EIO
رفتن به کانال در Telegram
See early.Know first.Stay Safe.‼️ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
نمایش بیشتر1 058
مشترکین
-124 ساعت
+47 روز
+130 روز
در حال بارگیری داده...
کانالهای مشابه
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+19
در 3 کانالها
اوت '26
+45
در 7 کانالها
Get PRO
ژوئیه '26
+44
در 2 کانالها
Get PRO
ژوئن '26
+57
در 2 کانالها
Get PRO
مه '26
+62
در 2 کانالها
Get PRO
آوریل '26
+95
در 3 کانالها
Get PRO
مارس '26
+59
در 0 کانالها
Get PRO
فوریه '26
+124
در 1 کانالها
Get PRO
ژانویه '26
+72
در 2 کانالها
Get PRO
دسامبر '25
+58
در 1 کانالها
Get PRO
نوامبر '25
+31
در 1 کانالها
Get PRO
اکتبر '25
+70
در 2 کانالها
Get PRO
سپتامبر '25
+95
در 3 کانالها
Get PRO
اوت '25
+79
در 2 کانالها
Get PRO
ژوئیه '25
+76
در 5 کانالها
Get PRO
ژوئن '25
+290
در 2 کانالها
Get PRO
مه '25
+247
در 3 کانالها
Get PRO
آوریل '25
+100
در 3 کانالها
Get PRO
مارس '25
+449
در 1 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 11 سپتامبر | 0 | |||
| 10 سپتامبر | +2 | |||
| 09 سپتامبر | 0 | |||
| 08 سپتامبر | 0 | |||
| 07 سپتامبر | +2 | |||
| 06 سپتامبر | 0 | |||
| 05 سپتامبر | +2 | |||
| 04 سپتامبر | +4 | |||
| 03 سپتامبر | +1 | |||
| 02 سپتامبر | +5 | |||
| 01 سپتامبر | +3 |
پستهای کانال
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခအအနှင့် ခိုးရာပါပစ္စည်းများတင်ဆောင်လာသောယာဥ်တန်းနှင့် .5တင် DC ကား(1)စီးသည် မုံရွာမြို့ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 2:02PM
@EIO2021_bot ၊ @EagleInformationOperator_bot
| 2 | ⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထပ်မံ၍ ထွက်လာသော စခပါ ၆ဘီးကား(၄)စီးသည် မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:42PM
@EIO2021_bot ၊ @EagleInformationOperator_bot | 1 |
| 3 | ⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခပါ ၆ဘီးကား(၃)စီးသည် မုံရွာနယ် တောင်ခြမ်း မုံရွေးရွာဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:41PM
@EIO2021_bot ၊ @EagleInformationOperator_bot | 34 |
| 4 | ⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခပါ ၆ဘီးကား(၃)စီးသည် မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 1:38PM
@EIO2021_bot ၊ @EagleInformationOperator_bot | 35 |
| 5 | တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွက် လေတပ်တာဝန်ရှိသူတချို့ စစ်ဆေးခံနေရပြီး လေတပ်စခန်းအတွင်းမှ အရာရှိနှင့်စစ်သည်၊ မိသားစုများ၏ မိုဘိုင်းလ်ဖုန်းများ သိမ်းဆည်းခံထားရ
ရန်ကုန်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွက် လေတပ်တာဝန်ရှိသူတချို့ တာဝန်ပေါ့လျှော့မှုဖြင့် စစ်ဆေးခံနေရပြီး လေတပ်စခန်းအတွင်းမှ အရာရှိနှင့်စစ်သည်၊ မိသားစုများ၏ မိုဘိုင်းလ်ဖုန်းများ သိမ်းဆည်းခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်း တံတားဦးလေတပ်အတွင်းရှိ တိုက်လေယာဉ်များကို FPV ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် တာဝန်ရှိသူတစ်ချို့ကို တာဝန်ပေါ့လျော့မှုဖြင့် စစ်ဆေးမေးမြန်းနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် လေတပ်စခန်းအတွင်းမှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းများကို စစ်ထောက် လှမ်းရေးအဖွဲ့က သိမ်းယူသွားကြောင်း သိရှိရသည်။
"တံတားဦးလေတပ်စခန်းက အကြီးဆုံး ဗိုလ်မှူးကြီးနဲ့ တာဝန်ရှိသူတချို့ စစ်ဆေးခံနေရပါတယ်။ တာဝန်ပေါ့လျော့မှုကြောင့် စစ်ဆေးမေးမြန်းတာ။ ဖမ်းတာတော့မဟုတ်သေးဘူး။ နောက်ပြီး ဖုန်းတွေ အကုန် အသိမ်းခံထားရတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ လေတပ်သတင်းများကို ဖွင့်ချနေသော Operation Spitfire မှ တာဝန်ရှိသူတစ်ဦးကမူ မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်းမှာ တံတားဦးလေတပ်စခန်းအတွင်းမှ သတင်းများ အပြင်သို့ မပေါက်ကြားစေရန်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
