fa
Feedback
Android Zone

Android Zone

رفتن به کانال در Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

نمایش بیشتر

📈 تحلیل کانال تلگرام Android Zone

کانال Android Zone (@androidzone777) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 40 769 مشترک است و جایگاه 2 066 را در دسته بازی‌ها و رتبه 3 555 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 40 769 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 31 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 1 688 و در ۲۴ ساعت گذشته برابر 39 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 12.60% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.49% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 5 137 بازدید دریافت می‌کند. در اولین روز معمولاً 1 424 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 11 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 01 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته بازی‌ها تبدیل کرده‌اند.

40 769
مشترکین
+3924 ساعت
+3957 روز
+1 68830 روز
آرشیو پست ها
Channel မှာတင်ထားဖူးသမျှ total war series များ Total war BI - https://t.me/androidzone777/2798?single Total War Alexander (be
Channel မှာတင်ထားဖူးသမျှ total war series များ Total war BI - https://t.me/androidzone777/2798?single Total War Alexander (beginner တွေ gameplay‌ လေ့လာဖို့အကောင်းဆုံး) - https://t.me/androidzone777/1695?single Rome Total War - https://t.me/androidzone777/242?single Total War Medieval 2 - https://t.me/androidzone777/1138?single Total War : Empire (apk + data) - https://t.me/androidzone777/1147?single ==== ဂိမ်းထဲ၀င်ရင် update တောင်းတာကိုဘယ်လိုဖြေရှင်းမလဲ - https://t.me/androidzone777/1148

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star
About Telegram Star ⭐️
TON 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Google Play Store 📱
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

ဒါကြောင့် strategy ဆိုတာထက်၊ Huns တွေ ရောမကိုသိမ်းနိုင်ခဲ့ရင်ဘာဖြစ်လာမလဲ၊ western Roman ဘက်က ကျူးကျော်လာတဲ့ Vandals လူမျိုးစုတွေကိုတိုက်ထုတ်နိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ Simulation တစ်ခုကိုဆော့နေရသလိုဖြစ်မှာပါ။ Mobile အတွက်ကတော့ unit များလို့ frame drop တာတွေ၊ battery အရမ်းစားတာတွေမတွေ့ရပါဘူး။ ===== Size - 2.63gb Type - offline Link - Offline Minimum requirements - Android 9,Ram 4, Snapdragon 700+ ==== #Strategy

