NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
Repost from News Of Myanmar
🇱🇧🌟 ⚔️ 🌟 ဟစ်ဇဘိုလာအဖွဲ့ (Hezbollah) ရဲ့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးလေတပ်ဟာ လက်ဘနွန်နိုင်ငံအတွင်း ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲမှာ လနဲ့ချီကြာအောင် ငြိမ်သက်နေခဲ့တဲ့ ဘေရွတ်မြို့တောင်ပိုင်း ကို ပစ်မှတ်ထားတိုက်ခိုက်တာတွေလည်းပါဝင်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ အနည်းဆုံး ရက်အတော်ကြာ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
NOM
201
မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာတွေဟာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ သမီးဖြစ်သူ ကင်ဂျူအေးက စနိုက်ပါပစ်ခတ်နေတဲ့ပုံတွေကို ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။ ဒါဟာ ကင်ဂျူအေးက အရွယ်ရောက်လာပြီဆိုတာကို အတိအလင်း ကြေညာလိုက်တာဖြစ်ပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက်လည်း သေချာသလောက်ဖြစ်လာတာလို့ လေ့လာအကဲခတ်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ အသက် ၁၃ နှစ်အရွယ် ကင်ဂျူအေးကို ကင်ဂျုံအန်က ဆက်တိုက်ပွဲထုတ်နေခဲ့တာဖြစ်ပြီး သူ့နေရာကို ဆက်ခံဖို့ လျာထားတယ်လို့ အရင်လပေါင်းများစွာကတည်းက အားလုံးက ယူဆနေခဲ့တာ ဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ဒရုန်းသိုလှောင်ရာ မြေအောက်လှိုဏ်ဂူတစ်ခုရဲ့ ပုံရိပ်အသစ်များနှင့် အမေရိကန်စစ်အခြေစိုက်စခန်းများဘက်သို့ ပစ်ခတ်နေသည့် မြင်ကွင်းများ။
NOM
201
Repost from News Of Myanmar
သမ္မတထရန့် -
"နောက်ဆုံးမှာတော့ သူတို့တွေ ငြိမ်ဝပ်သွားကြမှာပါ။ ဟုတ်ပါတယ်၊ အီရန်ဟာ နောက်ဆုံးမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလိုဆန္ဒအတိုင်း အရှုံးပေး ဒူးထောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"
NOM
201
Repost from News Of Myanmar
🌟 💛ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့လည်း စစ်ထဲဝင်လာပြီ
လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်လက်နက်ကိုင်အဖွဲ့မှာ ၎င်းတို့အဖွဲ့ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာ ကတရားဝင်ကြေညာလိုက်ပြီး အီရတ်ခုခံရေးတပ်ဖွဲ့တွေ၊ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတို့နဲ့အတူ စစ်ပွဲထဲကို ပူးပေါင်းပါဝင်လိုက်ပြီဖြစ်ပါတယ်။
ခေါင်းဆောင်ကြီး အယာတိုလာ အီမာမ် ဆယက်ဒ် အလီ ဟိုစိန်နီ ခါမေနီ လုပ်ကြံခံရမှုအတွက် လက်စားချေတဲ့အနေနဲ့ရော၊ လက်ဘနွန်နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက်ပါ ဟစ်ဇ်ဘိုလာအဖွဲ့က တုံ့ပြန်လိုက်တာပါ။
