fa
Feedback
EIO

EIO

رفتن به کانال در Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

نمایش بیشتر
1 053
مشترکین
-124 ساعت
-27 روز
+230 روز
آرشیو پست ها
EIO
1 053
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 053
(5,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတို
(5,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:47,48)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 053
photo content

EIO
1 053
မန်ကျည်းပင်ကြီးကို မိတ်ဆွေ မြင်ဖူးတယ် မဟုတ်လား။ နွေရာသီရောက်လို့ ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေ ဝေလာလိုက်တာများ စိမ်းစိုပြီး အရိပ်အာဝါသ ကောင်းလိုက်တာလေ။ အဲဒီအချိန်ဆိုရင်ဖြင့် ခရီးသွားတွေက အဲဒီအပင်အောက်မှာ နားကြ၊ နွားကျောင်းသားတွေက ထမင်းထုပ်ဖြေစားကြ၊ ငှက်ကလေးတွေက သီချင်းဆိုကြနဲ့ စည်ကားလို့။ လူတွေက ပြောကြတယ်။ "ဒီအပင်ကြီးက သိပ်အေးတာပဲ၊ သိပ်နေလို့ကောင်းတာပဲ" တဲ့။ မန်ကျည်းပင်ကြီးခမျာမှာတော့ သူ့ကိုပဲ ဝိုင်းချစ်နေကြသလားမှတ်ပြီး သဘောတွေကျလို့ပေါ့။ ဒါပေမဲ့ မိတ်ဆွေ... တကယ်တမ်းကျတော့ လူတွေ၊ ငှက်တွေ ခင်တွယ်နေတာက မန်ကျည်းပင်ကြီးကို မဟုတ်ဘူးဗျ။ မန်ကျည်းပင်ကြီးက ပေးတဲ့ "အရိပ်" ကို ခင်တွယ်နေကြတာ။ ကျွန်တော်တို့ လူ့ဘဝတွေကလည်း ဒီသဘောတရားနဲ့ သိပ်မကွာလှပါဘူး။ ကိုယ့်မှာ ရာထူးဂုဏ်ရှိန်တွေ တောက်ပြောင်နေချိန်၊ ငွေကြေးဓနတွေ ပြည့်စုံနေချိန်ဆိုရင် အိမ်ရှေ့မှာ ကားတန်းကြီးတွေ စီလို့၊ ဧည့်သည်တွေ စည်လို့၊ ဖုန်းသံတွေ ညံလို့ပေါ့။ "ခင်ဗျားမှ ခင်ဗျား၊ ဆရာမှ ဆရာ" လုပ်နေကြတဲ့ အသံတွေကြားရရင် ကိုယ့်စိတ်ထဲမှာ ထင်မိတတ်ကြတယ်။ "ဪ... ငါ့ကို ချစ်တဲ့သူတွေ၊ ငါ့ကို လေးစားတဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါလား" လို့ပေါ့။ ဒါပေမဲ့ သတိထားကြည့်စမ်းပါ မိတ်ဆွေ။ သကြားအိုးတစ်လုံး အဖုံးဖွင့်ထားရင် ပုရွက်ဆိတ်တွေ အုံလာတာ သဘာဝပါပဲ။ အဲဒီ ပုရွက်ဆိတ်တွေဟာ သကြားအိုးကို ချစ်လို့ ရောက်လာကြတာလား၊ ဒါမှမဟုတ် အထဲက "သကြား" ကို စားချင်လို့ ရောက်လာကြတာလား ဆိုတာ ခွဲခြားသိဖို့ လိုပါတယ်။ လူအများစုဟာ ကိုယ့်ဆီက ရနိုင်တဲ့ အခွင့်အရေး၊ ကိုယ့်ဆီက ရနိုင်တဲ့ အကူအညီ၊ ကိုယ့်ဆီက ရနိုင်တဲ့ "အရိပ်" ကို ခိုလှုံချင်လို့ ပြုံးပြနေကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ "မီးလင်းနေတဲ့ ပွဲခင်းထဲမှာ ဘယ်သူက မိတ်ဆွေစစ်လဲဆိုတာ ရှာရခက်တယ်" တဲ့။ မီးတွေ အကုန်မှိတ်လိုက်ပြီး မှောင်အတိ ကျသွားတဲ့အချိန်၊ လူတွေအကုန်လုံး ကိုယ့်အိမ်ပြန်ကိုယ်ပြန်ပြီး ကွင်းပြင်ကြီးထဲမှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်... အဲဒီအချိန်ကျမှ ကိုယ့်ဘေးနားမှာ မီးအိမ်လေးတစ်လုံးဆွဲပြီး ကျန်ရစ်ခဲ့တဲ့သူ ရှိသလားလို့ ရှာကြည့်ရတယ်။ အဲဒီလူကမှ ကိုယ့်ကို တကယ်ချစ်တဲ့သူပါ။ ပွဲလမ်းသဘင် စည်ကားနေတုန်းမှာတော့ "ဟေ့လူ... ခင်ဗျားကို ချစ်တယ်ဗျာ" လို့ အော်ပြောနေတဲ့သူတွေရဲ့ စကားကို သိပ်ပြီး အဟုတ်မမှတ်လိုက်ပါနဲ့။ သူတို့က ပွဲခင်းထဲက အငြိမ့်မင်းသမီးကို ကြည့်ရင်း ပြောလိုက်တာလည်း ဖြစ်နိုင်တာကိုး။ ဒါကြောင့် မိတ်ဆွေတို့ကို ပြောချင်တာက... လက်ရှိအချိန်မှာ အဆင်ပြေနေလို့ လူတွေ ဝိုင်းဝိုင်းလည်နေတာကို ကြည့်ပြီး သိပ်မသာယာမိပါစေနဲ့။ သူတို့ဟာ ရာသီဥတုသာယာတုန်း လာနားခိုကြတဲ့ "ဧည့်သည်ငှက်" တွေပဲ ဖြစ်ချင်ဖြစ်နေမှာ။ ရာသီဥတု အပြောင်းအလဲဖြစ်ပြီး မုန်တိုင်းလာတာနဲ့ တောင်ပံခတ်ပြီး ပျံသန်းသွားကြမယ့်သူတွေလည်း ပါနိုင်ပါတယ်။ ဒါကို စိတ်ဆိုးစရာလို့ မမြင်ပါနဲ့။ လောကသဘာဝလို့ပဲ သဘောပိုက်လိုက်ပါ။ အရိပ်ရှိတုန်း ခိုမယ်၊ အရိပ်မဲ့သွားရင် ခွာမယ်။ ဒါ ပုထုဇဉ်တွေရဲ့ ထုံးစံပဲလေ။ အဓိကကတော့... သကြားကုန်သွားတဲ့ တစ်နေ့ကျရင် ကိုယ့်ဘေးမှာ ဘယ်ပုရွက်ဆိတ်မှ မကျန်တော့ဘူး ဆိုတာကို ကြိုတင်နှလုံးသွင်းထားနိုင်ရင်... မိတ်ဆွေရဲ့ စိတ်နှလုံးဟာ ဒဏ်ရာရစရာ အကြောင်းမရှိတော့ပါဘူး။ #EIO #tasteoflife #life #lifelessons

