fa
Feedback
EIO

EIO

رفتن به کانال در Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

نمایش بیشتر
1 055
مشترکین
+224 ساعت
-47 روز
+630 روز
آرشیو پست ها
EIO
1 056
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 056
Repost from EIO
စိတ်မကောင်းစရာကတော့ အဲဒီလိုသတင်းတွေက သိပ်ပြီး ရှိမနေပါဘူး။ တရားခံကို ဘယ်လို ဖမ်းဆီးပြီး ဘယ်လို အရေးယူတယ်၊ ဘယ်လောက် ပြစ်ဒဏ်ချလိုက်ပြီဆိုတဲ့ သတင်းတွေကတော့ ကျူးလွန်တဲ့ သတင်းတွေလောက် မပေါများနေပါဘူး။ ဒါဟာ ရဲစခန်းတွေ၊ တရားရုံးတွေကိုယ်တိုင်ဆီမှာ မရှိတာလည်း ဖြစ်နိုင်သလို သတင်းရေးတဲ့ သတင်းထောက်ဆီ၊ ဆိုရှယ်မီဒီယာအသုံးပြုသူတွေဆီမှာလည်း မရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲမှာကိုက ရှိမနေတာလည်း ဖြစ်ပါလိမ့်မယ်။ နိဂုံးချုပ်ရရင်တော့ ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ် ဒါမှမဟုတ် ပို့စ်တစ်ခုတင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့တော့ လိုမယ်ထင်တယ်။ ဒီအရေးအသားက သမင်ကို သတိပေးနေတာလား၊ ဒါမှမဟုတ် မုဆိုးကို လမ်းပြနေတာလားဆိုတာပါပဲ။ ငြိမ့်လွင့်