မတ်လ ၂ ရက်နေ့ သန်းခေါင်ယံအချိန်မှာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဟိုင်ဖာမြို့တောင်ဘက် ရှိ မစ်ရှ်မာ ဟာကာမယ်လ် ဒုံးကျည် ကာကွယ်ရေးစခန်းကို အဆင့်မြင့် ဒုံးကျည်တွေနဲ့ ဒရုန်းအုပ်စုတွေအသုံးပြုပြီး အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ပိုင်းကတော့ "အစ္စရေးဘက်က ကျူးကျော်မှုတွေ ဆက်လုပ်နေသရွေ့၊ ငါတို့ရဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ဆက်ပြီး လုပ်ကြံနေသရွေ့တော့ ငါတို့မှာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတယ်။ သင့်တော်တဲ့ အချိန်နဲ့ နေရာမှာ ပြန်လည်တုံ့ပြန်သွားမှာပဲ" လို့ ပြောကြားထားပါတယ်။
၁၅ လကြာအောင် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ အစ္စရေးအနေနဲ့ ဒီအတိုင်း ဆက်သွားလို့မရတော့ကြောင်း သတိပေးတဲ့အနေနဲ့ရော သိမ်းပိုက်ထားတဲ့ လက်ဘနွန်ပိုင်နက်တွေထဲကနေ ဆုတ်ခွာသွားဖို့အတွက်ပါ အခုလို တုံ့ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလုပ်ရပ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ တရားဝင်တုံ့ပြန်မှုဖြစ် ပြီး လက်ဘနွန်အပေါ် ကျူးကျော်နေတဲ့ အစ္စရေး-အမေရိကန် တို့ရဲ့ လုပ်ရပ်တွေကို အဆုံးသတ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်အစ္စလာမစ်အစိုးရဖြုတ်ချရေးအတွက် နှစ်ပေါင်းများစွာကတည်းက အပြင်းအထန် တိုက်တွန်းနှိုးဆော်သူ လော်ဘီတစ်ဦးဖြစ်တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် လေသံပြောင်းလာ
ဂရေဟမ်ဟာ အီရန်အစ္စလာမစ်အစိုးရကို ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးနေတဲ့ "ကင်ဆာကျိတ်" လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အစိုးရကို ဖယ်ရှားပစ်ရမယ်လို့ အမြဲတမ်း လော်ဘီလုပ်ခဲ့ပါတယ်။
အထူးသဖြင့် သမ္မတ ထရမ့်လက်ထက်မှာ အီရန်အပေါ် "အပြင်းထန်ဆုံး ဖိအားပေးရေး မူဝါဒ" ကျင့်သုံးဖို့ ဂရေဟမ်က အနီးကပ် လော်ဘီလုပ်ခဲ့ပါတယ်။ အီရန်အစိုးရဟာ စေ့စပ်ညှိနှိုင်းလို့ရမယ့် အစိုးရမျိုးမဟုတ်ဘဲ ဖြုတ်ချပစ်ရမယ့် အစိုးရမျိုးဖြစ်တယ်လို့ သူက ယုံကြည်ခဲ့တာပါ။
သို့သော် အီရန်နှင့် အမေရိကန် ယခုအမှန်တကယ် စစ်ဖြစ်တဲ့အခါမှာတော့ ဂရေဟမ်က -
"အခုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က အီရန်အစိုးရကို ဖြုတ်ချဖို့ မဟုတ်ပါဘူး။
ဒီစစ်ဆင်ရေးရဲ့ တကယ့်ပန်းတိုင်က ငါတို့ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေ (အီရန် နျူကလီးယားနဲ့ ဒုံးကျည်စနစ်) ကို ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကြီး ပြီးသွားတဲ့အခါကျရင် အီရန်မှာ ဘယ်သူပဲ အာဏာရလာပါစေ... သူတို့ဆီမှာ ငါတို့ကိုဖြစ်စေ၊ အစ္စရေးကိုဖြစ်စေ၊ ဒီဒေသတစ်ခုလုံးကိုဖြစ်စေ ဒုက္ခပေးနိုင်တဲ့ လက်နက်တွေရှိတော့မှာ မဟုတ်ပါဘူး။"
ဘာကြောင့် အခုလို လေသံပြောင်းသွားတာလဲ?
