EIO
رفتن به کانال در Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊မုံရွာခရိုင်သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော မြေပြင်အရင်းမြစ် သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
نمایش بیشتر1 057
مشترکین
-124 ساعت
+37 روز
+130 روز
آرشیو پست ها
1 056
“တော်လှန်ရေးက စျေးကြီးတယ် "
နေရင် စျေးကြီး
သေရင်လည်း စျေးကြီးတဲ့ မြေမှာ
တော်လှန်ရေးလည်း စျေးကြီးတယ်လို့
ငါတို့ မျက်မြင်ကိုယ်တွေ့ သိခဲ့ရပေါ့...........။
တချို့တွေ ပြန်မဆုံတော့ဘူး
တချို့တွေ ဖုတ်ဖက်ခါ ထွက်သွားတယ်
လူ့ အကြောင်းတွေကို သင်ရ
သမိုင်းအသစ်ကို ရေးရ
တော်လှန်ရေးက စျေးကြီးတယ်............။
အသက်တစ်ချောင်းနဲ့ မလောက်လို့
အသက်ပေါင်းများစွာ ထပ်ပြီး ဝယ်ရ
ဘဝ နည်းနည်းနဲ့ မလောက်လို့
ဘဝပေါင်းများစွာ ပေးဆပ်ပြီး ဝယ်ခဲ့ရ
တော်လှန်ရေးက စျေးကြီးတယ်............။
တော်လှန်ရေးက စျေးကြီးတဲ့အကြောင်းတွေးမိရင်
စာသင်ကျောင်းမရှိတဲ့ ကချင်ရွာလေးကို သတိရ
လျှပ်စစ်မီးမရတဲ့ ကရင်ရွာလေးကို သတိရ
ခုထိ အိမ်မပြန်ရတဲ့ ကမန်ဒုက္ခသည်တွေကို သတိရ
ငါတို့ရဲ့ အတိတ််တွေကို ဘယ်လို ခိုးယူခဲ့သလဲ
ငါတို့ရဲ့ မနက်ဖြန်တွေကိုကော ဘယ်လို လုယူခဲ့ကြသလဲ။
ဒီနိုင်ငံမယ်
အသက်တွေ စျေးပေါတယ်
ဘဝတွေ စျေးပေါတယ်
မူးယစ်ဆေးဝါး စျေးပေါတယ်
တော်လှန်ရေးက စျေးကြီးတယ်
တော်လှန်ရေးက စျေးကြီးလိုက်တာလို့
ငါ ညဥ်းမိတော့
ရဲဘော်တစ်ယောက်က နှစ်သိမ့်တယ်
အနာဂတ်တွေကို ဝယ်ရတာပဲ
တရားမျှတမှုကို ဝယ်ရတာပဲ
တော်လှန်ရေးက စျေးကြီးမှာပေါ့တဲ့
မနက်ဖြန်တွေ အတွက်
ကိုယ့်ကောင်တွေ အသေခံပြီး ဝယ်ထားရတဲ့ တော်လှန်ရေး
ပြားနေအောင် အနင်းခံထားရတဲ့ ဆင်းရဲသားတွေရဲ့ တော်လှန်ရေး
မျက်ရည်တွေကနေ လှိုင်းတံပိုးတွေဖြစ်သွားတဲ့ တော်လှန်ရေး
ကျိုးကြေသွားတဲ့ ပြာပုံထဲကမှ ဖီးနစ်လို ရုန်းထလာတဲ့ တော်လှန်ရေး
တော်လှန်ရေးက စျေးကြီးတယ်။
📝 - မောင်မြတ်သူ
Aug 31, 2021
#OldMemories
1 056
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်တွင် စခအအများချခဲ့သော စခယာဉ်တန်း ကားအခွံများသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ် ဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 29, 7:28AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်တွင် စခအအများချခဲ့သော စခယာဉ်တန်း ကားအခွံများသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲရွာ ဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Aug 29, 7:26AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
📢 "မိမိအလုပ် မိမိလုပ်ခြင်းသည်သာ အောင်ပွဲအတွက် အကောင်းဆုံးသော တော်လှန်ရေးတာဝန်ဖြစ်သည်"
ရန်သူသည် ရန်သူပီသစွာ ရက်စက်နေချိန်တွင် မိဘပြည်သူများအနေဖြင့် တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိဖြင့် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိူက်ပါသည်။ 🔔
💥 ရန်သူသည် ရန်သူပီသသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာရက်စက်မှုတွင် အစဉ်တစိုက် "ခြေရာမှန်" နေသူများ ဖြစ်သည်။ အပြစ်မဲ့ အရပ်သားပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် အသစ်အဆန်းမဟုတ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုဆိုးဝါးလာသည့်အချက်မှာ "စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများကို တမင်ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း" ပင် ဖြစ်သည်။
၎င်းတို့သည် စစ်မြေပြင်တွင် ရှုံးနိမ့်လေလေ၊ မနိုင်သည့်အဆုံး အပြစ်မဲ့ပြည်သူများရှိရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်ခြေများကို ပစ်မှတ်ထား၍ ကောင်းကင်ယံမှ ယုတ်မာလေလေဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ "အဖျက်အဆီးအလုပ်" ကို ရန်သူပီသစွာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
⚔️ တော်လှန်ရေးရဲဘော်များသည်လည်း မိမိအလုပ် မိမိလုပ်နေကြသည်။