"လေတပ်အကူမရှိရင်တော်တေယ်များများစစ်မြေပြင်မှာအကုန်အရှုံးပေးရမယ့်အခြေအနေရှိတယ်။ ဒါကြောင့်လေတပ်နဲ့ပတ်သက်ရင်သတင်းကိုအသေထိန်းချုပ်တယ်" ဟု Operation Spitfire မှ တာဝန်ရှိသူက ရှင်းပြသည်။
ယမန်နေ့ တော်လှန်ရေးတပ်၏ FPV ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် တိုက်လေယာဉ် ၄ စီးပျက်စီးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုထားသည်။
လတ်တလော စစ်တပ်က တံတားဦးလေတပ်စခန်းနှင့်ကပ်လျက်ရှိသော မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)ကို ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။
#KTM | 74 |
| 6 | ⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခများသည် မုံရွေးရွာထဲ၌ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 11:49PM
@EIO2021_bot ၊ @EagleInformationOperator_bot | 73 |
| 7 | 📣 ပခုက္ကူခရိုင် သတင်းများ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် မိမိတို့ Admin_Teamမှ သတင်းပေးအကောင့်သစ်အား မိတ်ဆက်ခြင်း ✨
ပခုက္ကူခရိုင်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်များ၊ ထူးခြားသတင်းများကို ပြည်သူများထံ အချိန်နဲ့တပြေးညီ တိတိကျကျ တင်ဆက်ပေးနိုင်ဖို့အတွက် သတင်းပေး အကောင့်သစ် ကို စတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
🚨 သတင်းပေးပို့နိုင်မည့် အကြောင်းအရာများ
📍 ပခုက္ကူခရိုင်အတွင်းရှိ စခ၊ပခများ၏ မြေပြင်လှုပ်ရှားမှု ထူးခြားဖြစ်စဉ်များ၊ယာဥ်တန်းသတင်းများနှင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဖြတ်သန်းမှု အရေးပေါ်သတင်းများ။
🛣️ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး အခြေအနေများ
ဓာတ်ပုံ၊ ဗီဒီယိုနှင့် တိကျသော သတင်းအချက်အလက်များ။
📩 သတင်းပေးပို့ရန် -
👉 @PKKNewsBot
(သတင်းပေးပို့သူ၏ လုံခြုံရေးအား ၁၀၀% လျှို့ဝှက်ထိန်းသိမ်းပေးထားပါသည်။)
📌 Channel ကို အမြဲစောင့်ကြည့်ရန် #Link
👉 https://t.me/PKK_News
တိုက်ရိုက်ကြုံတွေ့ရသည့် ဖြစ်စဉ်များ၊ စိတ်ချယုံကြည်ရသည့် သတင်းများကို Telegram Bot မှတစ်ဆင့် အချိန်မရွေး ပေးပို့ပါဝင်နိုင်ပါသည်။ ပြည်သူအချင်းချင်း သတင်းအချက်အလက် မှန်ကန်စွာ စီးဆင်းနိုင်ရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ 🤝
#PKKN_Admin_Team
#PKK News
@PKKNewsBot
https://t.me/PKK_News | 72 |
| 8 | 🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
⚠️ https://t.me/eagleinformationoperator/23180
⚠️ https://t.me/eagleinformationoperator/23181
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar | 73 |
| 9 | 📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း
📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု
📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။
💻 Digital Security
📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု
📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📱 Two-Step Verification
⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။
🗑️ Chat Cleanup
⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness
⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။
🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။”
⚠️သတင်းတွေ Copy ကူးရုံ၊ ဝတ္တရားရအရဖတ်ရုံဖြင့်မဟုတ်ပဲ၊ တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics | 46 |
| 10 | ⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခများသည် မုံရွာနယ် တောင်ခြမ်း မုံရွေးတိုးဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 9:21AM
@EIO2021_bot ၊ @EagleInformationOperator_bot | 81 |
| 11 | ⚜️ #EIO_Update_News
ချောင်းဦးမြို့ထဲမှ ထွက်လာသော စခအအပါ ၆ဘီးကား(၁)စီးသည် ခင်မွန်ရွာဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 9:19AM
@EIO2021_bot ၊ @EagleInformationOperator_bot | 84 |
| 12 | ⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခများသည် မုံရွာနယ် တောင်ခြမ်း မုံရွေးတိုးဂိတ်၏တောင်ဘက် ရတနာအောင်ဆီဆိုင်အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Sep 11, 9:10AM
