Insights by Moe Thwe
رفتن به کانال در Telegram
💰Helping young people turn skills into income. Messenger : http://m.me/insightsbymoethwe Telegram : @insights_by_moe_thwe
نمایش بیشتر6 355
مشترکین
-624 ساعت
-27 روز
+5330 روز
آرشیو پست ها
6 357
New Video !!
ဘယ် Level မှာရှိနေတဲ့ English Learners မည်သူမဆို Speaking မှာ fluent ဖြစ်နေဖို့ နည်းလမ်းလေးတွေမျှဝေပေးထားပါတယ်။
Video ထဲမှာ mention လုပ်ခဲ့တာလေးတွေက်ို link ချပေးထားပါတယ်။
👉 Conversation Clubs
https://www.facebook.com/share/p/1Arrm5gpnT/?mibextid=wwXIfr
👉 Bounce က ဖွင့်ထားတဲ့ English Speaking Sprint Program
https://t.me/bounceeducationcentre/326
6 357
New Video !!
ဘယ် Level မှာရှိနေတဲ့ English Learners မည်သူမဆို Speaking မှာ fluent ဖြစ်နေဖို့ နည်းလမ်းလေးတွေမျှဝေပေးထားပါတယ်။
Video ထဲမှာ mention လုပ်ခဲ့တာလေးတွေက်ို link ချပေးထားပါတယ်။
👉 Conversation Clubs
https://www.facebook.com/share/p/1Arrm5gpnT/?mibextid=wwXIfr
👉 Bounce က ဖွင့်ထားတဲ့ English Speaking Sprint Program
https://t.me/bounceeducationcentre/326
https://www.youtube.com/watch?v=_IvYIOuZRSk&t=9s
6 357
နှစ်သစ်လေးမှာ သူများ achievement လေးတွေကြည့်ပြီး အားကျနေရင်း သိမ်ငယ်တာမျိုးလေးတွေဖြစ်နေတဲ့သူတွေအတွက် ရေးဖြစ်တာလေး 🫶
https://www.facebook.com/share/p/y75D9tNQKUgSRCiZ/?mibextid=wwXIfr
6 357
Hello Happy New Year ပါ 😇
ဒီနှစ်အတွက် ဘာ goal လေးတွေချထားလည်း ပြောပြကြပါဦး 😇 ဒါတော့ကျွန်မရဲ့ Bingo board ပါရှင့်။
ကျွန်မလို bingo card လုပ်ချင်တဲ့သူတွေအတွက် template လေးလဲလုပ်ထားပေးပါတယ် 💜
https://www.canva.com/design/DAGa-AUN0Is/wtiYVgDVi7uXHvkxFkf1Sw/edit?utm_content=DAGa-AUN0Is&utm_campaign=designshare&utm_medium=link2&utm_source=sharebutton
6 357
Hello Happy New Year ပါ 😇
ဒီနှစ်အတွက် ဘာ goal လေးတွေချထားလည်း ပြောပြကြပါဦး 😇 ဒါတော့ကျွန်မရဲ့ vision board ပါရှင့်။
6 357
Tiktok မှာ အချိန်ဖြိုန်းမိနေလို့ စိတ်ညစ်နေရင် ဒီ video လေးမှာ ဘယ်လို tiktok ကို အကျိူးရှိရှိ အသုံးပြုလို့ရလဲ ဆိုတာပြောထားပါတယ်။
https://vt.tiktok.com/ZS6knq9Xb/
6 357
6 357
Video content တွေဖန်တီးချင်ပေမဲ့ မျက်နှာမပြချင်လို့ ဘာမှမလုပ်ဘဲနေလာတာနှစ်ချီနေပြီ ☹️ နှစ်မကူးခင် comfort zone က ထွက်မယ်ဆိုပြီး ပထမဆုံး video လေးကို tiktok ပေါ်တင်လိုက်ပါပြီ 💜
6 357
ChatGPT ကို အခမဲ့သုံးနေရလို့ limit ခဏခဏပြည့်နေတဲ့ ပြဿနာကို ဖြေရှင်းနည်းလေး Tiktok မှာတင်ပေးထားပါတယ် ☺️
https://vt.tiktok.com/ZS6NFXvK4/
6 357
🤭 2025 အတွက် Vision Board အစား Bingo Card လုပ်ပါ့လား ?