တစ်ဖက်တွင်လည်း တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် သစ္စာဆိုထားကြသော တော်လှန်ရေးရဲဘော်များသည် ရှေ့တန်းမျက်နှာစာအသီးသီးတွင် ရန်သူကို အမြစ်ပြတ်ချေမှုန်းရန် မိမိတို့၏ အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။ မိမိတို့၏ အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပြီး နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဆီသို့ အရောက်လှမ်းနေကြပြီဖြစ်သည်။
🛡️ မိဘပြည်သူများ၏ တော်လှန်ရေးတာဝန်မှာ အဘယ်နည်း ⁉️
ယခုကဲ့သို့ အဆုံးအဖြတ်ကာလတွင် မိဘပြည်သူများအနေဖြင့်လည်း "မိမိအလုပ် မိမိလုပ်ဆောင်ခြင်း" ဖြင့် တော်လှန်ရေးတာဝန်ကို ကျေပွန်ကြရန် အထူးလိုအပ်ပါသည်။ ပြည်သူ့အလုပ်ဆိုသည်မှာ
၁။ ဘေးကင်းလုံခြုံရေးကို အလေးထားခြင်း (Safety First)။
ရန်သူ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အမြဲမပြတ် နားစွင့်ပါ။ ခိုင်လုံသော သတင်းအချက်အလက်များကိုသာ နားထောင်ပြီး ဗုံးခိုကျင်းနှင့် ဘေးလွတ်ရာ ရှောင်တိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပါ။ ⚠️
၂။ တော်လှန်ရေးသတိရှိခြင်း။
မိမိတို့၏ သွားလာလှုပ်ရှားမှုများတွင် ရန်သူ့အတွက် သတင်းမဖြစ်စေရန်နှင့် မိမိတို့ကိုယ်တိုင် အန္တရာယ်မရှိစေရန် ဂရုစိုက်ပါ။ မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပါ။ 🚫
၃။ သတင်းလုံခြုံရေး (OPSEC)။
တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် အချိန်နှင့်တပြေးညီ တင်ပြခြင်းမျိုးကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ မိမိ၏ တင်လိုက်သော ပို့စ်တစ်ခုသည် ရန်သူ့အတွက် ပစ်မှတ်ညွှန်ပြသကဲ့သို့ ဖြစ်သွားနိုင်သည်ကို သတိပြုပါ။ 📱❌
၄။ စိတ်ဓာတ်မကျခြင်း။
ရန်သူသည် ပြည်သူကို ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုခြောက်လှန့်မှုနောက်သို့ မပါသွားဘဲ တည်ငြိမ်စွာဖြင့် တော်လှန်ရေးကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ပံ့ပိုးပေးခြင်းသည် ပြည်သူ့အလုပ်ပင်ဖြစ်သည်။
ရန်သူက ရန်သူ့အလုပ် (သတ်ဖြတ်ခြင်း) ကို လုပ်နေသလို၊ ရဲဘော်များကလည်း ရဲဘော်အလုပ် (တိုက်ခိုက်ခြင်း) ကို လုပ်နေကြပါသည်။ မိဘပြည်သူများကလည်း မိမိတို့အလုပ် (သတိဖြင့် နေထိုင်ခြင်းနှင့် ပံ့ပိုးခြင်း) ကို ကျေပွန်စွာ လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
မိမိကိုယ်ကို ဂရုစိုက်ပါ။ သတိထားပါ။ ဆင်ခြင်ပါ။
တစ်ယောက်စီတိုင်း ဘေးကင်းလုံခြုံစွာဖြင့် အောင်ပွဲနေ့ဆီသို့ ဆက်လက်ချီတက်ကြပါစို့။ 🤝
#EIO #EagleInformationOperator #CivilianSafety #RevolutionMyanmar #SpringRevolution #StaySafe #AirStrikeAwareness
1 056
⚠️ လမ်းပိုင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက် ⚠️
🔈 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့ ယနေ့ နံနက်အချိန်မှစ၍
💥 ချောင်းဦးမြို့နယ် (ခင်မွန်-ကျီကုန်း) လမ်းပိုင်းအား ဒေသခံအဖွဲ့အစည်းများမှ ခေတ္တယာယီ ပိတ်ထားကြောင်း သတင်းရရှိထားပါသည်။
🚫 ၎င်းလမ်းပိုင်းအား မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာ အသုံးပြုခြင်းကို လုံးဝ-လုံးဝ မပြုလုပ်ပါနှင့်။
🙏 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
⏱ ဖြတ်သန်းသွားလာနိုင်သော အချိန်အား အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#AdminTeam #EIO #PublicSafety #RoadClosure #EagleInformationOperator
1 056
⚜️ #EIO_Update_News
မုံရွာဘက်မှ ထွက်လာသော စခယာဉ်တန်းသည် ချောင်းဦးနယ်၊ ခင်မွန်တွင် ရပ်ထားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 29, 6:23AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
🚨 မုံရွာတောင်-ချောင်းဦး လမ်းပိုင်း ⚠️
