EIO
رفتن به کانال در Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
نمایش بیشتر1 053
مشترکین
+124 ساعت
-47 روز
+230 روز
آرشیو پست ها
1 054
⚜️ #EIO_Update_News
ရွှေဘိုနယ် မြောက်ခြမ်း၊ ဖုတ်ကုန်းပျူခြံမှ စခပခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Jul 27, 9:09PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်း ဖြစ်ပါသည်။
ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါ ကျန်းမာနေစေဖို့ များစွာလိုအပ်ပါသည်။
⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 054
(27,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (7:11)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 054
⚜️ #EIO_Update_News
ချောင်းဦးနယ် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာတောင်ဘက် လျော်ဖြူခြံဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Jul 27, 6:57PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးရွာတွင်းသို့ ရောက်ရှိနေသော စခကင်းများသည် မုံရွေးတိုးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Jul 27, 6:40PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
📢 "မိမိအလုပ် မိမိလုပ်ခြင်းသည်သာ အောင်ပွဲအတွက် အကောင်းဆုံးသော တော်လှန်ရေးတာဝန်ဖြစ်သည်"
ရန်သူသည် ရန်သူပီသစွာ ရက်စက်နေချိန်တွင် မိဘပြည်သူများအနေဖြင့် တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိဖြင့် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိူက်ပါသည်။ 🔔
💥 ရန်သူသည် ရန်သူပီသသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာရက်စက်မှုတွင် အစဉ်တစိုက် "ခြေရာမှန်" နေသူများ ဖြစ်သည်။ အပြစ်မဲ့ အရပ်သားပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် အသစ်အဆန်းမဟုတ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုဆိုးဝါးလာသည့်အချက်မှာ "စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများကို တမင်ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း" ပင် ဖြစ်သည်။
၎င်းတို့သည် စစ်မြေပြင်တွင် ရှုံးနိမ့်လေလေ၊ မနိုင်သည့်အဆုံး အပြစ်မဲ့ပြည်သူများရှိရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်ခြေများကို ပစ်မှတ်ထား၍ ကောင်းကင်ယံမှ ယုတ်မာလေလေဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ "အဖျက်အဆီးအလုပ်" ကို ရန်သူပီသစွာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
⚔️ တော်လှန်ရေးရဲဘော်များသည်လည်း မိမိအလုပ် မိမိလုပ်နေကြသည်။
တစ်ဖက်တွင်လည်း တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် သစ္စာဆိုထားကြသော တော်လှန်ရေးရဲဘော်များသည် ရှေ့တန်းမျက်နှာစာအသီးသီးတွင် ရန်သူကို အမြစ်ပြတ်ချေမှုန်းရန် မိမိတို့၏ အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။ မိမိတို့၏ အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပြီး နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဆီသို့ အရောက်လှမ်းနေကြပြီဖြစ်သည်။
🛡️ မိဘပြည်သူများ၏ တော်လှန်ရေးတာဝန်မှာ အဘယ်နည်း ⁉️
ယခုကဲ့သို့ အဆုံးအဖြတ်ကာလတွင် မိဘပြည်သူများအနေဖြင့်လည်း "မိမိအလုပ် မိမိလုပ်ဆောင်ခြင်း" ဖြင့် တော်လှန်ရေးတာဝန်ကို ကျေပွန်ကြရန် အထူးလိုအပ်ပါသည်။ ပြည်သူ့အလုပ်ဆိုသည်မှာ
၁။ ဘေးကင်းလုံခြုံရေးကို အလေးထားခြင်း (Safety First)။
ရန်သူ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အမြဲမပြတ် နားစွင့်ပါ။ ခိုင်လုံသော သတင်းအချက်အလက်များကိုသာ နားထောင်ပြီး ဗုံးခိုကျင်းနှင့် ဘေးလွတ်ရာ ရှောင်တိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပါ။ ⚠️
၂။ တော်လှန်ရေးသတိရှိခြင်း။
မိမိတို့၏ သွားလာလှုပ်ရှားမှုများတွင် ရန်သူ့အတွက် သတင်းမဖြစ်စေရန်နှင့် မိမိတို့ကိုယ်တိုင် အန္တရာယ်မရှိစေရန် ဂရုစိုက်ပါ။ မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပါ။ 🚫
၃။ သတင်းလုံခြုံရေး (OPSEC)။
တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် အချိန်နှင့်တပြေးညီ တင်ပြခြင်းမျိုးကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ မိမိ၏ တင်လိုက်သော ပို့စ်တစ်ခုသည် ရန်သူ့အတွက် ပစ်မှတ်ညွှန်ပြသကဲ့သို့ ဖြစ်သွားနိုင်သည်ကို သတိပြုပါ။ 📱❌
၄။ စိတ်ဓာတ်မကျခြင်း။