EIO
1 053
☂️ She is still remembered…☂️ There are moments that shape a nation. And there are people who become part of its story. She is one of them. Through uncertainty… Through sacrifice… Through years that tested the strength of an entire generation… She became a name that millions came to know. Time has moved forward. The world has changed. New generations have grown. Yet for many people… The memories remain. Her voice… Her image… The hope that many associated with her… Still lives in conversations. She became a name that millions came to know. Time has moved forward. The world has changed. Still appears in old photographs. Still echoes in the hearts of those who remember those years. History is never seen through only one lens. It is remembered through different experiences, different perspectives, and different beliefs. But few would deny that she became one of the defining figures of Myanmar’s modern history. Years may pass. The world will continue to change. Yet for many people… She is still remembered…
“အကြောက်တရားမှလွတ်မြောက်ရာဆီသို့” “The only real prison is fear and the real freedom is Freedom From Fear” Aung San Suu Kyi
Video Download Link https://drive.google.com/.../1IE1CwYvTm9MSo8F3cbXPbMuhYIl... Camera - J9 #၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု #၈လေးလုံးထီးသပိတ်လှုပ်ရှားမှု #FreedomFromFearGlobalAction #88UmbrellaStrike2026 #ရန်ကုန်လူထုသပိတ် #Nationwide_Air_Scout #RadioNAS (​တော်လှန်လမ်း)

