ch
Feedback
Android Zone

Android Zone

前往频道在 Telegram

Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234

显示更多

📈 Telegram 频道 Android Zone 的分析概览

频道 Android Zone (@androidzone777) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 41 473 名订阅者,在 游戏 类别中位列第 2 015,并在 缅甸 地区排名第 3 520 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 41 473 名订阅者。

根据 30 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 692,过去 24 小时变化为 27,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 11.86%。内容发布后 24 小时内通常能获得 3.99% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 4 917 次浏览,首日通常累积 1 653 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 11。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ် ကြော်ညာထည့်လိုလျှင် @kaung234”

凭借高频更新(最新数据采集于 01 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 游戏 类别中的关键影响点。

41 473
订阅者
+2724 小时
+2457 天
+69230 天
帖子存档
‌ဒီထဲမှာ ဘ၀င်မကျဆုံးအချက်က emulator ပေါ်မှာဆော့နေရသလို texture တွေ၊ resolution နဲ့တခြား graphic ပိုင်းတွေကိုအသေးစိတ်ကြီးလိုက်ချိန်နေရတာပါ။ open world လုပ်ထားပေမယ့် distance draw ပိုင်းကိုကန့်သတ်ထားမှုသိပ်မရှိတာကြောင့် Snapdragon 800 အထက်လိုဖုန်းမျိုးမှာတောင် graphic အမြင့်ဆုံးချိန်ဆော့ရင် ၁၅မိနစ်လောက်နဲ့ဖုန်းပူလာနိုင်သလို battery လည်းအသေစားပါတယ်။ ပိုဆိုးတာက တချို့မြန်မာနိုင်ငံက wifi တွေဆိုရင် DNS ပိတ်ဆို့မှုကြောင့် ကြော်ညာမတက်တာကြောင့်မို့လို့ vpn ခံပြီး၀င်မှရပါတယ်။ စဉ်းစားကြည့်ပါ..open world ထဲက 3d assets တွေကိုလည်း Ram ပေါ်မှာတင် run ထားရတယ်၊ background မှာလည်း vpn က run နေရတယ်ဆိုတော့ upper mid-range ဖုန်းတွေအပူတက်ပြီး battery ကုန်တာမဆန်းပါဘူး။ - [Monetization] ဒီလိုမျိုး free to play online ဂိမ်းတွေက paywall တွေ ad တွေဗလပွပါမှာကိုတော့မျှော်လင့်ထားရပါမယ်။ဒီထဲမှာလည်း ‌ဘယ်ဟာလိုချင်ရင် ကြောညာကြည့်ရမယ်တို့၊ game progress ဖြစ်ချင်ရင် ပိုက်ဆံပေး၀ယ်ဆိုတဲ့ပုံစံနဲ့လုပ်ထားတာကြောင့် အေးအေးဆေးဆေးဆော့ချင်သူတွေအတွက်တောင်လုံး၀အဆင်ပြေမှာမဟုတ်ပါဘူး။ ဖုန်းကပူ၊ မီးပျက်ပါတယ်ဆို battery ကအကုန်မြန်သေး၊ ဒီကြားထဲ ad တွေ micro transaction ဗလပွဲနဲ့ဆိုတော့ entertainment တာထက်စိတ်ညစ်ရတာကပိုများနေပါလိမ့်မယ်။ အဲ့တော့ Overpeak က mobile ပေါ်မှာ Superman fantasy ကို အံ့သြစရာကောင်းအောင်ပေးနိုင်ပေမယ့်၊ အဲ့ဒီ fantasy ကို ရေရှည်ဆက်ကစားချင်အောင် ထိန်းထားပေးမယ့် combat နဲ့ mission design ကတော့ မလုံလောက်သေးဘူးလို့ပြောချင်ပါတယ်။ ====== Size - 300mb+ Type - online Link - comment Minimum requirements - Android 7.1,Ram 6, Snapdragon 720+ ====== #action #adventure

Overpeak (Android/iOS) တကယ်လို့ brother တို့သာ superman တစ်ယောက်လိုစွမ်းအားတွေရလာရင် လူတွေကိုကယ်မှာလား ဒါမှမဟုတ် home lander လုပ်မှာလား။ ဒီနေ့မှအသစ်ထွက်လာတဲ့ overpeak ဂိမ်းက mobile အတွက်ဆိုရင်တော်တော် quality ရှိတယ်လို့ပြောရမှာဘဲ။superman fantasy vibe ကိုပေးတယ်ဆိုပေမယ့် အားနည်းချက်တွေကလည်းရှိနေသေးပါတယ်။အဲ့တော့ မကြာခင် view တက်ရင်ပြီးရော tt မှာဖုန်ထတော့မယ့်တောသားတွေရဲ့ "ကောင်းတယ်ဆော့ကြည့်" ဆိုတဲ့ပါးစပ်မှာလမ်းမဆုံးအောင် အားသာချက်အားနည်းချက်တွေကိုဆော့ကြည့်ရသလောက်ပြောပြပါမယ်။ဆော့သင့်မဆော့သင့်ကတော့ ကိုယ်တိုင်ဆုံးဖြတ်ကြပါ။ အားသာချက်များ ××××××××××××× - [Story] ဒီ overpeak ဂိမ်းမှာ ကျနော့်ကိုပထမဆုံးဖမ်းစားသွားတာကတော့ ဂိမ်းရဲ့ဇာတ်လမ်းပိုင်းကို cinematic တွေနဲ့သေချာပြထားတာဘဲ။cutscene တွေမှာဆိုရင် နောက်ခံတီးလုံးတွေကအစ movie ဆန်နေပြီး ဂိမ်းထဲကိုမြောသွားစေတဲ့အထိဆွဲဆောင်ထားနိုင်ပါတယ်။ ဂိမ်းရဲ့ဇာတ်လမ်းပိုင်းက The Boys ပုံစံလို overpeak ဖြစ်လာမယ့်ဇာတ်ကောင်က အဖွဲ့စည်းကြီးတစ်ခုရဲ့ရက်ရက်စက်စက်စမ်းသပ်မှုကိုခံရပါတယ်။နောက်ဆုံးမှာ သူချစ်ရတဲ့ကောင်မလေးကပါ ခန္ဓာကိုယ်တစ်စစီဆွဲဖြုတ်ခံရပြီးစမ်းသပ်ခံရင်း‌သေသွားတာပါ။ ဒါကြောင့် lab ထဲကလူတွေကိုအကုန်သတ်ပြီး ဒီစမ်းသပ်မှုတွေရဲ့နောက်ကွယ်ကအဓိကတရားခံကိုလက်စားချေဖို့ရာကြိုးစားရင်း ကမ္ဘာပေါ်ကိုဘယ်လိုရောက်လာမှန်းမသိတဲ့ဂြိုလ်သားတွေကိုတိုက်ရင်းနဲ့ပါ story ကိုဖြေးဖြေးချင်းရှေ့ဆက်ရမှာဖြစ်ပါတယ်။ - [Gameplay] Overpeak ရဲ့ gameplay mechanic ကိုတော့ admin တော်တော်လေးချီးကျူးချင်တယ်။ပထမဆုံးသဘောကျမိတာက လူတွေကိုကယ်တင်မယ့် hero လုပ်မလား၊ ဒါမှမဟုတ် home lander လိုမြေလှန်ပြီးလုပ်ချင်ရာလုပ်မလားဆိုတာက ကိုယ့်အပေါ်မူတည်နေတာ။လူတွေကိုကယ်လို့ရသလို အဆောက်အဦးတွေကိုလက်သီးတွေနဲ့ထိုးခွဲပြီးဖျက်တာမျိုး၊ လူတွေကိုအရိုးတခြားအသားတစ်ခြားဖြစ်အောင် သတ်ပစ်တာမျိုးတွေအကုန်လုပ်လို့ရတယ်။ လေပေါ်ပျံသွားတဲ့အခါကျရင်လည်း အဆောက်အဦးတွေမပျက်စီးအောင်ဂရုတစိုက်ပျံသန်းမလား၊ ဒါမှမဟုတ်လည်း အကုန်လုံးကိုထိုးခွဲဖျက်ဆီးပြီးသွားမလားဆိုတာတွေက ကိုယ့်အပေါ်မူတည်နေတာပါ။ဒီလိုမျိုး ကိုယ့်လုပ်ရက်တွေပေါ်မူတည်ပြီး reputation အတက်အကျရှိပါတယ်။ reputation တက်ရင် npc တွေရဲ့အနားရောက်တဲ့အခါ ချီးကျူးကြပေမယ့်၊ တကယ်လို့ reputation က အနုတ်‌ဘက်ရောက်နေရင်တော့ npc တွေကခဲတွေနဲ့ပေါက်တာမျိုး၊ တစ်ခုခုအမှားလုပ်မိတာနဲ့ရဲတွေကလိုက်ပစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ပိုပြီးမိုက်တဲ့အချက်က ကမ္ဘာ့အပြင်ထိပါပျံပြီး ကမ္ဘာကြီးကိုအပေါ်စီးကနေကြည့်လို့ရတာပါ။ - [အသက်၀င်နေတဲ့မြို့လေး] ဒီလို open world ဂိမ်းတွေမှာ မြို့ပြအသက်၀င်နေမှုကလည်း player ရဲ့ experience ကိုသက်ရောက်မှုရှိပါတယ်။ဒီအပိုင်းမှာလည်း overpeak က mobile ဂိမ်းတစ်ခုအတွက်တော့အားနည်းချက်မရှိပါဘူး။reputation ပေါ်မူတည်ပြီး npc တွေရဲ့ reaction တွေပြောင်းသွားတာ၊ သူတို့နားရောက်တဲ့အခါစကားလှမ်းပြောတာတွေ၊ လမ်းပေါ်မှာကားတွေသွားလာနေတာက မြို့ပြကိုအသက်၀င်စေပါတယ်။ဒါကြောင့်မို့လို့လည်း hero လုပ်မယ်ဆိုရင် မြို့ထဲကလူတွေကိုကယ်တင်နေတယ်၊ လူတွေကငါ့ကိုဘဲအားကိုးနေရတာဆိုတဲ့ feeling ဖြစ်လာတာမျိုးပါ။ - [Details ပိုင်း] ဂေါင်းကြီးတို့သေချာလိုက်ကြည့်မယ်ဆိုရင် မိုးပေါ်ကအရှိန်နဲ့ခုန်ချလာရင် မြေကြီးတွေချိုင့်၀င်ပြီးအက်ကွဲကုန်တာ‌တို့၊ တိုက်ပြိုသွားတဲ့ physics ပိုင်းတွေရယ်၊ တိုက်ထဲကိုထိုးခွဲပြီး၀င်သွားရင်လည်း အဲ့ထဲမှာရေချိုးနေတဲ့လူတွေနဲ့ အိမ်သုံးပစ္စည်းတွေထားထားတဲ့ detail ပိုင်းတွေကိုတွေ့နိုင်မှာပါ။ တိုက်အမြင့်ကြီးတွေပေါ်မှာဆိုရင် digital billboard တွေနဲ့ကြော်ညာတွေပြထားတာက mobile ဂိမ်းတစ်ခုအတွက်တော့ တကယ်အံ့ဩစရာကောင်းပါတယ်။ ပျံနေချိန်မှာ လေကိုခွင်းထွက်သွားတဲ့ effect တွေ၊ လေတိုးသံတွေကိုကြားနေရတာ၊ ၀တ်ရုံကလွင့်မျောနေတာတွေကိုတွေ့ရမှာပါ။ အားနည်းချက်များ ×××××××××××××× - [Repetitive gameplay] feature တွေ၊ boss design တွေအရမိုက်ပေမယ့် core gameplay ပိုင်းကတော့ဆွဲဆောင်မှုရှိမနေပါဘူး။boss တွေမှာ attack pattern တွေကိုယ်စီရှိကြတယ်ဆိုပေမယ့် သူ့တိုက်ခိုက်မှုကိုအဝေးကနေရှောင်လိုက်၊ ဗလိုင်းကြီး၀င်ထိုးလိုက်ဆိုတဲ့ပုံစံထဲမှာဘဲရှိနေတာပါ။ပြောရရင် combat မှာ strategy သိပ်မရှိတာပေါ့။ Story quest အများစုကလည်း quest ရှိမယ့်နေရာကိုသွား၊ လူကယ်၊ လူဆိုးကိုနှိမ်နင်း...ပြီးရင် နောက်တစ်နေရာထပ်သွားဆိုတဲ့ loop ထဲမှာလည်နေတာပါ။ side quest တွေကလည်းဒီပုံစံတွေချည်းဘဲထပ်နေတော့ အစပိုင်းပျော်စရာကောင်းပေမယ့် နောက်ပိုင်း feature တွေအကုန်သိသွားချိန်မှာ တော်တော်ရိုးအီသွားမယ့်အထဲပါပါတယ်။ မြို့ကကျယ်တယ်ထင်ရပေမယ့်လည်း နေရာတော်တော်များများက copy paste လုပ်ထားသလိုဖြစ်နေတော့ အသစ်အဆန်းရယ်လို့သိပ်မရှိပါဘူး။ - [optimization & graphic]

