7 155
مشترکین
-324 ساعت
-447 روز
-21930 روز
آرشیو پست ها
မာဇာရာဝီပါဝင်တဲ့ မော်ရိုကိုအသင်းက ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပြီး ပြင်သစ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ် ။ နိုင်ငံအသင်းရဲ့ နောက်တန်းမှာ အထူးခြေစွမ်းပြနေတဲ့ မာဇာရာဝီတစ်ယောက် ချန်ပီယံဆု အရယူနိုင်ဖို့ ကံကောင်းပါစေလို့ မျှော်လင့်မိပါတယ် ။
#MUMS
မားကပ်စ်ရက်ဖို့စ်က သူ့ရဲအနာဂတ်နဲ့ မန်ယူအသင်းအကြောင်း ပြောပြခဲ့ပါတယ် 🗣️
လူတစ်ယောက်အနေနဲ့ ကျွန်တော်က လက်ရှိအချိန်ကာလမှာ နေထိုင်ပါတယ် ။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ပါဝင်ပတ်သက်ခဲ့သူအားလုံးနဲ့ ကျွန်တော် ရှင်းလင်းစွာ ဆက်ဆံခဲ့ပါတယ်။
ကျွန်တော်ဒါကို အသင်းပြောင်းဖို့ဟာကို ပြီးအောင်လုပ်ချင်ခဲ့ပါတယ် ။ မဟုတ်ရင် နောက်မှ ကိုင်တွယ်မှာမဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကျွန်တော် ကမ္ဘာ့ဖလားပြိုင်ပွဲအပြည့်အဝ အာရုံစိုက်နေချင်လို့ပါ ။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က တစ်ခုခုအတွက် တိုက်ပွဲဝင်နေကြပါတယ် ။ တခြားအရာတွေမှာ ပါဝင်ဖို့ ကျွန်တော်အနေနဲ့ မတတ်နိုင်သေးပါဘူး ။
#MUMS
ဂုတ်ကြီးပါဝင်တဲ့ အာဂျင်တီးနားကလည်း အားလုံးလွယ်လင့်တကူ နောက်တဆင့်တက်မယ်လို့ ထင်ခဲ့ကြပေမဲ့ ကိတ်ဗာဒီအသင်းရဲ့ ကောင်းမွန်မှုကြောင့် အချိန်ပိုအထိ ရောက်သွားခဲ့ရပြီး အဆုံးသတ်မှာ နိုင်ပွဲရရှိသွားခဲ့တာ ဖြစ်ပါတယ် ။ ဒီလိုရှုံးထွက်အဆင့်တွေမှာ ဘယ်အသင်းမှ အထင်သေးလို့ မရကြောင်း ကိတ်ဗာဒီအသင်းက ပြသသွားခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီလိုကမ္ဘာ့ချန်ပီယံအသင်းမျိုးကို ယှဉ်ကစားနိုင်ခဲ့တဲ့ ကိတ်ဗာဒီအသင်းအတွက် တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်ပါဘဲ ။
#MUMS
ရိုနယ်ဒို 🗣 ငါတို့တွေထိပ်တိုက်မတွေ့ခဲ့ရင်ကောင်းမယ်ကွာ ... သူငယ်ချင်း
မိုဒရစ် 🗣 ဒါကံတရားပဲလေကွာ ၊ ဘယ်လိုမှ ရှောင်လွဲလို့မှမရတာ
ရိုနယ်ဒို 🗣 စိတ်မကောင်းပါဘူးကွာသူငယ်ချင်း ။ မင်းတို့အကောင်းဆုံးလုပ်ခဲ့ကြတာဘဲ
မိုဒရစ် 🗣 နှုတ်ဆက်ခဲ့ပါတယ်သူငယ်ချင်း ။ ဒီနှစ်တော့မင်းလုပ်နိုင်မှာပါ ။ ဆက်ပြီးကြိုးစားထား ၊ ငါတို့တွေ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်တွေ့နိင်မှာမဟုတ်ကြတော့ဘူး ။ ကံကောင်းပါစေကွာ ....