EIO
1 053
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 053
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 053
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 053
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 053
Repost from EIO
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်း ဖြစ်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါ ကျန်းမာနေစေဖို့ များစွာလိုအပ်ပါသည်။ ⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨ ၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။ ၂။ တရေးတမောအိပ်စက်အနားယူပါ။ ၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။ ၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။ ၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။ ၆။ ရေများများသောက်ပေးပါ။ ၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 053
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မင်းရွာ-ကူတော)ဘက်၌ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 4, 7:51PM @EIO2021_bot@EagleInformationOperator_bot

EIO
1 053
photo content

EIO
1 053
“မှော်ဘီအနီး ပျက်ကျခဲ့သည့် စစ်လေယာဉ် FTC-2000G အမျိုးအစားဖြစ်” မနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းက မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီး အင်ဂျင်မီးလောင် ပျက်ကျခဲ့သည့် ဂျက်တိုက်လေယာဉ်သည် FTC-2000G အမျိုးအစားဖြစ်ကြောင်း သိရသည်။ “ပျက်ကျခဲ့တာက FTC-2000G၊ လေယာဉ်အမှတ် ၁၄၀၇ ပါ၊ တိုက်လေယာဉ်မှူးတွေလည်း သေဆုံးမှုမရှိပါဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုပါသည်။ ပျက်ကျခဲ့သည့် FTC-2000G Tail No (1407) သည် ၂၀၂၄ ဒီဇင်ဘာလ ၁၅ ရက်၊ (၇၇) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့က တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။ ယခုပျက်ကျခဲ့မှုသည် စစ်ကောင်စီလေတပ်၏ တတိယမြောက် FTC-2000G တိုက်လေယာဉ်ဖြစ်ပါသည်။ စစ်ကောင်စီလေတပ်က လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဟု သတင်းထုတ်ပြန်ထားသော်လည်း မနက်လင်းအားကြီးချိန် ပျံသန်းမှု အများစုသည် လေကြောင်း‌ဗုံးကြဲမှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ FTC-2000G တိုက်လေယာဉ်များကို နမ့်စန်လေတပ်စခန်းတွင် အခြေပြုထားသော်လည်း မိတ္ထီလာ(ရှမ်းတဲ)၊ မကွေး နှင့် မှော်ဘီလေတပ်စခန်းများမှလည်း ရွေ့ပြောင်းတွဲဖက်၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီလေတပ်သည် သက်တမ်းရင့် F-7 ကြားဖြတ်တိုက်လေယာဉ်များနှင့် အစားထိုးရန်အတွက် တရုတ်နိုင်ငံလုပ် FTC-2000G အမျိုးအစား အပေါ့စားတိုက်လေယာဉ် (၁၂) စီး ဝယ်ယူထားပြီး ၂၀၂၂ ခုနှစ်က စတင်ရောက်ရှိခဲ့သည်။ #MDSI https://www.facebook.com/share/1EW9rE2fVm/