Overpeak (Android/iOS) Android (original) - https://play.google.com/store/apps/details?id=com.rusergames.overpeak (online) Mo
+8
Overpeak (Android/iOS) Android (original) - https://play.google.com/store/apps/details?id=com.rusergames.overpeak (online) Mod (offline/no story) - https://apkvision.org/games/action/overpeak-133477/ iOS - app store

စုတ်ပြတ်နေတာဘဲ Crunchyroll ကအဲ့လောက်ထိသောက်ပျင်းထူမယ်မထင်ထားဘူး။ Texture တွေကပြောင်ချောကြီးဖြစ်နေတာရယ်၊ လူတွေကပလတ်စတစ်အရုပ်လေ
စုတ်ပြတ်နေတာဘဲ Crunchyroll ကအဲ့လောက်ထိသောက်ပျင်းထူမယ်မထင်ထားဘူး။ Texture တွေကပြောင်ချောကြီးဖြစ်နေတာရယ်၊ လူတွေကပလတ်စတစ်အရုပ်လေးတွေပြေးနေသလိုဘဲ။ဒီကြားထဲ vibration ပိုင်းကပစ်တဲ့အရသာမရဘဲ ဆက်တိုက်ကြီးတုန်နေတော့စိတ်ရှုပ်စရာကောင်းနေသေးတာ။တစ်ချက်တစ်ချက် lag တာကပိုသေးတယ်။မဆော့ကြနဲ့ မျှော်လင့်ထားတာနဲ့တခြားဆီ။ဖြစ်သလိုကြီးလုပ်ထားတာ

Gungrave G.O.R.E (Android) Link - https://apkvision.org/games/action/gungrave-g-o-r-e-uee-mobile-132677/ သားကြီးတို့ gungrave
+6
Gungrave G.O.R.E (Android) Link - https://apkvision.org/games/action/gungrave-g-o-r-e-uee-mobile-132677/ သားကြီးတို့ gungrave gore mobile cracked ရပြီ။review ကတော့ မနက်ဖြန်ကျမှ mobile port အခြေနေနဲ့ level design ဘာညာအပြည့်စုံရေးပေးမယ်။အခုက သတင်းကောင်းလာပြောတာ။ Minimum requirements - Android version 10,Ram 4, Snapdragon 720+ Type - offline

Repost from PREMIUM SPACE
Itune Giftcard တွေတွေလဲ Premium Space မှာလာဝယ်လို့ရပါပြီ။👋 Itune Giftcard (US Region)🍏 10 $ ➡️ 49500 Ks 15 $ ➡️ 74000 Ks 20
Itune Giftcard တွေတွေလဲ Premium Space မှာလာဝယ်လို့ရပါပြီ။👋
Itune Giftcard (US Region)🍏
10 $   ➡️  49500 Ks 15 $   ➡️   74000 Ks 20 $  ➡️   98000 Ks 50 $  ➡️ 245000 Ks 50 $  အထက်ဝယ်ချင်ရင်လဲ 💘@ZoYENix 💸 မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