နှစ်သစ်မှာ resolution အသစ်လေးတွေချပြီး Vision Board လုပ်ဖို့ စဉ်းစားနေတာလား ? ဒီနှစ်မှာတော့ Vision Board အစား Bingo Card လေးအစမ်းလုပ်ကြည့်ရအောင် 🤫
ငယ်ငယ်က Bingo ဆော့ဖူးလား ? Card က အကွက်မှာပါတဲ့ နံပါတ် ၅ ခုတန်းသွားရင် နိုင်တာလေ။ အခုလဲ အဲ့လိုမျိုးဘဲ ဒါပေမဲ့ ဒီတခါက နှစ်သစ်အတွက် Goal ချတဲ့ နေရာမှာသုံးမှာပါ။
Bingo Card လေး ဘယ်လိုလုပ်ကြမလဲ 🤗
Bingo card တစ်ခုမှာ စုစုပေါင်း 25 ကွက်ရှိတာမလို့ Goal 25 ခုချရမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ အလယ်အကျဆုံးအကွက်က Title လေးထားပြီး 24 ကွက်မှာ 24 goals လေးထားလဲ ရတာဘဲ။
အကွက်လေးတွေမှာ ကိုယ်ချမှတ်ထားတဲ့ Goal လေးတွေ တစ်ခုပြည့်တိုင်း အဲ့တစ်ကွက်ကို ခြစ်တာမျိုး လုပ်လို့ရပါတယ်။ 5 ခုတန်းသွားတဲ့အခါက နိုင်တာပေါ့။
5 ကွက်ပြည့်အောင် cross လုပ်လို့ရတာ 12 လိုင်းရှိတာဆိုတော့၊ တစ်လချင်းစီး ငါးကွက်စီ goal ပြည့်အောင်လုပ်ရင် 12 လပြီးသွားတဲံအခါကျ အကွက်တွေစုံရော။ ပိုရှင်းသွားအောင် ပုံလေးတွေထည့်ထားပေးပါတယ်။
ကျွန်မကိုယ်တိုင်လည်း Bingo Card ကို wallpaper တွေအတွက် Aesthetic ဆန်ဆန်လေး လုပ်ဖို့ရှိပါတယ်။ လှလှလေးမဖြစ်မှာ စိတ်ပူနေတဲ့သူတွေအတွက် Template လေးလုပ်ပေးမယ်နော် 🤭 ခဏလေးတော့စောင့်ပေးနော်။
ပျော်စရာ Game တစ်ခုလိုမျိုး Goal လေးတွေ ချမှတ်ပြီး
2025 ကို စတင်လိုက်ရအောင် 🫶
#mindingmy20s
6 357
✅ အင်္ဂလိပ်စာ စလေ့လာဖို့က နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကျွန်မကိုယ်တိုင် အသက် 16 / 17 မှ ကကြီးရေက လေ့လာခဲ့တာပါ။
😔 ငယ်ငယ်က ကိုယ့်ဘာသာ ပညာရေးကောင်းတယ်ထင်ပေမဲ့ တကယ့်တကယ်အများကြားထဲရောက်တော့ ငယ်ငယ်က ပညာရေးမကောင်းခဲ့ဘူးပြောရမယ်။ ကျောင်းပညာရေးမှာဆိုရင် English subject က အမှတ် 50 ဝန်းကျင်ပါ။ ကျောင်းက English subject တောင် အဲ့အမှတ်ဆိုတော့ ငယ်ငယ်အပြင်သင်တန်းတွေမတက်ခဲ့တာ သိသာမယ်ထင်ပါတယ်။
🙇♀️ ဆယ်တန်းလည်းပြီး Covid ကြောင့် အပြင်လည်းမထွက်ရဘူး။ ဆယ်တန်းမှာ တစ်နှစ်လုံး အားအားယားယားနေနေတာကနေ ၂၀၂၁ လောက်မှာ YouTube vlogs တွေစကြည့်တယ်။ အဲ့တုန်းက Ha Sister က ပေါ်ကာစ ထင်တယ်။ သူ့က်ို vlogs တွေကို ကြည့်ဖြစ်တယ်။ နားလည်လား ဆိုရင်၊ မလည်ပါဘူး။ ရုပ်တွေဘဲ လိုက်ကြည့်တာပါ။ ဒါမဲ့ အဲ့မှာ exposure အတော်လေးရပြီး စာစလုပ်တော့ လွယ်ကူခဲ့တယ်။
🥰 နောက်တစ်ခုက online က university foundation လေးတစ်ခုတက်တယ်ပေါ့နော်။ အဲ့တုန်းက ဆယ်တန်းတုန်းက သူငယ်ချင်းနဲ့အတူတူတက်တယ်ပေါ့နော်။ program က English လိုသင်တာပါ။ ဘာမှနားမလည်ခဲ့ပါဘူး။ ဆရာမတစ်ယောက်နဲ့ဆိုရင် ကိုယ်က နားမလည်တာကို သူက စာလိုက်မလုပ်တာထင်ပြီး ခဏခဏ ဆူခံရတယ်။