EIO
1 056
Repost from EIO
သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား Dawei Watch | အက်ဆေး သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။ အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။ အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။ ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ အဆီအငေါ်မတည့်တာတွေလည်း ပါပါလိမ့်မယ်။ ကျွန်တော်တွေးကြည့်နေမိတာက မီဒီယာတွေ ဒါမှမဟုတ် ရေးသားဖော်ပြမှုတွေအကြောင်းပါ။ မီဒီယာလို့ ပြောရင် ဆိုရှယ်မီဒီယာတွေလည်း အပါအဝင်ပေါ့။ အဲဒီအပိုင်းကိုပဲ ခွဲထုတ်ပြီး စဉ်းစားကြည့်တာပါ။ သတင်းတွေ ဘာကြောင့်ရေးလဲ၊ ဘယ်လိုရေးလဲဆိုတာအပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သိပ်မပြောကြဘူးလို့ ကျွန်တော်ထင်တယ်။ သတင်းတွေကို ဘာကြောင့်ရေးလဲ။ လွယ်လွယ်ဖြေရရင် အများပြည်သူ သိစေချင်လို့၊ သတိပြုစေချင်လို့၊ ဒါတွေ ဖြစ်မှာပါပဲ။ ဘယ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ရေးလိုက်တဲ့အခါ တခြားနေရာကလူတွေလည်း သတိပြုမိမယ်။ ကြိုတင်ကာကွယ်တာ၊ ဆင်ခြင်တာတွေ လုပ်နိုင်တယ်။ ဒါက ကောင်းတဲ့သက်ရောက်မှု ပါပဲ။ ဒါပေမဲ့ အရိပ်ကွယ်နေတဲ့ အပိုင်းကိုလည်း ရှာကြည့်ဖို့ လိုမယ်ထင်ပါတယ်။ သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က ဘယ်ပုံဘယ်နည်း မြားနဲ့ပစ်ဖမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုပဲ နမူနာပြုချင်ပါတယ်။ အဲဒီသတင်းကို အခြားသော သမင်တွေကလည်း ဖတ်မယ်၊ မုဆိုးတွေကလည်း ဖတ်မယ်။ သတင်းကို ဖတ်ရတဲ့အခါ သမင်တွေဟာ သူတို့ရဲ့ဘေးအန္တရာယ်အကြောင်းကို တွေးမယ်။ သတင်းထဲက သမင်ဟာ ဘယ်လိုဘယ်ပုံ ခံလိုက်ရတယ်ဆိုတာကို ဆင်ခြင်မယ်။ ရှောင်ရှားမယ်။ ကျွန်တော်တို့ သတိပြုရမှာက မုဆိုးတွေဟာလည်း သတင်းဖတ်သူတွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့တွေအတွက်တော့ သမင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ မုဆိုးကို ချီးမွမ်းခန်းဖွင့်ကြမယ်။ ဘယ်လိုပစ်ဖမ်းရတယ်ဆိုတာကို နည်းယူမယ်၊ တောအုပ်ရဲ့ ဟာကွက်တွေကို လေ့လာမယ်။ ဒါပါပဲ။ ဒီတော့ သတင်းတွေဟာ မုဆိုးတွေအတွက် လမ်းပြတွေဖြစ်နေနိုင်ပါတယ်။ အသေးစိတ်ဖော်ပြလေလေ လေ့လာစရာ ကျမ်းတစ်ဆူလို ဖြစ်လေလေပါပဲ။ အရင်တုန်းကတော့ သတင်းကို သတင်းစာ၊ ဂျာနယ်တွေက ရေးတယ်။ အခုတော့ လူတိုင်း သတင်းရေးနေကြတယ်။ လူတိုင်း အများသိအောင် ဖြန့်နိုင်တဲ့ခေတ်မှာ လူတိုင်း အယ်ဒီတာဖြစ်လာတယ်။ ဒါပေမဲ့ အယ်ဒီတာတစ်ယောက်လို စဉ်းစားရတဲ့ တာဝန်ကိုတော့ မေ့နေကြတယ်။ သတင်းဆိုတာ ဖြစ်ခဲ့တာကို ပြောပြတာပဲ။ ဒါပေမဲ့ ဘယ်လိုပြောမလဲဆိုတာက အရေးကြီးပါတယ်။ လူတစ်ယောက် အသတ်ခံရတယ်ဆိုတာကို ပြောဖို့ လိုတယ်။ ဒါပေမဲ့ သူ့ရုပ်အလောင်းကို အသေးစိတ်ပြဖို့ လိုသလား။ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်ခံရတယ်ဆိုတာကို လူ့အဖွဲ့အစည်း သိသင့်တယ်။ ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို တစ်ကြောင်းမကျန် ရေးပြဖို့ လိုသလား။ အခုနောက်ပိုင်းတော့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကြီးတွေဟာ သတင်းအရေးသားတွေကို ကျင့်ဝတ်အရ စိစစ်ကန့်သတ်လာပါတယ်။ အထူးသဖြင့် မုဒိမ်းမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု စတာမျိုးတွေ။ အသေးစိတ်ပုံဖော်ပြတာမျိုးတွေကို လက်မခံတော့ပါဘူး။ ဒါပေမဲ့လည်း တချို့တွေကတော့ ကွက်ကွက်ကွင်းကွင်း၊ အတွင်းကျကျ ဖော်ပြနေကြဆဲပါပဲ။ ဒီလိုဖော်ပြနိုင်လေလေ ပို့စ်အောက်မှာ လူတွေ တပြုံတမကြီး ရောက်လာလေလေ၊ လူအများဆီကိုလည်း ပိုပျံ့နှံ့လေလေပါပဲ။ ပလက်ဖောင်းတွေက မကန့်သတ်နိုင်ခင်မှာပဲ အဲဒီသတင်းတွေဟာ လူအချင်းချင်း မျှဝေပြီးသား ဖြစ်နေတတ်ပါတယ်။ သတင်းတွေရဲ့ မူလရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းကို အသိပေးဖို့၊ သတိပြုမိစေဖို့ပါပဲ။ ဒါပေမဲ့ တစ်ခါတလေ အဲဒီရည်ရွယ်ချက်ထက် ပိုသွားတတ်တယ်။ လူတွေဟာ သတင်းတွေဖတ်ရလွန်းပြီး ကြောက်လန့်သွေးပျက်လာကြတယ်။ ဘယ်မှာတော့ဖြင့် မုဒိမ်းမှုဖြစ်တယ်လို့ ရေးလိုက်တာဟာ ခင်ဗျားရှိနေတဲ့နေရာမှာလည်း အဲသလိုမျိုး ဖြစ်နိုင်တယ်လို့ သတိပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ခြောက်လှန့်လိုက်တာပါပဲ။ နောက်တစ်ခုတွေးမိတာက သတင်းတွေဟာ ဘာဖြစ်လို့ လူတွေကို စိတ်ချမ်းသာမှု မပေးနိုင်ရတာလဲ။ ဒီကိစ္စကလည်း အရေးကြီးပါတယ်။ တကယ်လို့သာ သမင်တစ်ကောင်ကို မုဆိုးက ဖမ်းတဲ့အကြောင်းမဟုတ်ဘဲ မုဆိုးတစ်ယောက်ကို ကျားဆွဲသွားတယ်ဆိုတဲ့သတင်းမျိုးဆိုပါတော့။ ဒီသတင်းကို သမင်တွေဖတ်ရတဲ့အခါ အထိုက်အလျောက်စိတ်လုံခြုံမှုကို ရစေမှာဖြစ်သလို မုဆိုးတွေအတွက်လည်း တစ်စုံတစ်ရာ တွန့်သွားစေမှာပဲ။