EIO
1 053
ပိတ်ဆို့မှုများကို ခုခံခြင်း။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများနှင့် အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံ (ASEAN) တို့၏ ဖယ်ကြဉ်ထားမှုများကြောင့် စစ်အုပ်စုသည် သံတမန်ရေးရာတွင် အကျပ်ရိုက်နေသကဲ့သို့ စစ်ရေးအသုံးစရိတ်အတွက်လည်း ဒေါ်လာငွေ အဆမတန်လိုအပ်မှုများ ဖြစ်ပေါ်နေသည်။ ဟန်ပြ ပြုပြင်ပြောင်းလဲမှု။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကဲ့သို့ ကမ္ဘာသိအဖွဲ့အစည်းနှင့် ပေးတွေ့ခြင်းအားဖြင့် ၎င်းတို့တွင် “အပြောင်းအလဲနှင့် ညှိနှိုင်းလိုစိတ် ရှိပါသည်” ဟု ကမ္ဘာကို ဟန်ပြသက်သေပြကာ ပိတ်ဆို့မှုများ လျော့ကျလာစေရန် မျှားခြင်း ဖြစ်သည်။ ၆။ တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲပြားမှု ဖန်တီးခြင်း (Divide and Rule) အမြင်မတူမှုများ ဖြစ်ပေါ်စေရန်။ ။ ဤဓာတ်ပုံ ထွက်ပေါ်လာခြင်းကြောင့် တော်လှန်ရေးအင်အားစုများ၊ NUG နှင့် အောက်ခြေလူထုအကြား “ဆွေးနွေးပွဲလမ်းကြောင်း သွားသင့်သလား” သို့မဟုတ် “စစ်ရေးလမ်းကြောင်းအတိုင်း ဆက်သွားရမလား” ဆိုသည့် အပြန်အလှန် ဝေဖန်ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် တမင်ဖန်တီးခြင်း ဖြစ်သည်။ အရှိန်အဟုန်ကို ဖြတ်တောက်ခြင်း။ ။လူထုအကြား ထွက်ပေါ်လာမည့် နိုင်ငံရေးခန့်မှန်းချက်များနှင့် စိုးရိမ်စိတ်များကို အသုံးချပြီး လက်ရှိအရှိန်ရနေသော နွေဦးတော်လှန်ရေး၏ စစ်ရေး၊ နိုင်ငံရေး အရှိန်အဟုန်ကို သွေးအေးသွားစေရန် ရည်ရွယ်သည်။ အချုပ်အားဖြင့်ဆိုရသော် စစ်အုပ်စုဘက်က ၎င်းတို့၏ “ထွက်ပေါက်နှင့် နိုင်ငံရေးကစားကွက်” တစ်ခုအဖြစ် ဤပုံကို အပူတပြင်း အသုံးချလိုက်ခြင်း ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ သူမ၏ ခန္ဓာကိုယ်ဘာသာစကား (Body Language)ဖြင့် “ကြံ့ခိုင်မှုနှင့် မျှော်လင့်ချက်” ကို ပြည်သူထံ သတင်းစကားပါးလိုက်နိုင်သည်ဟု ဆိုနိုင်ပါသည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