Total War : Barbarian Invasion (Android/iOS) နယ်မြေသိမ်းရတဲ့ဂိမ်းတွေကိုမှကြိုက်ပါတယ်ဆိုတဲ့ဂေါင်းကြီးတို့အတွက် feral interactive ကနေ mobile ပေါ်ယူလာပေးတဲ့ total war series ထဲက ဂိမ်းတစ်ခုအကြောင်းနည်းနည်း‌ပြောပြချင်ပါတယ်။ ထုံးစံအတိုင်း ဒီလိုဂိမ်းကို full review လုပ်ရင် လပိုင်းလောက်ထိလေ့လာရမှာမို့လို့ အရင်တစ်ခါလို civ 6 လိုဘဲ short review ဘဲလုပ်ပါတော့မယ်။ Gameplay ====== ဒီ barbarian invasion ရဲ့ထူးခြားချက်က horde mode ပါလာတာပါဘဲ။ တချို့သော Huns တို့လို barbarian faction တွေကစခန်းမရှိတာကြောင့်မို့လို့၊ စစချင်း ပေးထားတဲ့စစ်သည်တွေနဲ့ မြေပုံပေါ်ကစခန်းကိုအမြန်၀င်သိမ်းရတဲ့ပုံစံနဲ့ဆော့ရပါတယ်။ Micro,macro management ပိုင်းကတော့ တခြား total war ဂိမ်းတွေလိုဘဲ turn-based ပုံစံနဲ့ဆော့ရတာပါ။ Player ရဲ့ turn အလှည့်မှာ ကိုယ့်မြို့တွင်းမှာဘယ်အဆောက်အဦးတွေလိုအပ်နေလဲ၊ ၀င်ငွေနဲ့ထွက်ငွေမျှတရဲ့လား၊ မြို့တွင်းမှာ public order တွေကျပြီး ပြည်သူတွေပုန်ကန်တော့မလားလိုက်ကြည့်ရပါတယ်။ နောက်ပြီး ဒီ barbarian invasion ထဲမှာက medieval 2 ထက်ကို ဘာသာရေးအဓိကရုဏ်းတွေဖြစ်လာနိုင်တာပါ။ မြို့သားတွေက paganism ဘာသာကိုးကွယ်နေလို့ ကိုယ်က ခရစ်ယာန် church ကျောင်းတွေအတင်းဆောက်ရင် ဘာသာရေးကြောင့်အုံကြွမှုဖြစ်လာပြီး သူပုန်တွေထွက်လာပါတယ်။ Spy လွှတ်ပြီး သူများနိုင်ငံရဲ့စစ်သည်အင်အားကိုထောက်လှမ်းခိုင်းတာမျိုး၊ diplomat ဆိုတဲ့ သံတမန်တွေလွှတ်ပြီး အပေးယူလုပ်ပြီး မိတ်ဖွဲ့ခိုင်းတာတွေထိလုပ်လို့ရပါတယ်။ Management က turn based ဆိုပေမယ့် battle တွေမှာတော့ မြင်းစီးတပ်တွေ၊ မြှားတပ်တွေ၊ လှံတပ်တွေနဲ့ real-time မှာမြိုင်မြိုင်ဆိုင်ဆိုင်ကြီးချရပါတယ်။ Tactical deep ဖြစ်လား ==== အဖြေကတော့ yes လို့ပြောရပါမယ်။ Real time battle တွေမှာ unit တစ်ခုချင်းစီရဲ့အားသာချက် အားနည်းချက်တွေကိုသေချာသိထားပြီး micro management သာကောင်းရင် enemy တွေဘက်က လူအင်အားများလဲ အနိုင်ရနိုင်ပါတယ်။ တိုက်ပွဲအတွင်း စစ်သူကြီးတွေ၊ ခေါင်းဆောင်တွေကျတဲ့အခါ၊ unit တစ်ခုမှာအသေအပျောက်များတဲ့အခါ စစ်သားတွေက moral ကျပြီး တိုက်ပွဲကနေထွက်ပြေးကုန်ပါတယ်။ တိုက်ပွဲအတွင်းမလိုအပ်ဘဲနဲ့ ပြေးတက်ခိုင်းရင်လည်း စစ်သားတွေမောပြီးတိုက်ပွဲမှာအရေးနိမ့်နိုင်တာကြောင့် တိုက်ပွဲတွေမှာသေချာလေး အမိန့်ပေးဖို့လိုအပ်ပါလိမ့်မယ်။ Enemy Ai ကြမ်းလား ===== ဒီ total war BI ရဲ့ enemy Ai ကသောက်ရမ်းကြမ်းတယ်လို့ပြောရပါမယ်။ ကိုယ်ရွေးချယ်တဲ့ difficulty ပေါ်မူတည်ပြီး သောက်ရမ်း Aggressive ဖြစ်တာပါ။ Admin ဆိုရင် ကြားနေနိုင်ငံတခုကို အစားသောက်ပြတ်လပ်အောင်ဝိုင်းထားပြီး၊ ခဏကြာတော့ကိုယ့်တပ်ကို လူအင်အားခဏလျှော့ချလိုက်တာ၊ နောက် turn ရောက်တာနဲ့ အင်အားနည်းသွားတာကိုသိတဲ့ ရန်သူတပ်က ချက်ချင်းထွက်တိုက်တာပါ။ တိုက်ပွဲတွေမှာလည်း enemy ဘက်က အဝေးကလှမ်းပစ်တဲ့မြှားသမားတွေပါရင် မြင်းတပ်တွေနဲ့အရင်၀င်ကြုံးပစ်တာမျိုးတွေ၊ နောက်ကနေပတ် flank လုပ်ပြီး စစ်သားတွေ moral ကျအောင်တိုက်တာမျိုးတွေလုပ်တတ်ပါတယ်။ Campaign မှာလည်း Western Roman empire ကိုင်ရင် Huns တွေကဆက်တိုက်လာပြီး ဖိအားပေးတာ၊ မဟာမိတ်တပ်တွေက ကိုယ်အားနည်းချိန် သစ္စာဖောက်တာတွေထိလုပ်ပြီး ဖိအားပေးတာကြောင့် လွယ်ကူတဲ့ဂိမ်းတော့မဟုတ်ပါဘူး။ Replayability မြင့်မားခြင်း ==== Total War BI က တစ်ခါဆော့ပြီး ပစ်ထားရမယ့်ဂိမ်းမဟုတ်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ faction တွေ၊ difficulty ပေါ်မူတည်ပြီး strategy တွေပြောင်းလဲသွားတာပါ။ Huns,Vandals တို့လို barbarian faction တွေဆိုရင် စခန်းအတည်တကျမရှိဘဲ horde mode နဲ့ရောမမြို့တစ်မြို့လုံးကိုပတ်မွှေရတာ၊ Western Roman Empire ဆိုရင် ဂိမ်းစစချင်းစီးပွားရေးကျပ်တည်းပြီး barbarian faction တွေရဲ့၀င်တိုက်ခိုက်တာကိုခံရတာ၊ Eastern Empire ကစီးပွားရေးကောင်းပြီး ရောမရဲ့မြို့တစ်ချို့ကိုသတ်မှတ်ချိန်အထိထိန်းချုပ်ထားနိုင်အောင် လုပ်ရတာမျိုးပါ။ ဒါကြောင့် ကိုယ်ကိုင်တဲ့ faction ၊ ရေမြေအနေထားပေါ်မူတည်ပြီး enemy ကအမျိုးမျိုးဖိအားပေးတော့ တစ်ပွဲနဲ့တစ်ပွဲ strategy မတူတော့ပါဘူး။ Turn-based management လုပ်ရတာမကြိုက်ရင်လည်း Historical campaign တွေမှာ real-time battle mode သီးသန့်ဆင်နွှဲလို့ရပါသေးတယ်။ စစ်တိုက်ရတဲ့ခံစားချက် ==== ဒီကောင်က ကိုယ့်ကိုယ်ကို general တစ်ယောက်လိုခံစားချက်မျိုးပေးပါတယ်။တပ်သားအစုလိုက်တွေကို ဘယ်ကနေတိုက် ဘယ်ကနေတိုက်ဆိုပြီး၊ အပေါ်စီးကနေအမိန့်ပေးရတာ၊ campaign မှာလည်း အခွန်တွေကအစ ကြီးကျပ်ရတာပါ။ Battle တွေမှာဆိုရင် သွေးကြွစေတဲ့နောက်ခံတေးမှာ စစ်သားတွေက ညာသံပေးပြီးအော်တက်သွားတာ၊ ဓားသံ လှံသံတချွန်ချွန်နဲ့က သမိုင်း၀င်စစ်ပွဲကြီးတစ်ခုကိုဆင်နွှဲနေရတဲ့ feeling မျိုးဖြစ်ပါတယ်။ ရောမမြို့ကြီး အရှေ့ရောမနဲ့ အနောက်ရောမဆိုပြီး နှစ်ခြမ်းကွဲသွားချိန်၊ Huns တွေက၀င်ရောက်တိုက်ခိုက်တဲ့ ကာလမှာဇာတ်အိမ်တည်ထားသလို၊ လက်နက်တွေကလည်း မြင်းစီးတပ်၊ လှံရှည်တပ်တွေကိုအဓိကအားထားရတဲ့ Late Roman Army ခေတ်ကိုအခြေခံထားပါတယ်။

Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွ
+8
Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွေ wifi တွေမဖွင့်ပါနဲ့။ဖွင့်ရင် update တောင်းမယ်၊ license တောင်းပါလိမ့်မယ်။ Link ထဲကို ၀င်မရရင် vpn နဲ့၀င်ပါ။jump jump vpn recommend ပေးပါတယ်

Total War : Barbarian Invasion (Android) Link - https://liteapks.com/rome-total-war-bi-2.html Note - ဂိမ်းထဲ၀င်ရင် အင်တာနက်တွေ wifi တွေမဖွင့်ပါနဲ့။ဖွင့်ရင် update တောင်းမယ်၊ license တောင်းပါလိမ့်မယ်။ Link ထဲကို ၀င်မရရင် vpn နဲ့၀င်ပါ။jump jump vpn recommend ပေးပါတယ်

