fa
Feedback
Insights by Moe Thwe

Insights by Moe Thwe

رفتن به کانال در Telegram

💰Helping young people turn skills into income. Messenger : http://m.me/insightsbymoethwe Telegram : @insights_by_moe_thwe

نمایش بیشتر
6 355
مشترکین
-624 ساعت
-27 روز
+5330 روز
آرشیو پست ها
English လိုနားမလည်ရင်တောင် မိမိလေ့လာချင်တာတွေကို ဘယ်မှာလေ့လာရမလဲ ? ဒီခေတ်မှာ English စာ တတ်ဖို့က မဖြစ်မနေလိုကိုလိုအပ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ English လို video တွေကြည့်ဖို့ စာတွေဖတ်ဖို့ထိ နားမလည်သေးဘူးဆိုတဲ့သူတွေအတွက် Myanmar လိုလေ့လာလို့ရမဲ့နေရာလေးတွေပြောပြချင်ပါတယ်။ သူ့နယ်ပယ်အလိုက် လေ့လာလို့ရမလဲနေရာလေးတွေစုပေးထားတာမလို့ ပုံတစ်ပုံချင်းကြည့်ပေးပါနော်။ English ကို မြန်မာလိုရှင်းပြတာလေးဆွေနဲ့လေ့လာချင်ရင် …. 1 English in Burmese Link: https://youtube.com/@englishinburmese7913?si=3sveLKmbqOJOreGW Grammar ကို ရှယ်ရှင်းပြတဲ့ ဆရာမမလို့ Grammar လေ့လာချင်ရင် ဒီမှာလေ့လာပါ။ 1 Edulistic English Channel Link: https://youtube.com/@edulisticenglishchannel?si=e7wWtaEsQ7R0mUDi ဒီဆရာမလေးရဲ့ speaking patterns video တွေအရမ်းကောင်းပါတယ်။ vocabulary lessons တွေကလဲ အရမ်းကောင်းပါတယ်။ 1 Zoeii English Link: https://youtube.com/@zoeiienglish?si=CV_G-eVSjzljB4LW Study tips လေးတွေ၊ grammar ကို လိုတိုရှင်းလေးရှင်းပြထားတဲ့ video တွေ အရမ်းကောင်းပါတယ်။ ဆရာမရဲ့ အသံနဲ့ ရှင်းပြပေးတဲ့ ရုပ်ပုံတွေနဲ့တင်ကို စာနားထောင်ရတာအရမ်းရှင်းပါတယ်။ 1 ဆရာကြီး ဒေါက်တာ စိုးသန်း၊ ဆရာ ရဲခေါင်လင်း ရဲ့ စာတွေက English စာလေ့လာနေတဲ့သူတိုင်ဖတ်ကြည့်သင့်ပါတယ်။ Dr. Soe Than: https://www.facebook.com/share/2RE2b1yDpQpLr6x9/?mibextid=LQQJ4d Sya Ye Khaung Linn: https://www.facebook.com/share/SXGF1jR9xqquqvR1/?mibextid=LQQJ4d 1 English with Mario Link: https://www.facebook.com/profile.php?id=100087251293592&mibextid=LQQJ4d English slung လေးတွေ phrases လေးတွေကို မြန်မာလို ကွက်ကွက်ကင်းကင်းရှင်းပေးနေတဲ့ ဆရာဖြစ်ပါတယ်။ အခြားမိမိသိတဲ့ ဆရာ၊ဆရာမတွေရှိရင် မန့်ခဲ့ပေးပါဦး။

Hello 💜 နှစ်မိနစ်လောက်အချိန်ပေးပြီးဒါလေးဖြေပေးပါ့လားဟင်☺️ ဗဟုသုတတိုးစေဖို့၊ skill တစ်ခုခုကိုလေ့လာဖို့အတွက် ( မြန်မာလိုပြောတဲ့) ဘယ် YouTube Channel, Facebook post or any platform ကို Recommend ပေးလဲရှင့်။