စိတ်ကျဉ်းကျပ်မှုတွေဖြစ်အောင်ဖိအားပေးပါတယ်။ Character ရဲ့အသက်ရှူသံတွေ၊ မြန်ဆန်တဲ့ခြေလှမ်းတွေ၊ ခပ်ပြင်းပြင်းတီးခတ်ထားတဲ့ bg music တွေက နောက်ကတစ်ယောက်ယောက်လိုက်လာသလိုမျိုးဖြစ်နေပြီး လုံး၀သတိလွတ်လို့မရပါဘူး။ - [ခြောက်ခြားစရာပါတ်၀န်းကျင်] Into the dead 2 ဆိုတာ အမေရိကန်နိုင်ငံရဲ့ကျေးလက်ဒေတွေမှာပြေးလွှားနေရတဲ့ဂိမ်းဖြစ်ပါတယ်။ပုံမှန်ဆိုရင် စပါးခင်းဝါဝါလေးတွေ ငှက်အော်သံလေးတွေနဲ့တိတ်ဆိတ်သာယာပေမယ့် zombie apocalypse မှာတော့ အဲ့ဒီတိတ်ဆိတ်မှုကဘဲ အိပ်မက်ဆိုးဖြစ်လာပါတယ်။ ကိုယ့်ခြေသံတွေကိုအတိုင်းသားပြန်ကြားနေရတာ၊ ကားတွေနားဖြတ်သွားရင် ဟွန်းအရှည်ကြီးဆွဲသံတွေ၊ ကိုင်မယ့်သူမရှိတော့တဲ့တယ်လီဖုန်းသံတွေက ကျောချမ်းစရာကောင်းနေပါတယ်။အဆောက်အဦးတွေမှာ မှန်အကွဲတွေ၊ လမ်းတစ်လျှောက်လူသေလောင်းတွေ၊ အားကိုးစရာ ရဲတွေစစ်သားတွေကအစ zombie အဖြစ်ပြောင်းလဲကုန်တာက "ဒီကမ္ဘာကြီးကပျက်ဆီးသွားပြီ လုံး၀မျှော်လင့်ချက်မရှိတော့ဘူး" ဆိုတဲ့ ခိုကိုးရာမဲ့အားငယ်စိတ်တွေဖြစ်စေပါတယ်။ Story ကပေးတဲ့ Tension ×××××××××××××××××××× ဒီဂိမ်းက atmosphere ကြောင့်တင် စိတ်လေးရတာမဟုတ်ဘဲ story ကလည်းတော်တော်ကြီးကိုစိတ်မချမ်းမြေ့စရာပါ။အပေါ်မှာပြောသလို main story မှာဆိုရင် ငါအသက်ရှင်ရမယ်ဆိုတာထက် ငါ့သမီးလေးအတွက်ငါအသက်ရှင်ရမယ်ဆိုတဲ့ feeling ကြီးပါ။ first person view မှာ မျက်နှာတွေမမြင်ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် walkie talkie ကနေလှမ်းပြောတဲ့အသံတွေကိုနားထောင်ကြည့်ရုံနဲ့တင်၊ သူတို့ဘယ်လိုခံစားနေရလဲဆိုတာသိနိုင်ပြီး အခြေနေတွေဘယ်လောက်ထိဆိုးဝါးနေပြီလဲဆိုတာကိုလည်းသိနိုင်ပြီး ဇာတ်လမ်းတစ်ခုကိုကိုယ်တိုင်၀င်ပြီးခံစားနေရသလိုပါဘဲ။ - [Side story များ] Side story တွေမှာလည်းအဲ့လိုပါဘဲ။ဇာတ်လမ်းတော်တော်များများက အဆုံးသတ်မကောင်းတာတွေများပါတယ်။ကျနော်ဆိုရင် legacy story ပိုင်းကိုတော်တော်လေးစိတ်မကောင်းဖြစ်မိတာပါ။ အဲ့ဇာတ်လမ်းမှာ အမေဖြစ်သူက zombie ကိုက်ခံလိုက်ရတာကြောင့် သူ zombie အဖြစ်မပြောင်းလဲခင် သူ့ရဲ့ကလေးလေးကိုလုံခြုံတဲ့နေရာလိုက်ပို့တဲ့ဇာတ်လမ်းပါ။ဇာတ်လမ်းတစ်ခုလုံးက ရင်တထိတ်ထိတ်နဲ့ကြည့်နေရပြီး ဘယ်လိုအလှည့်ပြောင်းတွေဖြစ်လာမလဲဆိုတာတော်တော်စိတ်၀င်စားစရာကောင်းတာပါ။ဒါကြောင့် gameplay က repetitive ဖြစ်နေရင်တောင် ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတွေက ဂိမ်းကိုဆက်ဆော့ချင်အောင်ဆွဲခေါ်ထားနိုင်ပါတယ်။ Monetization ပိုင်းနှင့် အားနည်းချက်များ ×××××××××××××××××××××××××××××××× ဒီဂိမ်းရဲ့အကြီးမားဆုံးအားနည်းချက်ကိုပြောပါဆိုရင် gameplay loop ကအရမ်းရိုးရှင်းပြီး ဆော့တာကြာလာရင်ပျင်းလာနိုင်တာပါဘဲ။ဘယ် level ရောက်ရောက် gameplay mechanic အသစ်တွေထပ်မပါလာတာကြောင့် တစ်ခါတည်းနဲ့အကြာကြီးဆော့ရင် ငြီးငွေ့လာနိုင်ပါတယ်။ ------- Mobile ပေါ်ကိုလည်း free to play အနေနဲ့ရောက်လာတာကြောင့် လက်နက်တွေ၊ upgrade မြှင့်ဖို့လိုတဲ့ blueprint နဲ့ currency တွေကို ပိုက်ဆံပေးပြီး၀ယ်ရင်၀ယ်...မ၀ယ်ချင်ရင် အောင်ပြီးသား level တွေပြန်ဆော့ပြီး grind လုပ်ရတာ တော်တော်ငြီးငွေ့ရပါတယ်။ လက်နက်တွေကိုလည်း event တွေ၊ side story တွေ၊ daily mission တွေလုပ်ရင်းရှာရတာမို့လို့ free to play သာဆော့ရင် လက်နက်တွေစုံဖို့ အချိန်တော်တော်ပေးပြီးဆော့ရမှာပါ။တချို့လက်နက်နဲ့ event တွေဆိုရင် Vip ဖြစ်နေမှရတာမျိုးတွေရှိတာကြောင့် ဂိမ်းကိုကြိုက်လို့ဆော့မယ်ဆိုရင်တောင် pay wall တွေဗလပွနဲ့စိတ်ရှုပ်ရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် micro transaction မပါတဲ့ Netflix version ဆော့ကြဖို့အကြံပေးပါတယ်။ နိဂုံး ××× နိဂုံးချုပ်ရရင် Into the Dead 2 ရဲ့ gameplay က ရိုးရှင်းပြီး repetitive ဖြစ်ပေမယ့် limited ammo, forced movement, brutal feedback နဲ့ atmosphere,story tension တွေက အဲ့ဒီရိုးရှင်းတဲ့ loop ကို survival experience တစ်ခုအဖြစ် ပြောင်းပေးထားတာဖြစ်ပါတယ်။ ===== Size - 1.2gb Type - offline Link - comment Minimum requirements - Android 6.0,Ram 3, Snapdragon 660+ ====== #Run_&_gun #action