Bonfire 2 (New Update) Mod Info - Active premium/unlock full game Link - https://apkvision.org/games/strategy/the-bonfire-2-u
+6
Bonfire 2 (New Update) Mod Info - Active premium/unlock full game Link - https://apkvision.org/games/strategy/the-bonfire-2-uncharted-shores-full-version-iap-72141/ အရင်တစ်ခါ mod version ကအလုပ်မဖြစ်ဘူးဆိုလို့ အလုပ်ဖြစ်တဲ့ version ပါ

Repost from ROAM Game Empire
🎮🎮 Jujutsu Kaisen x MLBB Collab Event Premium Supply ဒီနေ့လာပြီနော်။ 😉 August 7 to September 11 လာမှာဖြစ်ပြီး Revamp တွေနဲ
🎮🎮 Jujutsu Kaisen x MLBB Collab Event Premium Supply ဒီနေ့လာပြီနော်။
😉 August 7 to September 11 လာမှာဖြစ်ပြီး Revamp တွေနဲ့လာမှာဆိုတော့ Skin တွေက အရင်ထက်ကိုပိုပြီး လန်းသွားမှာပါ။ Revamp ➡️ 😄😏😐☺️
Phase 1 🌟August 14 ~ 18 Phase 2 🌟August 21 ~ 25
🤞 Phase 1&2 နှစ်ခုလုံးမှာ Dia 250 Recharge and Spend ပြုလုပ်ပေးရင် Free Tokens 29 ခု ရရှိမှာဖြစ်ပါတယ်။ ☺️ စုစုပေါင်း Free Tokens 58 ခု ရယူနိုင်မှာပါ။ 🎮🎮JJK Skin တွေ ကို 1,200 Coins နဲ့ လဲလို့ရမှာပါ။ 🎮🎮Event စထဲက Diamond ထည့်ပြီး Daily Draw + Premium Supply နဲ့ဆို JJK Skin 1 ခုကို လူတိုင်းနီးပါး Try လို့ရမှာပါ။ 🎮🎮ကိုယ်က 2ခု လောက် Try ချင်တယ်ဆိုရင် တခုကို သက်သက်သာသာနဲ့ ဖောက်ပြီးကျန်တဲ့ တခုအတွက်ပဲ ကုန်ကျမှာပါ။ Recommend 🥊 Weekly Pass ,Double Diamond တို့နဲ့ တွက်ပြီး ထည့်ရင် ပိုသက်သာပါမယ်၊ နောက်တော့ Myanmar Sever ကနေ ထည့်ရင် လဲ Global ထက် ပိုသက်သာပါမယ်။ 🧐 ဒီထက် သက်သက်သာသာနဲ့ Event လာတိုင်း မစောင့်ပဲ တန်းထည့်ချင်ရင်တော့ Roam Application ကိုသာ အသုံးပြုပြီး ထည့်လိုက်ပါ Brother တို့။ 👍 ငွေဖြည့်နည်း။ All Guide 👍 Website 👍 Bot New User 20% Promotion account ရပါမယ်၊ Admin ကို Account ဖွင့်ပြီးဆက်သွားပါ။ 🎮🎮Skin 1 ကောင် Try မဲ့ ဘောဒါတွေအတွက် 50000Ks နဲ့ အထက်ဖြည့်တာနဲ့ လျော့စျေး Coupons တွေ လက်ဆောင် ပေးမယ်နော်၊ ဖြည့်တဲ့လူတိုင်းရပါမယ်။

Pixel art လည်းဖြစ်တယ်၊ CPU heavy မဖြစ်စေမယ့်ဟာတွေလဲမပါတာကို ဘာလို့ lag နေလဲစဉ်းစားလို့ကိုမရတာအမှန်ဘဲ။ ကျနော့်ဖုန်းမှာ bug ဖြစ်တာလည်းဖြစ်နိုင်တယ်ဆိုတော့ အတိအကျတော့ပြောလို့မရပါဘူး။ ==== ဘာဘဲဖြစ်ဖြစ်ပါ Stardew Valley လို game တွေမှာ farming ထက် NPC relationship နဲ့ daily routine ပိုင်းကို သဘောကျတဲ့သူတွေဆိုရင် ဒီဂိမ်းကို အကြိုက်တွေ့နိုင်ပါတယ်။ ===== Size - 279mb Type - offline Link - comment Minimum requirements - Android 8.0,Ram 3, Snapdragon 680+ ===== #Life_sim

