Manchester United Myanmar Supporters FC
Ir al canal en Telegram
Mostrar más
7 709
Suscriptores
-424 horas
-417 días
-17530 días
Archivo de publicaciones
ဒေါ့မွန်အသင်းရဲ့ နောက်ခံလူ ရှလောတာဘတ်ရဲ့ အခြေအနေကို အသင်းဘက်က စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ ရာသီကုန်ဒေါ့မွန်နဲ့ စာချုပ်သစ် ဆက်မချုပ်ခဲ့ပါက ပြောင်းရွေ့ကြေး သန်း 30 - 35 ကြားနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ် ။
#MUMS
ပြန်လည်စတင်မယ့် PL ပွဲစဉ်အတွက် လူစုံတက်စုံနဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ကာရင်တန်မှာ မလုပ်ဘဲ အိုင်ယာလန်မှာ အသင်းလိုက်ပြုလုပ်ခဲ့ကြပါတယ် ။
#MUMS
ဒဏ်ရာရဲ့ သားကောင်ဖြစ်နေဆဲ မေဆင် ☹️
တကယ်တော့ မေဆင်မောင့်ကို အသင်းဘက်က တကယ်လိုချင်လို့ ခေါ်တာလား ? တစ်ခြားပြိုင်ဖက်အသင်းကို ရောက်မှာ ကြောက်လို့ ခေါ်တာလားဆိုတာ ဘုတ်အဖွဲ့ဘဲ အသိဆုံးနေမှာပါ ။ ချယ်လ်ဆီးမှာရှိခဲ့တဲ့ မေဆင် ဘယ်လောက်ကောင်းခဲ့လဲဆိုတာ မြင်ခဲ့တာဖြစ်လို့ ကိုယ့်အသင်းမှာလည်း အလားတူခြေစွမ်းပြမယ်ထင်ခဲ့မိပါတယ် ။ ကစားခွင့်ရတဲ့ အချိန်တိုင်း စိတ်ပျက်ရလောက်တဲ့အထိ ခြေစွမ်းမဆိုးရွားခဲ့ပေမဲ့ သူ့ရဲ့ injury က အသင်းကိုရောက်တဲ့အခါမှာ အတော်လေးဆိုးရွားနေခဲ့တာ ဖြစ်ပါတယ် ။ အသင်းဘက်က မိုးထဲလေထဲ အားကိုးတော့မယ်ဆို ဒဏ်ရာကြောင့် နားနေရတာက ပွဲထွက်ခွင့်ထက် ပိုများနေခဲ့တာ ဖြစ်ပါတယ် ။ အသင်းဘက်က တကယ်ကို အောင်မြင်မှုတွေလိုချင်ရင် ဒီလိုအရာတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ် ။ အောင်မြင်မှုနဲ့ ဆုဖလားတွေကို လိုချင်တယ်ဆို ကစားသမားအစွဲတွေ ၊ ဟိုအစွဲတွေ ၊ ဒီအစွဲတွေ လွှတ်ချဖို့ လိုအပ်ပါတယ် ။ စိတ်မကောင်းစရာတစ်ခုက မေဆင်ရဲ့ prime time က ချယ်လ်ဆီးမှာ ကျန်ခဲ့ပြီး ၊ ကိုယ်တွေအသင်းဆီ ရောက်တဲ့အခါမှာ နောက်ဆုံးအကပ်အသပ်လေးသာ ကျန်နေတော့တာဖြစ်ပါတယ် ။ ရုပ်ချောပေးရုံကလွဲပြီး ဘာမှမလုပ်ပြနိုင်တော့တဲ့ မေဆင်နဲ့ လမ်းခွဲလိုက်တာ ပိုပြီးကောင်းမယ် ထင်ပါတယ် ။
#MUMS
မက်သရူးဖာနန်ဒက်စ် 🗣️ ငါက ဘရူနိုရဲ့ အမာခံဖန်တစ်ယောက်ပါ ။ သူစပို့တင်းမှာ ကစားတည်းက ကြိုက်ခဲ့တာပါ ။ သူ့ရဲ့ ကစားပုံကနေ ငါ့အနေနဲ့ အများကြီး သင်ယူခဲ့ရပါတယ် ။ အခုလို သူနဲ့လိဂ်အတူတူကစားရတာက တကယ်ဂုဏ်ယူစရာကောင်းပြီး အသင်းတစ်သင်းတည်းကစားရမယ်ဆို ငါ့အတွက် တကယ့်ကို ဝမ်းသာမိမှာ အမှန်ဘဲ ။
#MUMS
ဒိုကုအနေနဲ့ အခုအခါ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး ကာရင်တန်မှာ တစ်ယောက်တည်း လေ့ကျင့်နေတယ်လို့ သိရပါတယ် ။ လာမယ့်ပရီးမီးယားလိဂ် လိဒ်စ်နဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ် ။
#MUMS