Into The Dead 2 (Android/iOS) Into the dead 2 ဆိုတာ ဖုန်းပေါ်က zombie ဂိမ်းတွေထဲ ကျနော်အရမ်းကြိုက်တဲ့ On-rails runner ဂိမ်းတစ်ခုဖြစ်ပါတယ်။ Atmosphere တွေ၊ Story tension ပိုင်းတွေကနေတစ်ဆင့် player ကိုစိတ်ကျဉ်းကျပ်အောင်လုပ်ထားနိုင်တဲ့ mobile ပေါ်ကရှားရှားပါးပါး offline zombie ဂိမ်းလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ Story ××××× စစချင်းမှာ Main character က high way လမ်းမကြီးပေါ်မှာကုန်တင်ကားမောင်းလာတာကိုတွေ့ရမှာပါ။အဲ့အချိန်မှာ လမ်းလယ်‌ခေါင်မှာ ထီးထီးကြီးမလှုပ်မရှပ်ရပ်‌နေတဲ့လူတစ်ယောက်ကို တိုက်မိမှာစိုးလို့ရှောင်လိုက်တာကြောင့် ကားမှောက်သွားပါတယ်။တကယ်တန်း သူရှောင်လိုက်တာက လူတစ်ယောက်မဟုတ်ဘဲ zombie ဖြစ်နေတာပါ။ သူ့နားကိုလဲ zombie အုပ်ကြီးကအမဲဖြတ်ဖို့ရောက်လာတာကြောင့် ကားခေါင်းထဲကသူ့သမီး‌လေးရဲ့ပုံကိုအမိအရယူပြီး အသည်းအသန်ထွက်ပြေးခဲ့ရပါတယ်။ အဲ့အချိန် သူကိုင်ထားတဲ့ walkie-talkie ကနေတစ်ဆင့်၊ ညီမဖြစ်သူလို့ယူဆရသူက "ဒီကောင်တွေတဖြည်းဖြည်းနဲ့ပိုများလာပြီ" ဆိုတဲ့စကားကိုလည်းကြားနေရပါတယ်။ ဒီလိုအချိန်မျိုးမှာသူ့ကိုယ်သူစိတ်ပူနေတာထက် အိမ်မှာကျန်ခဲ့တဲ့ သူ့သမီးလေးနဲ့မိသားစုကိုပိုပြီးစိတ်ပူနေတာကြောင့် zombie တွေကြားကနေအိမ်ကိုအရောက်ပြန်ဖို့ကြိုးစားပါတော့တယ်။ Gameplay ××××××××× On-rails runner ဆိုတာ အရှေ့အနောက်မနားတန်းပြေးနေပြီး ယေဘုယျအားဖြင့် player ကရှောင်တာတိမ်းတာတွေကိုဘဲ ထိန်းချုပ်လို့ရတဲ့ game တွေကိုပြောတာပါ။ ဒီ into the dead 2 ကလည်းဒီလိုပါဘဲ။3d space ထဲမှာ character ကမရပ်မနားပြေးနေရပြီး ရှေ့မှာပိတ်နေတဲ့ zombie တွေကို သေနတ်တွေဗုံးတွေနဲ့ပစ်ပြီးရှင်းပစ်ရမှာပါ။ - [Gameplay ကပေးတဲ့ Tension] Player အနေနဲ့ ဒီထဲမှာတွေ့သမျှ zombie တိုင်းကိုလိုက်ပစ်လို့မရပါဘူး။ကျည်တွေကအကန့်သတ်နဲ့ပေးထားတာကြောင့် နောက်ထပ်ကျည်ရှိမဲ့နေရာကိုမရောက်မချင်း ချွေတာပြီးပစ်ရတာပါ။ zombie တွေကိုအပျော်တန်းပစ်ရတဲ့ shooter ပုံစံထက်ကို ကိုယ့်ရှေ့မှာပိတ်နေတဲ့ zombie တွေကိုရှင်းပြီးပြေးနေရတယ်ဆိုတဲ့ survival အရသာကိုပေးတာမျိုးပါ။ နောက်ပြီးတော့ မရပ်မနားပြေးနေပြီး player ကဘယ်ညာယိမ်းပြီးရှောင်ရတာနဲ့ သေနတ်ပစ်တာကိုဘဲထိန်းချုပ်လို့ရတဲ့ gameplay mechanic ကြောင့်၊ ဘယ်သေနတ်ကကျည်ဘယ်လောက်ကျန်သေးလဲ.. zombie တွေကိုဘယ်သေနတ်နဲ့ပစ်မလဲ ဆိုတာတွေကို စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချရတာပါ။ ပါတ်၀န်းကျင်ကကားပျက်တွေ၊ ကွန်တိန်နာအပျက်ကြီးတွေနဲ့၊ ‌တောထဲ၀င်သွားတဲ့အခါကျရင်လည်းသစ်ပင်တွေက အတားအဆီးလိုဖြစ်နေပြီး၊ တစ်ဖက်က zombie တွေကိုရှောင်ရသလို တစ်ဖက်မှာလည်း ဒီအတားအဆီးတွေကိုရှောင်ရတာကြောင့် level တစ်ခုချင်းစီတိုင်းမှာစိတ်လှုပ်ရှားမှုတွေ၊ စိတ်ကျဉ်းကျပ်မှုတွေကိုခံစားရမှာပါ။ - [Repetitive ဖြစ်ပေမယ့်စွဲလမ်းစရာကောင်းခြင်း] Gameplay ပုံစံကိုဘဲကြည့်လိုက်မယ်ဆိုရင် ပြေးမယ်၊ zombie တွေကိုပစ်မယ်ဆိုတဲ့ simple loop ထဲမှာလည်နေတာပါ။ဒါပေမယ့် ဒီ loop ကိုပျင်းစရာကောင်းတယ်လို့ထင်မသွားအောင် brutal ဖြစ်မှုနဲ့၊ hit detection ပိုင်းတွေကထိန်းထားပါတယ်။ ရှေ့မှာ zombie အုပ်လိုက်ကြီးကို shotgun နဲ့အနီးကပ်ဆွဲလိုက်ရတဲ့အရသာ၊ machine gun တွေနဲ့တရပ်ဆက်ပစ်လိုက်ရတာတွေက တော်တော်စိတ်ကျေနပ်စရာကောင်းပါတယ်။ကိုယ့်သေနတ်က ပြင်းအားပြင်းရင်ပြင်းသလို zombie တွေကခေါင်းတွေပွင့်ထွက်ကုန်တာ၊ ခြေတွေလက်တွေပြတ်ထွက်ကုန်တာတွေကိုတွေ့ရမှာပါ။တကယ်လို့ ကိုယ်က zombie တွေလက်ထဲမိသွားရင်လည်းအကုန်လုံးကဝိုင်းလာပြီး အူတွေအခွေလိုက်ဆွဲထုတ်သွားတာတွေကို first person view နဲ့အနီးကပ်တွေ့ရတာကြောင့်...ကိုယ့်ဘက်ကချရင်ချ၊ မချရင်ကိုယ်သေမှာ ဆိုတဲ့ခံစားချက်ကြောင့် survival instinct ပွင့်သွားပြီး ammo management ပိုင်းတွေကို မြန်မြန်ဆန်ဆန်ဆုံးဖြတ်သွားနိုင်သလို၊ brutal ဖြစ်မှုကြောင့်ပါ adrenaline rush ဖြစ်စေတာမျိုးပါ။ - [ကပ်ဘေးကြားက အဖော်မွန်] Story က zombie apocalypse ထဲမှာ ဇာတ်အိမ်တည်ထားပေမယ့် main story ချည်းဘဲဆော့မယ်ဆိုရင်တော့ တစ်ယောက်တည်းဆိုတဲ့အထီးကျန်တဲ့ခံစားချက်ကိုခံစားရမှာမဟုတ်ပါဘူး။ဘာလို့ဆို လမ်းဘေးမှာကိုယ်လိုဘဲဒုက္ခရောက်နေတဲ့ခွေးလေးကိုကယ်ပေးလိုက်တာကြောင့် ဒီခွေးလေးကလည်း story တစ်လျှောက်လုံးမှာကိုယ့်ရဲ့ ရဲဖော်ရဲဘက်လိုဖြစ်လာပါတယ်။ ခွေးလေးကလမ်းတစ်လျှောက်လုံးမှာ ရှေ့ကကြိုပြေးပြီး zombie တွေကိုတတ်နိုင်သလောက်ရှင်းပေးတာမျိုးလုပ်ပေးပါတယ်။ခွေးလေးရဲ့လှုပ်ရှားမှုတွေ၊ texture ပိုင်းသေသပ်မှုနဲ့၊ အသံပိုင်းတွေအကုန်လုံးကသဘာ၀ကျနေပြီး ချစ်စရာလည်းကောင်းနေတာမို့လို့ ကိုယ့်ကိုယ်ကိုမသိလိုက်ခင်မှာတင် ဒီခွေးလေးကိုသံယောဇဉ်တွယ်မိသွားစေမှာပါ။ Atmosphere ×××××××××× ဒီဂိမ်းထဲမှာ ပါတ်၀န်းကျင်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမမြင်ရဘဲ မြူတွေနဲ့အုံ့ဆိုင်းနေပြီး gloomy ဖြစ်နေတာကိုတွေ့ရမှာပါ။အဲ့လိုမြူတွေဆိုင်းနေတာကြောင့် အဝေးကအရာတွေက zombie တွေလား၊ ခြံစည်းရိုးတိုင်တွေလားဆိုတာသဲသဲကွဲကွဲမမြင်ရတော့ပါဘူး။အထူးသဖြင့် ပြောင်းခင်းတွေထဲ၀င်ချိန်ဆိုရင် zombie တွေဘယ်ကပေါ်လာမလဲမသိနိုင်တော့ဘဲ

Into the dead 2 (Android/iOS) Mod menu - Unlimited currency - Vip - Unlimited ammo - free upgrade Link - https://pdalife.com/
+7
Into the dead 2 (Android/iOS) Mod menu - Unlimited currency - Vip - Unlimited ammo - free upgrade Link - https://pdalife.com/into-the-dead-2-android-a29420.html Netflix version (recommend) https://t.me/androidzone777/422?single iOS - app store

Repost from ROAM Game Empire
🎮🎮 Aspriants 2.0 Skin ယူကြမယ်။ 💷 😮 Preoder မတင်ပဲ Event လာတာနဲ့တန်းဖြည့်ချင်တယ် (OR) ဖြည့်ချင်တဲ့အချိန် ဖြစ်ဖြစ် ည သန်းခေ
🎮🎮 Aspriants 2.0 Skin ယူကြမယ်။ 💷
😮 Preoder မတင်ပဲ Event လာတာနဲ့တန်းဖြည့်ချင်တယ် (OR) ဖြည့်ချင်တဲ့အချိန် ဖြစ်ဖြစ် ည သန်းခေါင်းအားမှဖြစ်ဖြစ် ဖြည့်ချင်တယ်ဆိုရင် '' Roam Game Application '' ကို 📱 Playstore မှာ Download လုပ်ပြီး ဖြည့်ချင်တဲ့အချိန် ဖြည့်လိုက်ပါ ၊ တန်းရောက်ပါတယ်။
🎮🎮 Premium Supply Phase 2ခုလုံး Task အကုန်လုပ်ပါ။ Total 16×2 = 32 Token 💷 ရပါမယ်။
Weekly or Double 💎 ထည့်ပြီး ကုန်ကျစရိတ်လျော့ချနိုင်ပါတယ်။ 3 ကြိမ်နဲ့ Bingo တန်းရင် Free Token နဲ့ တင် Aspriants Skin တကောင်ရပါမယ်။ 4 ကြိမ်ဆိုရင် Daily Draw နဲ့ Try ရမှာဖြစ်ပြီး 💎 900 လောက်ကုန်ပါမယ်။ 5 ကြိမ်ဆို Daily Draw နဲ့ အတူ 💎2000 ဝန်းကျင်ပါ။ 6 ကြိမ်ဆိုရင်တော့ နေ့တိုင်း Daily Draw နဲ့သွားရမှာဖြစ်လို့ 💎 3000 ဝန်းကျင်ပါ။ 💎Diamond ဝယ်ယူရန်။ ဂိမ်းအကောင့်ဝယ်ရန်။ Roam Account ဖွင့်နည်း။ ငွေဖြည့်နည်း။ Application ကိုတော့ Playstore မှာ " Roam Game Shop '' လို့ရိုက်ရှာပြီး Down ပါ။