photo content

ကိုယ့်ဘာသာ အပျင်းကြီးလို့ အား မရနေတဲ့သူတွေအတွက် ကျွန်မကို ကျောင်းသားမိဘမေးတာလေးပြန် sharing လုပ်ပေးမယ်နော် … ( ဒီ post က FB မှာတောင်မတင်ထားပါဘူး) ကျောင်းသားမိဘက မေးတာက သူ့သား (ကျွန်မကျောင်းသား) က အပျင်းကြီးတယ်တဲ့၊ ကျွန်မအရွယ်ရောက်ရင် ကျွန်မလို အလုပ်လုပ်စေချင်တာတဲ့၊ အဲ့တာ ဘယ်လိုသူ့သားကို လေ့ကျင့်ရမလဲမေးတာပါ။ သူမေးမှ ပြန်စဉ်းစားကြည့်တာက ကျွန်မလဲ သူ့သာအရွယ် (၁၆ နှစ်) တုန်းက အဲ့လိုပါဘဲ။ ကိုယ့်ဘာသာလည်း ဒီလိုမျိုး အသက် ၁၈ လောက်နဲ့အလုပ်စလုပ်မယ်မထင်ခဲ့ဘူး။ ဒါမဲ့ အိမ်နဲ့လဲခွဲနေတာ ၁၇ ကျော်ကျော်ကတည်းကဖြစ်တော့ ကိုယ့်မုန့်ဖိုးကိုယ့်ဘာသာ manage လုပ်ရတော့ financially smart နည်းနည်းဖြစ်လာတယ်။ ပြီးတော့ နိုင်ငံခြားစာသွားမှာလေ့လာဖို့ ဆိုရင် work experience နဲ့ volunteer experience လိုတာကြောင့် ရွာတစ်ရွာနဲ့ မိဘမဲ့ကျောင်းမှာ volunteer သင်ရင်းနဲ့စတာဘဲ။ Coaching \ Training ကို passionate ဖြစ်တော့ volunteer စာသင်ရင်း skill set ဖြည့်ဖို့လေ့လာဖြစ်ခဲ့တယ်။ ပြောရမယ်ဆိုရင် responsibility ယူချင်စိတ်ပြောလာတာပါ။ ဒါမဲ့ ကိုယ့်မှာ qualification သိသိသာသာပြစရာမရှိတော့ အခကြေးယူပြီးမသင်ရဲဘူး။ အဲ့တာနဲ့ online teaching ကိုပညာဒါနတွေကြည့်သင်ခဲ့တယ်။ အဲ့လိုနဲ့ Cambridge English က CELTA ရပြီးမှ စာသင်တာတွေစခဲ့တယ်။ ဒီမှာပြောချင်တာက ကျွန်မဆို အိမ်ကလဲ financial အရ အရမ်းလိုအပ်နေတာမဟုတ်တော့ ငယ်ငယ်က ၁၈ နှစ်ကျော်ရင် သာသာယာယာနေမယ်ဘဲစိတ်ကူးထားတာ။ ဒါမဲ့ Passion နည်းနည်းရှိတာကို စလုပ်တော့ responsibility ယူချင်လာပြီး လေ့လာရင်း လုပ်ရင်း passionate ပိုဖြစ်သွားတော့ ဘာmotivation မှမလိုတော့ဘူး။ The main point is just start doing something ! ဒီစာကိုဖတ်နေတဲ့ အကြီးတွေပါရင် အိမ်က အငယ်ဆို သူတို့စိတ်ဝင်စားတာလေးတွေ ခိုင်း၊ ခိုင်းရင်လဲ ယုံယုံကြည်ကြည်နဲ့သာခိုင်း။ ကိုယ့်ကို သူများက ယုံပါ့လားဆိုပြီး အလိုလို ကြိုးစားလာလိမ့်မယ်။ ( ပုံက မိဘက လက်ဆောင်ပေးတဲ့အိတ်ပါ💜)

Free To-Do-List ✨ template ပေါ်ရေးထားတာလေးတွေ လာပြပေးကြဦးနော် 🥺💜
Free To-Do-List ✨ template ပေါ်ရေးထားတာလေးတွေ လာပြပေးကြဦးနော် 🥺💜

Free To-Do-List ‼️ Simple ဖြစ်ရမယ်၊ ဖုန်းမှာရေးလို့ အဆင်ပြေရမယ်၊ time blocking , priorities, not to do list ပါတခါတည်းပါတဲ့ To
Free To-Do-List ‼️ Simple ဖြစ်ရမယ်၊ ဖုန်းမှာရေးလို့ အဆင်ပြေရမယ်၊ time blocking , priorities, not to do list ပါတခါတည်းပါတဲ့ To-Do-List လေးယူချင်ကြလား ?