‼️ အဲ့တာနဲ့ အားငယ်ပြီး စာစလုပ်တယ်ဘဲ ဆိုပါတော့။
✅ ဘယ်လိုကျင့်လဲဆိုရင် အိမ်မှာ အိမ်သန့်ရှင်းရေးလုပ်ကူရင်း ပါးစပ်ကနေ ကိုယ်ပြောချင်တာတွေ အကုန်မှန်သမျှ ကိုယ့်ဘာသာ English လိုပြောတာပါ။
✅ နောက်တစ်ခုကကျ grammar ပါ။ Grammar ကကျ ဆယ်တန်းက ရထားတယ်ဆိုပြီး လွယ်မယ်ထင်လို့အသေဖိလုပ်ခဲ့တယ်။ Grammar in use ကို level သုံးခုလုံးကို ကိုင်ခဲ့တာပါ။ ( အဲ့နည်းက အဆင်မပြေပါဘူးနော်၊ ကိုယ့် level နဲ့ကိုက်ညီတာဘဲ လေ့လာပါ။) it was a waste of time ပါရှင့်။
✅ အဲ့လိုနဲ့ အဓိကအားဖြင့် grammar in use, vocabulary in use ရယ် YouTube video တွေကြည့်ပြီး လေ့လာရင်း ၆ လအကြာမှာ EnglishScore မှာ 354 စရလာခဲ့ပါတယ်။
အဲ့တာပြီးတော့ စာလုပ်တာရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲ့တုန်းက YouTube video တွေနားလည်ရင်ရပြီဆိုပြီး ရပ်လိုက်တာပါ။
အဲ့တုန်းက တကယ်က်ို ဘာအတန်းမှမတက်ခဲ့တာပါ။
ဒါမဲ့ vlogs ကြည့်တာတွေက မရပ်ခဲ့ပါဘူး။ အိမ်က တူလေးကိုလည်း စာသင်တယ်၊ အခြားမြို့ကိုပြောင်းတော့လဲ ရွာမှာ စာလိုက်သင်ရင်း English ကတော့အမြဲ ထိတွေ့နေတာ။ စာသင်တော့ သင်ရမာတွေလေ့လာရင်း intermediate မှာဘဲ ရှိနေခဲ့ပါတယ်။ 2023 မှာ English Teacher ကို professional ကျကျ သင်ချင်တာမလို့ ပြန်စပြီး လေ့လာခဲ့ပါတယ်။ CELTA အတွက် Strong B2 လိုတာမလို့ 2024 မတိုင်ခင် စာပြန်ဖိလုပ်ခဲ့ပါတယ်ရှင်။
2025 အတွက် Study Plan ကတော့ 🫶
ဆရာမတစ်ယောက်လည်း ဖြစ်တာမို့ English စာကို သင်ကြားရင်း ဆက်လေ့လာသွားပါမယ်။ Eng Teacher တွေအတွက် တကယ်ကိုကောင်းတဲ့ Dream Reachers က အတန်းကိုလည်း မှန်မှန်ဆက်တက်ပြီး အိမ်စာတွေသေချာလုပ်ပါမယ်😁
အခုလက်ရှိမှာ ဝယ်ထားပြီး မဖတ်ဖြစ်တဲ့ စာအုပ်တွေအပါအဝင်် စာအုပ် စုစုပေါင်း ၅ အုပ်ကို အပြီးဖတ်ပါမယ်။ ( 🙄Reading မကြိုက်တဲ့သူအတွက်တော့ တစ်အုပ်ပြီးဖို့တောင် မနည်းဖတ်ယူရတယ်နော်)
Participant ID: NeverTooLate0001
ဒီ post လေးကတော့ အင်္ဂလိပ်စာလေ့လာနေတဲ့သူတိုင်း ခံစားနေရတဲ့ စိတ်အားငယ်မှုတွေကို အတူတူတိုက်ဖျက်မဲ့ #NeverTooLateToLeran campaign အတွက် post လေးပါ။ အတူတူပါဝင်ချင်ပါက ဒီ link လေးမှာ ဖတ်နော် 💜
https://www.facebook.com/share/p/TEuYD3xhQ6UciZMJ/?mibextid=WaXdOe
#NeverTooLateToLeran
#bounceec
#CreaNova
6 357
Hello - Dec အတွက် ဘာ plan တွေရှိကြလဲ 😊 ဒီကတော့ Jan ထဲမှာ စာမေးပွဲရှိလို့ Dec ကျ ထမင်းနဲ့စာဘဲ 😇 ဘာဖြေမယ် ထင်လဲဟင်
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