Repost from Android Zone
ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး 💰💰 ဂိမ်းဆိုက်ကြီးမှာ ဂိမ်းအမျိုးအစားပေါင်းစုံကို တစ်နေရာတည်းနဲ့ အဆ
ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး 💰💰 ဂိမ်းဆိုက်ကြီးမှာ ဂိမ်းအမျိုးအစားပေါင်းစုံကို တစ်နေရာတည်းနဲ့ အဆင်ပြေပြေ ဆော့ကစားနိုင်ပါပြီ 🆓 အကောင့်သစ်ဖွင့်သူတိုင်းအတွက် 🎁 ဘောနပ်စ်အစီအစဉ် 🎁 Promo Code 👉 "AZONE777" ကို အသုံးပြုပြီး အကောင့်သစ်ဖွင့်ပါက ၁၀,၀၀၀,၀၀၀💵 အထိ ဘောနပ်စ် ရယူနိုင်မှာ ဖြစ်ပါတယ်။ 💰💰 ရဲ့ အားသာချက်များ ✔️ PSG, Serie A တို့နဲ့ တရားဝင်လက်တွဲထားလို့ ၁၀၀% ယုံကြည်စိတ်ချရခြင်း ✔️ အသုံးပြုရ လွယ်ကူပြီး မြန်ဆန်တဲ့ ငွေသွင်း/ငွေထုတ် စနစ် 💵 အခုပဲ အကောင့်ဖွင့် ကစားရန် 👇 📱 ဒီလင့်ခ်ကို နှိပ်ပါ — https://1xapp.mobi/AZONE777 🔔 ၂၄ နာရီ ငွေသွင်း/ငွေထုတ် အမြန်ဆုံးဝန်ဆောင်မှုနဲ့အတူ ကံထူးရှင်ဖြစ်ဖို့ အခုပဲ လှမ်းလာခဲ့ပါ

ဒီလိုမျိုး pixel graphic ဂိမ်းက Snapdragon 860 လိုဖုန်းမျိုးမှာအေးဆေး run နိုင်ရမှာမလား။အခုက အဲ့လိုမဟုတ်ဘဲ ကွင်းပြင်အကျယ်ကြီးတွေ၊ ရန်သူတွေအများကြီးနဲ့ရင်ဆိုင်ရချိန် frame drop ဖြစ်လွန်းပြီး အရမ်း lag လာတာဘဲ။ဒီလို သွက်သွက်လက်လက်ဆော့ရတဲ့ fast paced ဂိမ်းတွေဆိုတာ lag နေရင်တော်တော်လေး feel ငုပ်ပြီးလောင်ရတာအမှန်ဘဲ။ပြီးတော့ ဒီဂိမ်းက first person view ဖြစ်နေတော့ camera movement မြန်တာတွေ၊ lag တာတွေဖြစ်လာတဲ့အခါ motion sickness ကို trigger ဖြစ်စေပြီး ခေါင်းမူးတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ Lag လို့ graphic လျှော့ဆော့မယ်ဆိုပြန်ရင်လည်း graphic အနိမ့်ဆုံးမှာ texture တွေ၊ resolution တွေကိုတဆုံးလျှော့ချပြီး ကြည့်ရတာမှုန်ဝါးသွားသလို 8bit လောက်ထိကျသွားတာကဆော့ဖို့လုံး၀အဆင်မပြေပြန်ပါဘူး။ - [Control] Touch UI color ပိုင်းတွေကလည်း graphic နဲ့ထပ်တူကျမနေဘဲ အစိမ်းရောင်တောက်တောက်ကြီးတွေလုပ်ထားတော့ ဂိမ်းထက်ကို အာရုံက UI ကိုဘဲအာရုံစိုက်မိသွားစေတာပါ။auto fire ပါတာကောင်းပေမယ့် အဲ့ auto fire ဖွင့်ဆော့ရင် enemy တွေအနီးကပ်လာရင် chainsaw combat ကို auto သုံးတာက shooting ရဲ့အရသာကိုပျက်သွားပါတယ်။ဒီလိုဂိမ်းမျိုးမှာ UI customization ပိုင်းကိုထည့်မပေးထားတာကလည်း တချို့သူတွေအတွက် control အသားကျဖို့အချိန်ပေးရနိုင်ပါတယ်။ - [ Monetization] Playstore မှာ ဒီဂိမ်းရဲ့ full version ကို campaign တစ်ခုချင်းဆီ၀ယ်ဆော့ရတဲ့ free trial ပုံစံလုပ်ထားတာပေါ့နော်။full game ၀ယ်ဆော့မယ်ဆိုရင် စုစုပေါင်း 14$ နီးပါးလောက်ကျတယ်။ သားကြီးရာ replayability ပိုင်းလည်းမရှိ၊ အားနည်းချက်တွေတစ်ပုံတစ်ခေါင်းကြီးနဲ့ ဒီဂိမ်းကို၀ယ်ဆော့မယ့်အစား feral interactive က total war တစ်ဂိမ်းလောက်ကို၀ယ်ဆော့လိုက်တာကမှတန်ဦးမယ်။ - [အချိန်ပေးဆော့ဖို့တန်လား] ဒီလိုတွေပြောလို့ ဒီဂိမ်းကအဆိုးကြီးတော့မဟုတ်ဘူး။တောက်လျှောက်ဆော့ရင်ရေရှည်မှာပျင်းလာနိုင်ပေမယ့် အပျင်းပြေတစ်ပွဲစီလောက်၀င်ဆော့ရင်တော့ ဆော့ပျော်တဲ့အထဲပါတယ်။အဓိကက အပေါ်မှာပြောခဲ့တဲ့ optimization ပိုင်းပြင်လိုက်ရင်ဆော့ဖို့ရာ recommend ပေးလောက်တဲ့အထိကိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် Boomer Shooter ကြိုက်ပြီး Hard difficulty နဲ့ ခဏခဏဝင်ဆော့ချင်တဲ့သူဆိုရင် စမ်းကြည့်လို့ရပါတယ်။ ဒါပေမယ့် $14 နီးပါးပေးရမယ့် premium game အနေနဲ့တော့ လက်ရှိ optimization၊ level design နဲ့ replayability အခြေအနေမှာ မဖြစ်မနေဝယ်ရမယ့်ဂိမ်းမျိုးတော့ မဟုတ်ဘူး။ ===== Size - 2.63gb Type - offline Link - comment Minimum requirements - Android 8.0,Ram 6, Snapdragon 800+ Controller support - Yes ====== #boomer_shooter #Action

