EIO
رفتن به کانال در Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
نمایش بیشتر1 052
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
+430 روز
آرشیو پست ها
1 054
Repost from EIO
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity)
လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။
"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 သတင်းပေးပို့ရန်-
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1 054
⚜️ #EIO_Update_News
မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်မှ ထွက်လာသော စခအိမ်စီးကား(၃)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 26, 12:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာတောင်မှ လာသော စခအိမ်စီးကား(2)စီးသည် မုံရွာတောင်၊ စွမ်းရည်ထက်ဂိတ်မှ မအူဂိတ်၊ မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။
May 25, 11:14AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာတောင်မှ လာသော စခအိမ်စီးကား(2)စီးသည် မုံရွာတောင်၊ စွမ်းရည်ထက်ဂိတ်သို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 25, 11:03AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများသည် မုံရွာတောင်၊ မအူဂိတ်မှ ကူတောဖြတ်၍ ချောင်းဦးဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 25, 11:00AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခများသည် မအူရွာထိပ်သို့ ရောက်ရှိနေပြီး အလံနီများထောင်ထားကြောင်း သတင်းရရှိထားပါသည်။
May 26, 10:50AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများသည် မုံရွာတောင်၊ မအူဂိတ်သို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 25, 10:34AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
🚨 လမ်းပိုင်းဆိုင်ရာသတိပေးချက် ⚠️
(မုံရွာတောင် - ချောင်းဦး - မြင်းမူ - စစ်ကိုင်း) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator
#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 26, 8:01AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်
Eagle Information Operator (#EIO)
Date - May 26,8:01AM
📌 မြင်းမူနယ်၊ မြောင်လမ်းခွဲမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Myinmu #WhatsHappeningInMyanmar #SecurityUpdate
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 26, 7:14AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 054
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 054
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 054
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 054
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 054
Repost from EIO
"မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူဟာ... ဝေးဝေးကရန်သူထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ်ကြီးပါတယ်။"
တစ်ခါတရံမှာ ရန်သူဟာ ဓားပြာပြာကြီးနဲ့ လာတာမဟုတ်ဘဲ၊ အကူအညီတောင်းခံသူ၊ မိတ်ဆွေရင်းချာ ပုံစံမျိုးနဲ့ သင့်ရဲ့ အနီးကပ်ဆုံးနေရာကို တဖြည်းဖြည်းချင်း ချဉ်းကပ်လာတတ်ပါတယ်။ ဒီနေ့မှာတော့ အားနာမှုနဲ့ ပေါ့ဆမှုတွေကြောင့် မိမိရဲ့ အသက်အန္တရာယ်အထိ ကျရောက်သွားစေနိုင်တဲ့ "ကုလားအုပ်နှာခေါင်း" စိတ်ဓာတ်စစ်ဆင်ရေးအကြောင်းကို တင်ပြပေးချင်ပါတယ်။
⛺ တဲရှင်ဆီ အိပ်ခွင့်တောင်းတဲ့ ကုလားအုပ်။မိတ်ဆွေယောင်နှင့် အသက်အန္တရာယ် ကျရောက်ခြင်း။
လူတော်တော်များများ ကြားဖူးကြမယ့် အာရပ်ပုံပြင်တစ်ပုဒ် ရှိပါတယ်။ အေးစိမ့်လှတဲ့ သဲကန္တာရညတစ်ညမှာ ကုလားအုပ်တစ်ကောင်က သူ့အရှင်သခင်ရဲ့ တဲအိမ်လေးထဲကို "နှာခေါင်းလေးပဲ သွင်းပါရစေ" လို့ ခွင့်တောင်းပါတယ်။ သနားတတ်တဲ့ တဲရှင်က ခွင့်ပြုလိုက်မိရာကနေ... ခေါင်း၊ လည်ပင်း၊ ရှေ့ခြေ၊ ကိုယ်လုံး စသဖြင့် တဖြည်းဖြည်း တိုးဝင်လာပြီး နောက်ဆုံးမှာတော့ တဲရှင်ကိုယ်တိုင် တဲအပြင်က အအေးဒဏ်ထဲကို ကန်ထုတ်ခြင်း ခံလိုက်ရပါတယ်။