Potion Permit (Android/iOS) ဒီဂိမ်းထဲမှာတော့ brother တို့တွေ နယ်မြို့လေးထဲမှာသမားတော်သွားလုပ်ရမှာပါ။ ဂိမ်းကိုဆော့ကြည့်ရသလောက်တော့ admin အကြိုက်မတွေ့ပေမယ့် harvest moon လို life sim ဂိမ်းတွေကြိုက်သူတွေအတွက်အဆင်ပြေမယ်ထင်လို့တင်ပေးလိုက်ပါတယ်။ Story ==== Moonbury ရွာလေးမှာ အတိတ်တုန်းက capital ကဆရာ၀န်တွေကြောင့် သူတို့ရွာရဲ့အပင်တွေသေကုန်ကြပါတယ်။ဒါကြောင့် ရွာသူရွာသားတွေက မြို့ကဆရာ၀န်တွေဆိုရင်မုန်းကြပြီး၊ player က အဲ့လိုဆရာ၀န်တွေကိုမုန်းတဲ့ရွာကိုသွားပြီး ဆေးကုရမှာဖြစ်ပါတယ်။ Gameplay ===== moonbury ကရွာသားတွေ ဆရာ၀န်တွေကိုမုန်းတာကြောင့် သူတို့က စစချင်းမှာ ကိုယ့်ကိုသိပ်ပြီးမယုံကြည်ကြပါဘူး။ ကျနော်တို့က npc တွေနဲ့စကားလိုက်ပြောတာ၊ သူတို့ကိုလက်ဆောင်ပေးတာတွေ၊ နေမကောင်းသူတွေကိုသေချာဆေးကုပေးရင်းနဲ့ သူတို့ရဲ့ယုံကြည်မှုကိုရယူရမှာပါ။ ဆေးဖော်ဖို့ရာ တောထဲတောင်ထဲသွားပြီး ဆေးမြစ်တွေရှာရတာမျိုးတွေ၊ အပင်တွေခုတ်ရတာမျိုးတွေလုပ်ရသလို၊ တိရစ္ဆာန်တွေ monster တွေနဲ့လည်း real-time combat နဲ့ချပြီး ၀က်ဝံလက်သည်းလိုပစ္စည်းတွေရလာပါတယ်။ လူနာတွေရဲ့ရောဂါရှာတဲ့အခါလည်း သူတို့ပြောတဲ့စကားကိုသေချာနားထောင်ပြီး ရောဂါနဲ့ကိုက်မယ့်ဆေးတွေဖော်စပ်ရပါတယ်။ ဒီနေရာမှာပျော်စရာကောင်းတာလေးတစ်ခုက ရောဂါရှာတဲ့အခါနဲ့ ဆေးဖော်တဲ့အခါကျရင် tetris ဆော့ရတာမျိုး၊ screen မှာပေါ်လာတဲ့မြှားတွေကိုအချိန်ကိုက်နှိပ်ပေးရတာလိုမျိုး mini game လေးတွေဆော့ရတာပျော်စရာကောင်းပါတယ်။ လူနာတွေကိုဆေးကုရင်းတစ်ဖက်မှာလည်း ရွာထဲကအရက်ဆိုင်မှာအချိန်ဖြုန်းတာ၊ ငါးမျှားတာလေးတွေလုပ်ပြီး chill လို့ရမှာပါ။ Community board က Npc တွေ ခိုင်းတဲ့ quest တွေလုပ်တဲ့အခါ၊ စကားပြောပါများပြီး friendship level တက်လာတဲ့အခါမှာ တချို့သော npc တွေနဲ့ဇာတ်လမ်းလေးတွေလုပ်လို့ရပါတယ်။ ဆေးပုလင်းရောင်းတာနဲ့ဆေးကုတာနဲ့တင်ပိုက်ဆံရှာရုံတင်မကဘဲ၊ ရဲစခန်းတွေမှာ၀င်ကူတာ၊ church ကျောင်းတွေမှာ၀င်ကူပြီး mini game လေးတွေဆော့ရင်းပိုက်ဆံရှာလို့လည်းရဦးမှာပါ။ Review ==== personally အရတော့ admin ဒီဂိမ်းကိုသိပ်အကြိုက်မတွေ့မိဘူးပြောရမယ်။ဒါပေမယ့် မကြိုက်တာနဲ့မကောင်းတာက မတူဘူးဆိုတော့၊ ကောင်းတာကော အားနည်းချက်တချို့ကိုကောနည်းနည်းဝေဘင်ချင်ပါတယ်။ ကောင်းကွက်များ ==== ပထမဆုံးသဘောကျမိတဲ့အချက်ကိုပြောပါဆိုရင် သာယာပြီး နွေးထွေးတဲ့ခံစားချက်ရတဲ့ cozy atmosphere ပိုင်းဘဲ။ ညပိုင်းတွေဆိုရင် ပိုးကောင်အော်သံလေးတွေ လမ်းမီးရောင်ဖျော့ဖျော့လေးတွေအောက်မှာ explore လုပ်ရတာက တစ်ခါမှမရောက်ဖူးတဲ့ကျေးလက်ဒေသလေးကိုလွမ်းမောစေမိပါတယ်။ အစပိုင်းမှာ npc တွေက ခပ်တန်းတန်းဆက်ဆံပေမယ့် ကိုယ့်လုပ်ရက်ပေါ်မူတည်ပြီး တဖြည်းဖြည်းနဲ့ကိုယ့်ကိုယုံကြည်လာတာ၊ တလေးတစားဆက်ဆံလာတာက player ကို "ကောင်းတာတစ်ခုခုလုပ်ခဲ့ပြီ" ဆိုတဲ့ စိတ်ကျေနပ်မှုကိုပေးပြီး၊ ကိုယ်ဆေးကုပေးလိုက်လို့ ကျေးဇူးတွေ အထပ်ထပ်တင်တာကလည်း ပီတိဖြစ်မိစေပါတယ်။ ဆေးကုပေးရင်း npc တွေယုံကြည်လာ‌အောင်လုပ်ရတဲ့ Gameplay concept ကလည်း harvest moon တို့လို၊ my time at Portia တို့လို life sim ဂိမ်းတွေနဲ့ကွဲထွက်နေသလိုခံစားရပါတယ်။ တစ်နေရာနဲ့တစ်နေရာကို teleport point တွေက ယနေတစ်ဆင့်ချက်ချင်းသွားလို့ရတာကအခေါက်ခေါက်အခါခါသွားရတယ်ဆိုတဲ့ ငြီးငွေ့မှုကိုလျော့ကျစေပြီး၊ quest တွေကို mini map မှာ quest marker လေးတွေနဲ့ပြထားတာကလည်း ဘာလုပ်ရမှန်းမသိမျက်စိလည်စေတာမျိုးတွေမ‌ဖြစ်ဘဲ ဆော့ရတာအဆင်ပြေစေပါတယ်။ ဂိမ်းအစောပိုင်းမှာ စိမ်းသက်သက်ကြီးဖြစ်နေတဲ့ ရွာလေးက၊ npc တွေနဲ့ interact လုပ်ရင်း ဒီရွာလေးကိုတဖြည်းဖြည်းသံယောဇဉ်တွယ်မိလာတာမျိုးပါ။ အားနည်းချက်များ ==== ဒီဂိမ်းရဲ့အဓိကအားနည်းချက်က pacing အရမ်းနှေးတာဘဲ။အစပိုင်းမှာ တောထဲသွား၊ ဆေးမြစ်ရှာ၊ ရွာထဲလျှောက်သွားဆိုတဲ့ loop ထဲလည်နေတာ။ နောက်ပြီး လမ်းတွေဖောက်ရတာလိုမျိုး quest တွေမှာ မလိုအပ်ဘဲ resources တွေအများကြီးရှာရတာက grindy ဖြစ်လွန်းပြီး ငြီးငွေ့ပျင်းစရာကောင်းလွန်းတယ်။ ဒါဆိုနောက်ပိုင်းပျော်စရာကောင်းမယ့် အသစ်အဆန်းတွေပါလာပြန်လားဆိုတော့လည်းမဟုတ်ပြန်ဘူး။player ကိုလွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့် ဘယ်နေရာသွားမှဘာလုပ်ရမယ်သိတာ၊ ဘာတွေရမှ ဘာတွေပွင့်လာမယ်ဆိုတဲ့ story progress က linear ဆန်လွန်းတော့ admin ကတော့ဆော့ရင်းနဲ့ရှယ်ကိုပျင်းလာတာဘဲ။ ဒါကြောင့်လဲ ဒီဂိမ်းကို လေးနာရီလောက်ထိဘဲဆော့ပြီး အခုလို short review လုပ်ဖြစ်သွားတယ်ဆိုပါတော့။ ဒါပေမယ့် အပေါ်မှာပြောသလို Stardew valley ဂိမ်းတွေဆော့နေကျဆိုရင် ဒီဂိမ်းကတော့တော်တော်လေးအကြိုက်တွေ့မယ့်အထဲပါတယ်။ RPG ဂိမ်းတွေ mechanic အသစ်တွေပါတဲ့ strategy ဂိမ်းမျိုးတွေဆော့နေကျဆိုရင်တော့ ဒီဂိမ်းကတော်တော်ပျင်းစရာကောင်းနေမှာပါ။ဒါကြောင့် action strategy ဆော့နေကျသူတွေဆိုရင် ဆော့ဖို့ recommend မပေးပါဘူး။ Mobile port ===== Playdigious က mobile port ကတော့ ဒီတစ်ခါတော်တော်လေးစုတ်ချာနေတယ်လို့ပြောရမှာဘဲ။အစပိုင်းမှာအဆင်ပြေနေပေမယ့် ဆော့တာနည်းနည်းကြာလာလို့ ရွာထဲလျှောက်သွားရင် frame drop ဖြစ်တာကိုတော်တော်လေးသိသိသာသာခံစားရတာပါ။