Warhammer 40k : Boltgun Boom (Android/iOS) ဒီဂိမ်းအသစ်ကိုကောင်းတယ်ပြောရမလား၊ မကောင်းဘူးပြောရမလားလမ်းပျောက်နေတာ။ မထွက်ခင်တုန်းကလည်းအရမ်းကြီးမမျှော်လင့်ထားမိလို့လားမသိဘူး ဆော့ကြည့်တော့ mobile game တစ်ခုအတွက်မဆိုးဘူးလို့တော့မြင်မိတယ်။ Review ×××××× ဒီဂိမ်းက အရင်တုန်းက Doom တို့ Quake တို့လို boomer shooter ဂိမ်းပုံစံကို pixel graphic design နဲ့ retro vibe ရအောင်လုပ်ထားတာပါ။gameplay အရဆွဲဆောင်မှုနည်းနည်းရှိပေမယ့် mobile ပေါ်ကိုရောက်ခါစဆိုတော့ အားနည်းချက်တော်တော်များများကိုလည်းတွေ့ရပါတယ်။ ကောင်းကွက်များ ××××××××××××× Boltgun ဂိမ်းက အစပိုင်း level တွေမှာ non-stop boomer shooter ခံစားချက်ကိုရတာအမှန်ဘဲ။ရန်သူတွေကို Boltgun နဲ့အတွဲလိုက်ဆော်ရတာ၊ shotgun နဲ့အနီးကပ်ဖြုတ်ရတဲ့အရသာကတော်တော်လေးဆွဲဆောင်မှုရှိပါတယ်။ - [Hit feedback] အထူးသဖြင့် ရန်သူတွေသေသွားချိန်မှာ အရိုးတခြားအသားတခြားဖြစ်ကုန်တာကို pixel art မှာအနီးကပ်မြင်ရတော့ ရွံစရာမကောင်းတော့ဘဲ၊ အသားစတွေက pixel တုံးလေးတွေအဖြစ်ပြန့်ကျဲကုန်တာက satisfied ဖြစ်ရပါတယ်။ သေနတ်နဲ့ပစ်တဲ့အခါကျရင်လည်း ရန်သူကိုထိမှန်သွားတဲ့ hit detection ပိုင်းတွေကအားရစရာကောင်းပြီးရန်သူတွေသေတဲ့အချိန် ဖောက်ခနဲ၊ ဗျစ်ခနဲ ဆိုပြီးပေါ်ထွက်လာတဲ့ sound feedback နဲ့၊ ၊ကိုယ့်တိုက်ခိုက်မှုကြောင့် မျက်စိရှေ့မှာတင်တစ်စစီဖြစ်ကုန်တဲ့ရန်သူတွေရဲ့ visual feedback တွေကတော်တော်စိတ်ကျေနပ်မှုကိုပေးတာပါ။ - [ Enemy Ai ဖိအားပေးမှု] ဒီဂိမ်းထဲမှာ ရန်သူ Ai တွေက အကာကွယ်ယူပစ်တာလိုမျိုးဖိအားပေးတာထက်ကို၊ ရန်သူအုပ်လိုက်ကြီးက အဖက်ဖက်ကလာပြီး player ကိုတစ်နေရာတည်းမှာရပ်နေလို့မရအောင်ဖိအားပေးတာမျိုးပါ။ Difficulty အမြင့်ပိုင်းမှာဆိုရင်ရန်သူတွေရဲ့တိုက်ခိုက်မှုတွေက damage ပြင်းတာကြောင့် လမ်းလျှောက်ပြီးပစ်နေရုံနဲ့မနိုင်တော့ဘဲ ခုန်ပြီးရှောင်ရတာမျိုး၊ dash လုပ်ပြီး အ‌ဝေးကအကောင်တွေဆီပြေး၀င်ရတာမျိုးတွေနဲ့ကိုယ့်ဆီကိုမြန်မာလိုကြီးပြေး၀င်လာတဲ့ကောင်တွေကို shotgun နဲ့အနီးကပ်ဆော်လိုက်ရတာ၊ chainsaw ထုတ်ပြီးလှီးပလိုက်ရတာက "gameplay ကြီးကကြမ်းလိုက်တာ" ဆိုပြီးခံစားရမှာပါ။ ဒီလိုမျိုး enemy တွေအဘက်ဘက်ကဖိအားပေးမှု၊ သေတဲ့အခါ သွေးတွေဖြာခနဲပန်းထွက်သွားတဲ့ကြမ်းတမ်းမှုတွေ၊ energetic ဖြစ်စေတဲ့နောက်ခံတီးလုံးတွေကြောင့် adrenaline rush ဖြစ်စေပြီးဂိမ်းကိုစွဲလမ်းစေပါတယ်။ အားနည်းချက်တွေ ××××××××××××××× ဒီဂိမ်းရဲ့အဓိကအားနည်းချက်ကြီးက enemy Ai ပိုင်းနဲ့ level design တော်တော်ညံ့တာဘဲ။ကွင်းပြင်ကြီးထဲမှာ ပစ်ရတဲ့ level တွေက challenge ဖြစ်သလောက် အဆောက်အဦးတွေထဲရောက်သွားရင်တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ - [Pathfinding ညံ့ခြင်း] အထူးသဖြင့် enemy တွေရဲ့ pathfinding ပိုင်းကတော်တော်ညံ့တာပေါ့နော်။သူတို့က player ဆီဆက်တိုက်လာပြီးဖိအားပေးရမယ့်အစား တစ်နေရာရာမှာညှပ်နေတာမျိုးတွေ၊ အဝေးကြီးကနေလှမ်းပစ်နေတာမျိုးတွေကြောင့် ကိုယ်ကသူတို့ဆီကိုတကူးတကသွားပြီးသတ်ရတဲ့ပုံဖြစ်နေတာပါ။ဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ်သွားချင်တဲ့နေရာရောက်ဖို့ ဒီကောင်တွေကိုကျော်ဖြတ်ရတာထက်၊ လမ်းပွင့်ဖို့ရာသူတို့ကိုတကူးတကလိုက်သတ်နေရတယ်ဆိုတဲ့ပုံစံကြီးဖြစ်သွားတာ။ - [ action pacing မထိန်းနိုင်မှု] ဘယ်နေရာကိုသွားရမယ်ဆိုတဲ့ လမ်းညွှန်တဲ့ navigator ကလည်းသေသေချာချာလမ်းမညွှန်နိုင်တော့ ရန်သူတွေကိုသတ်ပြီးရင်လမ်းလိုက်ရှာနေရတာကြောင့် adrenaline ကျသွားပြီး non-stop action ရဲ့ pacing ကိုထိန်းမထားနိုင်ပါဘူး။ နောက်ပြီးတော့ difficulty medium လောက်မှာဆိုရင် ရန်သူတွေကသေနတ်ပေါင်းစုံကိုထုတ်သုံးဖို့ဖိအားမပေးနိုင်တာ၊ ကျည်ကဒ်တွေသွေးတွေကို ဗုန်းဘောလအောပေးထားတာတွေက ကျည်ကုန်မှာကြောက်ရတဲ့ tension ပိုင်းတွေ၊ သွေးအားကိုအသည်းအသန်လိုက်ရှာရတဲ့ challenge တွေလုံး၀မရှိဘဲ လုံး၀casual ပုံစံကြီးဖြစ်သွားတာတော့ တော်တော်ရုပ်ပေါက်တယ်လို့မြင်မိတယ်။ Chapter တွေပြောင်းသွားရင်တောင် environment design တွေကပြောင်းလဲမှုမရှိတာကလည်း "ဂိမ်းကဒါဘဲလား" ဆိုပြီးအချိန်တစ်ခုကြာလာရင်ငြီးငွေ့လာနိုင်ပါတယ်။ ကျနော်သာ ဒီဂိမ်းကို develop လုပ်ရင် story နဲ့လုပ်ပစ်တာထက်ကို dead cells လိုမျိုး run တိုင်းမှာ encounter မတူတဲ့ roguelite လုပ်ပစ်မှာပါ။ဘာလို့ဆို hit feedback တွေနဲ့ gameplay ကောင်းသလောက် လမ်းပျောက်တဲ့ level design က action ရဲ့ pacing ကိုဖျက်ပစ်လို့ဖြစ်ပါတယ်။ Mobile port အခြေနေ ××××××××××××××××× ကျနော်ဒီဂိမ်းကို medium difficulty မှာအားမရလို့ hard ပြောင်းပြီးဆော့လိုက်တာ တော်တော်အားရမိပေမယ့် ထုံးစံအတိုင်း optimization ပိုင်းကဂိမ်းရဲ့အရသာကိုဖျက်ပစ်လိုက်ပြန်ပါတယ်။ - [Optimization]

သားကြီးတို့ Aniimo review လုပ်ပေးရဦးမလား။လက်ရှိ playstore မှာတော့ high end device တွေမှာတောင် ဒေါင်းပြီးမှ incompatible ပြနေလ
သားကြီးတို့ Aniimo review လုပ်ပေးရဦးမလား။လက်ရှိ playstore မှာတော့ high end device တွေမှာတောင် ဒေါင်းပြီးမှ incompatible ပြနေလို့ bad review များနေတယ်🗿။ ဂိမ်းကတော့ pay to win မဟုတ်ဖို့များတယ်။open world ထဲအကောင်တွေကိုအကုန်လိုက်ဖမ်းလို့ရတော့ cosmetic ဘာညာနဲ့ပိုက်ဆံရှာဖို့များမယ်ထင်တယ်

Repost from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️ ဝယ်ယူချက်တဲ့ Subscription တွေရှိရင်လဲ လာမေးလို့ရပါတယ်။ Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Premium Space Items List For U✅ ------------------------------
Telegram premium ⭐️
About Telegram Premium✔️
Telegram Star⭐
About Telegram Star ⭐️
TON (GRAM) 📱
Mobile Legends Diamond 💎
Lets VPN 🚀
Jump Jump Premium VPN ⏫
Express Premium VPN 📱
Express Premium VPN User Guide🚀
Outline Premium VPN📱
ChatGPT 📱
About Chat GPT
Gemini 📱
Suno Ai 🙂
Spotify Premium 📱
YouTube Premium 📱
Netflix 📱
Capcut Pro 📱
TikTok Coin 📱
Viber Plus 📱
Itunes Giftcard 🍏
Google Play Store 📱
Google Storage ☁️
Sale Proof ကြည့်နည်း⏩ Click here ဝယ်ချင်တဲ့ Premium/Subscription တွေရှိရင် ⤵️ 💘 @ZoYENix 💸 မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။ Premium Space ltem List ✔️ https://t.me/PremiumSpaceMM/103

အဲ့တော့ Animus Stand Alone က stage-based ဆန်တဲ့အားနည်းချက်ရှိနေပေမယ့် ဂိမ်းတစ်ခုကိုအကြာကြီးအချိန်မပေးနိုင်သူတွေအတွက်တော့ ဒီအားနည်းချက်ကအဆင်ပြေသလိုလိုဖြစ်နေနိုင်ပါတယ်။ Dark soul တို့လို pascal's wager တို့လို combat ပိုင်းနဲ့ ကျိန်စာသင့်ကမ္ဘာကြီးရဲ့ဇာတ်လမ်းတွေကိုအဖြေရှာချင်ရင် Animus ကဆော့ကြည့်သင့်တဲ့ action rpg ဂိမ်းကောင်းတစ်ခုလို့ဘဲပြောချင်ပါတယ်။ ===== Size - 1000mb Type - offline Link - comment Minimum requirements - Android 6.0,Ram 3, Snapdragon 660+ ======= #Arpg