အခု သူက "ရည်မှန်းချက်က အစိုးရဖြုတ်ချဖို့ မဟုတ်ဘူး" လို့ ပြောလာတာဟာ အောက်ပါအချက် တွေကြောင့် ဖြစ်နိုင်ပါတယ် -
လက်တွေ့မြေပြင် အခြေအနေ -
အီရန်ဟာ သူထင်ထားတာထက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်နိုင် တာကို သတိပြုမိသွားခြင်း။
စစ်ပွဲပမာဏကို ကန့်သတ်ခြင်း -
အစိုးရဖြုတ်ချရေးအထိ သွားရင် ကမ္ဘာစစ်အသွင် ဆောင်သွားနိုင်တာကြောင့် စစ်ပွဲကို "လက်နက်ဖျက်ဆီးရေး" အဆင့်မှာပဲ ဘောင်ခတ်ချင်ခြင်း။
နိုင်ငံရေး ဗျူဟာ - အီရန်ပြည်သူတွေကို အစိုးရနဲ့ ရန်တိုက်ပေးဖို့အတွက် "ငါတို့က မင်းတို့အစိုးရကို ဖြုတ်ချမှာမဟုတ်ဘူး (ဒါကြောင့် မင်းတို့က ငါတို့ကို ပြန်မတိုက်နဲ့)" ဆိုတဲ့ စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ဂရေဟမ်လို "စစ်လိုလားသူ" တစ်ယောက်က ဒီလို လေသံပြောင်းသွားတာဟာ အမေရိကန်ရဲ့ အီရန်အပေါ်ထားတဲ့ စစ်ရေးဗျူဟာမှာ အပြောင်းအလဲကြီးတစ်ခု ရှိနေပြီဆိုတာကို ပြသနေတာပါ။
NOM
201
Repost from News Of Myanmar
😏 ထင်သလို ဖြစ်မလာလို့ ထရန့်ကြီး စိတ်ကောက်နေတယ်နဲ့တူတယ်
"သမ္မတကြီးရဲ့ ရည်မှန်းချက်က ဘာလဲခင်ဗျာ" - အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ထရမ့်က အီရန်အရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို လျစ်လျူရှုသွားခဲ့သည်။
NOM
201
Repost from News Of Myanmar
လက်ရှိအချိန်တွင် ဒူဘိုင်းကောင်းကင်ယံတွင် အီရန်ရှာဟစ်-၁၃၆ အသေခံဒရုန်းများ လွတ်လပ်စွာပျံသန်းလျက်ရှိ။
NOM
201
Repost from News Of Myanmar
🇨🇾 🌟 - ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှလေတပ်စခန်း အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိသျှ လေတပ်အခြေစိုက်ရာ အက်ခရိုတီရီလေတပ်စခန်းကို အီရန်ကဒရုန်းတစ်စင်းဖြင့် မေလ ၁ ရက်နေ့ညဦးပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာသည်။
တိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လေတပ်စခန်းအတွင်းရှိ အဆောက်အဦနှင့် ပစ္စည်းကိရိယာအချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဆိုက်ပရပ်စ်မေးလ်သတင်းဌာနက ဖော်ပြထားသည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံက ဒုံးကျည်များဖြင့် အသစ်တဖန် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများ ရှိနေကြောင်းသတင်းများက ဖော်ပြသည်။
NOM
201
Repost from News Of Myanmar
⚰️🌟👍 - "အီရန်ဒရုန်းများကို ပစ်ချရာတွင် ပါရှန်းကွေ့ မဟာမိတ်များကို ကူညီပေးနိုင်ရန် ယူကရိန်းမှ ကျွမ်းကျင်သူများကို ကျွန်ုပ်တို့ ခေါ်ယူသွားမည်" — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ
😏 👍 - ယူကရိန်းတွေကို ယူကရိန်းစစ်မြေပြင်မှာ သေခိုင်းနေတာ အားမရလို့ အရှေ့အလယ်ပိုင်းထိပါခေါ်ပြီး ထပ်သေခိုင်းဦးမှာလားကွယ်?