EIO
1 056
⚜️ #EIO_Update_News ရွှေဘိုနယ် မြောက်ခြမ်း၊ ဖုတ်ကုန်းပျူခြံမှ စခပခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 27, 9:09PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်း ဖြစ်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါ ကျန်းမာနေစေဖို့ များစွာလိုအပ်ပါသည်။ ⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨ ၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။ ၂။ တရေးတမောအိပ်စက်အနားယူပါ။ ၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။ ၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။ ၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။ ၆။ ရေများများသောက်ပေးပါ။ ၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
(27,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိ
(27,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (7:11)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 056
⚜️ #EIO_Update_News ချောင်းဦးနယ် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာ‌တောင်ဘက် လျော်ဖြူခြံဘက်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 27, 6:57PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံရွေးရွာတွင်းသို့ ရောက်ရှိနေသော စခကင်းများသည် မုံရွေးတိုးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 27, 6:40PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
📢 "မိမိအလုပ် မိမိလုပ်ခြင်းသည်သာ အောင်ပွဲအတွက် အကောင်းဆုံးသော တော်လှန်ရေးတာဝန်ဖြစ်သည်" ရန်သူသည် ရန်သူပီသစွာ ရက်စက်နေချိန်တွင် မိဘပြည်သူများအနေဖြင့် တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိဖြင့် နေထိုင်ကြပါရန် တိုက်တွန်းနှိုး‌ဆော်လိူက်ပါသည်။ 🔔 💥 ရန်သူသည် ရန်သူပီသသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာရက်စက်မှုတွင် အစဉ်တစိုက် "ခြေရာမှန်" နေသူများ ဖြစ်သည်။ အပြစ်မဲ့ အရပ်သားပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် အသစ်အဆန်းမဟုတ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုဆိုးဝါးလာသည့်အချက်မှာ "စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများကို တမင်ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း" ပင် ဖြစ်သည်။ ၎င်းတို့သည် စစ်မြေပြင်တွင် ရှုံးနိမ့်လေလေ၊ မနိုင်သည့်အဆုံး အပြစ်မဲ့ပြည်သူများရှိရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်ခြေများကို ပစ်မှတ်ထား၍ ကောင်းကင်ယံမှ ယုတ်မာလေလေဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ "အဖျက်အဆီးအလုပ်" ကို ရန်သူပီသစွာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ⚔️ တော်လှန်ရေးရဲဘော်များသည်လည်း မိမိအလုပ် မိမိလုပ်နေကြသည်။ တစ်ဖက်တွင်လည်း တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် သစ္စာဆိုထားကြသော တော်လှန်ရေးရဲဘော်များသည် ရှေ့တန်းမျက်နှာစာအသီးသီးတွင် ရန်သူကို အမြစ်ပြတ်ချေမှုန်းရန် မိမိတို့၏ အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။ မိမိတို့၏ အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပြီး နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဆီသို့ အရောက်လှမ်းနေကြပြီဖြစ်သည်။ 🛡️ မိဘပြည်သူများ၏ တော်လှန်ရေးတာဝန်မှာ အဘယ်နည်း ⁉️ ယခုကဲ့သို့ အဆုံးအဖြတ်ကာလတွင် မိဘပြည်သူများအနေဖြင့်လည်း "မိမိအလုပ် မိမိလုပ်ဆောင်ခြင်း" ဖြင့် တော်လှန်ရေးတာဝန်ကို ကျေပွန်ကြရန် အထူးလိုအပ်ပါသည်။ ပြည်သူ့အလုပ်ဆိုသည်မှာ ၁။ ဘေးကင်းလုံခြုံရေးကို အလေးထားခြင်း (Safety First)။ ရန်သူ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အမြဲမပြတ် နားစွင့်ပါ။ ခိုင်လုံသော သတင်းအချက်အလက်များကိုသာ နားထောင်ပြီး ဗုံးခိုကျင်းနှင့် ဘေးလွတ်ရာ ရှောင်တိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပါ။ ⚠️ ၂။ တော်လှန်ရေးသတိရှိခြင်း။ မိမိတို့၏ သွားလာလှုပ်ရှားမှုများတွင် ရန်သူ့အတွက် သတင်းမဖြစ်စေရန်နှင့် မိမိတို့ကိုယ်တိုင် အန္တရာယ်မရှိစေရန် ဂရုစိုက်ပါ။ မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပါ။ 🚫 ၃။ သတင်းလုံခြုံရေး (OPSEC)။ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် အချိန်နှင့်တပြေးညီ တင်ပြခြင်းမျိုးကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ မိမိ၏ တင်လိုက်သော ပို့စ်တစ်ခုသည် ရန်သူ့အတွက် ပစ်မှတ်ညွှန်ပြသကဲ့သို့ ဖြစ်သွားနိုင်သည်ကို သတိပြုပါ။ 📱❌ ၄။ စိတ်ဓာတ်မကျခြင်း။ ရန်သူသည် ပြည်သူကို ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုခြောက်လှန့်မှုနောက်သို့ မပါသွားဘဲ တည်ငြိမ်စွာဖြင့် တော်လှန်ရေးကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ပံ့ပိုးပေးခြင်းသည် ပြည်သူ့အလုပ်ပင်ဖြစ်သည်။ ရန်သူက ရန်သူ့အလုပ် (သတ်ဖြတ်ခြင်း) ကို လုပ်နေသလို၊ ရဲဘော်များကလည်း ရဲဘော်အလုပ် (တိုက်ခိုက်ခြင်း) ကို လုပ်နေကြပါသည်။ မိဘပြည်သူများကလည်း မိမိတို့အလုပ် (သတိဖြင့် နေထိုင်ခြင်းနှင့် ပံ့ပိုးခြင်း) ကို ကျေပွန်စွာ လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ မိမိကိုယ်ကို ဂရုစိုက်ပါ။ သတိထားပါ။ ဆင်ခြင်ပါ။ တစ်ယောက်စီတိုင်း ဘေးကင်းလုံခြုံစွာဖြင့် အောင်ပွဲနေ့ဆီသို့ ဆက်လက်ချီတက်ကြပါစို့။ 🤝 #EIO #EagleInformationOperator #CivilianSafety #RevolutionMyanmar #SpringRevolution #StaySafe #AirStrikeAwareness