Not-To-Do List ‼️ ကိုယ်က စာလုပ်မယ်ဆိုရင် စာပွဲရှင်းတာနဲ့ အချိန်ကုန်နေတာလား ? အဲ့တာဆို “မလုပ်ရ” list လေးမှတ်ထားနော်၊။ ကိုယ့်လု
Not-To-Do List ‼️ ကိုယ်က စာလုပ်မယ်ဆိုရင် စာပွဲရှင်းတာနဲ့ အချိန်ကုန်နေတာလား ? အဲ့တာဆို “မလုပ်ရ” list လေးမှတ်ထားနော်၊။ ကိုယ့်လုပ်မိနေတဲ့ထဲမှ energy drain စေတဲ့အရာ၊ Time-Consuming ဖြစ်နေတဲ့အရာတွေကို ပြန် reflect လုပ်ပြီး “မလုပ်ရ” list ထဲမှာမှတ်ထားပါ။ ဥပမာ - Korea drama episode တစ်ခုထက် ပိုမကြည့်ရ။ ကဲ ဒါဆိုရင်တော့ ဖုန်းသုံးနေတာလေးရပ်ပြီး စာစလုပ်တော့နော်။ အခြားသိချင်တာတွေရှိခဲ့ရင်လည်း ပြောခဲ့ပေးနော်။

1 TOP three things to do 🔝 To-Do-List တွေလုပ်ကြပြီး list တွေအရှည်လိုက်ကြီးကို ထိုင်ကြည့်ပြီး ပြန်ပျင်းသွားတာမျိုးဖြစ်ဖူးဘူး။
1 TOP three things to do 🔝 To-Do-List တွေလုပ်ကြပြီး list တွေအရှည်လိုက်ကြီးကို ထိုင်ကြည့်ပြီး ပြန်ပျင်းသွားတာမျိုးဖြစ်ဖူးဘူး။ To-Do-List ထဲမှာ ပါတဲ့ task တွေတော့အကုန်ပြီးတယ် တကယ့်အရေးကြီးဟာဘဲ မပြီးတာမျိုးရောကြုံဖူးလား ? အဲ့တာဆို Task တွေကိုကြည့် Daily နဲ့ weekly ပြန်ခွဲ၊ ပြီးရင် Top three ဆိုပြီး လုပ်ကိုလုပ်ရမယ့်အရာတွေသတ်မှတ်ထားပါ။ အဲ့တာကိုမှ time blocking နဲ့တွဲလိုက်ရင် ပိုတောင် effective ဖြစ်ဦးမယ်ဗျာ။

Time Blocking ကို စာအုပ်ပေါ်မှာလုပ်နည်း။ https://youtu.be/0qCHi9CxCBg?si=zED1034633fmZrVu https://youtu.be/OgcvZdDNr6w?si=QIgmKSRkIgimna6v Google Calendar နဲ့ Time Blocking ဆွဲနည်း။ https://youtu.be/pnhB2uJtOFs?si=6JfqRXimXWQXbKpW Notion နဲ့ Time Management လုပ်နည်း။ https://youtu.be/8Y_oKxO4ixo?si=8CG1fvF37nGXtZmn Notion နဲ့ Time Blocking လုပ်နည်း အစအဆုံး https://youtu.be/oUuaGQsSI4Q?si=r02tpV8T47Qf7zg0 Notion Calendar နဲ့တွဲသုံးမယ်ဆိုရင် - https://youtu.be/Cwk6l7q-QcI?si=gZ6dyg6wWx0EGL8d