ရန်သူသည် ပြည်သူကို ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုခြောက်လှန့်မှုနောက်သို့ မပါသွားဘဲ တည်ငြိမ်စွာဖြင့် တော်လှန်ရေးကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ပံ့ပိုးပေးခြင်းသည် ပြည်သူ့အလုပ်ပင်ဖြစ်သည်။
ရန်သူက ရန်သူ့အလုပ် (သတ်ဖြတ်ခြင်း) ကို လုပ်နေသလို၊ ရဲဘော်များကလည်း ရဲဘော်အလုပ် (တိုက်ခိုက်ခြင်း) ကို လုပ်နေကြပါသည်။ မိဘပြည်သူများကလည်း မိမိတို့အလုပ် (သတိဖြင့် နေထိုင်ခြင်းနှင့် ပံ့ပိုးခြင်း) ကို ကျေပွန်စွာ လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
မိမိကိုယ်ကို ဂရုစိုက်ပါ။ သတိထားပါ။ ဆင်ခြင်ပါ။
တစ်ယောက်စီတိုင်း ဘေးကင်းလုံခြုံစွာဖြင့် အောင်ပွဲနေ့ဆီသို့ ဆက်လက်ချီတက်ကြပါစို့။ 🤝
#EIO #EagleInformationOperator #CivilianSafety #RevolutionMyanmar #SpringRevolution #StaySafe #AirStrikeAwareness
1 054
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 မုံရွာ၊ နမခမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Jul 27, 6:23PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate
1 054
⚜️ #EIO_Update_News
မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်တွင် စခများသည် အိမ်စီးကားများဖြင့်ရောက်ရှိ၍ ခြေလျင်ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Jul 27, 6:19PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌ရေဦး တိုင်းရင်းခွေးခြံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Jul 26, 6:03PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #YeU #WhatsHappeningInMyanmar #SecurityUpdate
1 054
⚜️ #EIO_Update_News
မုံရွာမြို့တွင်းတွင် စခအိမ်စီးကားများသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Jul 27, 5:54PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် အရှေ့ဘက် ဗောဓိလမ်းသစ်ဘက်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Jul 27, 5:14PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(1)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Jul 27, 3:42PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 054
⚜️ #EIO_Update_News
မုံရွာမြို့၊ နန်ချွန်ဆိပ်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jul 27, 9:02AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
မိုးလေဝသ အခြေအနေ
၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့ထိ
အလေးပေးတင်ပြချက်များ:
......................................
🌀 ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလား ကမ်းရိုးတန်းအနီးရှိ မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ယနေ့ဇူလိုင်လ (၂၇)ရက်နေ့နံနက်ပိုင်းတွင် Paradip နှင့် Sagar Island ကြားရှိ ဩရိဿနှင့် အနောက်ဘင်္ဂလားကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်သင့်အနေအထားမှ တိမ်ထူထပ်ပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသများ နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပါသည်။
⛈️ မိုးအနေအထားမှာ အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် လည်းကောင်း၊ အနောက်တောင်မုတ်သုံလေ အားကောင်းသောကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ (ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။)
🚨 လာမည့်(၃)ရက်အတွင်း အထက်ပါဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းကြောင့် နောက်ဆက်တွဲမြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိပြု နေထိုင်သင့်ပါသည်။ ကမ်းနီးကမ်းဝေးရေလုပ်ငန်းများကို ခေတ္တရပ်နားထားသင့်ပါသည်။
📅 နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။
#မိုးလေဝသသတင်း
#WeatherForecast
#MoSLHA
1 054
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။
၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️
လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။
၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨
ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။
ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
1 054
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 054
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