Animus : Stand Alone (Android) သတိ - လောင်တတ်သည် ကြမ်းတဲ့ရမ်းတဲ့ဂိမ်းတွေကိုမှကြိုက်ပါတယ်ဆိုတဲ့ဂေါင်းကြီးတွေအတွက်၊ ကျိန်စာသင့်ကမ္ဘာကြီးထဲမှာတစ်ယောက်တည်းရုန်းကန်ပြီး monster တွေကိုကြုံးရမယ့် soul-like ARPG ဂိမ်းတစ်ခုကို recommend ပေးချင်ပါတယ်။ Story ××××× Animus ဂိမ်းကသုံးဂိမ်းရှိပြီးတော့ stand alone ကတော့ပထမဆုံးထွက်တဲ့ဂိမ်းလို့ပြောရပါမယ်။ဒါပေမယ့် ဒီဂိမ်းက ၂၀၁၉ က Harbinger title နဲ့ထွက်ခဲ့တဲ့ဂိမ်းရဲ့ prequel တစ်ခုပါ။ Animus ဇာတ်လမ်းဖြစ်ပျက်ရာ Cadence ကမ္ဘာကြီးကိုဖရိုဖရဲဖြစ်အောင်လုပ်ခဲ့တဲ့တရားခံက Munin နတ်ဘုရားမပါ။သူက စစ်ပွဲတွေ၊ သွေးစွန်းမှုတွေနဲ့၊ သေဆုံးချင်းတွေကိုအသုံးချပြီး စွမ်းအားကြီးအောင်လုပ်တဲ့နတ်ဘုရားဖြစ်ပါတယ်။ သူစွမ်းအားကြီးဖို့ရာ စစ်ပွဲတွေဖြစ်အောင်ဆိုပြီး Cadence ကမ္ဘာက ဘုရင် Kerr ကိုမျှော်လင့်ချက်အတုတွေပေးပြီး စစ်ပွဲတွေကိုဆင်နွှဲစေခဲ့ပါတယ်။ ရှင်ဘုရင် Kerr ကလည်း သူ့လက်‌အောက်ငယ်သားတွေကိုဦးဆောင်ပြီးစစ်ပွဲတွေဆက်တိုက်ဆင်နွှဲရင်းနဲ့ Munin ကလှည့်စားမှန်းသိတဲ့အခါမှာ‌တော့ အမုန်းတရားတွေ၊ဒေါသတွေကြောင့် တဖြည်းဖြည်းနဲ့အမှောင်ဘက်ခြမ်းကိုရောက်သွားပြီး မိစ္ဆာကြီးတစ်ကောင်ဖြစ်သွားပါတယ်။ဒီလိုနဲ့ သွေးစွန်းနေတဲ့ Cadence ကမ္ဘာကြီးကလည်းကျိန်စာသင့်သွားပြီး ဒီကမ္ဘာကြီးထဲမှာ မိစ္ဆာတွေနဲ့ပြည့်နှက်ကုန်ပါတော့တယ်။ Gameplay ××××××××× Soul-like လို့ပြောပေမယ့် ကျနော်ကတော့ ဒီဂိမ်းက arcade ဆန်တယ်လို့မြင်မိတယ်။ဘာလို့ဆို stage-based style သွားထားတဲ့ level တွေ၊ upgrade system တွေကရိုးရှင်းလွန်းနေတာပါ။ Level တစ်ခုအောင်ရင် upgrade item တွေ၊ weapon အသစ်တွေရမယ်။ရလာတဲ့ဟာတွေနဲ့ upgrade မြှင့်၊ ရောင်းသင့်တာရောင်းဆိုတဲ့ upgrade system ကရိုးရှင်းလွန်းပါတယ်။ ဒီလိုမျိုး level design က arcade ဆန်ပေမယ့် combat ပိုင်းကတော့တော်တော်အားရစရာကောင်းပါတယ်။ကိုယ်ကိုင်ထားတဲ့ လက်နက်အမျိုးစားပေါ်မူတည်ပြီး combo တွေပြောင်းလဲသွားသလို တစ်ချက်ဆိုတစ်ချက်လည်း combat feedback တွေကအားရစရာကောင်းနေတာပါ။ ဓားနဲ့ယမ်းလိုက်ရင် လေကိုခွဲထွက်သွားတဲ့ effect တွေ၊ ရန်သူကိုထိတဲ့အခါမှာအသားထဲကိုစိုက်၀င်သွားတဲ့ အသံတွေက ဓားတစ်ချက်ဝှေ့လိုက်တိုင်းမှာစိတ်ကျေနပ်မှုပေးစေပါတယ်။ admin ကတော့ အက်ကွဲပြီးသံချေးတက်နေတဲ့ဓားအကြီးကြီးကိုကိုင်ရတာကိုတော်တော်ကြိုက်ပြီး ဓားကိုပုခုံးပေါ်မှာထမ်းထားတဲ့ပုံကသောက်ထာကျလွန်းပါတယ်။ ဓားကြီးကိုအားနဲ့ဝှေ့ယမ်းလိုက်တဲ့ combo တွေကအရမ်းမိုက်ပြီးတော့ နောက်ဆုံးတစ်ချက်မြေပေါ်စောင့်ချလိုက်ရင် မြေကြီးတွေတုန်ခါအက်ကွဲကုန်တာက လက်နက်ရဲ့ပြင်းအားကို player ကိုပါခံစားမိစေတာမျိုးပါ။ Boss fight တွေမှာလည်း trial and error ဆိုတဲ့ အခေါက်ခေါက်အခါခါသေပြီး attack pattern တွေမှတ်မိထားပြီးရှောင်ရင်းရှားရချရတဲ့ soul-like mechanic ကြောင့် combat ပိုင်းက challenge ဖြစ်တဲ့ထဲပါပါတယ်။ Character design & Atmosphere ×××××××××××××××××××××××××××× ဂိမ်းစစဆော့ချင်းသတိထားမိတာကတော့ အထီးကျန်ပြီးအားကိုရာမဲ့စေတဲ့ atmosphere နဲ့ ကြောက်စရာကောင်းတဲ့ character design တွေကိုပါဘဲ။ ပါတ်၀န်းကျင်တစ်ခုလုံးက ရဲတိုက်အပျက်တွေ၊ မြက်ပင်ခြောက်တွေနဲ့ monster တွေဘဲရှိပြီး ခြောက်ကပ်နေတဲ့ wasteland ကြီးတစ်ခုလိုဖြစ်နေတာပါ။လေတိုးသံတွေ ခြေသံတွေကအစပြန်ကြားနေရတဲ့အသံပိုင်းတွေကြောင့် "မိစ္ဆာတွေကြားမှာ ငါတစ်ယောက်တည်းပါလား" ဆိုတဲ့အားကိုးရာမဲ့တဲ့ခံစားချက်ကိုရမှာပါ။ Enemy design တွေကိုကြည့်လိုက်ရင်လည်း လူနှစ်ယောက်ကခါးတွေဆက်နေပြီး ပုံပျက်ပန်းပျက်တွေဖြစ်နေတာ၊ mythology ဆန်တဲ့သတ္တဝါအကြီးကြီးတွေ၊ ချပ်၀တ်တန်ဆာအပြည့်၀တ်ထားပြီး ကိုယ့်ထက်သုံးဆလောက်ကြီးနေတဲ့ Knight တွေရဲ့ပုံစံက ကြည့်လိုက်တာနဲ့စိတ်မသက်မသာဖြစ်စေပါတယ်။ ဒီလိုမျိုးကြောက်စရာကောင်းနေတဲ့ character design တွေကိုက game ရဲ့ဆွဲဆောင်ချက်တစ်ခုလိုဖြစ်နေတာပါ။ အားနည်းချက်များ ×××××××××××××× ဂိမ်းအစပိုင်းမှာဆွဲဆောင်မှုရှိတယ်ခံစားရပေမယ့် stage-based ပုံစံသွားထားတာကြောင့် action ရဲ့ pacing ကိုပျက်စေပြီး ဂိမ်းထဲမှာအပြည့်အ၀စီးမျောလို့မရတော့ပါဘူး။ ‌နောက်ပြီးတော့ ကျနော်တို့ fight ခဲ့တဲ့ mini boss တွေကို နောက် level တွေမှာရိုးရိုးရန်သူလေးတွေအဖြစ်ရင်ဆိုင်ရတာက boss တွေကိုနိုင်လို့ထွက်လာတဲ့ dopamine reward ကိုကျစေပြီး boss တွေကိုသတ်ရတာပျော်စရာမကောင်းတော့ဘဲ game progress ဖြစ်ဖို့ဘဲသတ်နေရတယ်ဆိုတာမျိုးဖြစ်သွားတာပါ။ ဒီလိုမျိုး impression down နေပါတယ်ဆိုမှ environment တွေကလည်းအပြောင်းအလဲသိပ်မရှိတော့ "ဂိမ်းကဒါဘဲလား" ဆိုပြီးအစပိုင်းတွေမှာစိတ်ပျက်သွားနိုင်ပါတယ်။ ဒါပေမယ့် level နည်းနည်းလောက်ထပ်ဆော့ပြီးရင်တော့ enemy အသစ်တွေနဲ့ဆက်တိုက်ရင်ဆိုင်ရပြီး weapon နဲ့တခြား item တွေရမယ့်..side boss တွေ၊ တကယ့် boss အကြမ်းစားကြီးတွေနဲ့ရင်ဆိုင်လာရတော့ "ဒါဘဲလား" ဆိုတာကနေ "မိုက်သားဘဲဟ" ဆိုပြီးဖြစ်သွားစေမှာပါ။