Repost from PREMIUM SPACE
TikTok Coin📱ဝယ်ယူဖို့ စိတ်အချရဆုံးနဲ့ စျေးနှုန်းမှန်ကန်တဲ့နေရာ ရှာနေပါသလား? Live လွှင့်နေတဲ့အချိန်မှာကိုယ့်ရဲ့Idolတွေကို လက်
TikTok Coin📱ဝယ်ယူဖို့ စိတ်အချရဆုံးနဲ့ စျေးနှုန်းမှန်ကန်တဲ့နေရာ ရှာနေပါသလား? Live လွှင့်နေတဲ့အချိန်မှာကိုယ့်ရဲ့Idolတွေကို လက်ဆောင် (Gift) လေးတွေပေးပြီး Support ချင်ပေမယ့် TikTok Coin ကို ဘယ်ကနေ ယုံကြည်စိတ်ချစွာ ဝယ်ယူရမှန်းမသိ ဖြစ်နေပါသလား?🤔 ဒါမှမဟုတ် ကိုယ့်ရဲ့ Video Post တွေကို လူကြည့်များအောင် Boost လုပ်ဖို့အတွက် TikTok Coin တွေ  လိုအပ်နေပြီလား? ဒါဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူး။ လိုအပ်နေတဲ့ TikTok Coin တွေကို Premium Space မှာ အလွယ်တကူနဲ့ စျေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ပါပြီ။
TikTok Coins Update Price List 📱
500 Coins  🪙➡️ 26000 Ks 1000 Coins 🪙➡️ 52000 Ks 2000 Coins🪙➡️102000 Ks 3000 Coins🪙➡️153000 Ks 3000 Coins🪙အထက်လိုချင်ရင် 💘 @ZoYENix 💸 မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
Premium Space Items List ✅
https://t.me/PremiumSpaceMM/103

Repost from ROAM Game Empire
💎ကို 6000Ks နဲ့ Weekly Pass အခု 50 ကို🤩Roam Application မှာ 3ရက် ဝယ်လို့ရပါမယ်နော်။ 🎮🎮JJK အတွက် Diamond စုမယ်ဆို ဒီ အခွင်
💎ကို 6000Ks နဲ့ Weekly Pass အခု 50 ကို🤩Roam Application မှာ 3ရက် ဝယ်လို့ရပါမယ်နော်။
🎮🎮JJK အတွက် Diamond စုမယ်ဆို ဒီ အခွင့်ရေးက လုံးဝကို လက်မလွှတ်သင့်ပါဘူး။
💎1000 ရမဲ့ KOL Bot - @RoamKOL_Bot 🏷12 Aug to 14Aug 🏷Weekly Pass 50 🛍6000MMK 🌐Website 🩸 Guide 🛒Application 🩸 Application 🤳 Roam Application မှာ ကိုယ်တိုင် တိုက်ရိုက်ဝယ်လို့ရမှာမို့ Promotion ချတာနဲ့ တန်းဝယ် ရုံပါပဲ၊ ဝယ်ရင်လဲ စောင့်စရာမလိုပဲ တန်းပြီးရောက်ပါတယ်။ 👨‍👩‍👦 New User တွေအတွက် Account ပြပြီး Admin ဆီမှာ 500MMK Coupons လာထုတ်ယူနိုင်ပါတယ်၊ Diamond ဝယ်ရင် Coupons Code ထည့်သုံးရုံနဲ့ 500Ks သက်သာပါမယ်။ 💳 Old User တွေကတော့ 50k နဲ့အထက် ငွေဖြည့်တာနဲ့ 1% Coupons Auto ရပါမယ်။ 🩸Outline Vpn အကန့်သတ်မရှိ အဝသုံးကို 2000Ks နဲ့ ဝယ်ယူပါ၊ ဒီ Post ကို 📇 သူငယ်ချင်း တယောက်ကိုပုံ့ထားတဲ့ ScreenShots လေးတော့လိုပါမယ်နော်။ 🩸 Admin ➡️ @Roams_Game ⭐ Telegram Mini App ကနေလဲ Telegram ရှိရုံနဲ့အသုံးပြုနိုင်ပါသည်။