1 Time Blocking 📑 Time Blocking ဆိုတာ ကိုယ့်ရဲ့ မိနစ်တိုင်းကို ဘာ task လုပ်မယ်ဆိုပြီး သတ်မှတ်ထားတာပါ။ Time Blocking ကို ကျော
1 Time Blocking 📑 Time Blocking ဆိုတာ ကိုယ့်ရဲ့ မိနစ်တိုင်းကို ဘာ task လုပ်မယ်ဆိုပြီး သတ်မှတ်ထားတာပါ။ Time Blocking ကို ကျောင်းသားဘဝတုန်းက လုပ်ဖူးကြမှာပါ။ မနက်ကနေ ညအိပ်မဲ့အချိန်ထိ A4 ပေါ်မှာ table လေးဆွဲလိုက်တယ်၊ ပြီးရင် ဘယ်အချိန်မှာ ဘယ် subjects တွေကျက်မယ်ဆိုပြီးတော့လေ။ ရိုးရိုး To-Do-List ကကျ ဒီတိုင်း task တွေကြည့်ချရေးထားတာဆိုတော့ နေ့လည်မှလုပ်မယ်၊ ညမှလုပ်မယ်ဆိုပြီး အချိန်ရွှေ့တတ်တာမျိုး၊ လုပ်ရမှာကိုမလုပ်ဘဲ အခြားအရေးမကြီးတာတွေလုပ်နေတတ်ပါတယ်။ ဒီ Time Blocking ကကျ ဘယ် task ကို ဘယ်အချိန်အတိအကျမှာ လုပ်မလဲဆိုတာကို သတ်မှတ်ထားလို့ productive procrastination ကနေ ရှောင်နိုင်မှာပါ။ ဒီ Time Blocking က ရိုးရိုးဘဲ ငယ်ငယ်တုန်းကလို စာချရေးလဲရသလို၊ Google Calendar ( free) သုံးလဲရပါတယ်။ ပိုပြီးတော့ system တစ်ခုနဲ့ Sync ပြီး လုပ်ချင်တာဆိုရင် Notion Calendar နဲ့ Notion ကိုတွဲသုံးပါ။

1 5 second Rule 💪 လုပ်စရာတစ်ခုခုရှိရင် နောက်ငါးမိနစ်နေရင်လုပ်မယ်တွေးမဲ့အစား 5 4 3 2 1 လို့ရေပြီး ချက်ချင်းစလုပ်ပါ။ ဒီနည်းက o
1 5 second Rule 💪 လုပ်စရာတစ်ခုခုရှိရင် နောက်ငါးမိနစ်နေရင်လုပ်မယ်တွေးမဲ့အစား 5 4 3 2 1 လို့ရေပြီး ချက်ချင်းစလုပ်ပါ။ ဒီနည်းက overthinking လုပ်နေတာတွေ၊ လုပ်စရာရှိတာကို မလုပ်ဘဲ အချိန်ဆွဲနေတာတွေ လျော့ကျစေမှာပါ။ ရိုးရှင်းပေမဲ့ effective ဖြစ်ပါတယ်။ To-Do-List ( Top 3) ထဲက task တစ်ခုကိုရွေး၊ 2 minute rule နဲ့လုပ်ဖို့ရွေးထားတဲ့ task ကို 5 4 3 2 1 လို့ရေပြီးစလိုက်ပါ။