ဒီပုံပြင်ဟာ စစ်မက်ရေးရာ၊ လုံခြုံရေးနဲ့ လူ့လောကအန္တရာယ်တွေမှာ "ရန်သူက မိတ်ဆွေအသွင်ဖြင့် တဖြည်းဖြည်းချင်း အတွင်းလှိုက်စားခြင်း" (Subversion & Infiltration) ကို ပြသနေတာ ဖြစ်ပါတယ်။
⚠️ "မိတ်ဆွေယောင်ရန်သူ" များ အနီးကပ်ဆုံးအထိ ချဉ်းကပ်လာပုံ အဆင့်ဆင့်။
ရန်သူ (သို့မဟုတ်) မသမာသူတစ်ယောက်ဟာ သင့်ကို ချက်ချင်း အန္တရာယ်ပေးရင် သင်က ပြန်လည်ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကုလားအုပ်လိုပဲ အောက်ပါအတိုင်း ပရိယာယ် သုံးတတ်ကြပါတယ်။
၁။ ယုံကြည်မှု တည်ဆောက်ခြင်း။ (The Camel's Nose)
အစပိုင်းမှာ သင့်အပေါ် အလွန်ကောင်းပြတာ၊ သနားစရာ အကြောင်းပြချက်တွေနဲ့ အကူအညီတောင်းတာ၊ သို့မဟုတ် သေးငယ်တဲ့ လျှို့ဝှက်ချက်/အချက်အလက်လေးတွေကို စတင်မေးမြန်းတာမျိုးနဲ့ သင့်ရဲ့ ကာကွယ်ရေးတံခါးကို ဖွင့်ခိုင်းပါတယ်။
၂။ နယ်မြေနှင့် အခွင့်အရေးကို တိုးချဲ့ခြင်း။ (Taking the Ground)
သင်က တစ်ကြိမ် ခွင့်ပြုလိုက်တာနဲ့ သူတို့ဟာ သင့်ရဲ့ လုပ်ငန်းခွင်၊ သင့်ရဲ့ မိသားစု၊ သင့်ရဲ့ အတွင်းရေးကိစ္စတွေအထိ "မိတ်ဆွေ" အမည်ခံပြီး တဖြည်းဖြည်းချင်း ခြေလှမ်းကျယ်လာပါတယ်။ သင့်ရဲ့ အားနည်းချက်၊ အားသာချက် အကုန်လုံးကို သူတို့ စောင့်ကြည့်လေ့လာသွားတဲ့ အဆင့် ဖြစ်ပါတယ်။
၃။ အသက်အန္တရာယ်နှင့် အလုံးစုံ ဖျက်ဆီးခြင်း။ (The Fatal Kick)
သင့်ရဲ့ လုံခြုံရေးစနစ်တွေ အကုန်လုံး သူတို့လက်ထဲရောက်သွားတဲ့အခါ၊ သို့မဟုတ် သင့်ကို အသုံးချလို့ ပြီးသွားတဲ့အခါမှာတော့ မူလက သနားစရာမျက်နှာလေးဟာ ရက်စက်တဲ့ ရန်သူ့မျက်နှာအဖြစ် ပြောင်းလဲသွားပြီး သင့်ကို အသက်အန္တရာယ်ဖြစ်စေတဲ့အထိ၊ ဘဝပျက်စေတဲ့အထိ နောက်ကျောကို ဓားနဲ့ထိုး ကန်ထုတ်ပစ်ပါတော့တယ်။
လုံခြုံရေးသတိပေးချက်။
ကျွန်ုပ်တို့ ကျင်လည်နေရတဲ့ လူမှုဝန်းကျင်နဲ့ အခြေအနေအရပ်ရပ်မှာ မိမိကိုယ်ကိုနဲ့ မိမိဝန်းကျင်ကို အသက်ဘေးအန္တရာယ်က ကာကွယ်ဖို့ အောက်ပါ "မဟာဗျူဟာမြောက် သတိ" တွေကို အမြဲ နှလုံးသွင်းထားရပါမယ်။
သတိပြုရမည့် အခြေအနေ ကာကွယ်ရန် နည်းလမ်းများ။
၁။ အယုံမလွယ်ခြင်း (Trust, but Verify)
ဘယ်လောက်ပဲ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ပါစေ၊ အရေးကြီးတဲ့ ကိစ္စရပ်တွေ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ မျက်စိမှိတ် မယုံကြည်ပါနဲ့။ နောက်ကွယ်က အချက်အလက်ကို အမြဲစစ်ဆေးပါ။
၂။ အချက်အလက် လုံခြုံရေး။ (Operational Security - OPSEC)
မိမိရဲ့ သွားလာလှုပ်ရှားမှု၊ မိမိရဲ့ အားနည်းချက်နဲ့ အရေးကြီး အစီအစဉ်တွေကို မည်သူ့ကိုမျှ အလွယ်တကူ ထုတ်မပြောပါနဲ့။ "နှာခေါင်းလေးပဲ ပေးသိတာ" ကနေ လမ်းစပွင့်သွားတတ်ပါတယ်။
၃။ ပုံမှန်မဟုတ်သော ခြေလှမ်းများ။ (Anomalies)
မိမိအနားက လူတစ်ယောက်ဟာ ပုံမှန်ထက် ထူးခြားစွာ စူးစမ်းလာရင်၊ သို့မဟုတ် မသက်ဆိုင်တဲ့ နယ်ပယ်တွေကို ဝင်ရောက်စွက်ဖက်လာရင် အစကတည်းက စည်းမျဉ်းတားပြီး စောင့်ကြည့်ပါ။
"တံခါးကို ဖွင့်ပေးခဲ့မိတာ တဲရှင်ရဲ့ အမှားမဟုတ်ပေမယ့်၊ ကုလားအုပ်ရဲ့ သဘာဝကို မေ့လျော့ခဲ့တာကတော့ အသက်အန္တရာယ်ကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်"
မိတ်ဆွေနှင့် ရန်သူကို ခွဲခြားရာမှာ စကားလုံးချိုချိုတွေထက် သူတို့ရဲ့ လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကို ကြည့်ရပါမယ်။ မိမိတို့ရဲ့ အသက်၊ အိုးအိမ်၊ လုံခြုံရေး တဲအိမ်လေးထဲကို ဘယ်လို ကုလားအုပ်မျိုးကိုမျှ ခြေလှမ်းအဝင်မခံကြဖို့ #EIO မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
#EagleInformationOperator #EIO #SecurityAwareness #OperationalSecurity #Vigilance #LifeLessons #လုံခြုံရေးသတိ #ရန်သူနှင့်မိတ်ဆွေ
1 054
⚜️ #EIO_Update_News
မုံရွာနမခမှ ထွက်လာသော စခအအများသည် ထီးတော်တင်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
May 25, 8:50PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