Caravan Sandwitch (Android/iOS) Comic စာအုပ်တစ်ခုထဲလမ်းလျှောက်နေရသလိုခံစားရမယ့် art style နဲ့၊ တခြားဂြိုလ်ကြီးပေါ်မှာဆော့ရတဲ့ planet of Lana လိုခံစားချက်မျိုးပေးနိုင်မယ့် open world ကိုရှာနေရင် အသစ်ထွက်လာတဲ့ Caravan Sandwitch ဂိမ်းကအကြိုက်တွေ့ကြမှာပါ။ Gameplay ===== ဒီဂိမ်းကို gameplay တစ်ခုတည်းကြည့်မယ်ဆိုရင်တော့ combat တွေမပါ puzzle တွေရိုးရှင်းလို့တော်တော်ပျင်းစရာကောင်းပြီး နောက်ပိုင်းမှာ repetitive ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒီဂိမ်းရဲ့ selling point က gameplay မဟုတ်ဘဲ ထူးဆန်းတဲ့နေရာတွေကို explore ပြီး သောက်ရမ်း chilling ဖြစ်တဲ့ atmosphere ကအသက်ပါ။ ဟိုတစ်နေ့က preview video မှာပြောခဲ့သလိုဘဲ gameplay က open world နဲ့၊ တချို့နေရာတွေက ပစ္စည်းအသစ်တွေရမှသွားလို့ရမယ့် metroidvania element တွေကိုပေါင်းစပ်ထားတာပါ။ Npc တွေနဲ့စကားပြောပြီး quest တွေရလာ၊ world ထဲက component တွေစုပြီးကားကို upgrade လုပ်၊ နေရာအသစ်တွေပွင့်လာပြီး အဲ့နေရာက signal jammers တွေကိုလိုက်ဖျက်ဆိုတဲ့ loop တစ်ခုတည်းမှာလည်နေပြီး gameplay ကတော်တော်ကိုရိုးရှင်းတာပါ။ ဒါပေမယ့် quest တွေကိုပြီးအောင်အတင်းလိုက်လုပ်တာထက် van ကားလေးစီးပြီး ဘယ်နေရာမှာဘာတွေရှိလဲနေလိုက်ကြည့်ရတာ၊ တောင်တွေပေါ်တက်၊ အဆောက်အဦးပျက်တွေထဲ၀င်ပြီး explore ရတာကဘဲ ဒီဂိမ်းရဲ့အရသာပါဘဲ။ Backtracking ပါတဲ့ metroidvania style ကြောင့်လဲ၊ ကားကို upgrade လုပ်ပြီးတဲ့အခါ၊ အရင်ကကိုယ်မသွားနိုင်သေးတဲ့နေရာတွေမှာ "ဘာရှိနေမလဲ" ဆိုတဲ့သိချင်စိတ်နဲ့ explore ချင်လာအောင်ဖန်တီးထားနိုင်ပါတယ်။ Review ==== ကောင်းကွက်များ ==== ဒီဂိမ်းက cozy ဖြစ်တာထက်ကို chill and relax ဖြစ်တယ်လို့ပြောရလိမ့်မယ်ဗျ။ရွာထဲမှာ npc နည်းနည်းကလွဲလို့ ကျန်တဲ့နေရာတွေက ကန္တာရကြီးလိုတိတ်ဆိတ်ခြောက်ကပ်နေတာ၊ ကားအင်ဂျင်သံနဲ့ခြေသံတွေ၊ လေတိုးသံတွေကလွဲလို့ တခြားဘာသံမှမကြားရတာက အထီးကျန်တဲ့ vibe ကိုခံစားမိစေသလိုတစ်ဆက်တည်းမှာဘဲ chillex ဖြစ်စေပါတယ်။ စက်ပစ္စည်းအပျက်တွေက နေရာတကာမှာစုပုံနေတာ၊ စက်ရုံအပျက်ကြီးတွေရဲ့မှောင်မည်းခြောက်ကပ်နေပုံတွေကလည်း ဇာတ်လမ်းဖြစ်ပျက်ရာ Cigalo ဂြိုလ်ကြီးမှာ အရင်ကဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ story ကို တစွန်းတစပြောပြနေပါတယ်။ တောင်ပေါ်အမြင့်ကြီးတွေတက်ပြီးခုန်ချရတာတွေ၊ van ကားစီးတဲ့အခါလွင့်ပျံလာတဲ့ lo-fi music လေးတွေကိုနားထောင်ပြီး chill ရတာ၊ Cigalo ဂြိုလ်ကြီးရဲ့ အံ့ဩမင်သက်စရာကောင်းတဲ့ scenery တွေက ဒီဂိမ်းရဲ့ဆွဲဆောင်မှုတွေပါဘဲ။ Sci-fi ဂိမ်းလို့ပြောပေမယ့် ကန္တာရထဲက ခေတ်မီပစ္စည်းအပျက်တွေကလွဲလို့၊ npc တွေရဲ့ ရိုးရှင်းတဲ့အ၀တ်စားတွေ၊ ရွာထဲကအိမ်တွေက ကျောက်ခဲတွေ သစ်သားတွေနဲ့ဘဲတည်ဆောက်ထားပုံက sci-fi mixed ပုံစံနဲ့ planet of Lana ဂိမ်းကိုတောင်သတိရမိစေပါတယ်။ Player က ကားနဲ့အဝေးကြီးရောက်နေတဲ့အခါ ကားဆီကိုချက်ချင်းရောက်အောင်သွားလို့ရမယ့် feature ပါတာ၊ ကား upgrade လုပ်တဲ့နေရာကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ချက်ချင်းရောက်သွားတဲ့ quality of life feature တွေက တစ်နေရာထဲကို ထပ်ခါထပ်ခါသွားရတယ်ဆိုတဲ့ ငြီးငွေ့မှုမျိုးတွေမရှိတော့ပါဘူး။ အားနည်းချက်တစ်ချို့ ==== အပေါ်မှာပြောသလို ရိုးရှင်းတဲ့ gameplay ထက်ကို map တွေကပါ နည်းနည်းလေး repetitive ဖြစ်နေတာရှိပါတယ်။ နောက်ပိုင်းမှာ နေရာအသစ်တွေဖြည်းဖြည်းချင်းပွင့်လာပေမယ့် ဂူတွေ၊ အဆောက်အဦး design တွေက copy paste လုပ်ထားသလိုဖြစ်နေတာပါ။ Backtracking ပိုင်းကလည်း တချို့သူတွေအတွက်တော့ တူညီတဲ့နေရာကို ခဏခဏလာနေရတယ်ဆိုပြီး ပျင်းလာနိုင်ပါတယ်။ ဒါကြောင့် Caravan SandWitch က action နဲ့ adventure ကို အဓိကထားရှာနေသူတွေအတွက်တော့ gameplay ပိုင်းမှာ ရိုးရှင်းလွန်းနိုင်ပါတယ်။ ဒါပေမယ့် world ထဲမှာ ရည်ရွယ်ချက်မရှိဘဲ လှည့်ပတ် explore လုပ်ရင်း atmosphere ကိုခံစားချင်သူတွေအတွက်တော့ ဒီဂိမ်းရဲ့ ရိုးရှင်းတဲ့ gameplay ကပဲ အားသာချက်တစ်ခုဖြစ်လာမှာပါ။ Mobile port အခြေနေ === ကျနော့်ဖုန်းမှာ battery စားတယ်၊ ဖုန်းပူတယ်ဆိုတာက နောက်က screen recorder run ထားလို့ဖြစ်နိုင်သလို redmi turbo 3 ရဲ့ thermal Throttling ဖြစ်ပြီး ဖုန်းအပူမြန်တာလည်းပါနိုင်ပါတယ်။ Graphic low မှာဆိုရင် texture သိပ်သည်းဆတွေ shadow တွေ၊ resolution ပိုင်းတွေကို မသိမသာလျှော့ချပစ်သလို၊ အဝေးက မြက်ပင်တွေနဲ့ ပါတ်၀န်းကျင်ကပစ္စည်းတွေကိုလည်း ဖျောက်ပစ်ပြီး၊ အနီးနားရောက်မှဖော်ထားတာက Ram စားသက်သာစေပြီး GPU အလုပ်လုပ်တာကိုတော်တော်လေးသက်သာသွားစေပါတယ်။ Resolution လျှော့ချတာက အရမ်းကြီးမသိသာတာမို့လို့ မသိသူတွေဆိုရင် graphic low နဲ့ high ကသိပ်မကွာဘူးလို့တောင်ထင်သွားစေမှာပါ။ Control ပိုင်းကအစပိုင်းမှာ နည်းနည်းလေးအဆင်မပြေဖြစ်နိုင်ပေမယ့် ဆယ့်ငါးမိနစ်လောက်ဆော့ပြီးရင်အသားကျသွားပါလိမ့်မယ်။ ==== Size - 850mb+ Type - offline Link - comment Minimum requirements - Android 9,Ram 6, Snapdragon 800+ Controller support - Yes ==== #Openworld #Adventure