အစောပိုင်းမှာ ဒီဂိုးသမားနဲ့ ပတ်သက်ပြီး သိပ်ပြီးယုံကြည်ဖို့ ခက်ခဲတဲ့ အနေထားမှာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒီအတွေးတွေ လုံးဝပြောင်းသွားခဲ့ရပါတယ် ။ သူ့ကြောင့် အဖိုးတန်အမှတ်တွေ ၊ နိုင်ပွဲတွေ ပြန်ပြီးရရှိလာခဲ့သလို ၊ အခုဆို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ အဆင့် 3 နေရာအထိပါ တက်လှမ်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဘယ်အရာမှ ပြည့်စုံနေခြင်း မရှိတဲ့အရာမှာ Lammens လည်း တစ်ယောက်အပါအဝင်ဖြစ်ပေမဲ့ သူ့ရဲ့အားသာချက်တွေကြောင့်ဘဲ ပရိတ်သတ်အများစုက အားနည်းချက်ဆိုတဲ့အရာပါ မေ့သွားရလောက်တဲ့အထိ တကယ်ကို ဒီရာသီ လက်စွမ်းပြထားနိုင်ခဲ့ပါတယ် ။ ဒီအစုအဖွဲ့နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်သွားနိုင်ဖို့က ကိုယါ့ရဲ့လက်ထဲမှာ ရှိတော့လို့ လက်ကျန်ပွဲစဉ်တွေကို အားစိုက်ရင်း လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ဘဲ လိုတော့ပါတယ် ။
#MUMS
တည်ငြိမ်တဲ့လက်စွမ်းတွေနဲ့ Senne Lammens 🧤
ခေတ်အဆက်ဆက် ယူနိုက်တက်အသင်းရဲ့ ဂိုးသမားနေရာက ဘယ်တော့မှ မျက်နှာငယ်ခဲ့ရတာမျိုး မရှိခဲ့ပါဘူး ။ ဒါပေမဲ့ အဆိုပါစံချိန်ကို ချိုးဖြတ်ပြခဲ့သူကတော့ အားကိုးတကြီး ခေါ်ယူခဲ့ရတဲ့ အန်ဒရေအိုနာနာဘဲ ဖြစ်ပါတယ် ။ သူ့အနေနဲ့ မော်ဒန်ဘောလုံးလောကက တောင်းဆိုတဲ့ ဂိုးသမားလည်း ကစားကွက်တည်ဆောက်တဲ့အထဲ ပါရမယ်ဆိုတဲ့ ဗျူဟာမှာ အိုနာနာက တကယ်ကောင်းတဲ့အထဲ ပါခဲ့ပေမယ့် ဂိုးပေါက်ကာကွယ်မှုအပိုင်းမှာတော့ အတော်လေးညံ့ဖျင်းနေခဲ့တာ တွေ့ရပါတယ် ။ အေဂျက်စ်ကစလို့ အင်တာအထိ သူ့ရဲ့ဂိုးပေါက်ကာကွယ်နိုင်မှုစွမ်းရည်က အတော်လေး သံသယဖြစ်စရာကောင်းတဲ့ အနေထားမှာရှိခဲ့ပြီး sweeper keeper အပိုင်းမှာတော့ အန်ဒရေက တစ်ခြားထိပ်တန်း ဂိုးသမားတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် မန်ယူအသင်းကလည်း ရေရှည်အတွက်ဆိုပြီး ရည်ရွယ်ပြီး ခေါ်ခဲ့ပေမဲ့ ပေါင်းဖက်ရမယ့် ကံက သိပ်မပါတော့ အမုန်းနဲ့ ခေတ္တခဏ လမ်းခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် တာဝန်ရှိသူတွေက ဂိုးသမားနေရာအတွက် ဘယ်လ်ဂျီယံဂိုးသမားလေး Senne Lammens နဲ့ အစားထိုးကာ အသင်းကို ပြန်ပြီးမောင်းနှင်ခဲ့ပါတယ် ။
FA Cup လည်း မကန်ရဘဲနဲ့ ဘာလို့ငါတို့ကို လာတိုက်ခိုက်နေတာလဲကွာ
တိုက်ဆိုင်လွန်းအားကြီးတယ် 😭
#MUMS
Old but Gold ဆိုတာ ဒီလိုပွဲမျိုး
ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည့်မဝဘူးဗျာ ✌️
#MUMS
ဒီယေဂိုဂျိုတာရဲ့ အတ္ထုပ္ပတ္တိကို ၎င်းရဲ့မိဘ ၊ ဇနီး ၊ အသင်းဖော်ဟောင်းများနဲ့ နည်းပြများ ပူးပေါင်းပြီး ဧပြီလ ၉ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။
ဒီယေဂိုဂျိုတာရဲ့ဇနီး Rute Cardoso က စာအုပ်ထဲမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အခိုက်အတန့်တစ်ခုကို မျှဝေထားခဲ့ပါသေးတယ် ။
🔸 သူမသည် ကြေကွဲဝမ်းနည်းဖွယ်ရာ မတော်တဆမဖြစ်ခင် ၁၁ ရက်အလိုတွမှာ ရိုက်ကူးထားခဲ့တဲ့ သူတို့ရဲ့မင်္ဂလာဆောင်ဗီဒီယိုကို လက်ခံရရှိခဲ့ပါတယ် ။ ဒီယေဂိုဂျိုတာဆီကနေ သူမအတွက် နောက်ဆုံးပြောကြားခဲ့သော စကားမှာ
