရိကန်ပိုင်ဆိုင်မှုတွေကို ခိုးယူတဲ့အပြင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း Turth Social က ပို့စ်တခုမှာလည်း သူက ရေးသားခဲ့ပါတယ်။
NOM
203
အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်က ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ တောင်ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ပါလက်စတိုင်းအာဏာပိုင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကိုလည်း ငြင်းပယ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာ ဒီဥပဒေက စတင်အသက်ဝင်မှာဖြစ်ပြီး အရင်ပိတ်ပင်ထားတဲ့ နိုင်ငံတွေစာရင်းမှာ ထပ်မံတိုးပွားသွားခဲ့ပြီဖြစ်ပါတယ်။
NOM
203
၁၉၇၃ နောက်ပိုင်း ဂျပန်နဲ့ အဆိုးရွားဆုံး ဆက်ဆံရေးတွေ ဖြစ်လာခဲ့ပြီးနောက် တရုတ်ဟာ ဂျပန်ကို ချစ်ကြည်ရေးအဖြစ် လက်ဆောင်ပေးထားတဲ့ ပန်ဒါဝက်ဝံအားလုံးကို ပြန်သိမ်းတော့မှာဖြစ်ကြောင်း Kyodo News က ဖော်ပြခဲ့ပါတယ်။
အဆိုပါ ဝက်ဝံတွေဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး တရုတ်ဘက်က ဒီလိုမျိုး လုပ်ဆောင်တာဟာ နှစ်နိုင်ငံကြား ဆိုးရွားပြင်းထန်တဲ့ နိုင်ငံရေးပဋိပက္ခတခုဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။
ဂျပန်မှာ ပန်ဒါဝက်ဝံတွေကို ဇန်နဝါရီလကုန်အထိသာ ကြည့်ရှုနိုင်တော့မှာဖြစ်ပြီး အချိန်သိပ်မကျန်တော့လို့ လက်မှတ်တွေကို အလျင်စလိုရောင်းချနေတယ်လို့လည်း သိရပါတယ်။
NOM
203
Curacao ကနေ နယူးယောက်ကို ထွက်ခွာခဲ့တဲ့ JetBlue ခရီးသည်တင်လေယာဉ်ဟာ ဗင်နီဇွဲလားကမ်းလွန်တည့်တည့် ပျံသန်းခဲ့ပြီးနောက် ကာရစ်ဘီယံပင်လယ်ပေါ်မှာ ကန်စစ်တပ်လေယာဉ်နဲ့ အရမ်းနီးကပ်တဲ့ အနေအထားမှာ တွေ့ဆုံခဲ့ရပြီး ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဝေဟင်အတွင်း လောင်စာဖြည့်လေယာဉ်တစင်းဖြစ်ပြီး သူတို့အပေါ်ကနေ ပျံသန်းသွားခဲ့ကာ စစ်ဘက်လေယာဉ်ဟာ transponder မဖွင့်ထားခဲ့ဘူးလို့ JetBlue ရဲ့ တွဲဘက်လေယာဉ်မှူးက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
အဆိုပါ ကန်စစ်လေယာဉ်ဟာ ဗင်နီဇွဲလားဘက်ဆီ ဦးတည်ပျံသန်းခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် ကန်လေတပ်ကတော့ တစုံတရာမှတ်ချက်မပေးခဲ့ပါဘူး။
NOM
203
Ahmed el Ahmed အတွက် GoFundMe ကတဆင့် စုဆောင်းမှုဟာ ဒေါ်လာ ၂ သန်းအထိ ရှိလာခဲ့ပြီလို့ Bloomberg က ဆိုပါတယ်။
NOM
203
ဩစတြေးလျ၊ နယူးဆောက်ဝေးလ်ဝန်ကြီးချုပ်က Bondi ဖြစ်ရပ် သူရဲကောင်း Ahmed al Ahmed ကို ဆေးရုံမှာ သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုချီးကျူးစကားပြောဆိုခဲ့တာဖြစ်ပါတယ်။
NOM
203
ဘရာဇီးလ်နိုင်ငံ Guaiba မှာ ရှိတဲ့ လေဘာတီရုပ်ထုကြီးဟာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ ဒီရုပ်ထုကို ၁၉၀၀ ပြည့်နှစ်လွန် အစောပိုင်းမှာ စိုက်ထူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
NOM
203
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်ကို ဆုကြေးငွေချီးမြှင့်ဖို့အတွက် စုဆောင်းထားမှုဟာ ဒေါ်လာ ၁ သန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
Ahmed el Ahmed ဟာ သေနတ်သမားဆီ မသွားခင် သူ့ရဲ့ ဝမ်းကွဲညီအကိုဖြစ်သူကို “ငါ သေချင် သေသွားလိမ့်မယ်၊ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ငါလုပ်ခဲ့တာလို့ ငါ့မိသားစုကို ပြောပေး” ဆိုပြီး မှာခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။
သူဟာ သေနတ်ကို အောင်မြင်စွာနဲ့ လုယူနိုင်ခဲ့ပြီး သေနတ်သမားကို ထွက်ပြေးစေခဲ့ပါတယ်။ အခုအခါမှာ သူ့အတွက် ဆုကြေးပေးအပ်ဖို့ GoFundMe ကတဆင့် ကမ်ပိန်းလုပ်ခဲ့ရာမှာ လှူဒါန်းသူပေါင်း ၁၈၀၀၀ အထိ ရှိခဲ့ကာ ဒေါ်လာ ၁ သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ကို နယူးဆောက်ဝေးလ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံအထိ လိုက်ကာ သတင်းမေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကာ သူရဲကောင်းလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။
NOM
203
စစ်ပွဲရပ်စဲဖို့အတွက် ယူကရိန်းအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ထဲဝင်ခွင့်ကို လက်လွှတ်ပေးမယ်လို့ ဇယ်လင်စကီးဘက်က တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
NOM
203
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို ဝင်ရောက်လုယူခဲ့ပြီး ဟီးရိုးတဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသားကို ဂျူးလူမျိုး သူဌေးတဦးဖြစ်တဲ့ Bill Ackman က ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တဦးဖြစ်ပြီး ဒေါ်လာ ၉.၅ ဘီလျံအထိ ကြွယ်၀သူဖြစ်ပါတယ်။
NOM