Civ 6 ဂိမ်း crash ဖြစ်ရင် error ဖြေရှင်းနည်း။ Android အမြင့်တွေမှာ ဂိမ်းမပွင့်တဲ့အခါကျရင်ပထမဆုံး https://apkaward.com/civilization-vi ဒီ link ကနေ အလယ်ကမီး‌ခိုးရောင် box ထဲက APK ကိုအရင်ဒေါင်းပြီး install တင်ပါ။ပြီးရင်တော့ telegram မှာတင်ပေးထားတဲ့ APK file ကို update အနေနဲ့ install ထပ်တင်လိုက်ပါ။ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်

CIV VI vENG.apk98.38 MB

Civilization VI (Android/iOS) Mod info - Unlock all dlcs/Support Android 16/English Language ဂေါင်းကြီး‌တို့တွေ telegram နဲ့ cb မှာနားပူနားဆာအမြဲတန်းလာလုပ်လေ့ရှိတဲ့ civ 6 ရဲ့ English version ကို admin ကတော့ မရမကရှာလာပေးခဲ့ပါပြီ။ Website ကဟာတွေက Russian language ကြီးနဲ့ဖြစ်နေတော့ ဆော့ရတာအဆင်ပြေမှာမဟုတ်ပါဘူး။ ဒီ civ 6 ကိုအရမ်းကြီးကျွမ်းကျင်နေတာတော့မဟုတ်ပါဘူး။full review လုပ်ရင် လချီအချိန်ပေးရမှာမို့လို့ ထုံးစံအတိုင်း ဆော့သင့်မဆော့သင့်ဆုံးဖြတ်လို့ရအောင် short review လုပ်ပေးပါမယ်။ Review ===== ဒီဂိမ်းကိုစဆော့ချင်း pacing ကအရမ်းနှေးလွန်းတော့ ဘာလဲဟ ပျင်းစရာကြီးဆိုပြီး first impression down ခဲ့သေးတယ်။ဒါပေမယ့် mid game ရောက်ချိန်၊ ၉ မြို့ ၁၀မြို့ လောက်ထိပိုင်ဆိုင်လာတော့ management လုပ်ရတာတဖြည်းဖြည်းနဲ့လက်မလည်တော့ဘူး။ Trade route တွေလိုက်ပြင်ရ၊ မြို့ထဲမှာစားစရာလုံလောက်မှုရှိရဲ့လား၊ ပြည်သူတွေပျော်ရွှင်ရလားလိုက်ကြည့်ပြီး သူပုန်မထအောင်စီမံရတာကပိုသေးတယ်။ Enemy Ai ကြမ်းလား ====== Enemy Ai က စစ်တိုက်ချိန်မှာ ကိုယ့်ကိုအရမ်းကြီးဖိအားမပေးပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ difficulty ပေါ်မူတည်ပြီး သူတို့ကအစပိုင်းမှာ resources တွေပိုရပြီး အသာစီးရနေလေ့ရှိတယ်။ ကိုယ်က နိုင်ငံတိုင်းကိုလိုက်ပြီး စစ်ကြေညာတယ်ဆိုရင်လည်း နိုင်ငံအချင်းချင်းမဟာမိတ်ဖွဲ့ပြီး ကိုယ့်ကိုဝိုင်းတိုက်တာတွေ၊ အစီးဝေးခေါ်ပြီး ကိုယ့်ကိုပိတ်ဆို့မှုတွေလုပ်ကြပါတယ်။ ဒါကြောင့်စစ်တိုက်တာမှာဖိအားမပေးပေမယ့် ဂိမ်းထဲမှာကိုယ့်ရွေးချယ်မှုပေါ်မူတည်ပြီး enemy Ai တွေရဲ့တုန့်ပြန်မှုတွေကပြင်းထန်တတ်ပါတယ်။ ထူးခြားချက်များ ==== ဒီဂိမ်းက turn based strategy ဆိုတာထက်ကို ရောမမြို့က အာကာသထဲကိုဒုံးပျံအရင်လွှတ်နိုင်ရင် ဘာဖြစ်မလဲဆိုတဲ့ simulation လို့တောင်ပြောလို့ရပါတယ်။ ကိုယ့်ရဲ့နိုင်ငံကို ကျောက်ခေတ်ကနေ ခေတ်မီနျူကလိယားတွေထွင်နိုင်တဲ့ထိ၊ ဒုံးပျံတွေတည်ဆောက်နိုင်တဲ့ထိ ဖြည်းဖြည်းချင်း တည်ဆောက်သွားရတာပါ။ Gathering storm dlc ပါလာတဲ့နောက်ပိုင်းမှာ နောက်ပိုင်းစက်ရုံတွေကထွက်တဲ့ CO2 ဓာတ်ငွေ့တွေကြောင့် ရာသီဥတုပြောင်းလဲတာတွေ၊ ကမ္ဘာကြီးပူနွေးပြီးရေခဲတောင်တွေအရည်ပျော်တာတွေ၊ မီးတောင်တွေပေါက်ပြီး ကိုယ့်မြို့က building တွေပျက်ဆီးသွားတာမျိုး၊ မီးတောင်ပေါက်ပြီးနောက်ဆက်တွဲ မြေဩဇာတွေကောင်းလာတာမျိုးတွေဖြစ်လာပါတယ်။ နောက်တစ်ခုထူးခြားချက်က ဂိမ်းအလယ်ပိုင်းလောက်ကျရင် world congress mechanic ပါလာတာပါ။ သူကလက်ရှိ ကုလသမ္မဂ္ဂ လိုဘဲနိုင်ငံတွေပေါင်းစုပြီး အစီးဝေးကြီးလုပ်တာပါ။ဒီအစည်းဝေးကြီးမှာ နိုင်ငံတစ်ချို့ရဲ့အဆိုပြုမှုတွေကို တင်ပြခိုင်းပြီး မဲခွဲဆုံးဖြတ်ကြတာပါ။ ဥပမာ - ကိုယ့်နိုင်ငံကအင်အားနည်းနေချိန် ရန်သူ့နိုင်ငံကစစ်ရေးသာနေတဲ့အခါ၊ အဲ့နိုင်ငံကိုစစ်ရေးလှုပ်ရှားမှုတွေလုံး၀လုပ်လို့မရအောင်မဲပေးပြီး ပိတ်ပင်ပစ်လိုက်လို့ရပါတယ်။ ဘာတွေကစွဲလမ်းစေတာလဲ ==== ဂိမ်းရဲ့အဓိကဆွဲဆောင်မှုက strategy gameplay ဆိုပေမယ့်၊ ဂိမ်းအစမှာဆိုရင် unit အသစ်တွေရတော့မယ် building အသစ်တွေပွင့်တော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ turn တွေကိုဆက်တိုက်နှိပ်မိစေပါတယ်။ ကိုယ်တည်ဆောက်ထားတဲ့ empire ကြီးက တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့အခါ "ငါကြိုးစားပြီးတည်ဆောက်ထားတာကွ" ဆိုတဲ့ rewarding ပိုင်းကြောင့်လည်း ဂိမ်းထဲမှာ နာရီနဲ့ချီပြီးအချိန်ကုန်သွားစေတာမျိုးပါ။ ဘယ်သူတွေအတွက်သင့်တော်လဲ ==== ဂိမ်းက beginner friendly တော့မဖြစ်ပါဘူး။အစပိုင်း pacing နှေးတာကြောင့်ကော ဒီလို strategy ဂိမ်းမျိုးဆော့နေကြမဟုတ်သူတွေအတွက် စိတ်ပျက်စရာကြီးဖြစ်နိုင်ပါတယ် ဆော့ချင်တယ်ဆိုရင် tutorial နည်းနည်းလောက်အရင်ဆော့ပြီးမှ new game စပြီး New To Civilization ဆိုတာကိုရွေးပြီးဆော့ပါ။ ==== Size - 4gb Type - offline Link - comment Minimum requirements - Android 9,Ram 4, Snapdragon 700+ ==== #Strategy #Turn_based