NOM
201
Repost from News Of Myanmar
ဗုံးကြဲခံနေရချိန်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အလုပ်လုပ်နေသည့် နောက်ခံအသံများကြားမှ "အလ္လာအု အက္ကဘာရ်'" (ဘုရားသခင်သည် အကြီးမြတ်ဆုံးဖြစ်သည်) ဟု အီရန်ပြည်သူများ ကြွေးကြော်နေကြပုံ"
"ဒီလိုမျိုး စိတ်ဓာတ်ရှိတဲ့ လူမျိုးကို ဘယ်တော့မှ ဒူးထောက်အရှုံးပေးအောင် လုပ်လို့ရမှာမဟုတ်ဘူး။"
NOM
201
Repost from News Of Myanmar
"မေလ ၁ ရက်နေ့ညအချိန်၌ အီရန်၏ ပဲ့ထိန်းဒုံးကျည်များနှင့် အီရတ်ခုခံကာကွယ်ရေးအဖွဲ့၏ ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် အီရတ်နိုင်ငံ၊ ကာဒစ်စတန်ဒေသ၊ အာဘေးလ်မြို့ရှိ အမေရိကန်တပ်စခန်းမီးလောင်ကျွမ်းနေပုံ"
NOM
201
Repost from News Of Myanmar
🌟 - အီရန်၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ပြီး ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသေးကြောင်း အစ္စရေးစစ်ဘက် သတိပေး
အီရန်နိုင်ငံသည် ၎င်း၏ဒုံးကျည်ဖြင့် တိုက်ခိုက်မှုနှုန်းကို သိသိသာသာ မြှင့်တင်ရန်နှင့် အရှိန်အဟုန်မြှင့်ရန် ရည်ရွယ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အစ္စရေးစစ်ပွဲဆိုင်ရာ ကက်ဘိနက်အဖွဲ့ကို အကြောင်းကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည့် "အရိပ်အယောင်မျိုး ယနေ့အထိ မတွေ့ရသေးကြောင်း" လည်း သတိပေးထားသည်။
NOM
201
Repost from News Of Myanmar
🎉⚰️ 🤍 - အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့်၎င်း၏မဟာမိတ်လက်နက်ကိုင်အဖွဲ့များ၏ ခုခံမှုများကြောင့် သေဆုံးခဲ့သည့် အမေရိကန်စစ်သားများနှင့် စီအိုင်အေ CIA ထောက်လှမ်းရေးအရာရှိများ၏ ရုပ်အလောင်းများ ထည့်သွင်းထားသော ခေါင်းတလားများသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပြီဖြစ်သည်။
😏 "အမေရိကန်စစ်သားတွေရဲ့ ပထမဆုံးအလောင်းတွေ ရောက်လာပြီ။ ဒါဟာ အစပဲ ရှိသေးတယ်!"
NOM
201
Repost from News Of Myanmar
အီရန်-အမေရိကန်-အစ္စရေး စစ်ပွဲအတွင်း အမေရိကန်ထိခိုက်သေဆုံးသူဦးရေတိုးလာနိုင်ချေရှိကြောင်း ထရန့်ကပြောကြားလိုက်သည်။
အမေရိကန်တွေသေဆုံးထိခိုက်များလာလို့ ဖုံးကွယ်ဖို့ မလွယ်တော့လို့လား?? 😏
NOM
201
Repost from News Of Myanmar
မတ်လ ၁ ရက်နေ့ည၌ အစ္စရေးနိုင်ငံအတွင်းသို့ အီရန်ဒုံးကျည်ကျရောက်ပေါက်ကွဲမှု
NOM
201
Repost from News Of Myanmar
မတ်လ ၁ ရက်နေ့ ညအချိန်၌ ကလပ်စတာဗုံးများတပ်ဆင်ထားသည့် အီရန်ဒုံးကျည်အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက်နေပုံ
NOM
201
Repost from News Of Myanmar
ကလပ်စတာထိပ်ဖူးများတပ်ဆင်ထားသည့် အီရန်ဒုံးကျည်အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက်နေပုံ
NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