@EIO2021_bot ၊ @EagleInformationOperator_bot | 88 |
| 13 | ⚜️ #EIO_Update_News
ချောင်းဦးမြို့ထဲမှ ထွက်လာသော ၆ဘီးကား(၁)စီးသည် မြောက်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 9:11AM
@EIO2021_bot ၊ @EagleInformationOperator_bot | 80 |
| 14 | "ခေတ်သမိုင်းက တောင်းဆိုလာတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့ရဲ့ ပခုံးပေါ်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များစွာ တည်ရှိနေပါတယ်။ ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှု၊ ပြည်သူနဲ့ တစ်သားတည်းဖြစ်မှု၊ နိုင်ငံရေးသတိနဲ့ တာဝန်ယူမှုတို့ကို ဆက်လက်ထိန်းသိမ်းထားကြဖို့ လိုအပ်ပါတယ်။"
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
(စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သော ဂုဏ်ပြုစကားမှ ကောက်နုတ်ချက်)
#SpringRevolution
#PVTV
#QUOTES | 85 |
| 15 | ⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ကျီကုန်းရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းနှင့် စခကားများသည် ခင်မွန်ရွာမှတဆင့် ဘက်စုံခြံရှေ့၌ ရပ်ထားကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 8:54AM
@EIO2021_bot ၊ @EagleInformationOperator_bot | 77 |
| 16 | ⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ခင်မွန်ရွာမှ ထွက်လာသော ၆ဘီးကား(၁)စီးသည် ချောင်းဦးမြို့တွင်းသို့ ဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 8:51AM
@EIO2021_bot ၊ @EagleInformationOperator_bot | 77 |
| 17 | 🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ချောင်းဦးနယ်၊ ဘက်စုံခြံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Sep 11, 8:41AM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate | 81 |
| 18 | 🔊 လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨
🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။
⚠️ ဗုံးခိုကျင်း ပြင်ဆင်ပါ။
လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။
⚠️ ဝပ်နေပါ။
ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။
🙆🏻 ခိုင်မာသော အကာအကွယ်ယူပါ။
.5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။
⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။
.5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။
🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန်
🚨Emergency Kit ပြင်ထားပါ။
အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။
🚫 စုဝေးခြင်း ရှောင်ပါ။
အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။
⚠️ မီးအမှောင်ချပါ။
ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
🚫 စူးစမ်းခြင်း မပြုပါနှင့်။
ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။
⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်)
🚫 အလျင်စလို မပြန်ပါနှင့်။
စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။
🗣️ စုံစမ်းမေးမြန်းပါ။
သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။
⚠️ ခွင့်ပြုချက်ရမှသာပြန်ကြပါ။
သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။
📢 သတင်းနားစွင့်ပါ။
ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar | 75 |
| 19 | ⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ကျီကုန်းရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းနှင့် စခကားများသည် ခင်မွန်ရွာမှတဆင့် မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 8:15AM
@EIO2021_bot ၊ @EagleInformationOperator_bot | 65 |
| 20 | ⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ကျီကုန်းရွာမှ အရှေ့အရပ်သို့ထွက်လာသော ၆ဘီးကား(၁)စီး၊ဆိုက်တွဲ(၁)စီးနှင့် စခများသည် ခင်မွန်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
#EIO
Sep 11, 8:02AM
@EIO2021_bot ၊ @EagleInformationOperator_bot | 74 |