(မုံရွာတောင် - ချောင်းဦး) မုံမန်းလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာ ဝပ်ကျင်းအသီးသီးမှ ပုံမှန်ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေခြင်း၊ အိမ်စီးကားများဖြင့် ခြေရှုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် အလုပ်သွား၊အလုပ်ပြန်များ အထူးဂရုစိုက်ကြပါ။ မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ စခ၊ပခများ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမခံရစေရန် မိမိဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#EIO
#Admin_Team
#Eagle_Information_Operator
@EIO2021_bot | @EagleInformationOperator_bot
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 056
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော ဒုတိယအသုတ် စခယာဉ်တန်း သံပြာကာကား(၃)စီး၊ ဂျမ်ပါကား(၁)စီး၊ ဒိုင်နာကား(၃)စီးသည် မုံရွာနယ် တောင်ခြမ်း မုံရွေး ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 29, 6:12AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၄)စီးနှင့် .5ပါ DC ကား(၁)စီး ပထမအသုတ်သည် မုံရွာနယ် တောင်ခြမ်း မုံရွေး ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 29, 6:00AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 056
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 056
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်မှ တောင်အရပ်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 28, 4:30PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from ပြည်သူ့ပန်းတိုင်-People's Goal
စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်"
အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ် နှင့် တတိယပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၀ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။
အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၁၃ ဦး)
စစ်သား ၁၀ ဦး
-ကရင်ပြည်နယ် (၆)
-မကွေးတိုင်း (၁)
-ချင်းပြည်နယ် (၃)
*(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၃ ဦးအနက် ၈ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*
ပြည်သူ့စစ် ၃ ဦး
-စစ်ကိုင်းတိုင်း (၃)
စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၇ ဦး)
စစ်သား ၇ ဦး
-ကရင်နီပြည်နယ် (၄)
-မကွေးတိုင်း (၃)
*(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၇ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်။)*
+++++++++++
စစ်ခေါင်းဆောင်ကြီးကတော့ အရပ်ဝတ်လဲပြီး သမ္မတလိုင်စင်အတုနဲ့ တရားဝင်မှုရှာပုံတော်ခရီးထွက်လိုက်၊ သတင်းဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်၊ အိမ်ပြန်ပြီး ညည်းတွားလိုက်၊ ပညာရေးကို ငှက်ပျောပင် စိုက်ခိုင်းလိုက် လုပ်နေပါတယ်။
"ငါတို့ခေါင်းဆောင်ကြီး သမ္မတဖြစ်ရင် ငါတို့ဘဝတွေ ပြောင်းလဲသွားမှာ"ဆိုပြီး ယုံကြည်ခဲ့တဲ့ စစ်သည်တွေခမျာမှာတော့ စစ်ပွဲနွံထဲ သက်ဆုံးတိုင် နစ်ဝင်ရင်း ဘဝတပါး ပြောင်းသူက ပြောင်း၊ ဆေးရုံပေါ် လဲသူက လဲနဲ့ 'အပြောင်း'၊ 'အလဲ'တွေ ဖြစ်ကုန်ကြပါပြီ။
မပြောင်းခင်၊ မလဲခင်လေး လက်နက်ချ အလင်းဝင်ခြင်းဖြင့် သင်နှင့် သင့်မိသားစု အနာဂတ်ဘဝကို ကယ်တင်ပေးကြဖို့ ပြည်သူ့ပန်းတိုင်က ထပ်မံ တိုက်တွန်းလိုက်ပါရစေ။
+++++++++++
ကိုးကား - (၈.၈.၂၀၂၆ ) မှ (၂၁.၈.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။
မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ ဒုတိယပတ် နှင့် တတိယပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၈၁၅ ဦးထိရှိခဲ့ပါသည်။
ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : [@PeopleGoal]
- ဗိုက်ဘာ : +66 94 652 9985
#PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ်
1 056
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 28, 3:52PM
@EIO2021_bot ၊ @EagleInformationOperator_bot
