NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
Repost from News Of Myanmar
🇮🇷🇮🇷 - အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ စဂျေးလ် (Sejil) ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။
ဒါဟာ အီရန်နိုင်ငံထုတ် အဆင့်မြင့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်ပါတယ်။ ၎င်းဟာ အခဲလောင်စာသုံး ဒုံးကျည်ဖြစ်လို့ ပစ်ခတ်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းပြီး အစ္စရေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိပါတယ်။
NOM
201
Repost from News Of Myanmar
😠 - အမေရိကန်သမ္မတ ထရန့်က 'လိုအပ်မယ်ဆိုရင်' အီရန်နိုင်ငံအတွင်းကို ကြည်းတပ်တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမယ့် အစီအစဉ်ကို ပယ်ထုတ်ထားမှာ မဟုတ်ကြောင်း (ဖြစ်နိုင်ခြေရှိကြောင်း) နယူးယောက်တိုင်းမ်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
🤍 - "လာမည့်ရက်ပိုင်းနှင့် သီတင်းပတ်များအတွင်း ကျွန်ုပ်တို့ဘက်မှ ထိခိုက်ကျဆုံးမှုများ ထပ်မံရှိလာနိုင်မည်ဟု မျှော်လင့်ထားသည်" ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
အယာတိုလာ ခါမေနီ၏ ဇနီးဖြစ်သူ မန်ဆူရေး ခိုဂျက်စတေး ဘာဂါဇာဒေးသည် ၎င်း၏ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွင်း ရရှိခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
NOM
201
အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ဂျာမနီက ဒီနေ့မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul က ဘာလင်အနေနဲ့ ဗြိတိန်၊ ပြင်သစ်တို့နဲ့အတူ အနီးကပ်ညှိနှိုင်းနေတာတွေ ရှိပေမယ့် ဘယ်လိုစစ်ရေးကာကွယ်ရေးအစီအမံတွေလုပ်ဆောင်ရမယ်ဆိုတာကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်မှာဖြစ်ပြီး ဂျာမနီက ပါဝင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇶🇦🚀🚀- "ကာတာနိုင်ငံအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေကို 'လက်တုံ့ပြန်မှုမရှိဘဲ ဒီအတိုင်းလွှတ်ထားလို့ မရနိုင်ဘူး' လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်ပြီး မိနစ်ပိုင်းအကြာမှာပဲ အီရန်ဟာ ကာတာနိုင်ငံ၊ မြို့တော် ဒိုဟာ (Doha) ဆီကို ဒုံးကျည် ၁၀ စင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။"
NOM
201
Repost from News Of Myanmar
+5
😠 - အမေရိကန်လူမှုကွန်ရက် အသုံးပြုသူတွေဟာ #SendBarron (ဘာရွန်ကိုပို့) ဆိုတဲ့ hashtag ကို လူမှုကွန်ရက်မှာ ခေတ်စားလာအောင် (trending) ပြုလုပ်ပြီး သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့သားဖြစ်သူကို အစ္စရေးတွေအတွက် အနောက်အာရှ (အရှေ့အလယ်ပိုင်း) စစ်မြေပြင်မှာ သွားရောက်အသေခံဖို့ စေလွှတ်ပေးရန် တောင်းဆိုနေကြပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန်တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ဗဟိုစစ်ဌာနချုပ်အတည်ပြု
အမေရိကန် F-15 တိုက်လေယာဉ်တစ်စင်းကို အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က အတည်ပြုလိုက်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ကူဝိတ်နဲ့ အီရတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တာပါ။
NOM
201
Repost from News Of Myanmar
ဆော်ဒီအာရမ်ကို ကုမ္ပဏီပိုင် ရပ်စ်တာနူရာ ရေနံချက်စက်ရုံတိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးနေသည့် ရေနံလုပ်သားများ
NOM
201
Repost from News Of Myanmar
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဆော်ဒီအာရမ်ကို (Saudi Aramco) ကုမ္ပဏီပိုင် "ရပ်စ်တာနူရာ" (Ras Tanura) ရေနံချက်စက်ရုံ၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
ရပ်စ်တာနူရာ စက်ရုံသည် ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် စက်ရုံများထဲမှတစ်ခုဖြစ်သည်။
NOM
201
Repost from News Of Myanmar
ဆော်ဒီရှိရေနံချက်စက်ရုံတစ်ခုကို အီရန်တိုက်ခိုက်
အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံအခြေခံအဆောက်အအုံများကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။
အာရမ်ကို (ARAMCO) ကုမ္ပဏီ၏ ရပ်စ်တာနူရာ (Ras Tannoura) ရေနံချက်စက်ရုံမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