1. 2 minute rule ⏰ 2 minute rule လို့ပြောရင် လူတိုင်းက ကိုယ့် definition နဲ့ကိုယ် အမျိုးမျိုးပြောကြပါတယ်။ ဒီနေရာမှာပြောချင်တဲ
1. 2 minute rule ⏰ 2 minute rule လို့ပြောရင် လူတိုင်းက ကိုယ့် definition နဲ့ကိုယ် အမျိုးမျိုးပြောကြပါတယ်။ ဒီနေရာမှာပြောချင်တဲ့ 2 minutes rule က 1 ကိုယ်အလုပ်ပြီးမြောက်သွားချင်တဲ့ task ကိုအရင်ရွေး 2 အဲ့တာကို အသေးဆုံး task ပြန်ခွဲ ဥပမာအနေနဲ့ ပြေးမဲ့ habit လိုချင်တာဆိုရင် ပြေးရင်စီးတဲ့ဖိနပ် အရင်စီးတာ၊ language လေ့လာနေတာဆိုရင် flash card လေး ၁၀ ခုလောက်ကြည့်လိုက်တာမျိုးပါ။ ဒီလိုအစပျိုးပြီးပြီဆိုတာနဲ့ အခြား task အသေးလေးတွေ လုပ်လုပ်သွားပါ။ ဥပမာ - ပြေးဖို့ဖိနပ်စီးပြီးရင် အိမ်ပြင်အရင်ထွက် သုံးမိနစ်လောက်ဘဲပြေး၊ ခဏနား၊ ပြီးရင် ငါးမိနစ်ပြေး။ နောက် example က - flash card ရွေးပြီးပြီ ဆိုရင် ကိုယ်လေ့လာနေတဲ့ textbook က စာလေး သုံးမိနစ်လောက်အချိန်ဖတ်၊ ပြီးရင် ၅ မိနစ်စာလောက် exercises လုပ်။ အဲ့လို task သေးသေးလေးတွေခွဲပြီးလုပ်ခိုင်းတာပါ။

Productive Procrastination Warning ⚠️ Productive ဖြစ်တယ်ဆိုတာ ကိုယ်လုပ်ရမဲ့ အလုပ်တွေပြီးသွားတယ်၊ အလုပ်တွင်တယ်၊ အချိန်ကို အကျိုးရှိရှိအသုံးချတာကို ဆိုလိုတာပါ။ ဆိုတော့ အလုပ်တွေတော့လုပ်နေတယ် ဒါမဲ့ လုပ်ရမဲ့ အလုပ်တွေ မပြီးပြတ်ခဲ့ကျ Productive Procrastination လို့ခေါ်ပါတယ်။ ဥပမာ - စာလုပ်ရမှာကို မလုပ်ဘဲ စားပွဲရှင်းတာနဲ့ အချိန်ကုန်တာမျိုး၊ လုပ်ရမဲ့အိမ်စာကျ မလုပ်ဘဲ Korea စာလေ့လာမယ်ဆိုပြီး ထလေ့လာတာမျိုးပါ။ ဒီလိုတွေလုပ်တာက အကျိုးရှိသယောင်ယောင်နဲ့ အကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ပထမဆုံးက အချိန်တိုင်း အလုပ်တွေလုပ်နေပေမဲ့ ပြီးရမဲ့ဟာ မပြီးတော့ စိတ်ညစ်မယ်။ stress တွေများလာလို့ ကြာလာရင် burn out ဖြစ်တယ်။ ဒုတိယအနေနဲ့ ကိုယ့်ကိုယ် အသုံးမကျဘူး ခံစားစေရတယ်။ ဒီတော့ ဒီ productive procrastination ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ? ပုံတွေအောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

Productive procrastination ဆိုတာလေးကြားဖူးလား ? အဲ့တာလေး နောက် post မှာ ရေးမလို့ 💜

Hello everyone!! Discussion လေးတစ်ခုလုပ်ရအောင်လေ 😉 Burnout ဖြစ်ရင် ဘာလုပ်ကြလဲ? ဘယ်လို recover လုပ်လဲ ? #mindingmy20s #burnout

လမ်းပျောက်နေတဲ့သူတွေအတွက် Career guideline ချပေးတဲ့ website 📣‼️ Career တစ်ခုကို စိတ်ဝင်စားတယ်၊ ဘယ်ကစရမလဲ၊ ဘာတွေလေ့လာရမလဲသိချ
+3
လမ်းပျောက်နေတဲ့သူတွေအတွက် Career guideline ချပေးတဲ့ website 📣‼️ Career တစ်ခုကို စိတ်ဝင်စားတယ်၊ ဘယ်ကစရမလဲ၊ ဘာတွေလေ့လာရမလဲသိချင်ရင် guideline လည်းချပေးတယ် study plan ပါပြင်ပေးတဲ့ website အကြောင်းလေးပြောပြပါမယ် 📚 ဒီ website က developer ဖြစ်ချင်တဲ့သူတွေ computer science ပိုင်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ချင်တဲ့ သူတွေအတွက် အဓိိက ရည်ရွယ်ထားပေမဲ့ အခုထပ်ပြီး Finance, entrepreneur ဖြစ်ချင်တဲ့သူတွေ Digital Marketing နဲ့ Graphic Design အတွက်ပါ လေ့လာလို့ရပါပြီ။ Website link: https://roadmap.sh Opensource ဖြစ်လို့ free ဝင်လေ့လာလို့ရပါတယ်။ Computer Science နဲ့ဆိုင်တဲ့ career အတွက်ကတော့ roadmap မှာဝင်ဝင်ချင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ 📖 အကယ်၍ Graphic Design, marketing တို့ဘက်ရှာချင်တာဆိုရင် General Visual Roadmaps with AI ဆိုတဲ့ နေရာလေးမှာ မိမိရှာကြည့်ချင်တဲ့ career ကိုရှာပါ။ ပြောနေရင်ကြာတယ်၊ အရင်သွားစမ်းကြနော် 💜💜 #mindingmy20s #career