Civilization VI (Android) Mod info - Unlock all dlcs/Support Android 16/ English Language Obb file - https://apkaward.com/civ
+7
Civilization VI (Android) Mod info - Unlock all dlcs/Support Android 16/ English Language Obb file - https://apkaward.com/civilization-vi APK file - still uploading Note - obb file ကိုပထမဆုံး link ကနေဒေါင်းပါ။file size 3gb အထက်ရှိတဲ့ file တစ်ခုတည်းကိုဒေါင်းပါ။english version APK ကိုတော့ telegram မှာ upload လုပ်ပေးပါမယ်။ Obb file ထည့်နည်းမသိရင် pin post မှာကြည့်နိုင်ပါတယ်

Repost from PREMIUM SPACE
Android မှာဝယ်ဆော့ဖို့ အမြဲမေးနေကြတဲ့ Total War : Napoleon / Tomb Raider / Red Dead Redemption / Hitman အပြင် အခြား Official
Android မှာဝယ်ဆော့ဖို့ အမြဲမေးနေကြတဲ့ Total War : Napoleon / Tomb Raider / Red Dead Redemption / Hitman အပြင် အခြား Official Playstore Game တွေကို Customer's Mail နဲ့ မင်"တို့ရဲ့  Premium Space မှာဝယ်လို့ရပါပြီ။ Customer's Mail နဲ့ဝယ်ပေးတာဖြစ်တဲ့အတွက် Mail မပျက်သ၍ ဝယ်ထားတဲ့ Game တွေကို install ပြန်လုပ်လို့ရနေမှာဖြစ်ပါတယ်။✅
Note - Google Play Store MMK Payment ဈေးနှုန်းတွေက သက်သာတယ်ဆိုတာ သိပါတယ်ခင်ဗျာ။ Google ဘက်မှ Myanmar Region ကန့်သတ်ချက်များကြောင့် Game များကို MMK Payment ဖြင့် ဝယ်ယူ၍ မရတော့တဲ့အတွက် လက်ရှိ $ Rate (Current Market Rate) နဲ့ သာ ရောင်းချပေးပါတယ်။
အခြားဝယ်ချင်တဲ့ Premium / Subscription တွေရှိရင်လဲ 💘 @ZoYENix 💸 မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
Package 2 မျိုးအကြောင်း
https://t.me/PremiumSpaceMM/2096
Company Of Heros 🪖
https://t.me/PremiumSpaceMM/1776?single
Tomb Raider 🎮
https://t.me/PremiumSpaceMM/2434
Total War Series 💂‍♂️
https://t.me/PremiumSpaceMM/2038
Stardew Valley 🧑‍🌾
https://t.me/PremiumSpaceMM/2018
Premium Space Items List ✅
https://t.me/PremiumSpaceMM/103
Sale/Sell Proof ကြည့်နည်း✅
https://t.me/PremiumSpaceMM/234