NOM
201
Repost from News Of Myanmar
🇧🇭 - ဘာရိန်းနိုင်ငံရှိ အလူမီနီယံ ဘာရိန်း (အယ်လ်ဘာ) (Aluminum Bahrain (Alba)) ကုမ္ပဏီသည် တိုက်ခိုက်ခံရမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားပြီဖြစ်သည်။
၎င်းသည် ဘာရိန်းနိုင်ငံ၏ အကြီးဆုံး အလူမီနီယံထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အလူမီနီယံ အရည်ကျိုစက်ရုံများထဲမှ တစ်ခုလည်းဖြစ်သည်။
NOM
201
Repost from News Of Myanmar
အီရန်ရဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် ဘာရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုံးဝအလုပ် မလုပ်နိုင်တော့
"ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် ရေတပ်အခြေစိုက်စခန်းအတွင်းကို တိုက်ခိုက်မှုတွေ ကျရောက်နေပါတယ်။
လက်ရှိအချိန်မှာ ဘာရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ လုံးဝအလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေသလို၊ ကူဝိတ်နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဟာလည်း ကုန်လုနီးပါးဖြစ်နေပါပြီ။"
NOM
201
Repost from News Of Myanmar
🚀🚀ကူဝိတ်နိုင်ငံရှိ အမေရိကန်သံရုံးကို အီရန်အသေခံဒရုန်းထိမှန်
"ကူဝိတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်နိုင်ငံထုတ် ရှာဟစ်-၁၃၆ အသေခံဒရုန်းတစ်စင်း ထိမှန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ဂြိုဟ်တုမြေပုံအညွှန်းကိန်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။"
NOM
201
Repost from News Of Myanmar
ကူဝိတ်နိုင်ငံတွင် ပျက်ကျသွားသည့် အမေရိကန် F-15 တိုက်လေယာဉ်သည် မပျက်ကျမီ လေယာဉ်အမြှီးပိုင်းတွင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပျက်ချခဲ့သည်ကို ဗီဒီယိုတွင်တွေ့ရသည်။
🤔 ပစ်ချခံရတာများလား??
NOM
201
Repost from News Of Myanmar
အီရန်အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အလီလာရီဂျာနီက
"ကျွန်ုပ်တို့သည် အမေရိကန်နှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမျှ ပြုလုပ်မည်မဟုတ်' ဟု ပြောကြားလိုက်သည်"
NOM
201
Repost from News Of Myanmar
ကူဝိတ်နိုင်ငံတွင် ပျက်ကျသွားသည့် အမေရိကန် F-15 တိုက်လေယာဉ်သည် မပျက်ကျမီ လေယာဉ်အမြှီးပိုင်းတွင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပျက်ချခဲ့သည်ကို ဗီဒီယိုတွင်တွေ့ရသည်။
🤔 ပစ်ချခံရတာများလား??
NOM
201
+2
လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲက ပိုမိုကြီးမားကျယ်ပြန့်လာပြီး ကူးစက်ကာ ကမ္ဘာစစ်အသွင်ပြောင်းလဲခဲ့မယ်ဆိုရင် ဘယ်နိုင်ငံတွေက လုံခြုံစိတ်ချရပြီး ဘေးအကင်းဆုံးဖြစ်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။
စစ်တမ်းတခုအရ လူတယောက်ချင်းစီရဲ့ ခံစားချက်နဲ့ နိုင်ငံအခြေအနေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့ရာမှာတော့တော့ အိုက်စလန်၊ နယူးဇီလန်နဲ့ ဆွစ်ဇာလန်တို့က လုံခြုံစိတ်ချမှုအရှိဆုံးနိုင်ငံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေလည်းဖြစ်ကာ အခြားနိုင်ငံရေးပြသနာတွေမှာ ပါဝင်ပတ်သက်မှု ကင်းရှင်းအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ပြီး တည်ငြိမ်မှုအပြည့်အ၀ရှိတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
မတ်လ ၂ ရက် ဘာရိန်းနိုင်ငံရှိ အမေရိကန်စခန်းများ၊ စစ်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို အီရန်က အပြင်းအထန် တိုက်ခိုက်
"ဘာရိန်းနိုင်ငံအတွင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ပိုင်ဆိုင်မှုတွေကို အီရန်နိုင်ငံက အင်အားအလုံးအရင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။"
NOM
201
Repost from News Of Myanmar
🚨 Breaking News
🇰🇼 - ကူဝိတ်နိုင်ငံတွင် အမေရိကန် F-15 တိုက်လေယာဉ်တစ်စင်း ပျက်ကျ
"ကူဝိတ်နိုင်ငံအတွင်း အမေရိကန် F-15 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးကတော့ အချိန်မီ ထွက်ခွာလွတ်မြောက်နိုင်ခဲ့ပြီး သူ့ကို ဒေသခံ ကူဝိတ်နိုင်ငံသားအချို့က သူတို့ရဲ့ ကားနောက်ဖုံးထဲမှာ ထည့်သွင်းကာ ဘေးကင်းရာကို ခေါ်ဆောင်သွားပေးခဲ့ကြပါတယ်။"
NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