#MUMS
ရီးရဲလ်မက်ဒရစ်က ချူအာမန်နီကို အမြန်ဆုံးရောင်းချလိုနေပြီး မန်ယူအသင်းထံ အကြောင်းကြားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။ ပြောင်းရွေ့ကြေးပေါင် 77 သန်းကျော်ရမယ်ဆိုရင် ချက်ချင်းရောင်းချသွားဖို့ ရှိနေပါတယ် ။
#MUMS
+1
တစ်နှစ်ကြာခဲ့ပေမယ့် ဒါပေမယ့် ဘယ်တော့မှ မေ့လို့မရပါဘူး။ ပေါ်တူဂီအသင်းက ခရိုအေးရှားအသင်းကို အနိုင်ရရှိပြီးနောက် ဒီပွဲစဉ်ဟာ ဘောလုံးအားကစားထက် အများကြီး ပိုအဓိပ္ပာယ်ရှိပါတယ် ။ ဒီယိုဂိုဂျိုတာ ကွယ်လွန်သွားတာ တစ်နှစ်တိတိ ပြည့်သွားပေမယ့် သူ့ရဲ့အမှတ်တရတွေက တစ်နိုင်ငံလုံးကို စည်းလုံးစေခဲ့ပါတယ် ။ ဒီကမ္ဘာ့ဖလားတစ်လျှောက်လုံးမှာ ပေါ်တူဂီကစားသမားတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်နာမည်နဲ့ ဂျိုတာရဲ့နာမည် နှစ်ခုလုံးပါတဲ့ အထူးလက်ကောက်ကို ဝတ်ဆင်ခဲ့ကြပါတယ် ။ သူကွယ်လွန်သွားပေမယ့် သူဟာ ဒီအသင်းရဲ့ စိတ်ဓာတ်ပိုင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေတယ်ဆိုတာကို တည်ရှိနေတဲ့သဘောပါ ။
ဒီညမှာ ပေါ်တူဂီအသင်းက နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့သလို ၊ အသင်းဖော်၊ သူငယ်ချင်းနဲ့ ဘယ်တော့မှ မေ့ပစ်လို့မရမယ့် နိုင်ငံကိုယ်စားပြု ကစားသမားတစ်ယောက်အတွက်ပါ ဂုဏ်ပြုတဲ့အနေနဲ့ နောက်တိုက်ပွဲတွေကိုပါ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ ။
#MUMS
Summerville အတွက် မန်ယူနဲ့ ဝက်စ်ဟမ်းအသင်းအကြား အပြောင်းအရွေ့အတွက် စတင်ဆွေးနွေးပြောဆိုနေကြပြီလို့ သိရပါတယ် ။
#MUMS
ကိုဘီမိုင်နိုက အခုချိန်ထိ World Cup ပြိုင်ပွဲမှာ ပွဲကစားခွင့် 1 မိနစ်တောင် မရရှိသေးတာ ဖြစ်ပါတယ် ။ ရှေ့က နောင်တော်ကြီးတွေကိုကျော်ပြီး ပွဲထွက်ခွင့်ရဖို့က ကိုဘီအတွက် မဟာအခက်အခဲကြီးတစ်ခု ဖြစ်နေပါတယ် ။
#MUMS
နော်ဝေးနဲ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်အပြီးမှာ ဇလာတန် အီဘရာဟီမိုဗစ်ချ်က အာမတ်ဒီယာလိုကို ချီးကျူးခဲ့ပါတယ်။
ကျွန်တော့်အတွက်တော့ ဒါက အကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးပါ ။ ဒီပြိုင်ပွဲမှာ ကျွန်တော်မြင်ဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံးတစ်ယောက်ဖြစ်ပေမဲ့ နည်းပြက ဘာလို့ ပွဲအချိန်ပြည့်သုံးနိုင်ဖို့ ခက်ခဲနေရတာလဲ ?