21ရက်အတွင်း Vocabulary အသစ်လေးတွေ သင်ယူပြီး English စာ တိုးတက်ချင်လား ‼️ 📣 Bounce - Education Center ကနေပြီးတော့ English စာတိုးတက်ချင်တဲ့သူတွေအတွက် 21-Day Vocabulary Challenge လေး ထပ်မံအကောင်အထည်ဖော်ထားပါတယ် ။ vocabulary တွေကိုလည်း စည်းစနစ်ကျကျ လေ့လာချင်တယ် ၊ဘယ်ကစ လေ့လာရမှန်းလည်းမသိဘူး ၊နေ့တိုင်းလည်း တိုးတက်အောင်လေ့လာချင်တယ်ဆိုရင်တော့ Bounce Education Center ရဲ့ 21 Days Vocabulary Challenge မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။ အရင် 21-Day Speaking Challenge Joinဖူးတဲ့သူတွေဆို သိမှာပါ ။ ဒီ Challenge မှာ ပါဝင်ရင်း ကိုယ့်ရဲ့ Skills ဘယ်လောက်တိုးတက်လာလဲဆိုတာကို Speaking Challenge တုန်းက သူတွေရဲ့ feedback လေးတွေလည်း comment မှာဖတ်ကြည့်လို့ရပါတယ်။ ✅ ဒီ Challengeမှာဆိုရင် ကိုယ့်ရဲ့ အားလပ်ချိန်ထဲက 15မိနစ်လောက် နေ့တိုင်းအချိန်ပေးပြီး စာလေ့လာရုံပါပဲ။ challenge မစခင်မှာ တီချယ်မိုးသွယ်က ဒီ challenge အတွက်စာဘယ်လိုလုပ်ရမလဲဆိုတာကို ရှင်းပြသွားမှာဖြစ်ပြီး Bounce education centre ကနေ စာလုပ်မလုပ်နေ့တိုင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။ Challenge ကို အဆုံးထိပါဝင်ထားတဲ့သူတွေအတွက်လည်း အတူတူပူးပေါင်းထားတဲ့ Organization တွေကနေ Rewards တွေလည်း အများကြီး ပြန်လည်ချီးမြှင့်ပေးသွားမှာအုံးမှာပါ။ ဒီ challenge လေးပါဝင်ဖို့ဆို လုံးဝ အခမဲ့ဖြစ်ပြီး Google Form နဲ့ telegram ကိုသာ သုံးသွားရမှာဖြစ်ပါတယ်။ Challenge လေး join ဖို့ Telegram Channel ထဲမှာ link ရှိတာမလို့ comment ထဲက Scan နဲ့ဖြစ်စေ၊ ဒီ အောက်က link မှာဖြစ်စေ Google Form link လေးယူပြီး register လုပ်လို့ရပါတယ်။ https://t.me/bounceeducationcentre 💜💜ကဲ စာလည်းရ ဆုလည်းရဆိုတော့ ဒါမျိူးက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲနော်။ Minding my 20s ရဲ့ followers လေးတွေအတွက် ပြန် sharing လုပ်လိုက်ပါတယ်။ #21VocabChallenge #mibro #English #Bounceec

photo content
+1

photo content
+5