"ချစ်တယ် ။ မင်းကိုချစ်နေတာတွေကို ငါ့ဖက်က ရပ်လိုက်ရင် ငါ့ကိုဖုန်းဆက်လိုက်နော် ။ မင်းကိုပြစရာရှိတယ်..." 🥹💔
စောစောစီးစီးနာကျင်နေရပြီ 😭
#MUMS
အခုချိန်မှာ မင်းအနေနဲ့ ဒီထဲက တစ်ယောက်ကိုသာ အသင်းကိုပြန်ခေါ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုခေါ်စေချင်လဲ 🤔
#MUMS
အခုလက်ရှိ အသင်းက ကစားသမားအတော်များများက အရင်လူတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပိုပြီးအားကောင်းလာသလို ၊ အသင်းအတွက်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံးကစားပြနေခဲ့တာဖြစ်ပါတယ် ။ ခြေစွမ်းမကောင်းသည့်တိုင် ၊ အသင်းအတွက် ကစားခွင့်ရတိုင်း ပေးဆပ်မှုအပြည့်နဲ့ ကစားတာကို ကြည့်ရတာ တကယ်ကို စိတ်ချမ်းသာစရာကောင်းပါတယ် ။ အခုဆိုရင် ကားရစ်လက်အောက်က မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အပိုင်ရဖို့ သေချာနေတဲ့ အနေထားမှာ ရှိနေပြီး လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိခဲ့ပါက ရာသီကုန် အဆင့် 3 နေရာနဲ့ပါ ပိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ် ။ Right time , Right person တွေ့ဆုံနေချိန် ပန်းခင်းလမ်းကို လျှောက်လမ်းနေရတဲ့ မန်ယူအသင်းရဲ့ PL ခရီးကြမ်းအဆုံးသတ်ကတော့ လှပသွားဦးမယ်လို့ ထင်မြင်မိပါတယ် ။
#MUMS
နတ်ရေကန်ထဲ ပစ်ချလိုက်သလို ဖြစ်လာခဲ့တဲ့ ကားရစ်လက်အောက်က မန်ယူ
မိုက်ကယ်ကားရစ်လက်အောက်က မန်ယူအသင်းကို ကြည့်ရတာ အရမ်းကို သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ် ။ ကစားသမားအားလုံးက လွတ်လွတ်လပ်လပ်နဲ့ ကစားနိုင်သလို ၊ ဖိအားတွေနဲ့လည်း ကင်းဝေးနေခဲ့တာက ကားရစ်ပြုပြင်ပေးခဲ့တဲ့ အရာတွေဖြစ်ပါတယ် ။ လူတိုင်း ဘယ်အရာမှ အားလုံးပြည့်စုံနေခြင်းမရှိသလို ၊ ကားရစ်လည်း ထိုနည်းလည်းကောင်းပါဘဲ ။ low block အသင်းတွေနဲ့ဆို အစဉ်အဆက် ခက်ခဲတဲ့ ပြသာနာကို ကားရစ်လည်း မဖြေရှင်းနိုင်သေးပါဘူး ။ ဒါကလည်း သူလိုချင်တဲ့ ကစားသမားနဲ့ ၊ သူသွားချင်တဲ့ ကစားကွက်ကို ပီပြင်အောင် ပုံဖော်နိုင်ဖို့က အချိန်တစ်ခုတော့ လိုအပ်နေသေးတာ အမှန်ပါဘဲ ။
မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဘရူကို တစ်ခြားကစားသမားတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။
Congratulations 👏🎉
#MUMS
တစ်ချို့တွေ အသင်းကို လာချင်လို့ အကြံအဖန်တွေ ၊ အရိပ်အမြွက်တွေ လုပ်ပြနေပြီ ။
တကယ်ခေါ်ရင် မငြင်းဘဲ လာတာလိုချင်တယ်နော် :3
#MUMS
ချော်လဲသွားတာ မဟုတ်ဘူး
သူမငါ့ကို အပျော်တွဲသွားတာ ☹️
Miss Raphaël
#MUMS
ညီလေးဟာလန်း မြန်မာလိုကြီး အဲ့လိုတို့မစားရဘူးလေကွာ 🤣
#MUMS
Iliman Ndiaye က လာမယ့်ရာသီအဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ကစားသမားရဲ့ ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ မန်ယူဘက်က အမှန်တကယ် ကမ်းလှမ်းလာခဲ့ပါက အသင်းပြောင်းမှာ ဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