EIO
1 056
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News 📌 မုံရွာ၊ နမခမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Jul 27, 6:23PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်တွင် စခများသည် အိမ်စီးကားများဖြင့်ရောက်ရှိ၍ ခြေလျင်ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Jul 27, 6:19PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News 📌ရေဦး တိုင်းရင်းခွေးခြံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Jul 26, 6:03PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #YeU #WhatsHappeningInMyanmar #SecurityUpdate

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့တွင်းတွင် စခအိမ်စီးကားများသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Jul 27, 5:54PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် အရှေ့ဘက် ဗောဓိလမ်းသစ်ဘက်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 27, 5:14PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(1)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 27, 3:42PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့၊ နန်ချွန်ဆိပ်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ #EIO Jul 27, 9:02AM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
photo content
+7

EIO
1 056
မိုးလေဝသ အခြေအနေ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့ထိ အလေးပေးတင်ပြချက်များ: ...................................... 🌀 ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလား ကမ်းရိုးတန်းအနီးရှိ မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ယနေ့ဇူလိုင်လ (၂၇)ရက်နေ့နံနက်ပိုင်းတွင် Paradip နှင့် Sagar Island ကြားရှိ ဩရိဿနှင့် အနောက်ဘင်္ဂလားကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်သင့်အနေအထားမှ တိမ်ထူထပ်ပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသများ နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပါသည်။ ⛈️ မိုးအနေအထားမှာ အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် လည်းကောင်း၊ အနောက်တောင်မုတ်သုံလေ အားကောင်းသောကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ (ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။) 🚨 လာမည့်(၃)ရက်အတွင်း အထက်ပါဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းကြောင့် နောက်ဆက်တွဲမြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိပြု နေထိုင်သင့်ပါသည်။ ကမ်းနီးကမ်းဝေးရေလုပ်ငန်းများကို ခေတ္တရပ်နားထားသင့်ပါသည်။ 📅 နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။ #မိုးလေဝသသတင်း #WeatherForecast #MoSLHA