Animus: Stand Alone (Android) Link - https://apkvision.org/games/action/animus-stand-alone-20558/ Apk + obb
+5
Animus: Stand Alone (Android) Link - https://apkvision.org/games/action/animus-stand-alone-20558/ Apk + obb

Shogun's Empire Hex Commander (Android/iOS) - [Short review] ဂျပန်တစ်နိုင်ငံလုံးကိုထိန်းချုပ်ပြီး Shogun empire ကြီးကိုကိုယ်တိုင်ထူထောင်ချင်ရင် ဖုန်းပေါ်ကအတော်အသင့်ဆော့လို့ကောင်းမယ့် strategy ဂိမ်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Gameplay ×××××××× ‌ဒီဂိမ်းက mini total war လို့ပြောရမယ်ဗျ။သူက total war ဂိမ်းတွေလောက် strategy deep မဖြစ်ဘဲ casual ဆန်တယ်လို့ဘဲပြောရပါမယ်။ ဂိမ်းအစမှာ player က နယ်မြေနည်းနည်း၊ စစ်သားနည်းနည်းနဲ့စရပါတယ်။ရှိနေတဲ့စစ်သားတွေကို မြေပုံပေါ်မှာ turn based ပုံစံနဲ့ explore လုပ်ခိုင်းရင် mine တွေ၊ ရွာတွေတွေ့လာရမှာပါ။ကျနော်တို့က ဒီနယ်မြေတွေကိုစစ်ကြေညာပြီး နယ်မြေသိမ်းရပါတယ်။ တကယ်လို့စစ်နိုင်ရင် honor တက်ပြီး မရှုမလှပြန်ဆုတ်လာရရင်တော့ honor ကျမှာပါ။ဒီ honor အတက်အကျက စစ်ပွဲအတွင်းကိုယ့်စစ်သားတွေ moral ကျပြီးထွက်ပြေးမှုအပေါ်မှာသက်ရောက်မှုရှိသလို၊ နိုင်ငံတွေနဲ့သံတမန်ဖွဲ့တဲ့အခါကျရင် honor ကျနေတဲ့အခါဟိုဘက်ကလက်မခံတာမျိုးဖြစ်လာနိုင်ပါတယ်။ Player အနေနဲ့ စစ်သားတွေအတွက်ရိက္ခာဖြစ်တဲ့ ဆန်ထုတ်လုပ်တဲ့ village တွေ၊ gold currency တွေထုတ်ပေးတဲ့ mine တွေ၊ port တွေကို upgrade လုပ်ပြီး resources management လုပ်ရတာတွေလည်းရှိပါတယ်။ Strategy deep ရဲ့လား? ×××××××××××××××××× ဒီဂိမ်းကို total war တို့လို strategy မျိုးကိုမျှော်လင့်ပြီးမဆော့စေချင်ဘူး။အပေါ်မှာပြောသလို mini total war ပုံစံလို့ပြောရမှာဖြစ်ပြီး ရိုးရှင်းလွန်းတယ်။ဘာလို့ဆို resources က ဆန်နဲ့ရွှေ နှစ်မျိုးဘဲပါပြီး trade route တွေဆောက်ရတာမျိုး၊ သံတမန်တွေလွှတ်ပြီး အပေးအယူလုပ်ရတဲ့ diplomacy‌ တွေ၊ တိုက်ပွဲတွေမှာအရမ်းကြီးစဉ်းစားရတာမျိုးတွေမရှိဘူး။ စစ်သားတွေလွှတ်ပြီးနယ်မြေအသစ်ရှာ၊ resource ထွက်မယ့်နေရာတွေ့ရင်၀င်သိမ်း၊ upgrade မြှင့်ဆိုတဲ့ loop တစ်ခုဘဲရှိတယ်။ စစ်ပွဲထဲမှာ unit တွေကအားသာချက်အားနည်းချက်ကိုယ်စီတော့ရှိကြတယ်။ဥပမာ မြင်းတပ်တွေကို လှံတပ်နဲ့ရှေ့ကပိတ်ထားလိုက်ရင် ရှေ့ဆက်တိုးလို့မရတော့တာမျိုးပေါ့။ဒါပေမယ့် clan တွေပြောင်းဆော့ရင်‌တောင် unit တွေကဒါတွေချည်းဘဲဆိုတော့ rock paper scissor ပုံစံဖြစ်နေပြီး နည်းနည်းကြာကြာဆော့ပြီးရင်ရိုးသွားလိမ့်မယ်။ Enemy Ai ×××××××× Enemy Ai က တိုက်ပွဲတွေမှာဖိအားပေးတာထက် အခွင့်ကောင်းကိုချောင်းပြီးဆော်တာ။ကိုယ်က နိုင်ငံတိုင်းကိုစစ်ကြေညာနေရင် honor ကျပြီး ဘေးကပြည်နယ်တွေစုပေါင်းပြီးကိုယ့်ကိုတိုက်တာမျိုး၊ တိုက်ပွဲအတွင်းမှာလည်း ကိုယ်ကနေရာချပုံနည်းနည်းမှားရင် သူ့မှာရှိတဲ့တပ်တွေနဲ့ချက်ချင်းပြန် counter တာမျိုးတွေလုပ်ပစ်လေ့ရှိတယ်။ ဒါက mobile free to play ဂိမ်းတစ်ခုအတွက်တော့ မဆိုးဘူးလို့ပြောရမှာဘဲ။ ကြိုက်မိတဲ့အချက်တွေ ×××××××××××××××××‌× Admin အကြိုက်ဆုံးအချက်ကတော့ turn-based combat ဆိုပေမယ့် စစ်သားတွေရဲ့လှုပ်ရှားမှုနဲ့ interaction က dynamic ဖြစ်‌တာဘဲ။unit တစ်ခုကိုထောက်လိုက်ရင် "Yes Commander" "OK" ဆိုပြီးပြန်ပြောတာမျိုး၊ unit ထဲကစစ်သားတစ်ချို့သေသွားတဲ့အခါ "အားး" ဆိုတဲ့အော်သံတွေကအသက်၀င်ပြီး စစ်သားတွေရဲ့အသက်ကကိုယ့်လက်ထဲမှာရှိတယ်၊ မှားသွားလို့မရဘူးဆိုတဲ့ tension ကိုပေးပါတယ်။ Turn-based combat ဖြစ်ပေမယ့် unit တွေရဲ့ movement animation နဲ့ battlefield interaction တွေက static board game လိုမခံစားရအောင်လုပ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ နောက်ပြီး မြေပုံရဲ့အပြင်ဘက်အပိုင်းတွေကို screen ရွှေ့ကြည့်လိုက်ရင်လည်း ကိုယ်ကရှင်ဘုရင်နေရာကနေ ဘာလုပ်ရမယ်ညွှန်ကြားနေတဲ့ POV က၊ နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်နေရတယ်ဆိုတဲ့ feeling ကိုပေးတာမျိုးပါ။ အားနည်းချက်များ ×××××××××××××× အပေါ်မှာပြောသလို repetitive ဖြစ်တာအပြင်ကိုမှ တိုက်ပွဲဖြစ်တဲ့နေရာတွေက အဆောက်အဦးအသစ်ပြောင်းလဲသွားရုံကလွဲလို့ တခြား environment အခြေနေတွေ၊ ရာသီဥတုတွေပြောင်းလဲသွားတာမျိုးမတွေ့ရပါဘူး။‌ဒီလိုမျိုး strategy ဂိမ်းတွေမှာ မြေပြင်အနေအထားကလည်းတော်တော်အရေးကြီးရမှာပါ။ဥပမာ နှင်းတွေကြောင့်လှုပ်ရှားမှုနှေးတာမျိုး၊ မိုးရွာလို့စစ်သားတွေ moral အကျလွယ်တာမျိုးတွေထည့်ပေးသင့်ပါတယ်။ ဒါတွေမပါတာကလည်းဂိမ်းကိုရေရှည်မဆော့ချင်အောင် ဆွဲခေါ်မထားနိုင်တဲ့အဓိကအားနည်းချက်တွေထဲကတစ်ခုပါဘဲ။ နိဂုံး ××× အဲ့တော့နိဂုံးချုပ်ရရင် ဒီဂိမ်းက mobile f2p ဂိမ်းတစ်ခုအတွက်ကော၊ file size အနေနဲ့ပါကြည့်ရင် တော်တော်တန်တယ်လို့ပြောပါမယ်။ဒါပေမယ့် strategy ပိုင်းကိုအရမ်းကြီးမျှော်လင့်ပြီးမဆော့ဘဲ အပျင်းပြေဆော့ဖို့လောက်ဘဲကောင်းတဲ့ဂိမ်းလို့ပြောချင်ပါတယ်။ ===== Size - 110mb Type - offline Link - comment Minimum requirements - Android 6.0,Ram 2 ====== #Strategy #turn_based