EIO
1 053
“ဓာတ်ပုံက ပြောသော လူထုခေါင်းဆောင်၏ သတင်းစကား” 🔹အောင်လင်း (မဟာဝိဇ္ဇာ) ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့၏ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ တွေ့ဆုံမှု ဓာတ်ပုံသည် ကာလရှည်ကြာ လူထုရှေ့မှ ပျောက်ကွယ်နေပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် သမိုင်းဝင် ပုံရိပ်တစ်ခု ဖြစ်ပါသည်။ သူမ၏ ဉာဏ်ရည်ထက်မြက်မှု၊ နိုင်ငံရေး အမြော်အမြင်နှင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ ဤဓာတ်ပုံမြင်ကွင်းမှတစ်ဆင့် ပြည်သူများနှင့် နိုင်ငံတကာသို့ သွယ်ဝိုက်၍ ပေးပို့နေသော အပြုအမူဆိုင်ရာ သတင်းစကား (Hidden Messages) များ ဧကန်မုချ ရှိနေမည်ဖြစ်ပြီး ၎င်းအချက်များကို အောက်ပါအတိုင်း ရှုမြင်သုံးသပ်နိုင်ပါသည်။ ၁။ ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှု သတင်းစကား (Message of Resilience and Dignity) ကျန်းမာကြံ့ခိုင်ဆဲဖြစ်ကြောင်း ပြသခြင်း။ ။ အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး ပြင်းထန်သော ဖိအားများနှင့် ကန့်သတ်ချုပ်ချယ်မှုများအောက်တွင် အထီးကျန်ကာ ဆံပင်ဖြူနေသော်လည်း ဤဓာတ်ပုံတွင် သူမသည် နောက်ကျောကို မတ်မတ်ဆန့်၍ ကိုယ်ဟန်အနေအထားကို အပြည့်အဝ ထိန်းသိမ်းထားသည်။ ၎င်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လက်နက်တစ်ခုအဖြစ် သုံးကာ ပြည်သူများကို အားပေးသည့် သတင်းစကား ဖြစ်နိုင်သည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း။ ။ သူမ၏ အမြဲတမ်းပုံစံဖြစ်သော မြန်မာဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်တွင် အပွင့်လေးများ ဆင်ယင်ထားဆဲ ဖြစ်သည်။ အကျဉ်းကျခံ အခြေအနေတွင်ပင် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုနှင့် အမျိုးသားခေါင်းဆောင်တစ်ဦး၏ ဂုဏ်သိက္ခာကို တစ်ပြားသားမျှ အကျပျက်မခံကြောင်း ကမ္ဘာကို ပြသလိုက်ခြင်း ဖြစ်သည်။ ၂။ အသာစီးရမှုနှင့် လွှမ်းမိုးမှု (Subtle Power and Authority) အပြုံးဖြင့် တုံ့ပြန်ခြင်း။ ။ ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦး၏ စိုးရိမ်ကြောက်ရွံ့မှု အမူအရာ လုံးဝမရှိဘဲ ရဲရင့်တည်ငြိမ်သော အပြုံးဖြင့် ဆက်ဆံနေသည်။ ဤအပြုံးသည် "ငါ့ကို ရုပ်ပိုင်းဆိုင်ရာ ပိတ်လှောင်ထားနိုင်သော်လည်း စိတ်ဓာတ်ကို လွှမ်းမိုးနိုင်ခြင်းမရှိ" ဆိုသည့် စိန်ခေါ်မှုနှင့် အောင်နိုင်သူအသွင်ကို ဆောင်သည်။ သံတမန်ရေးရာ ကစားကွက်။ ။ နိုင်ငံတကာ ကိုယ်စားလှယ်နှင့် ရင်ဆိုင်ရာတွင် အကျဉ်းသားတစ်ဦးကဲ့သို့ မဟုတ်ဘဲ နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦး (Stateswoman) အဖြစ် ကတ္တီပါလမ်းဖြင့် တန်းတူရည်တူ ဆက်ဆံနိုင်စွမ်းရှိကြောင်း သူမ၏ ကိုယ်ခန္ဓာဘာသာစကားက သက်သေပြနေသည်။ ၃။ ပတ်ဝန်းကျင်၏ ကန့်သတ်ချက်ကို ကျော်လွှားခြင်း (Defying the Controlled Environment) စစ်အုပ်စု၏ ပြကွက်ကို စနစ်တကျ အသုံးချခြင်း။ ။ စစ်ကောင်စီသည် ၎င်းတို့အပေါ် နိုင်ငံတကာ ဖိအားများ လျော့ကျစေရန်နှင့် ပုံရိပ်ကောင်းစေရန် ဤဓာတ်ပုံကို ထုတ်ပြန်ခြင်း ဖြစ်နိုင်သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထိုထောင်ချောက်ကို အခွင့်အရေးအဖြစ် ပြောင်းလဲကာ "ငါ အသက်ထင်ရှား ရှိနေဆဲ၊ တိုက်ပွဲဝင်နေဆဲ" ဟူသော အချက်ကို