နော်ဝေးက အနိုင်ရခဲ့ပေမယ့် ၊ အာမတ်ရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ၊ ဂိုးစည်းအပြင်ဘက်ကို ရှင်းလင်းနိုင်မှုနဲ့ တစ်ကိုယ်တော် ဂိုးသွင်းနိုင်မှု ၊ ဒါတွေက သူ့ကို ပိုပြီး ဂုဏ်ပြုခံစေရတဲ့ အခိုက်အတန့်တွေပါဘဲ ။ ဘရာဗိုပါ ။
#MUMS
ဒေးဗစ်အော်စတိန်း 🗣️
မန်ယူက သူတို့ရဲ့အသင်းနဲ့အတူ ပူးပေါင်းဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ကစားသမားတွေကို လိုချင်ကြတာ ဖြစ်ပါတယ် ။ Mateus Fernandes ကတော့ အဲဒီလို မဟုတ်ခဲ့ပြန်ပါဘူး ။ သူတို့ စာရင်းပြုစုထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်း ၊ ဒဏ်ရာရစာရင်း အစရှိတာတွေကို သေချာလေးဂရုစိုက်ပြီး အပြောင်းအရွေ့ကို ချဉ်းကပ်နေတာ ဖြစ်ပါတယ် ။
#MUMS
အီဝိုဘီ 🗣️ တစ်ခြားတိုက်စစ်မှူးတွေ ဂိုးပေါက်ရှာဖွေနေချိန်မှာ အာမတ်က သူ့ရဲ့တန်ဖိုးပြသလိုက်တာကို အတော်လေးသဘောကျမိပါတယ် ။ သူက အဲ့ဒီတာဝန်ကိုယူပြီး ဂိုးဧရိယာထဲဝင်ကာ ဂိုးသွင်းခဲ့ပြီး အဲ့ဒါက တကယ်ကို ကောင်းမွန်ခဲ့ပါတယ် ။
သူက အရန်ခုံကနေ ထွက်လာပြီး အမြဲတမ်းအသင်းအတွက် အဆင်သင့်ဖြစ်နေသလို ၊ သွင်းဂိုးတွေနဲ့ အသင်းကို ကယ်တင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းက ဒီအဆင့်မှာဘဲ ထွက်ခွာခဲ့ရတာက တကယ်ကို ဆိုးရွားလွန်းခဲ့ပါတယ် ။
#MUMS
အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ဘယ်တတ်နိုင်မလဲ အာမတ်ရာ 🥺
#MUMS
မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်နဲ့ ပတ်သက်ပြီး ရီယိုဖာဒီနန်က 🗣️
မန်ချက်စတာယူနိုက်တက်က ကွင်းလယ်လူတစ်ယောက်အတွက် ပြောင်းရွေ့ကြေးကို အများအပြားပေးပြီး ခေါ်ယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ အဲဒါကတော့ ချူအာမန်နီပါ ။ ဒီအပြောင်းအရွေ့ဈေးကွက်မှာ သူ့ကို ရနိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်လွတ်မခံသင့်ဘဲ အရခေါ်ယူသင့်ပါတယ် ။
#MUMS
ရူဘင်အမိုရင်ကတော့ မန်ယူအသင်းကို အနှောင့်အယှက်ပေးဖို့များ မွေးဖွားလာခဲ့လား မသိပါဘူး ။ အခုတစ်ခါလည်း နိုင်ငံအသင်းမှာရော ၊ ကလပ်အသင်းမှာပါ ခြေစွမ်းတွေ ပြနေတဲ့ ကွန်ညာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ ဒါပေမဲ့ မန်ယူဖက်က ကွန်ညာအတွက် ကမ်းလှမ်းမှုမှန်သမျှကို ချက်ချင်းပယ်ချသွားမှာ ဖြစ်ပါတယ် ။
#MUMS
အာဆင်နယ်ကစားသမားတွေရဲ့ ကယ်တင်ပေးမှုကြောင့် ဆမ်ဘာသားတွေ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ နောက်တဆင့်အတွက် လမ်းကြောင်းကလည်း ခက်ခဲလာဦးမှာ ဖြစ်လို့ ဘယ်လောက်အထိ ခရီးဆက်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ :)
#MUMS
Repost from Myanmar Football Network 2
2026 ကမ္ဘာ့ဖလား
နယ်သာလန် Vs မော်ရိုကိုပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
Repost from Myanmar Football Network 2
2026 ကမ္ဘာ့ဖလား
ဘရာဇီး Vs ဂျပန်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
ရှုံးထွက်အဆင့်ကို နိုင်ငံအသီးသီးနဲ့ တက်လှမ်းသွားနိုင်ခဲ့ကြတဲ့ သရဲနီတပ်သားများ 👀
🇦🇷 Lisandro Martinez
🇵🇹 Bruno Fernandes
🇵🇹 Diogo Dalot
🇧🇪 Senne Lammens
🇧🇷 Matheus Cunha
🇧🇷 Casemiro
🏴 Marcus Rashford
🏴 Kobbie Mainoo
🇨🇮 Amad
🇲🇦 Noussair Mazraoui
#MUMS