ပြည်သူများထံ အရောက်ပို့နိုင်ခဲ့သည်။ ဤတွေ့ဆုံမှုသည် သူမ၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) ပြောကြားသကဲ့သို့ "ပထမဆုံး မျှော်လင့်ချက် ခြေလှမ်းတစ်ရပ်" ဖြစ်ပြီး၊ သူမ၏ တည်ငြိမ်မှုသည် မြန်မာပြည်သူများအတွက် ကြီးမားသော စိတ်ဓာတ်ခွန်အားနှင့် သတင်းစကားကို ပေးစွမ်းနေပါသည်။ အခြားတစ်ဖက်တွင်မူ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သက်သည့် သတင်းနှင့်ဓာတ်ပုံများကို အာဏာသိမ်းကာလတလျှောက် လုံးဝအမှောင်ချထားပြီးနောက် ယခုကဲ့သို့ ဗြုန်းစားကြီး ထုတ်ပြန်လာရခြင်း၏ နောက်ကွယ်တွင် ၎င်းတို့ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ဝန်ခံရာ ရောက်စေခဲ့သော်လည်း နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် မဟာဗျူဟာမြောက် အကြောင်းအရင်းများ ရှိနေနိုင်ပါသေးသည်။ ၄။ စစ်ရေးရှုံးနိမ့်မှုများနှင့် ပြည်တွင်းအကျပ်အတည်းကို လမ်းလွှဲခြင်း (Diversion Strategy) စစ်မြေပြင် ရှုံးနိမ့်မှုများ။ ။ လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများထံတွင် အရေးပါသော တိုင်းစစ်ဌာနချုပ်များ၊ မြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို လက်လွှတ်ဆုံးရှုံးထားခဲ့ရသည်။ တရုတ်အကူအညီဖြင့် မြို့တချို့ပြန်ရခဲ့၊ ပြန်သိမ်းနိုင်ခဲ့သော်လည်း ဆုံးရှုံးထားရသည့် မြို့များအားလုံးပြန်ရနိုင်ဖို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားပြီးဖြစ်သလို ဆက်လက်ရင်ဆိုင်သွားရမည့် စစ်ရေးဖိအားဒဏ်ကို ဘယ်အထိ တောင့်ခံနိုင်မည်လဲ အဖြေမရှိသေးပေ။ အာရုံလွှဲပြောင်းခြင်း။ ။ ထိုကဲ့သို့ စစ်ရေးအရ အရှက်ရဖွယ် ရှုံးနိမ့်မှုများကြောင့် ဖြစ်ပေါ်လာသည့် စစ်တပ်ထောက်ခံသူများ၏ စိတ်ပျက်မှုနှင့်တကွ အုပ်ချုပ်ရေးယန္တရား ပြိုလဲမှု၊ စီးပွားရေးကျပ်တည်းပြီး ငတ်မွတ်ခေါင်းပါးလာမှု သတင်းများကို လူထုအာရုံစိုက်မှု လျော့နည်းသွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အသုံးချ၍ အာရုံလမ်းလွှဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ ၅။ နိုင်ငံတကာ ဖိအားများကို လျှော့ချရန်နှင့် တရားဝင်မှု ရှာဖွေခြင်း (Diplomatic Leverage)

EIO
1 053
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကားနှင့် အာရာဖတ်ကား (၁)စီး၊ စူပါကာစတန် (၁)စီး ‌မုံရွာနယ်၊ တောင်ခြမ်း မြေနဲဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 4, 12:41PM @EIO2021_bot@EagleInformationOperator_bot

EIO
1 053
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(4)စီးသည် နတ်လူထိပ်ပန်မှ မုံရွာမြို့ထဲသို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 4, 12:17AM @EIO2021_bot@EagleInformationOperator_bot

EIO
1 053
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(4)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 4, 12:08AM @EIO2021_bot@EagleInformationOperator_bot

EIO
1 053
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်တံတားအနီး စခအိမ်စီးကားများရောက်ရှိ၍ လက်နက်ငယ်များလည်း ရမ်းသမ်းပစ်‌ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 4, 11:33AM @EIO2021_bot@EagleInformationOperator_bot